အခန်း (၄၉)
Vol. 5 Ch. 49
ခရိုင်မြို့
ချန်ဆန်းရှီခန့်မှန်းထားသလောက်ပင် ဖြစ်သည်။
ကျားသစ်၏ အတန်ဖိုးအရှိဆုံး အစိတ်အပိုင်းများမှာ သည်းခြေနှင့် နှလုံးတို့ဖြစ်ပြီးကျန်အစိတ်အပိုင်းများကို ရောင်းချသောအခါ စုစုပေါင်း ငွေ လေးဆယ့်ခြောက်တေးရရှိခဲ့သည်။
ကုန်ပစ္စည်းများ ကိစ္စပြီးစီးပြီးနောက် ညမရောက်မီ စစ်စခန်းသို့ အလျင်အမြန် ပြန်လာခဲ့သည်။
"ဒီလိုမျိုး ပြေးလွှားနေရတာ အချိန်အရမ်းကုန်တယ်
"ဘာပဲဖြစ်ဖြစ် သယ်ယူပို့ဆောင်ရေးအတွက် တစ်ခုခုတော့ လိုအပ်တယ်"
မကြာသေးမီက ချန်ဆန်းရှီသည် နေ့ရောညပါ ကျင့်ကြံနေရသဖြင့် မြှားပစ်လေ့ကျင့်မှုကို မလုပ်ဖြစ်သလောက်ပင်ဖြစ်ပြီး မြင်းဇောင်းသို့ တစ်ကြိမ်သာ သွားရောက်ခဲ့ဖူးသည်။
သူ စဉ်းစားပြီးနောက် အိမ်သို့မပြန်ဘဲ စစ်တပ်စခန်းသို့ သွားခဲ့သည်။
"ဟီဟီ—"
သူ မြင်းဇောင်းနားသို့ ချဉ်းကပ်လိုက်သည်နှင့် မြင်းဖြူသည် ဂနာမငြိမ်ဖြစ်ကာ ဟီလိုက်ပြီး ခြိမ်းခြောက်နေသကဲ့သို့ ခွာများကို ဆက်တိုက်နင်းချနေသည်။
ချန်ဆန်းရှီ၏ ဒေါသသည် ချက်ချင်း ထွက်ပေါ်လာသည်။
သူ တံခါးကို ဖွင့်လိုက်သည်နှင့် ဗိုင်ဟူမြင်းသည် အပြင်ဘက်သို့ အရူးအမူး ပြေးထွက်သွားသည်။
ချန်ဆန်းရှီကတစ်ချက်တည်းဖြင့် ကုန်းနှီးကို ဆွဲကိုင်ကာ မြင်းကျောပေါ်သို့ ခုန်တက်လိုက်ပြီး မြင်းကို ကြာပွတ်ဖြင့် တိုက်ရိုက် ရိုက်လိုက်သည်။
ကြာပွတ်ဒဏ်ကြောင့် နာကျင်သွားသော ဗိုင်ဟူမြင်းသည် ပို၍ပင် ပြင်းထန်စွာ ပြေးသွားပြီး မြင်းစီးသူကို ချွတ်ချရန် အစွမ်းကုန် ကြိုးပမ်းသည်။
ချန်ဆန်းရှီကမိမိကိုယ်ကို တည်ငြိမ်အောင် ထိန်းကာ ဇက်ကြိုးကို အသုံးပြု၍ သူညွှန်ကြားသည့် ဦးတည်ရာသို့ ပြေးစေရန် မြင်းကို အတင်းအကျပ် လုပ်ဆောင်သည်။
သူ၏ သွေးသန့်စင်ခြင်း အသေးစားအောင်မြင်မှု့အဆင့်ရှိ ချီစွမ်းအားကို မြင်းတစ်ကောင်က ခုခံနိုင်သည် မဟုတ်ပေ။
အစပိုင်းတွင် ဗိုင်ဟူမြင်းသည် ဆက်လက် ရုန်းကန်နေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပင်ပန်းနွမ်းနယ်လာခြင်း သို့မဟုတ် ခုခံခြင်းသည် အချည်းနှီးဖြစ်သည်ကို နားလည်လာခြင်းကြောင့် ဖြစ်နိုင်သည် ၎င်းကတဖြည်းဖြည်း နာခံလာခဲ့သည်။
နာရီဝက်ကြာပြီးနောက် ၎င်းသည် ခန္ဒာကိုယ်၏ အစိတ်အပိုင်းကဲ့သို့ပင် တုံ့ပြန်မှု မြန်ဆန်လာသည်။
ချန်ဆန်းရှီ၏ လက်ထဲတွင် ဇက်ကြိုးသည် စတီယာတိုင်ကို ကိုင်တွယ်
သကဲ့သို့ လွယ်ကူနေပြီး သူဆန္ဒရှိသည့်အတိုင်း ရွေ့လျားနိုင်သည်။
[ကျွမ်းကျင်မှု- မြင်းထိန်းချုပ်ခြင်း (အခြေခံအဆင့်)]
[တိုးတက်မှု- (0/200)]
[အသုံးဝင်မှု-ရတနာ မြင်းကသခင်ကို အသိအမှတ်ပြုခြင်း၊ စိတ်များ ပေါင်းစည်းခြင်း]
စနစ်က ၎င်းကို ရတနာမြင်းဟု ခေါ်ဆိုသည် ၎င်း၏မျိုးရိုးသည် အမှန်ပင် မဆိုးပေ အနည်းငယ်ခေါင်းမာသည်သာ။
စိတ်များ ပေါင်းစည်းခြင်းနှင့်ပတ်သက်၍ ၎င်းသည် ဖော်ပြ၍မရသော နက်နဲသည့် ခံစားချက်တစ်ခုဖြစ်သည်။
ချန်ဆန်းရှီ ဖော်ပြရမည်ဆိုလျှင် ၎င်းတို့အတူရှိနေသော အချိန်တိုအတွင်း၌ပင် ဗိုင်ဟူမြင်းသည် မိသားစုနှင့်အတူ နှစ်အစိတ်ရှိပြီဖြစ်သော ခွေးအိုကြီးကဲ့သို့ပင် ရင်းနှီးနေပြီး စိတ်တူကိုယ်တူရှိနေကာ တစ်ယောက်၏ ရည်ရွယ်ချက်ကို တစ်ယောက် အပြန်အလှန် နားလည်နိုင်သည်ဟု ခံစားရသည်။
၎င်းက အလွန်အရေးကြီးသည်။
စစ်မြေပြင်တွင် စစ်အရာရှိတစ်ဦးနှင့် သူ၏ စစ်မြင်းကြားက ဆက်ဆံရေးသည် အရင်းနှီးဆုံးသော အဖော်အပေါင်း ဖြစ်သည်။ ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုက တစ်ခါတစ်ရံ အသက်ကိုပင် ကယ်တင်နိုင်သည်။
သူက ဒါရှန်၏ စာအုပ်တစ်အုပ်တွင် ဘိုးဘေးကြီး ချောင်ရှီသည် မြင်းထိန်းကျေးကျွန်ဘဝမှ စစ်မြင်းငယ်တစ်ကောင်နှင့် သံယောဇဉ်ကြောင့် အသက်ဘေးမှ လွတ်ခဲ့ပြီး နောက်ပိုင်း ဒါရှန်မင်းဆက်ကို ထူထောင်နိုင်ခဲ့ကြောင်း ဖတ်မှတ်ဖူးသည်ကို သတိရလိုက်သည်။
ဗိုင်ဟူမြင်းကို ယဉ်ပါးအောင် လုပ်ဆောင်ပြီးနောက် ချန်ဆန်းရှီကအိမ်ပြန်ကာ အနားယူရန် စီစဉ်ခဲ့သည်။
မြင်းဇောင်းသို့ ပြန်ရောက်သောအခါ ဗိုင်ဟူမြင်းသည် တင်းကျပ်သော မြင်းဇောင်းတွင် နေလိုခြင်းမရှိကြောင်း ပြသသည့်အနေဖြင့် အလွန် ခုခံနေခဲ့သည်။
ချန်ဆန်းရှီက ဂရုမစိုက်တော့ပေ။
သူ၏အိမ်တွင် မြင်းထားရန် နေရာများစွာ ရှိသည်ဖြစ်ရာ မြင်းစာနှင့် ကျောက်ခွက်ကိုပါ အိမ်သို့ ပြန်ယူလာရန် ဆုံးဖြတ်ခဲ့သည်။
"ရှီအစ်ကိုက တော်တော် ခန့်ညားတာပဲ"
ဂူရှင်းလန်သည် သူမ၏လူ မြင်းစီးပြီး ဝင်းထဲသို့ ဝင်လာသည်ကို ကြည့်ကာ သူမ၏ ရင်ထဲတွင် လှုပ်ရှားသွားသည်ကို မထိန်းချုပ်နိုင်ဖြစ်ခဲ့သည်။
သူသည် ရာထူးငယ်လေးတစ်ဦးမျှသာ ဖြစ်သော်လည်း သူမ၏ မျက်လုံးထဲတွင် ရှီအစ်ကိုသည် ရိုးရာပုံပြင်များထဲက စစ်သူကြီးများကဲ့သို့ပိုတူသလိုဖြစ်လာသည်။
ဆာလောင်နေသော ချန်ဆန်းရှီက ညစာစားပြီးနောက် ကျားသစ်သည်းခြေကို စားသုံးကာ ဝင်းထဲတွင် သူ၏ လှံဖြင့် လေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
လှံက မိုးခြိမ်းသံကဲ့သို့ လေထဲတွင် တရွှီရွှီမြည်နေသော်လည်း အံ့ဩစရာကောင်းစွာပင် မြင်းသည် လုံးဝမကြောက်ပေ ၎င်းသည် သစ်ခွပင်အောက်တွင် ရပ်နေပြီး သူ့ကို ကြည့်နေကာ တစ်ခါတစ်ရံ မြင်းစာအချို့ကို ဝါးစားနေသည် ညနက်လာပြီး အလွန်အမင်း ပင်ပန်းနွမ်းနယ်သွားမှသာ မတ်တပ်ရပ်လျက်ပင် အိပ်ပျော်သွားခဲ့သည်။
လှံလေ့ကျင့်မှု ပြီးဆုံးပြီးနောက် အမလန်ကလည်း ချန်ဆန်းရှီအတွက် ရေချိုးရန်နှင့် အဝတ်အစားလဲရန် ပြင်ဆင်ပေးထားသည်။
"ရှင် ယူလာတဲ့ ကျားသားရေကို ပြုပြင်ပြီးပါပြီ"
ကူရှင်းလန်က ကျားသားရေဖျာကို ပြလိုက်သည် "အင်္ကျီချုပ်ပေးရမလား ဆောင်းရာသီမှာ နွေးမှာ သေချာတယ်။"
ချန်ဆန်းရှီကရေချိုးကန်ထဲတွင် မှီလျက်"ငါ့ကို ဝတ်ပြစမ်းပါဦး"
"အာ..."
ဂူရှင်းလန် တုံ့ပြန်မှုမပြုနိုင်မီ ထိုလူက ထပ်ပြောသည် "ငါဆိုလိုတာက အဲဒီအဝတ်အစားပဲ ဝတ်ပြီး တခြားဘာမှ မဝတ်နဲ့လို့"
"ရှီအစ်ကို..."
ဂူရှင်းလန်၏ ပါးပြင်များသည် လည်ပင်းအထိ နီရဲသွားသည်"ရှင် ဘယ်သူတွေဆီက သင်ယူနေတာလဲ ရှင့်ရဲ့ လှည့်ကွက်တွေက ပိုများလာတယ်"
ဘယ်သူက လူတစ်ယောက်ကို ကျားမပုံစံ ဝတ်ခိုင်းလို့လဲ။
နောက်တစ်နေ့
နှင်းဖွေးဖွေးများက နံနက်ခင်းကို နူးညံ့စေပြီး မြင်းခွာသံများ ကြားနေရသည်။
ချန်ဆန်းရှီကဗိုင်ဟူမြင်းကို စီးကာ စစ်စခန်းသို့ အမည်စာရင်းပေးရန် သွားခဲ့သည်။
လေ့ကျင့်မှု ပြီးဆုံးပြီးနောက် သူသည် ဝမ်ကျီ၏ တဲသို့ လာရောက်ပြီး ပိုယန်တွင် မိစ္စာဂိုဏ်းများ ရှိနေနိုင်သည့် အခြေအနေကို သတင်းပို့ကာ စုံစမ်းစစ်ဆေးရန် တစ်စုံတစ်ယောက်ကို စေလွှတ်ရန် ရာစုမှူးများကို အကြောင်းကြားပေးဖို့ တောင်ဆိုခဲ့သည်။
ထို့နောက် တောင်များဆီသို့ ပြန်သွားရန် ပြင်ဆင်ရင်း တစ်ရက်တာ အနားယူရန် ခွင့်တောင်းခဲ့သည်။
သူ သမင်ဖြူကို ဖမ်းဆီးရန် ဆုံးဖြတ်ထားသည်။
လေးကြီးတစ်လက်ကို အရေးပေါ် လိုအပ်နေသည်ကို မပြောနှင့်ဦး သမင်ဖြူကိုယ်တိုင်ကလည်း အားဖြည့်ပေးနိုင်သော အစားအစာဖြစ်ပြီး ကျားနှလုံးထက်ပင် ကျင့်ကြံမှုအရှိန်ကို ပိုမိုမြန်ဆန်စေသည်။
ငါးစာအတွက် ငွေ ငါးဆယ်တေး သုံးစွဲရဦးမည်ဆိုလျှင်ပင် ကြိုးစားကြည့်သင့်သည်။
ခွင့်တောင်းပြီးနောက် ချန်ဆန်းရှီ တဲထဲမှ မထွက်ခွာသေးမီ သူ၏ လက်အောက်ငယ်သား ဝမ်လီက သူ့ထံ ချဉ်းကပ်လာခဲ့သည်။
"ဆရာ"
ဝမ်လီက "တင်ယွမ်သိုင်းပညာခန်းမက လူတစ်ဦး ခင်ဗျားကို တွေ့ချင်နေပါတယ်"
"လျိုမိသားစုကလား"
ချန်ဆန်းရှီကခေတ္တမျှ ချီတုံချတုံဖြစ်ပြီး "သူ့ကို ဝင်ခိုင်းလိုက်"
တွေ့ဆုံမည်ဆိုလျှင် စစ်စခန်းတွင်သာ တွေ့ဆုံရမည်။
မကြာမီ ဝမ်လီက ဧည့်သည်ကို ခေါ်လာသော်လည်း ၎င်းမှာ လျိုကျန်းကိုယ်တိုင် မဟုတ်ဘဲ တင်ယွမ်သိုင်းပညာကျောင်းမှ တပည့်တစ်ဦးဖြစ်သည်။
"ချန်ဆန်းရှီ"
ထိုတပည့်က ဦးစွာ လက်သီးစုပ်နုတ်ဆက်ပြီးနောက် သူ့ရဲ့ရင်ဘတ်မှ နူးညံ့သိမ်မွေ့သော စန္ဒကူးသေတ္တာ တစ်ခုကို ထုတ်ယူလိုက်သည်"ကျွန်တော့်
သခင်က ခင်ဗျား ဒီရက်ပိုင်း သမင်ဖြူလိုက်နေတာကို သိပါတယ် ဆေးဝါးချိုင့်ဝှမ်းက သက်တမ်းအနှစ်တစ်ရာရှိတဲ့ မှိုနဂါးကို အထူးရွေးချယ်ပေးလိုက်တာပါ။
"ပြီးတော့ ကျွန်တော့်သခင်မှာ ခင်ဗျားအတွက် စကားတစ်ခွန်းပြော ပေးစရာရှိပါတယ်။
"ချန်းဆန်းရှီနဲ့ အရင်က နားလည်မှုလွဲမှားမှု ရှိခဲ့တာကို ဒီလက်ဆောင်ကို လက်ခံပြီး ရန်ငြိုးကို မိတ်ဆွေအဖြစ် ပြောင်းလဲလိုက်ဖို့ မျှော်လင့်ပါတယ် နောင်အခါ အကူအညီလိုအပ်ရင် ကျွန်တော့်သခင်က သေချာပေါက် အပြည့်အဝ ထောက်ခံပေးပါလိမ့်မယ်"
ချန်ဆန်းရှီကတစ်ဖက်လူ၏ ရည်ရွယ်ချက်ကို စဉ်းစားခဲ့သည်။
လျိုမိသားစုက သူ့ကို ကြောက်ရွံ့နေကြတာလား။
မဖြစ်နိုင်ဟု ထင်ရသည်။
ဒေသခံ လူရမ်းကား ချင်ရှုံးသည် လေးကိုမြင်သောအခါ ကြောက်ရွံ့ခဲ့ဖူးသည်မှာ နားလည်နိုင်သည်။
သို့သော် လျိုကျန်းသည် အရိုးဖွဲ့စည်းမှု့အဆင့်ဖြစ်ပြီး မိစ္စာဂိုဏ်းသားနှင့်ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့သူဖြစ်သည်။
သာမန်သွေးသန့်စင်ခြင်းအဆင့်ကသူ့ကို အဘယ်ကြောင့် တောင်းပန်ရန် လိုအပ်သနည်း။
ဒီလူကို အထင်မသေးသင့်ဘူး
ချန်ဆန်းရှီကသတိထားမိသည်။
သူက အစပိုင်းတွင် ထိုမှိုနဂါးကို ငြင်းဆန်ရန် ရည်ရွယ်ခဲ့သော်လည်း ရာအိမ်မှူးဝမ်၏ မျက်လုံးများ အရောင်တောက်နေသည်ကို မြင်သောအခါ သူ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်သည် "ဒီပစ္စည်းကို ကျွန်တော် လက်ခံပါတယ် လျိုဆရာကြီးကို ကျွန်တော့်အတွက်ကျေးဇူးစကား ပြောပေးပါ"
ဝမ်ကျီတွင် သင်ယူသင့်သော အရည်အချင်းများ ရှိသည်။
ထိုသို့သောသူများနှင့် ဆက်ဆံရာတွင် ဖြောင့်မတ်မှန်ကန်ကြောင်း ပြောရန် မလိုအပ်ပေ။
သကြားလူးထားသော ကျည်ဆန်များ။
တစ်ခါတစ်ရံတွင် သကြားကို မြိုချပြီး ကျည်ဆန်များကို ပြန်ထွေးထုတ်ရမည်။
ပြည့်စုံသွားပြီ။
ငါးစာအတွက် ငွေ ငါးဆယ်တေး သုံးစွဲရခြင်းသည် ဖြုန်းတီးရာကျသည်။ အားဖြည့်ဆေးများ ဝယ်ယူပြီး ကျင့်ကြံမှုကို မြှင့်တင်ခြင်းက ပိုကောင်းသည်။
"လက်ခံတာ ကောင်းပါတယ်"
ထိုသိုင်းပညာခန်းမ မှတပည့်က သက်ပြင်းချလိုက်သည် "ဒီကိုမလာခင် ကျွန်တော့်သခင်က ချန်ဆန်းရှီက လက်ဆောင်ကို မယူရင် ကျွန်တော် ပြန်လာစရာမလိုဘူးလို့ အမိန့်ပေးထားပါတယ်"
"ငါ့အတွက်ကော"
ဝမ်ကျီသည် အကြာကြီး ထိန်းထားပြီးမှ ပြောလိုက်သည်"ငါနဲ့ မင်းသခင်ကရင်းနှီးတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေပါ သူ ငါ့အတွက် ဘာမှ မပေးလိုက်ဘူးလား"
"ရာစုမှူးဝမ်ဒါက... ဒါက..."
ထိုသိုင်းပညာခန်းမ မှတပည့်က အထစ်ထစ်အငေါ့ငေါ့ဖြစ်စွာ ချောင်းဆိုးလိုက်ပြီး "ကျွန်တော် သတင်းပြန်ပို့ရဦးမယ် အရင်သွားခွင့်ပြုပါဦး" ဟု ဆိုသည်။
ထိုသို့ပြောပြီးနောက် နောက်သို့ လှည့်မကြည့်ဘဲ အလျင်အမြန် ထွက်ခွာသွားတော့သည်။
"ချီး"
ဝမ်ကျီက ကျိန်ဆဲလိုက်သည် "လျိုမိသားစုက တကယ်ပဲ အခွင့်အရေးသမားတွေပဲ မင်း မကြာခင် တပ်စခန်းရှစ်ခုထဲ ဝင်ပြီး ဘုရင်ခံအိမ်တော်ကို ရွေးချယ်ခံရတော့မယ်ဆိုတာ သိလို့ မင်းနဲ့ ခင်မင်ရင်းနှီးချင်နေတာ
"ဒါပေမဲ့..."
သူက အလေးအနက်ထား ပြောသည် "မင်း ပိုပြီး ကြိုးစားရမယ် သူတို့ မင်းကို အခု ဘယ်လောက် လေးစားလဲ နောင်အခါ မင်း ရွေးချယ်ခံရတဲ့နေရာမှာ မအောင်မြင်ရင် မင်း ရင်ဆိုင်ရမယ့် ပြန်လည်တိုက်ခိုက်မှုက အဲဒီလောက် ကြီးမားလိမ့်မယ်"
ချန်ဆန်းရှီကဤနိယာမကို ရှင်းရှင်းလင်းလင်း နားလည်သည်။
ထိုအရာက သူအချိန်ကို တန်ဖိုးထားဖို့ ပိုအရေးကြီးကြောင်း ပြသနေသည်။
သူ့ရဲ့လက်နက်ကို ယူဆောင်ပြီး ဗိုင်ဟူမြင်းကို စီးကာ စစ်စခန်းမှ ထွက်ခွာခဲ့ပြီး ကျားခေါင်းတောင်သို့ တည့်တည့်သွားလိုက်သည်။
'မှိုနဂါးရတနာရှိနေပြီဆိုတော့'
'သမင်ဖြူကို ရှာတွေ့နိုင်ခြေက များစွာ တိုးလာသင့်တယ်'