← Chapters

မကောင်းသော ရည်ရွယ်ချက်များ

Vol. 38 Ch. 563

မကောင်းသော ရည်ရွယ်ချက်များ

Vol. 38 Ch. 563

ရွှီချင်း သွားနေသည်ကို ရပ်လိုက်ကာ သူ၏အမိန့်တော်ဓားအား တွေးတောဟန်ဖြင့် ကြည့်သည်။

အမိန့်တော်သည် ရုတ်တရက် ရောက်လာကာ မည်သည့်အကြောင်းပြချက်ကိုမှ မညွန်းဆိုထားပါ။ အသံမှာကား အနည်းငယ် ရင်းနှီးနေသည်။ သူက ပြန်၍ တွေးတောကြည့်လျှင် အသံသည် ထိုက်စီရှန်းမုန်ဂိုဏ်းက စီမံခန့်ခွဲရေးမှူးစစ်မာ၏အသံဖြစ်ကြောင်း သိလိုက်သည်။

ရွှီချင်း၏မျက်လုံးများ လေးနက်သွားသည်။ သူက ကျန်းစစ်ယွင်နှင့် ယောင်မိသားစုတို့ကိုလည်း တွေးမိသည်။

“စီမံခန့်ခွဲရေးမှူးစစ်မာက ဘာလို့ ငါ့ကို ရှာနေတာလဲ…”

ရွှီချင်း တွေးတောနေစဉ် သူ၏ဓားက တဖန်တုန်ခါလာပြန်၏။ ဤတစ်ကြိမ်ကား ခုန်ရှန်းလုံ၏အသံပို့လွှတ်မှု ဖြစ်သည်။

“ရွှီချင်း… မင်းလည်း အမိန့်တော်ကို လက်ခံရရှိတယ်မလား…”

“ဟုတ်တယ်”

ရွှီချင်းက ပြန်ဖြေသည်။

“ဒါဆို မှားစရာ မရှိတော့ဘူး။ ဟယ်လေး… ချန်လေးနဲ့ တခြားလူတွေလည်း အမိန့်လက်ခံရတယ်။ ဟူး… ဒါက သန့်စင်ရေလှိုင်းမျိုးနွယ်တွေကို သတ်လိုက်တဲ့ နောက်ဆက်တွဲတွေပဲ။”

ရွှီချင်းသည်လည်း အမိန့်တော်ကို လက်ခံရရှိကြောင်း သိလိုက်သည်နှင့် ခုန်ရှန်းလုံက အသံပို့လွှတ်ခြင်းအား အလောတကြီး အဆုံးသတ်လိုက်သည်။ သူသည်လည်း ဓားကိုင်ရုံးတော်သို့ ဦးတည်သွားနေခြင်း ဖြစ်သည်။

ရွှီချင်းလည်း အကျဉ်းထောင်ဌာနမှ ထွက်လာခဲ့သည်။

ထိုအခိုက်တွင် ကောင်းကင်သည် အမှောင်ရိပ်သန်းနေကာ ဝင်လုဆဲနေမင်းသည် မိုးကုတ်စက်ဝန်းအား အနီစွေးစွေး စွန်းထင်းစေသည်။ ရောင်ပြန်သည် မြေပြင်ပေါ်သို့ ကျဆင်းလျှင် ကမ္ဘာမြေအား သွေးနီရောင်အဆင်းများဖြင့် ခြယ်သထားသကဲ့သို့ ထင်မှတ်ရ၏။

ရွှီချင်းက ကောင်းကင်သို့ တစ်ချက်လှမ်းကြည့်ပြီးနောက် ဓားကိုင်ရုံးတော်သို့ ပျံသန်းသွားလိုက်သည်။

ဓားကိုင်ရုံးတော်တွင် စီမံခန့်ခွဲရေးမှူးရာထူးသည် ကြီးမြတ်ကာ အာဏာရှိသည်။ သူတို့တစ်ဦးစီတိုင်းတွင် ကိုယ်ပိုင်တာဝန်နှင့် ဝတ္တရားများ ရှိကြသည်။ ထိုအထဲတွင် စီမံခန့်ခွဲရေးမှူးစစ်မာသည် ဥပဒေကို ထိန်းသိမ်းခြင်းနှင့် ဓားကိုင်များအတွက် ပြစ်ဒဏ်ချမှတ်ခြင်းများ၌ ကိုင်တွယ်သည်။

ထို့ကြောင့် ခုန်ရှန်းလုံဖြစ်စေ၊ ရွှီချင်းဖြစ်စေ သူတို့သည် အမိန့်အား မလွန်ဆန်နိုင်ပါ။

မကြာမီ ရွှီချင်းသည် ဓားကိုင်ရုံးတော်သို့ ရောက်လာသော်လည်း အခြေအနေကို မည်သို့ ရင်ဆိုင်ရမည်ကို အတွေးနက်နေဆဲဖြစ်သည်။ သူ ရောက်သည်နှင့် ခုန်ရှန်းလုံနှင့် ညဝိညာဉ်တို့အား တွေ့မြင်သည်။

“ဘယ်လိုဖြစ်ဖြစ် ဝန်မခံနဲ့…”

ရွှီချင်းအား မြင်သည်နှင့် ခုန်ရှန်းလုံက အသံပို့လွှတ်လိုက်သည်။

ရွှီချင်း ခေါင်းညိတ်သည်။ သိပ်မကြာခင် ရှန်ဟယ်၊ ဝမ်ချန်တို့လည်း‌ ရောက်လာသည်။ သူတို့၏အမူအရာများမှာ သုန်မှုန်ထိုင်းမှိုင်းနေကြ၏။

ရွှီချင်းနှင့် ခုန်ရှန်းလုံတို့ဘေးသို့ ရောက်သည်နှင့် ရှန်ဟယ်က ဝေဖန်ပြစ်တင်လိုက်သည်။

“အစ်ကိုခုန်… ရွှီချင်း… ဓားကိုင်ရုံးတော်က ဘာလုပ်နေတာလဲ။ ငါတို့ ဘာမှားနေလို့လဲ။”

“ဟယ်လေး…”

ခုန်ရှန်းလုံက ဒေါသတကြီး ကြည့်သည်။

ရှန်ဟယ် နှာတစ်ချက်မှုတ်ကာ စကားဆက်မပြောတော့ပေ။

“ငါတို့ ဘာဖြစ်နေလဲ မသိသေးဘူး။ လာပါ… စီမံခန့်ခွဲရေးမှူးစစ်မာကို အကြာကြီးစောင့်ခိုင်းလို့ မရဘူး။”

ခုန်ရှန်းလုံက စကားကို လေးပင်စွာပြောကာ ရှေ့မှ ထွက်သွားသည်။

ရွှီချင်းက တစ်ခဏမျှ တွေးလိုက်ပြီးနောက် ဒေါသထွက်နေဟန်ရသော ရှန်ဟယ်နှင့် ဝမ်ချန်၏မီးခိုးမျိုးနွယ်ကိုယ်ပွားကို ကြည့်သည်။ ထို့နောက် သူက တီးတိုးပြောသည်။

“ဒါကို လူများများသိဖို့ လိုတယ်…”

ရှန်ဟယ်နှင့် ဝမ်ချန်တို့သည်လည်း ချက်ချင်း နားလည်သွားကြကာ သူတို့၏အသံလွှင့်ပေလွှာအား ထုတ်လိုက်ကြသည်။

ခုန်ရှန်းလုံက သူတို့အား မတားဆီးသော်လည်း သူ မူလက လှမ်းနေသော ခြေလှမ်းကျယ်များမှာ အနည်းငယ်စိပ်သွားသည်။

ထိုနည်းဖြင့် သူတို့သည် ဓားကိုင်ရုံးတော်၏ဂိတ်တံခါးမှ ဖြတ်သန်းဝင်ရောက်လာကြ၏။ အမွှေးတိုင်တစ်ထွန်းစာအချိန်သို့ ရောက်လျှင် သူတို့သည် စီမံခန့်ခွဲရေးမှူးစစ်မာရှိနေသော ပြစ်ဒဏ်ခန်းမသို့ ရောက်လာကြ၏။

ပြစ်ဒဏ်ခန်းမအပြင်ဘက်တွင် ဒါဇင်နှင့်ချီသော လူများ စောင့်ဆိုင်းနေကြသည်။

သူတို့အားလုံးမှာ တင်းမာသော မျက်နှာထားရှိပြီး ကျင့်ကြံခြင်းများမှာလည်း သာမန်မဟုတ်ပေ။ သူတို့ဝတ်ဆင်ထားသော တာအိုဝတ်စုံများမှာ ဓားကိုင်ရုံးတော်မှ မဟုတ်ဘဲ အဝါရောင် ဖြစ်သည်။ သူတို့ဝတ်စုံများအပေါ်တွင် တာအိုအဓိပ္ပာယ်ရသော စာလုံး(道)အား ရေးထွင်းထားသည်။

ရွှီချင်းတို့အား မြင်သည်တွင် ဒါဇင်နှင့်ချီသော လူများက သူတို့အား လှမ်းကြည့်ကြသည်။

ခုန်ရှန်းလုံက မျက်တောင်ပင့်လိုက်ကာ စကားပြောခြင်းအား ရပ်တန့်လိုက်၏။ သူသည် အပြင်တွင် ရပ်ကာ ပြစ်ဒဏ်ခန်းမသို့ လေးစားသောအမူအရာဖြြင့် ဦးညွှတ်လိုက်သည်။

“ကျုပ် ခုန်ရှန်းလုံ စီမံခန့်ခွဲရေးမှူးစစ်မာရဲ့ ဆင့်ခေါ်မှုအတိုင်း ရောက်လာပါပြီ။”

“သူတို့က ယောင်မိသားစုကျင့်ကြံသူတွေပဲ။”

ဝမ်ချန်၏မီးခိုးမျိုးနွယ်ကိုယ်ပွားက ရွှီချင်းအား အသိပေးသည်။ ထို့နောက် ခုန်ရှန်းလုံကဲ့သို့ တခြားလူများကလည်း လက်နှစ်ဖက်ဆုပ်ကာ သူတို့ ရောက်ရှိကြောင်း အသိပေးကြသည်။

သူတို့အားလုံး ရောက်ရှိကြောင်း သတင်းပို့ပြီးသည်တွင် ခန်းမထဲက နှာခေါင်းရှုံ့သံတစ်ချက်ကို ကြားရသည်။ ထို့နောက် ခန်းမထဲမှ လူသုံးယောက် ထွက်လာ၏။

အလယ်မှ လူသည်ကား ကျန်းစစ်ယွင်၏ဆရာဘိုးဘိုးဖြစ်သူ စီမံခန့်ခွဲရေးမှူးစစ်မာ ဖြစ်သည်။

ဘယ်ဘက်တွင်ကား ယောင်မိသားစုဝတ်စုံဖြင့် အဖိုးအိုတစ်ဦး ဖြစ်သည်။ သို့သော်လည်း သူ၏ဝိညာဉ်သိုက်ကျင့်ကြံဆင့်မှာ သိသာထင်ရှားသည်။ သူ၏မျက်လုံးများသည် လျှပ်စီးများအလား စူးရှစွာဖြင့် ရွှီချင်းတို့အား ခံစားချက်ကင်းမဲ့စွာဖြင့် ကြည့်သည်။

စီမံခန့်ခွဲရေးမှူးစစ်မာ၏ညာဘက်တွင်ကား နောက်တစ်ယောက် ရှိနေသည်။

ထိုလူအားမြင်သည်နှင့် ရွှီချင်းတို့၏မျက်မှောင်များ ကျုံ့သွား၏။

ထိုသူသည် လူသားမဟုတ်ပါ။

သူသည် သန့်စင်ရေလှိုင်းမျိုးနွယ်ဝင် ဖြစ်သည်။

ထိုသူသည် ရွှီချင်းတို့အား အော်ဟစ်ကြိမ်းမောင်းသော်လည်း နယ်ခြားစည်းကို မဖြတ်ကျော်ရဲခဲ့သော သန့်စင်ရေလှိုင်းမျိုးနွယ်က ဝတ်ရုံနက်အစောင့်အရှောက် ဖြစ်သည်။

ထိုသူသည် သန့်စင်ရေလှိုင်းမျိုးနွယ်၌ သေချာပေါက် အဆင့်အတန်းတစ်ခု ရှိပေသည်။ သူ၏ကျင့်ကြံဆင့်သည်လည်း ဝိညာဉ်သိုက်၌ ဖြစ်သည်။ သူ၏အရောင်အဝါကို ဖြန့်ထုတ်ထားလျှင် သူ့နောက်၌ လျှို့ဝှက်ဝိညာဉ်သိုက်များကို ရေးရေးမျှ တွေ့မြင်နိုင်သည်။

သူသည် စီမံခန့်ခွဲရေးမှူးစစ်မာ၏ဘေးတွင် ရပ်ကာ တင်းမာသော မျက်နှာထားဖြင့် ရွှီချင်းတို့အား ကြည့်သည်။

ဓားကိုင်ရုံးတော်ထဲတွင် သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်အား တွေ့မြင်သည်တွင် ရွှီချင်းသည် ဟာသတစ်ခုကို တွေ့မြင်သည့်အလား ခံစားရသည်။ ခုန်ရှန်းလုံနှင့် တခြားလူများမှာလည်း မှင်တက်နေသည်ကို တွေ့ရ၏။

ထိုအခိုက်တွင် စီမံခန့်ခွဲရေးမှူးစစ်မာက သူ၏ဘယ်ဘက်က ယောင်မိသားစုဝင်အား တည်ငြိမ်စွာ ပြောသည်။

“ကိုယ်စားလှယ်စွန်း… မင်း သူတို့ကို မေးလို့ရပြီ။”

ယောင်မိသားစုအဖိုးအိုက ခေါင်းညိတ်သည်။ သူက စီမံခန့်ခွဲရေးမှူစစ်မာအား ဦးဆုံး ဦးညွှတ်သည်။ ထို့နောက် ရွှီချင်းတို့အား တင်းမာသော မျက်နှာထားဖြင့် ကြည့်သည်။ သူက သုန်မှုန်သော အမူအရာဖြင့် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသော လေသံဖြင့် အေးစက်စွာ ပြောသည်။

“အတင့်ရဲတယ်…”

“အမှန်တရားနဲ့ အကြောင်းပြချက်ကိုတောင် မသိရသေးဘဲ မင်းတို့က ဖုန်းဟိုင်ဒေသငယ်သို့ လာလည်တဲ့ သန့်စင်ရေလှိုင်းမျိုးနွယ်က တမန်တော်ရဲ့ နောက်လိုက်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ရဲတယ်။”

“မင်းတို့က မျိုးနွယ်နှစ်ခုအကြားက သံတမန်ရေးကို ထိခိုက်စေတဲ့အတွက် သေသင့်တယ်။”

ရွှီချင်း မျက်မှောင်ကြုတ်သည်။ တစ်ဘက်လူ၏စကား၌ တစ်စုံတစ်ခု လွဲမှားနေသည်။ အဓိကအချက်မှာ သတ်ဖြတ်ခြင်းမဟုတ်ဘဲ အကြောင်းပြချက်မရှိ၊ အကြောင်းအရာကို အမှန်တကယ် နားလည်မှုမရှိခြင်း ဖြစ်သည်။

ထိုကြိမ်းမောင်းမှုက ရွှီချင်းတို့အား အကြောင်းပြချက်ပေးအောင် လှုံ့ဆော်ခြင်းလည်းဖြစ်သည်။

သို့သော်လည်း ရွှီချင်းတို့အား လေ့ကျင့်ပေးမှုတို့အရ သူလျှိုကို လက်ခံခြင်းသည် အပြင်သို့ ထုတ်ဖော်ပြောဆို၍ မရပေ။ မျိုးနွယ်နှစ်ခုသည် သူလျှိုကိစ္စ၌ ထုတ်ဖော်မပြောနိုင်သော သဘောတူညီချက်များ ရှိသည်။

ထို့ကြောင့် သူတို့က အပြင်သို့ ထုတ်ပြော၍ မရဘဲ ပြောလိုက်ပါကလည်း ပြဿနာများ တက်နိုင်ပေသည်။

သူတို့၏အဖြေကြောင့် တစ်ဘက်လူက သဲလွန်စများ တွေ့ရှိသွားနိုင်သည်။

ရွှီချင်း အတွေးနက်သွားသလို တခြားလူများကလည်း ချက်ချင်း နားလည်လိုက်ကြသည်။ မည်သူမှ မိုက်မဲခြင်းမရှိရာ မည်သည့်စကားမှ မဆိုကြပေ။ ခုန်ရှန်းလုံသည်ကား နားမလည်သော အမူအရာပင် ပြုလုပ်လိုက်သေးသည်။

“သန့်စင်ရေလှိုင်းမျိုးနွယ်သံသမန်ရဲ့ နောက်လိုက်တွေကို နှိပ်စက်သတ်ဖြတ်တာလား… ကျုပ်တို့ တစ်ချိန်လုံး ကျင့်ကြံနေခဲ့တာပဲ။ ကျုပ်တို့ အချင်းချင်း သေချာပေါက် အာမခံနိုင်တယ်။”

ယောင်မိသားစုအဖိုးအိုက နှာတစ်ချက်မှုတ်လိုက်ကာ ခုန်ရှန်းလုံနှင့် ငြင်းခုန်ခြင်းမပြုတော့ပေ။ သို့သော်လည်း သူက သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်အား လေးစားစွာဖြင့် လက်နှစ်ဖက်ဆုပ်ပြသည်။

“တာအိုရောင်းရင်းချန်… ခင်ဗျား ဘယ်လိုထင်လဲ။”

သန့်စင်ရေလှိုင်းမျိုးနွယ်က သတ်လတ်ပိုင်းလူကြီးက ရွှီချင်းတို့အား တစ်ချက်ကြည့်သည်။ ထို့နောက် သူက ပြုံးလျှက် စီမံခန့်ခွဲရေးမှူးစစ်မာအား စကားပြောသည်။

“စီမံခန့်ခွဲရေးမှူးစစ်မာ… အကြောင်းပြချက်ကတော့ ကျုပ်တို့သံတမန်အဖွဲ့ဟာ လမ်းမှာ ဇစ်မြစ်မသိရတဲ့သူလျှိုတစ်ယောက်ကို တွေ့ခဲ့လို့ပါပဲ။ အဲဒီကောင်လေးက ကျုပ်တို့မျိုးနွယ်ရဲ့ပစ္စည်းတစ်ခုကို ခိုးသွားပါတယ်။”

“ဒါကြောင့် သံသမန်က သူ့ကို ဖမ်းဆီးဖို့ အမိန့်ပေးခဲ့တယ်။ ဒါပေမဲ့ အဆုံးသတ်မှာ ကျုပ်တို့က သူလျှိုကို မတွေ့ခဲ့သလို သံတမန်ရဲ့နောက်လိုက်တွေဟာလည်း ခင်ဗျားတို့ဓားကိုင်တွေရဲ့ ရက်ရက်စက်စက်သတ်ဖြတ်တာကို ခံခဲ့ရတယ်။”

“ကျုပ်တို့မျိုးနွယ်ရဲ့ အရေးကြီးပစ္စည်းကို ခိုးယူခဲ့တာ ခင်ဗျားတို့ ဓားကိုင်ရုံးတော်က သူလျှိုများလား။ ကျုပ်တို့ မျိုးနွယ်နှစ်ခုက ဆက်ဆံရေးကောင်းတည်ဆောက်ထားနိုင်တာ ခေတ်အဆက်ဆက်ပါပဲ။ ဒါက ဓားကိုင်ရုံးတော်ရဲ့ ရည်ရွယ်ချက်လား… ဖုန်းဟိုင်ဒေသငယ်လား… ခင်ဗျားတို့ လူသားမျိုးနွယ်လား…။”

ထိုအခိုက်တွင် သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်က မျက်တောင်ကို ပင့်လိုက်သည်။ သူက လက်မြှောက်လိုက်လျှင် ကျောက်စိမ်းပေလွှာတစ်ခု ပေါ်လာပြီး ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။

ပုံရိပ်တွင် ရွှီချင်းတို့က ဝိညာဉ်သူငယ်တစ်ဝက်အဆင့် သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်အား သတ်ဖြတ်နေသည့်မြင်ကွင်းကို မှတ်တမ်းတင်ထားသည်။ ၎င်းတွင် သူတို့ ထွက်မပြေးမီ ခုန်ရှန်းလုံ၏လှောင်ပြောင်ဆဲရေးသံများလည်း ပါဝင်သည်။

ခုန်ရှန်းလုံနှင့် တခြားလူများ၏မျက်လုံးများ အေးစက်သွားသည်။

ရွှီချင်း၏မျက်နှာသည်ကား ခံစားချက်ကင်းမဲ့နေသည်။

စီမံခန့်ခွဲရေးမှူးစစ်မာ၏အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ သူက ရုပ်ပုံမှတ်တမ်းအား ကြည့်ကာ ခေါင်းယမ်းသည်။

“ကျုပ်တို့ ဓားကိုင်ရုံးတော်မှာ ဒီလို သူလျှိုနဲ့ အမိန့်မျိုး မရှိဖူးဘူး။”

ယောင်မိသားစုအဖိုးအိုက အေးစက်စွာ ပြောသည်။

“သူလျှိုတွေလည်း မရှိ၊ တာဝန်လည်း မဟုတ်ဘူးဆိုရင် သူတို့လုပ်ခဲ့တာက ပုဂ္ဂိုလ်ရေးကိစ္စပဲ။ သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်ကို သတ်ဖြတ်တာက မျိုးနွယ်နှစ်ခုကြား စစ်မီးတောက်အောင်လုပ်တာဖြစ်လို့ ခွင့်လွှတ်မရတဲ့ကိစ္စပဲ။”

“အစောင့်တွေ… သူတို့ကို ဖမ်းပြီးတော့ သန့်စင်ရေလှိုင်းမျိုးနွယ်က ကျဆုံးသွားတဲ့သူရဲကောင်းဝိညာဉ်တွေကို နှိပ်သိမ့်ဖို့ ပို့ပေးလိုက်ကြ။”

ယောင်မိသားစုအဖိုးအိုက ပြောလျှင် ပြစ်ဒဏ်ခန်းမအပြင်ဘက်တွင်း ရှိနေကြသော ယောင်မိသားစုကျင့်ကြံသူများသည် သူတို့၏ကျင့်ကြံဆင့်များကို လှည့်ပတ်လျှက် ရွှီချင်းတို့ထံသို့ လှမ်းလာကြသည်။

ရွှီချင်း၏မျက်လုံး၌ အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ ခုန်ရှန်းလုံက ခေါင်းမော့လိုက်သည်နှင့် သူ့အကြည့်သည် ရန်လိုမှုအဖြစ်သို့ ပြောင်းသွားသည်။ ထို့နောက် သူ့နောက်ဘက်က ကွင်းပြင်တွင် သက်တန့်များ ဖြစ်ပေါ်လာပြီး လေတိုးသံများကို ကြားရသည်။

လှုပ်ခတ်မှုသည် လွန်စွာ ကြီးမားပြီး လေတိုးသံများနှင့်အတူ ကွင်းထဲသို့ လူအများအပြား သက်ဆင်းလာကြ၏။ သူတို့မှာ ဓားကိုင်များ ဖြစ်ကြသည်။

သူတို့သည် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်က ဓားကိုင်များ ဖြစ်ကြသည်။

နှစ်များစွာအတွင်း ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်က ဓားကိုင်များသည် ပြည်နယ်အနှံ့ သွားရောက်တာဝန်ထမ်းဆောင်နေကြသော်လည်း လက်ရှိ ဒေသငယ်မြို့တော်တွင် ရှိနေကြသော ဓားကိုင်များအားလုံး ဓားကိုင်ရုံးတော်သို့ ရောက်လာကြခြင်း ဖြစ်သည်။

သည်မတိုင်ခင်က ရွှီချင်းသည် သူတို့အား အသံပို့လွှတ်ထားခဲ့ပြီး ဖြစ်သည်။

သူတို့ သက်ဆင်းလာသည်တွင် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်က ဓားကိုင်များသည် သူတို့၏အရှိန်အဝါနှင့် ကျင့်ကြံဆင့်များကို ထုတ်ဖော်ကာ ရွှီချင်းတို့အား ကာကွယ်လိုက်ကြသည်။ သူတို့က ယောင်မိသားစုဝင်များအား ရိုင်းစိုင်းကာ အထင်သေးသော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။

“စိတ်ဝင်စားစရာပဲ… ဓားကိုင်ရုံးတော်မှာ ဓားကိုင်တွေကို ဖမ်းရဲတာ…”

“လာစမ်းပါ… ဒီက မင်းအဖိုးကိုလည်း သန့်စင်ရေလှိုင်းမျိုးနွယ်ဆီကို ခေါ်သွားပေး…”

“သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ သူရဲကောင်းဝိညာဉ်တွေကို နှိပ်သိမ့်ဖို့လား…”

“ခွေးကောင်တွေ…”

သူတို့စကားပြောလျှင် သူတို့ထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များသည် အာကာတခွင်လုံးကို ဖုံးအုပ်သွား၏။

ယောင်မိသားစုမှ လူများအားလုံး ရပ်လိုက်ကြသည်။

ကိုယ်စားလှယ်စွန်းက နှာခေါင်းတစ်ချက်ရှုံ့သည်။ သူက စကားပြောရန်ပြင်လိုက်စဉ် အဝေးမှ လေတိုးသံများ အဆက်မပြတ် ထွက်ပေါ်လာပြန်သည်။

နောက်ထပ်ဓားကိုင်တစ်စု လေကိုခွင်း၍ ပြေးလာနေကြသည်။

သူတို့မှာ လူတစ်ရာခန့်ရှိပြီး သူတို့အားလုံး ကြီးမားသော သတ်ဖြတ်ခြင်းအငွေ့အသက်များအား သယ်ဆောင်လာကြသည်။ သူတို့အားလုံးမှာ ကမ္ဘာဦးမိုးကြိုးမျိုးနွယ်က ဓားကိုင်များ ဖြစ်ကြသည်။ သူတို့က ဝမ်ချန်၏အသံပို့လွှတ်မှုကို ကြားသိသည်နှင့် အပြေးရောက်လာကြခြင်း ဖြစ်သည်။

သူတို့ နီးကပ်လာသည်နှင့်အမျှ မိုးခြိမ်းသံများမှာလည်း ကောင်းကင်နှင့်မြေပြင်ကို ပိုမိုတုန်ခါစေတော့သည်။

ထိုအထဲတွင် ချန်ထင်းဟောင်လည်း ပါဝင်သည်။ သူက နှာခေါင်းရှုံ့သည်။

“ငါတို့ဓားကိုင်တွေကို ဘယ်သူထိရဲတာလဲ…”

ကမ္ဘာဦးမိုးကြိုးမျိုးနွယ်က ဓားကိုင်များလည်း တစ်ယောက်ပြီးတစ်ယောက် ဆဲရေးလိုက်ကြလေသည်။

“ငါတို့က သန့်စင်ရေလှိုင်းမျိုးနွယ်ကို သတ်ဖြတ်တော့ရော ဘာဖြစ်လဲ။ ငါက သူတို့ကို စားတောင် စားဖူးတယ်။”

“ယောင်မိသားစု… မင်းတို့မှာ အရှက်ဆိုတာ ရှိသေးလား။”

ထိုမြင်ကွင်းကို ကြည့်ကာ ယောင်မိသားစုကျင့်ကြံသူများ တုန်လှုပ်သွားကြသည်။

သို့သော်လည်း ထိုမျှဖြင့် မပြီးဆုံးသေးပါ။ ချက်ချင်းပင် အဝေးမှ လေတိုးသံများကို ထပ်မံ၍ ကြားလိုက်ရပြန်သည်။

မိစ္ဆာအသွင်ပြောင်းဂိုဏ်းနှင့် သွေးမြူဂိုဏ်းက ဓားကိုင်များ မြန်ဆန်စွာ ရောက်လာနေကြသည်။ သူတို့မှာ ရာနှင့်ချီသော ဓားကိုင်များဖြစ်ပြီး အရှိန်အဝါများမှာ ပြင်းထန်အားကောင်းကြသည်။

မိစ္ဆာအသွင်ပြောင်းဂိုဏ်းက ဓားကိုင်များသည်ကား မိစ္ဆာအသွင်သို့ပင် ပြောင်းလဲထားကြကာ အာကာတခွင်အား သူတို့၏ကြီးမားသော ရုပ်ခန္ဓာများဖြင့် ပြည့်နှက်စေသည်။ ၎င်းသည် မိစ္ဆာများ ရုန့်ရမ်းစွာ သက်ဆင်းကခုန်နေသည့်အလား ကမ္ဘာကြီးကိုပင် အရောင်အဆင်း ပြောင်းလဲသွားစေသည်။

သွေးမြူဂိုဏ်းသည်လည်း အားကောင်းသောသွေးချီများကို ထုတ်လွှတ်ကာ လေထုကို တစ်ဝုန်းဝုန်းမြည်စေလျှက် တိမ်များနှင့် လေများကို လှုပ်ခတ်စေသည်။ အေးစက်သော အသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

“လူသားတစ်ယောက် ဖြစ်မယ့်အစား ခွေးတစ်ကောင်ပဲ ဖြစ်ချင်နေကြတယ်…”

“မင်းတို့ကို ခွေးလို့ခေါ်တာ ခွေးတွေ သိက္ခာကျတယ်”

“ခွေးတွေနဲ့ ဝက်တွေထက် တန်ဖိုးမရှိတဲ့အကောင်တွေ…”

“ငါတို့ဓားကိုင်တွေကို ဘယ်သူထိရဲသလဲ ကြည့်ရအောင်…”

တစ်ထောင်နီးပါးရှိသော ဓားကိုင်များ၏ ထည်ဝါသော အရှိန်အဝါများသည် တိမ်များကိုပင် လူးလိမ့်စေသည်။ သူတို့က ယောင်မိသားစုဝင်များနှင့် သန့်စင်ရေလှိုင်းမျိုးနွယ်ကျင့်ကြံသူတို့ကို အေးစက်တင်းမာစွာ ကြည့်နေကြသည်။

သတ်ဖြတ်ခြင်းအငွေ့အသက်သည် ပြင်းထန်လွန်းရကား လောကသည်ပင် အရောင်အဆင်းပြောင်းလဲသွားရသည်။

ယောင်မိသားစုသာ လှုပ်ရှားရဲပါက သူတို့သည် မည်သူ့ကိုမှ အသက်ရှင်ခွင့်မပေးဘဲ ဖျက်ဆီးသတ်ဖြတ်ပစ်မည့်ဟန်ရှိနေသည်။

ထိုသို့ ကြမ်းတမ်းသော တုန့်ပြင်မှုတွင် ယောင်မိသားစုဝင်တို့၏အမူအရာများမှာ ပြောင်းလဲသွားရသည်။

အထူးသဖြင့် သတ်ဖြတ်လိုစိတ်ပြင်းထန်သော ဓားကိုင်များ အဝေးမှ ချဉ်းကပ်လာသောအခါ ဖြစ်သည်။

တာဝန်ခံစွန်းသည် ၎င်းတို့ကို မြင်လျှင် စိတ်လှုပ်ရှားသွားသည်။ သူသည်လည်း အသက်ရှုသံများ မြန်လာကာ မျက်မှောင်ကျုံ့လိုက်မိသည်။

အသေးစားပုန်ကန်မှုတစ်ခု ဖြစ်လာမည့်ဟန်ပင် ရှိနေ၏။

“စီမံခန့်ခွဲရေးမှူးစစ်မာ…”

တာဝန်ခံစွန်းက ရုတ်တရက် နောက်လှည့်ကာ စီမံခန့်ခွဲရေးမှူးစစ်မာကို ကြည့်သည်။ ဘေးက သန့်စင်ရေလှိုင်းမျိုးနွယ်မှ ဝတ်ရုံနက်အစောင့်အရှောက်သည်ကား သုန်မှုန်နေသည်။

စီမံခန့်ခွဲရေးမှူးစစ်မာ၏အမူအရာက ပြောင်းလဲခြင်း မရှိပေ။ သူက အပြုံးတုတစ်ခုဖြင့် ပြောသည်။

“တာဝန်ခံစွန်း… ကျုပ်က သူတို့ကို ယောင်မိသားစုမျက်နှာနဲ့ ခေါ်ပေးတာ။ ခင်ဗျားက သူတို့ကို မေးခွန်းမေးပြီးပြီ။ သူတို့ကလည်း ဖြေပြီးပြီ။”

“အားလုံးက ရှင်းသွားပြီပဲ။ ကျုပ်တို့က သူလျှိုမလွှတ်ခဲ့သလို သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်တွေကိုလည်း မသတ်ခဲ့ဘူး။ ဒီရုပ်ပုံမှတ်တမ်းကျောက်စိမ်းပြားလား… ဒါမျိုးတွေ ကျုပ်တို့ဆီမှာ အများကြီးရှိတယ်။ ခင်ဗျားလိုချင်ရင် ကျုပ် အများကြီး အတုလုပ်ပေးနိုင်တယ်။”

စီမံခန့်ခွဲရေးမှူးစစ်မာက မုတ်ဆိတ်ရှည်ကြီးကို ပွတ်သပ်ကာ ပြုံးလျက် ပြောသည်။

“ကျုပ်ဘက်က လုပ်နိုင်တာကို လုပ်ပေးပြီးပြီ။ ဒါပေမဲ့ ခင်ဗျားတို့ ယောင်မိသားစုက နည်းနည်းဘောင်ကျော်ပြီးတော့ ဓားကိုင်ရုံးတော်မှာ အဲဒီလို စကားမျိုး ပြောရဲတယ်။”

“ခင်ဗျားက စကားမှားသွားပြီးတော့ ဓားကိုင်ရုံးတော်က ဓားကိုင်တွေအများစုရဲ့ ဒေါသကို ဆွသလို ဖြစ်သွားတယ်။ ဒီလိုကိစ္စမျိုးကျတော့ ကျုပ်လည်း မကူနိုင်ဘူး။”

All Chapters