← Chapters

အခန်း (၄၇)

Vol. 5 Ch. 47

အခန်း (၄၇)

Vol. 5 Ch. 47

ရှန်ထင်ချွန် နွေဦးရာသီအတွက် အစီအစဉ်ကို ကြေညာလိုက်သည့်အချိန်မှစ၍ တပ်စခန်းတွင် စည်းကမ်းသည် ပိုမို တင်းကြပ်လာခဲ့သည်။

နေ့စဉ် လေ့ကျင့်ခန်းများက နှစ်ဆတိုးလာပြီး စခန်းမှထွက်ခွာသူ မည်သူမဆို ကြိုတင်ခွင့်တောင်းရမည် ဖြစ်သည်။

ရာစုမှူးအချို့ပင်လျှင် နေ့ရက်များကို အစားအသောက်နှင့် အပျော်အပါးဖြင့် ဖြုန်းတီးခွင့် မရှိတော့ဘဲ လေ့ကျင့်ခန်းများတွင် ပါဝင်ရန် လိုအပ်လာသည်။

သို့သော် စစ်သည်များကအလွန် နာခံကြသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဝဝလင်လင်စားရပြီး ကောင်းကောင်းမွန်မွန် ဝတ်ဆင်ရသည့် နေ့ရက်များကို ရရှိနေသောကြောင့်ပင်။

သိုင်းပညာ လိုက်စားသူများအတွက်မူ သွေးအားဖြည့်ဆေးရည်ကို ပိုမိုသောက်သုံးနိုင်ကာ ၎င်းတို့၏ သိုင်းပညာကို တိုးတက်စေနိုင်သည်။

ချန်ဆန်းရှီကဆက်တိုက် ဆယ်ရက်တာပတ်လုံး စစ်တပ်နယ်မြေအတွင်း၌ သိုင်းပညာကို လေ့ကျင့်ခဲ့သည်။

[လေ့ကျင့်မှု့- စစ်သားအခြေခံလှံပညာ (အသေးစားအောင်မြင်မှု့)]

[တိုးတက်မှု- 550/2000]

[စွမ်းဆောင်ရည်- လှံလှုပ်ရှားမှု မြန်ဆန်ခြင်း၊ ထူးခြားသော ခံနိုင်ရည်ရှိခြင်း၊ ခိုင်မာသော သွေး-ချီ ၊ သွေးဖြစ်ပေါ်ခြင်း]

ကျားနှလုံးသားနှင့် ကျားသားတို့ကို စားသုံးခဲ့သည်မှာ ကြာပြီဖြစ်ပြီး ကိုးကြိမ်သွေးအားဖြည့်ဆေးရည်ကိုလည်း ကုန်စင်အောင် သောက်သုံးခဲ့ပြီးပြီ။ ကံကောင်းထောက်မစွာပင် ကျွမ်းကျင်မှုတွင် သိသာသော တိုးတက်မှုရှိခဲ့သည်။

ထို့အပြင် ဆေးဝါးပစ္စည်းများ ဝယ်ယူခြင်းသည်လည်း များစွာစျေးသက်သာလာခဲ့သည်။

ကိုးကြိမ်သွေးအားဖြည့်ဆေးရည်ကို ယခုအခါ စစ်တန်းလျားများတွင် ဝယ်ယူရရှိနိုင်ပြီး ငွေ ဆယ့်ငါးတေးဖြင့်သာ ရောင်းချနေသည်။

သို့သော်လည်း ၎င်းမှာ စျေးကြီးနေဆဲပင်။

"ထပ်ပြီး အမဲလိုက်ဖို့ အချိန်တန်ပြီ"

"အဆုံးမရှိတဲ့တွင်းကြီးပဲ ဟူး...."

သိုင်းပညာကို လေ့ကျင့်မနေခဲ့လျှင် ချန်ဆန်းရှီကယခုအချိန်သူဌေး ဖြစ်နေလောက်ပြီ။

"သမင်ဖြူ"

သမင်ဖြူ တစ်ကောင်ကို အမဲလိုက်နိုင်ပါက မိမိကိုယ်တိုင်အတွက် လိုအပ်သည့်အရာများကို ဖယ်ထားပြီးနောက်တွင်ပင် ငွေ ရာပေါင်းများစွာ ဖြင့် ရောင်းချနိုင်မည်ဖြစ်သည်။

သွေးသန့်စင်ခြင်းအဆင့်အသေးစားအောင်မြင်မှုအတွက် လုံလောက်သော အရင်းအမြစ်များ ရရှိစေရုံသာမကဘဲ၊ အရိုးဖွဲ့စည်းခြင်းအဆင့်သည်လည်း မကြာမီ အောင်မြင်လုနီးပါး ဖြစ်လာမည်။

သို့သော် ထိုကဲ့သို့သော သမင်ဖြူများကို လွယ်လွယ်ကူကူ ဖမ်းမိနိုင်သည်မဟုတ်။

"တောင်များနှင့်မြစ်များတစ်လျှောက် ခရီးသွားခြင်း" သည် လွန်ခဲ့သော နှစ်တစ်ထောင်က စာအုပ်ဖြစ်သည်။ ၎င်းကို ထုတ်ဝေပြီးနောက် လူပေါင်းများစွာက၎င်းတို့ကို ဖမ်းဆီးရန် ဟူတောင်တန်းသို့ စုပြုံရောက်ရှိလာခဲ့ကြရာ မျိုးမသုဉ်းသေးလျင် ကံကောင်းသည်။

သူ သတင်းစုံစမ်းကြည့်ရာ ထိုက်လေသိုင်းပညာခန်းမသည်ပင်လျှင် တစ်လခွဲကြာ ရှာဖွေပြီးသည့်တိုင် တစ်ကောင်မှ မတွေ့သေးဟု သိရသည်။

ချန်းဆန်းရှီကဆေးဆိုင်သို့ ရောက်ရှိလာခဲ့သည် "စစ်တန်းလျားထဲမှာ မှိုနဂါး ရောင်းစရာရှိလား"

သမင်ဖြူကတန်ဖိုးရှိသော မှိုများကို နှစ်သက်တတ်သည်ဟု ဆိုသည်။

ဆေးမှူးကျန်းက သိုလှောင်ခန်းမှ အညိုရောင် မှိုနဂါးတစ်လုံးကို အမြန်

ထုတ်ပေးခဲ့သည် "သက်တမ်းနှစ်ဆယ်ရှိပြီဖြစ်တဲ့ ဒီ မှိုနဂါးမဲ ကို အမှုန့်

ကြိတ်ပြီး စွပ်ပြုတ်ဆေးထဲ ထည့်လိုက်မယ်ဆိုရင် အဆီအနှစ်ဖြည့်စွပ်

ဆေးရည်ရဲ့ အစွမ်းကို မြှင့်တင်ပေးနိုင်ပါတယ် ငွေဆယ်တေး"

"လတ်လတ်ဆတ်ဆတ် ရှိသေးလားဗျ"

ချန်ဆန်းရှီက ထိုမှိုနဂါးသည် ကြာမြင့်စွာကတည်းက ခြောက်သွေ့နေသည်ကို သတိပြုမိသည်။

"ဟဲ မင်းကံကောင်းတယ် တကယ်ရှိတယ်"

ဆေးမှူးကျန်းက အခြားသေတ္တာတစ်လုံးကို ထုတ်ယူလာခဲ့ရာ ထိုအတွင်း၌ မီးလျှံကဲ့သို့ နီရဲနေသော မှိုနဂါးတစ်လုံး ရှိနေသည် "ဒါက ဒီမနက်မှ ယုန်ဟဲသိုင်းပညာခန်းမက ပို့လိုက်တာ သက်တမ်းသုံးဆယ်ရှိတဲ့ တိမ်နီမှိုနဂါးအစိတ်ကျပ်သား ဒါပေမဲ့ ဒါက ဒဏ်ရာတွေကို ကုသဖို့အတွက်ဖြစ်ပြီး သွေး-ချီကို တိုးတက်ဖို့ အများကြီး မကူညီပါဘူး"

ချန်းဆန်းရှီက "အရေးမကြီးပါဘူး တန်ဖိုးရှိတဲ့မှိုအဖြစ် သတ်မှတ်လို့ရရင် ပြီးတာပဲ" ဟုဆိုသည်။

"တန်ဖိုးရှိတဲ့မှိုလား။"

ဆေးမှူးကျန်းသည် ခေါင်းခါပြသည်- "အနည်းဆုံးတော့ အနှစ်တစ်ရာကျော် ရှိရမယ်၊ တစ်လုံးကို ငါးဆယ်တေးတန်တယ်။ အနှစ်နှစ်ဆယ်သားရှိတဲ့ မှိုနဂါးကို တန်ဖိုးရှိတဲ့မှိုလို့ မခေါ်နိုင်ဘူး၊ အဲဒီလို စျေးကြီးတဲ့ ဆေးဝါးပစ္စည်းတွေကတော့ ကျွန်တော်တို့စစ်စခန်းမှာ လောလောဆယ် မရှိသေးဘူး၊ အပြင်မှာ ဝယ်ရလိမ့်မယ်။"

"ငါးဆယ်တေး"

ချန်ဆန်းရှီကစျေးနှုန်းကြောင့် အံ့အားသင့်သွားသည်။

ငါးစာတစ်ခုတည်းကကို ငါးဆယ်တေးတန်နေပြီး သမင်ဖြူတစ်ကောင် ဖမ်းမိဖို့လည်း အာမခံချက် မရှိသေး။

ထိုက်လေသိုင်းပညာခန်းမက ပေးတဲ့ဆုလာဘ်က အရမ်းများနေလို့သာ သူတို့ရဲ့တပည့်တွေက အမဲလိုက်ဖို့အတွက် ဒီလောက်ငွေတွေ အကုန်ခံရဲကြတာ။

ချန်ဆန်းရှီမှာ လောလောဆယ် ထိုမျှလောက်သောငွေကို တကယ်တမ်း မထုတ်ပေးနိုင်သေးပေ။

သူ အရင်ကံစမ်းကြည့်ရန် ဆုံးဖြတ်လိုက်ပြီး အဆင်မပြေမှသာ အခြားနည်းလမ်းရှာရန် ဆုံးဖြတ်သည်။

ဆုံးဖြတ်ချက်ချပြီးနောက် ချန်းဆန်းရှီက ဝမ်ကျီထံမှ ခွင့်တောင်းကာ သူ၏လေးနှင့်မြှားများဖြင့် စစ်တန်းလျားမှ ထွက်ခွာလာခဲ့သည်။

"ဆန်းရှီ"

ယန်ဘင်းရွာအနီးမှ ဖြတ်သွားစဉ် ကျောက်ချောင်ကသူ့ကို လိုက်မီလာခဲ့သည်။

"ဦးလေးကျောက် တောင်ပေါ်တက်ပြီး အမဲမလိုက်တော့ဘူးလား"

ချန်းဆန်းရှီအနည်းငယ် အံ့အားသင့်သွားသည်။

မြောက်ပိုင်းဒေသတွင် ဆောင်းရာသီရောက်လာပြီးနောက် နှင်းများက တောင်များကို ပိတ်ဆို့ထားမည်ဖြစ်ရာ အမဲလိုက်ရန် ပိုမိုခက်ခဲသွားမည်။

အမဲလိုက်မုဆိုးများကဆောင်းဦးနှောင်းပိုင်းတွင် အလွန်ဆုံး လုံ့လဝီရိယရှိသင့်သည်။

ကျောက်ချောင်က ခါးသီးသောမျက်နှာဖြင့် "မလိုက်ချင်လို့ မဟုတ်ပါဘူး မလိုက်ရဲလို့ပါ"

"မလိုက်ရဲဘူးလား"

ချန်ဆန်းရှီက"ဘာဖြစ်ခဲ့တာလဲ တစ်စုံတစ်ယောက်က ဦးလေးကို အနိုင်ကျင့်နေတာလား"

"ဒါ နတ်ဆိုးကိုးကွယ်သူတွေ"

ကျောက်ချောင်၏ လေသံတွင် ဒေါသနှင့် ကြောက်ရွံ့မှုတို့ ပြည့်နှက်

နေသည်"ဟိုတလောက ဆယ်ရက်ဆက်တိုက် ကျေးလက်ဒေသက လူတွေ ပျောက်ကွယ်နေတယ် အထူးသဖြင့် ပတ်ဝန်းကျင်ရွာတွေက မုဆိုးတွေ တောင်ပေါ်တက်သွားပြီး ပြန်မလာတာ များတယ်"

"သေချာရဲ့လား ဦးလေးကျောက်"

ချန်ဆန်းရှီက အလေးအနက်ထားပြီး ပြောသည် "ရွှေခေါင်းလောင်းဘုရားကျောင်းကို ဝိုင်းရံနှိမ်နင်းတဲ့တာဝန်မှာ ကျွန်တော် ပါဝင်ခဲ့ပါတယ်။ ကိုယ်တိုင်ပါဝင်ခဲ့တာပါ မိစ္စာဂိုဏ်းသား ကိုးဆယ့်ကိုးရာခိုင်နှုန်းကို နေရာတင် သုတ်သင်ရှင်းလင်းခဲ့ပါတယ် တစ်ယောက်စ နှစ်ယောက်စ ကျန်ခဲ့ရင်တောင် ဒီလောက် ပြဿနာတွေ ထပ်မဖြစ်နိုင်ပါဘူး"

"ဒါဆို ကျားကြီး ဒါမှမဟုတ် ဝက်ဝံမည်း က လူစားဖို့ တောင်ပေါ်က ဆင်းလာတာများလား"

"မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်ဘူး"

ဦးလေးကျောက်က စိတ်လှုပ်ရှားစွာ ပြောသည် "အရိုးတောင် မကျန်ခဲ့ဘူး ဆန်းရှီ မင်းသိလား အရိုးတောင် ရှာမတွေ့ဘူး ကျားကြီးဖြစ်ရင်တောင် အရိုးတော့ ကျန်ခဲ့သင့်တာပေါ့"

"ဦးလေးကျောက် စိတ်မပူပါနဲ့"

ချန်ဆန်းရှီက နှစ်သိမ့်ပေးသည့်အနေဖြင့် "အာဏာပိုင်တွေကို အကြောင်းကြားပြီးပြီလား"

"ဟုတ်ကဲ့ အကြောင်းကြားပြီးပါပြီ"

ကျောက်ချောင်က ပြောသည်"ခရိုင်ရုံးက အရာရှိက သေချာစုံစမ်းစစ်ဆေးပေးမယ် စောင့်ပါလို့ ပြောတယ် ဒါပေမယ့် ဒီနေ့အထိ ဘာမှ တိုးတက်မှု မရှိသေးဘူး မနေ့တုန်းကပဲ အိမ်နီးနားချင်းရွာက လီလေး ဆိုတဲ့သူကကိုယ်ဝန်ရှိနေတဲ့ ဇနီးကို အားရှိအောင် တောကြက်လိုက်ဖို့အတွက် အသက်စွန့်ပြီး တောင်ပေါ်တက်သွားခဲ့တယ် အခုထိ ပျောက်နေတုန်းပဲ"

ချန်ဆန်းရှီမျက်မှောင်ကြုတ်မိသည်။

မိစ္စာဂိုဏ်းသားတစ်ယောက်စနှစ်ယောက်စ ကျန်ခဲ့ရင်တောင် ဒီလောက် ကြီးမားတဲ့ အုံကြွမှုကို မဖြစ်စေနိုင်ဘူး။

နောက်ထပ်အဖွဲ့တစ်ဖွဲ့ ပါဝင်နေရမယ်

ရွှေခေါင်းလောင်းဘုရားကျောင်းက သူတို့က တစ်ခုတည်းများလား။

ဒါပေမဲ့ ဒီလောက်လူများများ ပိုယန်ခရိုင်ကို ခိုးဝင်လာတာကလည်း သဘာဝမကျဘူး။

ထို့အပြင် လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း စစ်တပ်စခန်းတွင် မိစ္စာဂိုဏ်းသားများကို လိုက်လံရှာဖွေရန် လူအင်အားချထားခြင်းနှင့်ပတ်သက်၍ သူ ဘာသံမှ မကြားခဲ့ရပေ။

"ဦးလေးကျောက် စိတ်ချပါ"

ချန်ဆန်းရှီက "ကျွန်တော် ပြန်ရောက်ရင် အထက်အရာရှိတွေကို တင်ပြပေးမယ်"

"နောက်ထပ်တစ်ခု ရှိသေးတယ်"

ကျောက်ချောင်က အနည်းငယ် ရှက်ရွံ့သော်လည်း ဆက်ပြောသည် "ဆန်းရှီငါတို့ကို မင်းနဲ့အတူ တောင်ပေါ် လိုက်ခွင့်ပြုလို့ရမလား

"ဆောင်းရာသီ နီးနေပြီ ငါတို့အိမ်တွေအတွက် မီးသွေးနဲ့ ဆောင်းရာသီအဝတ်အစားတွေ လုံလုံလောက်လောက် မပြင်ဆင်ရသေးဘူးဒါပေမဲ့ မကြာသေးခင်က ဖြစ်ပျက်နေတာတွေကြောင့် ဘယ်သူက တောင်ပေါ်တက်ရဲမလဲ မင်းက သိုင်းပညာတတ်တယ် ကျားကြီးကိုတောင် သတ်နိုင်တယ် မင်းနဲ့အတူဆိုရင် ငါတို့ မကြောက်တော့ဘူး"

သူကဤလမ်းကြောင်းပေါ်တွင် အတော်ကြာကြာ စောင့်နေခဲ့သည်ဟု ထင်ရသည်။

သူ အမဲလိုက်ရန် အပြင်ထွက်လာသည်ကို တွေ့ဖို့အတွက်ပင် ရက်ပေါင်းများစွာ စောင့်နေခဲ့သည်လည်း ဖြစ်နိုင်သည်။

"ဟုတ်ကဲ့ ရပါတယ်။"

ချန်ဆန်းရှီက လွယ်လွယ်ကူကူ သဘောတူလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆန်းရှီ"

ကျောက်ချောင်ကစကားမပြောတတ်လောက်အောင် ဖြစ်သွားသည်။

တစ်လအကြာတွင် အခြားတစ်ဖက်က သူ့အိမ်တံခါးကို အစားအစာများဖြင့် လာခေါက်ကာ ဒုတိယအဆင့်တောင်ကို လမ်းပြပေးရန် တောင်းဆိုခဲ့သည်။

တစ်လကြာပြီးနောက် သူသည် ထိုလူငယ်၏ အကာအကွယ်ကို လိုအပ်နေပြန်သည်။

မကြာခင်မှာပဲ ကျောက်ချောင်က ဝူဒါနှင့် ကျွမ်းယီတို့ကို ခေါ်ကာ လေးယောက်သား တောင်ပေါ်သို့ ထွက်ခွာခဲ့ကြသည်။

ရင်းနှီးသော ချောင်းဘေးတွင် ၎င်းတို့ လမ်းခွဲခဲ့ကြသည်။

ချန်းဆန်းရှီက သတိပေးသည် "ဦးလေးကျောက် အန္တရာယ်နဲ့ ကြုံလာရင် အချက်ပြမြှားကို ပစ်လိုက်ပါ ကျွန်တော် မြင်တာနဲ့ ပြေးလာပါ့မယ်"

"ကောင်းပြီ ဆန်းရှီ မင်းလည်း ဂရုစိုက်ပါ ငါတို့ကတော့ မင်းကို သိပ်

အကူအညီမပေးနိုင်ဘူး"

ကျောက်ချောင်က ပြောသည်။

ချန်ဆန်းရှီကလှည့်ပြီး တောင်တောထဲသို့ ဝင်ရောက်သွားခဲ့သည်။

ဤမျှလောက် သေဆုံးမှုများစွာက အမှန်တကယ် ဖြစ်နိုင်ပါ့မလား။

၎င်းက သူ့ကို အနည်းငယ် စိုးရိမ်စေသည်။

သို့သော်လည်း ခုနှစ်လီခန့် လျှောက်သွားပြီးနောက် မည်သည့် အထူးအဆန်းကိုမှ သတိမထားမိခဲ့ပေ။

သိုင်းပညာခန်းမမှ တပည့်များစွာသည်လည်း အမဲလိုက်နေကြဆဲဖြစ်သည်။

ထိုက်လေသိုင်းပညာခန်းမမှ လူများသည် သမင်ဖြူကို ဆက်လက်ရှာဖွေနေကြဆဲဖြစ်သည်။

"ငါပြန်သွားပြီး ရာစုမှုးဝမ်ကို စုံစမ်းဖို့ အကူအညီတောင်းရမယ်။"

ချန်ဆန်းရှီကအာရုံစူးစိုက်ကာ သမင်ဖြူခြေရာများကို စတင်ရှာဖွေတော့သည်။

အရင်တုန်းကလို ကျားကြီးဖြစ်စေ ဝက်ဝံမည်းဖြစ်စေ ဦးလေးကျောက်က အကြမ်းဖျင်း လမ်းကြောင်းကို ညွှန်ပြပေးတတ်သည်။

ဒီတစ်ကြိမ်မှာတော့ အားလုံးကို သူကိုယ်တိုင် လုပ်ရတော့မည်ဖြစ်ပြီး ခြေရာခံတဲ့စွမ်းရည်ရှိရင်တောင် အခက်အခဲရှိနိုင်သည်။

ဘာပဲဖြစ်ဖြစ် သမင်ဖြူတွေ ဘယ်မှာနေတယ်ဆိုတာ စာအုပ်တွေထဲမှာ မှတ်တမ်းမရှိသလို ဟူတောင်တန်းက မိုင်ပေါင်းထောင်ချီ ရှည်လျားနေတော့ တစ်ကောင်ကို ရှာတွေ့ဖို့ ဘယ်လောက်ကြာမလဲဆိုတာ မသေချာဘူး။

"ပိုပြီး နက်တဲ့နေရာကို ရှာကြည့်ရအောင်"

သာမန်သမင်မျိုးစိတ်များက နက်ရှိုင်းပြီး တိတ်ဆိတ်သောနေရာများတွင် နေထိုင်တတ်ကြသည်။

သမင်ဖြူသည်လည်း သမင်တစ်မျိုးဖြစ်ရာ ၎င်း၏ အလေ့အကျင့်များသည် သိပ်မကွာခြားနိုင်ပေ။

ချန်ဆန်းရှီကတောင်များကို ဖြတ်ကျော်ကာ သွားလာတော့သည်။

နေ့လည်ခင်းရောက်သည်အထိ တောင်ထိပ်နှစ်ခုကို ဖြတ်ကျော်ပြီးသော်လည်း သမင်ဖြူ၏ အရိပ်အယောင်ကို မတွေ့ရသေးပေ သို့သော် အပင်များသည် ပိုမိုထူထပ်လာပြီး ခြေချစရာနေရာပင် မရှိသလောက် ဖြစ်လာခဲ့သည်။

အဝေးကို ကြည့်လိုက်သောအခါ ငါးလီခန့်အကွာတွင် တိတ်ဆိတ်ငြိမ်သက်၍ နက်နဲသော ချိုင့်ဝှမ်းတစ်ခုကို သူ မြင်လိုက်ရသည်။

"သွားကြည့်ရအောင်"

ချန်ဆန်းရှီကသူ့ရဲ့ စွမ်းအင်ကို အသုံးချကာ စူးစမ်းရန် အလျင်အမြန် ရှေ့သို့ တိုးသွားသည်။

သို့သော် သူ မချဉ်းကပ်မီတွင်ပင် ဝတ်ရုံရှည်များဝတ်ဆင်ထားသော တပည့်အများအပြားသည် အလျင်စလို ပြေးထွက်လာကြပြီး သူ့လမ်းကို ပိတ်ဆို့ရန် လူ့တံတိုင်းတစ်ခုအဖြစ် ရပ်လိုက်ကြသည်။

"ရပ်"

"မင်း ကိုရှေ့ဆက်သွားခွင့် မပြုဘူး"

All Chapters