← Chapters

နှလုံးသား၏ ဦးဆောင်ရာသို့(ဃ)

Vol. 50 Ch. 763

နှလုံးသား၏ ဦးဆောင်ရာသို့(ဃ)

Vol. 50 Ch. 763

ဧကရာဇ်၏ နှလုံးသားအလင်းစစ်ဆေးမှုကြောင့်ပင် ရွှီချင်း၏ စကားသံက နားထောင်သူများ၏ နားထဲသို့ ကျရောက်သွားသောအခါ ကြီးမားသော လှိုင်းဂယက်များ ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။

အကယ်၍ ယနေ့က ဒေသငယ်မြို့တော်သို့ ရွှီချင်း ပထမဆုံးရောက်လာသည့် နေ့ဖြစ်မည်ဆိုလျှင် သူ့မှာ ဧကရာဇ်၏ ထောက်ခံချက်ရှိလျှင်ပင် ဤကဲ့သို့ ဂယက်ထမှုကို ဖြစ်စေလိမ့်မည် မဟုတ်ပေ။

မည်သူမှ သူ့ကို မသိကြသလို နားမလည်ကြချေ။ သို့ဖြစ်၍ သူက နာမည်သက်သက်သာ ဖြစ်၏။

အရာအားလုံးသည် ပေါ်ထွက်လာမှုသက်သက်သာ ဖြစ်၏။ ဖုန်းဟိုင်ဒေသငယ်မှ လူများသည် သူက ထူးခြားကြောင်း သိကြသည်။ သို့သော်လည်း ယင်းက အရေးပါသောအရာတော့ မဟုတ်ပေ။

သို့သော် ယခုသည် ကွဲပြားခြားနား၏။

ရွှီချင်းသည် ဖုန်းဟိုင်ဒေသငယ်မှ လူသားများ၏ နှလုံးသားထဲသို့ မသိလိုက်မသိဘာသာ ဝင်ရောက်ထားနှင့်ပြီ ဖြစ်သည်။ သူသည် အနောက်ဘက် စစ်မြေပြင်ကို ကြီးမားသော အကူအညီများ ပေးခဲ့သည်။ သူ၏ သံတော်ဆင့်သရုပ်ကြောင့် ဖုန်ဟိုင်ဒေသငယ်အတွင်း ရွှီချင်း၏ တည်ရှိမှုကိုမသိသော လူသည် အတော်လေး နည်းပါးသည်။

ရှေ့တန်းတိုက်ပွဲများတွင်လည်း ဝင်ရောက်ဆင်နွှဲခဲ့သောကြောင့် စစ်မြေပြင်မှ အသက်ရှင်ကျန်ရစ်ခဲ့ကြသော ကျင့်ကြံသူများသည် ရွှီချင်းကို လေးနက်စွာ နားလည်ကြပြီး သူ့ကို အသိအမှတ်ပြုကြသည်။

ဖုန်းဟိုင်ဒေသငယ်အတွက်တော့ ရွှီချင်းသည် သူတို့၏ လူဖြစ်သည်။ အထူးသဖြင့် ယင်းက ဓားကိုင်များအတွက်ပင်။ သူတို့သည် သေခြင်းရှင်ခြင်းကဒ်ဘေးကို အတူတကွ တွေ့ကြုံရင်ဆိုင်ခဲ့ကြသော ရဲဘော်ရဲဘက်များ ဖြစ်ကြသည်။ သူတို့သည် နောက်ကျောပေးပြီး ရန်သူများကို ရင်ဆိုင်ဝံ့သည်အထိ တစ်ဦးပေါ်တစ်ဦး ယုံကြည်ကြသည်။

ထိုသို့လူအများ၏ ထောက်ခံမှုကိုရရှိထားပြီး နှလုံးသားအလင်းစစ်ဆေးမှုမှ ပေတစ်သိန်းအလင်းတန်းအကြောင်းကို ထုတ်ဖော်ပြောလိုက်သည့်အခါ ရွှီချင်းက လူအများ၏ အာရုံစိုက်စရာဖြစ်လာသည်မှာ မထူးဆန်းပေ။

သူက အပေါ်သို့ မြှောက်တတ်သွားသည့်အခါ ဖုန်းဟိုင်ဒေသငယ်မှ လူအများအပြားသည် သူ့ကို လေးနက်စွာ မှတ်မိသွားကြပြီး အသိအမှတ်ပြုလိုက်ကြသည်။ ဓားကိုင်များသည်ပင် ရွှီချင်းကိုကြည့်လိုက်စဉ် သူတို့၏ ရုံးတော်သခင်ကို ပြန်မြင်ယောင်သွားကြသည်။

ခုန်းရှန်းလုံသည်ပင် ထိုသို့အောင်မြင်မှုကို မရရှိခဲ့ပေ။

အဘယ့်ကြောင့်ဆိုသော် ရုံးတော်သခင်သေဆုံးသွားပြီးနောက်မှ ခုန်းရှန်းလုံ၏ သရုပ်မှန်ကို လူတိုင်းက သိရှိသွားကြသောကြောင့် ဖြစ်သည်။ စစ်ပွဲကာလ၏ အလယ်အပိုင်းအခြားမှလွဲ၍ ကျန်သည့်တစ်ချိန်လုံးတွင် ရွှီချင်းတစ်ယောက်တည်းသာ ရုံးတော်သခင်၏ ဘေးမှာ ရှိနေခဲ့သည်။

ထို့နောက် သူ၏ စကားသံသည် မိုးခြိမ်းသံပမာ အရပ်ရှစ်မျက်နှာသို့ ပေါက်ကွဲထွက်သွားပြီး မြေကွက်လပ်ကျယ်ကို တိတ်ဆိတ်ငြိမ်သက်သွားစေသည်။ ဤခိုက်အတန့်မှာ မြို့တော်တစ်ခုလုံး တုန်လှုပ်နေဟန် ရသည်။

အတွေ့အကြုံများစွာကို ရင်ဆိုင်ကျော်လွှားပြီးနောက် ရွှီချင်းသည် ဤလောက၌ နားလည်ရအလွယ်ကူဆုံးနှင့် လွှမ်းမိုးရန် အလွယ်ကူဆုံးအရာသည် လူသားများ၏ နှလုံးသားဖြစ်ကြောင်း နားလည်သဘောပေါက်ခဲ့သည်။

သူတို့၏ မျက်လုံးထဲ၌ ရွှီချင်းနှင့် နှိုင်းယှဉ်လျှင် လက်ထောက်ဒေသအကြီးအကဲသည်သာ လူတိုင်းကို အမှန်တကယ် အကျိုးအမြတ်ပေးခဲ့သူ ဖြစ်သည်။

သူတို့အတွက်တော့ ရွှီချင်းသည် လက်ထောက်ဒေသအကြီးအကဲထက် အဆပေါင်းများစွာ နိမ့်ကျသည်။

ရုံးတော်သုံးခုမှ ကျင့်ကြံသူများသည်ပင် ဤအခိုက်အတန့်မှာ အံ့ဩထိတ်လန့်သွားကြသော်လည်း သူတို့၏ အမူအရာပေါ်မှာ စိတ်ရှုပ်ထွေးခြင်း၊ အံ့အားသင့်ခြင်းနှင့် နားမလည်နိုင်ခြင်းတို့ ဖြစ်ပေါ်လာကြသည်။ ထိုအရာအားလုံးက ရွှီချင်းကို မည်သည့်အရာနှင့် သူရင်ဆိုင်ကြုံတွေ့နေရကြောင်း နားလည်သွားစေသည်။

ရိုးရှင်းခြင်းသည် ပြစ်မှုဖြစ်သည်။

ရွှီချင်း၏ စကားသံက ပဲ့တင်ထပ်သွားသည်နှင့် ဓားကိုင်ရုံးတော်၏ လက်ထောက်ရုံးတော်သခင်ဖြစ်သော ရုံးတော်သခင်သေဆုံးမှုကြောင့် မျက်ရည်ကျခဲ့သော အဖိုးအိုသည် ရုတ်တရက် အလျှင်စလို ပြေးထွက်လာပြီး ရွှီချင်းကို မာန်မဲလိုက်သည်။

“ ရွှီချင်း… ငါမင်းကိုပေးခဲ့တဲ့ ကျင့်ကြံခြင်းအတတ်ရဲ့ နောက်တစ်ဆင့်ကို မင်းလေ့ကျင့်ခဲ့တာလား… မင်းရူးသွားပြီ… မင်းကို လောဘမကြီးရဘူးလို့ ငါသတိမပေးခဲ့ဘူးလား… ဒါပေမဲ့ ငါ့စကားကို မင်းနားမထောင်ဘူး ”

လက်ထောက်ရုံးတော်သခင်သည် ဒေါသတကြီး မာန်မဲလိုက်သော်လည်း သူ၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်စိတ်က အတိုင်းသား ပေါ်လွင်နေသည်။ သူက ဘေးဘက်သို့ အမြန်လှည့်လိုက်ပြီး စင်မြင့်ဆီသို့ အရိုအသေပေးလိုက်သည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ အရှင့်သား… လက်ထောက်ဒေသအကြီးအကဲ… ရွှီချင်းရဲ့ ကျင့်ကြံခြင်းမှာ ပြဿနာတစ်ခု ရှိနေပါတယ်… ကျေးဇူးပြုပြီး စောစောက သူပြောခဲ့တာတွေကို ဗွေမယူပါနဲ့… ပြန်ရောက်တဲ့အခါ ကျုပ် သူ့ကို ကောင်းကောင်းအပြစ်ပေးလိုက်ပါ့မယ် ”

လက်ထောက်ရုံးတော်သခင်၏ အသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဓားကိုင်ရုံးတော်မှ စီမံခန့်ခွဲရေးမှူးစစ်မာနှင့် စီမံခန့်ခွဲရေးမှူးစွန်းသည် လေပေါ်သို့ ပျံတတ်သွားကြပြီး စင်မြင့်ဆီသို့ အရိုအသေပေးလိုက်ကြသည်။

စစ်ပြန်ဓားကိုင်များသည်လည်း လေထဲသို့ ပျံတတ်သွားကြရန် ဟန်ပြင်လိုက်ကြသည်။ သူတို့သည် စုစုပေါင်း အရေအတွက် တစ်သိန်းကျော်သည်။ ထိုအထဲတွင် ခုန်းရှန်းလုံ၊ ခေါင်းဆောင်၊ ချင်းချိုးနှင့် နင်ယန်တို့ ပါဝင်ကြသည်။

ရွှီချင်းက မည်မျှကြီးလေးသော အမှားကို ကျူးလွန်ခဲ့သည်ဖြစ်စေ သူတို့သည် ရွှီချင်းကိုကာကွယ်ရန် အလိုအလျောက် အရှေ့ထွက်လာကြသည်။ သူတို့အတွက်ဆိုလျှင်လည်း ရွှီချင်းသည် ထိုသို့လုပ်လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ရဲဘော်ရဲဘက်များ ဖြစ်ကြပေသည်။

အထူးသဖြင့် ခေါင်းဆောင်ပင်။ အပြာရောင်အလင်းတန်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။

ကောင်းကင်ပေါ်မှ လက်ထောက်ရုံးတော်သခင်က ထိုအဖြစ်အပျက်ကို မြင်သွားသောအခါ ချက်ချင်း အော်ဟစ်လိုက်ပြီး လေပေါ်သို့ ပျံတတ်လာနေကြသော လူတိုင်းကို ရပ်တန့်လိုက်သည်။ သူက စင်မြင့်ဆီသို့ ဆက်လက် အရိုအသေပေးလိုက်သည်။

သတ္တမမင်းသားသည် မျက်လုံးမှေးကျဉ်းလိုက်လေရာ သူ၏ အကြည့်က ရွှီချင်း၏ ဦးခေါင်းထက်ဆီသို့ ကျရောက်သွားသည်။ သူ၏ နှလုံးသားထဲမှ လှိုင်းထမှုသည် ဆက်လက်ရှိနေသေး၏။ ထို့နောက် သူ၏ အကြည့်က စင်မြင့်အောက်မှ သိန်းပေါင်းများစွာသော ကျင့်ကြံသူများအပေါ် ကျရောက်သွားသည်။ အကယ်၍ ယနေ့ကိစ္စကို ကောင်းမွန်စွာ သူကိုင်တွယ်မဖြေရှင်းနိုင်လျှင် ဆူပူအုံကြွမှုဖြစ်လာလိမ့်မည်ဖြစ်ကြောင်း သိသည်။

အကယ်၍ ဤကိစ္စက ကောင်းမွန်စွာ ပြီးဆုံးသွားလျှင်ပင် လက်ထောက်ဒေသအကြီးအကဲက ဒေသအကြီးအကဲဖြစ်လာမည့် အစီအစဉ်မှာ အမည်းစက်တချို့ ကျန်နေဦးလိမ့်မည်။ မည်သို့ဖြစ်စေ သူ့အား ငြင်းဆန်ခဲ့သူသည် နှလုံးသားအလင်းစစ်ဆေးမှုတွင် ပေတစ်သိန်းအလင်းတန်းကို ရရှိထားသူဖြစ်သည်။ ထို့အပြင် ထိုသူက ဖုန်းဟိုင်ဒေသငယ်မှ ကမ္မစွမ်းအင်၏ အသိအမှတ်ပြုခြင်းလည်း ခံထားရသည်။ သူ၏ ခမည်းတော်ပင်လျှင် ဤကိစ္စကို သေချာချင့်ချိန်စဉ်းစားရပေလိမ့်မည်။

သို့သော်လည်း ယင်းက သူနှင့်မည်သို့သက်ဆိုင်သနည်း။ သူသည် သဘောတူညီမှုအတိုင်း ဖြည့်ဆည်းပေးခဲ့ပြီးပြီ ဖြစ်သည်။ လက်ထောက်ဒေသအကြီးအကဲက ယင်းကို ရယူနိုင်ခြင်း မရယူနိုင်ခြင်းသည် သူနှင့်မည်သို့မှ မသက်ဆိုင်ပေ။

သို့ဖြစ်၍ သတ္တမမင်းသားသည် မည်သည့်စကားမှ ဝင်မပြောပေ။ လက်ထောက်ဒေသအကြီးအကဲက ဤကိစ္စအား မည်သို့ကိုင်တွယ်မည်ကို သူမြင်ချင်သေးသည်။

စင်မြင့်ပေါ်တွင် မတ်တတ်ရပ်နေသော လက်ထောက်ဒေသအကြီးအကဲသည် ရွှီချင်းကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ ကိစ္စမရှိပါဘူး… မင်းဘာကြောင့် ငြင်းဆန်ရသလဲဆိုတာ ငါလည်း ကြားချင်တယ်… ပြီးတော့ ရွှီချင်း အရင်တုန်းက ငါမင်းကို သင်ခန်းစာတွေ ပို့ချခဲ့ဖူးတယ်မဟုတ်လား ”

“ ဒါက ကလေးတစ်ယောက်ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေပါ… လက်ထောက်ဒေသအကြီးအကဲ ခင်ဗျားဘာလို့ အလေးအနက်ထားနေတာလဲ ”

မည်သည့်စကားမှ ရွှီချင်းမပြောနိုင်ခင် ဓားကိုင်ရုံးတော်၏ လက်ထောက်ရုံးတော်သခင်က လက်သီးဆုပ်လိုက်ပြီး နောက်တစ်ကြိမ် အရိုအသေပေးလိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ကျိန်းမောင်းလိုက်သည်။

“ မြန်မြန် ပြန်တော့ ”

လက်ထောက်ရုံးတော်သခင်သည် စကားဆုံးအောင် ပြောပြီးသည်နှင့် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ရွှီချင်းနှင့်အတူ ဤနေရာမှ ထွက်ခွာရန်ပြင်လိုက်သည်။ နန်းမြို့တော်၏ စစ်ဗိုလ်ချုပ်များနှင့် လက်ထောက်ဒေသအကြီးအကဲထံမှ ရုတ်တရက် အပြောင်းအလဲဖြစ်ပေါ်မှုများကို တားဆီးကာကွယ်ရန် ကျင့်ကြံခြင်းအစွမ်းက သူ၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့ထွက်လာသည်။

“ လီယွမ်ရှန်း ရပ်စမ်း ”

လက်ထောက်ဒေသအကြီးအကဲက တည်ငြိမ်စွာ ပြောသည်။

လက်ထောက်ရုံးတော်သခင်သည် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ဤသည်မှာ သူ၏ နာမည်ဖြစ်သည်။ သို့သော် သူက အနောက်သို့ ခြေလှမ်းအနည်းငယ် ဆက်လက်ဆုတ်သွားပြီး ရွှီချင်း၏ ဘေးသို့ ရောက်သွားသည်။ သူက လက်ထောက်ဒေသအကြီးအကဲကို ကြည့်လိုက်ပြီး ခါးသီးစွာ ပြောသည်။ သို့သော် သူ၏ သဘောထားသည် ပြတ်သားသည်။

“ လက်ထောက်ဒေသအကြီးအကဲ… ရွှီချင်းက ရုံးတော်သခင်ရဲ့ သံတော်ဆင့်ဖြစ်သလို ဓားကိုင်တစ်ယောက်လည်း ဟုတ်ပါတယ်… သူက ငယ်ရွယ်ပြီး မိုက်မဲပေမဲ့ အသက်သေဆုံးဖို့အတွက်တော့ မထိုက်တန်ပါဘူး… ရုံးတော်သခင်က သူမသေခင်မှာ သူတို့လေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ ကျုပ်ကို ယုံယုံကြည်ကြည် အပ်နှံခဲ့တယ်… ဒါကြောင့် ကျုပ် သူ့ကို ကာကွယ်ရမယ် ”

သူ၏ စကားဆုံးသည်နှင့် စီမံခန့်ခွဲရေးမှူးစစ်မာနှင့် စီမံခန့်ခွဲရေးမှူးစွန်းသည် သူတို့၏ ကျင့်ကြံခြင်းအခြေခံကို ထုတ်လွှတ်လိုက်ကြသည်။ တိုက်ပွဲပေါင်းတစ်ရာကျော်နှင့် ရင်ဆိုင်ခဲ့ဖူးသော ကျင့်ကြံသူတစ်သိန်းကျော်သည် သူတို့၏ အရှိန်အဝါကို ချက်ချင်း ထုတ်လွှတ်လိုက်ကြသည်။

သတ္တမမင်းသား၏ မျက်လုံးသည် တရွေ့ရွေ့ လှုပ်ရှားသွားပြီး လက်ထောက်ဒေသအကြီးထံသို့ ကြည့်လိုက်သည်။

လက်ထောက်ဒေသအကြီးအကဲသည် ရွှီချင်းကို စိုက်ကြည့်လိုက်သည်။

ရွှီချင်းသည် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး သူ၏ ဘေးမှ လက်ထောက်ရုံးတော်သခင်၊ စီမံခန့်ခွဲရေးမှူးနှစ်ယောက်နှင့် မြေပြင်ပေါ်မှ ရဲဘော်ရဲဘက်တစ်သိန်းကျော်ကို အရိုအသေပေးလိုက်သည်။ ထို့နောက် သူက ခေါင်းမော့လိုက်ပြီး တည်ငြိမ်သော အသံဖြင့် နူးညံ့စွာ ပြောသည်။

“ ဒီနှစ် ဧပရယ်လမှာ စစ်ပွဲစတင်ပြီးနောက် ရုံးတော်သခင်က စစ်တပ်ကိုဦးဆောင်ပြီး စစ်မြေပြင်ဆီ ထွက်မသွားခင် ကျုပ်ကို ဒေသအကြီးအကဲရဲ့ သေဆုံးမှုအကြောင်း စုံစမ်းစစ်ဆေးဖို့ လျှို့ဝှက်တာဝန်တစ်ခု ပေးအပ်ခဲ့တယ် ”

သူ့စကားဆုံးသွားသည်နှင့် အစောနက ရွှီချင်းကို ရပ်ခိုင်းစေချင်သော လက်ထောက်ရုံးတော်သခင်သည် တုံ့ဆိုင်းသွားသည်။ ဤနေရာမှ သိန်းပေါင်းများစွာသော ကျင့်ကြံသူများသည် သူတို့နှလုံးသားထဲမှာ လှိုင်းထသွားကြပြီး ရွှီချင်းဆီသို့ လှမ်းကြည့်လိုက်ကြသည်။

အားလုံး၏ စိတ်ဝင်စားမှုအောက်မှာ ရွှီချင်းသည် ရုံးတော်သခင် သူ့အား ပေးအပ်ခဲ့သော ကျောက်စိမ်းပြားကို ခံစားချက်ကင်းမဲ့စွာ ထုတ်လိုက်သည်။ ဤသည်မှာ သက်သေအထောက်အထား ဖြစ်သည်။

“ နှစ်ဝက်ကြာ စုံစမ်းစစ်ဆေးပြီးတဲ့နောက် နောက်ဆုံးမှာတော့ တာဝန်ကို ကျုပ်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့တယ်… ဒီသက်သေအရ အမတ်ယောင်အပြင် သံသယဝင်နိုင်တဲ့ တခြားလူတွေလည်း ရှိနေသေးတယ်… ကြည့်ရတာ တရားခံက နောက်တစ်ယောက် ရှိနေတဲ့ပုံပဲ… ဒါပေမဲ့ ရုံးတော်သခင်က ကွယ်လွန်သွားပြီဖြစ်တာကြောင့် ဒီအကြောင်းကို ဘယ်သူ့ကို ကျုပ်တင်ပြရမလဲ မသိဘူး… လက်ထောက်ဒေသအကြီးအကဲ ကျုပ် ဒီနေရာမှာ ခင်ဗျားကို တင်ပြလို့ရမလား… ဒေသအကြီးအကဲသေဆုံးသွားရတဲ့ နောက်ကွယ်က အမှန်တရားကို ကျုပ် လူသိရှင်ကြား ထုတ်ဖော်ပြောချင်တယ်… ဒါမှ ဖုန်းဟိုင်ဒေသငယ်က လူတိုင်းက ဒီအကြောင်းကို ရှင်းရှင်းလင်းလင်း သိသွားကြမှာ ”

“ လက်ထောက်ဒေသအကြီးအကဲ ကျေးဇူးပြုပြီး ကျုပ်ကို ထောက်ပြပေးပါ ”

မြေပြင်ပေါ်မှ ခေါင်းဆောင်သည် သက်ပြင်းချလိုက်သည်။ သူ၏ မျက်လုံးထဲမှ အပြာရောင်အလင်းသည် အလွန်အမင်း တောက်ပလာသည်။ သူက ချိပ်တံဆိပ်ကို ဖြေလျှော့ရန် အသင့်ဖြစ်နေဟန် ရသည်။

ခုန်းရှန်းလုံ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး သူ၏ မျက်လုံးသည် သွေးနီရောင်လွှမ်းလာသည်။ သူက ဆတ်ခနဲ ခေါင်းလှည့်လိုက်ပြီး လက်ထောက်ဒေသအကြီးအကဲကို ကြည့်လိုက်လေသည်။

နင်ယန်သည် ခေါင်းပုဝင်သွားပြီး သတ္တမမင်းသားထံသို့ တိတ်တခိုး လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

ချင်းချိုးသည် နှုတ်ဆိတ်သွားသည်။ သို့သော် သူ၏ လက်ထဲမှ တံစဉ်ကို ကျစ်ကျစ်ဆုပ်ထားသည်။

ထို့အပြင် လူအုပ်ထဲ၌ မရင်းနှီးသော ဓားကိုင်တစ်ယောက် ပုန်းအောင်းနေသည်။ သူက ရွှီချင်းကို ချီးကျူးခြင်း ဂုဏ်ယူခြင်းစသော အမူအရာများဖြင့် ကြည့်နေသည်။ သို့သော်လည်း တစ်ချိန်တည်းမှာ သူ၏ မျက်လုံးထဲ၌ အကူအညီမဲ့သော အရိပ်အယောင်တချို့ ရှိနေသည်။ ရွှေရောင်အလင်းတန်ူတစ်ခုသည် သူ၏ မျက်လုံးထဲ၌ လျှပ်တစ်ပြက် ဖြတ်ပြေးသွားသည်။

စင်မြင့်အောက်ရှိ သတ္တမမင်းသားခေါ်ဆောင်လာသော စစ်ဗိုလ်ချုပ်များထဲမှ မျက်နှာဖုံးတပ်ဆင်ထားသော သွေးအိမ်မက်ဆိုးသည် ဤအခိုက်အတန့်မှာ ခေါင်းမော့လိုက်သည်။ အလင်းရောင်တစ်ခုသည် သူ၏ မျက်လုံးထဲမှာ ဝင်းလက်သွားသည်။

ဘေးပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားသည်။ ရွှီချင်း၏ စကားကိုကြားသောအခါ လူတိုင်းသည် လက်ထောက်ဒေသအကြီးအကဲထံသို့ မလှည့်ကြည့်ဘဲ မနေနိုင်ကြပေ။ ဒေသအကြီးအကဲ၏ သေဆုံးမှုအကြောင်းအရင်းသည် ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံး၏ ရင်နာဖွယ်ရာကိစ္စတစ်ခု ဖြစ်သည်။

တခြားပြောနေစရာပင် မလိုချေ။ ဤသည်မှာ ဓားကိုင်ရုံးတော်သခင်၏ နောက်ဆုံးအမိန့်ဖြစ်သည်။

ဤစကားကိုကြားသောအခါ ဒေသငယ်မြို့တော်ထဲမှ သေမျိုးများသည်ပင် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ လူတိုင်း၏ နှလုံးသားသည် လှုပ်ခတ်သွားကြသည်။

လက်ထောက်ဒေသအကြီးအကဲနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ရှီချင်း၏ ဂုဏ်သတင်းသည် နိမ့်ကျသည်။

သို့သော်လည်း ဒေသအကြီးအကဲနှင့် ရုံးတော်သခင်ဖြင့် နှိုင်းယှဉ်မည်ဆိုလျှင် လက်ထောက်ဒေသအကြီးအကဲသည် နိမ့်ကျပေသည်။

လက်ထောက်ဒေသအကြီးအကဲသည် ရွှီချင်းကို တည်ကြည်လေးနက်စွာ ကြည့်လိုက်သည်။ ဤသည်မှာ ရွှီချင်းအပေါ် သူက နောက်ထပ်ပုံစံတစ်မျိုး နားလည်သွားဟန် ရသည်။ ခဏအကြာမှာ သူက တည်ငြိမ်စွာ ပြောသည်။

“ ဆက်ပြော ”

All Chapters