အခန်း (၄၆)
Vol. 5 Ch. 46
သိုင်းလေ့ကျင့်ရေးကွင်း
မဟာတံတိုင်းပေါ်က အစောင့်ကြည့်နေသူတွေမှလွဲ၍ စစ်တန်းလျားက အရာရှိတွေနဲ့ စစ်သားတွေ အားလုံး စုရုံးနေကြတယ်။
ရှန်ထင်ချွန်က ခပ်သွက်သွက် လှမ်းလျှောက်ရင်း စင်မြင့်ပေါ်ကို တက်လာတယ် ကိုက်ဒါဇင်ပေါင်းများစွာ အကွာကနေတောင် အရှင်ထောင်စုမှုးကစိတ်ဓာတ် တက်ကြွနေတယ် ဆိုတာ လူတိုင်း ခံစားမိနိုင်တယ်။
"ညီအစ်ကိုတို့"
ရှန်ထင်ချွန်ရဲ့ အသံဟာ ခေါင်းလောင်းကြီးတစ်ခုလို ဟိန်းထွက်လာတယ်။ "ဒီနေ့ ငါ ကြေညာစရာ ကိစ္စနှစ်ခု ရှိတယ်"
"မင်းတို့ မှတ်မိသေးလား ငါတို့ နိုင်ငံကို စတင်တည်ထောင်ခဲ့တဲ့ ယုံချန်းခေတ်အစောပိုင်းမှာ ငါတို့ရဲ့ တရားရုံးမှာ စစ်သား သုံးသန်းကျော် ရှိခဲ့တယ်။ ဒါတောင်မှ ဘယ်သူမှ စားဝတ်နေရေး မပြတ်လပ်ခဲ့ဘဲ အားလုံးဟာ တိုက်ပွဲစိတ်ဓာတ် အပြည့်နဲ့ ရှိခဲ့ကြတယ်"
"အဲဒီခေတ်နောက်ပိုင်းမှာ ကပ်ဘေးတွေနဲ့ ဘေးအန္တရာယ်တွေဟာ မရပ်မနား ဖြစ်ပေါ်ခဲ့တယ်"
"ငါတို့ရဲ့ ပိုယန်ခရိုင်တောင်မှ အစောပိုင်းနှစ်တွေမှာ လုပ်ခနဲ့ အစားအစာ ပြတ်လပ်မှုတွေ ခံစားခဲ့ရပြီး ညီအစ်ကိုများစွာဟာ အအေးဒဏ်နဲ့ အငတ်ဘေးကို ခံစားခဲ့ရလို့ ထွက်ပြေးပြီး ဒုက္ခသည်တွေ ဖြစ်ခဲ့ကြရတယ်"
"ဒီနေရာကို ဦးဆောင်နေတဲ့ ငါရှန်ထင်ချွန်မှာ ရှောင်လွှဲလို့မရတဲ့ တာဝန်ရှိပါတယ် ဒီနေရာက ညီအစ်ကိုတွေ အားလုံးကို တောင်းပန်ပါတယ်"
"ဒါပေမဲ့ ဒီလို အခြေအနေမျိုး လုံးဝ ထပ်ဖြစ်လာတော့မှာ မဟုတ်ဘူး"
"ဂိုဏ်းကြီးလေးခုနဲ့ ပိုယန်ခရိုင်က သက်ကြီးဝါကြီးတွေ အများစုဟာ ငါတို့ နိုင်ငံကို ကာကွယ်နေတဲ့ ညီအစ်ကိုတွေ ဒီလို ဒုက္ခတွေကို ခံစားနေရတာကို မကြည့်ရက်နိုင်ကြလို့ စားနပ်ရိက္ခာ ဆေးဖက်ဝင် အပင်တွေနဲ့ မြင်းတွေကို အများအပြား လှူဒါန်းခဲ့ကြတယ်"
"ဒါကြောင့် ပထမဆုံး ကိစ္စကတော့ ဒီနေ့က စပြီး"
"တပ်သား တိုင်းရဲ့ လစာကို တစ်လခွဲ တိုးမြှင့်ပေးပြီး စပါး ကျောက်တစ်တင်း ထပ်ပေးမယ်"
"စစ်ဘက်ဆိုင်ရာစစ်သား တွေအတွက် သူတို့ရဲ့ လစဉ် လစာကို နှစ်ဆ တိုးမြှင့်ပေး မှာဖြစ်ပြီး သွေးအားဖြည့်ဆေးရည် ပမာဏကိုလည်း နှစ်ဆ ပေးမယ်"
"စစ်ဘက်အရာရှိတွေအတွက် သူတို့ရဲ့ လုပ်ခကို နှစ်ဆ တိုးမြှင့်ပေး မှာ ဖြစ်တယ်"
"ဒါ့အပြင် အခုကစပြီး မင်းတို့ဟာ ဆေးဖက်ဝင် အပင်မျိုးစုံကို စစ်တန်းလျားထဲမှာ တိုက်ရိုက် ဝယ်ယူနိုင်ပြီး အပြင်က ဆေးဆိုင်တွေရဲ့ တစ်ဝက်စျေးနဲ့ ရရှိနိုင်မယ်"
ဒီလိုပြောလိုက်တဲ့အခါ လူအုပ်ကြီးဟာ အားပေးသံတွေ ဆူညံသွားတယ်။
"နှစ်ဆတိုးတာလား"
"တစ်လကို စပါး ကျောက်တစ်တင်း"
ဆိုးရွားတဲ့ စပါးအထွက်နှုန်းရှိတဲ့ နှစ်တွေမှာ တစ်လကို စပါး ကျောက်
တစ်တင်း ဆိုတာ ဘာကို ဆိုလိုသလဲ
ဒီနှစ်မှာ လူတိုင်းဟာ ဆောင်းရာသီကို အငတ်မခံရဘဲ ကျော်ဖြတ်နိုင်ရုံသာမက ဆောင်းဝတ်အင်္ကျီ ဝယ်ဖို့အတွက်ပါ ပိုက်ဆံ အနည်းငယ် ကျန်နိုင်တယ်လို့ ဆိုလိုတယ်။
စစ်တပ်စစ်သားတွေလည်း ထိုနည်းတူ စိတ်လှုပ်ရှားနေကြတယ်။
စစ်တပ်ထဲ ဝင်လာသူ အများစုက ဆင်းရဲတဲ့ မိသားစုတွေက လာကြတာ— တစ်ခွက်ကို ဆယ်တေးတန် သွေးအားဖြည့်ဆေးရည်ကို သူတို့ ဘယ်ကနေ တတ်နိုင်မှာလဲ?
ဒါပေမဲ့ စစ်တန်းလျားက ထောက်ပံ့ပေးတာကိုသာ အားကိုးရင် သူတို့ရဲ့ ကျင့်စဉ် တိုးတက်ဖို့အတွက် လုံးဝ မလုံလောက်ဘူး။
အရှင်ထောင်စုမှုးပြောလိုက်တဲ့ စကားဟာ သူတို့အတွက် ကောင်းကင်ဘုံက ကျလာတဲ့ အစားအစာ လိုပဲ ဖြစ်တယ်။
ကျူထုံ လက်သီးဆုပ်လိုက်တယ် "သွေးအားဖြည့်ဆေးရည် လုံလောက်ရင် ငါလည်း သိုင်းပညာမှာ ပိုပြီး တိုးတက်ဖို့ အခွင့်အရေး ရနိုင်ပြီ"
သူနဲ့ ဝမ်လီလိုပဲ သူတို့မှာ တကယ်တော့ ကောင်းမွန်တဲ့ အရည်အချင်း ရှိတယ် သူတို့ရဲ့ ဆင်းရဲနွမ်းပါးမှုကသာ သူတို့ကို တားဆီးထားတာ ဖြစ်တယ်။
လူတိုင်း ပျော်ရွှင်နေချိန်မှာ ရွီဝမ်ချိုင်က ခေါင်းကို အနည်းငယ် ခါလိုက်
တယ်"ငါတို့ စစ်ပွဲဆီကို သွားဖို့ပြင်နေကြပြီ ထင်တယ် ပြီးတော့ ဒါက ခက်ခဲတဲ့ တိုက်ပွဲ ဖြစ်လိမ့်မယ်"
"တကယ်လား?"
ကျူထုံ သံသယဖြစ်သွားတယ် "အဲဒါဆို အဓိပ္ပာယ်ရှိတယ် သိုင်းပညာခန်းမက အဲဒီ လူမိုက်တွေ ဘာလို့ ငါတို့အတွက် ရုတ်တရက် ပိုက်ဆံ ထုတ်ပေးချင်ရတာလဲ ဖမ်းဆီးရမိတဲ့ အရာတစ်ခုခု ရှိရမယ်"
"ငါ စကား ဆက်ပြောပါရစေဦး"
ရှန်ထင်ချွန်က တိတ်ဆိတ်ဖို့ အချက်ပြလိုက်တယ်—
"နောက်တစ်ခု ဒုတိယ ကိစ္စ"
"ပိုယန် စစ်တပ်ကို ဘာကြောင့် တည်ထောင်ခဲ့သလဲဆိုတာ လူတိုင်း ရှင်းရှင်းလင်းလင်း သိထားရမယ်"
"တိုင်းတစ်ပါးက လူရိုင်းတွေရဲ့ ရန်ကို ကာကွယ်ဖို့ပဲ"
"နှစ်ထောင်ပေါင်းများစွာကြာအောင် လူရိုင်းမျိုးနွယ်တွေကငါတို့ရဲ့ အိမ်တွေနဲ့ လယ်ယာတွေကို မက်မောခဲ့ကြတယ် ငါတို့ရဲ့ ဇနီးတွေ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ကျွန်ပြုချင်ကြတယ်။ ပြီးတော့ သူတို့ရဲ့ မြက်ခင်းတွေကို မြေသြဇာကျွေးဖို့ ငါတို့ရဲ့ ခေါင်းတွေကို အသုံးပြုချင်ကြတယ်"
"ငါတို့ရဲ့ ဘိုးဘေးကြီးနဲ့ သူ့ရဲ့ ဆက်ခံသူတွေဟာ သူတို့ကို ကိုယ်တိုင် ဦးဆောင်ပြီး အကြိမ်များစွာ စစ်ချီခဲ့ကြတယ် နှစ်နှစ်ရာကြာအောင် သူတို့ ခေါင်းမထောင်နိုင်အောင် တိုက်ခဲ့ကြတယ်"
"ဒါပေမဲ့ အခု သူတို့ကထပ်မံ လှုပ်ရှားဖို့ စိတ်အားထက်သန်နေကြပြီး အရင်
မင်းဆက်က ကြေကွဲစရာကို ပြန်အသက်သွင်းချင်နေကြပြီ"
"ငါတို့ကသတ္တိရှိတဲ့ သူရဲကောင်းတွေအနေနဲ့ ဘယ်လိုလုပ် ထိုင်ပြီး သေခြင်းကို စောင့်နေနိုင်မှာလဲ"
"စစ်ဝန်ကြီးဌာနရဲ့ တရားဝင် စာရွက်စာတမ်း ရဲ့ ခွင့်ပြုချက်နဲ့အတူ လာမယ့် နွေဦးရာသီအစမှာ ရှီမြစ် ပတ်ဝန်းကျင်က လူရိုင်းမျိုးနွယ်တွေကို ရှင်းလင်းဖို့ ငါ တရားဝင် ဦးဆောင် စစ်ချီမယ်"
"ဒါကြောင့် လာမယ့်ရက်တွေမှာ ညီအစ်ကိုတွေ လုံ့လဝီရိယရှိရှိ လေ့ကျင့်ပြီး နောက်ပိုင်း စစ်မြေပြင်မှာ တရားရုံးအတွက် ကောင်းစွာ အမှုထမ်းနိုင်ဖို့ ငါ မျှော်လင့်ပါတယ်"
"ရန်သူ အလုံအလောက်ကို သတ်နိုင်သရွေ့ မင်းမျိုးမင်းနွယ် သို့မဟုတ် ဗိုလ်ချုပ် ဖြစ်လာဖို့ မဖြစ်နိုင်တာ မရှိပါဘူး"
ဒီစကားတွေ ပြောပြီးနောက် သိုင်းလေ့ကျင့်ရေးကွင်းဟာ တိတ်ဆိတ်သွားတယ် အရင်က စိတ်လှုပ်ရှားမှုနဲ့ လုံးဝ ကွဲပြားသွားတယ်။
မင်းမျိုးမင်းနွယ် ဒါမှမဟုတ် ဗိုလ်ချုပ် ဖြစ်လာဖို့လား?
ဒီလို ကြီးကျယ်တဲ့ ရည်မှန်းချက်တွေ ရှိတဲ့သူတွေ သိပ်မများပါဘူး သူတို့ကလုံခြုံပြီး တည်ငြိမ်တဲ့ ဘဝကို နေထိုင်ချင်ကြတာပဲ။
ဒါပေမဲ့ သူတို့ဟာစစ်တပ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့အတွက် စစ်မြေပြင်မှာ တိုက်ခိုက်ခြင်းနဲ့ သတ်ဖြတ်ခြင်းဟာ ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာပဲ။
ကံကောင်းတာက ဗိုက်ပြည့်ပြီးမှ စစ်တိုက်ထွက်တာက ဗိုက်ဆာနေတာထက် အမြဲ ပိုကောင်းတယ်။
ဒါကြောင့်လည်း ရှန်ထင်ချွန်က သိုင်းပညာခန်းမတွေကနေ ရန်ပုံငွေနဲ့ စားနပ်ရိက္ခာတွေကို ရဖို့အတွက် ဒီလောက် အပင်ပန်းခံခဲ့ရတာ ဖြစ်တယ်။
လစာ အပြည့်အဝ မရတဲ့ စစ်တပ်မှာ တိုက်ခိုက်လိုစိတ် ရှိမှာ မဟုတ်ဘူး
ဆန့်ကျင်ဘက်အားဖြင့် ကြီးမားတဲ့ ဆုလာဘ်တွေနဲ့ဆိုရင် သူရဲကောင်းတွေ ပေါ်လာလိမ့်မယ်။
လုံလောက်တဲ့ အရင်းအမြစ်တွေ ရှိမှသာ တပ်ဖွဲ့တစ်ခုဟာ တိုက်ခိုက်ရေး စွမ်းရည်ကို ပိုင်ဆိုင်နိုင်ပြီး ပထမဆုံး တိုက်ခိုက်မှုနဲ့ ပြိုလဲသွားမှာ မဟုတ်ဘူး။
ဒီအရာကို ကြိုတင် ကြေညာလိုက်တာဟာ မြက်ထဲက မြွေကို လန့်သွားစေမှာကို စိုးရိမ်စရာ မရှိပါဘူး။
လူရိုင်းတွေဟာ ငါတို့ကြားထဲမှာ သူလျှိုတွေ အမြဲ ရှိတယ်။
သိုင်းပညာခန်းမတွေက ရန်ပုံငွေနဲ့ စားနပ်ရိက္ခာတွေကို အကြီးအကျယ် လှူဒါန်းတာကို လူမိုက်တွေတောင် ဘာအတွက် ပြင်ဆင်နေလဲဆိုတာ သိလိမ့်မယ်။
လူတိုင်းကို အမှောင်ထဲမှာ ထားမယ့်အစား ကြိုတင်ပြီး လေ့ကျင့်မှုတွေ စတင်ကာ စိတ်ပိုင်းရော ရုပ်ပိုင်းအရပါ ပြင်ဆင်တာက ပိုကောင်းတယ်။
သူ့မိန့်ခွန်းကို အပြီးသတ်ပြီးနောက် ရှန်ထင်ချွန်က စစ်သားတွေကို သူ့စကားတွေကို ချေဖျက်ဖို့ အချိန်ပေးရင်း လှမ်းလျှောက် ထွက်ခွာသွားတယ်။
ချန်ဆန်းရှီက အချိန်အတော်ကြာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်တယ်။
ရွေးချယ်ခံအမှတ် စစ်ဆေးမှုက နွေဦးရာသီ ကုန်ပြီးမှ ပြုလုပ်မှာ ဖြစ်တယ်။
ဆိုလိုတာက သူ တပ်စခန်းရှစ်ခုကို သွားပြီး ရွေးချယ်ခံအမှတ် စစ်ဆေးမှု မလုပ်ခင်မှာ ဒီတိုက်ပွဲမှာ ပါဝင်ရဦးမှာ ဖြစ်တယ်။
"ဆရာရွီ"
ချန်ဆန်းရှီက "ရှီမြစ် ပတ်ဝန်းကျင်က လူရိုင်းမျိုးနွယ်တွေရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို သိပါလား"
"မင်း မေးသင့်တဲ့သူကို မေးလိုက်တာပဲ"
ရွီဝမ်ချိုင်ကမဆိုင်းမတွဘဲပြန်ဖြေလိုက််တယ် "ကျွန်တော်က အရည်အချင်း နည်းပါးပေမယ့် လူရိုင်းစစ်တပ်တွေရဲ့ ဖြန့်ကျက်မှုအကြောင်းကို ငါးနှစ်ကြာ လေ့လာခဲ့ဖူးတယ်"
"ရှီမြစ် မျိုးနွယ်စုက ယူဝမ်မျိုးနွယ်စု ရဲ့ ဋာနခွဲတစ်ခု ဖြစ်တယ် သူတို့က ဒီဧရိယာမှာ ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ကြပြီး စစ်သားတွေကို ကောင်းကောင်း လေ့ကျင့်ပေးထားတယ် အကြမ်းဖျင်း ခန့်မှန်းခြေအားဖြင့် လူနှစ်ထောင် လောက် ရှိမယ်"
"သူတို့ထဲမှာ အတွင်းအားသန့်စင်ခြင်းအဆင့် တစ်ဦး ပါဝင်ပြီး သွေးသန့်စင်ခြင်းအဆင့်နဲ့ အရိုးဖွဲ့စည်းခြင်းအဆင့် စစ်ဘက်အရာရှိ အရေအတွက်က ငါတို့ရဲ့ စစ်တန်းလျားက လူတွေနဲ့ ခပ်ဆင်ဆင်ပဲ"
"ဒါပေမဲ့ သူတို့မှာ ငါတို့ထက် မြင်းတွေ ပိုများပြီး သူတို့ရဲ့ မြားပစ်သမားတွေက အရည်အသွေး ပိုမြင့်တယ်"
ချန်ဆန်းရှီစဉ်းစားလိုက်တယ် "ခင်ဗျားရဲ့ ထင်မြင်ချက်အရ နောက်နှစ် နွေဦးရာသီ စတင်တဲ့အခါ ငါတို့ အနိုင်ရဖို့ အခွင့်အရေး ဘယ်လောက် ရှိမလဲ"
"ဆရာ ကျွန်တော့်နောက် လိုက်ခဲ့ပါ"
ရွီဝမ်ချိုင်က သူ့ကို လူခြေတိတ်တဲ့ ထောင့်တစ်နေရာဆီ ခေါ်သွားပြီး တုတ်ချောင်းတစ်ခုနဲ့ သဲပေါ်မှာ စတင် ပုံဆွဲတယ်။
"ငါတို့ ရှန်မင်းဆက်ရဲ့ မြောက်ဘက် နယ်စပ်တစ်လျှောက်က အရေးကြီးတဲ့ မဟာဗျူဟာမြောက် လမ်းကြောင်းတွေ အားလုံးဟာ လူရိုင်းမျိုးနွယ်တွေနဲ့ အမြဲ ပွတ်တိုက်မှုတွေ ရှိနေတယ် ဒါကြောင့် ငါတို့ကို အင်အားဖြည့်ဖို့အတွက် အရန်တပ်တွေ ပို့မှာ မဟုတ်တာ သေချာတယ်"
"အများဆုံးဆိုရင် အန်းဒင်စီရင်စု အစောင့်တပ် က နောက်ထပ် စစ်တပ်
တစ်ခုငါတို့ကို တပ်ကူပေးဖို့ စေလွှတ်နိုင်တယ် ငါတို့ မဟာတံတိုင်းအပြင်
ဘက်မှာ ရှုံးနိမ့်ခဲ့ရင် လူရိုင်းတွေက ပိုယန်ခရိုင်ကို သိမ်းပိုက်တာကို ကာကွယ်ဖို့ပဲ"
"ဒါပေမဲ့ သူတို့က မြို့ရဲ့ လုံခြုံရေးကို စွန့်ပြီး စစ်ပွဲမှာ ပေါ့ပေါ့ပါးပါး ပါဝင်မှာ မဟုတ်ဘူး"
"ဆိုလိုတာက ငါတို့ရဲ့ စစ်တပ်ကအခြေခံအားဖြင့် သီးခြားတပ်ဖွဲ့တစ်ခု ဖြစ်တယ်"
"မင်းတို့ နှစ်ယောက် ဘာတွေ တီးတိုးပြောနေကြတာလဲ"
ကျူထုံ တိတ်တိတ်လေး ချဉ်းကပ်လာတယ် "အဲဒီ ကျိုးနေတဲ့ တုတ်နဲ့ ဘာတွေ ရေးခြစ်နေတာလဲ"
"လူကြီးတွေကို အနှောင့်အယှက် မပေးနဲ့"
ရွီဝမ်ချိုင်က သူ့မုတ်ဆိတ်ကို ပွတ်သပ်လိုက်ပြီး မြေပြင်ပေါ်က ရိုးရှင်းတဲ့ စစ်တပ်ဖြန့်ကျက်ပုံကို ကြည့်ရင်း ရှုပ်ထွေးစွာ ပြောလိုက်တယ် "ဒါက တကယ်ကို ထူးဆန်းတယ် လူရိုင်းတွေနဲ့ စစ်ပွဲဆင်နွှဲတာက နိုင်ငံတော်အတွက် အရေးကြီးတဲ့ ကိစ္စပဲ ဘာလို့ လူတစ်ထောင်လောက်ပဲ ရှိတဲ့ တပ်ဖွဲ့ကို ပြန့်ကျဲနေတဲ့ မျိုးနွယ်စု တစ်ခုကို တိုက်ခိုက်ဖို့ စေလွှတ်ရတာလဲ"
"အောင်မြင်တာပဲဖြစ်ဖြစ် ကျရှုံးတာပဲဖြစ်ဖြစ် ကြီးမားတဲ့ အစီအစဉ်တွေမှာ သိပ် ကွာခြားမှု ရှိမှာ မဟုတ်ဘူး"
"ဆရာ ဒီအပေါ်မှာ ခင်ဗျားရဲ့ ထင်မြင်ချက်က ဘာလဲ"
ချန်ဆန်းရှီကပြန်ဖြေတယ် "ဒါက အထက်အရာရှိတွေကို ကိုယ့်ရဲ့ စွမ်းရည်ကို ပြသဖို့အတွက် စွမ်းဆောင်ချက်တစ်ခုပဲ"
"အမြဲတမ်း ဉာဏ်ပညာရှိတဲ့ ဆရာ ကျွန်တော်လည်း ဒီလိုပဲ ခံစားရတယ်"
ရွီဝမ်ချိုင်က သူတို့ ပတ်ဝန်းကျင်ကို လေ့လာပြီးနောက် သတိကြီးစွာနဲ့ ဆက်ပြောတယ်"တပ်မှူး ရှန်က အသက်ပေါင်းများစွာကို ရင်းပြီး သူ့ကိုယ်ပိုင် အောင်မြင်မှုအတွက် စီစဉ်နေတာပဲ"
ဒီစကားက အနည်းငယ် နူးညံ့နေသေးတယ် ပွင့်ပွင့်လင်းလင်း ပြောရရင် ရှန်ထင်ချွန်က သူ့ရဲ့ အနာဂတ်အတွက် ပိုယန် စစ်တပ်ကလူကိုးရာရဲ့ အသက်တွေကို အသုံးပြုဖို့ အသင့်ရှိနေပြီ
စစ်ဝန်ကြီးဌာနက ဘာကြောင့် သဘောတူခဲ့ရသလဲဆိုတဲ့ အကြောင်းရင်းကတော့ တရားရုံးအတွင်းက အင်အားကြီး အဖွဲ့အစည်းအမျိုးမျိုး ပါဝင်နေတာကြောင့် ရေက နက်ရှိုင်းနေတယ်။
"ငါတို့ရဲ့ အနိုင်ရနိုင်ခြေအတွက်"
ရွီဝမ်ချိုင်ကဆက်ပြောတယ် "လူရိုင်း စစ်သည်တွေက သန်မာပြီး မြင်းတွေက အားကောင်းတယ် ဒါပေမဲ့ သူတို့က စစ်ရေး အဖွဲ့အစည်းတွေမှာ ကျွမ်းကျင်မှု မရှိဘူး ဒါ့အပြင် ရွှေ့ပြောင်းနေထိုင်တဲ့ မျိုးနွယ်စုတွေဟာ နှစ်စဉ် နွေဦးအစမှာ သူတို့ရဲ့ အားအနည်းဆုံး အခြေအနေ မှာ ရှိနေတယ်"
"သိုင်းပညာခန်းမတွေက အရိုးဖွဲ့စည်းမှု့အဆင့် သိုင်းဆရာတွေပိုပြီး အကူအညီ ရနိုင်မယ်ဆိုရင် ပြီးတော့ အန်းဒင်စီရင်စုက ငါတို့ကို တပ်ကူ ပေးဖို့ အသင့်ဖြစ်နေမယ်ဆိုရင် ငါတို့ အနိုင်ရနိုင်တယ် ဒါပေမဲ့..."
"ဒါဟာ သွေးမြေကျတဲ့ အနိုင် ဖြစ်လိမ့်မယ်"
တစ်ချိန်လုံး ရှုပ်ထွေးနေတဲ့ ကျူထုံဟာ နောက်ဆုံးအပိုင်းကို နားလည်သွားတယ် "အဲဒါ ဘယ်လောက် ဆိုးရွားနိုင်လဲ"
ရွီဝမ်ချိုင်က လေးနက်စွာ ပြောလိုက်တယ် "ငါတို့ နှစ်ယောက်စလုံး သေရလိမ့်မယ်"
"ဒါက တော်တော် ဆိုးရွားတာပဲ"
ကျူထုံက သူ့ရဲ့ ကော်လံကို ဆွဲကိုင်လိုက်တယ် "လူပျင်းမင်းက မင်းရဲ့ စစ်တိုက်နိုင်စွမ်းတွေကို မကြာခဏ ကြွားလုံးထုတ်လေ့ ရှိတယ် မဟုတ်
လား ဒါဆို နည်းလမ်းတစ်ခု စဉ်းစားပေးငါတို့ ဘယ်လိုမျိုး ဘေးအန္တရာယ်ကို ရှောင်ရှားနိုင်မလဲ"
ရွီဝမ်ချိုင်က ရိုးသားစွာ ပြောတယ် "အနည်းဆုံး ငါတို့ရဲ့ ဆုံးရှုံးမှုတွေကို နှစ်ဆယ်ရာခိုင်နှုန်း လျှော့ချနိုင်မယ့် မဟာဗျူဟာတစ်ခုတော့ ကျွန်တော့်မှာ ရှိပါတယ်"
"နှစ်ဆယ်ရာခိုင်နှုန်းပဲလား"
ကျူထုံက မထီမဲ့မြင် ပြန်ပြောတယ် "အဲဒါက လျှော့ချတာနဲ့ လျှော့ချတာ မဟုတ်တာနဲ့ ဘာကွာလို့လဲ"
"ကျွန်တော်က ဝူလုံ(ဝူလုံ ဆိုတာကစွမ်းအား၊ ရဲရင့်ခြင်း၊ ဂုဏ်သိက္ခာ တို့နဲ့ ဆက်စပ်နေတဲ့ အမည်တစ်ခု)ပါ၊ နတ်ဘုရား မဟုတ်ဘူးဒီလို ဝိုင်းရံတိုက်ခိုက်တဲ့ စစ်ပွဲမျိုးမှာ အင်အားစုရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကို ကယ်တင်တာက ကြီးမားတဲ့ လူအင်အားကို ကယ်တင်တာ ဖြစ်လိမ့်မယ်"
ရွီဝမ်ချိုင်က တုတ်ချောင်းကို ပစ်ချလိုက်တယ် "ကျွန်တော် တပ်မှူးကို ကျွန်တော့်ရဲ့ မဟာဗျူဟာကို သွားကမ်းလှမ်းဖို့ လိုတယ်"
ဒီလိုပြောပြီးနောက် သူ ရှန်ထင်ချွန်းးရဲ့ ရုံးခန်းဆီကို ပြေးသွားတယ်။
ကျူထုံက သူ့လက်ချောင်းတွေနဲ့ ရေတွက်လိုက်တယ် "ငါတို့ စစ်တန်းလျားမှာ လူ ကိုးရာကျော် ရှိတယ် နှစ်ဆယ်ရာခိုင်နှုန်းဆိုတာ ဘယ်လောက်လဲ"
ချန်ဆန်းစီးဟာ စိတ်ပျက်လက်ပျက်နဲ့ ပြောတယ် "ထိခိုက်ဒဏ်ရာ နှစ်
ဆယ်ရာခိုင်နှုန်းကို လျှော့ချတာ စစ်တပ်တစ်ခုလုံးကို ရှင်းပစ်မယ်လို့ ပြောတာ မဟုတ်ဘူး"
"ဒါဆို ဘယ်လောက်လဲ"
ကျူထုံ ပိုပြီး ဝေခွဲမရ ဖြစ်သွားတယ်။
သူ မတွက်ချက်နိုင်ခင်မှာ ရွီဝမ်ချိုင်ကပြန်ရောက်လာတယ်။
သူက လျင်မြန်စွာ မေးလိုက်တယ် "ဘယ်လိုလဲအရှင်ထောင်စုမှုးဘာပြောလဲ"
ရွီဝမ်ချိုင်ကအရမ်း ဒေါသထွက်နေလို့ သူ့မျက်နှာ နီရဲနေပြီး ခြေထောက်ကို ဆောင့်နင်းကာ အော်လိုက်တယ်"အရည်အချင်းမရှိတဲ့ တပ်မှူးအရည်အချင်းမရှိတဲ့ တပ်မှူး"
တပ်မှူးတဲက သိပ်မဝေးဘူး ချန်ဆန်းရှီကလေတိုက်ရာကို လိုက်ပြီး "ထွက်သွား" ဆိုတဲ့ အသံကို သဲ့သဲ့ ကြားလိုက်တယ်။
သူ ခေါင်းခါပြီး ထွက်သွားဖို့ ထရပ်လိုက်တယ်။
ဒီတိုက်ပွဲက ရှောင်လွှဲလို့မရဘူးဆိုတာ သူ သိတယ် ရှောင်ရှားဖို့လည်း ရည်ရွယ်ချက် မရှိခဲ့ဘူး။
သို့သော်လည်း သူ တကယ်ပဲ နွေဦးမတိုင်ခင် အရိုးဖွဲ့စည်းမှု့အဆင့်ကို ရောက်ဖို့ လိုအပ်ပုံရတယ်။
အရိုးဖွဲ့စည်းပြီးနောက်မှာ ဓားတွေနဲ့ လက်နက်တွေကို ခံနိုင်ရည်ရှိပြီး စစ်မြေပြင်မှာ သေးငယ်တဲ့ ဒဏ်ရာတွေနဲ့ တိုက်ခိုက်ရေး စွမ်းရည် မဆုံးရှုံးတော့ဘူး။