သွေးနီရောင်ကောင်းကင်ပေါ်တွင် ကြယ်များ ထွက်ပေါ်လာခြင်း
Vol. 102 Ch. 1568
“ မြစ်ကို ဖြတ်တဲ့ ကူးတို့ခက အဲ့လောက်တောင် ကုန်ကျတာလား… ”
“ အရမ်းဈေးကြီးတာပဲ... ကြည့်ရတာ မြစ်ကို ဖြတ်တာက ရိုးရှင်းတဲ့ ကိစ္စမဟုတ်တဲ့ပုံပဲ ”
ရွှီချင်းက မြေပုံထဲမှ သတင်းအချက်အလက်များကို ဆက်ပြီး စစ်ဆေးကြည့်လိုက်သည်။ မကြာမီ သူ၏ ခန့်မှန်းမှုက မှန်ကန်ကြောင်း အတည်ပြုနိုင်သွားသည်။
“ အဲ့ဒီနတ်ဘုရားသွေးမြစ်က တောင်ပိုင်းကြယ်စင်စုနဲ့ အနောက်ပိုင်းကြယ်စင်စုကြားမှာပဲ တည်ရှိတာ မဟုတ်ဘူး... တခြားကြယ်စင်စုနှစ်ခုကြားမှာလည်း တည်ရှိတယ် ”
“ ဒါ့အပြင် မြစ်ကို ဖြတ်တာက လုံးဝဘေးကင်းလုံခြုံတယ် ”
ရွှီချင်း၏ အကြည့်က အေးခဲသွားသည်။
“ တစ်ယောက်ယောက်က ကူးတို့လှေသမားရဲ့ လှေပေါ်ကို တတ်လိုက်တာနဲ့ မြစ်ကို ဖြတ်တဲ့ အဲ့ဒီခြောက်ရက်အတွင်းမှာ ကူးတို့လှေသမားက ခရီးသည်ရဲ့ ဘေးကင်းလုံခြုံမှုကို တာဝန်ယူပေးရမယ်... ပြင်ပအန္တရာယ်တွေကို ဝင်ရောက်နှောင့်ယှက်ခွင့်မပြုဘူး ”
“ ကူးတို့လှေသမားတွေရဲ့ အစွမ်းက ရှိန်လောက်စရာကောင်းတယ်... ဘာပဲဖြစ်ဖြစ် သူတို့အားလုံးက အင်မော်တယ်မြို့တော်ရဲ့ အပြစ်ဒဏ်ပေးခြင်းခံထားရတဲ့ ဒုစရိုက်သမားတွေပဲ ”
ရွှီချင်းက နှုတ်ဆိတ်သွားပြီး ဖြစ်နိုင်ခြေတစ်ခုကို တွေးတောလိုက်သည်။
“ အင်မော်တယ်မြို့တော်ရဲ့ အမဲလိုက်ပွဲတော်နဲ့ပတ်သက်ပြီး ငါသိထားသလောက် ပြောရရင် အရည်အချင်းပြည့်မီတုံကင်ကို ပိုင်ဆိုင်ထားတဲ့ လူတိုင်းက ဖန်အိုးထဲမှာ ပျိုးထောင်ထားတဲ့ အင်းဆက်တွေနဲ့ ဆင်တူတယ်... သူတို့က တစ်ယောက်နဲ့တစ်ယောက် လုယက်သတ်ဖြတ်ကြလိမ့်မယ်... အဲ့ဒီတော့ ကူးတို့လှေက... ”
“ အဲ့ဒါက တုံကင်ပိုင်ဆိုင်ထားတဲ့ လူတိုင်းကို အားအင်ပြန်ဖြည့်နိုင်စေဖို့ နှစ်ကြိမ် ကာကွယ်ပေးလိမ့်မယ် ”
“ သူတို့က ဘယ်လိုအန္တရာယ်နဲ့ တွေ့ကြုံပါစေ ကူးတို့လှေသမားရဲ့ လှေပေါ်ကို တတ်လိုက်တာနဲ့ ခြောက်ရက်ကြာအောင် အနားယူနိုင်လိမ့်မယ် ”
“ တကယ်လို့ ရန်သူက အားအင်ပြန်ဖြည့်ပြီး ပြင်ဆင်ဖို့ အချိန်ခြောက်ရက်ရသွားမယ်ဆိုရင် တိုက်ပွဲရဲ့ နောက်ဆုံးရလဒ်က မသေချာမရေရာ ဖြစ်လာလိမ့်မယ် ”
စူးရှသော အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
ထိုရှုထောင့်မှ ကြည့်မည်ဆိုလျှင် မြစ်ကို ဖြတ်သည့် အခွင့်အရေးက အလွန်တန်ဖိုးကြီးမားသည်။
“ အဓိကအချက်က အဲ့ဒါကို ဘယ်အချိန်မှာ အသုံးပြုမလဲ ဆိုတာပဲ... ဒါ့အပြင် ငါက ဒီဟာကို သုံးသပ်နိုင်တယ်ဆိုမှတော့ အမှတ်ငါးကြယ်တာရာစက်ဝန်းထဲက တခြားကျင့်ကြံသူတွေကလည်း ဒီဟာကို သုံးသပ်နိုင်ကြလိမ့်မယ် ”
“ အင်မော်တယ်မြို့တော်ရဲ့ အမဲလိုက်ပွဲတော်က စိတ်ဝင်စားစရာပဲ ”
ရွှီချင်းက တစ်ခဏ တွေးတောပြီးနောက် မြေပုံကျောက်စိမ်းပြားထဲမှ သတင်းအချက်အလက်များကို ဖြည်းဖြည်းချင်း ချေဖျက်လိုက်သည်။ နောက်ထပ် သံသယဖြစ်စရာမရှိတော့ကြောင်း အတည်ပြုပြီးနောက် သူက လူစည်ကားသော မြို့ထဲမှာ လမ်းလျှောက်လိုက်ပြီး ဤကြယ်တာရာစက်ဝန်းထဲမှ ကောင်းကင်အရွေးချယ်ခံများအကြောင်းကို စစ်ဆေးကြည့်လိုက်သည်။
ကျောက်စိမ်းပြားထဲတွင် ကောင်းကင်အရွေးချယ်ခံအများအပြားကို မှတ်တမ်းတင်ထားသည်။ ကြယ်စင်စုတစ်ခုစီတွင် မှတ်တမ်းတင်ခံထားရသော ကျင့်ကြံသူများက အယောက်တစ်ရာခန့် ရှိကြသည်။
တချို့က ဂိုဏ်းများနှင့် ကလန်များမှဖြစ်ပြီး တချို့က တစ်ကိုယ်တော် လေလွင့်ကျင့်ကြံသူများ ဖြစ်ကြသည်။
သူတို့တစ်ယောက်ချင်းစီက သာလွန်ထူးခြားသော စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ ထို့ပြင် အင်မော်တယ်ရတနာခန်းမ၏ မြေပုံထဲမှာ မှတ်တမ်းတင်ခံထားရသော ထိုကျင့်ကြံသူများသည် ထုံးစံအားဖြင့် ကြယ်တာရာစက်ဝန်းတစ်ခုလုံးမှာ နာမည်ကျော်ကြားကြသည်။
ထို့ကြောင့် ရွှီချင်း၏ အမြင်တွင် ဤမြေပုံထဲမှာ ပါဝင်ကြသော ကောင်းကင်အရွေးချယ်ခံများကို အဆင့်သတ်မှတ်ချက်တစ်ခုအဖြစ် ယူဆနိုင်သည်။
သူတို့ထဲတွင် ကောင်းကင်အရွေးချယ်ခံရှစ်ယောက်က အကျော်ကြားဆုံး ဖြစ်ကြသည်။
အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးတွင် ကောင်းကင်အရွေးချယ်ခံများ ရာပေါင်းများစွာရှိသော်လည်း ထိုရှစ်ယောက်က အတောက်ပဆုံးကြယ်ပွင့်များ ဖြစ်ကြသည်။ ကျန်လူများက သူတို့ကို မော်ကြည့်ရုံသာ တတ်စွမ်းကြသည်။
ပထမဆုံး ရွှီချင်းအာရုံစိုက်လိုက်သည်မှာ လက်ရှိ သူရှိနေသော တောင်ပိုင်းကြယ်စင်စုဖြစ်သည်။
ထိုကြယ်ရှစ်ပွင့်ထဲတွင် ကြယ်နှစ်ပွင့်က တောင်ပိုင်းကြယ်စင်စုထဲမှာ တည်ရှိကြသည်။
ကြယ်တစ်ပွင့်က မဟာအင်မော်တယ်တောင်မှ ဖြစ်သည်။ သူက လန်ယွင်ဟု အမည်ရသော မဟာဧကရာဇ်တစ်ပါး၏ တပည့်ဖြစ်သည်။
လန်ယွင်ဟု ခေါ်ဆိုသော ထိုမဟာဧကရာဇ်က အလွန်စီနီယာကျသူဖြစ်ပြီး ဂုဏ်သိက္ခာကြီးမြတ်သည်။ သူက မဟာအင်မော်တယ်တောင်မှ ကောင်းကင်စောင့်ရှောက်သူ၏ ဂျူနီယာဖြစ်သည်။
အတိတ်မှာ သူက နွေဦးအင်မော်တယ်အဆင့်သို့ စောစီးစွာ တတ်လှမ်းနိုင်ရန် အခွင့်အရေးရရှိခဲ့သည်။ သို့သော်လည်း မတော်တဆမှုတချို့ကြောင့် သူ၏ အဆင့်တတ်မှုက နှောင့်နှေးသွားခဲ့သည်။ ယခု သူက အဆင့်ချိုးဖြတ်ရန် ခြေလှမ်းဝက်မျှသာ လိုအပ်တော့သည်။
ထိုသို့ပုဂ္ဂိုလ်၏ တပည့်က ထုံးစံအားဖြင့် သာလွန်ထူးခြားသူ ဖြစ်သည်။
သူ့တပည့်၏ နာမည်က ကျန်းဖန်ဖြစ်သည်။ သူ၏ ကျင့်ကြံမှုက အနှစ်ငါးရာမပြည့်သေးသော်လည်း သူက အစောပိုင်းအဆင့် အုပ်ချုပ်သူတစ်ပါး ဖြစ်သည်။ ထို့ပြင် သူက အခွင့်အာဏာခုနစ်ခုကို ဆင်ခြင်နားလည်ထားပြီး အထွတ်အထိပ်အဆင့် အုပ်ချုပ်သူတစ်ပါးကို သတ်ဖြတ်နိုင်ခဲ့သော တိုက်ပွဲမှတ်တမ်းတစ်ခု ရှိသည်။ ထိုတိုက်ပွဲမှာ သူက ဒဏ်ရာအပြင်းအထန် ရရှိခဲ့သော်လည်း ယင်းက သူ့ကို တောင်ပိုင်းကြယ်စင်စုမှာ တစ်ဟုန်ထိုး နာမည်ကျော်ကြားစေခဲ့သည်။
တခြားကြယ်စင်စုများမှ ကောင်းကင်အရွေးချယ်ခံများသည်ပင် သူတို့၏ အဆက်အသွယ်များမှတဆင့် ယင်းကို သိရှိသွားကြသည်။
ထိုတိုက်ပွဲပြီးနောက် ကျန်းဖန်သည် တောင်ပိုင်းကြယ်စင်စု၏ ဤမျိုးဆက်တွင် နံပါတ်တစ်ကောင်းကင်အရွေးချယ်ခံအဖြစ် မြဲမြံစွာ ရပ်တည်နိုင်သွားသည်။
တောင်ပိုင်းကြယ်စင်စု၏ တခြားကြယ်ပွင့်က ဂိုဏ်းတော်တစ်ခုမှ မဟုတ်ပေ။ ယင်းအစား ယွင်ရှန်းကလန်မှ ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ယွင်ရှန်းကလန်သည် တောင်ပိုင်းကြယ်စင်စု၏ ထိပ်ဆုံးကလန်သုံးခုထဲမှာ ပါဝင်သည်။
ထိုကျင့်ကြံသူကို ယွင်ရှန်းစုဟု ခေါ်သည်။ သူက အမျိုးသမီးကျင့်ကြံသူဖြစ်သည်။ သူက အပြာရောင်ဝတ်စုံကို နှစ်သက်သောကြောင့် သူ့ကို နတ်သမီးချင်းစုဟု လူသိများကြသည်။
သူ၏ ကျင့်ကြံခြင်းက အလယ်အလတ်အဆင့် အုပ်ချုပ်သူဖြစ်သည်။ သူက ကျန်းဖန်ထက် အဆင့်ပိုမြင့်သော်လည်း သူဖမ်းဆုပ်မိထားသော အခွင့်အာဏာများက ကျန်းဖန်ကဲ့သို့ မများပေ။ သူက အခွင့်အာဏာလေးခုကိုသာ ဆင်ခြင်နားလည်ထားသည်။
သို့တိုင်အောင် သူက အထွတ်အထိပ်အဆင့် အုပ်ချုပ်သူတစ်ပါးနှင့် တိုက်ခိုက်ခဲ့ဖူးသည်။ သူက ရန်သူကို မသတ်နိုင်ခဲ့သော်လည်း အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။
တောင်ပိုင်းကြယ်စင်စုမှ ကောင်းကင်အရွေးချယ်ခံများ၏ သတင်းအချက်လက်များကို စစ်ဆေးကြည့်ပြီးနောက် စူးရှသော အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ အစောပိုင်းအဆင့်နဲ့ အလယ်အလတ်အဆင့်... ”
“ ပထမတစ်ယောက်က အခွင့်အာဏာခုနစ်ခုကို ဖမ်းဆုပ်ထားပြီး အထွတ်အထိပ်အဆင့် အုပ်ချုပ်သူတစ်ပါးကို သတ်နိုင်ခဲ့တယ်... နောက်တစ်ယောက်က အခွင့်အာဏာလေးခုကို ဖမ်းဆုပ်ထားပြီး အထွတ်အထိပ်အဆင့် အုပ်ချုပ်သူတစ်ပါးနဲ့ တိုက်ခိုက်ရာမှာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တယ် ”
“ သူတို့က တကယ့်ကို ပြိုင်ဘက်ကင်း ပါရမီရှင်တွေပဲ ”
ရွှီချင်းက တစ်ခဏ တွေးတောစဉ်းစားပြီးနောက် တခြားကြယ်စင်စုသုံးခုမှ ကြယ်ပွင့်များ၏ သတင်းအချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။
“ မြောက်ပိုင်းကြယ်စင်စုမှာလည်း ကြယ်နှစ်ပွင့်ရှိတယ်... သူတို့နှစ်ယောက်စလုံးက အင်မော်တယ်ဓားဂိုဏ်းကပဲ ”
“ သူတို့က အမွှာညီအကိုတွေ ဖြစ်ကြတယ်... သူတို့မွေးဖွားလာတဲ့အချိန်မှာ ဓားနဲ့ဆက်စပ်တဲ့ သဘာဝလွန် ကောင်းချီးနိမိတ်တွေက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာခဲ့တယ်... ပြီးတော့ သူတို့နှစ်ယောက်စလုံးက မွေးရာပါဓားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြတယ်... သူတို့က အင်မော်တယ်ဓားဂိုဏ်းရဲ့ လက်ရှိကောင်းကင်စောင့်ရှောက်သူရဲ့ တပည့်တွေ ဖြစ်ကြတယ် ”
“ သူတို့ကို ချမ်ကျွင်းနဲ့ ပိုင်ရီလို့ ခေါ်တယ် ”
“ သူတို့နှစ်ယောက်က စတင်ကျင့်ကြံကတည်းက လက်ရှိမျိုးဆက်ကို လွှမ်းမိုးဖိနှိပ်ထားခဲ့တယ်... သူတို့က အဆုံးမဲ့တဲ့ ဂုဏ်သိက္ခာကို ရရှိခဲ့ကြပြီး မြောက်ပိုင်းကြယ်စင်စုတစ်ခုလုံးမှာ ထင်ပေါ်ကျော်ကြားကြတယ် ”
“ လက်ရှိမှာ သူတို့နှစ်ယောက်စလုံးက အစောပိုင်းအဆင့် အုပ်ချုပ်သူတွေဖြစ်ကြပြီး အခွင့်အာဏာလေးခုကို ကိုယ်စီပိုင်ဆိုင်ထားကြတယ်... တစ်ဦးချင်းဆိုရင် သူတို့က နှောင်းပိုင်းအဆင့် အုပ်ချုပ်သူတစ်ပါးနဲ့ တိုက်ခိုက်နိုင်ကြတယ်... တကယ်လို့ သူတို့နှစ်ယောက်က ပူးပေါင်းလိုက်မယ်ဆိုရင် မဟာဧကရာဇ်တစ်ပါးကို စိန်ခေါ်နိုင်တယ် ”
“ သူတို့ရဲ့ အံ့ဖွယ်ကောင်းတဲ့ တိုက်ပွဲရလဒ်တွေကြောင့် သူတို့က အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ လက်ရှိမျိုးဆက်မှာ ကြယ်နှစ်ပွင့်အဖြစ် သတ်မှတ်ခံထားရတယ် ”
ယင်းကို ရွှီချင်းမြင်သွားသောအခါ ပြင်းပြသော စိတ်ဆန္ဒက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက အရှေ့ပိုင်းကြယ်စင်စု၏ ကြယ်ပွင့်များကို စစ်ဆေးကြည့်လိုက်သည်။
အရှေ့ပိုင်းကြယ်စင်စု၏ ကောင်းကင်အရွေးချယ်ခံများက ရွှီချင်းကို မျက်မှောင်ကြုတ်သွားစေသည်။
အရှေ့ပိုင်းကြယ်စင်စုသည် အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကြယ်စင်စုလေးခုထဲတွင် နံပါတ်တစ်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် အမှတ်ငါးကြယ်တာရာစက်ဝန်း၏ လက်ရှိမျိုးဆက်၏ ကြယ်ရှစ်ပွင့်ထဲတွင် ကြယ်သုံးပွင့်က အရှေ့ပိုင်းကြယ်စင်စုထံမှ ဖြစ်ကြသည်။ ထို့ပြင် အရှေ့ပိုင်းကြယ်စင်စုထဲမှ ကောင်းကင်အရွေးချယ်ခံများ၏ အရေအတွက်က တခြားကြယ်စင်စုသုံးခုထက် အများကြီး သာလွန်သည်။
အရှေ့ပိုင်းကြယ်စင်စု၏ ကြယ်သုံးပွင့်ထဲတွင် တစ်ယောက်က လေလွင့်ကျင့်ကြံသူဖြစ်ပြီး အခြားတစ်ယောက်က ကလန်တစ်ခုမှ ဖြစ်သည်။ နောက်ဆုံးတစ်ယောက်သည်တော့ ကြယ်တာရာစက်ဝန်းမျှော်စင်မှ ဖြစ်သည်။
သူတို့ထဲတွင် ထိုလေလွင့်ကျင့်ကြံသူကို ရှဲလင်းဇီဟု ခေါ်သည်။ သူက မည်သည့်နောက်ခံမှမရှိသော်လည်း သေခြင်းရှင်ခြင်းတိုက်ပွဲများစွာကို ဖြတ်ကျော်ပြီးနောက် တစ်ဟုန်ထိုး နာမည်ကျော်ကြားလာခဲ့သည်။ သူက ဝါးမျိုခြင်းအတတ်ပညာကို အသုံးပြု၍ သက်ရှိအများပြားကို သတ်ဖြတ်ခဲ့သည်။ ထို့ပြင် သူက မိစ္ဆာတာအိုကို ကျင့်ကြံသည်။
ရှဲလင်းဇီသည် ငယ်စဉ်အခါမှာ ဂိုဏ်းတစ်ခုကို ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းမှာ ဂိုဏ်းကို သစ္စာဖောက်ခဲ့သည်။ သူက နှစ်ခြောက်ဆယ်ကျော်ကြာအောင် ဂိုဏ်း၏ အမဲလိုက်ခြင်းခံခဲ့ရပြီးနောက် မည်သည့်သဲလွန်စမှ မကျန်ဘဲ ပျောက်သွားခဲ့သည်။
နှစ်ပေါင်းများစွာကြာပြီးနောက် သူက ပြန်ပေါ်လာပြီး နောက်ထပ် ဂိုဏ်းတစ်ခုကို ဝင်ရောက်ခဲ့ကာ ထပ်မံ သစ္စာဖောက်ခဲ့သည်။ ထို့ကြောင့် သူက ဂိုဏ်း၏ မိုးဆုံးမြေဆုံး လိုက်ဖမ်းခံခဲ့ရသည်။ သို့သော်လည်း သူက နောက်ဆုံးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
နောက်ပိုင်းနှစ်များတွင် ထိုသို့အလားတူ အဖြစ်အပျက်များက စုစုပေါင်း ခုနစ်ကြိမ် ဖြစ်ပွားခဲ့သည်။
သူက ဂိုဏ်းခုနစ်ဂိုဏ်း၏ တပည့်ဖြစ်လာခဲ့ပြီး ဂိုဏ်းကို ခုနစ်ကြိမ်စလုံး သစ္စာဖောက်ခဲ့သည်။ သို့ဖြစ်၍ သူက ဂိုဏ်းခုနစ်ဂိုဏ်း၏ အဆုံးမဲ့သော လိုက်ဖမ်းခြင်းကို ခံခဲ့ရသည်။ နောက်ပိုင်းတွင် သူ၏ ကျင့်ကြံခြင်းအခြေခံက အုပ်ချုပ်သူအဆင့်သို့ ချိုးဖြတ်သွားပြီးနောက် သူက ဂိုဏ်းခုနစ်ခုစလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်ခဲ့သည်။
သူက အလောင်းတောင်များနှင့် သွေးပင်လယ်များကို ဖြတ်ကျော်ပြီးနောက် သတ်ဖြတ်ခြင်းတာအိုကို ရရှိသွားသည်။
ထို့နောက် သူက အရှေ့ပိုင်းကြယ်စင်စု၏ ကလန်တစ်ခုမှ ထွက်ပေါ်လာသော တခြားကြယ်ပွင့်နှင့် တိုက်ခိုက်ခဲ့ပြီး သရေကျခဲ့သည်။
ထို့ကြောင့် သူက ကြယ်ရှစ်ပွင့်စာရင်းထဲမှာ ပါဝင်လာခဲ့သည်။
ကလန်မှ ဆင်းသက်လာသော ထိုကြယ်ပွင့်သည်လည်း ထူးခြားသာလွန်သူ ဖြစ်သည်။ သူက အလယ်အလတ်အဆင့် အုပ်ချုပ်သူဖြစ်ပြီး အခွင့်အာဏာငါးခုကို ပိုင်ဆိုင်ထားသည်။ သူ့မှာ နှောင်းပိုင်းအဆင့် အုပ်ချုပ်သူတစ်ပါးကို အနိုင်ယူခဲ့ဖူးသော တိုက်ပွဲမှတ်တမ်းတစ်ခု ရှိသည်။
သူ၏ နာမည်က ကျိုးကျန်းလီဖြစ်သည်။ သူ၏ ကလန်က အရှေ့ပိုင်းကြယ်စင်စု၏ နံပါတ်တစ်ကလန်ဖြစ်ပြီး သူ၏ ဂုဏ်သတင်းက သူ့နာမည်နှင့် လိုက်ဖက်ညီသည်။ သူက သနားကြင်နာပြီး အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်သည်။ ထို့ကြောင့် အရှေ့ပိုင်းကြယ်စင်စုထဲမှ မရေမတွက်နိုင်သော ကျင့်ကြံသူများက သူ့ကို ကြည်ညိုလေးစားကြသည်။
သူနှင့် ရှဲလင်းဇီက လုံးဝဆန့်ကျင်ဘက် ဖြစ်ကြသည်။ ထို့ကြောင့် သူတို့နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ချင်နေကြသည်။
တတိယတစ်ယောက်သည်တော့ ကြယ်တာရာစက်ဝန်းမျှော်စင်မှ ကြယ်ပွင့်ဖြစ်ပြီး အရှေ့ပိုင်းကြယ်စင်စုတစ်ခုလုံး၏ နံပါတ်တစ်ကောင်းကင်အရွေးချယ်ခံအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။
သူ၏ ဘွဲ့နာမည်က ကြယ်တာရာစက်ဝန်းဖြစ်ပြီး သူက ဤမျိုးဆက်၏ ကြယ်တာရာစက်ဝန်းသားတော်ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက နှောင်ပိုင်းအဆင့် အုပ်ချုပ်သူဖြစ်ပြီး သူက မဟာအခွင့်အာဏာကိုးခုကို ပိုင်ဆိုင်ထားသည်။ သူ၏ ခွန်အားက အလွန်ကြောက်စရာကောင်းပြီး သူက များသောအားဖြင့် တိုက်ခိုက်လေ့ မရှိပေ။
သို့သော်လည်း သူက တစ်ကြိမ်တွင် မဟာဧကရာဇ်တစ်ပါးကို လူသိရှင်ကြား စိန်ခေါ်ခဲ့သည်။
သူက ထိုတိုက်ပွဲမှာ အနိုင်ရခဲ့သည်။
ထိုတိုက်ပွဲပြီးနောက် သူ၏ နာမည်က အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးမှာ ပျံ့နှံ့သွားသည်။
ထိုကြယ်ခုနစ်ပွင့်ထဲမှ မည်သည့်ကြယ်ပွင့်မဆို ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်ကြသည်။
နောက်ဆုံးကြယ်ပွင့်သည်တော့ အနောက်ပိုင်းကြယ်စင်စုမှ ဖြစ်သည်။ အနောက်ပိုင်းကြယ်စင်စုသည် ကြယ်စင်စုလေးခုထဲမှာ အားအနည်းဆုံးဖြစ်သည်။ သူတို့ဆီမှာ ကြယ်တစ်ပွင့်သာ ရှိရုံသာမက ကောင်းကင်အရွေးချယ်ခံများ၏ အရေအတွက်သည်လည်း အနည်းဆုံး ဖြစ်သည်။
ထို့ပြင် အနောက်ပိုင်းကြယ်စင်စု၏ အင်မော်တယ်တာအိုဂိုဏ်းကလည်း အခက်အခဲများဖြင့် ရင်ဆိုင်နေရသည်။ ထိုသို့ဖြစ်ရခြင်းမှာ အနောက်ပိုင်းကြယ်စင်စု၏ ကောင်းကင်စောင့်ရှောက်သူက အဆင့်ချိုးဖြတ်နေသည့် အခြေအနေအတွင်းမှာ ရှိနေသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ သူက ဂိုဏ်း၏ ဖွင့်ဖြိုးတိုးတတ်မှုကို ကိုယ်တိုင် မကြီးကြပ်ပေးနိုင်ပေ။ ရလဒ်အနေဖြင့် ဂိုဏ်းအတွင်းမှ ဂိုဏ်းသားအရေအတွက်က နည်းပါးသွားသည်။ ဂိုဏ်းထဲမှ ကျင့်ကြံသူအများစုကလည်း ထိုသို့အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် ဆန္ဒမရှိကြပေ။
တခြားအကြောင်းအရင်းမှာ အနောက်ပိုင်းကြယ်စင်စုထဲမှ အင်အားစုများက တခြားကြယ်စင်စုသုံးခုထက် သိသိသာသာ ပိုများပြားနေခြင်း ဖြစ်သည်။ အင်မော်တယ်တာအိုဂိုဏ်း၏ သဘောထားကို သတိထားမိပြီးနောက် သူတို့က အင်အားတိုးချဲ့လာကြပြီး အချင်းချင်း ယှဉ်ပြိုင်လာကြသည်။
အနောက်ပိုင်းကြယ်စင်စုမှ ကြယ်ပွင့်သည်ပင် ကလန်တစ်ခုမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သူက ကိုယ်တိုင် ကြိုးစားအားထုတ်မှုနှင့် ကလန်၏ ထောက်ပံ့ပေးမှုကြောင့် နောက်ဆုံးမှာတော့ အင်မော်တယ်တာအိုဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့သည်။
အင်မော်တယ်တာအိုဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် သူက ဂိုဏ်း၏ ကောင်းကင်စောင့်ရှောက်သူ၏ တပည့်ဖြစ်လာခဲ့သည်။
သူ့ကို လီမုန့်တုဟု ခေါ်သည်။ သူ့ကလန်မှာ ထူးခြားသော ဝိသေသလက္ခဏာတစ်ခု ရှိသည်။ ယင်းမှာ ကလန်၏ တိုက်ရိုက် မျိုးဆက်တိုင်းက ‘ တု ’ဟူသော စကားလုံးကို သူတို့၏ နာမည်ထဲမှာ မဖြစ်မနေ ထည့်သွင်းရခြင်း ဖြစ်သည်။
သူက အစောပိုင်းအုပ်ချုပ်သူအဆင့်မှာဖြစ်ပြီး သူ့မှာ အခွင့်အာဏာလေးခုသာ ရှိသည်။ သို့ဖြစ်၍ သူ၏ တိုက်ပွဲစွမ်းအားက ကြယ်ရှစ်ပွင့်ထဲမှာ အားအနည်းဆုံး ဖြစ်သည်။
သို့သော်လည်း သူက ကလန်နှင့် သူ့ဆရာ၏ ထူးခြားသော တာအိုအတတ်ပညာများကို အသုံးပြု၍ အလယ်အလတ်အဆင့် အုပ်ချုပ်သူတစ်ပါးကို သတ်ဖြတ်နိုင်ခဲ့သည်။
ထိုတိုက်ပွဲမှတ်တမ်းကြောင့်သာ သူက ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ခံခဲ့ရခြင်း ဖြစ်သည်။
လီမုန့်တုမှလွဲ၍ အနောက်ပိုင်းကြယ်စင်စုတစ်ခုလုံးမှာ ကြယ်ပွင့်နေရာအတွက် တခြားသင့်တော်သူများ မရှိပေ။
မည်သို့ဖြစ်ပါစေ ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ခံရရန် တစ်စုံတစ်ယောက်သည် အခြေခံလိုအပ်ချက်အနေဖြင့် အနှစ်တစ်ထောင်မပြည့်မီ အုပ်ချုပ်သူတစ်ပါး ဖြစ်လာရမည်။
ကြယ်ရှစ်ပွင့်၏ သတင်းအချက်အလက်များကို ဖတ်ရှုပြီးနောက် ရွှီချင်းက အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ ကျင့်ကြံသူများအကြောင်းကို ပိုပြီးကောင်းမွန်စွာ နားလည်သွားသည်။
သူ၏ နှလုံးသားထဲမှာ ပြင်းပြသော တိုက်ပွဲစိတ်ဆန္ဒက ထွက်ပေါ်လာသည်။
“ အဲ့ဒီအမြင့်ကို ရောက်ဖို့ ငါကြိုးစားရမယ် ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် သူက လူအုပ်ကြားထဲသို့ တိုးဝင်သွားပြီး သူ့အတွက် သင့်တော်သော တခြားဈေးဆိုင်များကို ရှာဖွေလိုက်သည်။
မြို့တော်ဆီသို့ ဤခရီးစဉ်တွင် သူက မြေပုံတစ်ခုတည်းကို ဝယ်ယူရန် စီစဉ်မထားပေ။ သူက ဆေးလုံးတချို့နှင့် သူ့အတွက် သင့်တော်သော ဓမ္မရတနာတချို့ကိုလည်း ဝယ်ယူချင်သေးသည်။
သူက မတော်တဆမှုများကို ရှောင်ရှားရန် ယင်းတို့အားလုံးကို ဈေးဆိုင်တစ်ခုတည်းထံမှ မဝယ်ချင်ပေ။ ယင်းအစား သူလိုအပ်သော ပစ္စည်းများကို မတူညီသော ဈေးဆိုင်များထံမှ ဝယ်ယူလိမ့်မည်။
နောက်ဆုံးမှာတော့ မိုးသောက်ဝဲကတော့ငယ်အသစ်တစ်ခု ဖွဲ့စည်းသွားသည့်အခါ သူက မြို့ထဲမှ ပြန်ထွက်သွားသည်။
“ တံခါးပိတ်ကျင့်ကြံဖို့အတွက် စွန့်ပစ်တောင်တစ်လုံးကို ငါရှာဖွေရမယ်... အန္တိမအချိန်တာအိုနဲ့ အန္တိမလေဟာနယ်တာအိုကို ငါဆင်ခြင်နားလည်ရမယ်... ပြီးတော့ အဌမမြောက် အန္တိမတာအိုကို မြန်နိုင်သမျှမြန်မြန် ဆင်ခြင်နားလည်ရမယ်... ”
“ အဌမမြောက် အန္တိမတာအိုကို ဖမ်းဆုပ်မိတဲ့အခါကျရင် ငါ့ရဲ့ ကျင့်ကြံခြင်းက မဟာလောကရှစ်ခု ဝိညာဉ်စုစည်းခြင်းအဆင့်ကို ချိုးဖြတ်သွားလိမ့်မယ် ”
ကြယ်ရှစ်ပွင့်အကြောင်းကို သိရှိပြီးနောက် ရွှီချင်းက သူ့ကိုယ်ပိုင်စွမ်းအားကို တိုးမြှင့်ရန် ဆန္ဒစောလာသည်။
ထိုသို့ဖြင့် အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ရွှီချင်းက မြို့၏ ဂိတ်တံခါးဆီသို့ ရောက်ရန် သိပ်မဝေးတော့ပေ။ ထိုစဉ် ဝဲကတော့ငယ်အသစ်တစ်ခုက ကောင်းကင်ပေါ်မှ အနီရောင်မိုးသောက်အလင်းထဲမှာ ထွက်ပေါ်လာသည်။
ယင်း၏ ဆိုလိုရင်းက နေ့သစ်တစ်ရက် အစပျိုးခြင်း ဖြစ်သည်။
ဝဲကတော့ငယ်အသစ်တစ်ခု ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကောင်းကင်က သိသိသာသာ ပြောင်းလဲသွားသည်။
မိုးသောက်အလင်းထဲတွင် သွေးနီရောင်က ချက်ချင်း ထွက်ပေါ်လာသည်။ ထိုအလင်းက တောင်ပိုင်းကြယ်စင်စု၏ ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းသွားသည်။
ထိုသွေးနီရောင်အလင်းထဲတွင် ကြယ်များက ထွက်ပေါ်လာကြသည်။
ယင်းတို့က အရေအတွက်တစ်ထောင်မှ နှစ်ထောင်နီးပါးထိ ရှိကြသည်။ တချို့ကြယ်များက အချင်းချင်း နီးကပ်နေကြပြီး တချို့ကြယ်များက အလွန်ဝေးကွာကြသည်။ တချို့က အရောင်တောက်ပကြပြီး တချို့က အရောင်မှေးမှိန်ကြသည်။
ကြယ်များ ထွက်ပေါ်လာသည်နှင့်ချက်ချင်း တောင်ပိုင်းကြယ်စင်စုထဲမှ မရေမတွက်နိုင်သော ကျင့်ကြံသူများက အလိုအလျောက် ခေါင်းမော့လိုက်ကြသည်။
ရွှီချင်းက မျက်မှောင်ကြုတ်သွားသည်။
သူ၏ သိုလှောင်အိတ်ထဲမှ အင်မော်တယ်မြို့တော် အရည်အချင်းပြည့်မီတုံကင်က လှုပ်ခါနေကြောင်း သူအာရုံခံမိသွားသည်။ ယင်းက အကန့်အသတ်အားလုံးကို လျစ်လျူရှုနိုင်သော အစွမ်းတစ်မျိုးကို ထုတ်လွှတ်လိုက်သည်။ ထိုအစွမ်းက သိုလှောင်အိတ်၏ အဟန့်အတားကို ချိုးဖြတ်သွားပြီး ကောင်းကင်ပေါ်မှ ကြယ်တစ်လုံးနှင့် ချိတ်ဆက်သွားသည်။
ထိုကြယ်က အရောင်မှေးမှိန်နေသည်။
ထိုကြယ်၏ ဘေးတွင် အရောင်တောက်ပနေသော တခြားကြယ်တစ်လုံး ရှိသည်။
ကောင်းကင်ပေါ်မှ မြင်ကွင်းက ပျောက်ကွယ်သွားသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်တွင် ဆူဆူညံညံအသံများ ထွက်ပေါ်လာသည်။
“ အင်မော်တယ်မြို့တော်ရဲ့ အမဲလိုက်ပွဲတော်က ဒုတိယအဆင့်ကို ဝင်ရောက်သွားပြီ ”
“ အခု တုံကင်အားလုံးက ထုတ်ဖော်ခံလိုက်ရပြီ... ပြီးတော့ တုံကင်ပိုင်ရှင်တွေက တစ်ယောက်နဲ့တစ်ယောက် အာရုံခံလို့ရသွားပြီ ”
“ တခြားကြယ်စင်စုတွေမှာ ဘယ်လိုအခြေအနေရှိလဲ ငါမသိဘူး... ဒါပေမဲ့ တောင်ပိုင်းကြယ်စင်စုကတော့ သေချာပေါက် သွေးလွှမ်းတော့မယ်... ”
လူအုပ်ကြီးထံမှ ဆွေးနွေးသံများက ရွှီချင်း၏ နားထဲသို့ ဝင်ရောက်လာသောအခါ အစောနက မြင်ကွင်းက သူ၏ စိတ်ထဲမှာ ပြန်ပေါ်လာသည်။ အမှန်တကယ်ပင် သူ၏ ကြယ်နားမှာ တခြားကြယ်များ ရှိကြသည်။
“ တုံကင်ကို ငါအသက်မသွင်းခဲ့တာက အမဲလိုက်ပွဲတော်နဲ့ပတ်သက်ပြီး စဉ်းစားထားတာ ရှိလို့ပဲ... ဒါပေမဲ့ အခုပုံစံအရဆိုရင် တကယ်လို့ ငါက တုံကင်ကို အသက်မသွင်းရင်တောင်မှ တုံကင်က အမဲလိုက်ပွဲတော်ရဲ့ ဒုတိယအဆင့်မှာ သေချာပေါက် ထွက်ပေါ်လာလိမ့်မယ် ”
“ ဒါပေမဲ့ တခြားတုံကင်ပိုင်ရှင်တွေက အသက်မသွင်းရသေးတဲ့ တုံကင်ကိုရော အာရုံခံနိုင်လားဆိုတာ ငါသေချာမသိသေးဘူး ”
ရွှီချင်းက သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူ၏ အမူအရာက ပုံမှန်ပြန်ဖြစ်သွားသည်။ သူက မူမမှန်သော မည်သည့်ပုံစံကိုမှ မဖော်ပြချေ။ သူက မနှေးလွန်း မမြန်လွန်းသော ခြေလှမ်းနှင့်အတူ မြို့၏ ဂိတ်တံခါးဆီသို့ ဆက်လျှောက်သွားသည်။
ထိုစဉ် အတိတ်မှာ ရွှီချင်း ထွက်ပေါ်လာခဲ့သော ဝိညာဉ်သတ္ထုတွင်းထဲတွင် အနီရောင်ဆံပင်နှင့် လူငယ်တစ်ယောက်က မတ်တတ်ရပ်နေပြီး ကောင်းကင်ကို စိုက်ကြည့်နေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဝဲကတော့တိုတမ်ဒါဇင်ခန့်က အလွန်သိပ်သည်းသော ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်နေသည်။
အချိန်အတော်ကြာပြီးနောက် သူက အကြည့်ပြန်ရုပ်လိုက်ပြီး ပျက်စီးပြိုကွဲနေသော ပူဖောင်းကမ္ဘာငယ်များကို ကြည့်လိုက်သည်။ ဤနေရာမှ ဝိညာဉ်စွမ်းအင်က အလွန်ပါးလွှာသည်။
သူ၏ မျက်နှာက သုန်မှုန်နေသည်။
“ လင်းဒူက ငါ့ကို အရည်အချင်းပြည့်မီတုံကင်တစ်ခု လက်ဆောင်ပေးမယ်လို့ တစ်ခါပြောဖူးတယ် ”
“ အခု သူက သေဆုံးသွားပြီး တုံကင်က ပျောက်သွားတယ်... ဒီနေရာရဲ့ ပျက်စီးမှုက ငါ့ရဲ့ တိုက်ပွဲအပေါ် သက်ရောက်မှုရှိခဲ့တယ်... ”
“ မင်းက ဘယ်သူပဲဖြစ်ပါစေ သေချာပေါက် သေရမယ် ”