အခန်း (၄၈)
Vol. 5 Ch. 48
"အဲဒီမှာ ရပ်လိုက်"
"ငါကဘာလို့ ရပ်ရမှာလဲ"
ပြောရင်းဆိုရင်း ချန်းဆန်းရှီကသူ့ရဲ့ခိုင်ယွမ်လေး ပေါ်သို့ ဝံပုလွေသွားမြှားတစ်စင်းကို တင်ပြီးသား ဖြစ်နေသည်။
"မင်း... မင်းမှာ လူသတ်ချင်တဲ့ အငွေ့အသက် ရှိနေတာပဲ"
သိုင်းပညာခန်းမ မှတပည့်များကတစ်ယောက်ကို တစ်ယောက် ကြည့်ကာ မရည်ရွယ်ဘဲ အနောက်သို့ အနည်းငယ် ဆုတ်သွားကြသည် "ကျွန်တော်တို့ ခင်ဗျားကို ဘာမှတောင် မလုပ်ရသေးဘူး ဘာလို့လာပြီး မြှားနဲ့ ပစ်ချင်နေတာလဲ"
"ဟုတ်တယ်"
တစ်စုံတစ်ယောက်က စွပ်စွဲပြောဆိုလိုက်သည်
"ကျွန်တော်တို့ ခင်ဗျားကို ရပ်ခိုင်းတာက ရှေ့မှာ ပုဂ္ဂလိကပိုင်မြေ ရှိလို့ပဲ"
"ပုဂ္ဂလိကပိုင်မြေ"
ချန်းဆန်းရှီသံသယဖြစ်သွားသည်။
ထိုတပည့်က ဆက်ပြောတယ် "ရှေ့က ချိုင့်ဝှမ်းက ကျွန်တော်တို့ တင်ယွမ်
သိုင်းပညာခန်းမရဲ့ ဆေးဝါးဥယျာဉ်ပါဒါ ပုဂ္ဂလိကပိုင်မြေ မဟုတ်ဘူးလား"
တင်ယွမ်သိုင်းပညာခန်းမရဲ့ ဆေးဝါးဥယျာဉ်လား
ချန်းဆန်းရှီက ဆေးမှူးကျန်းထံမှ အနီးနားရှိ ဆေးမြစ်များ စိုက်ပျိုးရန် သင့်လျော်သော မြေများစွာကို သိုင်းခန်းမသို့ ရောင်းချခဲ့ကြောင်း ကြားသိခဲ့ရသည် သူ အမှတ်မထင် ဝင်မိသွားပုံရသည်။
တင်ယွမ်သိုင်းပညာခန်းမဆိုသည်မှာ လျိုမိသားစုပိုင် နယ်မြေဖြစ်သည်။
တင်ယွမ်သိုင်းပညာခန်းမသည် ဆေးဝါးပစ္စည်းများဖြင့် စီးပွားရေး အများအပြား မလုပ်သော်လည်း ၎င်းတို့ကိုယ်ပိုင် ဆေးဝါးဥယျာဉ် မရှိဟု မဆိုလိုပါ။
ဒီလောက်ကြီးမားတဲ့ ချိုင့်ဝှမ်းကြီးဖြစ်နေတာ။
လျိုကျန်းက အသက်နှစ်ဆယ့်ငါး နှစ်ဆယ့်ခြောက်နှစ်အရွယ်၌ အရိုးဖွဲ့စည်းခြင်း ကို လုပ်ဆောင်နိုင်ပြီဖြစ်ရာ ဆေးဝါးပစ္စည်းများစွာကို သုံးစွဲခဲ့ရမည်။
"ဘာတွေ ဆူညံနေတာလဲ"
"သခင်လေး"
ပိုးသားဝတ်စုံဝတ်ထားသော ခေါက်ယပ်တောင်ကိုင်ထားသည့် သခင်လေးတစ်ဦး ချဉ်းကပ်လာရာ တပည့်များက ဘေးသို့ ရှောင်ပေးလိုက်ကြသည်။
သူကတင်ယွမ်သိုင်းပညာခန်းမ၏ အကြီးဆုံးသခင်လေး လျိုကျန်း ဖြစ်သည်။
"သခင်လေး"
တပည့်တစ်ဦးက တိုင်တန်းလိုက်သည် "စစ်စခန်းက လူတစ်ယောက် ဒီကိုရောက်လာပြီး ကျွန်တော်တို့က ဘာမှမလုပ်ရသေးဘဲ မြှားနဲ့ပစ်ချင်တယ်
အရမ်းမောက်မာတယ်"
"ဪ ချန်ညီလေးလား"
လျိုကျန်းကဘယ်သူရောက်လာသည်ကို မြင်သောအခါ သူ့ရဲ့လက်အောက်ငယ်သားများကို ဆူပူကြိမ်းမောင်းလိုက်သည် "ငါ့ညီကိုတောင် မင်းတို့က တားရဲသေးလား မြှားနဲ့ပြစ်ရင် ခံရမှာပဲ"
"သခင်လေး သူက..."
"ဖြတ်"
လျိုကျန်းက ထိုတပည့်၏ ခေါင်းကို သူ၏ခေါက်ယပ်တောင်ဖြင့် ခေါက်
လိုက်သည် "ဆုတ်ကြ"
"ဟုတ်ကဲ့ပါ သခင်လေး"
သိုင်းပညာခန်းမ မှတပည့်များအားလုံး နောက်ဆုတ်သွားကြသည်။
"ချန်ညီလေး နေကောင်းပါတယ်နော်"
လျိုကျန်းက လက်သီးစုပ်အရိုအသေပေးလိုက်သည် "ပြီးခဲ့တဲ့တစ်ကြိမ်က မင်းကို ရိုင်းရိုင်းစိုင်းစိုင်း ကျူးကျော်မိခဲ့တာကို ဒီနေရာကနေပဲ တောင်းပန်ပါတယ်ကွာ"
"မလိုပါဘူး"
ချန်းဆန်းရှီက ထိုလူနှင့် စကားများနေရန် စိတ်မဝင်စားတော့ဘဲ သူ၏ လေးနှင့်မြှားကို သိမ်းကာ ထွက်ခွာသွားသည်။
လောလောဆယ်တွင် ဤလူကို သတ်ပစ်ရန် မဖြစ်နိုင်သေးပေ။
တစ်ဖက်လူသည် သူ့ကို လွယ်လွယ်ကူကူ ရန်ပြုရန် မရဲသည့်အပြင် ဤနေရာတွင် အချိန်ဖြုန်းနေရန်လည်း မလိုအပ်ပေ။
"..."
လျိုကျန်းသည် သူ့ကို မတားဆီးဘဲ ထိုလူ ထွက်သွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
"သခင်လေး"
တပည့်တစ်ဦး ချဉ်းကပ်လာသည် "သူ့ကို ဒီအတိုင်း လွှတ်ပေးလိုက်တော့မှာလား"
"အဓိပ္ပာယ်မရှိတာ"
လျိုကျန်းက ဆူပူလိုက်သည် "မင်းက သူ့ကို ဒေါသထွက်အောင်လုပ်ပြီး စစ်စခန်းက စစ်သားတွေကို ခေါ်လာခိုင်းချင်တာလား နောက်တစ်ခါ မလုပ်ခင် စဉ်းစားဦး မင်းတို့အတွက် ငါ့ကိုယ်တိုင် ထွက်လာပြီး ဖြေရှင်းပေးရမှာလား။ ဒါနဲ့ သူ ဆေးဝါးချိုင့်ဝှမ်းကို ဘာလုပ်ဖို့ ရောက်လာတာလဲ"
တပည့်က ခန့်မှန်းသည် "ဒီရက်ပိုင်း လူတိုင်း သမင်ဖြူကို ရှာနေကြတာလေ"
"သမင်ဖြူကို ရှာနေတာလား"
လျိုကျန်းကသူ့ရဲ့ခေါက်ယပ်တောင်ကို ယမ်းလိုက်ပြီး "ငါမှတ်မိသလောက် သမင်ဖြူကို ရှာဖို့အတွက် တန်ဖိုးရှိတဲ့ မှို လိုတယ် မဟုတ်လား ငါတို့ ဆေးဝါးဥယျာဉ်မှာ သက်တမ်းနှစ်တစ်ရာရှိတဲ့ မှို ရှိသေးလား ရှိရင် တစ်လုံးရွေးပြီး နောက်မှ သူ့ဆီပို့လိုက်"
"သခင်လေး"
ထိုတပည့်ကအံ့အားသင့်စွာဖြင့် "သက်တမ်းနှစ်တစ်ရာရှိတဲ့ မှိုက ငွေ အတော်များများ ဒါဇင်ပေါင်းများစွာ တန်တယ်နော်"
"ပို့ခိုင်းရင် ပို့လိုက်စမ်း"
လျ်ိုကျန်းကလှည့်ကာ ချိုင့်ဝှမ်းထဲသို့ လျှောက်ဝင်သွားသည်။
ချန်းဆန်းရှီက တစ်လကြာ သိုင်းလေ့ကျင့်ပြီးနောက် သွေးသန့်စင်ခြင်း အသေးစားအောင်မြင်မှုကို ရရှိခဲ့သည်ဟူသော အကြောင်းအရာသည် စစ်စခန်းမှစ၍ ပျံ့နှံ့နေပြီဖြစ်သည်။
သူ၏ ဘဝတွင် လုပ်သမျှအရာတိုင်းကို သေသေချာချာ စဉ်းစားပြီးမှ လုပ်ဆောင်ခဲ့သော်လည်း သူ နောင်တရမိသည့် တစ်ခုတည်းသော အရာမှာ ချင်ဖုန်းကို ကူညီရန် ကြိုးပမ်းရင်း ဤလူကို စော်ကားခဲ့မိခြင်းပင်။
သို့သော် ကျေးလက်က ဆင်းရဲသားမုဆိုးတစ်ယောက်သည် သိုင်းပညာပါရမီရှင် ဖြစ်လာမည်ဟု ဘယ်သူထင်ထားမည်လဲ။
အကြောက်ဆုံးမှာ ဤကောင်လေးက အငြိုးအတေး ထားတတ်ခြင်းပင်
ထို့အပြင် သူ့အိမ်တံခါးကို လာခေါက်ပြီး မေးမြန်းခဲ့သောအခါ အငြိုးအတေးက ပိုမိုနက်ရှိုင်းသွားခဲ့သည်။
ချင်ဖုန်း၏ ရုပ်ကြွင်းကို ယခုတိုင် ရှာမတွေ့သေးသည်ကို တွေးမိတိုင်း လျိုကျန်းသည် ကျောချမ်းမိသည်။
ရိုးရိုးလေး သတ်ပစ်ရုံလား။
'သူ အသက်မရှင်ချင်တော့တာ မဟုတ်ဘူး။
ဖက်တီးဝမ်က သူ့ကို ကာကွယ်ပေးနေတာကို မပြောနဲ့ဦး။
ရှန်ထင်ချွန်ကလည်း လူလိုအပ်နေတယ်'
သူ သာ ချန်ဆန်းရှီကို ထိရဲမည်ဆိုလျှင် ရှန်ထင်ချွန်က နောက်နှစ်တွင် သူ့ကို မြက်ခင်းပြင်သို့ ရှေ့တန်းတပ်ဖွဲ့ဝင်အဖြစ် အတင်းအကျပ် တွန်းပို့ကာ သေစေလိမ့်မည်
ယခု သူကြောက်နေသည်မှာ ရက်တွေကြာလာသည်နှင့်အမျှ ထိုလူငယ်၏ ကျင့်ကြံမှုသည် လုံးဝ လှုပ်ရှားလို့မရနိုင်သော အမြင့်သို့ တက်သွားမည်ကိုပင်။
နှိုင်းယှဉ်ကြည့်လျှင် ရန်ငြိုးကို အစောတည်းက ဖြေရှင်းနိုင်မည်ဆိုလျှင် ငွေအချို့ သုံးစွဲရခြင်းက ဘာများ တန်ဖိုးရှိလို့လဲ။
ရန်ငြိုးကို ဖြေရှင်းမရနိုင်ရင်တောင် အခုအချိန်က ရန်သူဖြစ်ဖို့ အချိန်မဟုတ်သေးဘူး သူ့ကို ရန်ပြုဖို့ သင့်လျော်တဲ့ အခွင့်အရေးတစ်ခု လိုအပ်တယ်။
…
"အဲဒီ လျိုကျန်းက တောင်တွေရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ဘာတွေ ဖုံးကွယ်ထားတာလဲ။
"ဆေးမြစ်တွေ စုဆောင်းတာဖြစ်ဖြစ် စိုက်ပျိုးတာဖြစ်ဖြစ် သခင်လေးကိုယ်တိုင် လာစရာမလိုပါဘူး လူများစွာကို ခေါ်လာပြီး နှစ်မိုင်အတွင်း ချဉ်းကပ်ခွင့်မပြုစရာလည်း အကြောင်းမရှိဘူး"
"ခဏလေး..."
"တောင်ပေါ်မှာ ပျောက်ဆုံးနေတဲ့ မုဆိုးတွေ သူတို့နဲ့များ ပတ်သက်နေမလား"
ကြောက်မက်ဖွယ်ကောင်းသော ထင်မြင်ချက်တစ်ခုသည် ချန်ဆန်းရှီရဲ့ ရင်ထဲ၌ ရုတ်တရက် ပေါ်လာသည်။
သို့သော်လည်း ဆင်ခြင်တုံတရားအရ ကွဲလွဲမှုများ ရှိနေသည်။
သိုင်းပညာခန်းမက ဘာအကြောင်းကြောင့်မှ မရှိဘဲ လူသတ်နေစရာ ဘာအကြောင်းရှိလို့လဲ။
"ငါ အလွန်အကျွံ စဉ်းစားနေတာ ဖြစ်ရမယ်"
ချန်းဆနိးရှီကသမင်ဖြူကို ဆက်လက်ရှာဖွေရန် အာရုံပြန်စိုက်လိုက်သည်။
ကံမကောင်းစွာဖြင့် ညနေပိုင်းအထိ သူ ကံကောင်းခြင်း မရှိခဲ့ပေ။
"ငါ ငါးစာအနေနဲ့ တန်ဖိုးရှိတဲ့ မှိုကို သုံးဖို့ လိုအပ်ပုံရတယ်"
"အရင်ဆုံး တခြားအရာတွေကို အမဲလိုက်ပြီး ငွေအချို့ ရှာရဦးမယ်"
ထူးခြားဆန်းပြားသော သားရဲများကို ရှာရခက်သော်လည်း ကြမ်းတမ်းသော သားရဲများမှာမူ မဟုတ်ပေ။
သစ်တောထူထပ်သော တစ်နေရာတွင် ချန်ဆနးရှီကမြေပြင်ပေါ်၌ ကြောင်ကြီးတစ်ကောင်၏ ခြေရာများကို တွေ့လိုက်ရသည်။
"ဆူဆူ—"
သူ နယ်မြေထဲသို့ ခြေချလိုက်သည်နှင့် အပေါ်ဘက်မှ ခုန်ပျံသံများကို ကြားလိုက်ရပြီး အရှေ့တောင် အနောက်မြောက် နေရာအနှံ့မှ လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။
မှိန်မှိန်ပျပျ သစ်တောထဲတွင် ထူးဆန်းသော အစိမ်းရောင် အလင်းစက်များ မှိတ်တုတ်မှိတ်တုတ် ဖြစ်ပေါ်လာသည်။
၎င်းတို့သည် ကျားသစ်များ၏ မျက်လုံးများပင်
ကျားသစ်ငါးကောင်သည် သစ်ပင်ထိပ်များပေါ်၌ ရပ်နေကြပြီး မြေပြင်ပေါ်ရှိ ကျူးကျော်သူကို အဝေးမှ ငုံ့ကြည့်နေကြသည်
၎င်းတို့သည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြပြီး အလယ်ရှိ မုဆိုးဆီသို့ မယုံနိုင်လောက်သော အရှိန်အဟုန်ဖြင့် ညှပ်ပိတ်ကာ ရွေ့လျားလာကြသည်။
ကျားသစ်များက မွေးရာပါ လျင်မြန်ကြသည်။
သူတို့အတွက် ပေငါးဆယ်ခန့် အကွာအဝေးသည် လေးစက္ကန့် သို့မဟုတ် ငါးစက္ကန့်သာ ကြာမြင့်သည်။
သာမန်မုဆိုးတစ်ဦးအတွက် ထိုမျှတိုတောင်းသော အချိန်သည် မြှားတစ်စင်း သို့မဟုတ် နှစ်စင်း ပစ်ရန်သာ အချိန်ရမည်။
ပစ်မှတ်များကလည်း လျင်မြန်စွာ ရွေ့လျားနေဆဲဖြစ်ပြီး ထိမှန်ရန် အာမခံချက်မရှိ၊ သူတို့ အနီးနားသို့ ရောက်လာပြီး ဆွဲဖြဲ ကိုက်ခဲတော့မည်ဆိုလျှင် ထိုမုဆိုးသည် လက်ချင်းယှဉ် တိုက်ခိုက်ပြီး အနိုင်ယူရမည် သို့မဟုတ် သားရဲ၏ ဝမ်းဗိုက်ထဲသို့ အစာဖြစ်သွားရမည်။
မြေပြင်ပေါ်တွင်။
ချန်ဆန်းရှီက အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
ထို့နောက် သူ၏ လေးကြိုးသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ တုန်ခါသွားသည်။
"ရှူး... ရှူး... ရှူး... ရှူး—"
သူသည် အမဲလိုက်စက် တစ်လုံးသဖွယ် ဖြစ်လာပြီး မြှားများကို လျင်မြန်စွာ လှည့်ပတ် ပစ်ခတ်လိုက်ရာ မြှားတစ်စင်းစီသည် မှားယွင်းမှုမရှိဘဲ ပစ်မှတ်၏ နှလုံးသားကို ထိမှန်သွားသည်။
သုံးစက္ကန့်ကျော်အတွင်း ကျားသစ်လေးကောင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
အနောက်ဘက်မှ ကျားသစ်တစ်ကောင်သာ သစ်ပင်များ၏ အကာအကွယ်ကြောင့် ပိုမိုနီးကပ်လာခဲ့သည်။ ၎င်းသည် သစ်ပင်ပေါ်မှ ခုန်ချလာကာ ဓားသွားကဲ့သို့ ထက်မြက်သော လက်သည်းများနှင့် သွားများကို ဖော်ပြလိုက်သည် သို့သော် အေးစက်သော အလင်းတန်းတစ်ခုဖြင့် ဖောက်ထွင်းခံလိုက်ရပြီး ကောင်းကင်ယံတွင် ထာဝရ ရပ်တန့်သွားခဲ့သည်။
ချန်ဆန်းရှီကကျူရွက်လှံ သည် အတော်ကြာကြာ စောင့်ဆိုင်းနေခဲ့သည်။
ရိုးရှင်းပြီး လွယ်ကူသော ကျားသစ်ပစ်ခတ်ခြင်းပင်
[ကျွမ်းကျင်မှု့-ဖုံးကွယ်ခြင်းနှင့်ခြေရာခံခြင်း (အသေးစားအောင်မြင်မှု့)]
[တိုးတက်မှု: 105/1000]
...
[ကျွမ်းကျင်မှု- မြှားပစ်ခြင်း (အသေးစားအောင်မြင်မှု့)]
[တိုးတက်မှု: (190/1000)]
ကျားသစ်ငါးကောင်၏ အတန်ဖိုးဆုံး အစိတ်အပိုင်းများကို သူ ကိုယ်တိုင် သိမ်းထားပြီး ကျန်သည်များကို ငွေ သုံးဆယ် သို့မဟုတ် လေးဆယ်တေးဖြင့် ရောင်းချနိုင်သည်။
၎င်းကို အိမ်တွင် စုဆောင်းထားသော ငွေနှင့် ပေါင်းလိုက်လျှင် တန်ဖိုးရှိသော မှိုကို ဝယ်ယူရန် လုံလောက်သော ငွေပမာဏ ရှိသွားပြီဖြစ်သည်။
ချန်ဆန်းရှီကကျားသစ်အားလုံးကို သူယူလာသော ပိုက်ကွန်ထဲသို့ ထည့်ကာ ကျောပိုးပြီး လာရာလမ်းအတိုင်း ပြန်လာခဲ့သည်။
ချောင်းဘေးတွင်။
ကျောက်ချောင်နှင့် အခြားသူများသည် နံနက်ပိုင်းကတည်းက စောင့်ဆိုင်းနေကြသည်။
သူတို့၏ ရရှိမှုမှာ အလွန်နည်းပါးသည် တောကြက်နှင့် ယုန်အချို့သာ ရခဲ့သည်။
လူငယ်တစ်ဦးက ကျားသစ်ကို ဖမ်းဆီးလာသည်ကို သူတို့ မအံ့ဩတော့ပေ။
"အန္တရာယ်တစ်ခုခုနဲ့ တွေ့ခဲ့သေးလား" ဟု ချန်ဆန်းရှီက မေးသည်။
"မတွေ့ခဲ့ပါဘူး"
ကျောက်ချောင်က ခေါင်းခါပြီး "ကျွန်တော်တို့ သုံးယောက်အတူတူ ရှိနေကြတယ် ဘာအန္တရာယ်မှ မကြုံခဲ့ဘူး"
"ဦးလေးကျောက် တောင်ပေါ်က မုဆိုးတွေပဲ ပျောက်ဆုံးနေတာ မဟုတ်ဘူးလား" ဟု ချန်ဆန်းရှီကက ဆက်လက်မေးသည်။
"မဟုတ်ပါဘူး"
ဝူဒါက ဖြတ်ပြောသည် "လူများစွာက မနေ့ညနေက အိမ်မှာ ရှိနေကြသေးပေမယ့် နောက်နေ့မနက်မှာ ပျောက်ကွယ်သွားကြတယ်။
"ကျေးလက်ဒေသတင် မဟုတ်ဘူး ခရိုင်မြို့မှာပါ ပျောက်ဆုံးမှုတွေ ရှိနေတယ် ဒါပေမဲ့ ကျေးလက်ဒေသလောက်တော့ မများဘူး"
'ငါ ထင်ယောင်ထင်မှား ဖြစ်နေတာလား'
ချန်ဆန်းရှီကဆေးဝါးချိုင့်ဝှမ်းဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး ဆက်မနေတော့ဘဲ အခြားသူများနှင့်အတူ တောင်အောက်သို့ ဆင်းလာခဲ့သည် သူ့စိတ်ထဲတွင် ထိုကိစ္စကို စဉ်းစားနေသည်။
'ဒီကိစ္စမှာ လျှို့ဝှက်ချက်တစ်ခုတော့ ရှိကိုရှိရမယ်'
'ဒါက မိစ္စာဂိုဏ်းရဲ့ လူသတ်ဝါဒနဲ့ သေချာပေါက် ရှင်းပြလို့မရဘူး'
သူ၏ အတွေးများသည် ခရမ်းရောင်မီးလျှံကို လောင်ကျွမ်းစေနိုင်သော မီးအိမ်ဆီ ဆီသို့ ရောက်သွားသည်။
ဒါက မီးအိမ်ဆီနဲ့ ဆက်စပ်နေသလား။
ဒီပြဿနာတွေဟာ နတ်ဘုရားရတနာပိုယန်မှာ ပေါ်လာကတည်းက စတင်ခဲ့တာပဲ။
ဒီလိုမဖြစ်ခင်က ပိုယန်ခရိုင်ဆိုတာ ငှက်တောင် အညစ်အကြေး မစွန့်ချင်တဲ့ နေရာ ဒီလိုမျိုး ကစဉ့်ကလျားတွေ ဘယ်ကလာမှာလဲ။
ဆက်စပ်မှုရှိဖို့ အလားအလာ နည်းနေရင်တောင် ချန်ဆန်းရှီက စုံစမ်းဖို့ ကြိုးစားကြည့်ဦးမှာပါ။
နတ်ဘုရားရတနာကို ပိုင်ဆိုင်ထားပေမယ့် အသုံးမပြုတတ်တာကလည်း စိတ်ပူစရာပဲ။