← Chapters

လပေါ်မှ နတ်ဘုရား

Vol. 31 Ch. 467

လပေါ်မှ နတ်ဘုရား

Vol. 31 Ch. 467

လီယုံကျောက်တိုင်ကြီး၏ ပေသုံးသောင်းအမြင့်တွင် အထူးနတ်ရုပ်တစ်ရုပ်ရှိသည်။

၎င်းအသွင်သည် မျက်နှာကို ကိုင်ထားလျက် လပေါ်ထိုင်နေသော ပုံစံဖြစ်သည်။

ထိုအကြောင်းကို သိသူ များလှသည် မဟုတ်သော်လည်း ထိုအကြောင်းမှာ လျို့ဝှက်ချက်တစ်ခုတော့လည်း မဟုတ်ပေ။ ထိုနတ်ရုပ်က တားမြစ်ချက်တစ်ခုကို ကိုယ်စားပြုနေသည့်အတွက် ထိုအကြောင်းကို သိသူတို့က နှုတ်ပိတ်နေတတ်ကြခြင်းကြောင့် ဖြစ်ပေသည်။

ဓားကိုင်သူက လီယုံကျောက်တိုင်ကို ထိမ်းချုပ်ခဲ့ချိန်တွင် ၎င်းနတ်ရုပ်ကို သေချာစွာ စစ်ဆေးကြည့်ခဲ့သေးသည်။ ၎င်းသည် ဝမ်ကုဒေသကြီးမှ လကို ဖော်ညွန်းနေခြင်း ဖြစ်သည်။

ထိုဝမ်ကုဒေသကြီးသည် ကျယ်ပြန့်လွန်းလှပြီး လတစ်စင်းရှိရုံမက နေတစ်စင်းလည်း ရှိနေသေးသည်။

ရှေးခေတ်အချိန်ကပင် လနှင့် နေတို့သည် အရေအတွက် အတိအကျ မရှိခဲ့ပါ။ ၎င်းတို့သည် နတ်ဘုရားမျက်နှာပျက်ကြီး ရောက်ရှိလာချိန် မတိုင်အထိ တဖြည်းဖြည်းတိုးပွားလျက် ရှိကြသည်။ ထိုစဉ်အချိန်က နေသုံးဆယ့်ခုနစ်စင်းနဲ့ လသုံးဆယ့်ခုနစ်စင်းတို့ ရှိကြသည်။

၎င်းတို့က ဝမ်ကုဒေသကြီး၏ နယ်ပယ်များစွာတွင် ပြန့်ကျဲလျက် ရှိကြသည်။ သူတို့သည် အချင်းချင်း အလင်းများပေးလျက် ထောင်စုနှစ် အနည်းငယ်တွင် နည်းနည်းချင်း နေရာပြောင်းရွှေ့တတ်ကြပြီး အလင်းတို့ ပိုကျယ်ပြန့်စွာ ထုတ်ပေးကြ၏။

သို့တိုင်အောင်ပင် ဝမ်ကုဒေသကြီးတွင် တစ်နှစ်ပတ်လုံး နေရောင်မရသည့် နေရာတို့လည်း များစွာရှိနေကြသေးသည်။

တချို့သော မျိုးနွယ်တို့သည် တစ်သက်လုံး အမှောင်ညထဲတွင် နေထိုင်ကြရပြီး တစ်ဖက်တွင်တော့ ညမှောင်ချိန်ကို နှစ်ပေါင်းများစွာ မမြင်နိုင်ကြသည့် မျိုးနွယ်အချို့လည်း ရှိနေကြသည်။

နတ်ဘုရားမျက်နှာပျက်ကြီး ရောက်ရှိလာပြီးနောက် နေနှင့်လတို့ ပထမဆုံး ကျဆုံးခဲ့ကြရသည်။

ယခုတွင်တော့ ဝမ်ကုဒေသကြီးတွင် နေဆယ့်ခုနစ်စင်းသာ ကျန်တော့ပြီး လကတော့ ပို၍ပင်နည်းကာ ဆယ့်နှစ်စင်းသာ ကျန်တော့သည်။

လီယုံကျောက်တိုင်ကြီး၏ ပေသုံးသောင်းအမြင့်ရှိ နတ်ရုပ်သည် ထိုကျန်ရှိနေသေးသည့် လဆယ့်နှစ်စင်းထဲက တစ်စင်းကို ဖော်ညွန်းထားခြင်း ဖြစ်သည်။

ရှာဖွေတွေ့ရှိမှုတို့အရ ထိုနတ်ရုပ်က နတ်ဘုရားအဆင့်ကျင့်ကြံသူတစ်ဦး သေဆုံးပြီးနောက် ဖြစ်လာခဲ့ခြင်းပင်။ ထိုနတ်ဘုရားအဆင့်ကျင့်ကြံသူက ထိုနတ်ရုပ်ပေါ်တွင် ထွင်းထားသည့် လနှင့် တစ်စုံတစ်ခု ဆက်စပ်နေကြောင်း ထင်ရှားပေသည်။

တစ်ချိန်တည်းမှာပင် ဓားကိုင်ရုံးတော်မှတ်တမ်းတို့တွင် မဟာတော်ဝင်နန်းတော်ပြည်နယ်က သတင်းများအရ မျိုးနွယ်အားလုံးတို့က ထိုနှစ်များတွင် တစ်စုံတစ်ခုအား သံသယရှိနေခဲ့ကြသည်။

ထိုအချက်ကတော့ လက်ရှိဝမ်ကုဒေသကြီး၏ နေဆယ့်ခုနစ်စင်းနှင့် လဆယ့်နှစ်စင်းတို့တွင်..နတ်ဘုရားများ ကိန်းဝပ်အိပ်မောကျနေလောက်သည် ဟူ၍ ဖြစ်သည်။

သို့ရာတွင် ထိုကိစ္စက ကြီးမားလွန်းနေပြီး မျိုးနွယ်အပေါင်းတို့တွင် ခိုင်လုံသည့် သက်သေတို့လည်း မရှိကြပေ။ ထို့ကြောင့် သဲလွန်စတချို့များမှသာ မှန်းဆကြည့်နိုင်ကြ၏။

သို့ရာတွင် အထူးနည်းစနစ်တစ်ခုဖြင့် မျိုးနွယ်အပေါင်းတို့က တစ်ခုကိုတော့ အတည်ပြုနိုင်ခဲ့သည်။ ထိုအချက်ကတော့ နတ်လောကနယ်မြေထဲတွင် နတ်ဘုရားများ ရှိနေကြသည် ဟူ၍ ဖြစ်သည်။

ဝမ်ကုဒေသကြီးက မျိုးနွယ်အပေါင်းတို့အတွက်တော့ နတ်လောကသည် လျို့ဝှက်ဆန်းကြယ်မှုများ၊ မသိနိုင်သည့်ထူးဆန်းထွေလာများနှင့် ကြောက်မက်ဖွယ်ရာများတို့ဖြင့် ပြည့်နေသည်။

မျိုးနွယ်အပေါင်းတို့က နတ်လောကသည် တစ်နေရာထဲတွင် တည်ငြိမ်စွာ ရှိနေခြင်းကြောင့် ၎င်းတည်ရှိမှုအကြောင်းကိုတော့ သိနိုင်ခဲ့ကြသည်။ သို့သော် ထိုနေရာသို့ ဝင်ရောက်ရန်တော့ လွန်စွာခက်ခဲနေသေးသည်။

အနီးသို့သွားရောက်ကြသူတိုင်းက တုန်ယင်လာကြသည်။ သူတို့က အတင်းဝင်သွားလျှင်တော့ သေဆုံးရမည်မှာ သေချာသည်။

နှစ်ပေါင်းများစွာအတွင်း နတ်လောကမှ ထူးဆန်းသော သက်ရှိသတ္တဝါများ ပေါ်ထွက်လာတတ်ကြသေးသော်လည်း အရည်အတွက်ကတော့ နည်းပါးလှသည်။ ၎င်းအပေါ် မျိုးနွယ်အပေါင်းတို့ မှတ်တမ်းပြုထားခဲ့သည်တို့ကတော့ စကားလုံးအနည်းငယ်ဖြင့်သာ ဖြစ်သည်။ အသုံး အများဆုံး စကားလုံးကတော့ နတ်ဘုရားသားတော်ဟု ဖြစ်သည်။

ထို့ကြောင့် ဓားကိုင်ရုံးတော်က ထိုကမ္ပည်းနတ်ရုပ်ကို များစွာအလေးထားပေသည်။

၎င်းက အငြိုးအတေးများမှဖြစ်ပေါ်လာခြင်း ဖြစ်သော်လည်း ဓားကိုင်ရုံးတော်အတွက် အကျိုးများစွာရှိနေသေးသည်။ ကမ္ပည်းနတ်ရုပ်သည် အမြဲလိုသလို ဖွင့်၍မရနိုင်ခြင်းတစ်ခုသာ ဆိုးသည်။

သို့သော် ယခုတွင်တော့ ၎င်းက ပွင့်လာပြီဖြစ်သည်။

ထို့အပြင် နှစ်ကြိမ်ပင် ပွင့်သွားပြီဖြစ်သည်။ ပထမတစ်ကြိမ်သည် ခေါင်းဆောင်၏စိတ်နယ်ပယ်တွင် ဖြစ်ပြီး ဒုတိယတစ်ကြိမ်မှာ ရွှီချင်း၏စိတ်နယ်ပယ်ထဲတွင် ဖြစ်သည်။

ရွှီချင်းသည် ခေါင်းဆောင်၏အခြေအနေကို မသိသော်လည်း ထိုအချိန်တွင် သူ့စိတ်နယ်ပယ်ထဲတွင် လူငယ်တစ်ဦး၏ ဝိညာဉ်အရိပ်တစ်ခုကိုတော့ တွေ့မြင်နေရသည်။

ထိုလူငယ်၏စိတ်ဝိညာဉ်မှာ မှုန်ဝါးလွန်းနေသေးကာ အချိန်မရွေး ပြယ်လွန့်တော့မည့်အလားပင်။ သို့ရာတွင် သူ၏ မူလဟန်ဖြစ်နေသည့် ချောမောခန့်ညားမှုနှင့် သပ်ရပ်ကျော့ရှင်းမှုတို့ကိုတော့ ခံစားရနိုင်ပေသည်။

ထိုခန့်ချော့မှုနှင့် ကျက်သနေရှိမှုတို့က အပြစ်အနာအဆာ မရှိစွာဖြင့် ဆန်းကြယ်အိပ်မက်ဟန်ဖြင့် နတ်ဆိုးအသွင်တစ်ခုဟုပင် ခံစားလာရသည်။

၎င်းကိုယ်တွင် အနီရောင်သင်္ကေတများစွာ ဖုံးလွှမ်းနေပြီး နဖူးအလယ်နေရာတွင် လပုံ အမှတ်အသားတစ်ခု ရှိသည်။

၎င်းက ရွှီချင်း၏စိတ်နယ်ပယ်ထဲ ပေါ်ထွက်လာပြီးနောက် ခံစားချက်မဲ့ဟန်ဖြင့် မျက်လုံးများကလည်း အခွံသက်သက်ဖြစ်သည်။ သူသည် နတ်နန်းတော်ပြင်ပတွင် အနည်းငယ်မျှ ကိုယ်ညွှတ်လျက် ရွှီချင်းကြားဖူးခဲ့ခြင်းမရှိသော်လည်း အဓိပ္ပာယ်ကို မှန်းဆသိနိုင်သည့် ဘာသာစကားတစ်ခုဖြင့် ပြောဆိုသည်။

“လနတ်အရှင်… ဝမ်ကုဒေသကို လမ်းညွှန်ပေးပြီး သတ္တဝါအားလုံးအတွက် ဝမ်းနည်းငိုကြွေးကာ ကောင်းကင်ဘုံတွင် စံမြန်းတော်မူပါ…”

သူ့အသံက ပဲ့တင်ထွက်သွားသည်နှင့် သူ့နဖူးအလယ်က လအမှတ်သည် အနီရောင်အလင်းတစ်ခု လင်းလက်လာသည်။ ထိုအလင်းမှာ ပတ်ဝန်းကျင်အား ချက်ချင်း ဖုံးလွှမ်းသွားသည်။ နောက်တစ်ခဏတွင် ထိုလူငယ်၏ နောက်တွင် လတစ်စင်းပေါ်ထွက်လာသည်ကို ရွှီချင်း တွေ့လိုက်ရသည်။

အနီရောင် လတစ်စင်းပင်။

ထိုလက သူ့စိတ်နယ်ပယ်ထဲတွင် ပေါ်ထွက်လာပြီး စိတ်နယ်ပယ်တစ်ခုလုံးကို အနီရောင်အလင်းများ ထွန်းလင်းဖြန့်ကြက်သည်။ တစ်ချိန်တည်းမှာပင် လထံမှ ဓာတ်နှောများလည်း လျင်မြန်စွာ ဖြာထွက်လာသည်။ ၎င်းတို့သည် ဝဲဂရက်လှိုင်းအဖြစ် ထွက်လာပြီး ပတ်ဝန်းကျင်သို့ စိမ့်ဝင်ကာ ရွှီချင်း တကိုယ်လုံးအား ကျူးကျော်လာကြသည်။

ရွှီချင်း တုန်လှုပ်သွားသည်။

ထို့အပြင် သူသည် လပေါ်တွင် လူရိပ်တစ်ခုကိုလည်း မြင်တွေ့လိုက်ရသည်။

ထိုအရိပ်က ဆံပင်ရှည်နဲ့ မိန်းမပျိုတစ်ဦး ဖြစ်ဟန်တူသည်။ သူမသည် လပေါ်တွင် ထိုင်နေပြီး မျက်နှာကို လက်တို့ဖြင့် ဖုံးကာထားသည်။ သူမမှာ မလှုပ်မယှက် တည်ရှိနေ၏။

ရွှီချင်း ကြည့်လိုက်သည်နှင့် တပြိုင်နက် လထံမှ ပြင်းထန်လှသော ဖိအားကြီးတစ်ခု ပြန့်ထွက်လာသည်။ ရွှီချင်း၏စိတ်နယ်ပယ်မှာ တုန်ခါသွားပြီး သူ့ဝိညာဉ်သည် ပြင်းထန်စွာ လှုပ်ယမ်းသွား၏။

ထိုခဏအတွင်း အရာအားလုံး မှုန်ဝါးသွားသည်။ အဓိပ္ပာယ်တို့ရှိနေသော်လည်း သေချာ နားမလည်နိုင်သည့် ရေရွတ်သံများ အဘက်ဘက်သို့ လှိုင်းထပြန့်ထွက်သွားသည်။ များစွာသော မျိုးနွယ်အပေါင်းတို့က တပြိုင်နက်တည်း ပြောဆိုနေသည့်အလားပင်။ ဖော်မပြနိုင်လောက်သော ရိုက်ခတ်မှုတစ်ခုအဖြစ် ပြောင်းလဲကာ ရွှီချင်း၏ ဝိညာဉ်သည် ဆွဲဖြဲခံနေရသည့်အလား ခံစားလာရသည်။

ထိုဖိအားကြီးပေါ်လာချိန်တွင် ပတ်ဝန်းကျင်ရှိ ဓာတ်နှောတို့မှာ ပိုမိုသိပ်သည်းလာကြသည်။ ရွှီချင်း၏ နတ်နန်းတော်များ၊ ဝိညာဉ်၊ ကိုယ်ခန္ဓာ၊ စိတ်နယ်ပယ်နှင့် ဓမ္မတံခါးနေရာတို့အားလုံးမှာ ဓာတ်နှောများ ပြန့်နှံ့လာတော့သည်။

သူ့ခန္ဓာကိုယ်သည် လောကတစ်ခုဖြစ်လာပြီး လသည် ဤလောက၏ နတ်ဘုရားမျက်နှာပျက်ကြီး ဖြစ်လာသည့်အလားပင်။ ထိုအချိန်တွင် နတ်ဘုရားက မျက်လုံးများဖွင့်လိုက်ပြီး အရာအားလုံးသည် မူလဇစ်မြစ်မှ ပြောင်းလဲသွားတော့မည့်အချိန်သို့ ရောက်လာသည်။

တစ်ချိန်တည်းမှာပင် လထံမှ စွမ်းအားကြီးလှသည့် နတ်အာရုံတစ်ခု ပေါက်ကွဲထွက်လာပြီး ရွှီချင်း၏ ဝိညာဉ်ကို ဖိနှိပ်ကာ ၎င်းနတ်အား အညံ့ခံကိုးကွယ်ရန် စေခိုင်းနေ၏။

“အရှင်မြတ်ကို ရိုသေပူဇော်ပါ။ သင်ထာဝရ အသက်ရှင်နိုင်ပြီး နတ်ဘုရားလောကမှာ လာရောက်ပျော်ရွှင်ခံစားနိုင်မယ်။”

ရွှီချင်း၏ ဝိညာဉ်မှ အသွင်ဖြစ်တည်လာသည့် လူရိပ်သည် လှုပ်ခါသွားပြီး ထိုနတ်အာရုံအောက်တွင် ပြိုကွဲထွက်သွားရသည်။ သ့်တကိုယ်လုံး နာကျင်မှုတို့ အဆုံးမသတ်နိုင်အောင် ပြန့်ထွက်သွားသည်။ ထိုနတ်အာရုံသည် သူ့အား ဒူးထောက်အညံ့ခံစေရန် လုံးဝချိုးနှိမ် ဖိနှိပ်လာနေ၏။

သို့ရာတွင် ရွှီချင်းက တစ်ချက် ရယ်လိုက်ပြီး သူ့စိတ်နှလုံးအတွင်းမှလည်း သတ်ဖြတ်လိုစိတ်တို့ ပေါက်ကွဲထွက်လာသည်။

“တခြားသူ ပေးတဲ့ ထာဝရဘဝဆိုတာကို ငါမလိုဘူး။”

“နတ်ဘုရားလောကဆိုတာက…နတ်ဘုရားရဲ့မျက်နှာပျက်ကြီး သုံးကြိမ်ကြည့်ခဲ့တဲ့နေရာက နတ်ဘုရားလောကပဲ။ ဒါဆိုရင် သူ့ အကြည့်သုံးကြိမ်အောက်မှာ ရှင်လျက်ကျန်ရစ်နိုင်ခဲ့တာက ဘယ်လိုသူများလဲ တကယ်သိချင်နေသေးတယ်။”

“ဒီတော့ မင်းက ငါ့အရှင်သခင် ဖြစ်ဖို့ မထိုက်သေးဘူး။”

ရွှီချင်းက အားကုန်သုံး ခုခံရင်း သူ့မျက်လုံးများထဲတွင် အနက်ရောင်အရိပ်တစ်ခု ဖြတ်သွားသည်။ သူ့စိတ်နယ်ပယ်ထဲတွင် ရွှေကျီးကန်၏အရိပ်လည်း ဖြစ်လာသည်။ ၎င်းက အော်မြည်လိုက်ရာ ကျယ်ပြန့်သော အဆုံးမဲ့အလင်းတို့ ဖြာထွက်လာသည်။ တစေအင်ပါယာတောင်ကုန်းကလည်း ယိမ်းနွဲကာ ဖိအားကြီးတစ်ခု ဖွဲ့စည်းသည်။

ထိုခဏတွင် လနှင့် ၎င်းအပေါ်က ပုံရိပ်တို့သည်လည်း ပို၌ပြင်းထန်သော နတ်အာရုံတို့ဖြင့် ပေါက်ကွဲထွက်လာပြီး ဓာတ်နှောများ ပိုများစွာထုတ်လွှတ်လိုက်၏။

ထိုဓာတ်‌နှောတို့ကို အာရုံခံစားမိလျှင် ရွှီချင်းကလည်း အသာပြောသည်။

“ဓာတ်‌နှောတွေလား ငါ့မှာလည်း ရှိသေးတယ်။”

ရွှီချင်းစကားဆုံးသည်နှင့် သူ့တတိယနန်းတော်ထဲမှ အဆိပ်တားမြစ်ဆေးသည် ချက်ချင်း ပေါက်ကွဲထွက်လာသည်။ အဆုံးမဲ့သော အနက်ရောင်များ ဖြာထွက်လာပြီး အတွင်းမှ အဆိပ်များအားလုံး ပန်းထွက်လာကြကာ ရွှီချင်း၏ စိတ်နယ်ပယ်တစ်ခုလုံးထဲသို့ စိမ့်ထွက်ပြန့်နှံ့သွားသည်။

၎င်းက လကို ပြန်တိုက်ခိုက်သည်။

ထိုဖြစ်စဉ်တွင် ရွှီချင်းကိုယ်ပိုင်ဖြစ်သည့် ဓာတ်နှောအစုလေးများလည်း စိတ်နယ်ပယ်ထဲတွင် ဖြစ်တည်လာကြသည်။ ၎င်းတို့က တဖြည်းဖြည်း ပိုများလာကာ လကို ကျူးကျော်တိုက်ခိုက်လိုက်ကြသည်။

ဤသို့ဖြင့် လ၏အစွန်းမှ အရောင်တို့ပင် ပြောင်းလဲလာ၏။ အနီရောင်တို့က အနက်ရောင်သို့ ရောနှောလာပြီး ခရမ်းရောင်သန်းစပင်ပြုလာသည်။ မကြုံစဖူးဖြစ်ရပ်ပင်။

ဓားကိုင်ရုံးတော်က ထိုကမ္ပည်းနတ်ရုပ်ကို နှစ်ပေါင်းများစွာ လေ့လာနေခဲ့သည်။ သူတို့ ကြုံတွေ့ခဲ့ရသည့် မြင်ကွင်းကတော့ ရွှီချင်း၏ ယခင်မြင်ကွင်းအတိုင်းပင်။ ထိုလူငယ်က တစေအင်ပါယာ သတ်ဖြတ်ခြင်းခံရပြီးနောက် အငြိုးအတေးမှ ဖြစ်တည်လာသည့် ဝိညာဉ်အရိပ်တစ်ခု ဖြစ်သည်။ ၎င်းတွင် အသိဉာဏ်ဟူ၍ မရှိဘဲ မှတ်ဉာဏ်များလည်း ကင်းမဲ့သည်။ သူ့တွင် အလိုအလျောက် သိစိတ်တစ်ခုတည်းသာ ရှိသည်။

သူက ထိုစိတ်ဖြင့် အလိုအလျောက် အနီရောင်လကို ထုတ်ကာ နတ်ဘုရားနှင့် ဆင်တူပုံရှိသော စွမ်းအားတစ်ခုဖွဲ့စည်းလျှက် အရာအားလုံးကို ဖိနှိပ်ခြင်းဖြစ်သည်။

သို့ရာတွင် ထိုနတ်ဘုရားစွမ်းအားတို့က အတုအယောင်သာဖြစ်သည်။ ဓားကိုင်ရုံးတော်၏ ဆန်းစစ်မှုတို့အရ ထိုလူငယ်၏မှတ်ဉာဏ်တို့က ရုပ်အဖြစ် ဖွဲ့စည်းပေါ်ထွက်လာခြင်း ဖြစ်သည်။

၎င်းက ရေအိုင်ထဲက လရိပ်ကဲ့သို့ပင် တကယ့်နတ်ဘုရားစွမ်းအားတို့ကိုတော့ ယှဉ်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ဓားကိုင်ရုံးတော်က ဆရာသခင်များသည် ထိုလအား ထိန်းချုပ်ထားနိုင်ခဲ့သည်။ စိန်ခေါ်မှုအတွင်းတွင် ကျင့်ကြံသူများက ၎င်းနှင့် ရင်ဆိုင်မိချိန်၌ ကျရှုံးသွားလျှင်လည်း အန္တရာယ်ကြီးကြီးမားမား မရှိနိုင်ပါ။ အများဆုံး စိတ်ဝိညာဉ် အားနည်းသွားရုံသာဖြစ်ပြီး အစစ်အမှန် ပူးကပ်ခံရခြင်းများ မဖြစ်နိုင်ချေ။

ဓာတ်နှောများတော့ ရှိနေသေးသော်လည်း ၎င်းတို့အား လျင်မြန်စွာ ထုတ်ပယ်နိုင်သရွေ့ အသက်ဘေးရှိမည် မဟုတ်ပေ။ ၎င်းတို့က ထိုမျှသိပ်သည်းခြင်းမရှိသလို့ အများစုက ပုံရိပ်ယောင်များသာ ဖြစ်ကြသည်။

သို့ရာတွင် ယနေ့တွင်တော့ အရာအားလုံးပြောင်းလဲသွားသည်။

ရွှီချင်း၏ ဓာတ်နှောတို့က တန်ပြန်ကျူးကျော်နေလေသည်။

ထိုသို့ ကျူးကျော်စိမ့်ဝင်ခြင်းက ဓာတ်နှောတို့နည်းလမ်းပင်။ နတ်ဘုရား၏ မျက်နှာပျက်ကြီး ရောက်ရှိလာခဲ့ခြင်းကဲ့သို့ပင် ၎င်းအရှိန်အဝါက အရာအားလုံးကို ကျူးကျော်စိမ့်ဝင်သွားသည်။ ၎င်းတို့က ပုံရိပ်ယောင်ဖြစ်စေ အစစ်ဖြစ်နေပါစေ ကျူးကျော်စိမ့်ဝင်နိုင်ပေသည်။

ဓာတ်နှောများ ကျူးကျော်ခြင်းက သာမန်ကျင့်ကြံသူများ လက်ရှိတွင် နားလည် အသုံးပြုနိုင်ခြင်းမျိုး မဟုတ်ပေ။

ထိုအချိန်တွင် ရွှီချင်း၏စိတ်နယ်ပယ်ထဲတွင် အနီရောင်လရောင်တို့ ပထမဆုံးအကြိမ် တုန်ခါလာသည်။ ထိုတုန်ခါနေမှုများ ကြားထဲတွင် အဆုံးမဲ့နေရာ၊ အကန့်သတ်မဲ့ ဗလာနယ်တစ်ခုမှ အသက်ရှူသံတစ်ခုကဲ့သို့ မြည်လာပြီး အနီရောင်လထံမှ အချိန်မြစ်ကြီးတစ်ခုပမာလည်း မြည်ဟိန်းလာသည်။

စကားလုံးဟူ၌မရှိဘဲ အသက်ရှူရှိုက်သံသာ ရှိသည်။

သို့ရာတွင် ၎င်းအသံထွက်လာသည်နှင့် တပြိုင်နက် ရွှီချင်း၏စိတ်နယ်ပယ်တွင် ကျယ်လောင်သော အသံကြီးတစ်ခု ဝုန်းခနဲပေါက်ကွဲထွက်သွားသည်။ သူ့ဝိညာဉ်မှ ပြင်းထန်သော နာကျင်မှုတစ်ခု ထိုးထွက်လာသည်။ ၎င်းက ပြိုကွဲကာ အစိတ်စိတ်ကွဲကြေထွက်တော့မည့် အလားပင်။

သူ့နတ်နန်းတော်လည်း တဝုန်းဝုန်းမြည်ကာ အက်ကြောင်းများထလာသည်။

သူ့စိတ်နယ်ပယ်လည်း ထိုနည်းတူပင် ၎င်းက ပြင်းထန်စွာလှိုင်းထနေပြီး သူ့ခန္ဓာကိုယ်ကလည်း ယိမ်းယိုင်နေ၏။ သူကိုယ်တွင်းအင်္ဂါများ စတင်တွန့်လိမ်လာပြီး တစေအင်ပါယာတောင်ကုန်းက လှုပ်ခါသွားကာ ရွှေကျီးကန်းကလည်း နာကျင်စွာအော်မြည်သည်။

ထိုအရာအားလုံးက လီယုံကျောက်တိုင် ပေသုံးသောင်းအမြင့်တွင် ရှိနေသည့် ရွှီချင်းအား သွေးများစွာ ထွေးအန်စေပြီး သူတကိုယ်လုံးရှိ ချွေးပေါက်ငယ်များမှပင် သွေးမြူခိုးများ ပန်းထွက်လာကြသည်။

လွန်စွာပြင်းထန်လှသော နာကျင်မှုက ရွှီချင်း၏ ကိုယ်ထဲတွင် ပျံ့နှံ့လာပြီး သူ့စိတ်နယ်ပယ်လည်း ပြိုကွဲတော့မည့် အရိပ်အယောင်တို့ ပြလာသည်။ ထိုအချိန်တွင် သူ့အမြင်အာရုံတို့ မှောင်ကျသွားပြီး သူသည် လီယုံကျောက်တိုင်ကြီးပေါ်တွင် ကောင်းစွာရပ်နေနိုင်ခြင်း မရှိ‌တော့ပေ။

အောက်တွင်ကြည့်နေကြသည့် လူများအားလုံး၏ မျက်စိအောက်တွင်ပင် သူသည် အောက်သို့ ပြုတ်ကျလာ၏။

မြေပြင်မှ ထိတ်လန့်တကြားအော်သံများထွက်လာချိန်တွင် အောက်မှ သွေးရောင်ကိုယ်ရိပ်တစ်ခုသည် လှစ်ခနဲ ပျံတက်သွားသည်။ ၎င်း၏အရှိန်က လွန်စွာမြန်ဆန်နေပြီး ရွှီချင်းအနီးသို့ ချက်ချင်းရောက်လာကာ ဖမ်းကိုင်လိုက်သည်။

ထိုလူရိပ်ကတော့ ရွှယ်လျန့်ကျစ်သာ ဖြစ်သည်။

သူက ရွှီချင်းကို ဖမ်းလိုက်ပြီးနောက်တွင် မျက်နှာအမူအရာတို့ လေးနက်တည်ကြည်နေသည်။ သူက ရွှေရောင်ဆေးလုံးတစ်လုံးထုတ်ကာ ရွှီချင်း၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်၏။

သူက စောင့်ကြည့်ရန်ပြင်လိုက်စဉ်တွင်ပင် ပေသုံးထောင်အမြင့်မှ နားကွဲမတတ်အော်သံတစ်ခု ထွက်ပေါ်လာသည်။

ခေါင်းဆောင်၏ ခန္ဓာကိုယ်သည်လည်း မြေပြင်သို့ ပြုတ်ကျလာပြန်သည်။ သူ့ပါးစပ်မှ သွေးများပန်းထွက်နေပြီး တကိုယ်လုံးတွင်လည်း သွေးများ ဖုံးလွှမ်းလျက်ပင်ရှိသည်။

ပိုဆိုးသည်ကတော့ သူ့ကိုယ်အောက်ပိုင်းက ပေါက်ကွဲထွက်သွားပြီး ကိုယ်တွင်းအင်္ဂါများဖြစ်သည့် ကလီစာများနှင့် အစာအိမ်များသည်ပင် ပေါ်ထွက်လျက်ရှိသည်။ သူ့ မစားသင့်သည့် အရာတစ်ခုခုကို စားခဲ့သည့်အလားပင်။

ရွှီလျန့်ကျစ်၏ မျက်လုံးတို့ မှေးကြုတ်သွားသည်။ သူက ခေါင်းဆောင်ကိုလည်း ဖမ်းလိုက်ပြီနောက် လက်ထဲမှ လူနှစ်ဦးအား ပါးစပ်အ‌ဟောင်းသားဖြင့် ကြည့်သည်။

ထိုအချိန်တွင် ရွှီချင်း နိုးလာ၏။ သူ့ခန္ဓာကိုယ်မှာ အားနည်းနေသေးကာ သူ့စိတ်နယ်ပယ်သည်လည်း အပေါက်များပြည့်သေးသော်လည်း သူက စိတ်နယ်ပယ်ထဲက အသစ်ရောက်လာသည့် ပစ္စည်းကို အသက်ရှူနှုန်းတို့မြန်ဆန်စွာ ကြည့်လိုက်မိသည်။ သူ့မျက်လုံးတို့တွင် စူးရှသော အလင်းတစ်ခု ထင်ဟပ်လာသည်။

ထိုအရာက လွန်စွာသေးငယ်လှသော ခရမ်းရောင်လလေးတစ်စင်းပင်။

၎င်းသည် သေးငယ်လှသော်လည်း ၎င်းအတွင်းတွင် စိတ်ဝိညာဉ်အား လှုပ်ခါလောက်သည့် စွမ်းအားများရှိသည်။

ရွှီချင်းက ၎င်းအား အာရုံခံလိုက်ပြီးနောက် ထိတ်လန့်အံ့သြသွားပြီး သူမျက်လုံးတို့တွင် ထူးဆန်းသော အလင်းတစ်ခု ပေါ်လာသည်။ ထိုအချိန်တွင် ဘေးတွင်ရှိနေသည့် ခေါင်းဆောင်ကလည်း မျက်လုံးများ ဖွင့်လာသည်။ သူအကြည့်တို့တွင် စိတ်ရူးထမှုတို့ ပြည့်နေသည်။

တစ်ချိန်တည်းမှာပင် ယင်ဟွမ်‌ဒေသကြီး၌ လွန်စွာဝေးကွာလှသည် နေရာတစ်ခုဖြစ်သော၊ လူသားမျိုးနွယ်တို့ ခြေမချဘူးသလောက်ဖြစ်သော ဝမ်ကုဒေသကြီး၏ အနောက်ဘက် အစွန်အဖျား ဒေသထောင့်တစ်နေရာတွင် ညကောင်းကင်၌ အနီရောင်အလင်းများဖြာလျက်ရှိသည်။

ထိုနေရာတွင် နေအလင်းရောင်တို့ ကျရောက်နိုင်ခြင်းမရှိသဖြင့် တနှစ်ပတ်လုံး မှောင်မိုက်လျက်ရှိသည်။

ကောင်းကင်တွင် နတ်ဘုရားမျက်နှာပျက်ကြီးမှ လွဲလျှင် အနီရောင်လတစ်စင်းသာ ရှိသည်။

ထိုလ၏ မိစ္ဆာအသွင် အနီရောင်အလင်းတို့က ဖျပ်ခနဲလင်းလက်လာပြီး မြေပြင်အား ပိုမိုရှင်းလင်းစွာ အလင်းပေးလိုက်ရာ မြေပြင်တစ်ခုလုံးတွင် အရိုးများဖုံးလွှမ်းနေသည့် မြင်ကွင်းပေါ်ထွက်လာ၏။

မျိုးနွယ်စုံ၏ မြောက်များစွာသော ခြောက်ကပ်နေသည့် အသေကောင်အရိုးတို့က လွန်စွာကျယ်ပြန်လှသော ဤနယ်မြေကို ဖုံးလွှမ်းထားသည်။ ၎င်းတို့အား တူးဖော်ကြည့်လျှင် မြေအောက်ထဲထိ နက်ရှိုင်းစွာ အရိုးများပြန့်နေသည်ကို တွေ့နိုင်ရလောက်သေးသည်။

ထို လူမဟုတ်သော မျိုးနွယ်ခြားတို့သည် လွန်စွာ အချိန်ကြာမြင့်စဉ်ကတည်းက သေဆုံးသွားကြပြီး ဖြစ်သည်။ သူတို့ သေဆုံးသွားသည်မှာ နှစ်တစ်ထောင်နှင့်အထက် ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် အရိုးစုတိုင်းက မသေခင် ၎င်းတို့မျက်နှာများကို လက်များဖြင့် ဖုံးအုပ်ထားကြသေးသည်။

ကောင်းကင်ရှိ လနီထံမှ ရေရွတ်သံသဲ့သဲ့ထွက်လာသည်။

“နတ်အရှိန်အဝါနှစ်မျှင် ပျက်ပြယ်သွားပြီ၊ ဒါပေမဲ့ ပျက်ပြယ်တာက ပြန်ဖြည့်တို့ရတာပဲ။ ဒီလို မဖြစ်တာနှစ်များစွာ ရှိခဲ့ပြီ။ ဒါကြောင့်နဲ့တော့ ငါနိုးထလာတာမဟုတ်လောက်ဘူး။”

“မဟုတ်သေးဘူး။ ငါ့…နတ်ဘုရားမူလရင်းမြစ်တချို့ကို ခိုးခံလိုက်ရတာလား။”

“ဘယ်သူလဲ။”

ထိုအသံမြည်ဟိန်းသွားပြီးနောက်တွင် မြေပြင်တွင် ဓာတ်နှောများ ပေါက်ကွဲထွက်လာပြီး ထိုနယ်မြေတစ်ခုလုံး ပုံပျက်လှုပ်ရှားသွားသည်။

***

All Chapters