← Chapters

မိုးသည်းထန်နေသော အထီးကျန်ညတစ်ည ( ၁ )

Vol. 7 Ch. 97

မိုးသည်းထန်နေသော အထီးကျန်ညတစ်ည ( ၁ )

Vol. 7 Ch. 97

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ လေနှင့်မိုးက တစတစ ကြမ်းတမ်းလာသည်။

တရွှီရွှီအော်မြည်နေသော လေတိုက်ခတ်သံများက ချီရွှဲ့ထုံဂိုဏ်း၏ ပင်မမြို့ကြီးထဲ ပဲ့တင်ထပ်နေပြီး လမ်းကြိုလမ်းကြာများနှင့် လမ်းမကြီးပါမကျန် အော်မြည်နေပြီးနောက် ကောင်းကင်ယံသို့ လွင့်ပျံတက်သွားကာ မြေပြင်ပေါ် ကျဆင်းလာနေသော မိုးရေစက်များနှင့် ပွေ့ဖက်သွားကြသည်။

မိုးရေစက်များက ပန်းချွမ်လမ်းပေါ်ရှိ ရွှီချင်းအပေါ်သို့လည်း ကျဆင်းနေ၏။

လမ်းဘေးရှိ လမ်းခင်းအုတ်များပေါ် မိုးရေကျသံ တဖျောက်ဖျောက်လွင့်ပျံနေသည်။ လေသည်လည်း ငြိမ်သက်မနေဘဲ သူ၏ဝတ်ရုံရှည်ကို တိုက်ခတ်သွားလေရာ တဟူးဟူး လွင့်နေတော့သည်။

တံစက်မြိတ်အောက်တွင် ရပ်နေသော ရွှီချင်းသည် လေနှင့်မိုးကြောင့် အနှောင့်အယှက်ဖြစ်မနေသည့်အလားပင်။ သူ၏တစ်ကိုယ်လုံး အမှောင်ထုထဲ စိမ့်ဝင်သွားဟန်တူပြီး ချောင်းမြောင်းနေသော မုဆိုးတစ်ယောက်အလား သားကောင်ကို မလှုပ်မယှက်ဖြင့် အေးစက်စက်စိုက်ကြည့်နေသည်။

သူသည် အလွန်စိတ်ရှည်သည်။ သူ၏အသက်ရှူသံများသည်ပင် မငြိမ်မသက်ဖြစ်မနေချေ။

ထိုနည်းအားဖြင့် နောက်ထပ်နှစ်နာရီ ကုန်လွန်လာခဲ့သည်။ အိမ်များမှ မီးများ မှိတ်သွားသောအခါ တစ်မြို့လုံး မှောင်အတိကျသွားပြီး တိတ်ဆိတ်ငြိမ်သက်သွားသည်။ မိုးစက်ကျသံ တဖြောက်ဖြောက်သာ လွင့်ပျံနေ၏။ ထိုစဥ်တည်းခိုခန်းထဲမှနေ၍ ခေါင်းတစ်ခေါင်း ပြူထွက်လာသည်။

ထိုလူသည် အနီရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်သည်။ ဝတ်ရုံအောက်ရှိ သူ၏ခန္ဓာကိုယ်က လွန်စွာ ကျစ်လျစ်တောင့်တင်းကာ ပခုံးများကျယ်ပြန့်ဟန်တူသည်။ သူသည် ရပ်နေသည့်တိုင်အောင် ပြင်းထန်သော ဖိအားတစ်ရပ် ထုတ်လွှတ်နေသည်။ ထိုလူကား ချင်းယွမ်ကျစ်ပင်။

သူ၏ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားအငွေ့အသက်များက အလွန် ထူးခြားသည်။ ချီစုစည်းခြင်းအဆင့်ကိုးကို သူ ရောက်နေဟန်တူပြီး အလွန်အစွမ်းထက်ဟန်တူသည်။

သို့သော်လည်း ထိုကဲ့သို့ ခွန်အားမျိုးက ဂိုဏ်းငယ်လေးများနှင့် အင်အားစုလေးများ၌သာ အသုံးဝင်သည်။ ချီရွှဲ့ထုံဂိုဏ်းသားများအတွက် ကျင့်ကြံခြင်းပညာရပ်ကွာခြားခြင်းသည် နှစ်ဖက်စလုံး၏ အခြေခံအုတ်မြစ်ကို ခြားနားသွားစေသည်။ ချီရွှဲ့ထုံဂိုဏ်းပင်မမြို့ကြီး၏ ရက်စက်ကြမ်းတမ်းသော ပတ်ဝန်းကျင်၌ သူကဲ့သို့ အဆင့်ကိုးကျင့်ကြံသူတစ်ယောက်ကို နင်းချေရန် ဂိုဏ်းသားတစ်ယောက်က ချီစုစည်းခြင်းအဆင့်ခုနစ်သာ လိုအပ်သည်။

ထို့ကြောင့် ချီရွှဲ့ထုံဂိုဏ်းပင်မမြို့ကြီး၌ သူ အလွန် သတိထားနေခြင်း ဖြစ်သည်။

ထိုအချိန်၌ သူသည် တည်းခိုခန်းအဝင်တံခါးမှ ခေါင်းထွက်၍ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုလိုက်သည်။ အန္တရာယ်တစ်စုံတရာမရှိကြောင်း အတည်ပြုပြီးနောက် သူ ရှေ့ဆက်သွားလိုက်သည်။ တည်းခိုခန်းအပြင်ဘက်ကို သူ ခြေချလိုက်သည့်အခိုက် သူ၏ခန္ဓာကိုယ်က လှစ်ခနဲ လှုပ်ရှားသွားပြီး မိုးသည်းထဲ သူ ထွက်ခွာသွားသည်။

သို့သော် ခြေငါးလှမ်းပင် မပြည့်သေးခင် သူ ကွက်ခနဲ မျက်နှာပျက်သွားသည်။ သူ့၌ အန္တရာယ်ကို ခွဲခြားသိမြင်နိုင်စွမ်း ပါလာသည့်အလားပင်။ ရွှီချင်းကို သူ မမြင်ရပါသော်လည်း အန္တရာယ်အငွေ့အသက်ကို သူ ရလိုက်သည်။ သူ ချာခနဲလှည့်၍ တည်းခိုခန်းထဲ ပြန်လည်ဦးတည်လိုက်သည်။

ရွှီချင်း အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ မူလက ချင်းယွမ်ကျစ် အတော်ဝေးဝေးသို့ ရောက်သောအခါမှသာ တိုက်ခိုက်ရန် သူ ပြင်ဆင်ထားခဲ့ပါသော်ငြား ချင်းယွမ်ကျစ်က အတော်လေး သတိကြီးလွန်းသည်။ ထိုအချိန်၌ သူ၏မျက်လုံးများထဲ အေးစက်စက်အလင်းတစ်ချက် ဖျတ်ခနဲ လက်သွားပြီး လှစ်ခနဲ အပြင်ထွက်သွားသည်။

သူသည် ကြောက်ခမန်းလိလိ မြန်ဆန်သွက်လက်နေပြီး မိုးကြိုးပစ်လိုက်သည့်အလား မိုးရေစက်ထဲ ပြေးထွက်သွားသည်။

သူ၏ရှေ့တွင် ကျဆင်းနေသော မိုးစက်များသည် မယှဉ်သာလောက်အောင် နှေးကွေးသွား၏။

မိုးရေစက်များ ဘေးသို့လွင့်စဉ်နေပြီး ရွှီချင်းသည် လေးညှို့မှပစ်လွှတ်လိုက်သော မြားတစ်စင်းအလား တည်းခိုခန်းအပြင်ဘက်ရှိ ချင်းယွမ်ကျစ်ထံ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

ချင်းယွမ်ကျစ် ဆိုးဆိုးဝါးဝါး မျက်နှာပျက်သွားသည်။ ရွှီချင်းကို သူ မြင်လိုက်ရပြီး ကြောက်ခမန်းလိလိ အမြန်နှုန်းကို သတိထားမိလိုက်သည်။ တစ်ဖက်လူထံမှ ဝိညာဉ်စွမ်းအားများထဲတွင် တားမြစ်ပင်လယ်အငွေ့အသက်များ ရှိနေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖိနှိပ်ကာ ဝိညာဉ်စွမ်းအားများ လှည့်ပတ်နေခြင်းကို ဟန့်တားလာကြောင်း သူ သတိထားမိလိုက်သည်။ သေရေးရှင်ရေးအခြေအနေကြောင့် သူ၏နှလုံးသားတစ်ခုလုံး တုန်ရီသွားရသည်။

သူ၏မျက်လုံးများ ချက်ချင်း နီမြန်းလာပြီး သူ၏လျှာကို ကိုက်၍ လျှို့ဝှက်အတတ်ကို အသက်သွင်းလိုက်သည်။ သူ၏ကျင့်ကြံခြင်းစွမ်းအားကို အတင်းအကြပ် လည်ပတ်လိုက်ပြီး သူ၏အမြန်နှုန်းကို အရှိန်တင်ကာ တည်းခိုခန်းတံခါးထံ ပြေးဝင်ရန်ပြင်လိုက်သည်။

ထိုအချိန်၌ တည်းခိုခန်းဝင်ပေါက်တွင် ဆေးတံသောက်နေသော အဘိုးအိုပေါ်လာသည်။ သူက မီးအလင်းရောင်အောက်တွင် ရိပ်ခနဲ ပြေးဝင်လာနေသော ရွှီချင်းကို ကြည့်လိုက်သည်။

ထိုအချိန်၌ ချင်းယွမ်ကျစ်၏မျက်လုံးများသည် နီမြန်းနေပြီး တည်းခိုခန်းဝင်ပေါက်ကို ရောက်ရန် ခြေလှမ်းဝက်သာ လိုတော့သည်။ သူက ညာဘက်ခြေထောက်ကိုမြှောက်၍ အထဲဝင်လိုက်သည့်အခိုက် အနက်ရောင်အလင်းတန်းတစ်တန်းက လက်ဖျားခါရလောက်သည့်အမြန်နှုန်းဖြင့် ချဉ်းကပ်လာသည်။ ထိုအေးစိမ့်စိမ့်အလင်းတန်းနှင့်အတူ သိပ်သည်းထူထပ်သော တားမြစ်ပင်လယ်ဝိညာဉ်စွမ်းအားများက ချင်းယွမ်ကျစ်၏ ကျင့်ကြံခြင်းအကာအကွယ်အလွှာကို ဖောက်ထွက်ကာ သူ၏ မြှောက်ထားသော ညာဘက်ခြေသလုံးကြွက်သားကို ထိုးဖောက်သွားသည်။

ထိုအလင်းတန်း၏ အမြန်နှုန်းနှင့် အရှိန်အဟုန်က လွန်စွာ မြန်ဆန်လှပေရာ တိတ်ဆိတ်သောညအခါတွင် ချင်းယွမ်ကျစ်၏ စူးစူးဝါးဝါး အော်ဟစ်သံ လွင့်ပျံလာသည်။

ညာဘက်ခြေထောက်ကို သူ မတ်မတ်ရပ်ရပ်မထားနိုင်တော့ဘဲ ပြင်းအားကြောင့် သူ့ခန္ဓာကိုယ် ဘေးကို လွင့်သွားသည်။ သူ ယိုင်နဲ့နဲ့ ဖြစ်နေပြီး ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားရန် ခဲယဉ်းနေသည်။ သူ နောက်တစ်လှမ်းဆုတ်ရန်မှတစ်ပါး တခြားရွေးချယ်စရာမရှိတော့စဉ် ဒုတိယမြောက်အနက်ရောင်အလင်းတန်းတစ်တန်း လွင့်ပျံလာသည်။ ၎င်းက ဓားမြှောင်တစ်လက်ပင်။

ထိုဓားမြှောင်၏အမြန်နှုန်းက ကြောက်ခမန်းလိလိပင်။ လျှပ်တစ်ပြက်အတွင်း ချင်းယွမ်ကျစ်၏ဘယ်လက်မောင်းကို ဖောက်ထွင်းသွားသည်။ သူ၏ခန္ဓာကိုယ်ထဲမှ ကြောက်ခမန်းလိလိ ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ၎င်းက သူ၏သွေးကြောများကို ဖျက်ဆီးပစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကို မြေပြင်နှင့် တွဲလျက် ရိုက်လိုက်သည်။ သူ၏မျက်နှာက မြေပြင်နှင့် မိတ်ဆက်နေပြီး တည်းခိုခန်းအဝကို ရောက်ရန် လက်တစ်ဖက်စာသာ လိုတော့သည်။

သူ သည်းခြေခိုက်လုမတတ် နာကျင်စွာ အော်ဟစ်နေသောကြောင့် သူ၏နဖူးမှအကြောကြီးများ ထောင်ထလာသည်။ သူ ဓားမြှောင်ကို ဆွဲနှုတ်၍ တည်းခိုခန်းကို တွားသွားရန် ပြင်လိုက်ပါသော်လည်း နောက်ကျလွန်းသွားခဲ့သည်။ ရွှီချင်းက အနီးကို ရောက်လာပြီဖြစ်ပြီး သူ၏ကျောပေါ် တက်နင်းလိုက်သည်။

ထိုနင်းချက်သည် အလွန်အားပြင်းသည်။ တဖျစ်ဖျစ်မြည်သံများနှင့်အတူ ကျောရိုးမကြီး ကျိုးသွားသည်။ ပြင်းထန်သော နာကျင်မှုကြောင့် ချင်းယွမ်ကျစ်၏ ခန္ဓာကိုယ်တစ်လုံး ထိန်းမနိုင်သိမ်းမရ တုန်ရီနေပြီး သူ၏အသံနက်ကြီးမှာလည်း ပို၍ ကျယ်လောင်လာတော့သည်။

ထိုစူးစူးဝါးဝါးအသံများထွက်ပေါ်နေစဉ် တည်းခိုခန်းထဲရှိ အဘိုးအိုသည် လက်ထဲမှ ဆေးတံကို အောက်ချလိုက်သည်။ ထိုအချိန်၌ သူ့ထံမှ အန္တရာယ်အငွေ့အသက်များ လွင့်ပျံလာဟန်တူပြီး တံခါး၌ ရောက်နေသော ရွှီချင်းကို အေးတိအေးစက်ကြည့်လိုက်သည်။

“ ငါ့စည်းမျဉ်းတွေကို မင်း ဖောက်ဖျက်တာလားကွ ”

သူ၏မျက်လုံးတစ်စုံက အဝါရောင်ပြောင်းသွားသည်။ ထိုမျက်လုံးများထဲမှ လက်များ တိုးထွက်လာပြီး သူ၏မျက်ခုံးမွှေးနှစ်ခုကြားတွင် အက်ကွဲကြောင်းများ ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ထဲမှ တစ်စုံတခု တွားသွားထွက်လာတော့မည့်အလားပင်။

တချိန်တည်းမှာပင် တည်းခိုခန်းထဲမှ ထူးဆန်းသောအသံတစ်သံ လွင့်ပျံလာသည်။ လူသုံးယောက်ဖက်စာ တုတ်သော စပါးအုံးမြွေကြီးတစ်ကောင် တည်းခိုခန်း၏ထုတ်တန်းတွင် တွဲလွဲခိုနေပြီး ၎င်း၏ ဒေါင်လိုက်သူငယ်အိမ်တစ်စုံက ရွှီချင်းကို သွေးဆာနေသောအကြည့်ဖြင့် ကြည့်နေ၏။

ထိုမျှသာမက ကင်းခြေများ အမြောက်အမြား မြေကြီးထဲမှ ထွက်လာသည်။ ၎င်းတို့အားလုံး မည်းနက်တောက်ပြောင်နေပြီး အဆိပ်ပြင်းဟန်တူသည်။ ၎င်းတို့က တိုက်ခိုက်တော့မည့်အသွင်ဖြင့် ရှိနေကြပြီး တည်းခိုခန်းပတ်လည်တွင် ရက်စက်ကြမ်းကြုတ်သောအငွေ့အသက်များ လွင့်ပျံနေသည်။ ၎င်းတို့က ရွှီချင်းကို စူးစိုက်ကြည့်နေကြစဉ်မှာပင် ခေါင်မိုးမှ ကြိုးများ ကျလာသည်။

ထိုကြိုးများက အသက်ရှိဟန်တူသည်။ ယခုအချိန်၌ ၎င်းတို့က ရွှီချင်းကို လျှပ်တစ်ပြက်အတွင်း ရစ်ပတ်နိုင်သည့်အလား လည်ပတ်နေသည်။ လူမရေမတွက်နိုင်လောက်အောင် ၎င်းတို့အောက်တွင် ဇီဝိန်ကြွေသွားခဲ့ကြရသည့်အလား ၎င်းတို့ထံမှ အဆုံးအစမဲ့သော သေမင်းအငွေ့အသက်များ လွင့်ပျံနေ၏။

၎င်းတို့သည်လည်း ရွှီချင်းကို ချိန်ရွယ်ထားကြပေသည်။

ရွှီချင်းသည် တံခါးဝ၌ ရပ်ကာ စူးစူးဝါးဝါးအော်ဟစ်နေသော ချင်းယွမ်ကျစ်၏ကျောပေါ် တက်နင်းထားသည်။ ထို့နောက် သူက တည်းခိုခန်းထဲရှိ အဘိုးအိုကို မော့ကြည့်လိုက်သည်။

All Chapters