← Chapters

အခန်း (၅၄)

Vol. 5 Ch. 54

အခန်း (၅၄)

Vol. 5 Ch. 54

"ဒီမတိုင်ခင်က ခင်ဗျားပြောခဲ့တဲ့ သွေး-ချီ ကျင့်ကြံရာမှာ အရည်အသွေး ကွာခြားချက်တွေ ရှိတယ်လို့ ဒါဆို ကျွန်တော့်ရဲ့ သွေး-ချီက ဘယ်လို အရည်အသွေးမျိုး ဖြစ်မလဲ"

ချန်ဆန်းရှီက သူသိချင်တာကို မေးလိုက်တယ်။

"အဆင့်နိမ့် 'အသက်ရှူကျင့်စဉ်' တွေကနေ ဖြစ်ပေါ်လာတဲ့ သွေး-ချီကို 'ကြီးမား' တဲ့ စာလုံးနဲ့ သင်္ကေတ ပြုနိုင်တယ်"

"ဒီစာလုံးက ကြီးလေ ထူလေလေ ပိုကောင်းလေပဲ"

"မင်း 'ဟောင်ရန် အသက်ရှူကျင့်စဉ်' ကို ကျင့်ကြံလိုက်ရင်တော့ သာမန် အသက်ရှူကျင့်စဉ်တွေက ထုတ်လုပ်တဲ့ သွေး-ချီထက် အနည်းဆုံး နှစ်ဆ ပိုအားကောင်းမယ်"

"ဒီ့ထက် ပိုကောင်းတာကတော့ အရည်အချင်းပေါ် မူတည်တယ်"

"သွေး-ချီကို ခန္ဓာကိုယ်တစ်ခုလုံး လည်ပတ်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့"

"မင်း ဒါကို လာမေးတာ သေချာတာကတော့ မင်း မဟုတ်လောက်ပါဘူးနော်..."

ဝမ်ကျီက လူငယ်လေးရဲ့ ခန္ဓာကိုယ်ပေါ် လက်တင်လိုက်ပြီး "မင်းရဲ့ သွေး-ချီကို လည်ပတ်ပြလိုက်စမ်း ငါ ကြည့်ချင်တယ်"

ချန်ဆန်းရှီလည်း လိုက်နာလိုက်တယ်။

"မင်းရဲ့ သွေး-ချီက အမြင့်ဆုံး အရည်အသွေးပဲ"

ဝမ်ကျီက အံ့သြတကြီး ပြောလိုက်တယ် "ငါ စစချင်းတုန်းကလိုပဲ ခန္ဓာကိုယ်တစ်ခုလုံး လည်ပတ်နေတာပဲ ဒါပေမဲ့ မင်း သုံးလိုက်ရတဲ့ အချိန်

ကတော့ သိသိသာသာ နည်းတယ် တည်ငြိမ်တယ် တကယ်လို့ 'ကြီးကြပ်ရေးမှူး' ကိုယ်တိုင် လာခဲ့ရင်တောင် မင်းကို လက်ခံမှာ သေချာတယ်"

"အမြင့်ဆုံး အရည်အသွေးလား"

ချန်ဆန်းရှီက ဂရုတစိုက် မေးလိုက်တယ် "ဒီ့ထက် ပိုထူးခြားတာ ဘာမှ မရှိဘူးလားဗျာ"

"ရှိတာပေါ့ တစ်သောင်းမှာ တစ်ယောက်ပဲ ရှိတာ"

ဝမ်ကျီက အသေးစိတ် ရှင်းပြတယ် "အဲဒီလူတွေက မွေးရာပါ သိုင်းပညာ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ကြတယ် သာမန်လူတွေနဲ့ မတူတဲ့ ခန္ဓာကိုယ်မျိုးနဲ့ မွေးဖွားလာကြပြီး တူညီတဲ့ သိုင်းပညာကို လေ့လာရင် ပိုမြန်ပြီး ပိုကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတယ်"

"ဥပမာ 'ကျားရှား ခန္ဓာ' 'ရွှေစပါးအုံး ခန္ဓာ' လိုမျိုးပေါ့ သူတို့ကသိုင်းပညာမှာ ကြီးမြတ်တဲ့ အခြေအနေကို ရောက်ဖို့ ကံကြမ္မာက ဖန်တီးထားပြီးသားပါ"

"ဒါပေမဲ့ စိတ်မပျက်ပါနဲ့ မင်းရဲ့ အရိုးအဆစ်တွေကလည်း လုံလောက်တယ် မင်းလည်း ကြီးမြတ်တဲ့ အခြေအနေကို ရောက်နိုင်တယ်ကွ"

ချန်ဆန်းရှီကခေါင်းညိတ်ပြီး တိတ်တိတ်ဆိတ်ဆိတ် စဉ်းစားနေတယ်။

တကယ်ပဲ 'ပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ်တွေ'ရှိတာပဲ ဒါပေမဲ့ အဲဒါတွေ အားလုံးက မွေးရာပါချည်းပဲ။

သူ့ရဲ့ 'နဂါးဆင်သွေး' ကတော့ နောက်မှ ရရှိလာတဲ့ အမျိုးအစား ဖြစ်ပြီး ပိုဆိုးတာက ဒါက 'ခန္ဓာ' မဟုတ်ဘူး သွေး-ချီမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်တစ်ခုမျှသာ ဖြစ်တယ်။

မြားပစ်တာနဲ့ ဆင်တူတယ်လို့ ထင်ရတယ်။

အချိန်ကြာလာတာနဲ့အမျှ 'စနစ်မျက်နှာပြင်' က သူ့ကို သူကျင့်ကြံတဲ့ 'ကျင့်စဉ်' တွေနဲ့ ပိုလိုက်ဖက်တဲ့ ပုံစံမျိုးကို ပြောင်းလဲပေးနေတာပဲ။

"ကျင့်စဉ်တစ်ခု ရွေးချယ်လိုက်ပါ"

ဝမ်ကျီက ပြင်ဆင်ထားပြီးသားဖြစ်ကာ စာအုပ်ငယ် သုံးအုပ်ကို ရင်ဘတ်ထဲကနေ ထုတ်လိုက်တယ်–"မင်း 'သွေးသန့်စင်ခြင်းအဆင့်' မှာ အကြီးစားအောင်မြင်မှု့ရပြီးတဲ့နောက် 'အရိုးဖွဲ့စည်းခြင်းကျင့်စဉ်' ကို စတင် လေ့ကျင့်ရမယ် ဒီစာအုပ်သုံးအုပ်က စစ်သည်တော်တွေရဲ့ အခြေခံ လှံပညာတွေရဲ့ မတူညီတဲ့ အလေးပေးမှုတွေအတွက် အထူးပြုလုပ်ထားတဲ့ နောက်ဆက်တွဲ စာအုပ်တွေပဲ"

ချန်ဆန်းရှီက အာရုံစိုက်လိုက်တဲ့အခါ ကျင့်စဉ်တွေရဲ့ နာမည်တွေကို တွေ့လိုက်ရတယ်–

"ပျံသန်းမြွေလှံ"၊ "ကောင်းကင်စပါးအုံးချပ်ဝတ်တန်ဆာချိုးဖျက်ဖျက်လှံ "၊ "မသေနိုင်သော ရွှေမြွေလှံ"

"ဒီစာအုပ်တွေက ငါ့ဆီမှာပဲ ရနိုင်တာ ကျန်တဲ့ တပ်မှုးတွေက 'အဆင့်မြင့် လှံတံပညာ' ကိုပဲ လေ့လာနိုင်ကြတယ်"

ဝမ်ကျီက ရှင်းပြတယ် "ဒီစာအုပ်သုံးအုပ်က အရှိန်၊ ခွန်အား၊ နဲ့ ခံနိုင်ရည်တို့ကို အသီးသီး အာရုံစိုက်ထားတယ်"

"ငါ့ရဲ့ အကြံပြုချက်ကတော့ ကောင်းကင်စပါးအုံးချပ်ဝပ်တန်ဆာချိုးဖျက်ဖျက်လှံ ကို ရွေးဖို့ပဲ ဒါကို ကျင့်ကြံရင် အလွန် ပြင်းထန်တဲ့ လှံပညာကို ရရှိပြီး စစ်မြေပြင်မှာ ဘယ်သူမှမယှဉ်နိုင်ဘူး စစ်သူကြီးကိုယ်တိုင်

လည်း ငယ်စဉ်က ဒါကို လေ့လာခဲ့တာ"

"နောက်တစ်ခုက ပျံသန်းမြွေလှံပညာ က လေလို လှုပ်ရှားပြီး အကွာအဝေး ပေ နှစ်ဆယ်ကနေ မျက်တောင်တစ်ခတ်အတွင်း အသက်ကို ယူနိုင်တယ်။ သိုင်းပညာ လောကမှာ အရှိန်ကို အနိုင်ယူနိုင်တာမရှိဘူး"

"မသေနိုင်သောရွှေမြွေလှံ ကတော့ တပ်စခန်းရှစ်ခုမှာ 'ထူးခြားတဲ့သာမန် လှံ' လို့လည်း လူသိများတယ် အရှေ့က နှစ်ခုလောက် အရှိန်မမြန်ဘူး မပြင်းထန်ဘူးသူ့ရဲ့ တစ်ခုတည်းသော အားသာချက်က တိုက်ခိုက်နေစဉ်မှာ သွေး-ချီကို ဖြည်းဖြည်းချင်းပဲ သုံးစွဲတာပဲဒါပေမဲ့ ဒါကလည်း လူတစ်ဦးချင်းစီအပေါ် မူတည်ပြီး ကွာခြားတာပေါ့"

သူ စကားမဆုံးခင်မှာပဲ ချန်ဆန်းရှီလက်ထဲမှာ "မသေနိုင်သော ရွှေမြွေလှံ" ရောက်နေပြီ "ကျွန်တော် ဒါကို ရွေးပါမယ်"

"သေချာပြီလား"

ဝမ်ကျီက အလေးအနက် ပြောတယ်"ဒါက စနောက်စရာ မဟုတ်ဘူး သေချာ စဉ်းစားနော်"

"သေချာပါတယ်ဗျာ"

ချန်ဆန်းရှီက သေသေချာချာ စဉ်းစားပြီးသား ဖြစ်တယ်။

အဝေးက တိုက်ခိုက်မှုတွေအတွက်ဆို သူ့မှာ မြားပစ်ပညာ ရှိတယ်။

အရှိန်နဲ့ ပြင်းထန်မှုအပိုင်းမှာဆိုရင် သူ့ရဲ့ အရင်က တိုးမြှင့်ထားတဲ့ အချက်အလက်တွေက ဖုံးအုပ်ပေးထားပြီးသား အခုဆို 'နဂါးဆင်သွေး' နဲ့ ပေါင်းစပ်သွားပြီဖြစ်လို့ ပိုကောင်းတဲ့ အကျိုးသက်ရောက်မှုပဲ ရလာမှာဖြစ်ပြီး ဘာမှ မလိုတော့ဘူး။

သူ့အမြင်အရဆိုရင် စစ်မြေပြင်မှာ အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ခံနိုင်ရည် ပဲ။

သူ ရွီဘင်နဲ့ ပထမဆုံး လေ့ကျင့်တုန်းကကို သတိရတယ်။

အဆင့်ပိုမြင့်တဲ့ သူတစ်ယောက်ကို အနိုင်ယူနိုင်ခဲ့တာဟာ ခံနိုင်ရည်ကို အားကိုးခဲ့လို့ပဲ။

ပြီးတော့ ရွှေခေါင်းလောင်းဘုရားကျောင်းတုန်းက အဖြစ်အပျက်လည်း ရှိသေးတယ်။

မိစ္စာဂိုဏ်းနောက်လိုက်တွေထဲမှာ ပြင်းထန်တဲ့ လူတွေ တော်တော်များများ ပါပေမဲ့ ဘာအသုံးကျလဲ သူတို့ရဲ့ ပြင်းထန်မှုက ကြာကြာ မခံဘဲ သွေး-ချီကုန်သွားပြီး နောက်ဆုံးမှာ အစီအရီ စစ်သားအုပ်စုက ခုတ်သတ်ခြင်းကို ခံခဲ့ရတာပဲ။

"လူငယ်လေး မင်း 'ဟောင်ရန် အသက်ရှူကျင့်စဉ်' ရဲ့ အကျိုးကျေးဇူးကို ခံစားဖူးလို့ ခံနိုင်ရည်ကို စွဲလမ်းနေပုံပဲ"

ဝမ်ကျီက ဝိုင်အိုးတစ်လုံး ထုတ်လာပြီး "လူတိုင်းမှာ ကိုယ်ပိုင်လမ်းကြောင်း ရှိတယ် ငါ ဘာမှ ပိုမပြောတော့ဘူးမင်းရာထူး တက်တာကို ဂုဏ်ပြုတဲ့အနေနဲ့ ငါနဲ့အတူ တစ်ခွက်လောက် သောက်မလား"

"ကျေးဇူးတင်ပါတယ်ခင်ဗျာ ကျွန်တော် လုပ်စရာရှိသေးလို့ပါ"

ချန်ဆန်းရှီက ကျောက်ချောင်နဲ့ တခြားသူတွေကို ဆန်တွေ ချေးပေးမယ်လို့ ကတိပေးထားပြီးသားဖြစ်လို့ မနှောင့်နှေးချင်ဘူး။

"ဂုဏ်ယူပါတယ် အလံမှုးချန် ရေ"

အပြင်ဘက်ရောက်တော့ ဂုဏ်ပြုစကား ပြောဖို့ လူအများကြီး ရောက်လာကြတယ်။

ဒါပေမဲ့ အပျော်ဆုံးသူတွေကတော့ သူ့ရဲ့ လက်အောက်ခံတွေပဲ။

သူတို့ရဲ့ ခေါင်းဆောင်က ကျင့်ကြံမှုမှာ အောင်မြင်ခဲ့ပြီဆိုတော့ သူတို့လည်း အကျိုးကျေးဇူး ရရှိကြတယ်။

'သွေးဖြည့် အားဆေးရည်' နှစ်ခွက်၊ ဒါက ဈေးကွက်ပေါက်ဈေးနဲ့ဆို ငွေ တန်ချိန် ခြောက်ဆယ်လောက် တန်တယ်။ ဘယ်လောက်တောင် ကြီးမားတဲ့ အရာလဲ။

ကျူထုံက ပျော်လွန်းလို့ ပါးစပ် မပိတ်နိုင်ဖြစ်နေတယ်။

ရွှီဝမ်ချိုင်လည်း ငွေ နှစ်တေးလောက် ရလိုက်လို့ အရမ်း ကျေနပ်နေတယ်။

သူက နောက်က လိုက်လာပြီး"ဆရာစခန်းကနေ ထွက်တော့မလို့လား

ကျွန်တော်လည်း အိမ်ပြန်ဖို့လိုတယ် အတူတူ သွားကြမယ်လေ"

ချန်ဆန်းရှီက မေးလိုက်တယ်"မင်းတို့ မိသားစုရဲ့ အိမ်ကပျက်သွားတာ မဟုတ်ဘူးလား ဘာပြန်လုပ်ဖို့လဲ"

"အထိမ်းအမှတ် ကျောက်တိုင် စိုက်ဖို့ပါဗျာ"

ရွှီဝမ်ချိုင်က မျက်တောင်တွေကို မှိတ်လိုက်ပြီး "ကျွန်တော့် အမေရဲ့ ဂူက ခုထိ သစ်သားတုံးလေးပဲ ရှိသေးတာ အခု ဆရာဆုချတဲ့ ငွေတွေရလို့ ပန်းပုဆရာ ငှားပြီး သေသေချာချာ အထိမ်းအမှတ် ကျောက်တိုင် စိုက်ဖို့ စီစဉ်နေတာပါ"

"သွားကြစို့"

ချန်ဆန်းရှီက သူ့ရဲ့ လေး၊ မြားတွေနဲ့ လှံကို အကျင့်အတိုင်း သယ်ဆောင်လိုက်တယ်။

'ဗိုင်ဟူမြင်း' ပေါ်မှာ ဆန်အိတ် နှစ်အိတ် တင်ပြီး ရွှီဝမ်ချိုင်နဲ့အတူ လမ်းတစ်လျှောက် အေးအေးဆေးဆေး လျှောက်သွားခဲ့ကြတယ်။

ဗိုင်ဟူမြင်းက အထူးတလည် ဦးဆောင်နေစရာမလိုဘဲ သူတို့နောက်ကို အလိုအလျောက် အနီးကပ် လိုက်နေတယ်။

"ဆရာက တကယ်ကို အထင်ကြီးစရာပဲ"

ရွှီဝမ်ချိုင်က မြင်းကို ပုတ်ပြီး "ဒီလို စိတ်ဓာတ် ပြင်းထန်တဲ့ မြင်းကိုတောင် ဆရာက ယဉ်ပါးအောင် လုပ်နိုင်တယ် နောင်တချိန်မှာ ဆရာကအောင်မြင်မှုကြီးတွေ ရမှာ သေချာတယ်"

"..."

ချန်ဆန်းရှီက ဒီလို အပြောအဆို မြောက်ပင့်မှုမျိုးကို ဘယ်လို ပြန်ပြောရမှန်း မသိဘူး ဖြစ်နေတယ်။

ရွှီဝမ်ချိုင်က လည်ချောင်း ရှင်းပြီး စကားလမ်းကြောင်း ပြောင်းလိုက်

တယ်"ဆရာလူသစ်တွေ ခေါ်ယူဖို့အတွက် စာတမ်းတစ်စောင် ရေးပေးရမလား"

"လူသစ်ခေါ်မယ်"

ချန်ဆန်းရှီက မေးလိုက်တယ် "မင်း ဆိုလိုတာက ငါ့လက်အောက်က လစ်လပ်နေတဲ့ နေရာတွေလား"

"ဟုတ်ပါတယ်ဗျာ"

ရွှီဝမ်ချိုင်က လေးလေးနက်နက် ပြောတယ် "ကျွန်တော် လူတွေကို တရားစီရင်တဲ့နေရာမှာတော့ အနည်းငယ် ကျွမ်းကျင်တယ်လို့ ဝန်ခံရမယ် ဒီရက်ပိုင်း ဆရာနဲ့ ပေါင်းသင်းခဲ့ရတာ ကျွန်တော့်ကို ပိုပြီး ယုံကြည်မှု့ရှိလာစေတယ်သခင်လေးက သာမန်လူ မဟုတ်ဘူး၊ နောင်တချိန်မှာ အောင်မြင်မှုကြီးတွေ ရမှာ သေချာတယ်..."

"ရပ်၊ ရပ်လိုက်"

ချန်ဆန်းရှီရဲ့ ဦးရေပြားက အနေရခက်စွာ ယားယံလာပြီး ကြားဖြတ် ပြောလိုက်တယ်"လူသစ်ခေါ်တဲ့ ကိစ္စ နောက်မှ ပြောကြမယ် အလျင်လိုစရာ မရှိသေးပါဘူး"

"ဘယ်လိုလုပ် အလျင်မလိုရမှာလဲ သခင်လေးရဲ့"

ရွှီဝမ်ချိုင်က ပြောလိုက်တယ် "မှတ်ထားပါ၊ အရင် မင်းဆက်ရဲ့ ဘိုးဘေးကြီးက စစ်မှုထမ်းဖို့ နယ်နှင်ခံရရင်းနဲ့ ပုန်ကန်ပြီး အရာရှိတွေကို သတ်ခဲ့တယ် သူ့နဲ့အတူပါလာတဲ့ လူတွေ အများစုက နောက်ပိုင်းမှာ တိုင်းပြည် တည်ထောင်သူ သူရဲကောင်းတွေ ဖြစ်လာကြတယ်"

"ပြီးတော့ ကျွန်တော်တို့ မင်းဆက်ရဲ့ ဘိုးဘေးကြီးကို ကြည့်ပါဦး သူ ကျွန်ဘဝမှာ ချစ်ခင်ခဲ့တဲ့ သစ္စာဆို ညီအစ်ကိုတွေက ရှန်မင်းဆက် တည်ထောင်တဲ့ အစောပိုင်း ကာလမှာ အုတ်မြစ်ကို ဖြစ်စေခဲ့တာ"

"ဒါတွေကနေ ကြည့်ရင် အောင်မြင်မှုကြီးတွေ ရဖို့ဆိုရင် အဖွဲ့ကို စောစောစီးစီး စုဆောင်းထားရမယ်ဆိုတာ မြင်နိုင်တယ်"

"အောင်မြင်မှုကြီးတွေ"

ချန်ဆန်းရှီနားထောင်လေလေ စိတ်မသက်မသာ ဖြစ်လေလေပဲ"မင်း ဘာလုပ်ဖို့ စီစဉ်နေတာလဲ"

"အဟမ်း၊ အဟမ်း"

"ဆရာ နားလည်မှု လွဲတော်မမူပါနဲ့"

ရွှီဝမ်ချိုင်က "နွေဦးရောက်ရင် စစ်ပွဲ စတော့မယ် ကျွန်တော်တို့ လက်အောက်မှာ လူများလေလေ အောင်ပွဲရဖို့ အခွင့်အရေး ပိုများလေလေ မဟုတ်ဘူးလား"

"ဒါဆို မင်း ရေးချင်တာ ရေးလိုက်တော့"

ဒါက ချန်ဆန်းရှီ ခရီးသွားရင်း သတိထားမိတဲ့ အရာပဲ။

သူ ရွာသူရွာသား အများအပြားကို အဝတ်စုတ်တွေနဲ့ ရှိနေတာ တွေ့ခဲ့ရတယ်။ စစ်တပ်ထဲ ဝင်ရင် အနည်းဆုံးတော့ ဗိုက်ဝအောင် စားရပြီး နွေးနွေးထွေးထွေး နေရမှာ။

ဟုတ်တာပေါ့၊ ဒီအတွက် စစ်မြေပြင်မှာ အသက်ပေးရနိုင်တယ်။

သူတို့ကို ခေါ်ယူနိုင်မလား၊ မနိုင်မလားကတော့ ကံကြမ္မာပေါ်မှာပဲ ထားလိုက်တော့မယ်။

"ကောင်းပါပြီဗျာ"

ရွှီဝမ်ချိုင်က အထူး စိတ်လှုပ်ရှားပြီး "ဆရာသေချာ ကြည့်ထားပါ"

"..."

ချန်ဆန်းရှီက ဒီလူက လေ့ကျင့်ရေး မဆင်းရင် တစ်နေကုန် ဘာလုပ်နေလဲဆိုတာ စဉ်းစားမိလာတယ်။

နှစ်ယောက်သား အေးအေးဆေးဆေး စကားပြောရင်းနဲ့ ယန်ဘင်းရွာ အဝင်ဝကို ရောက်လာခဲ့ကြတယ်။

"ဆန်းရှီ၊ မင်း ပြန်လာရဲသေးတာပဲ မင်းက ရွာသူရွာသားတွေကို ဒုက္ခပေးတဲ့သူ ဖြစ်နေပြီ"

ရင်းနှီးတဲ့ ခါးသီးသံတစ်ခု ထွက်လာတယ်။

ချန်ဆန်းရှီက စိတ်မဆိုးဘဲ–"ဦးလေး လိုင်ဇီ၊ ဘာဖြစ်ပြန်ပြီလဲဗျာကျွန်တော်က ဘယ်လိုလုပ် ရွာသူရွာသားတွေကို ဒုက္ခပေးရတာလဲ?"

"ဟုတ်တယ်၊ မင်းက ကျောက်ချောင်ကို ဖျက်ဆီးလိုက်ပြီ"

"ဦးလေး ကျောက်လား"

ချန်ဆန်းရှီက မျက်မှောင်ကြုတ်ပြီး "သူ့ဘာဖြစ်တာလဲကျွန်တော် သူ့ကို မကြာသေးခင်က တောင်ပေါ် မတက်ဖို့ ပြောထားတာပဲ"

"တောင်ပေါ်မှာ တစ်ခုခု ဖြစ်တယ်လို့ ဘယ်သူက ပြောလဲ"

ဦးလေး လိုင်ဇီက နှုတ်ခမ်း မဲ့လိုက်ပြီး "သိုင်းပညာခန်းမက တပည့်အများအပြားက ရွာထဲမှာရှိတဲ့ ကျောက်ချောင်ရဲ့ အိမ်ကို ပိတ်ဆို့ထားကြတယ် မင်း တစ်ယောက်ယောက်ကို စော်ကားခဲ့တာ ဖြစ်ရမယ်"

"ထိုက်လေသိုင်းပညာခန်းမဖြစ်နေမလား?"

ချန်ဆန်းရှီက "ဘယ်သူတွေရှိနေတာလဲ"

"အရင်တုန်းက ကျန်းရှင်းကို တူးမြောင်း ပြင်ဖို့ ပိတ်မိအောင် လုပ်ခဲ့တဲ့သူတွေရယ်၊ နားတစ်ဖက် မရှိတဲ့သူ တစ်ယောက်ရယ်၊ သူတို့က အဲဒီလူကို 'အစ်ကိုကြီး' လို့ ခေါ်ကြတယ်"

ဦးလေး လိုင်ဇီက မြင်းပေါ် တက်နေတဲ့ လူငယ်လေးကို ကြည့်ပြီး သတိပေးတယ်"မင်း တကယ် သွားရဲလို့လားသူတို့ အဖွဲ့လိုက်ကြီး အသတ်ခံရမှာ မကြောက်ဘူးလား"

"သွားကြစို့"

ချန်ဆန်းရှီက ဘာမှ ပြန်မပြောဘဲ ဗိုင်ဟူမြင်းကို စီးပြီး ရွာထဲကို တန်းတန်းမတ်မတ် ဝင်သွားတယ်။

အသတ်ခံရမယ်ပေါ့လေ

ဘယ်သူ အန္တရာယ်ရှိမလဲဆိုတာ မသေချာသေးဘူး။

ဗိုင်ဟူမြင်းက မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားပြီး၊ ဖုန်တွေ ထူထူထပ်ထပ် ထနေတဲ့ထဲမှာ ရွှီဝမ်ချိုင်က ချောင်းဟန့်နေရစ်တယ်။

သူ လက်နဲ့ ပါးစပ်ကို အုပ်ပြီး"အိမ်နီးချင်း သူတို့ ဘယ်နှစ်ယောက်တောင် ရှိလို့လဲဗျာ"

"သုံးဆယ်ကျော်" ဦးလေး လိုင်ဇီက မျက်လုံး ပြူးပြီး "တစ်ယောက်ကို ဓားတစ်ချောင်းစီ ကိုင်ထားကြတာ အရမ်း ကြောက်စရာ ကောင်းတယ်"

ဒီစကားကို ကြားလိုက်တော့ ရွှီဝမ်ချိုင်က ရွာထဲကို လိုက်မသွားတော့ဘဲ ဦးတည်ရာ ပြောင်းပြီး တပ်ရင်းရဲ့ ဘက်ကို ပြေးသွားပါတော့တယ်။

All Chapters