ကောင်းကင်နှင့် မြေပြင်သည် သက်ရှိသက်မဲ့ အရာခပ်သိမ်း၏ ဧည့်ဂေဟာဖြစ်ပြီး အချိန်ဆိုသည်မှာ နှစ်ပဋိစ္ဆေဒဖြတ်သန်းနေသော ခရီးသွားဧည့်သည် ဖြစ်သည်။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း၏ ကွာခြားချက်ဆိုသည်မှာ အိပ်မက်မက်နေခြင်းနှင့် နိုးထနေခြင်းအကြား ကွာခြားချက်ပမာပင်။ ပြောင်းလဲမှုများအား မေးခွန်းထုတ်ခြင်းငှာ မစွမ်းသာပေ။ သို့ဖြစ်၍ ရှင်သန်ခြင်းနှင့် သေခြင်းတရားအလွန်၊ ကောင်းကင်နှင့်မြေပြင်၏အလွန်၊ အချိန်၏ အလွန်တွင် မည်သည့်အရာက ကျွန်ုပ်တို့အား စောင့်စားနေပါသနည်း။ နတ်ဘုရားတစ်ပါး ဆင်းသက်လာပြီးနောက် ရွှီချင်းနေထိုင်သော လောကကြီးသည် သုဿန်တစပြင်အလား တိတ်ဆိတ်ခြောက်ကပ်သွားလေသည်။ ဝါရင့်ကျင့်ကြံသူများက လူသားမျိုးနွယ်ကို ခေါ်ဆောင်ကာ လောကကြီးထဲမှ ရှောင်တိမ်းသွားကြပြီး ကျန်ရှိနေခဲ့သောလူများမှာ အသက်ရှင်သန်ရန် ကြိုးစားရုန်းကန်ကြရလေသည်။ နတ်ဘုရား၏အကြည့် သက်ရောက်ခံလိုက်ရသည့်နေရာတိုင်း အသက်ဝိညာဥ်ချုပ်ငြိမ်းသွားလုနီးပါး ဖြစ်သွားရသည်။ လူငယ်လေးရွှီချင်းသည် ကံကောင်းထောက်မ၍ အသက်ရှင်သွားခဲ့ပါသော်လည်း ရက်စက်ကြမ်းကြုတ်သော သားရဲများက လူသားများကြား လှည့်ပတ်သောင်းကြမ်းနေသော လောကကြီးထဲ ရောက်ရှိနေသည် ဖြစ်၍ ဆက်လက်ရပ်တည်ရန် ခဲယဥ်း နေသည်။ "ကျင့်ကြံတာက နတ်ဘုရားကို တိုက်ခိုက်ရလောက်အောင် တန်ခိုးစွမ်းအား မပေးရင်လဲ ငါကိုယ်တိုင် နတ်ဘုရားတစ်ပါး ဖြစ်လာစေရမယ်" ဤသည်မှာ အာကန်း၏ဆဋ္ဌမမြောက်စာစဥ်ဖြစ်သော "အချိန်ကိုကျော်လွန်၍" စာစဥ်ဖြစ်ပေသည်။

