← Chapters

ထူးဆန်းလေဟာနယ်လောက (က)

Vol. 37 Ch. 559

ထူးဆန်းလေဟာနယ်လောက (က)

Vol. 37 Ch. 559

“သတင်းအချက်အလက်တွေ ဝယ်ယူရတာ ကုန်ကျစရိတ်များလွန်းတာကြောင့်ပဲ… ဒါပေမဲ့ ချင်းလေး… စိတ်မပူပါနဲ့။ ငါက အရေးကြီးတဲ့ကိစ္စတွေမှာပဲ သုံးတာပါ။”

ခေါင်းဆောင်၏ ကသိကအောက်ရယ်သံသည် ကျောက်စိမ်းပြားထဲက ထွက်ပေါ်လာ၏။

“နားထောင်… ငါက တစ်ခါကြံရင် အချီကြီးကြံတာ။ မင်းက တခြားတာဝန်သန်းချီပြီး သွားလုပ်နေရင်တောင် ငါတစ်ခါလို့ အောင်မြင်တာကို မှီမှာ မဟုတ်ဘူး။”

“ဒါကြောင့် ငါက မင်းရဲ့ အထောက်အပံ့လိုတယ် ညီလေး…”

ခေါင်းဆောင်၏လေသံသည် ဂုဏ်ယူဝင့်ကြွားခြင်းနှင့် မျှော်လင့်ချက်ကြီးမားခြင်းတို့ ပါဝင်နေသည်။

ရွှီချင်းသည်လည်း ထိုစကားကို ကြားသောအခါ စိတ်ဝင်စားမိသည်။ ခေါင်းဆောင်အပေါ် သူ၏နားလည်မှုဖြင့် ဆိုပါက သည်ကိစ္စမှာ အမှန်တကယ်လည်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း ရူးသွပ်ခြင်းအတိုင်းအဆမှာလည်း ကြီးမားလှချေသည်။

ထို့ကြောင့် အနည်းငယ်တွေးတောပြီးနောက် ရွှီချင်းက ဝိညာဉ်ကျောက်တုံးများ ထောက်ပံ့ရန် သဘောတူလိုက်သည်။

သူ့တွင် လောလောဆယ် ဝိညာဉ်ကျောက်တုံးများ အလုံအလောက် ရှိပေသည်။ သို့သော်လည်း သူ အမှန်တကယ် လိုအပ်သည်ကား စစ်ရေးအကျိုးပြုမှတ်များ ဖြစ်ကြသည်။ ခေါင်းဆောင်နှင့် စကားအနည်းငယ်ပြောပြီးနောက် ရွှီချင်းက ဝိညာဉ်ကျောက်တုံးများအား ပို့ဆောင်ရန် အချိန်းအချက်များ ပြုလုပ်လိုက်သည်။ သို့သော်လည်း သူက ယနေ့ညတွင် ခေါင်းဆောင်၏ရှုပ်ထွေးသော အချိန်ဇယားအား မသိပါ။

ထို့ကြောင့် သူတို့က နောက်တစ်နေ့တွင် မိစ္ဆာအသွင်ပြောင်းဂိုဏ်း၌ တွေ့ဆုံရန် သဘောတူလိုက်ကြသည်။

ရွှီချင်းက ခေါင်းဆောင်အား စစ်ရေးအကျိုးပြုမှတ်များဖြင့် ဂိုဏ်းကြီးသုံးဂိုဏ်း၏အတတ်များအား သင်ယူနိုင်ကြောင်းလည်း ပြောပြခဲ့သည်။ ထိုစကားကို ကြားလျှင် ခေါင်းဆောင်လည်း စိတ်ဝင်စားသွား၏။

“ဒီလိုကိစ္စမျိုးလည်း ရှိတာလား။ ငါ မသိပါလား။”

“ငါ နားလည်နိုင်ပါတယ်။ ဓားကိုင်ရုံးတော်ရဲ့ အမြင်အရဆိုရင် ဓားကိုင်တွေက တခြားဂိုဏ်းကြီးတွေရဲ့ လွှမ်းမိုးမှုကို ခံရတာ မမြင်ချင်ဘူးလေ။ ခဏတာတော့ အဆင်ပြေတယ်။ ဒါပေမဲ့ ရေရှည်အနေနဲ့ဆိုရင် ပုန်းကွယ်နေတဲ့ အန္တရာယ်တွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် သူတို့က ဂိုဏ်းကြီးတွေရဲ့ အတတ်ကို သင်ယူနိုင်တဲ့ကိစ္စကို အများသိအောင် ထုတ်မပြောဘူး။ တစ်ဘက်ကလည်း စိတ်သဘောထားကြီးမှုကို ပြသဖို့ သူတို့က အဲဒီကိစ္စမှာ တားမြစ်တာမျိုး မလုပ်ဘူး။”

“ဒါပေမဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့အမြင်မှာတော့ ဓားကိုင်တွေက သူတို့နဲ့ ပတ်သက်နေတာမျိုးကို သဘောကျတယ်။ ဒါကြောင့် ဓားကိုင်တွေ သူတို့ကျင့်ကြံခြင်းအတတ်ကို လာပြီး သင်ယူမှာကို ခွင့်ပြုထားတယ်။”

“ပြီးတော့ ယေဘုယျအားဖြင့် ဓားကိုင်ရုံးတော်ဟာ ဦးစီးဦးဆောင်အဖွဲ့အစည်းဖြစ်ပြီးတော့ ဂိုဏ်းကြီးသုံးဂိုဏ်းဟာ အဲဒါကို မှီခိုနေရတယ်။ ဒါကြောင့် ဒီနည်းလမ်းဟာ ဂိုဏ်းကြီးသုံးဂိုဏ်းအတွက် အသက်ရှင်သန်ဖို့နည်းလမ်းလည်း ဖြစ်တယ်။”

ခေါင်းဆောင်၏ခွဲခြမ်းစိတ်ဖြာမှုမှာ တိကျပေသည်။ ရွှီချင်းက ခေါင်းဆောင်ပြောသည်ကို ကြားလျှင် အဓိပ္ပာယ်ရှိသည်ဟု ခံစားရ၏။

သူတို့နှစ်ယောက် အချိန်းအချက်ပြုလုပ်လိုက်ပြီးနောက် ခေါင်းဆောင်က အသံပို့လွှတ်မှုကို အဆုံးသတ်လိုက်သည်။

အသံလွှင့်ကျောက်စိမ်းပေလွှာကို သိမ်းဆည်းပြီးနောက်တွင် ရွှီချင်းက အောက်လမ်းတာအိုလုယက်အတတ်၏ ထူးဆန်းလက်ချောင်းများကို တိုးတက်ရန် ကြံဆပြန်သည်။

“ဓာတ်နှောတွေကို ပေါင်းစပ်ပြီးရင်… တကယ်တော့ ငါက ဓာတ်နှောနဲ့ အဆိပ်တွေကိုပဲ ကန့်သတ်ထားလို့ မရဘူး။”

ရွှီချင်းက ၎င်းအချက်များကို တွေးတောလိုက်သည်။ သူ၏တတိယနန်းတော်သည် တုန်ခါသွားကာ တားမြစ်အဆိပ်များသည် သူ၏လက်ချောင်းများနှင့် ပေါင်းစပ်သွားကြသည်။

ချက်ချင်းပင် သူ၏လက်များမှ သိပ်သည်းသော အဆိပ်အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။ ထို့နောက် အဆိပ်များသည် အသွင်ပြောင်းကာ သူနှင့်သက်ဆိုင်သော ဓာတ်နှောများ ဖြစ်သွားကြ၏။

သူ၏ စတုတ္ထနန်းတော် တုန်ခါသွားသည်တွင် ရွှီချင်း၏လက်များ ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။ ခရမ်းရောင်လ၏ စွမ်းအားများသည် သူ၏လက်များထဲသို့ ပျံ့နှံ့စိမ့်ဝင်လာတော့သည်။

“ဒီလို အပြောင်းအလဲနဲ့ဆိုရင် သေခြင်းရှင်ခြင်းတိုက်ပွဲတွေမှာ ရန်သူက ခန့်မှန်းဖို့ လွယ်မှာ မဟုတ်တော့ဘူး။ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ ငါက သေကွင်းသေကွက်တွေကို တိုက်ခိုက်နိုင်လိမ့်မယ်။”

ရွှီချင်း၏အတွေးလမ်းကြောင်းနှင့် ပြဿနာများသည် ဖုံးကွယ်နှင့် အလစ်တိုက်ခြင်းတို့ဖြင့် အစပျိုးတတ်သည်။ ၎င်းသည် သူငယ်စဉ်ကတည်းက ကြီးပြင်းလာရသော ပတ်ဝန်းကျင်အနေအထားကြောင့်လည်း ဖြစ်သည်။

ရွှီချင်းက အောက်လမ်းတာအိုလုယက်အတတ်အား ချိန်ညှိရင်း တစ်ညတာ အချိန်ကုန်သွားသည်။ နောက်တစ်နေ့တွင် ရွှီချင်းသည် အကျဉ်းထောင်ဌာနသို့ မသွားဖြစ်ပါ။ ၎င်းအစား သူက မိစ္ဆာအသွင်ပြောင်းဂိုဏ်းသို့သွားရောက်ရန် သုံးရက်တာ နားရက်ယူလိုက်သည်။

ဖုန်းဟိုင်ဒေသငယ်အတွင်းမှ ပင်မဂိုဏ်းကြီးသုံးဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်သည့်အလျောက် မိစ္ဆာအသွင်ပြောင်းဂိုဏ်းသည် ဒေသငယ်မြို့တော်၏ အနောက်တောင်ဘက်အရပ်တွင် တည်ရှိပြီး ကြီးမားသော မြေနေရာအကျယ်အဝန်းအား ပိုင်ဆိုင်ထားသည်။

၎င်းအနီးပတ်လည်တွင် များစွာသော တည်နေရာပြောင်းအစီအရင်များ ရှိပြီး ဂိုဏ်းတည်နေရာအား ဒေသငယ်မြို့တော်နှင့် အနည်းငယ်အလှမ်းဝေးသည့်တိုင် နီးကပ်စွာ ကူးလူးဆက်ဆံနိုင်သည့်အခြေအနေအား တည်ဆောက်ထားသည်။

သည်နေရာက ဂိုဏ်းခွဲအတွက်ကား တာဝန်တစ်ခုတည်းသာ ရှိကာ ၎င်းသည် ဓားကိုင်များကို ကူညီထောက်ပံ့ရန် ဖြစ်သည်။

ရွှီချင်းရောက်သွားသောအခါ ဓားကိုင်များ ဝင်ထွက်သွားလာနေကြသည်ကို မြင်၏။ ခေါင်းဆောင်ကား ကြိုတင်ရောက်နှင့်ပြီး  ဖြစ်သည်။ သူသည် သိပ်မဝေးသောနေရာတွင် ဆောင့်ကြောင့်ထိုင်ကာ ပန်းသီးတစ်လုံးကို ကိုက်စားနေသည်။

“ချင်းလေး… ငါ ဒီမှာ”

ရွှီချင်း လှမ်းသွားလိုက်သည်။

ခေါင်းဆောင်က ပန်းသီးတစ်လုံးကို ပစ်ပေးလိုက်၏။

ရွှီချင်းက ဖမ်းယူလိုက်ကာ တစ်ကိုက်မကိုက်ခင် ခေါင်းဆောင်အား ဝိညာဉ်တံဆိပ်များအား ပေးလိုက်သည်။

ဝိညာဉ်တံဆိပ်များကို ကြည့်ကာ ခေါင်းဆောင်သည် အလွန်ဝမ်းသာအားရ ဖြစ်သွားဟန်တူသည်။ သူက ပန်းသီးကို တစ်ကိုက်ကိုက်ကာ ထူးဆန်းစွာ ပြောသည်။

“ဂျူနီယာညီလေး… စိတ်မပူနဲ့… ငါ့အစီအစဉ်အတိုင်းဆိုရင် ငါတို့ ကိစ္စကြီးတစ်ခုခုလုပ်နိုင်ဖို့ သိပ်မကြာတော့ဘူး။”

“အန္တရာယ်များလား…”

ရွှီချင်းက မေးသည်။

“ဘာအန္တရာယ်မှ မရှိဘူး။”

ခေါင်းဆောင်က ခိုင်မာစွာ ပြောသည်။

ရွှီချင်း ခေါင်းညိတ်သည်။ ထိုစကားအရ အန္တရာယ်အလွန်များကြောင်း သူ နားလည်လိုက်၏။

“ဒါကို မပြောတော့ဘူး။ ငါ ဝူကျင်းဝူကို သွားရှာဦးမယ်။ ဒီအကောင်က ငါ့အဆက်အသွယ်တွေနဲ့ ဓားကိုင်အကဲဖြတ်မှုအတွက် ဝိညာဉ်ကျောက်တုံး အများကြီးသုံးထားတယ်။ ဒီနေ့ သူက နှလုံးသားသစ္စာအကဲဖြတ်မှုကို ဖြတ်ကျောက်ရမယ်။ မနေ့ညက ငါသုံးခဲ့တဲ့ အချက်အလက်တွေကို သူ့ကို ပေးပြီး သူ့ပိုက်ဆံတွေ ကောင်းကောင်းအသုံးချခဲ့တယ်လို့ ခံစားစေခဲ့တယ်။”

ခေါင်းဆောင် ထရပ်သည်။

“သူလည်း ဆယ်ပေအလင်းပဲ ရသလား ငါ သွားကြည့်ဦးမယ်။”

ခေါင်းဆောင်သည် မျှော်လင့်ချက်ကြီးမားသော မျက်လုံးများဖြင့် ထရပ်ကာ ထွက်သွားတော့သည်။

ရွှီချင်းက ခေါင်းဆောင်၏နောက်ကျောကို ကြည့်သည်။ ခေါင်းဆောင်သည် ဝူကျင်းဝူနှင့် ရန်ငြိုးရှိရမည်ဟု ရွှီချင်း တွေးမိသည်။ မဟုတ်လျှင် သူက ထိုလူအား အဘယ့်ကြောင့် နှစ်ကြိမ်ဆက်တိုက် လိမ်လည်မည်နည်း။

ခေါင်းဆောင်ထွက်သွားသည်ကို ကြည့်ကာ ရွှီချင်းလည်း မိစ္ဆာအသွင်ပြောင်းဂိုဏ်းထဲကို ဝင်သည်။

မိစ္ဆာအသွင်ပြောင်းဂိုဏ်း၏ ဂိုဏ်းခွဲသည် ဒေသငယ်မြို့တော်တွင် တည်ထားကာ စက်ဝန်းပုံစံ ယေဘုယျသွင်ပြင်ရှိသည်။ အဆောက်အဦးများကို စက်ဝန်းပုံစံဖြစ်အောင် တည်ဆောက်ထားကာ ၎င်းသည် ဂိုဏ်း၏မူပိုင်ဖြစ်သော အာကာသဝင်္ကပါအစီအရင်ကို ပုံဖော်ထားခြင်းလည်း ဖြစ်သည်။

အဆောက်အဦတစ်ခုစီတိုင်းသည် ထူးဆန်းသော သားရဲပုံစံများဖြစ်ကာ တချို့မှာ ကောက်ကျစ်စဉ်းလဲဟန်ရှိပြီး တချို့မှာ ရက်စက်ကြမ်းကြုတ်သည့်ပုံစံ၊ တချို့မှာ တည်ငြိမ်ကာ လေးနက်ဟန် စသည့်အသွင်အပြင်အမျိုးမျိုးဖြစ်သည်။ အများစုမှာ တားမြစ်ပိုင်နက်များထဲက သတ္တဝါဆန်းများဖြစ်ပြီး တချို့မှ လူသားမဟုတ်မျိုးနွယ်ပုံစံများဖြစ်သည်။

သို့သော်လည်း မိစ္ဆာအသွင်ပြောင်းဂိုဏ်း၏ နားလည်မှုများအရ ၎င်းတို့ကို မိစ္ဆာမျိုးစေ့များအဖြစ် အသုံးပြုနိုင်သည်။

မိစ္ဆာအသွင်ပြောင်းနည်းစနစ်အား သင်ယူနိုင်သောနေရာမှာ မိစ္ဆာဆက်ခံခြင်းခန်းမဖြစ်သည်။

ခန်းမသည် ပုံမှန်မြင်နေကျ ပုံစံမဟုတ်ဘဲ ကျောက်တုံးအခန်းငယ်များသာ ဖြစ်ပြီး တစ်ခန်စီတိုင်းသည် သီးသန့်ဖြစ်ကာ တခြားနေရာများနှင့် ခွဲခြားထားသည်။

ကျောက်တုံးအခန်းပေါင်း တစ်ရာကျော်ရှိသည်။

စစ်ရေးအကျိုးပြုမှတ်ပမာဏတစ်ခုကို သုံးစွဲပြီးနောက်တွင် ရွှီချင်းအား မိစ္ဆာအသွင်ပြောင်းဂိုဏ်းတစ်ဦးက သည်နေရာသို့ ခေါ်ဆောင်လာခဲ့သည်။ သူက ကျောက်တုံးဆောင်တစ်ခုကို ရွေးကာ အထဲသို့ ဝင်လာ၏။

အခန်းထဲတွင် ရွှီချင်းသည် မြေပြင်၌ ရေးထွင်းထားသော အစီအရင်တစ်ခုနှင့်အတူ ကျောက်စာချပ်တစ်ခုကိုလည်း‌ တွေ့သည်။

ကျောက်စာချပ်သည် များစွာ မဟောင်းနွမ်းပါ။ ၎င်းတွင် အချိန်တိုက်စားခြင်း၏အငွေ့အသက်များလည်း မရှိပါ။ သို့သော် ၎င်းထဲမှ သင်္ကေတများသည် ရှေးဟောင်းအငွေ့အသက်များအား ထုတ်လွှတ်နေ၏။

All Chapters