← Chapters

အခန်း (၅၅)

Vol. 5 Ch. 55

အခန်း (၅၅)

Vol. 5 Ch. 55

"သေချာရဲ့လား သူတို့နဲ့ ချန်ဆန်းရှီက ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်ဆိုတာ?"

"သေချာပါတယ်"

ဟွမ်ထောင်က မျက်နှာတစ်ခြမ်းကို ပတ်တီးစည်းထားရင်း ခုံပေါ်မှာ ထိုင်နေတယ်။

သူ့ရှေ့မှာတော့ ကိုယ်ခံပညာခန်းမက တပည့်နှစ်ယောက်က ခါးကိုင်းပြီး ဦးညွှတ်နေကြတယ်။

သူတို့က ကျန်းချောင်းနဲ့ လီဟောင်တို့ ဖြစ်ကြတယ်။

နားတစ်ဖက် အဖြတ်ခံထားရတဲ့ ဟွမ်ထောင်က ဒီရန်ငြိုးကို ဘယ်လိုလုပ် အလွယ်တကူ မေ့နိုင်ပါ့မလဲ။

စစ်တန်းလျားက ကောင်လေးကို အရိုးထဲက ခါးခါးသီးသီး မုန်းတီးနေတာ၊ သူ့သွားတွေတောင် ယားယံလာတဲ့အထိပဲ။

ဒါပေမဲ့ တိုက်ပွဲမှာ သူ့ကို အနိုင်ယူလို့ မရဘူး။

ဒါကြောင့် သူက မရိုးသားတဲ့ နည်းလမ်းတွေကို သုံးရတော့မယ်။

သူ့ရဲ့ အစေခံ တပည့်တွေ ဖြစ်တဲ့ ကျန်းချောင်နဲ့ လီဟောင်တို့က ဒီအကြောင်းကို သိပြီး အကြံဉာဏ် ပေးဖို့ ပြေးလာကြတယ်။

သူတို့မှာ နည်းလမ်းရှိတယ်၊ ချန်ဆန်းရှီကို သတ်လို့ မရရင်တောင်မှ သူ့ကို သင်ခန်းစာ ပေးနိုင်တယ်လို့ ပြောတယ်။

ဒါကတော့ သူ့ပတ်ဝန်းကျင်က လူတွေကို တိုက်ခိုက်ဖို့ပဲ။

မင်းက အရမ်းတော်တယ် သန်မာတယ် ထင်တယ်ပေါ့၊ ဒါဆို မင်းပတ်ဝန်းကျင်က လူတွေကော ဘယ်လိုလဲပေါ့။

"သေချာပါတယ်"

ကျန်းချောင်က ယုံကြည်မှု အပြည့်နဲ့ အတည်ပြုတယ်"အရင်တုန်းက ကျွန်တော်တို့ မျက်စိနဲ့ ကိုယ်တိုင် မြင်ခဲ့ရတယ် အဲဒီ ချန်ဆိုတဲ့ကောင်က အမဲလိုက်သမား သုံးယောက်ကို ဦးဆောင်ပြီး ဝက်ဝံမဲကြီးကို သတ်လိုက်တယ် ပြီးတော့ ကျွန်တော်တို့ဆီကိုပါ မြားပစ်ခဲ့သေးတာ သူတို့ရဲ့ ဆက်ဆံရေးက ကောင်းတာ သေချာတယ်"

သူတို့မှာ မကျေနပ်ချက်တွေ ရှိပေမဲ့ လက်စားချေဖို့အတွက် ရဲစွမ်းသတ္တိနဲ့ ခွန်အားကတော့ မရှိကြဘူး။

အခွင့်အရေး ရလာတော့လည်း ပါဝင်ပတ်သက်ချင်ကြတာ သဘာဝပဲ။

"ဒီနည်းက သေချာပေါက် အလုပ်ဖြစ်လိမ့်မယ်"

လီဟောင်က ဂုဏ်ယူစွာ ပြောတယ် "အဲဒီကောင်လေးမှာ အရင်တုန်းက ညီအစ်ကိုတစ်ယောက် ရှိဖူးတယ် သူ့ကို ကျွန်တော်တို့က တူးမြောင်းမှာ အလုပ်လုပ်ဖို့ ပို့လိုက်တာ ခုထိ ဘာဖြစ်သွားမှန်း မသိဘူး သူ ကျွန်တော်တို့ကို ဘာလုပ်နိုင်မှာလဲ"

"အစ်ကိုကြီး တကယ်ပဲ ဒီအပေါ်မှာ ယုံကြည်မှု ရှိရဲ့လား"

သူ့ဘေးက ဝေရွှီက နည်းနည်း စိုးရိမ်နေတယ် "မစ္စတာ ဝူက အရင်တုန်းက ပြောခဲ့တယ် သူ့ကို အလွယ်တကူ မနှိုးဆွပါနဲ့လို့..."

"ငါ့ နားက ဘယ်လိုလုပ်မလဲ"

ဟွမ်ထောင်က ဒေါသတကြီး ပြောတယ်"ငါ သူ့ကို မသတ်ရဲရင်တောင်၊ ဒီ ဆင်းရဲတဲ့ အမဲလိုက်သမား အနည်းငယ်ကိုသတ်ရမယ် သူ့ကြောင့် လူတွေ ဒုက္ခရောက်နေတာကို သူ မြင်ပါစေ အနည်းဆုံးတော့ ဒါက နှစ်သိမ့်မှုတစ်ခု ဖြစ်စေတယ်"

"ဟုတ်ပါတယ်"

ကျန်းချောင်းက မြှောက်ပေးတယ်"ဒီနေ့ ကျွန်တော်တို့ ညီအစ်ကို သုံးဆယ်ကျော်ကို ခေါ်ထားတယ် သူက တစ်ယောက်တည်းပဲ၊ ဘာကို ကြောက်ရမှာလဲ ပြီးတော့ အခုက နေ့ခင်းကြောင်တောင်ကြီး၊ လမ်းပေါ်မှာ သူ လူသတ်ရဲမှာတဲ့လား"

"ကောင်းပြီ "

ဟွမ်ထောင်က အမိန့်ပေးသလို လက်ဝှေ့ယမ်းပြီး "အဲဒီ အမဲလိုက်သမားတွေကို ဒီကို ခေါ်လာခဲ့"

သိုင်းပညာခန်းမတပည့်အချို့က မျက်နှာတွေ ဖူးယောင်ညိုမဲနေတဲ့ အမဲလိုက်သမား သုံးယောက်ကို ခေါ်လာခဲ့ကြတယ်။

သူတို့က ကျောက်ချောင်၊ ဝူဒါ နဲ့ ကျွမ်းရီတို့ပဲ ဖြစ်ကြတယ်။

"လွှတ်ပေးစမ်း၊ မင်းတို့ရဲ့ ဘိုးဘွားတွေရဲ့ အစွယ်ကို ချိုးပစ်မယ်——"

"ပါးရိုက်ခံထိုက်တယ် ဘယ်သူ့ကို ဆဲနေတာလဲ"

ကျန်းချောင်းက တက်ပြီး ပါးရိုက်လိုက်တယ်။

"မင်း... မင်းတို့ ဘာအကြောင်းပြချက်နဲ့ ငါတို့ကို ဖမ်းတာလဲ"

ဝူဒါရဲ့ ပါးစပ်က သွေးတွေ ထွက်နေတယ်"ကျွန်တော်တို့ ဘာဥပဒေမှ မချိုးဖောက်ထားဘူး"

"ဥပဒေ မချိုးဖောက်ဘူးဟုတ်လား"

လီဟောင်က သူ့ဝတ်ရုံထဲ လက်နှိုက်ပြီး အက်နေတဲ့ ကျောက်ဆွဲကြိုး တစ်ခုကို ထုတ်လိုက်တယ်"ဒါဆို ဒါက ဘာလဲ မင်းတို့ ငါတို့အစ်ကိုကြီးရဲ့ ပစ္စည်းကို ခိုးပြီးတော့ အခု ငြင်းနေတာလား"

"မင်းတို့ လျှောက်ပြောနေတာ ငါတို့ကို မဟုတ်မမှန် စွပ်စွဲနေတာ"

ဝူဒါက အကျယ်ကြီး ကျိန်ဆဲလိုက်တယ်။

ဒီမနက်မှာ သိုင်းပညာခန်းမက တပည့်တွေက သူ့အိမ်ထဲ ရုတ်တရက် ဝင်ရောက်လာပြီး သူ တစ်ခါမှ မမြင်ဖူးတဲ့ ကျောက်ဆွဲကြိုးတစ်ခုကို တွေ့ခဲ့ကြတယ်။

သူတို့က သုံးယောက်လုံး ပူးပေါင်းပြီး ခိုးယူတယ်လို့ စွပ်စွဲကြတယ်။

ဒီလို မဟုတ်မမှန် စွပ်စွဲချက်က ရိုင်းစိုင်းပြီး ရက်စက်တယ်၊ ဘာယုတ္တိမှလည်း မရှိဘူး။

"ဆင်းရဲသားတွေ"

ဟွမ်ထောင်က အေးစက်စက် ပြောလိုက်တယ်"မင်းတို့ တောင်ပေါ်မှာ အမဲလိုက်ရင်းနဲ့ ငါ့ပစ္စည်းတွေကို ခိုးတာ ကျေးလက်က လူတွေက တကယ်ကို နိမ့်ကျတယ်"

"မင်းလည်း ကျေးလက်ကပဲ"

ကျွမ်းရီက အော်ဟစ်လိုက်တယ် "မင်းက ဟွမ်ထောင် မဟုတ်လား? မင်းတို့ မိသားစုက အရင်တုန်းက ချန်မိသားစုရွာမှာ ကောက်ရိုးဖျာ ရက်ဖူးတယ်။ မင်းရဲ့ နှမက မြို့ထဲက အသက်ခုနစ်ဆယ်အရွယ် မစ္စတာ ဖန်ရဲ့ မယားငယ် ဖြစ်ပြီးမှသာ မင်းက သိုင်းပညာခန်းမထဲ ဝင်ခွင့်ရတာ..."

"ပါးစပ်ပိတ်ထားစမ်း"

ဟွမ်ထောင်က ဒေါသနဲ့ ရှက်ရွံ့မှုကြောင့် သူ့မျက်နှာကို နင်းချလိုက်တယ်– "ဒီ့ထက် ပိုပြီး အဓိပ္ပါယ်မရှိတာတွေ ပြောနေရင် မင်း ခေါင်းကို အပိုင်းပိုင်း ကြေသွားအောင် ရိုက်ပစ်မယ်"

ကျောက်ချောင်က အသက်ကြီးတဲ့အတွက် စကားများနေတာက အလကားပဲဆိုတာ နားလည်တယ်။

သူက တောင်းပန်လိုက်တယ် "အရှင်ကျွန်တော်တို့ကို ဘယ်လိုလုပ်ပေးရင် ကျွန်တော်တို့ကို ခွင့်လွှတ်ပေးမှာလဲ"

"လျော်ကြေးကမင်းတို့ ဘယ်လိုမှ မတတ်နိုင်ဘူး"

ဟွမ်ထောင်က သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကို ထုတ်ဖော်လိုက်တယ် "ငါက စိတ်သဘောထား ကြီးမြတ်သူမို့ မင်းတို့ကို အခွင့်အရေး ပေးမယ် သွားပြီး ချန်ဆန်းရှီကို ဒီကို ခေါ်လာခဲ့ မင်းတို့အတွက် လာပြီး တောင်းပန်ခိုင်းလိုက်"

"ကျွန်တော်တို့... ကျွန်တော်တို့ ချန်ဆန်းရှီကို မသိပါဘူး"

ကျောက်ချောင်က အံ့အားသင့်စွာ ကြေညာလိုက်တယ်။

"ဦးလေး ကျောက်"

ဝူဒါနဲ့ ကျွမ်းရီတို့က ဘာလို့ ဒီလို ပြောလိုက်မှန်း နားမလည်နိုင်ဘဲ တွေဝေစွာ ကြည့်နေကြတယ်။

ကျောက်ချောင်က ခေါင်းကို အနည်းငယ် ခါလိုက်ပြီး မျက်လုံးနဲ့ အချက်ပြလိုက်တယ်။

သူ အဖြစ်မှန်ကို မြင်နေရပြီလေ။

ဒီလူတွေက ချန်ဆန်းစီးကို ပစ်မှတ်ထားနေတာပဲ။

သူတို့ရှေ့မှာ လူ ခုနစ်ယောက် ရှစ်ယောက် ရပ်နေပြီး အနီးအနားမှာ အနည်းဆုံး နှစ်ဆယ်ကျော်လောက် ပုန်းအောင်းနေကြတယ်၊ တစ်ယောက်စီမှာ ခါးမှာ ဓားမြှောင်တွေ ဆွဲထားကြတယ်။

သိသာတယ်

သူတို့ စစ်တန်းလျားကို ဒုက္ခပေးရဲမှာ မဟုတ်ဘူး သူတို့က ဒီလူတွေကို အသုံးပြုပြီး ခန်ဆန်းရှီကို ဆွဲဆောင်ထုတ်ဖို့ ပြီးတော့ သူ့ကို ဒုက္ခပေးဖို့ မျှော်လင့်နေတာပဲ

တကယ်ပဲ

ကျောက်ချောင်က သူ အကြောင်းမဲ့ ဒီအထဲ ပါလာတာကို သိလိုက်တယ်။

ဒါပေမဲ့ သူတို့က ချန်ဆန်းရှီကို တောင်ပေါ် လိုက်ပို့ခိုင်းဖို့ အတင်းအကျပ် မလုပ်ခဲ့ဘူးဆိုရင် ဒီလို အခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘူး။

သူ့ရဲ့ ကြင်နာမှုကနေ အကျိုးအမြတ် ရခဲ့ပြီးတဲ့နောက် ဒီလို အခြေအနေမျိုးနဲ့ ကြုံလာရတဲ့အခါ မညည်းညူသင့်ဘူး။

ဒါ့အပြင် ချန်ဆန်းရှီကိုလည်း ဒုက္ခ မပေးသင့်ဘူး။

သူတို့ သိုင်းပညာကို နားမလည်ပေမဲ့ ဒါတွေဟာ သိုင်းပညာ သခင် ဒါဇင်များစွာဆိုတာ သိတယ်။ ချန်ဆန်းရှီကကျားကို တိုက်ခိုက်နိုင်ရင်တောင် သူ လာခဲ့ရင် အကြီးအကျယ် ခံစားရမှာ သေချာတယ်။

"မသိဘူးဟုတ်လား"

ဟွမ်ထောင်က သူ့ အတွေးတွေကို ဖတ်လိုက်တယ်"မင်းတို့ ခွေးကောင်တွေ၊ ရိုက်ကြစမ်း"

ကျန်းချောင်းနဲ့ လီဟောင်က လက်မြှောက်ဖို့ ပထမဆုံး ဖြစ်တယ်။

မကြာခင်မှာပဲ သူတို့ သုံးယောက်လုံး သွေးတွေ ဖုံးလွှမ်းပြီး တစ်ကိုယ်လုံးညိုမဲသွားကြတယ်။

ဒီ မြင်ကွင်းကို ယန်ဘင်းရွာက ရွာသူရွာသား အများအပြားက အဝေးကနေ မြင်တွေ့ခဲ့ရတယ်။

ဒါပေမဲ့ သူတို့က ဒေါသထွက်ပေမဲ့ စကား မပြောရဲကြဘူး။

ဟွမ်ထောင် စိတ်မရှည်တော့ဘူး "ထားလိုက်တော့၊ ဝေ၊ မင်း စစ်တန်းလျားကို သွားပြီး ချန်ကို လှည့်စားပြီး ခေါ်ထုတ်လာ"

"ကျွန်တော်လား"

ဝေရွှီရဲ့ ခေါင်းက ပုံမှန်မဟုတ်ဘဲ တုန်ခါနေတယ် ရဲစွမ်းသတ္တိ မရှိဘူးဆိုတာ ထင်ရှားတယ်။

သူက ကျန်းချောင်းကို လက်ညှိုးထိုးပြီး "မင်းတို့ နှစ်ယောက် သွားလိုက်"

"အာ၊ အစ်ကို"

ကျန်းချောင်နဲ့ လီဟောင်က ဆက်ပြီး နောက်ဆုတ်နေကြတယ် "ကျွန်တော်တို့... ကျွန်တော်တို့ တပ်ရင်းက ဘယ်မှာ ရှိမှန်း မသိဘူး"

"ဒုတ် ဒုတ်..."

ရုတ်တရက်ဆိုသလို စစ်ဗုံသံလို မြင်းခွာသံတွေ သူတို့ နားထဲမှာ မြည်လာတယ်။

အသံလာရာ အရပ်ကို ကြည့်လိုက်တော့ ရွှံ့လမ်းရဲ့ အဆုံးမှာ ဖုန်မှုန်တွေ ထနေတာကို တွေ့ရတယ်။

အဖြူရောင် မြင်းတစ်ကောင်က သဲဝါတွေကြားကနေ ပြေးထွက်လာတယ်။

မြင်းပေါ်မှာတော့ သံချပ်ကာဝတ်ထားတဲ့ လူငယ်လေးတစ်ယောက် ထိုင်နေတယ်။ သူ့နောက်ကျောမှာ လေး၊ မြားတွေနဲ့ လှံရှည်ကြီးကို လွယ်ထားတယ်။ ဖုန်မှုန်တွေ အရမ်း ထူနေလို့ သူ့ရဲ့ မျက်နှာအမူအရာကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး။

"သူပဲ"

ကျန်းချောင်းနဲ့ လီဟောင်တို့ သက်ပြင်းချလိုက်ကြတယ် "သူ လာပြီ"

"အချိန်ကိုက်ပဲ"

ဟွမ်ထောင်က ဝမ်းသာအားရ အရိပ်အယောင်လေး ပြလိုက်တယ်။

သူက လူငယ်လေးရဲ့ ဦးတည်ရာကို ရည်ရွယ်ချက်ရှိရှိ အကျယ်ကြီး အော်

လိုက်တယ်"ချန် မင်းရဲ့ ရွာသားတွေက ငါ့ဆီက ခိုးယူခဲ့တာ မင်း ဒီကိစ္စကို ဝင်မပါဖို့ ငါ အကြံပေးမယ်"

"ချန်ဆန်းရှီသူတို့က လူများတယ်၊ သတိထား..."

ကျောက်ချောင်က သတိပေးစကား ပြောချင်ပေမဲ့ ဒဏ်ရာတွေကြောင့် အသံကို ကျယ်အောင် မပြုလုပ်နိုင်ဘူး။

"ပါးစပ်ပိတ်ထား"

ဟွမ်ထောင်က သူ့ကို ခြေထောက်နဲ့ ကန်လိုက်ပြီး ဆက်အော်တယ် "မင်း တကယ် ဝင်ပါချင်တယ်ဆိုရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး ဒါပေမဲ့ မင်း သူတို့အတွက် ဒူးထောက်ပြီး တောင်းပန်ရမယ် မဟုတ်ရင် ငါ သူတို့ရဲ့ ခြေလက်တွေကို ခုတ်ဖြတ်ပြီး ခရိုင်အစိုးရ ထောင်ထဲ ပို့ပစ်မယ်"

"ဒုတ် ဒုတ် "

ဘာ အဖြေမှ ပြန်မလာဘူး၊ မြင်းခွာသံ မြန်မြန်ဆန်ဆန် ပြေးလာတဲ့ အသံပဲ ကြားရတယ်။

"ချန်၊ ငါတို့ရဲ့ အစ်ကိုကြီးက မင်းကို စကားပြောနေတာ၊ မင်း မကြားဘူးလား"

ကျန်းချောင်နဲ့ တခြားသူတွေက ရှေ့ကို တစ်လှမ်း တိုးလိုက်ကြတယ် "မြင်းပေါ်က ဆင်း"

သူတို့က သူ့ကို တစ်ယောက်တည်း ချဉ်းကပ်ဖို့ သတ္တိ မရှိကြဘူး။

ဒါပေမဲ့ သူတို့နောက်မှာ တပည့်သုံးဆယ်ကျော် ရပ်နေတာကြောင့် ရုတ်တရက် သူတို့ရဲ့ သတ္တိတွေ တွေ့လာပြီး အတော်လေးလည်း များလာတယ်။

ဘာ အဖြေမှ မလာပြန်ဘူး။

စစ်မြင်းကသာ လျင်မြန်စွာ ချဉ်းကပ်လာတယ်။

"ဘာလို့ ငါ တစ်ခုခု မမှန်ဘူးလို့ ခံစားနေရတာလဲ"

လီဟောင်က နည်းနည်း စိတ်မသက်မသာ ဖြစ်လာတယ် မြင်းပေါ်က လူငယ်လေးက ဘယ်အချိန်ကတည်းက လက်ထဲက ကကြိုးကို လေးနဲ့မြားနဲ့ အစားထိုးလိုက်ပြီး သူ့ကို ပစ်မှတ်ထားနေမှန်း သတိထားမိလိုက်တယ်။

"ဖျတ်—"

လူတိုင်းရဲ့ အကြည့်အောက်မှာ အနက်ရောင် အရိပ်တစ်ခု လျှပ်တစ်ပြက် ဖြတ်သွားပြီး လီဟောင်ရဲ့ နှလုံးသားကို တိုက်ရိုက် ထိုးဖောက်လိုက်တယ်။ သူ ခေါင်းစိုက်ကျသွားပြီး လှုပ်ရှားမှု မရှိတော့ဘူး။

"အာ"

ကျန်းချောင်ရဲ့ ပါးစပ်က ဟောင်းလောင်း ဖြစ်နေတယ်။

ဒါက သူ စိတ်ကူးထားတာနဲ့ လုံးဝ မတူဘူး။

ရောက်တာနဲ့ သတ်လိုက်တာလားသူ ဘယ်လိုလုပ် ဒီလောက် ရဲရဲတင်းတင်း လုပ်ရဲတာလဲ

သူ အားယူထားတဲ့ အတုအယောင် သတ္တိတွေက ချက်ချင်း ကြေမွပျက်စီးသွားတယ်။

ဒုတိယမြောက် မြားက လျင်မြန်စွာ နောက်က လိုက်လာပြီး သူ့ရဲ့ ဦးခေါင်းနောက်ဘက်ကနေ ထွက်သွားကာ သူ့ကို ချက်ချင်း သတ်လိုက်တယ်။

အရာအားလုံး အရမ်း မြန်ဆန်လွန်းတယ်။

ဟွမ်ထောင်အဖွဲ့နဲ့ ခိုးကြည့်နေတဲ့ ရွာသူရွာသားတွေပါ စကားမပြောနိုင်ဘဲ ကျောက်ရုပ်လို ရပ်နေကြတယ်။

"တိတ်..."

နောက်ဆုံးတော့ လူငယ်လေးရဲ့ အသံက တိတ်ဆိတ်မှုကို ဖြတ်ကျော်လိုက်တယ်။

"ငါ့မှာ မြားတွေ အများကြီး မကျန်တော့ဘူး"

ချန်ဆန်းရှီက သူ့ မြားအိတ်ကို ငုံ့ကြည့်ပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်တယ် "ဟွမ်ထောင်နဲ့ ဝေရွှီကလွဲပြီး အသက်ရှင်ချင်တဲ့ တခြားသူတွေ ထွက်သွားနိုင်တယ် ဒါပေမဲ့ ငါ တဆယ်ထိပဲ ရေတွက်မယ်"

All Chapters