အခန်း (၅၂)
Vol. 5 Ch. 52
အချိန်သည် စီးဆင်းနေသော မြစ်တစ်စင်းနှယ် ခဏမျှပင်မရပ်တန့်ဘဲ ရှေ့သို့ စီးဆင်းနေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ရက်ပေါင်း နှစ်ဆယ် ကုန်လွန်ခဲ့လေပြီ။
မြောက်ပိုင်း နယ်မြေ၏ ရာသီဥတုသည် ပိုမို အေးစက်လာခဲ့သည်။
ကံကောင်းစွာဖြင့် လစာတိုးမြှင့်မှု ရရှိပြီးနောက် ပိုယန်ခရိုင်တပ်မှ စစ်သားများသည် ငွေကြေး ပိုမိုရရှိလာကာ အအေးဒဏ်ကို ခံစရာ မလိုတော့ပေ။
သိုင်းလေ့ကျင့်ကွင်း၌
ချန်ဆန်းရှီက ဖန်ကျုံးချီ နှင့် လက်ရည်ယှဥ်ကာ လေ့ကျင့်နေသည်။
ကိုယ့်ထက်အဆင့် တစ်ဆင့် မြင့်သောသူနှင့် ယှဉ်ပြိုင်
လေ့ကျင့်မှသာ အာနိသင် အကောင်းဆုံး ရရှိနိုင်သည်။
အစပိုင်းတွင် အပြည့်အဝ ယုံကြည်ချက်ရှိခဲ့သည့် ဖန်ကျုံးချီသည် ငါးကြိမ်ပင် မပြည့်မီ မျက်နှာအမူအရာမှာ သိသိသာသာ ဆိုးရွားလာသည်။
ဤသည်မှာ တကယ်ပဲ "သွေးသန့်စင်ခြင်း" တွင် "အသေးစားအောင်မြင်မှု့အဆင့်" အဆင့်ဘဲရှိတာလား။
'ခွန်အား၊ အရှိန်၊ ခံနိုင်ရည်၊ ဘယ်အချက်မှာ သူက ငါ့ထက် နိမ့်ပါးနေလို့လဲ။
ပိုတိတိကျကျ ပြောရလျှင် သူက သွေးသန့်စင်ခြင်း၌ "ကြီးမားသော အောင်မြင်မှု့အဆင့်" ရရှိထားသည့် ငါ့ထက်ပင် များစွာ ပိုမို သန်မာနေပုံရတယ်'
ဆယ်ကြိမ်မြောက်အထိ အသည်းအသန် ကြိုးစားပြီးနောက် ဖန်ကျုံးချီ ဓားကို ကိုင်ထားသော လက်ယာလက်၏ လက်ခုံအသားမှာ ကွဲထွက်ကာ သွေးများ အဆက်မပြတ် စီးကျလာပြီး သူ၏ လက်မောင်းသည် ထုံကျဉ် တောင့်တင်းသွားကာ သင်ယူထားသော ဓားပညာကို မည်သို့ ထုတ်ဖော်ရမည်ကိုပင် မေ့သွားလုနီးပါး ဖြစ်သွားသည်။
သူတို့ပတ်ပတ်လည်တွင် ကြည့်ရှုနေသော စစ်သားများ ရှိကြပြီး အများစုမှာ သူ့လက်အောက်ခံများ ဖြစ်ကြသည်။
သူ ဆက်မခံနိုင်တော့ကြောင်း မြင်သောအခါ ဖန်ကျုံးချီက အလျင်အမြန် ပြောလိုက်သည် "တော်ပြီ သရေ ...သရေပဲ"
ချန်ဆန်းရှိီကသူ့ရဲ့ လှံကို ပြန်ရုပ်သိမ်းလိုက်ပြီး "ကျေးဇူးတင်ပါတယ် ဖန်ကျုံးချီ"
တုန်ယင်နေသော ညာလက်ကို နောက်ကျောတွင် ဝှက်ထားသည့် ဖန်ကျုံးချီက "မင်း သွေးသန့်စင်ခြင်း မှာ 'ကြီးမားသော အောင်မြင်မှု့' ရဖို့ နီးနေပြီ ထင်တယ် မဟုတ်လား"
"နောက်ရက် အနည်းငယ်အတွင်း ဖြစ်သင့်တယ်"
ချန်စန်းဆီ မငြင်းပါ။
[ကျွမ်းကျင်မှု့- စစ်တပ်အခြေခံ လှံပညာ (အသေးစားအောင်မြင်မှု့)]
[တိုးတက်မှု- 1855/2000]
[စွမ်းဆောင်ရည်- လျင်မြန်သော လှံလှုပ်ရှားမှု၊ အံ့ဖွယ် ခံနိုင်ရည်၊ ခိုင်မာသော ချီ-သွေး ၊ သွေးဖြစ်ပေါ်ခြင်း]
ထူးဆန်းသောသားရဲ၏ အသားအာနိသင်များသည် အံ့မခန်း ဖြစ်သည်။
ချန်ဆန်းရှီက ချမ်းသာကြွယ်ဝသူဖြစ်ပြီး၊ သွေးဖြည့်ဆေးရည်ကိုပင် စွန့်လွတ်ပြီးတစ်ကြိမ်လျှင် ဆယ့်ငါးတေးတန်ဖိုးရှိသည့် အဆီအနှစ်ဖြည့်
ဆေးရည်ကို သုံးစွဲနေသည်။ ထိုသို့ဆိုလျှင် သူ့ရဲ့တိုးတက်မှုနှုန်းက မမြန်ဘဲ နေပါ့မလား။
"တော်တယ်"
ဖန်ကျုံးချီက စိတ်လှုပ်ရှားစွာဖြင့် "မင်း သွေးသန့်စင်ခြင်းအဆင့်မှာ 'ကြီးမားသော အောင်မြင်မှု' ရောက်ရင် ငါနဲ့ အဆင့်တူ အလံမှူး အဖြစ် ရာထူးတိုးနိုင်ပြီ"
"ဒီကာလအတွင်းမှာ ဂရုစိုက်ပေးမှုအတွက် ကျေးဇူးတင်ပါတယ် ဖန်ကျုံးချီ"
သူ၏ ကျင့်ကြံမှု တိုးတက်လာပြီးနောက် အလံမှူး ရာထူးတိုးမည့် ကိစ္စမှာ သေချာပါသည်။
သို့သော် သူက နာမည်ခံ အလံမှူး သာ ဖြစ်သွားမည်ကို စိုးရိမ်နေသည်။
မည်သို့ပင်ဆိုစေကာမူ စစ်တပ်တွင် ထိုမျှလောက် လူအင်အား မရှိပေ။
ကွပ်ကဲရန်အတွက် လူငါးဆယ်ကို ဘယ်ကနေ ရုတ်တရက် ရှာရမည်နည်း။
အများဆုံးဆိုလျှင် အလံမှူး ရာထူး၏ အခွင့်အရေးများကို ခံစားရမည် ဖြစ်သော်လည်း ရာထူးကအမည်ခံသာ ဖြစ်လိမ့်မည်။
မနက်ပိုင်းတွင် လေ့ကျင့်ပြီး နေ့လယ်ပိုင်းတွင် မြို့တွင်း ကင်းလှည့်သည်။
လူပျောက်ဆုံးမှုများကို သတင်းပို့ပြီးနောက်ပိုင်း ရှန်ထင်ချွန်က နေ့စဉ် မြို့တွင်း ကင်းလှည့်ရန် စစ်သားများ စေလွှတ်ခြင်းကို ချက်ချင်း စတင်ခဲ့သည်။
ထို့အပြင် သူကအလွန် စိတ်တို ဒေါသထွက်နေသည်။
အလံမှူး သို့မဟုတ် ထိုထက် မြင့်သော ရာထူးရှိသူ အများစုမှာ နေ့စဉ် အပြစ်တင်ခံနေရသည်။
ရွေးချယ်ရေး အရာရှိ လာတော့မည် ဖြစ်ပြီး နတ်ဘုရားရတနာ ကိစ္စ မပြောနှင့် လူသတ်သမားကို တစ်ဦးတစ်ယောက်မှ ဖမ်းမိခြင်း မရှိဘဲ နေ့စဉ် လူပျောက်ဆုံးနေခြင်းသည်ပင် သူ့အပေါ် တာဝန် ပေါ့ဆမှုဖြင့် စွဲချက်တင်ခံရနိုင်သည်။
ပြဿနာမှာ...
သူတို့ တကယ်တမ်း ဘာကိုမှ ရှာမတွေ့နိုင်ခြင်းပင် ဖြစ်သည်။
ဤမျှလောက် လူပျောက်ဆုံးမှုများမှာ လူတစ်ဦးနှစ်ဦး၏ လက်ချက် ဖြစ်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ပိုယန်ခရိုင်က ဤမျှ သေးငယ်သော နေရာဖြစ်ရာ ရွှေခေါင်းလောင်းဘုရားကျောင်းကဲ့သို့ ပုန်းအောင်းရန် နေရာ ထပ်ရှိနိုင်မည် မဟုတ်ပေ။
မိစ္စာဂိုဏ်းက ကျူးလွန်ခြင်း မဟုတ်သည်ကို ပြသနေသည်။
ချန်ဆန်းရှီ၏ စိတ်ထဲတွင် ထိုနေ့က တောင်ပေါ်၌ သူတွေ့ခဲ့ရသော ဆေးဝါးချိုင့်ဝှမ်းကို မထင်မှတ်ဘဲ ပြန်သတိရမိလိုက်သည်။
ထိုမျှ အကွာအဝေးမှနေ၍ အတားအဆီးများ ပြုလုပ်ထားခြင်းသည် လုံးဝ ပုံမှန် မဟုတ်ပေ။
သူ နားမလည်နိုင်သည်မှာ သိုင်းပညာကျောင်းက ဘာကြောင့် လူသတ်မှု ကျူးလွန်ရသလဲဟူ၍ ဖြစ်သည်။
'တောင်ပေါ် တက်ကြည့်ရမယ်'
'အမဲလိုက်ဖို့ အခွင့်အရေးလည်း ရအုံးမယ်'
အိမ်မှာ ငွေ နှစ်ရာတေးနီးပါး ကျန်ရှိနေသေးသဖြင့် လုံလောက်သည်ဟု ဆိုနိုင်သော်လည်း ဝက်ဝံမဲကဲ့သို့ ထပ်ရပါကပိုအဆင်ပြေမည်။ မည်သို့ပင်ဖြစ်စေ ခရီးကို အချည်းနှီး မဖြစ်စေလိုပေ။
နောက်တစ်နေ့ နံနက်စောစောတွင် ချန်ဆန်းရှီ ထွက်ခွာလာခဲ့သည်။
"အရင် ရက်တွေမှာလည်း လူတွေ ပျောက်နေတုန်းပဲ ဒါပေမဲ့..."
ကျောက်ချောင်နှင့် အခြားသူ အချို့သည် နောက်ကနေ လိုက်လာကြပြီး "အားလုံးက ကျေးလက်ဒေသက ရွာသားတွေပဲ"
"ကျေးလက်ဒေသကလား"
သိုင်းပညာ လေ့ကျင့်မှုတွင် နစ်မြုပ်နေသော ချန်ဆန်းရှီသည် ကင်းလှည့်မှုများတွင် မပါဝင်ခဲ့သော်လည်း လူပျောက်ဆုံးမှုများကို သိရှိခဲ့သည်သို့သော် ဤမျှအသေးစိတ်ကို မသိခဲ့ပေ။
"ဟုတ်တယ်"
ဝူဒါက "အစပိုင်းမှာတော့ ခရိုင်မြို့ရော ကျေးလက်ဒေသကပါ ပျောက်ဆုံးမှုတွေ ရှိခဲ့တယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကျေးလက်ဒေသက လူတွေသာ ပျောက်ဆုံးလာတယ် ရိုးရိုးရှင်းရှင်း ပြောရရင် ဆင်းရဲသားတွေပေါ့"
ချန်ဆန်းရှီကတစ်ခုခု မှားယွင်းနေကြောင်း ပို၍ပင် ခံစားလာရသည်။
မိစ္စာဂိုဏ်းက လူသတ်သည့်အခါ ချမ်းသာ ဆင်းရဲ ခွဲခြားလေ့ မရှိပေ။
ဤကဲ့သို့သော ကိစ္စမျိုးကို "ကိုယ်ပိုင်လူများ" သာ လုပ်ဆောင်နိုင်သည်။
တောင်ပေါ်သို့ တက်ပြီးနောက် သူက ဆေးဝါးချိုင့်ဝှမ်း ဘက်သို့ ဦးတည်လိုက်သည်။
သူ ဦးတည်ရာသို့ မရောက်မီကပင် ဆေးဝါးချိုင့်ဝှမ်းသို့ မလွဲမသွေ ရောက်မည့် လမ်းပေါ်တွင် လူသုံးဦး ရပ်နေသည်ကို အဝေးမှ မြင်လိုက်ရသည်။
လျိုကျန်းက ထိုက်လေသိုင်းပညာခန်းမမှ မာစတာဝူနှင့် အသက်သုံးဆယ်ခန့်ရှိသော နောက်ထပ် လူငယ်တစ်ဦး။
ဤလူငယ်သည် သူ၏ အဝတ်အစားတွင် တိမ်ပုံသဏ္ဍန် ပုံစံ ပါရှိသည်။
ထို့အပြင် သူ၏ အမူအရာနှင့် အခြားနှစ်ဦးနှင့် တန်းတူ ရပ်နေပုံကို ထည့်သွင်းစဉ်းစားပါက သူသည် ဦးလေးဖြစ်သူမှ မိသားစုစီးပွားရေးကို လုယူခံရပြီးမှ ပြန်လည် တိုက်ယူနိုင်ခဲ့သော ယွန်ဟဲသိုင်းပညာခန်းမ၏ သခင်လေး ဖြစ်နိုင်သည်။
အဘယ်ကြောင့် ဤ ချမ်းသာသော သခင်လေးများအားလုံးက တောင်နက်များထဲသို့ လေ့လာခြင်းကို နှစ်သက်လာကြသနည်း။
လူတစ်ဦးတည်းဆိုလျှင်တစ်မျိုး သုံးဦးအတူ စုဝေးနေခြင်းက သူတို့မှာအချိန်တွေပိုနေလို့လား။
ထို့အပြင် ဆေးဝါးချိုင့်ဝှမ်း မှ နှစ်လိီအကွာတွင် သိုင်းပညာခန်းမမှ တပည့်များက အစောင့်အရှောက် ချထားပြီး ငှက်တစ်ကောင်ပင် မဖြတ်သန်းနိုင်အောင် တားဆီးထားသည် မပြောပြနိုင်သော လျှို့ဝှက်ချက်တစ်ခု ရှိနေသည်မှာ ရှင်းနေသည်။
သေချာ ပြန်တွေးကြည့်လျက်
သူရဲ့ဘဝတစ်ဝက်တွင် သာမန်မျှသာဖြစ်သော ယွန်ဟဲသိုင်းပညာခန်းမ၏ သခင်သည် အရေးပါသော အချိန်တွင် ရုတ်တရက် အောင်မြင်မှု ရရှိခဲ့သည်။
မြို့ထဲတွင် လူများ ပျောက်ဆုံးမှုများ စတင်ခဲ့သည်မှာလည်း ထိုရက်များတစ်ဝိုက်မှာပင် ဖြစ်သည်။
နောက်ပြီး ဝူဆောင်း ရှိသေးသည်။
သူ၏ ဖခင်သည် သေလုနီးပါး ဖြစ်နေပြီး ကုသရန်အတွက် သမင်ဖြူသမင်ကို အသည်းအသန် လိုအပ်နေသည်ဟု ကောလာဟလများ ထွက်ခဲ့သည်။
ပြီးတော့ ဘာဖြစ်ခဲ့လဲ
အချိန် အတော်ကြာသွားပြီ ဖြစ်သော်လည်း ထိုက်လေ သိုင်းပညာကျောင်းတွင် ဈာပန သတင်း ဘာတစ်ခုမှ မရှိခဲ့ပေ။
ပြီးတော့ ဝူဆောင်းကလည်း လုံးဝ အလျင်လိုပုံ မရပေ။
ပြီးခဲ့တဲ့အကြိမ်က သူ သမင်ဖြူကို ယူသွားသည်ကိုမတားဆီးဘဲ ကြည့်နေခဲ့သည်မှာ အံ့ဩစရာ မဟုတ်ပေ၎င်းတို့တွင် အထူး ကုသနည်း တစ်မျိုးမျိုး ရှိနိုင်ဖွယ် ရှိသည်။
ပဟေဠိ၏ အစိတ်အပိုင်းအားလုံးသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။
'သာမန်လူတွေပျောက်ဆုံးမှုများကသူတို့နဲ့ဆက်စပ်မှု ရှိရမယ်'
သို့သော်လည်း လက်ရှိတွင် သက်သေ အထောက်အထား မရှိသေးပေ။
ချန်ဆန်းရှီကလည်း ရမ်းကားစွာ ချဉ်းကပ်ရန် အစီအစဉ် မရှိပေ။
သူ၏ မျက်လုံးရှေ့တွင်ပင် အရိုးဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ သုံးဦး ရှိသည်။
ဆေးဝါးချိုင့်ဝှမ်း အတွင်း၌ အဖိုးအို အစေခံ အနည်းငယ် ပုန်းအောင်းနေနိုင်သေးသည်
အသက်ရှူခြင်းကို ဖုံးကွယ်ခြင်းနှင့် ပုန်းအောင်းခြင်းသည် ကိုယ်ဖျောက်
ပညာ နှင့် မတူညီပါ။ ဤလူများ ဖမ်းမိပါက ၎င်းတို့သည် အရေးကြီးအခြေအနေတွင် အစွန်းရောက် လုပ်ဆောင်မှုတစ်ခုခုကို လုပ်ဆောင်လာနိုင်သည်။
ပထမဆုံးအနေဖြင့် သူ ပြန်သွားပြီး သွေးသန့်စင်ခြင်းအဆင့်၌ ကြီးမားသောအောင်မြင်မှု့ ကို ရအောင် ဖောက်ထွင်းမည်။ ထို့အပြင် ဆယ်ပိသာအလေးချိန်ရှိသော လေးကြီးသည်လည်း ပြီးခါနီးပြီဖြစ်သည်
အရိုးဖွဲ့စည်းခြင်းအဆင့်မှ တစ်စုံတစ်ဦးနှင့် ကြုံတွေ့ရသည့်တိုင် ဘေးကင်းစွာ ဆုတ်ခွာနိုင်ကြောင်း သေချာစေပြီးမှသာ ဤနေရာသို့ ပြန်လာကာ ဆက်လက် စူးစမ်း လေ့လာမည်။
ဆုံးဖြတ်ချက်ချပြီးနောက် ချန်ဆန်းရှီကတိတ်တစိတ်ထွက်ခွာသွားသည်။
"ငါတို့လူတွေကို ထပ်မသေစေသင့်တော့ဘူး"
လျိုကျန်းကဘေးရှိ နှစ်ဦးကို အကြံပေးသည် "ခဏလောက် ရပ်နားထားရအောင်"
"အရေးမကြီးပါဘူး"
သို့သော်လည်း ဝူဆောင်းက ယုံကြည်ချက်ရှိစွာဖြင့် "ငါတို့က ကျေးလက်ဒေသက ရွာသားတွေပဲ ယူတာ သူတို့အတွက် တရားမျှတမှုကို ရှာဖွေပေးမယ့်လူ ဘယ်သူမှမရှိတဲ့လူတွေပဲ"
"ရှန်ထင်ချွန်က စုံစမ်းစစ်ဆေးမှုတွေ ပြန်စနေပြီကို အကိုဝူ မသိဘူးလား"
လျိုကျန်းကသက်ပြင်းချပြီး "ခဏလောက် ရပ်နားရအောင် ဘယ်လိုပဲဖြစ်ဖြစ် မင်းအဖေရဲ့ ဒဏ်ရာလည်း ပျောက်ကင်းသွားပြီပဲ။ ပြီးတော့ ငါတို့မှာ အဓိက နတ်ဘုရားရတနာ လိုအပ်နေတုန်းပဲ။ လူတွေ ပိုသတ်တာက သူ့ရဲ့ အသုံးဝင်မှုကို တိုးစေမှာ မဟုတ်ဘူး"
"အစ်ကို ဖန် "
ဝူဆောင်းသည် ယွန်ဟဲသိုင်းပညာခန်းမ၏ သခင်လေးအား လှည့်ကြည့်ပြီး "မင်း တစ်ခုခု ဖုံးကွယ်ထားတာ မရှိဘူး မဟုတ်လား"
"လုံးဝ မရှိပါဘူး"
ဖန်ချွမ် ၏ မျက်နှာအမူအရာ တင်းမာသွားသည်"မင်းတို့ နှစ်ယောက်ရဲ့ အကူအညီကြောင့် ငါ့ရဲ့ မိသားစုစီးပွားရေးကို ပြန်ယူနိုင်ခဲ့တာ ဘယ်လိုလုပ် ငါ ဆက်ဖုံးကွယ်ထားနိုင်တော့မလဲ နတ်ဘုရားရတနာက ရှန်ထင်ချွန်ရဲ့ လက်ထဲမှာ ရှိနေရမယ် ငါ အာမခံတယ်"
"အဲ့ဒီ လူယုတ်မာ ရှန်ထင်ချွန်"
ဝူဆောင်းကကျိန်ဆဲသည် "ငါတို့ သူ့ကို တစ်လစာ ငွေ စပါးနဲ့ ဆေးပစ္စည်းတွေ ပို့ပေးခဲ့တာတောင် နတ်ဘုရားရတနာရဲ့ အရိပ်တောင် မပြဘူး"
"တကယ်ပဲ ငါတို့ ဒီလို ဆက်သွားလို့ မရဘူး"
လျိုကျန်းက စိုးရိမ်တကြီး ပြောသည် "ဒီနေ့အထိ ငါတို့ နတ်ဘုရားရတနာက ဘာလဲဆိုတာတောင် မသိရသေးဘူး။ ရှန်ထင်ချွန်က အနည်းဆုံးတော့ သေတ္တာဖွင့်ပြီး ပြသင့်တယ် မဟုတ်လား။ အတွင်းအားသန့်စင်ခြင်းအဆင့်သိုင်းပညာရှင်တွေအနေနဲ့ သူတို့ အရမ်း လွန်နေပြီ"
"တစ်ဖက်မှာ နတ်ဘုရားရတနာက ဘာလဲဆိုတာ မသိဘူး၊ နောက်တစ်ဖက်မှာ နတ်ဘုရားရတနာ ရှိရင်တောင် ဘယ်လို အသုံးပြုရမယ်ဆိုတာ မသိဘူး။ ဒီအခြေအနေက ရယ်စရာကောင်းတယ်"
"ပထမဆုံးအနေနဲ့ ငွေ စပါးနဲ့ ဆေးပစ္စည်းတွေ ထောက်ပံ့တာကို ရပ်လိုက်ရမယ် ငါတို့ မျက်စိမှိတ်ပြီး ဆက်ပြီး လိုက်လျောနေလို့ မရဘူး"
"ဒီအမြင်ကို ငါ သဘောတူတယ်"
ဆေးဝါးချိုင့်ဝှမ်းမှ ထွက်ခွာပြီးနောက်
ချန်ဆန်းရှီကဝက်ဝံမဲတစ်ကောင်ကို အမဲလိုက်ခဲ့သည်။
ယခု သူ၏ အခြေအနေအရ တစ်ယောက်တည်း အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ပြီ ဖြစ်သည်။
သူက ကျောက်ချောင်နှင့် အခြားသူများအား တွေ့ဆုံရန် ချောင်းဘေးသို့ သွားခဲ့သည်။
မထင်မှတ်ဘဲ သူတို့သည် ဝံပုလွေ အချို့ကို ဖမ်းမိထားကြသည်။
"မင်းတို့ အမဲလိုက် ကံတွေ မကြာသေးခင်က တိုးတက်လာပုံပဲ"
ချန်ဆန်းရှီကဦးစွာ ဂုဏ်ပြုစကား ပြောပြီးနောက် သတိပေးစကား ပြောခဲ့သည် "ဒါပေမဲ့၊ မင်းတို့ ခဏလောက်တော့ တောင်ပေါ် မတက်ဖို့ ငါ အကြံပေးချင်တယ် အန္တရာယ် ရှိနိုင်တယ်"
လူသတ်မှုများကို သိုင်းပညာခန်းမများက လုပ်ဆောင်နေကြောင်းသိထားသဖြင့် သတိပေးသင့်သည်မှာ မှန်သည်။
"ဘာလို့လဲ အစ်ကို ရှီ "
ဝူဒါက နားမလည်စွာ မေးသည် "ကျွန်တော်တို့ နေရာကောင်းကိုရှာတွေ့ထားတာ မနက်ဖြန်လည်း ဝံပုလွေတွေ ထပ်ပစ်နိုင်မှာ သေချာတယ်"
"ကျောက်တုံးတွေက ငါတို့ကို အန္တရာယ် ပေးနိုင်လို့လား"
အသက်အကြီးဆုံးဖြစ်သော ကျောက်ချောင်သည် အကြောင်းရင်း ရှိလိမ့်မည်ကို သိသည် "မနက်ဖြန်ကစပြီး ငါတို့ တောင်ပေါ် မတက်တော့ဘူး"
ကျွမ်းယိက သူ၏ အခက်အခဲကို ပြောပြသည် "ကျွန်တော်တို့ မိသားစုက ထမင်းနပ်မှန်အောင်တောင် မနည်း ရုန်းကန်နေရတာ"
"ငါ မင်းတို့ကို စပါး ပေးပါ့မယ်"
ချန်ဆန်းရှီကယခု ငွေကြေး မချို့တဲ့တော့ပါ။
"မရဘူး"
ကျောက်ချောင်က ငြင်းဆိုသည် "ဆန်းရှီမင်းက ငါတို့ကို တောင်ပေါ် အမဲလိုက်ဖို့ ခေါ်သွားတာကိုပဲ ကျေးဇူးတင်ရမှာ မင်းရဲ့ စပါးကို ဘယ်လို ယူနိုင်မလဲ"
"ဒါကို ငါ့ဆီက ချေးငွေလို့ သတ်မှတ်လိုက်ပါ မင်းတို့ လာမယ့် နွေဦးကျမှ ပြန်ဆပ်ပေါ့"
ချန်ဆန်းရှီက အတင်းအကြပ် တိုက်တွန်းသောအခါမှ သူတို့ နောက်ဆုံးတွင် သဘောတူလိုက်ကြသည်။
ဝက်ဝံမဲကို ရောင်းချပြီးနောက်
ချန်ဆန်းရှီကသွေးသန့်စင်ခြင်းအဆင့်၌ ကြီးမားသော အောင်မြင်မှုကို ရရှိရန် စီစဉ်လျက် စစ်တပ်သို့ အလျင်အမြန် ပြန်လာခဲ့သည်။