မင်းရဲ့ ခန္ဓာကိုယ်ကို ငါလိုချင်တယ်
Vol. 100 Ch. 1536
အတိတ်တွင် ဖန်တီးရှင်ကောင်းကင်ဘုံမျိုးနွယ်ပါဝင်သော မှတ်ဉာဏ်လောကက တစ်စုံတစ်ခု မသင်္ကာစရာကောင်းကြောင်း ရွှီချင်း ခံစားမိခဲ့သည်။
သူက ယင်းကို အကြိမ်ပေါင်းများစွာ စူးစမ်းလေ့လာခဲ့သည်။ သို့သော်လည်း အဆုံးမှာတော့ သူက ရေကန်ထဲမှ အရည်ကို စုပ်ယူခဲ့ဆဲပင်။ ထိုကံကြမ္မာကောင်းကို ရယူပြီးနောက် အကယ်၍ တစ်စုံတစ်ယောက်က သူ့အပေါ် ထောင်ချောက်ဆင်မည်ဆိုလျှင်ပင် ယင်းက သာမန်ကာလျှံကာ လှုပ်ရှားမှုတစ်ခုသာဖြစ်လိမ့်မည်ဟု သူသုံးသပ်ခဲ့သည်။
ဤအခိုက်အတန့်မှာ သူ၏ အမူအရာက မည်းမှောင်သွားသည်။
“ ဒီဟာက သာမန်လှုပ်ရှားမှုတစ်ခုပဲ မဟုတ်ဘူး… အစကတည်းက ငါ့အတွက် အထူးပြင်ဆင်ထားတဲ့ ထောင်ချောက်တစ်ခုပဲ ”
“ ဒီထောက်ချောက်ကို နောက်ကွယ်ကနေ ပြင်ဆင်ခဲ့တဲ့လူက… ”
ရွှီချင်းက နောက်ထပ် စဉ်းစားစရာ မလိုတော့ပေ။ အားလုံးကို သူနားလည်သွားပြီ ဖြစ်သည်။ မည်သို့ဖြစ်ပါစေ အစက သူသိထားသည်မှာ မဟာဧကရာဇ်ငရဲမီးတောက်၏ ပစ်မှတ်က မိစ္ဆာငှက်မွှေးဖြစ်သည်။
အမှန်မှာ ဤတံခါးပိတ်ကျင့်ကြံသော နေရာက အရေးကြီးအချိန်မှာ မိစ္ဆာငှက်မွှေးကို သွေးဆောင်ရန် ငါးစာချထားသောနေရာ ဖြစ်သည်။
သို့သော်လည်း သူ၏ ထွက်ပေါ်လာမှုက ငရဲမီးတောက်၏ အစီအစဉ်ကို ပြောင်းလဲသွားစေခဲ့ကြောင်း ထင်ရှားသည်။
‘ ငါက သူ့ရဲ့ ပထမရွေးချယ်မှုလား ဒါမှမဟုတ် အရံအစီအစဉ်လားဆိုတာ သေချာငါမသိသေးဘူး ’
‘ ဘာပဲပြောပြော ငါ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ မဟာကမ္မရှိတယ်… သူက အနာဂတ်ကမ္မကို လျစ်လျူရှုရဲပြီး ငါ့ရဲ့ ခန္ဓာကိုယ်ကို တကယ် လုယက်ရဲတာလား ’
ရွှီချင်းက တွေးတောနေစဉ် ဘေးပတ်ဝန်းကျင်ရှိ အသားပိုများထဲမှ အော်ဟစ်ညည်းညူသံများက ပိုပြီးကျယ်လောင်လာသည်။
နန်းတွင်းအဝတ်အစားဝတ် အမျိုးသမီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ ကျောင်းတော်သားဖြစ်စေ၊ အဖိုးအိုဖြစ်စေ သို့မဟုတ် လင်းခွန်းအသွင် ပြောင်းလဲထားသော ပဉ္စမအုပ်ချုပ်သူဖြစ်စေ သူတို့အားလုံးက ပြင်းထန်စွာ တုန်ယင်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်များက မြန်ဆန်စွာ ခြောက်သွေ့သွားကြသည်။
သူတို့၏ အသက်ဓာတ်၊ ကျင့်ကြံခြင်းအခြေခံနှင့် သူတို့၏ မူလဇစ်မြစ်သည်ပင် မြန်ဆန်စွာ စုပ်ယူခံနေရသည်။ တစ်ဆက်တည်းမှာ ယင်းတို့က အရည်အဖြစ် မြန်ဆန်စွာ ပြောင်းလဲသွားပြီး ရွှီချင်းရှိနေသော အသားပိုထဲသို့ ဒလဟော စီးဆင်းသွားသည်။
အစတွင် အရည်က သူ၏ ခြေချင်းဝတ်ထိသာ ရှိသေးသည်။ သို့သော်လည်း ယခု အရည်က သူ၏ ဒူးအထိ ရောက်ရှိလာသည်။
ထို့ပြင် အရည်ထဲမှာ ကိုယ်ပိုင်အသိစိတ်ရှိနေဟန် ရ၏။ ယင်းက ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး တိုးဝင်သွားသည်။ သူ၏ အသွေးအသားများမှတဆင့် အရည်က သူ၏ ရုပ်ခန္ဓာကိုယ်ကို အာဟာရဖြည့်ပေးလိုက်သည်။ တစ်ချိန်တည်းမှာ ယင်းက အသွင်ပြောင်းလဲမှုတချို့အတွက် ပြင်ဆင်လိုက်သည်။
ထိုလုပ်ငန်းစဉ်အတွင်း ပြင်းထန်သော နာကျင်မှုကို ရွှီချင်း ခံစားမိသွားသည်။ ဤသည်မှာ ချွန်ထက်သော တစ်စုံတစ်ခုက သူ၏ နှလုံးကို ထိုးဖောက်နေသည့်အလားပင်။
ရွှီချင်း၏ ချက်ချင်း ခုခံတားဆီးလိုက်သည်။
အရည်က ရွှီချင်း၏ ခုခံမှုကို အာရုံခံမိသွားသောအခါ ရွှီချင်း၏ ဝိညာဉ်ကို ဖယ်ရှားပစ်ရန် ကြိုးစားလိုက်သည်။
ယင်းက ရွှီချင်း၏ အသိစိတ်ကို ဝေဝါးသွားစေသည်။ သူ၏ ရုပ်ခန္ဓာကိုယ်နှင့် ဝိညာဉ်ကြားမှ ဆက်သွယ်မှုက စတင်ကွဲထွက်သွားသည်။
ယင်းတို့ကို ပြန်မပြုပြင်နိုင်ပေ။
ရွှီချင်းက သူ၏ ဝိညာဉ်ကို ကာကွယ်ရန် ကံကြမ္မာဖန်တီးခြင်းဓားမြှောင်ကိုသာ အသုံးပြုနိုင်သည်။ သူက လှိုင်းလုံးများကြားမှာ အထီးကျန်လှေငယ်လေးတစ်စင်းပမာ အောက်မေ့ရသည်။
တစ်ချိန်တည်းမှာ သူက ဤအခြေအနေမှ လွတ်မြောက်ရန် နည်းလမ်းအမျိုးမျိုးကို ကြိုးစားကြည့်လိုက်သည်။
သို့သော်လည်း ယင်းတို့အားလုံးက ကျရှုံးသွားသည်။
‘ ဒီလိုဆိုမှတော့… ’
ရွှီချင်း၏ အမူအရာက အရုပ်ဆိုးသွားသည်။ အေးစက်စက် အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည့်အခါ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက တိုက်ရိုက် တင်ပျဉ်ခွေထိုင်လိုက်ပြီး အရည်ကို ကိုယ်တိုင်စုပ်ယူလိုက်သည်။ သူက အရည်ကို ခုခံတားဆီးခြင်း မပြုတော့ပေ။
သူက မခုခံတော့သဖြင့် အရည်ထဲမှာ ကိန်းအောင်းနေသော စိတ်ဆန္ဒက ရွှီချင်း၏ ဝိညာဉ်အား အမြစ်ဖြတ်သုတ်သင်နေခြင်းကို ရပ်တန့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က ဝုန်းခနဲ မြည်သွားပြီး ပမာဏများပြားသော အနှစ်သာရများက သူ၏ ခန္ဓာကိုယ်ထဲသို့ ဒလဟော တိုးဝင်သွားကြသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အာဟာရဓာတ်က အထွတ်အထိပ်သို့ မြင့်တတ်သွားသည်။
ဘေးမှ အားညိုက တစ်စုံတစ်ခု လွဲမှားနေကြောင်း အာရုံခံမိသွားသည်။ သူ၏ ရွှီချင်း၏ အဖြစ်ကို အာရုံခံမိပြီးနောက် ဆွံ့အသွားပြီး သူ့ကို ကူညီပေးရန် ပြင်လိုက်သည်။ သို့သော်လည်း ဤအရည်ထဲမှာ အံ့ဖွယ်ကောင်းသော စွမ်းအင်က ပါဝင်နေကြောင်း သူသတိထားမိသောအခါ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။
ရွှီချင်းက ထိုအရည်ကို အစွမ်းကုန်သုံး၍ စုပ်ယူနေကြောင်းကိုလည်း သူမြင်တွေ့သွားသည်။
သို့ဖြစ်၍ ထူးဆန်းသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက စိတ်အားထက်သန်စွာ ပြောလိုက်သည်။
“ ဂျူနီယာညီလေး… ငါမင်းကို ကူညီပေးမယ် ”
သူက စကားပြောပြီးနောက် တင်ပျဉ်ခွေထိုင်ချလိုက်သည်။ သူက ရွှီချင်းကို ကူညီပေးမည့်ဟန် ထင်ရသော်လည်း အရည်ကို စုပ်ယူလိုက်သည်။
သို့သော်လည်း သူ၏ လုပ်ရပ်ကို ခွင့်မပြုကြောင်း ထင်ရှားပေသည်။ သို့ဖြစ်၍ သူက အရည်ကို စုပ်ယူရန် ကြိုးစားလိုက်သည်နှင့်ချက်ချင်း ပြင်းထန်သော တွန်းကန်အားက အသားပိုထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။
အသားပိုက ဝုန်းခနဲ မြည်သွားသည်နှင့် ထိုတွန်းကန်အားကြောင့် အားညို၏ ခန္ဓာကိုယ်က မောင်းထုတ်ခံလိုက်ရသည်။
ရွှီချင်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး အားညိုနှင့်အတူ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ စုပ်ယူအားက ထွက်ပေါ်လာပြီး ရွှီချင်းကို ချက်ချင်း လွှမ်းခြုံသွားကာ သူ့ကို ပြန်ဆွဲခေါ်လိုက်သည်။ ထို့ကြောင့် သူက အသားပိုထဲမှ ထွက်မသွားနိုင်ပေ။
ထိုသို့ဖြင့် အားညိုသည် ဧကရီနှင့် မဟာဧကရာဇ်မိစ္ဆာငှက်မွှေးပြီးနောက် အသားပိုထဲမှ တတိယမြောက် လွတ်မြောက်သွားသည့်လူ ဖြစ်လာသည်။
မောင်းထုတ်ခံလိုက်ရပြီးနောက် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အနောက်မှ လိုက်ပါလာသည်။
ထိုစွမ်းအားက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အားညို၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ အက်ကွဲသံများက ပဲ့တင်ထပ်သွားစဉ် အားညို၏ အော်ဟစ်ညည်းညူသံများက ဘေးပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အရိုးအားလုံးက အက်ကွဲသွားပြီး သူ၏ အသွေးအသားများက ယိုယွင်းပျက်စီးသွားသည်။
ထို့နောက် သူက အသားပုံသို့ ပြောင်းလဲသွားပြီး ကြည်လင်သော ပင်လယ်ပေါ်သို့ ပြုတ်ကျသွားသည်။ သူက ပင်လယ်အောက်ခြေထိ နစ်မြုပ်သွားသည်။
ရွှီချင်းက အားညို၏ အော်ဟစ်ညည်းညူသံများကို ကြားပြီး သူ၏ ယိုယွင်းပျက်စီးမှုကို မြင်တွေ့သွားသည်။ သို့သော်လည်း ယခုအချိန်မှာ သူ၏ စိတ်အာရုံကို တခြားနေရာသို့ မရွှေ့ပြောင်းနိုင်ပေ။ ထို့ပြင် အားညိုကို သတ်ရန် မလွယ်ကူကြောင်း သူသိသည်။
မည်သို့ဖြစ်ပါစေ ယခုအချိန်မှာ သူက သေခြင်းရှင်ခြင်းအန္တရာယ်ဖြင့် ရင်ဆိုင်နေရသည်။
သူက ဤကိစ္စမှာ မည်သည့်အကူအညီကိုမှ မရနိုင်ဟန် ရ၏။
ထို့ကြောင့် အကယ်၍ သူက လွတ်မြောက်ချင်သည်ဆိုလျှင် သူ့ကိုယ်သူသာ မှီခိုအားထားရလိမ့်မည်။
ရွှီချင်းက အံတင်းတင်းကြိတ်လိုက်သည်။ အေးစက်စက် အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ဘေးပတ်ဝန်းကျင်မှ အရည်ကို ကိုယ်တိုင်စုပ်ယူလိုက်သည်။ သူက စုပ်ယူနေသည်နှင့်အမျှ အရည်က ဆက်လက် တိုးပွားလာသည်။
အုပ်ချုပ်သူအသီးသီး၏ အသက်ဓာတ်မှ ဖွဲ့စည်းထားသော အရည်က သူ၏ လည်ပင်းအထိ ရောက်ရှိသွားပြီး ဆက်လက် မြင့်တတ်နေဆဲပင်။
မကြာမီ အရည်က သူ၏ ဦးခေါင်းထက် ကျော်သွားပြီး ရွှီချင်းကို အပြည့်အဝ ဖုံးလွှမ်းသွားသည်။
ယင်းက အဆုံးမသတ်သေးပေ။ အသက်ဓာတ်က ပိုပြီးစုပ်ယူခံနေရသည်နှင့်အမျှ အုပ်ချုပ်သူအသီးသီး၏ အော်ဟစ်ညည်းညူသံများက ပိုပြီးတိုးညင်းလာသည်။ အရည်သည်တော့ ရွှီချင်းရှိသော အသားပို၏ (၈၀)ရာခိုင်နှုန်းထိ ပြည့်နှက်သွားသည်။
ထိုသို့အလွန်သိပ်သည်းသော အသက်ဓာတ်က ရွှီချင်း၏ ခန္ဓာကိုယ်ကို မယုံကြည်နိုင်စရာကောင်းသော အဆင့်အထိ အာဟာရဖြည့်ပေးလိုက်သည်။
သူ၏ ရုပ်ခန္ဓာကိုယ်ကို နတ်ဘုရားမျက်နှာပျက်ကြီး၏ အသွေးအသားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သို့သော်လည်း ယင်းက မပြည့်စုံပေ။ ဤရုပ်ခန္ဓာကိုယ်မှာ ချို့ယွင်းချက်များ ရှိသည်။
သို့ဖြစ်၍ ဤနှစ်များတွင် ရွှီချင်းက လုံ့လဝီရိယရှိစွာ ဤခန္ဓာကိုယ်ကို ပြည့်စုံစေခဲ့သည်။ အထူးသဖြင့် သူက ဝိညာဉ်ကို အစွမ်းမြှင့်တင်ပြီး သူ့အတွက် အချိန်ပိုဆွဲခဲ့သည်။
ထိုအတွက် ဟန်ချက်ညီမှုကို လိုအပ်သည်။ ယင်းက သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်အတွက် အလုံခြုံဆုံးဖြစ်သည်။
အင်မော်တယ်ပြဒါးဖြစ်စေ သို့မဟုတ် အခွင့်အာဏာ တာအိုအမှတ်အသားများဖြစ်စေ ယင်းတို့၏ ရည်ရွယ်ချက်က ဤရလဒ်အတွက် ဖြစ်သည်။
သို့သော်လည်း ထိုလုပ်ငန်းစဉ်က အလွန်နှေးကွေးသည်။
ယင်းက ငရဲမီးတောက် တံခါးပိတ်ကျင့်ကြံသော နေရာသို့ သူဝင်ရောက်ပြီး ဖန်တီးရှင်ကောင်းကင်ဘုံမျိုးနွယ်တည်ရှိသော မှတ်ဉာဏ်လောကထဲသို့ မရောက်ခင်အထိ ကြာမြင့်ခဲ့သည်။ ထိုနေရာတွင် သူ၏ အသွေးအသားကို အာဟာရဖြည့်ပေးနိုင်သော အပြာရောင်ရေကန် ရှိသည်။ သူ၏ မပြည့်စုံသော ခန္ဓာကိုယ်က နောက်ဆုံးမှာတော့ ပြည့်စုံမှုကို စတင်ရရှိသွားသည်။ ယခု သူက အုပ်ချုပ်သူအသီးသီး၏ အသက်ဓာတ်၊ ကျင့်ကြံခြင်းစွမ်းအားနှင့် ၎င်းတို့၏ ဝိညာဉ်များထံမှ ဆင်းသက်လာသော အနှစ်သာရအရည်ကို စုပ်ယူလိုက်သည့်အခါ သူ၏ ရုပ်ခန္ဓာကိုယ်က အမှန်တကယ် သူ့အပိုင်ဖြစ်လာသည်။ သူ၏ ရုပ်ခန္ဓာကိုယ်က သူ၏ ဝိညာဉ်နှင့် တစ်သားတည်း ဖြစ်လာသည်။
သူ၏ အသက်ဓာတ်က မြန်ဆန်စွာ မြင့်တတ်သွားပြီး ဝိညာဉ်စုစည်းခြင်းအဆင့်၏ အဟန့်အတားများကို တိုက်ရိုက် ချိုးဖြတ်သွားကာ အုပ်ချုပ်သူအဆင့်သို့ တတ်လှမ်းသွားသည်။ အကယ်၍ ရွှီချင်း၏ ဝိညာဉ်က ထိုရလဒ်ကို လက်ခံနိုင်မည်ဆိုလျှင် ယင်းက အကောင်းဆုံး ဖြစ်လိမ့်မည်။
သို့သော်လည်း ထိုသို့လုပ်ဆောင်ခြင်းသည် ကလေးငယ်တစ်ယောက်က တစ်ထောင်ကီလိုဂရမ်လေးလံသော စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားခြင်းနှင့် ဆင်တူသည်။ နောက်ဆုံးရလဒ်အနေဖြင့် သူ၏ ဝိညာဉ်က ချေမွဖျက်ဆီးခံရခြင်း သို့မဟုတ် သူ၏ ရုပ်ခန္ဓာကိုယ်က ဝိညာဉ်ကို ငြင်းဆန်ခြင်း အစရှိသည်တို့ကို တွေ့ကြုံရလိမ့်မည်။
သို့သော်လည်း အကယ်၍ သူက ခုခံတားဆီးမည်ဆိုလျှင် အရည်ထဲမှာ ကိန်းအောင်းနေသော စိတ်ဆန္ဒက သူ၏ ဝိညာဉ်ကို အမြစ်ဖြတ်သုတ်သင်ပစ်လိမ့်မည်။ သူ၏ ရုပ်ခန္ဓာကိုယ်က ပိုပြီးသန်မာလာသည်နှင့်အမျှ သူ၏ ဝိညာဉ်က ခန္ဓာကိုယ်ထဲမှာ ဆက်ပြီး မနေထိုင်နိုင်တော့ပေ။
သူ့မှာ တခြားရွေးချယ်စရာမရှိပုံပေါ်သည်။
ရွှီချင်း၏ ရွေးချယ်မှုသည်တော့ အရည်ကို ဆက်လက် စုပ်ယူခြင်း ဖြစ်သည်။
သူ၏ ဝိညာဉ်က အပိုင်းပိုင်း ဆုတ်ဖြဲခံနေရပြီး ရုပ်ခန္ဓာကိုယ်၏ ငြင်းဆန်ခံနေရသော်လည်း သူက တုံ့ဆိုင်းမနေဘဲ အရည်ကို ဆက်လက် စုပ်ယူလိုက်သည်။ တစ်ချိန်တည်းမှာ သူက မျက်လုံးမှိတ်လိုက်သည်။
သူက စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ရုပ်ခန္ဓာကိုယ်၏ ငြင်းဆန်မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်ကို သူစောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ထိုသို့ဖြင့် အချိန်က ဖြည်းညင်းစွာ ကုန်ဆုံးသွားသည်။
အုပ်ချုပ်သူအသီးသီး၏ အော်ဟစ်ညည်းညူသံများက မကြားရတော့လုနီးပါး ပျောက်ကွယ်သွားသည်။
ကြည်လင်သော ပင်လယ်ပေါ်မှ အားညို၏ အသွေးအသားများက ရေအောက်ထဲသို့ လုံးဝ နစ်မြုပ်သွားသည်။
ထိုအခိုက်အတန့်မှာ ကြီးမားသော အပြောင်းအလဲက ထွက်ပေါ်လာသည်။
ကမ္ဘာတုန်ဟီးစေနိုင်သော ပေါက်ကွဲသံက ဧကရီနှင့် မဟာဧကရာဇ်မိစ္ဆာငှက်မွှေး ဝင်ရောက်သွားခဲ့သော အသားပိုထဲမှ ရုတ်တရက် ပဲ့တင်ထပ်လာသည်။
ချက်ချင်းဆိုသလို အသားပိုက မြန်ဆန်စွာ ကျယ်ပြန့်သွားပြီး ကြီးမားသထက် ပိုကြီးမားသွားသည်။ ဤသည်မှာ အသားပိုထဲမှ ခုခံကာကွယ်မှုက အဆုံးစွန်ထိ ရောက်ရှိသွားသည့်အလားပင်။ နောက်ဆုံးမှာတော့ အသားပိုကိုယ်တိုင်က ယင်းကို မတောင့်ခံနိုင်တော့ပေ။ သို့ဖြစ်၍ အသားပိုက ကျယ်လောင်သော မြည်သံများနှင့်အတူ အပိုင်းပိုင်းအစစ ပေါက်ကွဲသွားသည်။
အရေအတွက်များပြားသော အသွေးအသားများက နေရာတိုင်းမှာ ပြန့်ကျဲသွားကြပြီး ကြည်လင်သော ပင်လယ်ပေါ်သို့ ပြုတ်ကျသွားကြကာ အရည်ပျော်သွားကြသည်။
နောက်အခိုက်အတန့်မှာ ဧကရီနှင့် မဟာဧကရာဇ်မိစ္ဆာငှက်မွှေးက ပျံသန်းထွက်လာကြသည်။ သူတို့က လေထဲမှာ လွင့်မျောနေစဉ် သူတို့၏ အမူအရာက အေးခဲသွားသည်။ သူတို့က ပြိုကွဲသွားသော အသားပိုကို စိုက်ကြည့်လိုက်သည်နှင့် အပြင်လောကမှ အပြောင်းအလဲများကိုလည်း သတိထားမိသွားကြသည်။
ခြောက်သွေ့သွားသော အုပ်ချုပ်သူများနှင့် ရွှီချင်း၏ မြင့်တတ်လာနေသော အရှိန်အဝါကိုလည်း သူတို့မြင်သွားကြသည်။
ဧကရီက မျက်မှောင်ကြုတ်လိုက်သည်။
မဟာဧကရာဇ်မိစ္ဆာငှက်မွှေးသည်တော့ သူ၏ အကြည့်က ရွှီချင်းရှိနေသော အသားပိုပေါ်သို့ ကျရောက်သွားသည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။ ထူးဆန်းသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာ အသားပိုက အက်ကွဲသွားပြီး ဧကရီနှင့် မဟာဧကရာဇ်မိစ္ဆာငှက်မွှေးက ပျံသန်းထွက်လာကြသည်နှင့်ချက်ချင်း မဟာဧကရာဇ်ငရဲမီးတောက်၏ ပုံရိပ်က ရှင်းလင်းစွာ ထွက်ပေါ်လာသည်။
သူက ဧကရီကို ကြည့်လိုက်သည့်အခါ သူ၏ နှုတ်ခမ်းထောင့်က အပေါ်သို့ တွန့်ကွေးသွားသည်။ အဓိပ္ပာယ်ရှိသော အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ ကြည့်ရတာ ဒီကို မင်းရောက်လာတာ ငါ့ရဲ့ ဝိညာဉ်ကြောင့်ပဲ မဟုတ်ဘူး… မင်းက ငါ့ရဲ့ တံခါးပိတ်ကျင့်ကြံတဲ့ နယ်မြေကိုလည်း လိုချင်နေတယ်… ငါခန့်မှန်းကြည့်မယ်… မင်းမှာ အသက်ပြန်ရှင်စေချင်တဲ့လူ တစ်စုံတစ်ယောက် ရှိတယ်မဟုတ်လား ”
ဧကရီက အေးစက်စွာ ပြောသည်။
“ နင်က ငရဲမီးတောက် အပြည့်အစုံမဟုတ်ဘူး ”
ငရဲမီးတောက်က ပြန်မဖြေပေ။ ယင်းအစား သူက ပြုံးလိုက်ပြီး ကြည်လင်သော ပင်လယ်ကို ကြည့်လိုက်သည်။
နောက်အခိုက်အတန့်မှာ ဝဲကတော့တစ်ခုက ကြည်လင်သော ပင်လယ်ပေါ်မှာ ထွက်ပေါ်လာသည်။ ဝုန်းခနဲ မြည်သံက ပဲ့တင်ထပ်သွားစဉ် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက ဧရာမဝဲကတော့ထဲမှ ပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့် တိမ်တိုက်များကို ဖုံးလွှမ်းသွားသည်။
ထူးဆန်းသော ပုံရိပ်တစ်ခုက ဝဲကတော့ထဲမှ ဖြည်းညင်းစွာ မြှောက်တတ်လာသည်။
ထိုပုံရိပ်၏ ဘယ်ဘက်ခြမ်းတွင် အသစ်ဖွဲ့စည်းထားသော လူသားခန္ဓာကိုယ်ရှိပြီး ညာဘက်ခြမ်းသည်တော့ အပြည့်အဝ ပြန်မရှင်သန်သေးပေ။ ၎င်းမှာ အရေပြားမရှိပေ။ သို့ဖြစ်၍ အသွေးအသားများဖြင့် ဖွဲ့စည်းထားသော ထိုခန္ဓာကိုယ်က ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေသည်။
၎င်းထံမှ မပြည့်စုံသော ခံစားမှုက အလွန်ထင်ရှားသည်။
ထိုပုံရိပ်ကို မြင်သွားသောအခါ မဟာဧကရာဇ်မိစ္ဆာငှက်မွှေး၏ အသက်ရှူသံက မြန်ဆန်လာပြီး သူ၏ သူငယ်အိမ်က ကျုံ့သွားသည်။
ထူးဆန်းသော ထိုပုံရိပ်က ထွက်ပေါ်လာသည်နှင့် မရေမတွက်နိုင်သော မိုးကြိုးသွားများက ၎င်း၏ ဘေးမှာ ရွေ့လျားကူးခတ်သွားကြသည်။ ကောင်းကင်က တုန်ယင်သွားပြီး ပင်လယ်ရေက ပရမ်းပတာ လှုပ်ခတ်သွားသည်။ နွေဦးအင်မော်တယ်အဆင့်နှင့် အလွန်နီးကပ်သော ဖိအားက ၎င်းထံမှ ပေါက်ကွဲထွက်လာသည်။
“ အနန္တအသိဉာဏ်ကို ပိုင်ဆိုင်ထားတဲ့ နတ်ဘုရားလို့ မျှော်လင့်ထားသလိုပါပဲ ”
နက်ရှိုင်းသော အသံက ထိုပုံရိပ်ထံမှ ထွက်ပေါ်လာသည်။ ထို့နောက် သူက ခေါင်းမော့လိုက်လေရာ ဥပဒေသများ ကိန်းဝပ်နေသော သူ၏ အကြည့်က ဧကရီပေါ်သို့ ကျရောက်သွားသည်။
“ သူက တကယ်ပဲ မပြည့်စုံဘူး… အတိအကျပြောရရင် သူက ငါ့ရဲ့ ကိုယ်ပွားနှစ်ခုထဲက တစ်ခုပဲ ”
“ သူနဲ့ မင်းရဲ့ လူသားမျိုးနွယ်က ကောင်းကင်အရွေးချယ်ခံနှစ်ယောက်ကြားမှာ ကမ္မတချို့ ရှိတယ်… သူ့ရဲ့ အသွင်သဏ္ဍာန်ကို မပြောင်းလဲခင် သူက မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေမှာ အရှေ့မိစ္ဆာငှက်မွှေးရဲ့ ကြီးမြတ်တဲ့ အင်မော်တယ်သခင်ဖြစ်ခဲ့တယ် ”
“ မင်းကို ကြိုဆိုဖို့အတွက် မြေအောက်ခန်းထဲမှာ အဲ့ဒီအင်မော်တယ်ရုပ်သေးရုပ်ကို ငါပြင်ဆင်ထားခဲ့ရုံတင်မကဘူး ဒီကိုယ်ပွားကလည်း သူခိုးခြောက်ယောက်လှည့်စားခြင်းကို လက်ဆင့်ကမ်းပေးဖို့ အပြင်လောကမှာ သေဆုံးသွားခဲ့တယ် ”
“ အခု ရိုသေလေးစားမှုကို ဖော်ပြဖို့ ငါကိုယ်တိုင် ရောက်လာပြီ ”
လူသားတစ်ပိုင်း အသွေးအသားတစ်ပိုင်း ပုံရိပ်က ခပ်ရေးရေး ပြုံးလိုက်သည်။
“ အခုက ဒီပြပွဲကို အဆုံးသတ်ဖို့ အချိန်ကျပြီ ”
“ မိစ္ဆာငှက်မွှေး… မင်းကို ငါပြောခဲ့တဲ့ဟာကို စဉ်းစားပြီးပြီလား ”
ငရဲမီးတောက်က မိစ္ဆာငှက်မွှေးကို ကြည့်လိုက်သည်။
မိစ္ဆာငှက်မွှေး၏ အမူအရာက မည်းမှောင်သွားသည်။ သူက ခေါင်းလှည့်လိုက်ပြီး ရွှီချင်းရှိသော အသားပိုကို ကြည့်လိုက်သည်။ ထို့နောက် ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ရုတ်တရက် လှုပ်ရှားလိုက်ပြီး ဧကရီဆီသို့ ဦးတည်သွားသည်။
တစ်ချိန်တည်းမှာ အစောနက သူတို့ကို တိုက်ခိုက်ခဲ့သော ငရဲမီးတောက်၏ ကိုယ်ပွားက သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်ပြီး ဧကရီဆီသို့ ပျံသန်းသွားသည်။
သူတို့သုံးယောက်က ချက်ချင်း တိုက်ခိုက်လိုက်ကြသည်။
လျှပ်တစ်ပြက်အတွင်းမှာ ဟင်းလင်းပြင်က အက်ကွဲသွားပြီး ဤလောကက အက်ကွဲနေသော ကြေးမုံတစ်ချပ်နှယ် ပြောင်းလဲသွားသည်။
မဟာဧကရာဇ်ငရဲမီးတောက်၏ မူလခန္ဓာကိုယ်သည်သာ ရွှီချင်းရှိသော အသားပိုဆီသို့ ဦးတည်လျှောက်သွားရင်း တည်ငြိမ်စွာ ပြောသည်။
“ ငါ့ရဲ့ တာအိုကို ကျိန်ဆိုပြီး ပြောတယ်… မိစ္ဆာငှက်မွှေး… ဒီကိစ္စပြီးသွားရင် မင်းရဲ့ အသက်ဝိညာဉ်ကို ငါပြန်ပေးမယ်… ပြီးတော့ ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ မတိုက်ခိုက်ကြဘူး ”
“ ကိုယ်ပွား… ဒီကိစ္စပြီးသွားရင် မင်းလိုချင်နေတဲ့ လွတ်လပ်ခွင့်ကို ငါပေးမယ် ”
“ ဧကရီ… ဒီကိစ္စပြီးသွားရင် ဒီကျင့်ကြံခြင်းနယ်မြေက မင်းအပိုင်းပဲ… အဲ့ဒါက မင်းအသက်ပြန်ရှင်ချင်တဲ့ တစ်စုံတစ်ယောက်ကို ပြန်ရှင်သန်စေလိမ့်မယ် ”
“ ငါလိုအပ်တာက ငါ့ရဲ့ ဘဝအသစ်ကို မင်းတို့တွေ ဝင်မနှောင့်ယှက်ဖို့ပဲ ”
ငရဲမီးတောက်၏ အသံက ပဲ့တင်ထပ်သွားသည်နှင့် သူက ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ လောဘနှင့် ချီးကျူးလေးစားမှုက ထွက်ပေါ်လာသည်။ ဤသည်မှာ သူက အထွတ်အမြတ် ရတနာတစ်ခုကို ကြည့်နေရသည့်အလားပင်။
သူ၏ မူလရည်ရွယ်ချက်က မိစ္ဆာငှက်မွှေးကို သိမ်းပိုက်ပြီး တစ်ဖက်လူ၏ မဟာဧကရာဇ်ခန္ဓာကိုယ်ကို အသုံးပြုကာ ကျန်ရှိနေသော သူ၏ ခန္ဓာကိုယ်တစ်ဝက်ကို အပြည့်အဝ ပြန်ရှင်သန်စေမည်။ သူ၏ ခန္ဓာကိုယ်က ပြီးပြည့်စုံသွားသည့်အခါ သူက နွေဦးအင်မော်တယ်အဆင့်သို့ တတ်လှမ်းသွားလိမ့်မည်။
ထိုသို့လုပ်ဆောင်ရာတွင် ပြစ်ချက်တချို့ရှိနိုင်သော်လည်း အကယ်၍ သူသာ အချိန်တချို့ရမည်ဆိုလျှင် ထိုပြစ်ချက်များကို ဖာထေးနိုင်လိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်သည်။
ယင်းက ရွှီချင်းကို သူမမြင်တွေ့ခင်အထိ ကြာမြင့်ခဲ့သည်။
ယင်းက သူ၏ နှလုံးသားကို အပြင်းအထန် တုန်လှုပ်စေခဲ့သည်။ သို့ဖြစ်၍ သူက အစီအစဉ်ကို ပြောင်းလဲခဲ့သည်။ သူက မိစ္ဆာငှက်မွှေးအား သိမ်းပိုက်ရန် လက်လျော့ခဲ့သည့်အပြင် နောက်ပိုင်းမှာ တစ်ဖက်လူနှင့်လည်း လျှို့ဝှက်စွာ ဆက်သွယ်ခဲ့သည်။
ယင်းက ဤအခြေအနေကို ပြီးပြည့်စုံသွားစေသည်။
“ ဒီခန္ဓာကိုယ်က လုံးဝမယုံကြည်နိုင်စရာပဲ… ဒီတော့ တကယ်လို့ ငါက အဲ့ဒီကမ္မနဲ့ သက်ရောက်ခံရမယ်ဆိုရင်ရော ဘာဖြစ်လဲ… ”
ငရဲမီးတောက်က တီးတိုးရေရွတ်လိုက်ပြီး ရွှီချင်းရှိနေသော အသားပိုဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ သူက အသားပိုထဲတွင် မျက်လုံးမှိတ်ထားသော ရွှီချင်းကို ကြည့်လိုက်ပြီး နှုတ်ခမ်းသပ်လိုက်သည်။ သူ၏ နှလုံးသားထဲမှ လောဘကို ဆက်ပြီး သူမဖိနှိပ်နိုင်တော့ပေ။
“ မင်းရဲ့ ခန္ဓာကိုယ်ကို ငါလိုချင်တယ် ”
သူက ညာလက်ကို မြှောက်လိုက်ပြီး သူ့အရှေ့မှ အသားပိုကို ထိုးဖောက်လိုက်သည်။ သူက လက်ကို အရှေ့သို့ ဆန့်တန်းလိုက်ပြီး ရွှီချင်း၏ နဖူးပေါ်သို့ ဦးတည်သွားစေသည်။