← Chapters

လက်ငါးချောင်းမိန်းကလေး (၂)

Vol. 33 Ch. 495

လက်ငါးချောင်းမိန်းကလေး (၂)

Vol. 33 Ch. 495

မိုးရေတို့သည် လိုက်ကာပမာ ကမ္ဘာမြေပြင်အား ဆက်သွယ်ဖုံးလွှမ်းသွားချိန်တွင် ထိုလူက ခေါင်းမော့ကာ ပျံထွက်သွားသည့် သင်္ဘောပျံအား ကြည့်သည်။

ဝါးခေါင်းဆောင်းအောက်တွင် သူ့မျက်လုံးတို့မှာ ရွှေရောင်အလင်းဖျော့ဖျော့ ထုတ်လွှတ်လျက်နေ၏။

၎င်းသည် နတ်စွမ်းအားတို့ အသွင်ပြခြင်း ဖြစ်သည်။

ထိုလူ၏ ရင်ထဲတွင် ပြင်းထန်သည့် သတ်ဖြတ်ဆန္ဒအားတို့ လှိုင်းထန်လှုပ်ရှားနေသည်။ သို့ရာတွင် သူ၏ အရှိန်အဝါနည်းတူပင် ၎င်းဆန္ဒအားမန်တို့သည် ပေါ်လွင်ခြင်း အလျင်းမရှိပေ။ သူ့ခန္ဓာကိုယ်က စွမ်းအားတုန်ခါလှိုင်းတို့လည်း ထုတ်လွှတ်ခြင်း အလျင်းမရှိပေ။

သူသည် ပတ်ဝန်းကျင်နှင့် တစ်သားတည်းပေါင်းစည်းနေသည့်အလား သူ့အား အာရုံခံ၍ မရနိုင်ပါ။

“ယွီအာ ဒီလူကို သတ်ချင်တဲ့ မင်းဆန္ဒကို ငါမကြာမီ ဖြည့်ဆည်းပေးနိုင်တော့မယ်။”

ကောက်ရိုးမိုးကာဝတ်စုံထဲက လူသည် ခေါင်းငုံ့လိုက်ပြီး သူ့ရှေ့က ထီးထီးတည်းဖြစ်နေသည့် သင်္ချိုင်းဂူကို ကြည့်သည်။ ထို့နောက် ခပ်ကြမ်းကြမ်းအသံဖြင့် တိုးညင်းစွာ ပြောသည်။

သူ့အရှေ့မှ ထိုသင်္ချိုင်းဂူပေါ်က စာတို့သည် လေနှင့်မိုးတို့ထဲတွင် မှုန်ဝါးနေသော်လည်း အနီးကပ်ကြည့်လိုက်လျှင်တော့ ၎င်းအပေါ်က စာတစ်ကြောင်းကို ခပ်ရေးရေးမြင်နိုင်သေးသည်။

ချစ်သား ရှန်ယွင်၏ အုတ်ဂူ။

ထိုအုတ်ဂူထဲတွင် အလောင်းမရှိပေ။ ၎င်းသည် အထိမ်းအမှတ်အုတ်ဂူမျှသာ ဖြစ်သည်။

အချိန်အတန်ကြာပြီးနောက်တွင် ကောက်ရိုးမိုးကာဝတ်စုံထဲက လူသည် သင်္ဘောပျံကြီး ထွက်သွားသည့်အရပ်သို့ ထွက်သွား၏။

ဤသို့ဖြင့် အချိန်တို့တရွေ့ရွေ့ကုန်လွန်လာသည်။

ရွှီချင်းနှင့် အဖွဲ့သားများ လိုက်ပါလာသည့် သင်္ဘောပျံသည် အင်မော်တယ်ဆတိုးမြစ်နှင့် မြောက်ဘက်ရေခဲလွင်ပြင်တို့အား ဖြတ်ပျံလာသည်။ ၎င်းသည် ယင်ဟွမ်ပြည်နယ်၏ နယ်စပ်အား ဖြတ်ကျော်လာပြီး ချွီကျောက်ပြည်နယ်အတွင်းတို့ ဝင်ရောက်လာ၏။

ချွီကျောက်ပြည်နယ်သည် ယင်ဟွမ်ပြည်နယ်ကဲ့သို့ ပင်လယ်မရှိသဖြင့် ရာသီဥတုနှင့် အပူချိန်တို့တွင် အစိုဓာတ်များ ပါရှိခြင်းမရှိပေ။ ယင်ဟွမ်ပြည်နယ်တွင် တစ်နှစ်ပတ်လုံး နေထိုင်ကြသော ကျင့်ကြသူများသည် ဤနေရာမှာ အနည်းငယ်ခြောက်သွေ့နေကြောင်း ခံစားရမည် ဖြစ်သည်။

သို့ရာတွင် ရိုးစင်းသော နေသားကျမှုတွင် ၎င်းခံစားချက်သည် အလိုအလျောက် ပျောက်ကွယ်သွားမည် ဖြစ်ပေသည်။

ချွီကျောက်ပြည်နယ်တွင် တောင်ကုန်းတောင်တန်းများစွာ ရှိသည်။ တစ်ချိန်တည်းမှာပင် ဤနေရာတွင် ယင်ဟွမ်ပြည်နယ်ထက် လူမဟုတ်မျိုးနွယ် အများအပြားလည်း ရှိကြသေးသည်။

လမ်းတစ်လျှောက် ပဥ္စမသခင်မကြီး ပြောခဲ့သည့်အတိုင်း ယဉ်ကျေးမှုနှင့် ဓလေ့ထုံးထမ်းမျိုးစုံကို ရွှီချင်း မြင်တွေ့ရ၏။ ထိုထူးဆန်းသော မျိုးနွယ်များနှင့် ယဉ်ကျေးမှုဓလေ့ထုံးထမ်းတို့သည် သူ့အား မျိုးနွယ်အပေါင်းတို့ကို ပို၍ နားလည်လာစေ၏။

ဥပမာအားဖြင့် ယခုအချိန်တွင် သူတို့လိုက်ပါလာသည့် သင်္ဘောပျံကြီးသည် ရောင်စုံလွင်ပြင်တစ်ခုအပေါ်မှ ဖြတ်ကျော်ပျံသန်းလျက် ရှိသည်။

အောက်ဘက်ရှိ လွင်ပြင်တို့သည် ထူးခြားသော ပထဝီအနေအထား ရှိနေဟန်ဖြင့် အရောင်များ ရောယှက်နေကြသည်။

အောက်သို့ ငုံ့ကြည့်လျှင် လွင်ပြင်တို့သည် အရောင်ကွဲများ အတူတွဲစပ်ချုပ်ထားသည့်ပုံစံ ဖြစ်သည်။ တစ်ချိန်တည်းမှာ ပေတစ်သိန်းကျယ်သော အစိမ်းရောင်လွင်ပြင်တစ်ပြင်လုံးမှာ ရုတ်တရက် မှုန်ဝါးလှုပ်ရှားလာသည်။

ရွှီချင်းက ထိုမြင်ကွင်းကို သတိထားမိလိုက်ပြီး မျက်လုံးများမှုန်ကုတ်ကာ အသေအချာ ကြည့်သည်။

မကြာမီ သူသည် လွန်စွာထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခုအား တွေ့မြင်၏။

ထိုမှုန်ဝါးနေသည့် အစိမ်းရောင်နေရာသည် မြေပြင်မှ ကြွတက်လာနေသည်။

၎င်းသည် လွင်ပြင်မဟုတ်ဘဲ အစိမ်းရောင်ဝတ်ရုံတစ်ခု ဖြစ်သည်။ ထိုဝတ်ရုံသည် လွန်စွာကြီးမားပြီး မြေပြင်တွင် ဖြန့်ခင်းထားခြင်း ဖြစ်သည်။

၎င်း၏ ခန္ဓာကိုယ်အစစ်အား မသိသူတို့က ဘေးမှ ဖြတ်သွားချိန်တွင် ထိုအစိမ်းရောင်ပြင်သည် လွင်ပြင်တစ်စိတ်တစ်ဒေသ ဖြစ်နေသည်ဟုသာ ထင်ကြပေလိမ့်မည်။

သို့ရာတွင် အမှန်တကယ်အားဖြင့် ၎င်းသည် အထည်စဝတ်ရုံကြီးတစ်ခု ဖြစ်နေသည်။

ဝတ်ရုံကြီး ကြွတက်လာသည်နှင့် တပြိုင်နက်တည်းနီးပါးတွင် လွင်ပြင်ပေါ်က အခြားသော အရောင်များလည်း အလျိုလျို ကြွတက်လာကြသည်။ အချို့သည် လေထဲသို့ပင် ပျံတက်လာပြီး သင်္ဘောပျံထံသို့ ချဉ်းကပ်လာကြ၏။

ထိုအရာများအားလုံးသည် အဝတ်အစားများ ဖြစ်ကြသည်။ ဝတ်ရုံများ၊ ဘောင်းဘီများ၊ ဦးထုပ်များနှင့် လက်အိတ်များ စသည်ဖြင့် ပါဝင်ကြ၏။

ထိုလွင်ပြင်ကြီးပေါ်တွင် ဝတ်စုံအရွယ်စုံရှိနေပြီး တစ်သန်းအောက်မလျော့သော အရေအတွက်ရှိသည်။

ယခုအချိန်တွင် အနည်းငယ်သော အပိုင်းအစများသာ ပျံတက်လာသေးသည်။ ၎င်းတို့သည် သင်္ဘောပျံကြီးအား ဝိုင်းလိုက်ကြပြီး ပို၍ နီးကပ်စွာ တိုးဝင်လာနေကြ၏။

ထိုဝတ်စုံတို့တွင် အဆင့်များ ခွဲခြားထားဟန်လည်း ရှိသည်။ အချို့သည် တောက်ပြောင်ကာ အဆင့်မြင့်သည်။ အချို့မှာ လေးနက်တည်ကြည်ပြီး အချို့ကတော့ သာမန်လူများနှင့် အစောင့်တပ်သားအသွင်တို့ ရှိနေကြသည်။ သို့ရာတွင် ၎င်းဝတ်စုံတို့အား ဝတ်ဆင်ထားသူ တစ်စုံတစ်ယောက်မျှ မမြင်ရပေ။

အားလုံးက ဝတ်စုံများချည်းသာ ဖြစ်နေသည်။

ရွှီချင်း၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်လာ၏။  ခေါင်းဆောင်ကလည်း အတွင်းခန်းထဲမှ ထွက်လာပြီး သူ့ဘေးသို့ ရောက်ရှိလာသည်။ သူက ထိုဝတ်စုံတို့အား အံ့သြဟန်ဖြင့် ကြည့်သည်။

“ဒီနေရာမှာလည်း မြေအောက်နတ်သမီးတစ်ဦး ရှိနေတာလား။”

သင်္ဘောပျံပေါ်က အခြားသော လူများလည်း ထိုမြင်ကွင်းတွင် သတိကပ်ထားကြသည်။

နတ်မိမယ်ကျစ်ရွှမ်လည်း သင်္ဘောခန်းထဲမှ ထွက်လာသည်။ ထိုဝတ်စုံများကို ကြည့်လိုက်ရင်း သူမ၏ နှုတ်ခမ်း‌ထောင့်များ ကွေးညွတ်ကာ ပြုံးလိုက်ပြီး သင်္ဘောပျံရှေ့က မင်းသမီးဝတ်စုံအား  နှုတ်ဆက်လိုက်၏။

မင်းသမီးဝတ်စုံ၏ လက်စများသည် လှုပ်ခတ်သွားပြီး လူသားအသွင် ဦးညွှတ်၏။ ထို့နောက်တွင် ၎င်းသည် သင်္ဘောပျံ၏ မှော်အရံအတားကို လစ်လျူရှုကာ ပျံသန်းဝင်ရောက်လာသည်။

မင်းသမီးဝတ်စုံက နတ်မိမယ်ကျစ်ရွှမ်ရှေ့သို့ ရောက်ရှိလာချိန်တွင် သူမအား ဖက်လိုက်လေသည်။

ထို့နောက်တွင် ၎င်းသည် ကျစ်ရွှမ်နှင့် စကားစမြည်ပြောနေကြသည့်ဟန်ဖြင့် နတ်အာရုံတစ်ခု ဖြာထွက်လာသည်။ သူတို့က အချင်းချင်းသိနေကြဟန် ရှိသည်။

အပြင်လူတို့က စကားသံတို့ကိုမကြားနိုင်ပေ။ ရွှီချင်း၏ စိတ်တို့တွင်လည်း အတွေးများ ဝင်လာသည်။ သူက ဆက်၍ အာရုံစိုက်နေချိန်မှာပင် ကျစ်ရွှမ်က မင်းသမီးဝတ်စုံအား တစ်စုံတစ်ခု ပြောလိုက်သောကြောင့် ထင်၏၊ ၎င်းမင်းသမီးဝတ်စုံက ရွှီချင်းအား လှည့်ကြည့်သည်။

ရွှီချင်းက ခေါင်းငုံ့ကာ လက်သီးအုပ်သည်။

မကြာမီ မြေပြင်မှ ဝတ်စုံများ ဆက်လက်ပျံသန်းလာကြသည်။

ထိုဝတ်စုံတို့ထဲတွင် အပျိုတော်ဝတ်စုံအချို့သည် ဝိညာဉ်သစ်သီးများပင် သယ်ဆောင်လာကြသည်။ သူတို့သည် သင်္ဘောပျံ၏ ကာကွယ်ရေးအရံအတားကို လစ်လျူရှုကာ ပျံဝင်လာကြသည်။ ထို့နောက် သင်္ဘောပျံပေါ်သို့ ဝိညာဉ်သစ်သီးများ ပေးအပ်ပြီးနောက် သူတို့သည် ထွက်ခွာသွားခြင်းမရှိဘဲ သိလိုစိတ်ပြင်းပြဟန်ဖြင့် အနီးပတ်လည်တွင် လှည့်ပတ်ပျံသန်းကြသည်။

သူတို့၏ အပြုအမူများအရ မကောင်းသော အကြံအစည်များ မရှိကြောင်း ထင်ရှားသည်။

လက်အိတ်အချို့သည် ရွှီချင်းရှေ့သို့ ပျံသန်းလာကြသည်။ သူတို့သည် အသွင်ပုံစံ မျိုးစုံရှိနေကြပြီး အများစုမှာ သွယ်လျသောအသွင် ရှိကြသည်။ သူတို့က ရွှီချင်းအား လှည့်ပတ်ပျံသန်းနေကြပြီး သူက အာရုံမစိုက်ကြောင်း သဘောပေါက်သွားပြီးနောက်တွင် ခေါင်းဆောင်ထံသို့ ပျံသွားကြပြန်သည်။

ခေါင်းဆောင်က စပ်စုလိုစိတ်တို့ဖြင့် သူတို့အား ကြည့်နေပြီး လက်ဖြင့်ပင် တို့ထိကြည့်သည်။

မကြာမီ ကျစ်ရွှမ်နှင့် မင်းသမီးဝတ်စုံတို့ စကားပြောဆိုခြင်း ပြီးဆုံးသွားသည်။  မင်းသမီးဝတ်စုံက လက်စကိုလှုပ်ခတ်လိုက်ရာ သင်္ဘောပျံပေါ်က ဝတ်စုံတို့သည် ချက်ချင်း ပြင်ပသို့ပျံထွက်သွားကြပြီး သင်္ဘောပျံအား ဝန်းရံလိုက်ကြသည်။

သူတို့က သင်္ဘောပျံအား ထိုလွင်ပြင်မှ လိုက်ပါ ပို့ဆောင်ပေးကြပြီး လက်သီးများအုပ်ဟန်ပြုကာ နှုတ်ဆက်လိုက်ကြသည်။

ထိုဝတ်စုံတို့၏ အစအနကိုပင် မမြင်နိုင်တော့သည့်အချိန်မှ သင်္ဘောပျံပေါ်က လူများအားလုံး လေပူများ မှုတ်ထုတ်လိုက်ကြ၏။

“ဝတ်ရုံမျိုးနွယ်က ချွီ‌ကျောက်ပြည်နယ်ထဲက အကြီးဆုံးအဖွဲ့ကြီးတွေထဲက တစ်ခုပဲ။ နတ်မိမယ်က သူတို့နဲ့ သိနေမယ်တို့ထင်မထားမိဘူး။”

ပဥ္စမတောင်ထိပ်မှ အဘွားကြီးက ခံစားချက်တို့ဖြင့် သက်ပြင်းချသည်။

နတ်မိမယ်ကျစ်ရွှမ်က ယောင်ယောင်လေးပြုံးသည်။

“ကျွန်မက ဝတ်ရုံမျိုးနွယ်ရဲ့ အကြီးဆုံးမင်းသမီးနဲ့ မိတ်ဆွေဟောင်းတွေပါ။ ငယ်ရွယ်ချိန်တုန်းက ခရီးအတူထွက်ခဲ့ကြဖူးတယ်။ အဲဒီတုန်းက သူဟာ အမြဲသူ့ကို ဝတ်စေချင်ခဲ့တာ ဒါပေမဲ့ ကျွန်မက ငြင်းခဲ့တယ်။”

“စီနီယာ၊ အဲ…ဝတ်လိုက်ရင် ဘာများဖြစ်လာနိုင်လဲ။”

ထိုစကားတွင် ခေါင်းဆောင် နှလုံးတုန်မြန်သွားသည်။ သူ့ညာလက်ကို နောက်သို့ဝှက်ကာ မေးလိုက်၏။

ရွှီချင်း မျက်တောင်ပုတ်ခတ် ကြည့်လိုက်ရသည်။ နောက်တွင်ရှိသည့် ခေါင်းဆောင်၏ လက်သည် ပိတ်စပါးဖြင့်လုပ်ထားသော အနက်ရောင်လက်အိတ်တစ်ခု ဝတ်ထားသည်ကို သူ မြင်လိုက်ရသည်။

၎င်းက သူ့အား အစောပိုင်းတွင် ဝိုင်းလာခဲ့သော ပိတ်ပါးလက်အိတ်များထဲက တစ်ခုပင်။ အချိန်တစ်ခုကြားတွင် ခေါင်းဆောင်က ၎င်းအား ဝတ်ဆင်လိုက်ခြင်း ဖြစ်နိုင်သည်။

ကျစ်ရွှမ်က ခေါင်းဆောင်အား အဓိပ္ပာယ်ပါပါကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ဝတ်လိုက်ရင် မင်းက သူတို့နဲ့ ရှေးစာချုပ် ချုပ်ပြီးသားအလိုလို ဖြစ်သွားမယ်။ သူတို့ ဖုံးလွှမ်းထားတဲ့ အသားနေရာဟာ အဲဒီအချိန်ကစပြီး သူတို့အပိုင်ဖြစ်သွားမှာ‌။”

ခေါင်းဆောင်က စိတ်ပေါ့ဟန်လေပူမှုတ်လိုက်ပြီး ညာလက်ကိုမြှောက်ကာ လက်အိတ်ကို ကြည့်သည်။

“ဒီလိုကိုး။ ကိစ္စတော့ မရှိပါဘူး။ နတ်မိမယ်ကျစ်ရွှမ်ရဲ့ မိတ်ဆွေမျိုးနွယ်ကဆိုတော့ လက်ဆောင်ပေးတယ်ပဲသဘောထားလိုက်တာပေါ့။”

ခေါင်းဆောင်က ထိုသို့ပြောလိုက်ပြီး လက်ကောက်ဝတ်အား ကိုက်သည်။

သင်္ဘောပျံပေါ်က အားလုံးသည့် ထူးဆန်းနေသည့်အကြည့်များအောက်တွင်ပင် ခေါင်းဆောင်က လက်ကောက်ဝတ်အား ကိုက်ဖြတ်ပစ်သည်။

ထိုလုပ်ငန်းစဉ်တစ်ခုလုံးတွင် သူ့မျက်နှာ၌ ပြောင်းလဲခြင်း အလျင်းမရှိပေ။ သူက ထိုသို့ နေသားကျကြောင်း ထင်ရှားသည်။ သူ့လက်ကောက်ဝတ်အား ကိုက်ဖြတ်လိုက်ပြီးနောက်တွင် သူက လက်အိတ်ဝတ်ထားသည့် လက်ပြတ်အား ယူလိုက်ပြီး သင်္ဘောပျံပေါ်မှ ပစ်လွှင့်လိုက်၏။ သူက ပြုံးလိုက်ပြီး ဘယ်လက်ဖြင့်ပင် ယမ်းကာနှုတ်ဆက်လိုက်သေးသည်။

“တာ့တာပဲ။ နောက်အချိန်ရရင် မင်းနဲ့အတူ လာဆော့ပါဦးမယ်။”

လက်အိတ်စွပ်ထားသည့် လက်ပြတ်က သင်္ဘောပျံပြင်ပတွင် ပျံဝဲနေပြီး ခေါင်းဆောင်အား ပြန်လည် လှုပ်ယမ်းကာ နှုတ်ဆက်လိုက်သေးသည်။ ထို့နောက် ဝန်လေးစွာဖြင့် တဖြည်းဖြည်းထွက်ခွာသွားလေသည်။

“ငါညာလက်က ငါ့ကိုနှုတ်ဆက်နေတာ စိတ်ကူးကြည့်ဘူးလား။”

ခေါင်းဆောင်က ရွှီချင်းအား နောင်တအပြည့်ဖြင့် ကြည့်သည်။

ရွှီချင်းကလည်း ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြသည်။ ပတ်ဝန်းကျင်က လူအများကလည်း မည်သို့ ဆိုရမည်မသိ ဖြစ်နေကြသည်။

ထိုမြင်ကွင်းတွင် ဝူကျန်းဝူမျက်လုံးတို့ ပြူးကျယ်လာပြီး မျက်လုံးမှ ထူးဆန်းသော အရောင်များ လင်းလက်လာကာ ကဗျာရွတ်လိုများ ပြင်းပြလာ၏။

“ရှေးအချိန်တုန်းက မြွေကြီးတစ်ကောင်က အမြီးပြတ်သွားပြီးနောက် အမြီးကိုစားပြီးအိမ်ကို ပြန်ပြေးတယ်။”

“ဒီနေ့တော့ အားညိုက လက်ကိုကိုက်ပြီး လက်ငါးချောင်းမိန်းကလေးကို မိတ်ဆွေအဖြစ် ရလိုက်ပြီ။”

All Chapters