အခန်း (၅၃)
Vol. 5 Ch. 53
"ဆေးဝါးတွေ မရှိတော့ဘူးလား"
ဖြည့်စွက်ဆေးဝါးများ ဝယ်ယူရန် ရောက်လာသော ချန်ဆန်းရှီကဂိုဒေါင်ထဲတွင် လောလောဆယ် သွေးအားဖြည့်ဆေးရည်သာရှိပြီး၊ ကိုးကြိမ်
သွေးအားဖြည့်ဆေးရည်မရှိကြောင်း ဆေးအရာရှိက အသိပေးလိုက်သည်။
ဆေးအရာရှိ ကျန်း က ယပ်တောင်ကို အေးအေးလူလူ ယပ်ခပ်ရင်း "လတိုင်း သုံးရက်နေ့မှာ သိုင်းခန်းမက ငွေကြေး၊ စပါးနဲ့ ဆေးပစ္စည်းတွေ ပို့ပေးရမယ့် အချိန်ဇယားရှိတယ် သူတို့ ရက်တော်တော်လေး နောက်ကျနေပြီ၊ အခုထိလည်း အရိပ်အယောင်မတွေ့ရဘူး ငါသိပါတယ်၊ ဘယ်လိုလုပ် သူတို့ ဆက်ပြီး ပေးပို့ဖို့ ဆန္ဒရှိပါ့မလဲဒီလတစ်လတည်းကိုပဲ သူတို့ ငွေတွေသိန်းပေါင်းများစွာ ဆုံးရှုံးရမှာ"
"သွေးအားဖြည့်ဆေးရည် တစ်ပန်းကန် အရင်ပေးပါ" ဟု ချန်ဆန်းရှီက ပြောလိုက်သည်။
ဘာတွေဖြစ်နေလဲဆိုတာ သူ အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်ရှန်ထင်ချွန် ၏ အချောင်ရယူလိုမှုသည် ပြီးဆုံးလုနီးပါး ဖြစ်နေပြီ။ သိုင်းပညာခန်းမမှ လူများသည် လူမိုက်များ မဟုတ်ကြပါ၊ အပြန်အလှန် ဘာမှမရဘဲ ဆက်လက်ပေးကမ်းဖို့ ဘယ်လိုလုပ် ဆန္ဒရှိပါ့မလဲ?
နောက်တစ်ခါ ရှန့်ထင်ချွန် ဘယ်လိုကိုင်တွယ်မလဲဆိုတာ သူ မသိ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက သူ့ကိစ္စ မဟုတ်ပါ။
ဆေးပစ္စည်းတွေ ဈေးကြီးလာတာထက် ပိုမဖြစ်နိုင်ပါဘူး တကယ်လို့ လိုအပ်လာရင် တောင်ပေါ်ကိုပဲ အကြိမ်များများ တက်ရုံပေါ့ ထူးဆန်းတဲ့ သားရဲတွေ ကို မတွေ့ရင်တောင် ဝက်ဝံနက်တွေနဲ့ ကျားကြီးတွေကတော့ အမြဲပေါများနေတာပဲ။
သူက သွေးအားဖြည့်ဆေးရည် တစ်ပန်းကန်လုံးကို တစ်ကျိုက်တည်း မော့ချလိုက်သည်။
ချန်ဆန်းရှီကသူ့ရဲ့လှံရှည်ကို ကောက်ယူပြီး အကြီးစားအောင်မြင်မှု့ရောက်ရန်အတွက် သိုင်းပညာကွင်းသို့ သွားခဲ့သည်။
သွေးသန့်စင်ခြင်းအဆင့် တွင် စတင်လေ့ကျင့်သည့် အဆင့်မှ အသေးစားအောင်မြင်မှုအထိ၊ ချီ-သွေးသည် တစ်မျှင်တည်းမှ လေးမျှင်အထိ တိုးတက်ပြောင်းလဲလာပြီး လက်ခြေအင်္ဂါများ တစ်လျှောက် စီးဆင်းကာ သာမန်လူတစ်ဦးထက် အဆများစွာ သာလွန်သော ခွန်အားကို ရရှိစေသည်။
သို့သော် မည်သည့် ကျင့်စဉ်မျိုးမဆို လက်ခြေအင်္ဂါများပေါ်တွင်သာ လုံးလုံးလျားလျား မမူတည်ပါ။ ဥပမာ- လှံကျင့်စဉ်များသည် လက်မောင်းများ သန်မာရုံသာမက ခါး၏ ပေါင်းစပ်မှု လိုအပ်ပြီး လုံလောက်သော စွမ်းအား ထုတ်လွှတ်နိုင်ရန်အတွက် အောက်ခြေအနေအထားသည်လည်း တည်ငြိမ်ရမည်။
ထို့ကြောင့် ချီ-သွေးသည် လက်ခြေအင်္ဂါများ တစ်လျှောက်သာ လည်ပတ်နေခြင်းသည် မလုံလောက်သေးပါ။ သွေးသန့်စင်ခြင်းအဆင့်၌ အကြီးစားအောင်မြင်မှု့ရရှိပြီးမှသာလျှင် ချီ-သွေးသည် တစ်ကိုယ်လုံးကို ဖြတ်သန်းစီးဆင်းကာ အတွင်းပိုင်း၌ "大" ပုံသဏ္ဌာန် ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်၏ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်ကာ ကျင့်စဉ်၏ စွမ်းအားကို အမှန်တကယ် ပြသနိုင်မည် ဖြစ်သည်။
လက်ထဲတွင်ရှိသော ကျူရွက်လှံကို ဝှေ့ယမ်းရင်း ချန်ဆန်းရှီက သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချီ-သွေး၏ အပြောင်းအလဲများကို အာရုံစိုက်ကာ ခံစားနေသည်။ သူ၏ လေးသွယ်သော တောက်လောင်နေသည့် ချီ-သွေးစီးကြောင်းများသည် ကျင့်စဉ်ကို ကျင့်ခြင်းဖြင့် ၎င်းတို့၏ အတိုင်းအတာ ကန့်သတ်ချက်သို့ ရောက်ရှိနေပြီဖြစ်ပြီး တစ်ကိုယ်လုံးသို့ ပေါင်းစည်းရန်အတွက် တစ်ဆင့်သာ လိုတော့သည့် အနေအထားတွင် ရှိနေသည်။
သို့သော်... အမြဲတမ်း နည်းနည်းလေး လိုနေခဲ့သည်။
အောင်မြင်တော့မလို ခံစားရသော်လည်း အကြိမ်တိုင်းတွင် ပြန်လည် ရုပ်သိမ်းသွားလေ့ရှိသည်။
'စိတ်ရှည်သည်းခံခြင်း'
ချန်ဆန်းရှီကသိုင်းပညာကို ကြာကြာ လေ့ကျင့်ခဲ့ခြင်း မရှိသော်လည်း မည်သူတစ်ဦးတစ်ယောက်ထက်မဆို ပိုမိုသော ဆင်းရဲဒုက္ခများကို ခံနိုင်ရည်ရှိခဲ့သည်။ သားရဲအသား များကို စားသုံးခြင်းနှင့် ဖြည့်စွက်
ဆေးဝါးများကို သောက်ခြင်းတို့သည် ချေဖျက်ရန်အတွက် အပြင်းအထန် လေ့ကျင့်မှု လိုအပ်သည်။ သူ မြင်းပုံစံ လေ့ကျင့်ခန်း နှင့် ဟောက်ရန်အသက်ရှူကျင့်စဉ်ကို ပြုလုပ်တိုင်း၊ အကြိမ်တိုင်းသည် နာကျင်မှု ခံစားရသည်။
ထို့ကြောင့် သူသည် စိတ်ရှည်မှု၌ မချို့တဲ့ပါ အချိန်တစ်ခုသာ လိုအပ်သည်။
စိတ်ကို ငြိမ်သက်စေပြီး ချန်ဆန်းရှီကသူ၏ လှံကျင့်စဉ်ကို ပင်ပန်းကြီးစွာ အကြိမ်ကြိမ် ထပ်ခါထပ်ခါ ကျင့်ကြံနေခဲ့သည်။
ဝမ်ကျိက ယင်းကို မြင်သောအခါ ရှန်ထင်ချွန်ကို အလျင်အမြန် ဆွဲခေါ်လာသည်။
"ငါ့ကို မလှည့်စားနဲ့"
ရှန်ထင်ချွန်က မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေသည် "အများဆုံး နှစ်လအတွင်းမှာ သွေးသန့်စင်ခြင်းအဆင့် ကနေအကြီးစားအောင်မြင်မှု ရောက်မယ်?"
"ထောင်စုမှူး ရှန်က မယုံဘူးလား"
ဝမ်ကျိကပြုံးစိစိဖြင့် ပြောသည် "ခင်ဗျား တင်ယွမ်သိုင်းပညာခန်းမလျိုမိသားစု ဆီကနေ အဖိုးတန် ဆေးပစ္စည်းတွေ အများကြီး ရခဲ့တယ်လို့ ကြားပါတယ် အနှစ်သုံးရာ ရှိတဲ့ ဂျင်ဆင်း လည်း ပါတယ်တဲ့"
"ဂျင်ဆင်းက သွေးသန့်စင်ခြင်းအဆင့် သူရဲကောင်းတွေကိုဘဲအကူအညီပေးတာ ခင်ဗျား ဘာအတွက် လိုချင်တာလဲ"
ရှန်ထင်ချွန် သဘောပေါက်သွားသည် "ရှားပါးတာတော့ အမှန်ပဲ၊ ခင်ဗျား တခြားတစ်ယောက်အတွက် တောင်းဆိုတာကို ကျွန်တော် ပထမဆုံး မြင်ဖူးတာပဲ ကောင်းပြီ၊ ကျုပ်ခင်ဗျားကို ကတိပေးတယ်၊ သူသာ အဆင့်တက်သွားရင် အဲဒီ ဂျင်ဆင်းကို ကျွန်တော် ပေးမယ်"
သူတို့ စကားပြောနေရင်း နှစ်ယောက်သား သိုင်းပညာကွင်းသို့ ရောက်လာသည်ပွင့်လင်းသော နေရာတွင် တလက်လက်တောက်ပနေသော လှံရှည်
ကျင့်စဉ်ကို မြင်သောအခါ ရှန်ထင်ချွန်၏ မျက်ခုံးများပင် အံ့အားသင့်မှုကို ဖော်ပြနေခဲ့သည်။
"ဖက်တီးဝမ်၊ သူ အခုလို မြန်မြန်ဆန်ဆန် သွေးသန့်စင်ခြင်းအဆင် အကြီးစားအောင်မြင်မှု ရောက်သွားရင် အဆင့်နိမ့်သွေး ဖြစ်သွားမှာ မဟုတ်ဘူးလား"
"စိတ်ချပါ"
ဝမ်ကျီကသူရဲ့ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည် "ကျွန်တော် သူ့ကို လောကမှာ အကောင်းဆုံး အခြေခံ ကျင့်စဉ်ကို သင်ပေးခဲ့တာ ခိုင်မာတယ်၊ အနည်းဆုံး အဆင့်မြင့်ဖြစ်တယ် ဘယ်လောက်ပဲ မြင့်မားတဲ့ အဆင့်ကို ရောက်ရောက် သူ့ကို နောက်ပြန်ဆွဲမှာ မဟုတ်ဘူး"
"ခင်ဗျားမှာမှီခိုစရာ တစ်ခုခုတော့ ရှိနေသားပဲ"
ရှန်ထင်ချွန်က မယုံသင်္ကာ မဖြစ်ဘဲ သက်ပြင်းချလိုက်သည် "ပြောစမ်းပါဦး ခင်ဗျား ဒီကို စေလွှတ်ခံရအောင် ဘာတွေများ လုပ်ခဲ့တာလဲ? တပ်စခန်းရှစ်ခုမှာ 'ဝမ်' နာမည်နဲ့ နာမည်ကြီးတဲ့ ဗိုလ်ချုပ် တစ်ယောက်မှ မရှိတာကို ကျွန်တော် သေသေချာချာ သိပါတယ်"
"ထောင်စုမှူး ရှန်က ကျွန်တော့်ကို တကယ် အထင်ကြီးတာပဲ"
ဝမ်ကျိကမျက်နှာထား တင်းမာစွာဖြင့် ပြောလိုက်သည် "ကျွန်တော် ဒီနှစ် လေးဆယ့်သုံးနှစ် ရှိပြီ၊ အခုထိ အရိုးဖွဲ့စည်းခြင်းအဆင့် မှာပဲ ရှိသေးတယ်၊ ဘယ်လိုလုပ် ဗိုလ်ချုပ် ဖြစ်ဖို့ အရည်အချင်း ပြည့်မီပါ့မလဲ ကျွန်တော်က အသေးအဖွဲ ကိစ္စတွေ လုပ်တဲ့ အစေခံ တစ်ယောက်ပါပဲ"
ရှန်ထင်ချွန်သည် ဆက်မပြောတော့ဘဲ သိုင်းပညာကွင်းပေါ်ရှိ လူငယ်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။
နောက်ဆုံးတွင် ချန်ဆန်းရှီက သူ၏ မျက်လုံးများကို မှိတ်ထားပြီး မှတ်ဉာဏ် ပေါ်တွင်သာ လုံးလုံးလျားလျား အားကိုးကာ လှံကျင့်စဉ်ကို ကျင့်ကြံနေခဲ့ပြီး သူ၏ အာရုံစိုက်မှု တစ်ရာရာခိုင်နှုန်းကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ ထားရှိကာ ချီ-သွေး စီးဆင်းမှုကို ဂရုတစိုက် ခံစားနေခဲ့သည်။
အချိန်မည်မျှ ကုန်လွန်သွားသည်ကို သူ မသိခဲ့ပါ။
သူ၏ မျက်ခွံများ ပြင်ပမှ အလင်းသည် ပို၍မှောင်လာပြီး မှောင်အတိဖြစ်သွားသည်အထိ၊ သူ၏ လှံကိုင်ထားသော လက်များ တောင့်တင်းလာပြီး သွက်လက်မှု ပျောက်ဆုံးသွားသည်အထိ၊ သူ၏ အဆုတ်များသည် အတိုင်းအဆ ကန့်သတ်ချက်အထိ ကျယ်လာပြီး မည်သည့်အချိန်မဆို ပေါက်ကွဲကာ သွေးအန်တော့မလို ဖြစ်လာသည်အထိပင်။
'ဒုန်း'
သူ့ရဲ့ခန္ဓာကိုယ်က ၎င်း၏ ကန့်သတ်ချက်သို့ ရောက်ရှိပြီး ဆက်လက် ထိန်းထားနိုင်တော့မည် မဟုတ်ဟု ထင်ရချိန်တွင်၊ ချီ-သွေးစီးကြောင်း လေးသွယ်လုံးသည် သူ၏ နှလုံးသားဆီသို့ ပြန်လည် စီးဝင်သွားပြီး ထပ်မံ စီးထွက်လာသောအခါ လေးသွယ်သော စီးကြောင်းများအဖြစ် မဟုတ်တော့ဘဲ သူ၏ လက်ခြေအင်္ဂါများ၊ အရိုးများ တစ်လျှောက် ထိုးဖောက်ဝင်ရောက်ကာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသော အမျှင်ပေါင်း ထောင်ချီအဖြစ်သို့ ပြောင်းလဲသွားသည်။
သွေးသန့်စင်ခြင်းအဆင့်၏အကြီးစားအောင်မြင်မှု ရရှိသော သာမန် သိုင်းပညာရှင်များအတွက် ချီ-သွေးသည် ခန္ဓာကိုယ်အတွင်း၌ "大" ပုံသဏ္ဌာန် ဖြစ်ပေါ်သည်။ သို့သော် ချန်ဆန်းရှီအတွက်မူ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။
ဤသည်မှာ ချီ-သွေး တစ်ကိုယ်လုံး ပျံ့နှံ့ခြင်း၏ အဓိပ္ပာယ် အမှန်ပင်
[ကျင့်ကြံမှု့- စစ်တပ် အခြေခံလှံကျင့်စဉ် (အကြီးစားအောင်မြင်မှု)]
[စွမ်းဆောင်ရည်- နဂါးဆင်သွေး ]
အကျိုးသက်ရောက်မှုများ အားလုံးကို "နဂါးဆင်သွေး" မှ ဝန်းရံထားပြီး အကျိုးသက်ရောက်မှုများကို သိသိသာသာ မြှင့်တင်ပေးသည်။
ချန်ဆန်းရှီကသူ၏ ချီ-သွေးကို ထပ်မံ လည်ပတ်စေကာ "နဂါးဆင်သွေး" သည် သူ၏ အရိုးများနှင့် သွေးလွှတ်ကြောများကို ခိုင်မာစေပုံကို ခံစားနိုင်သည်။ သွေးသန့်စင်ခြင်း အဆင့်သည် အဘယ်ကြောင့် အရေးကြီးကြောင်း သူ နားလည်သွားသည်။ အရိုးဖွဲ့စည်းခြင်းအဆင့် တွင်မူ လေ့ကျင့်ထားသော ချီ-သွေးပေါ်တွင် မူတည်၍ အရိုးများကို ခိုင်မာအောင် ပြုလုပ်သည်။ ချီ-သွေး၏ အရည်အသွေး မြင့်မားလေလေ၊ အကျိုးသက်ရောက်မှု ပိုကောင်းလေလေ ဖြစ်သည်။
"နဂါးဆင်သွေး" သည် မည်သည့် အဆင့်အတန်း ဖြစ်သည်ကို သူ မသိခဲ့ပေ။ စနစ်က တိုးတက်မှုကို မပြသတော့ပေ သူသည် အရိုးဖွဲ့စည်းခြင်း ကျင့်စဉ်တစ်ခုသို့ ပြောင်းလဲရန် လိုအပ်သည်။ သူ ဝမ်ကျိကို သွားမေးသင့်သည်။
"ကောင်းတယ်"
သူ အတွေးများ၌ နစ်မြုပ်နေစဉ် အနီးနားမှ အားပေးသံတစ်ခု ထွက်ပေါ်လာသည်။
ချန်ဆန်းရှီကမျက်လုံးဖွင့်လိုက်သည်။
တကယ်တမ်းတော့ အချိန်သိပ်မကြာသေးကြောင်း သူ သဘောပေါက်လိုက်သည်။ ကောင်းကင်ကို ကြည့်လိုက်သောအခါ နှစ်နာရီခန့်သာ ရှိသေးသည်။ သို့သော် ဆူညံသံများက ကြီးမားသောကြောင့် ကြည့်ရှုသူ အများအပြားကို ဆွဲဆောင်ခဲ့သည်။
ဦးဆောင် အားပေးသူမှာ ရှန်ထင်ချွန် ဖြစ်သည်။
သူ့ရဲ့မျက်လုံးများတွင် လေးစားမှုနှင့် မနာလိုမှု ရောနှောနေသော အမူအရာဖြင့် "သိုင်းပညာကို နှစ်လပဲ လေ့ကျင့်ရသေးတာကို သွေးသန့်စင်ခြင်း အကြီးစားအောင်မြင်မှု ရောက်သွားတယ်၊ ငါတို့ ပိုရန် ခြေလျင်တပ်ရင်းက တကယ့်ကို ထူးချွန်သူတစ်ယောက် ပေါ်ထွက်လာတာပဲ"
ချန်ဆန်းရှီကသူ၏ လှံရှည်ကို ကိုင်ထားရင်း လက်နှစ်ဖက် ယှက်ကာ အရိုအသေပေးလိုက်သည် "ထောင်စုမှူး ရှန်ချီးမွမ်းလွန်းပါတယ်။"
"အားနာဖို့ မလိုပါဘူး ဒီနေ့ကစပြီး မင်းကို အလံမှူး အဖြစ် ရာထူးတိုးမြှင့်ပေးလိုက်တယ်၊ ဒါပေမယ့်..."
ရှန်ထင်ချွန်က ခပ်ချဉ်ချဉ် ပြုံးလိုက်သည် "နေရာလွတ် ရှိပေမယ့် မင်းကို ပေးအပ်ဖို့အတွက် အပို လူအင်အား မရှိသေးဘူး မင်းကိုတော့ အလံမှူးတစ်ယောက်ရဲ့ အခွင့်အရေးတွေနဲ့ အရင်စတင်လိုက်ပါ နောက်မှ လူတွေ ထပ်မံ စုဆောင်းလာရင် သူတို့ကို မင်းရဲ့ လက်အောက်ကို ဦးစားပေး ထားပေးမယ်။ ပြီးတော့ ငါက မင်းကို အနှစ်သုံးရာရှိတဲ့ သွေးဂျင်ဆင်း တစ်ခုနဲ့ ဆုချမယ်။ မင်းရဲ့ လက်အောက်ခံတွေကိုလည်း ဆုတွေ ချီးမြှင့်မယ် စစ်သားတွေကို ကိုကြိမ်သွေးအားဖြည့်ဆေးရည်နှစ်ကြိမ်စာ ပေးမယ် တပ်သားတွေကို ငွေနှစ်တေးစီပေးမယ်၊ အဲဒီငွေကို ငါ ကိုယ်တိုင် ပေးမယ်"
"ကျေးဇူးတင်ပါတယ် အရှင်"
ချန်ဆန်းရှီကရိုသေစွာ လက်ခံလိုက်သည်။
"တော်တယ်"
ရှန်ထင်ချွန်က ကျေနပ်စွာ ခေါင်းညိတ်ပြီးနောက် စောင့်ကြည့်နေသော စစ်သည်များဘက်သို့ လှည့်ကာ ဆူပူကြိမ်းမောင်းလိုက်သည် "မင်းတို့အားလုံး ကြိုးကြိုးစားစား လေ့ကျင့်ကြ၊ မင်းတို့လည်း ဆုလာဘ်တွေ ရလိမ့်မယ်"
ပြောပြီးနောက် သူက ခါးရှိ ဓားကို ကိုင်ကာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။
သူရဲ့ တဲသို့ ပြန်ရောက်သောအခါ လော်တုံချွမ်သည် သူ့နောက်မှ ကပ်လိုက်လာသည်။
"အရှင် အဲဒီလူတွေက သူတို့ရဲ့ အကြောင်းပြန်စာကို ပို့လိုက်ပါပြီ"
"သိုင်းပညာခန်းမက အရှင်ရဲ့ တပ်ချထားမှု ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံတယ်လို့ ပြောပါတယ်၊ ဒါပေမယ့် အရှင်ဆီက စိတ်ရင်းမှန် မတွေ့ရဘူးတဲ့။ အရှင်က အဲဒီလောက် လျှို့ဝှက်နေတာ၊ နတ်ဘုရားရတနာက သခင့်လက်ထဲမှာ တကယ်ပဲ မရှိတာ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် သူတို့ကို လှည့်စားနေတာပဲလို့ ပြောပါတယ်"
တကယ်တော့ ယုန်ကို ဖမ်းဆီးရမိသည်အထိ လူတွေက အလျှော့ပေးမှာ မဟုတ်ဘူး။
ရှန်ထင်ချွန်က "ဒါဆို မိစ္စာဂိုဏ်းသားတွေကိုရော ရှာတွေ့ပြီလား"
"ကျွန်တော် အရည်အချင်း မမီပါဘူး" လော်တုံချွမ်က ခေါင်းငုံ့ကာ ပြောလိုက်သည်။
"မင်း နေ့တိုင်းလူငါးရာနဲ့ မြို့ကို ရှာဖွေနေတာတောင် သူတို့ကို မတွေ့နိုင်သေးဘူးလား"
ရှန်ထင်ချွန် ခေါင်းကိုက်လာသည်။
ပိုက်ကွန်ထဲက လွတ်မြောက်သွားတဲ့ မိစ္စာဂိုဏ်း နောက်လိုက်တွေကို မရှာနိုင်
ရင် သိုင်းပညာခန်းမအတွက် နတ်ဘုရားရတနာကို သူ ဘယ်က ရမှာလဲ?
နတ်ဘုရားရတနာဘာဖြစ်ဖြစ်ပေါ့
ဘယ်လိုပဲဖြစ်ဖြစ် နောက်နွေဦးမှာ စီစဉ်ထားတဲ့ စစ်ဆင်ရေးကို ထိခိုက်လို့ မရဘူး။
အစွန်းရောက်တဲ့ အရေးယူမှု တစ်ခုခု မလုပ်ဘဲ သူတို့ နားထောင်လာမှာ မဟုတ်ဘူး ထင်တယ်
"သည်းခံနိုင်ရင် သည်းခံ မသည်းခံနိုင်တော့ရင် သည်းခံတာကို ရပ်လိုက်"
ရှန်ထင်ချွန်က သူရဲ့လက်ထဲရှိ လက်ဖက်ရည်ခွက်ကို အမှုန့်ဖြစ်အောင် ဖိချေလိုက်သည် "လော်၊ တစ်ခုခု စဉ်းစားပါဦး၊ ငါတို့ သိုင်းပညာခန်းမကို ပြစ်မှု
တစ်ခုခု တပ်ဖို့ လိုနေပြီလား"
"အရှင်"
လော်တုံချွမ်ကအံ့သြသွားသည် "ဒါ မသင့်လျော်ဘူး မဟုတ်လား"
"ဘာက မသင့်လျော်တာလဲ"
ရှန်ထင်ချွန်က အေးစက်စွာ ပြောသည်"သူတို့မှာ ကျောထောက်နောက်ခံတွေ ရှိတယ် ငါ့မှာ မရှိဘူးလို့ ထင်နေတာလားငါ့ရဲ့ တပ်ချထားမှုကို ဘယ်သူက ခွင့်ပြုခဲ့တယ်လို့ မင်း ထင်လဲငါ ပြောတဲ့အတိုင်းသာ လုပ်"
"နားလည်ပါပြီ အရှင်"