အခန်း (၅၁)
Vol. 5 Ch. 51
ချောင်းဘေးသို့ ပြန်ရောက်သောအခါ
ကျွဲကောင်တစ်ကောင်ကို မတင်နေကြသော ကျောက်ချောင်နှင့် အခြားသူအချို့ကို တွေ့လိုက်ရသည်။ ယနေ့ သူတို့အမဲလိုက်တာလည်း အဆင်ပြေပုံရသည်။
"အစ်ကိုချန်လည်း ကျွဲတစ်ကောင် ရခဲ့တာပဲ"
ကျွမ်းယိက လှမ်း၍ လက်ပြနှုတ်ဆက်သည်။
"အဲ့ဒါ သမင် ပြီးတော့ ထူးဆန်းတဲ့သားရဲ အမျိုးအစားဟ"
ကျောက်ချောင်က ပြင်ပေးလိုက်သည်။
"အမယ်လေးဗျာ"
ဝူဒါက လည်ပင်းကို ဆန့်ကာ ကြည့်ပြီး "အဲ့ဒါဆိုရင် ငွေ ဘယ်လောက်လောက် ရမလဲ"
"ဒီကျွဲလေးနဲ့ပဲ ကျေနပ်ကြပါကွ"
ကျောက်ချောင်ကမူ အတော်လေး ကျေနပ်နေသည်။
အဖွဲ့သားအားလုံး တောင်ပေါ်မှ ဆင်းလာကြပြီး
စားသောက်ဆိုင်သို့ ရောက်သောအခါ ချန်ဆန်းရှီကို သီးသန့်အခန်းတစ်ခန်းသို့ ဖိတ်ခေါ်ပြီး ပိုက်ဆံရှင်းရန် အေးအေးဆေးဆေး စီစဉ်ပေးကြသည်။
သမင်သွေးများက ကြာကြာထားရန် အဆင်မပြေသောကြောင့် ငါးကီလိုဂရမ်ခန့်ကိုသာချန်ထားခဲ့သည်။
သမင် ဦးချို၏ အကောင်းဆုံးအပိုင်းများကို ယူလိုက်ပြီး
သမင် နှလုံးသည်လည်းတစ်လုံးတည်းသာ ရှိတဲ့အတွက် ၎င်းကိုလည်း ယူခဲ့လိုက်သည်။
တိရစ္ဆာန် အမျိုးအစားအလိုက် အဖိုးတန်သော အစိတ်အပိုင်းများ မတူညီကြပေ။ ဥပမာ- သမင်ဖြူ၏ သည်းခြေသည် တန်ဖိုး သိပ်မရှိဘဲ ထိုကဲ့သို့သော အတွင်းကလီစာများကို အကုန်ရောင်းချလိုက်သည်။
အရွတ်များကိုလည်း သိမ်းထားလိုက်သည်။
ပြီးတော့ သမင်သားဖြစ်သည်။
ထူးဆန်းတဲ့သားရဲ၏ အသားသည် ကြာရှည်စွာ ထားပါက ၎င်း၏ အာနိသင်များ သိသိသာသာ လျော့ကျသွားမည် ဖြစ်သည်။
ချန်ဆန်းရှီကကိုယ်တိုင်အတွက် အသား ကီလိုတစ်ရာခန့် သိမ်းထားခဲ့သည်။
နောက်ဆုံးတွင် ရောင်းချသင့်သည်များကို ရောင်းချပြီး စာရင်းအရ ငွေသား နှစ်ရာ့ရှစ်ဆယ်တေးရရှိခဲ့သည်။
ထို့အပြင် လျိုကျန်းပို့ပေးသော တန်ဖိုးကြီးပစ္စည်းက ရောင်းရသည့် ငွေ ခြောက်ဆယ်တေးပါ ထည့်ပေါင်းလိုက်သောအခါဤငွေပမာဏသည် သာမန်လူတစ်ယောက်အတွက် ခရိုင်မြို့တွင် ချမ်းချမ်းသာသာ နေထိုင်နိုင်လောက်ပြီ ဖြစ်သည်။
သို့သော်လည်း သိုင်းပညာ လေ့ကျင့်သူများအတွက်မူ ၎င်းသည် တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းရန်အတွက် လိုအပ်သော အရင်းအမြစ် သက်သက်သာ ဖြစ်သည်။
ငွေသား သုံးရာကျော် ကို ထုပ်ပိုးရန်အတွက်ပင် အတော်လေး စုစည်း ထုပ်ပိုးယူရသည်။
လေးလံသော ငွေထုပ်ကို သယ်ဆောင်လာသည့် ချန်ဆန်းရှီက ဗိုင်ဟူမြင်းကို စီးလျက် စစ်တပ်၏ လက်နက်တိုက်သို့ သွားခဲ့သည်။
"ဒီအရွတ်က"
နူကိုင်က သမင်ဖြူအရွတ်များကို ကိုင်ကာ ညင်သာစွာ ဆွဲကြည့်လိုက်ပြီး "မင်း သမင်ဖြူ အရွတ်ကို တကယ်ရအောင် ယူလာနိုင်ခဲ့တာပဲလား။
ကောင်းတယ် မင်းအတွက် ဆယ်ပိသာအလေးချိန်ကျော်တဲ့ လေးကို သေချာပေါက် လုပ်ပေးမယ် ရက်သုံးဆယ်ကြာမှ ပြန်လာခဲ့"
ပြုလုပ်ရန် ညွှန်ကြားချက် ပေးပြီးနောက် ချန်ဆန်းရှီက မိစ္စာဂိုဏ်း အကြောင်း စုံစမ်းမေးမြန်းရန်ဝမ်ကျီဆီသို့သွားလိုက်သည်။
"ပြောရမယ်ဆိုရင်"
ဝမ်ကျီက မြေပဲ ဝါးရင်း "ထောင်စုမှူး ရှန်က လော်တုန်ချွမ်ကို စုံစမ်းစစ်ဆေးမှု ဆက်လုပ်ဖို့ အမိန့်ပေးခဲ့တယ် ခရိုင်ဝန်အသစ်နဲ့ ရွေးချယ်ရေး အရာရှိ မရောက်ခင်မှာ ဒီကိစ္စကို ရှင်းလင်းထားရမယ်တဲ့"
"ရွေးချယ်ရေး အရာရှိလား"
"သူတို့က နွေဦးရာသီ မှ လာရမှာ မဟုတ်ဘူးလား"
"အကြောင်းရင်းတော့ မသိဘူး ဒါပေမဲ့ ဒီနှစ်တော့ အစောကြီး ရွှေ့လိုက်တယ်"
ဝမ်ကျီကမျက်လုံးမှေးလိုက်ပြီး "ငါထင်တာ မင်းတို့အတွက် မဟုတ်ဘဲ အကြီးစား ရှင်းလင်းရေး လုပ်ဖို့ လာတာ ဖြစ်နိုင်တယ်"
"ရှင်းလင်းရေးလား"
ချန်ဆန်းရှီက "ဘုရင့်ကိုယ်စား လှည့်လည်စစ်ဆေးတဲ့ ဘုရင့်ကိုယ်စားလှယ် လာသလိုမျိုးလား"
"ဟုတ်တယ်"
ဝမ်ကျီ ခေါင်းညိတ်သည် "နှစ်စဉ်နှစ်တိုင်း ရွေးချယ်ရေး အရာရှိတွေကမိုင်ထောင်ချီ ခရီးသွားပြီး ခရိုင်နဲ့ စီရင်စုတွေဆီ သွားကြတယ် လူတွေရွေးဖို့တင် မဟုတ်ဘူး ပိုအရေးကြီးတာက စစ်တပ်စည်းကမ်းကို တင်းတင်းကျပ်ကျပ် လုပ်ဖို့နဲ့ ပြုပြင်လို့မရတော့တဲ့သူ အချို့ကို ကွပ်မျက်ဖို့ပဲ"
"မနှစ်ကဆိုရင် ကပ်လျက်တပ်နယ်က ထောင်စုမှူးတစ်ယောက်က လာဘ်ယူပြီး ရွေးချယ်ခံရမယ့် အရည်အချင်းရှိတဲ့သူကို တိတ်တဆိတ် အစားထိုးလဲလှယ်ခဲ့လို့ အကြောင်းပေါ်လာတဲ့အခါ လျန်ကျိုးကို သွားပြီး အသက်
စွန့်တပ်ဖွဲ့ မှာ တိုက်ရိုက်ပို့ခံလိုက်ရတယ်"
"အဲ့လိုမျိုး ထောင်စုမှူး တွေကိုဖော်ထုတ်တွေ့ရှိရင် ချက်ချင်း ကွပ်မျက်ခံရသူတွေလည်း ရှိတယ်"
"ဒါကြောင့်ပဲ သူတို့က ဘုရင်ခံအိမ်တော်ကို ဘာလို့ ကြောက်ရတယ် သိုင်းပညာခန်းမက လူတွေက မင်းကို ဘာလို့ မထိရဲကြတာလဲလို့ မင်း ထင်လဲ"
"ဘာလို့ ငါ့ကို အဲ့လို ကြည့်နေတာလဲ"
ချန်ဆန်းရှီကမထီမဲ့မြင် ပြောလိုက်သည် "မင်းကို စိုးရိမ်လို့ပေါ့"
"ငါ့ကို စိုးရိမ်လို့"
ဝမ်ကျီက ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို စဉ်းစားပြီး ရုတ်တရက် သဘောပေါက်သွားသည် "မင်းက ငါ့ကိုလည်း ပြုပြင်လို့ မရတော့တဲ့သူ လို့ ထင်နေတာလား"
"ငါက မင်းမျက်လုံးထဲမှာ အဲ့လောက်တောင် ဂုဏ်သိက္ခာမဲ့နေတာလား"
သူကခုခံပြောဆိုလိုက်သည် "ငါ စုဆောင်းထားတဲ့ ငွေတွေမှာ သူ့နေရာနဲ့သူ သုံးစွဲစရာတွေ ရှိတယ်"
"ရွေးချယ်ရေး အရာရှိ ရောက်လာတဲ့အခါ မင်း အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့"
"သူတို့ ဘယ်တော့လာမှာလဲ" ဟု ချန်ဆန်းရှီက မေးလိုက်သည်။
"အတိအကျတော့ မသိဘူး ဒါပေမဲ့ နှင်းမကျခင်မှာတော့ သေချာပေါက် လာလိမ့်မယ်" ဟု ဝမ်ကျီက ပြန်ဖြေသည်။
ထိုသို့ဆိုလျှင် ရွေးချယ်ရေး အရာရှိသည် နွေဦး စစ်မှုထမ်းစုဆောင်းရေးတွင်လည်း ပါဝင်မှာ မဟုတ်ဘူးလား။
ချန်ဆန်းရှီကဘုရင်ခံအိမ်တော်၏ ဤကိစ္စအပေါ် သဘောထားကို စုံစမ်းမေးမြန်းခဲ့သည်။
"ငါထင်တာတော့ ဘုရင်ခံအိမ်တော်က သဘောမတူလောက်ဘူး" ဟု ချန်ဆန်းရှီက ပြောသည်။
ရာစုမှူး ဝမ်ကသတင်းအချက်အလက် ကောင်းကောင်း ရထားသည်"ဒါပေမဲ့ ဒီကိစ္စကို စစ်ဘက်ဝန်ကြီးဌာန က အတည်ပြုထားတာ။ ပြီးတော့ စစ်ဘက်ဝန်ကြီးဌာန အထက်မှာ ဘယ်သူရှိတယ်ဆိုတာ မင်းသိတယ် မဟုတ်လား။ ရွေးချယ်ရေး အရာရှိ စောလာတာဟာ သူတို့ တားဆီးနိုင်မလားဆိုတာ ကြည့်ဖို့လို့ ငါ သံသယရှိတယ်"
စစ်ဘက်ဝန်ကြီးဌာန အထက်မှာ ရှိသည်မှာ သဘာဝအားဖြင့် ဧကရာဇ်မင်းနှင့် အိမ်ရှေ့စံဖြစ်သည်။
"အဲ့ဒီ ရှန်ထင်ချွန် ကတော့ တော်တော် ဆိုးတာပဲ"
ရာစုမှူး ဝမ်က စားပွဲပေါ် လက်ချောင်းများဖြင့် ခေါက်လျက် "သူက ဒီအခွင့်အရေးကို သုံးပြီး အိမ်ရှေ့စံရဲ့လက်အောက်ခံ အင်အားစုတွေနဲ့ ပူးပေါင်းချင်နေတာ ငါတို့ ညီအစ်ကိုတွေကို လှေကားထစ်လို အသုံးချပြီးပေါ့"
'အိမ်ရှေ့စံလား'
ရှန်ထင်ချွန်ကအိမ်ရှေ့စံအဖွဲ့နဲ့ပေါင်းချင်နေတာလား?
လုံချင်၏ သုံးဆယ်မြောက်နှစ်မှ စ၍ ဧကရာဇ်မင်းသည် တာအိုဝါဒကို စတင် ကျင့်သုံးပြီးနိုင်ငံတော်ကို အိမ်ရှေ့စံအား လွှဲပြောင်း အုပ်ချုပ်စေခဲ့သည်။
ယခု လုံချင်၏ ခုနစ်ဆယ်နှစ်မြောက်တွင် အိမ်ရှေ့စံသည် နှစ်ပေါင်း လေးဆယ် အုပ်ချုပ်ပြီး ဖြစ်သည်။
ယခု ဧကရာဇ်မင်း၏ တိတ်တဆိတ် သဘောတူညီမှုနှင့် စစ်ဘက်
ဝန်ကြီးဌာန၏ ထောက်ခံမှုဖြင့် အိမ်ရှေ့စံသည် နယ်စပ်မှ စစ်အရာရှိများကို ရွေးချယ်ကာ သူ၏ ကိုယ်ကျိုးစီးပွားအတွက် လူများ စုဆောင်းနေခြင်းသည် ဘုရင်ခံအိမ်တော်ကို ပစ်မှတ်ထားနေခြင်း ဖြစ်ကြောင်း ရှင်းလင်းနေသည်။
"စိတ်မပူပါနဲ့ ဒီလိုမျိုး ဖြစ်တာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူး"
ရာစုမှူး ဝမ်က သူ၏ အတွေးများကို မြင်နိုင်သည် "လုံချင်ရဲ့ ငါးဆယ့်ခုနစ်နှစ်မြောက်နှစ်မှာ ဧကရာဇ်မင်းက အသရေဖျက်စကားတွေကို ယုံပြီး ဘုရင်ခံကို နန်းတွင်းထောင်မှာ ချုပ်ထားခဲ့ဖူးတယ် အဲဒီတုန်းက ဘာဖြစ်ခဲ့လဲဆိုတော့"
"အဲ့ဒီ နွေရာသီမှာပဲ ပြင်ပရန်သူက တောင်ဘက်ကို တိုက်ခိုက်ပြီး ဘုရင်ခံ မရှိတော့တစ်လအတွင်း မြို့ခုနစ်မြို့ ကျသွားတယ်"
"ငါတို့ တပ်စခန်းရှစ်ခု တောင်... အကြီးအကျယ် ရှုံးနိမ့်ပြီး လိပ်နက်တပ်
စခန်းတစ်ခုလုံး ပျက်စီးသွားတယ်"
ချန်ဆန်းရှီက"သူ့ကို ဘုရင်ခံအဖြစ် ပြန်မခန့်ခဲ့ဘူးလား ခြောက်လအတွင်း ဆိုးရွားတဲ့ အခြေအနေကို ပြန်မတိုက်ခဲ့ဘူးလား"
"သုံးနှစ်အကြာမှာလည်း လူရိုင်းမျိုးနွယ်စုတွေက ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း ကြီးကြပ်ရေးမှုးဆွန်ကပဲ ကြီးကြပ်ပြီး အဲ့ဒီ လူရိုင်းမျိုးနွယ်စုတွေကို ဒီနေ့အထိ ထိန်းထားနိုင်ခဲ့တာ"
"ဒါကြောင့် သူတို့ လှုပ်ရှားချင်ရင် လှုပ်ရှားပါစေ ဒါရှန် မင်းဆက် မှာ ဘယ်သူ့ကိုမဆို အစားထိုးနိုင်ပေမယ့် ကြီးကြပ်ရေးမှုးဆွန် ကိုတော့ အစားထိုးလို့ မရဘူး" ဟု ရာစုမှူး ဝမ်က အောင်ပွဲခံသည့်ဟန်ဖြင့် နိဂုံးချုပ်လိုက်သည်။
ချန်ဆန်းရှီကဤကိစ္စရပ်များအကြောင်း သိပ်မသိပေ။
တကယ်လို့သာ မှန်ခဲ့ရင် ဒီ ကြီးကြပ်ရေးမှုးဆွန်က အမှန်တကယ်ပဲ အစွမ်းထက်သူ ဖြစ်နိုင်သည်။
သို့သော်လည်း သူ အစွမ်းထက်လေ ဧကရာဇ်မင်းက သူ့ကို ပိုကြောက်လေ ဘဲ။
"နောက်ပြီး အရေးအကြီးဆုံး အချက်တစ်ချက် ရှိသေးတယ်"
ရာစုမှူး ဝမ်ကအသက်ပြင်းပြင်း ရှူလိုက်ပြီး လေးနက်စွာ ပြောလိုက်တယ် "မင်းက သိုင်းပညာကို စွဲလမ်းနေတဲ့သူဆိုတော့ ကမ္ဘာ့ နံပါတ်တစ် လှံပညာကို ပိုင်ဆိုင်တဲ့လူက ဘယ်သူလဲဆိုတာ မင်း သိလား"
"ကြီးကြပ်ရေးမှုးဆွန်လား"
ချန်ဆန်းရှီက ခန့်မှန်းစရာပင် မလိုပါ။
"မှန်တယ်"
ရာစုမှူး ဝမ်က"လှံပညာရဲ့ အထွတ်အထိပ်ကို ရောက်ချင်တယ်ဆိုရင် ကြီးကြပ်ရေးမှုးဆွန်ထက် ပိုကောင်းတဲ့ ဆရာ မရှိဘူး တချို့ လူယုတ်မာတွေရဲ့ ပယောဂကြောင့် တပ်စခန်းရှစ်ခု ကို သွားဖို့ မင်းရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းမပစ်လိုက်နဲ့"
"ကျွန်တော် စိတ်ပြောင်းဖို့ အစီအစဉ် မရှိပါဘူး"
အန္တရာယ်တွေကို သိထားသော်လည်း ချန်ဆန်းရှီကသွားဖို့ဆုံးဖြတ်ထားသည်
"ဒါနဲ့ ရာစုမှူးဝမ်အရင်က တပ်စခန်းရှစ်ခု ကလား"
ချန်ဆန်းရှီကသူ့နဲ့ တဖြည်းဖြည်း ရင်းနှီးလာသည်နှင့်အမျှ ကွဲပြားသော အကြောင်းအရာများကို စကားစမြည် ပြောနိုင်လာသည် "ဘယ်တပ်စခန်းကလဲ ပြီးတော့ ဘာရာထူးလဲ"
"ငါက..."
ရာစုမှူး ဝမ်ကပြောဆိုရင်းမှ စကားလုံးများကို ပြန်မျိုချလိုက်ပြီး ရယ်မောလိုက်ကာ "မေ့သွားပြီ နှစ်တွေ အများကြီး ရှိပြီပဲ ဘယ်သူ မှတ်မိတော့မလဲ"
သူသည် ထိုအကြောင်းကို ပြောချင်ပုံ မရပေ။
ချန်ဆန်းရှီက ထပ်မမေးတော့ပါ။
ပျောက်ဆုံးနေတဲ့လူတွေ သတင်းသိရလျှင် သူ့ကို အသိပေးရန် ထပ်မံ ပြောကြားခဲ့ပြီးနောက် သူ့ရဲ့ကိုယ်ပိုင်ကိစ္စများကို လုပ်ဆောင်ရန် ထွက်ခွာသွားလိုက်သည်။
အိမ်သို့ ပြန်ရောက်လာပြီးနောက်
ချက်ပြုတ်ထားသော သမင်နှလုံးကို စားလိုက်သည်။
ဝက်ဝံနှလုံး သို့မဟုတ် ကျားနှလုံး တို့နှင့် လုံးဝ မတူညီသော ခံစားချက်တစ်ခုကသူ၏ ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားသည်။
"သွေးဖြစ်ပေါ်ခြင်း" ဖြစ်ပြီးနောက်ပိုင်း ချန်ဆန်းရှီ လှံပညာ လေ့ကျင့်
တိုင်း နာကျင်မှု့က နှစ်ဆ ပိုပြင်းထန်လာသည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် သွေးမဟုတ်ဘဲ မီးလျှံများ စီးဆင်းနေသကဲ့သို့ အဆက်မပြတ် လောင်ကျွမ်းနေသည်။
သို့သော် သမင်နှလုံးကို စားပြီးနောက်တွင် လန်းဆန်းသော အေးမြမှု အမျှင်အမျှင်က သူ၏ အစာအိမ်မှ ခြေလက်အင်္ဂါများနှင့် အရိုးများအထိ အဆက်မပြတ် စီးဆင်းလာပြီး ပျက်စီးနေသော ခန္ဓာကိုယ်ကို ပြန်လည် ကု
သပေးနေသည်။
ထို့ကြောင့် ချန်ဆန်းရှီကလေ့ကျင့်မှုတိုင်းတွင် ပို၍ စိတ်အားထက်သန်လာပြီး အနားယူရန်ပင် မလိုအပ်တော့ပေ။
သူ၏ ကျွမ်းကျင်မှုသည်လည်း လျင်မြန်စွာ တိုးတက်လာသည်။
သမင်နှလုံးကငွေ နှစ်ရာတေး တန်ဖိုးရှိသည်မှာ အံ့ဩစရာ မဟုတ်ပေ။ ၎င်း၏ အာနိသင်သည် သားရဲကြမ်းများ၏ နှလုံးထက် အဆပေါင်းများစွာ ပိုကောင်းပြီး ကျင့်ကြံမှုအတွက်သာမက ကျန်းမာရေး ထိန်းသိမ်းရန်အတွက်ပါ အလွန်ကောင်းမွန်ပုံရသည်။
"ဆက်လေ့ကျင့်မယ်"
သူက သန်းခေါင်ယံ အချိန်သို့ ရောက်နေပြီဖြစ်ကြောင်းပင် မသိတော့ပေ။
အိမ်ထဲတွင်
အစ်မလန်က သူမ အသစ်ချုပ်ထားသော ဘဲနှစ်ကောင်ပုံစံ အင်္ကျီကို ဝတ်ဆင်ထားပြီး အိပ်ရာဘေးတွင် တိတ်ဆိတ်စွာ ထိုင်လျက် စောင့်နေသည်။
ပုံမှန်အတိုင်းဆိုလျှင် လူငယ်လေးသည် သားရဲနှလုံးစားသုံးပြီးတိုင်း ပူပင်သောကများသော ညတစ်ည ဆက်ဖြစ်လေ့ရှိသည်။ သူမသည် ထိုအခြေအနေကို ကျင့်သားရနေပြီ ဖြစ်သည်။
ဒီနေ့ ဘာလို့ ပုံမှန်နဲ့ မတူတာလဲ?
သူမက ညဉ့်နက်သည်အထိ စောင့်နေသော်လည်းရောက်မလာသေးပေနောက်ဆုံးတော့မျက်လုံးများ ဖွင့်မထားနိုင်တော့ဘဲ နက်ရှိုင်းစွာ အိပ်ပျော်သွားလေတော့သည်။