ကူယွဲ့နင်ယန်
Vol. 70 Ch. 1084
မိုးစတင်ရွာသွန်းလာသည်။
ထိုမိုးသည် သွေးမျက်ရည်နှင့် ဆင်တူသည်။ သို့သော်လည်း မိုးရေစက်၏ အရောင်သည် အနီရောင်မဟုတ်ပေ။ ရွှေရောင်ဖြစ်သည်။
ရွှေရောင်သွေးမျက်ရည်သည် ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး လဝတ်ပြုဒေသကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
သို့သော်လည်း ထိုမိုးသည် အစစ်အမှန်မဟုတ်ပေ။
ပုံရိပ်ယောင်မိုးသည် အချိန်မြစ်၏ အရှိန်အဝါဖြင့် သက်ရောက်ခံလိုက်ရဟန် တူသည်။ ထို့ကြောင့် မိုးသည် ရွာသွန်းနေသော်လည်း တကယ့်လက်တွေ့မှာ ယင်းက ရှေးခေတ်ကာလမှ သို့မဟုတ် အနာဂတ်ကာလမှ ကျဆင်းလာနေခြင်း ဖြစ်နိုင်ပေသည်။
ဤသည်မှာ နတ်ဘုရားများ၏ ထူးခြားမှုကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
ဝမ်ကူးကုန်းမြေထဲမှ လူအနည်းစုသာလျှင် နတ်ဘုရားသဖွယ် တည်ရှိမှုအကြောင်းကို ထုတ်ဖော်ပြောကြားနိုင်ကြသည်။ ထိုသို့သက်ရှိပုံစံသည် လက်ရှိနယ်ပယ်များကို ကျော်လွန်သွားပြီး မဖော်ပြနိုင်သော ဝိသေသလက္ခဏာများကို မွေးရာပါ ပိုင်ဆိုင်ထားကြသည်။
နတ်ဘုရားသားတော်သည် အဆင့်ချိုးဖြတ်ရန် ကျရှုံးသွားခဲ့သော်လည်း အတိုင်းအတာတစ်ခုထိ နတ်ဘုရားတစ်ပါး၏ ဝိသေသလက္ခဏာများကို ပိုင်ဆိုင်ထားပေသည်။ ထို့ကြောင့် သူ၏ သေဆုံးမှုက နတ်ဘုရားများ၏ သွေးမိုးရွာသွန်းခြင်းကို ဖြစ်ပေါ်လာစေခြင်း ဖြစ်သည်။
အလွန်အားကောင်းသော ဝမ်းနည်းပူဆွေးသည့် အငွေ့အသက်သည် သွေးမိုးထဲမှ သက်ရှိအားလုံး၏ နှလုံးသားထဲသို့ ပျံ့နှံ့သွားသည်။
ယင်းက စာကြောင်းတစ်ကြောင်းသို့ ပြောင်းလဲသွားသည်။
“ လူတိုင်းက အဆိပ်မိနေပြီး မင်းတစ်ယောက်တည်း နိုးနေတာ ဒါမှမဟုတ် လူတိုင်းက နိုးနေပြီး မင်းတစ်ယောက်တည်း အဆိပ်မိနေတာ… ဘယ်ဟာက ပိုပြီးသနားစရာကောင်းလဲ ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။
သူ၏ စိတ်ထဲမှာ ထိုအသံတစ်ခုတည်း ပဲ့တင်ထပ်နေခြင်းမဟုတ်ပေ။ နတ်ဘုရားသားတော်မသေဆုံးခင် နောက်ဆုံးပြောသွားခဲ့သော စကားသည်လည်း သူ၏ စိတ်ထဲမှာ ပဲ့တင်ထပ်နေသည်။
‘ ငါ့ရဲ့အတိတ်က မင်းရဲ့အနာဂတ် ဖြစ်နေမလား… ’
ထိုစကားသည် ရွှီချင်း၏ စိတ်ထဲတွင် တံဆိပ်ရိုက်နှိပ်သွားရုံသာမက သူ၏ ဝိညာဉ်ထဲသို့လည်း စိမ့်ဝင်သွားသည်။
အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်မှ အနီရောင်လဂြိုလ်ကို ကြည့်လိုက်သည်။
ဤနေရာမှကြည့်လျှင် အနီရောင်လဂြိုလ်သည် ကောင်းကင်၏ တစ်ဝက်ကို ကြီးစိုးထားပြီး လောကတစ်ခုလုံးကို အနီရောင်သို့ ပြောင်းလဲသွားစေသည်။
အနီရောင်လဂြိုလ်၏ ရောက်ရှိလာမှုနှင့်အတူ ကြီးမားသော ဖိနှိပ်မှုသည် ဤလောကကို ဖုံးလွှမ်းထားသည်။ အနီရောင်လဂြိုလ်၏ ရောက်ရှိလာမှုကြောင့် ပုံရိပ်ယောင်သွေးမိုးသည်ပင် တဖြည်းဖြည်း ဝေဝါးသွားသည်။
ကောင်းကင်သည် အတွင်းဘက်သို့ ကွေးညွတ်သွားပြီး ကောင်းကင်ဘုံတာအိုသည် တခြားရွေးချယ်စရာမရှိဘဲ အနောက်ဆုတ်သွားရသည်။ နိယာမအားလုံးနှင့် ဥပဒေသအားလုံးသည် အနီရောင်လဂြိုလ်၏ ရောက်ရှိလာမှုကြောင့် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားသည်။
မြေပြင်သည်လည်း အနီရောင်လ၏ ဆွဲငင်အားဖြင့် သက်ရောက်ခံလိုက်ရသည်။ တောင်တန်းများသည် ပြိုကျသွားပြီး မြေပြင်သည် အက်ကွဲသွားသည်။ တောင်တန်းများသည် ပြောင်းပြန်စီးဆင်းလာသည်။ ဤသည်မှာ ကမ္ဘာဖျက်ကဒ်ဘေးတစ်ခု ဆင်းသက်လာဟန် ရ၏။
“ ငါမျှော်လင့်ထားတာထက် နည်းနည်း ပိုမြန်နေတာပဲ… အဲ့ဒါက အများဆုံး သုံးရက်အတွင်းမှာ ဒီကို ရောက်လာလိမ့်မယ် ”
ရွှီချင်း၏ ဘေးမှာ မတ်တတ်ရပ်နေသော ခေါင်းဆောင်သည် အနီရောင်လဂြိုလ်ကို ကြည့်လိုက်သည်။ သူက နှုတ်ခမ်းသပ်လိုက်ပြီး အတုယောင်နေလုံးကိုးလုံးကို ပြန်ဆင့်ခေါ်လိုက်သည်။ သူက နေလုံးများဖြင့် ဆော့ကစားနေရင်း တိုးညင်းစွာ ပြောသည်။
“ ဂျူနီယာညီလေး… စတုတ္ထသားတော် သူမသေခင်ပြောသွားတဲ့ စကားကို မင်းအာရုံစိုက်နေစရာ မလိုပါဘူး… မင်းသိတယ်မလား… လူတချို့က သူတို့မသေခင်မှာ ကမ္ဘာလောကကြီး သူတို့ကို မှတ်မိနေအောင်လို့ ထူးဆန်းတဲ့ စကားတွေ ပြောတတ်ကြတယ် ”
“ ဒီအလေ့အကျင့်ကို နတ်ဘုရားတွေပေါ်မှာ ပိုပြီးတွေ့ရတတ်တယ်… ငါလည်း အနာဂတ်မှာ အဲ့လိုလုပ်ပစ်မယ်… ငါပြောမယ့်စကားကိုတောင် စဉ်းစားထားပြီးပြီ… အနာဂတ်မှာ ငါသေခါနီးအချိန်ကျရင် ဒီလိုပြောမယ်… ကောင်းကင်ပေါ်က နတ်ဘုရားမျက်နှာပျက်ကြီး မျက်လုံးထပ်ဖွင့်လိုက်တဲ့အခါ ဂျူနီယာညီလေးကို မြင်ရဖို့ ငါပြန်လာမယ် ”
“ ဘယ်လိုလဲ… မိုက်တယ်မလား… အဲ့ဒါက ငါတို့ကြားက ရင်းနှီးမှုကို ပေါ်လွင်စေတယ်မလား… ဟား ဟား အဲ့ဒါကို ကြားတဲ့လူတွေက အမျိုးမျိုး တွေးကြလိမ့်မယ်… ဘယ်သူသိမှာလဲ သူတို့က ငါ့ကို နတ်ဘုရားမျက်နှာပျက်ကြီးလို့တောင် ထင်သွားနိုင်လောက်တယ် ”
ခေါင်းဆောင်သည် ရွှီချင်းကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။
“ မင်းအတွက်လည်း စကားတစ်ခွန်းကို ငါစဉ်းစားထားတယ်… မင်းသေဖို့ နီးကပ်လာတဲ့အခါကျရင် ဒီစကားကို အမြဲမှတ်ထားပါ… မင်းမသေခင် လေးနက်တဲ့ အသံနဲ့ ဒီလိုပြောပါ… ငါ့စီနီယာအကိုကြီး ဆင်းသက်လာပြီး ဆယ့်တစ်နှစ်အကြာမှာ ငါပြန်ရောက်လာမယ် ”
ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။
“ ကျေးဇူးတင်ပါတယ် စီနီယာအကိုကြီး ”
“ ဟား ဟား ကျေးဇူးတင်စရာမလိုပါဘူးကွာ… ငါတို့က မိတ်ဆွေတွေမလား ”
ခေါင်းဆောင်သည် ဝမ်းသာပျော်ရွှင်သွားပြီး ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်သည်။
“ ဒါဆို စီနီယာအကိုကြီး… မင်းရောက်သွားတဲ့ နတ်ဘုရားသားတော်ရဲ့ ခေတ်ကာလမှာ ဘယ်လိုအခြေအနေရှိလဲ ငါ့ကို ပြောပြပါ ”
ရွှီချင်းသည် ထိုမေးခွန်းကို စောစောကတည်းက မေးချင်နေခြင်း ဖြစ်သည်။
ဤသည်ကို ခေါင်းဆောင်ကြားသောအခါ သူ၏ မျက်နှာပေါ်မှ အပြုံးသည် ဆက်လက် ရှိနေဆဲဖြစ်သော်လည်း လေးနက်သော အဓိပ္ပာယ်သည် သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက နူးညံ့စွာ ပြောသည်။
“ လီဇီဟွားက စတုတ္ထသားတော် ဝိညာဉ်နတ်သူငယ်အဆင့်ရဲ့ တတိယကောင်းကင်ကဒ်ဘေးဒုက္ခကို မကျော်လွှားခင်မှာ သူ့ရဲ့ နတ်ဘုရားမီးတောက်ကို ပိုင်းဖြတ်ပစ်ခဲ့တယ် ”
ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်သည်။
“ တစ်နည်းပြောရရင် မင်းရောက်သွားတဲ့ခေတ်မှာ လီဇီဟွားက နတ်ဘုရားဖြစ်နေတုန်းပေါ့ ”
ခေါင်းဆောင်သည် ခေါင်းညိတ်လိုက်သည်။
ရွှီချင်းသည် ခေါင်းဆောင်ကို တစ်ချက်ကြည့်လိုက်ပြီး နောက်ထပ်မမေးတော့ပေ။
ဤအခိုက်အတန့်မှာ နတ်ဘုရားသားတော်၏ သေဆုံးမှုသည် လပုန်ကန်ကျင့်ကြံသူများကို ပြောမပြနိုင်အောင် စိတ်လှုပ်ရှားစေသည်။ အနီရောင်လဂြိုလ်က ရောက်ရှိလာပြီဖြစ်သော်လည်း ယနေ့ ဖြစ်ပျက်သွားခဲ့သော အရာသည် လဝတ်ပြုဒေသကြီး၏ သမိုင်းတစ်လျှောက်တွင် တစ်ခါမှ မဖြစ်ပေါ်ဖူးသောအရာ ဖြစ်သည်။
အနီရောင်လဗိမာန်သည် ဖျက်ဆီးခံလိုက်ရသည်။
အမြင့်မြတ်ဆုံးဘုန်းတော်ကြီးသည် ချိပ်ပိတ်ခံလိုက်ရပြီး နတ်ဘုရားသားတော်သည် ကျဆုံးသွားခဲ့သည်။ ယင်းက မျှော်လင့်ချက်ကို ကိုယ်စားပြုသည်။
လပုန်ကန်ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် အနီရောင်လကျင့်ကြံသူများသည် အသက်ရှူမြန်လာကြသည်။ အဆုံးမရှိသော စိတ်ခံစားချက်များသည် သူတို့၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။
သူတို့သည် ခေါင်းမော့လိုက်ရုံဖြင့် အနီရောင်လဂြိုလ်ကို မြင်နိုင်ပေသည်။
သို့သော်လည်း သူတို့အတွက် သေခြင်းတရားသည် အချိန်မရွေး ဆင်းသက်လာနိုင်ပေသည်။
အဘယ့်ကြောင့်ဆိုသော် အမြင့်မြတ်ဆုံးဘုန်းတော်ကြီးနှင့် နတ်ဘုရားသားတော်ကို ဆုံးရှုံးသွားပြီးနောက် အနီရောင်လဂြိုလ်မရောက်လာခင် လာမည့်သုံးရက်အတွင်းမှာ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် လဝတ်ပြုဒေသကြီးထဲမှာ အထွတ်အမြတ်တည်ရှိမှုများ ဖြစ်လာကြလိမ့်မည်။
သူတို့ထံမှ စကားတစ်ခွန်းသည် သူတို့၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သည်။
ဤအခိုက်အတန့်မှာ ကောင်းကင်ပေါ်မှ အိမ်ရှေ့စံမင်းသားသည် မိုးကုပ်စက်ဝိုင်းထံမှ ဆင်းသက်လာနေသော အနီရောင်လဂြိုလ်ကို တည်ကြည်လေးနက်စွာ ကြည့်နေသည်။ သူ၏ ဘေးမှ မင်းသမီးမင်မိန်၊ ပဉ္စမသမီးတော်နှင့် အဌမသားတော်သည်လည်း ထိုအတိုင်း ကြည့်နေကြသည်။
နဝမသားတော်တစ်ယောက်တည်းသာ အမူအရာကင်းမဲ့စွာဖြင့် အနီရောင်လဂြိုလ်ကို အေးစက်စက် စိုက်ကြည့်နေသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။
“ ငါတို့မှာ အချိန်သုံးရက်ပဲရှိတယ် ”
အိမ်ရှေ့စံမင်းသားသည် အနီရောင်လဂြိုလ်ထံမှ သူ၏ အကြည့်ကို ပြန်ရုပ်လိုက်ပြီး ရွှီချင်းနှင့် ခေါင်းဆောင်ကို ကြည့်လိုက်သည်။
“ အခုက အရေးကြီးဆုံးအချိန်အခါပဲ… မင်းတို့ဆရာက ဘာကို စီစဉ်နေတယ်ဆိုတာ ငါမသိချင်ဘူး… ငါတစ်ခုပဲ မေးချင်တယ်… မင်းတို့မှာ တကယ်ပဲ ငါ့ခမည်းတော်ကို ပြန်ရှင်သန်စေမယ့် နည်းလမ်းရှိတာလား ”
အိမ်ရှေ့စံမင်းသားက စကားပြောလိုက်သည့်အခါ သူ၏ ညီအကိုမောင်နှမအားလုံးသည် ခေါင်းဆောင်နှင့် ရွှီချင်းကို ကြည့်လိုက်ကြသည်။
ဤသည်ကို ခေါင်းဆောင်ကြားသောအခါ သူက ခေါင်းမော့လိုက်ပြီး အိမ်ရှေ့စံမင်းသားနှင့် တခြားလူများကို ကြည့်လိုက်သည်။ သူက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
“ အဖိုးတို့ အဖွားတို့ ဘာမှမစိုးရိမ်ပါနဲ့… ငါ ချန်းအားညိုက ဘယ်တော့မှ ကြွားဝါမပြောဘူး… ငါက အုပ်ချုပ်သူကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်တယ်လို့ပြောရင် အဲ့ဒါကို ငါတကယ်ပဲ လုပ်နိုင်တယ်… ဒါပေမဲ့ မင်းတို့အားလုံးရဲ့ အကူအညီကို ငါလိုအပ်တယ်… ဥပမာ မန္တန်ရွတ်တာတို့ သွေးထုတ်တာတို့ပေါ့… ”
ခေါင်းဆောင်သည် နည်းနည်းလေးမှ တုံ့ဆိုင်းခြင်းမရှိဘဲ ယုံကြည်မှုရှိစွာ ပြောသည်။
အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် နှုတ်ဆိတ်သွားကြပြီး ရွှီချင်းကို ကြည့်လိုက်ကြသည်။
သူတို့သည် ချန်းအားညို၏ စကားကို ချက်ချင်း မယုံကြည်နိုင်ပေ။ သို့သော်လည်း ရွှီချင်းနှင့် သူတို့ကြားမှ ဆက်ဆံရေးသည် ခြားနားသည်။ သူက သူတို့၏ တပည့်တစ်ပိုင်းဖြစ်သည်။ ထို့ကြောင့် ရွှီချင်း၏ စကားသည် တခြားအဓိပ္ပာယ်ရှိသည်။
ဤသည်ကို မြင်သောအခါ ခေါင်းဆောင်သည် ကိုးရိုးကားရားဖြစ်သွားသည်။ သူက ရွှီချင်းကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။ အကယ်၍ သူက အိမ်ရှေ့စံမင်းသားနှင့် တခြားလူများကို သူ၏ အစီအစဉ်မှာ ပူးပေါင်းပါဝင်ခိုင်းချင်သည်ဆိုလျှင် ရွှီချင်းက သူ့အစား စကားပြောပေးရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်း သူနားလည်သည်။ ရွှီချင်းထံမှ စကားတစ်ခွန်းသည် သူအခွန်းတစ်ရာပြောခြင်းထက် ပိုပြီးထိရောက်မှုရှိသည်။
ရွှီချင်းသည် တုံ့ဆိုင်းမနေပေ။ သူက အိမ်ရှေ့စံမင်းသားနှင့် တခြားလူများကို ကြည့်လိုက်ပြီး ရိုသေလေးစားစွာ ပြောသည်။
“ စီနီယာတို့… ငါ့စီနီယာအကိုကြီးက သူလုပ်နိုင်တယ်လို့ ပြောမှတော့ သေချာပေါက် သူလုပ်နိုင်မယ်လို့ ငါယုံကြည်ပါတယ် ”
အိမ်ရှေ့စံမင်းသားသည် နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။
“ ငါတို့တွေ လာမယ့်သုံးရက်အတွင်းမှာ စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်မယ်… တကယ်လို့ အဲ့ဒါက အလုပ်မဖြစ်ဘူးဆိုရင်တော့ ရွှီချင်း… ဒီအဖိုးကြီးက မင်းကို လဝတ်ပြုဒေသကြီးရဲ့ အပြင်ဘက်ဆီ ပို့ဆောင်ပေးမယ်… အနာဂတ်မှာ ဒီကကိစ္စကို မင်းဖြေရှင်းဖို့ အလုံအလောက် အစွမ်းရှိပြီဆိုတော့မှ ပြန်လာနိုင်တယ် ”
“ မင်းကတော့… ဒီမှာကျန်နေခဲ့ရမယ် ”
အိမ်ရှေ့စံမင်းသားသည် ခေါင်းဆောင်ကို စိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
ခွဲခြားဆက်ဆံခံရသောကြောင့် ချန်းအားညိုသည် အကူအညီမဲ့မှုကို ခံစားမိသွားသည်။ ဤသည်မှာ သူက အစွန်းရောက်သော ရိုးသားမှုကို ထုတ်ဖော်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း နားလည်သည်။ တစ်ခါတစ်ရံ တစ်စုံတစ်ယောက်၏ ရိုးသားမှုက အစွန်းရောက်သွားသည့်အခါ တခြားလူများက သူ့ကို လိမ်ပြောနေသည်ဟု ထင်သွားကြလိမ့်မည်။
‘ ဟူး… ရိုးသားလွန်းတဲ့ ငါကိုယ်က အမှားပဲ… ရိုးသားခြင်းက ငါ့အတွက် ခွန်အားပဲ ’
ခေါင်းဆောင်သည် ခံပြင်းသွားသည်။ သို့သော်လည်း သူ၏ မျက်နှာပေါ်မှာ ဖော်လံဖားသော အမူအရာက ထွက်ပေါ်လာသည်။ သူက အမြန်ပြောသည်။
“ အဖိုး… ငါလည်းပဲ မင်းတို့ကို အဖော်ပြုပေးချင်ပါတယ်… ဒါပေမဲ့ အုပ်ချုပ်သူကို ငါတကယ်ပဲ အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်ပါတယ်… အုပ်ချုပ်သူကို ပြန်ရှင်လာအောင်လုပ်ဖို့အတွက် ငါ့ဂျူနီယာညီလေးရဲ့ အကူအညီအပြင် ငါ့ရဲ့ ပြင်ဆင်မှုအများကြီးကိုလည်း လိုအပ်ပါတယ်… ဘာတစ်ခုမှ ကျန်နေခဲ့လို့ မရပါဘူး ”
“ ပြီးတော့ ပထမအဆင့်မှာ ငါ့ဂျူနီယာညီလေးရဲ့ အထူးစွမ်းရည်ကို လိုအပ်ပါတယ် ”
“ ဂျူနီယာညီလေး… လဝတ်ပြုဒေသကြီးထဲက သက်ရှိအားလုံးရဲ့ ကျိန်စာကို ဖယ်ရှားပစ်ဖို့ မင်းရဲ့ ကျိန်စာဖယ်ရှားဆေးလုံးကို ငါလိုအပ်တယ်… အနည်းဆုံး သူတို့ရဲ့ ကျိန်စာက (၃၀)ရာခိုင်နှုန်း လျော့ကျသွားရမယ်… အဲ့ဒီအတွက် မင်းဘာလိုအပ်လဲ ”
ခေါင်းဆောင်သည် ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းသည် တစ်ခဏ တွေးတောပြီးနောက် တိုးညင်းစွာ ပြောသည်။
“ သူတို့ရဲ့ ခန္ဓာကိုယ်ထဲက အနီရောင်လစွမ်းအားကို ငါလိုအပ်တယ် ”
ရွှီချင်းသည် မြေပြင်ပေါ်မှ အနီရောင်လကျင့်ကြံသူများကို လက်ညှိုးညွှန်လိုက်သည်။
အနီရောင်လကျင့်ကြံသူများ၏ အမူအရာသည် ပြောင်းလဲသွားကြသည်။
“ သူတို့ရဲ့ ခန္ဓာကိုယ်ထဲက အနီရောင်လစွမ်းအားကို ဆေးပစ္စည်းအဖြစ် အသုံးပြုပြီး လပုန်ကန်ခန်းမထဲက လက်နက်ဝိညာဉ်ရဲ့ နယ်မြေကို ဆေးမီးဖိုအဖြစ် အသုံးပြုရလိမ့်မယ် ”
ရွှီချင်း၏ စကားဆုံးသွားသည့်အခါ ခေါင်းဆောင်သည် အိမ်ရှေ့စံမင်းသားကို ချက်ချင်း ကြည့်လိုက်သည်။
အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် လုံးဝတုံ့ဆိုင်းမနေပေ။ သူတို့တစ်ယောက်စီသည် လက်မြှောက်လိုက်ကြပြီး မြေပြင်ပေါ်သို့ ဖိချလိုက်ကြသည်။ ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူငါးယောက်၏ ဖိအားသည် ကြမ်းတမ်းစွာ ဆင်းသက်လာပြီး မြေပြင်ပေါ်မှ အနီရောင်လကျင့်ကြံသူအားလုံးကို လွှမ်းခြုံသွားသည်။
ဝုန်းခနဲ မြည်သံများ ပဲ့တင်ထပ်လာပြီး မြေပြင်သည် တုန်ယင်သွားသည်။ ဤနေရာမှ အနီရောင်လကျင့်ကြံသူအားလုံးသည် နှလုံးကွဲကြေသော အော်ဟစ်သံများကို ထုတ်ဖော်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး တစ်ယောက်ပြီးတစ်ယောက် ယိုယွင်းပျက်စီးသွားကြသည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံက မည်မျှအားကောင်းပါစေ ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူငါးယောက်၏ စွမ်းအားကို မခုခံနိုင်ကြပေ။
သွေးသည် အက်ကွဲသွားသော သူတို့၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာပြီး သွေးပင်လယ်တစ်ခုကို မြဆန်စွာ ဖွဲ့စည်းသွားသည်။ မကြာမီ သွေးပင်လယ်သည် လေထဲသို့ မြှောက်တတ်လာပြီး ရွှီချင်းထံသို့ တန်းမတ်စွာ ဦးတည်သွားသည်။
အနီရောင်လကျင့်ကြံသူများကြားတွင် သွေးအစောင့်အကြပ်များနှင့် သွေးစစ်ဗိုလ်ချုပ်သုံးယောက်သည်သာ တခြားလူများထက် အချိန်အနည်းငယ် ပိုကြာကြာ တောင့်ခံနိုင်ကြသည်။ သို့သော်လည်း အဆုံးမှာ သူတို့သည် သေခြင်းကဒ်ဘေးမှ မရှောင်လွှဲနိုင်ဘဲ အပိုင်းပိုင်းအစစ အက်ကွဲထွက်သွားသည်။ သူတို့၏ ခန္ဓာကိုယ်ထဲမှ အသွေးအသားများသည် သွေးပင်လယ်ထဲသို့ ပေါင်းစပ်သွားသည်။
ထိုမြင်ကွင်းသည် ငရဲသဖွယ် ရက်စက်ကြမ်းကြုတ်သော်လည်း မည်သူမှ သနားကြင်နာစိတ် မဖြစ်ကြပေ။
သွေးပင်လယ်ထဲမှ အနီရောင်လ၏ စွမ်းအားကို အာရုံခံမိသွားသောအခါ ရွှီချင်း၏ အမူအရာသည် တည်ကြည်လေးနက်လာသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဟင်းလင်းပြင်ဆီသို့ လက်ညှိုးညွှန်လိုက်သည်။ ချက်ချင်းပင် လပုန်ကန်ကြေးမုံသည် သူ၏ ဦးခေါင်းပေါ်မှာ ထွက်ပေါ်လာသည်။ ကြေးမုံက တလက်လက် တောက်ပသွားသည့်အခါ လပုန်ကန်ခန်းမထဲမှ လက်နက်ဝိညာဉ်၏ နယ်မြေသည် အပြင်လောကတွင် ထွက်ပေါ်လာသည်။
ရွှီချင်းသည် စတင်သန့်စင်သည်။
သို့သော်လည်း အနည်းငယ် ခြားနားသည်။ ဤတစ်ကြိမ်တွင် သူက ဆေးလုံးသန့်စင်နေခြင်းမဟုတ်ပေ။ ယင်းအစား မိုးကို သန့်စင်နေခြင်း ဖြစ်သည်။
ဤမိုးထဲမှာ ကျိန်စာဖယ်ရှားနိုင်သော စွမ်းအင်အပါအဝင် သက်ရှိအားလုံး၏ စိတ်ထဲသို့ ဝင်ရောက်နိုင်သော လပုန်ကန်ခန်းမ၏ စွမ်းအင်လည်း ပါဝင်သေးသည်။
မကြာမီ ဘေးပတ်ဝန်းကျင်မှ သွေးပင်လယ်သည် ဆူပွက်လာသည်။ ရွှီချင်း၏ သန့်စင်မှုအောက်မှာ အထဲမှ အရာအားလုံးသည် ပြောင်းလဲသွားသည်။ အဆုံးမှာတော့ ရွှီချင်းသည် ဤနေရာမှ သွေးသားရဲအားလုံးကို သွေးပင်လယ်ထဲသို့ ပေါင်းစပ်သွားရန် အမိန့်ပေးလိုက်သည်။ နောက်ဆုံးမှာ သူက အနီရောင်လအခွင့်အာဏာကို သွေးပင်လယ်ထဲသို့ ထည့်သွင်းလိုက်ပြီး နက်ရှိုင်းစွာ ဟိန်းအော်လိုက်သည်။
“ ကျိန်စာဖယ်ရှားစေ ”
သူ၏ အသံသည် ဥပဒေသတစ်ခု ပါဝင်နေသည့်အလား ပျံ့လွင့်လာသည်။ ထိုအသံက ဘေးပတ်ဝန်းကျင်သို့ ပဲ့တင်ထပ်သွားသည့်အခါ သွေးပင်လယ်သည် တုန်ယင်သွားပြီး မြည်ဟိန်းလာသည်။ ထို့နောက် သွေးပင်လယ်သည် လပုန်ကန်ကြေးမုံဆီသို့ ဦးတည်သွားသည်။
သွေးပင်လယ်သည် လပုန်ကန်ကြေးမုံ၏ စုပ်ယူခံလိုက်ရပြီးနောက် သွေးမုန်တိုင်းတစ်ခုသည် လဝတ်ပြုဒေသကြီးထဲမှ ကျန်ရှိသော သက်ရှိအားလုံး၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
ချက်ချင်းပင် သက်ရှိအားလုံးသည် တုန်ယင်သွားကြသည်။ မည်သည့်မျိုးနွယ်မဆို သို့မဟုတ် မည်သည့်ကျင့်ကြံခြင်းမဆို ဤအခိုက်အတန့်မှာ လူတိုင်း၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာသည် နေရောင်အောက်မှ ရေခဲတုံးကဲ့သို့ အရည်ပျော်သွားသည်။
ကျိန်စာသည် စတင်အရည်ပျော်လာသည်။
“ ကဲ ဒုတိယအဆင့်ကို ဆက်သွားမယ်… အဖိုးတို့ အဖွားတို့… အုပ်ချုပ်သူကို ပြန်ရှင်သန်အောင်လုပ်ဖို့ မင်းတို့ရဲ့ သွေးမျိုးစက်ကို ငါလိုအပ်တယ်… မင်းတို့ရဲ့ ဝိညာဉ်စုစည်းခြင်းအဆင့်သွေးကို အုပ်ချုပ်သူရဲ့ ရုပ်တုထဲ ပေါင်းစပ်သွားစေပြီး သူ့ရဲ့ အသွေးအသားတွေကို ပြန်ရှင်သန်လာစေပါ ”
ခေါင်းဆောင်သည် ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူက အုပ်ချုပ်သူနှင့် တခြားလူများကို ကြည့်လိုက်သည်။
အိမ်ရှေ့စံမင်းသားနှင့် သူ၏ ညီအကိုမောင်နှမများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့သည် မျက်လုံးမှိတ်လိုက်ကြသည်။ မကြာမီ သူတို့၏ နဖူးသည် ဟက်တက်ကွဲသွားသည်။ သူတို့၏ အသက်ဓာတ်နှင့် ကျင့်ကြံခြင်းစွမ်းအား ကိန်းဝပ်နေသော သွေးစက်များသည် ပျံသန်းထွက်လာပြီး အုပ်ချုပ်သူ၏ ရုပ်တုထဲသို့ ပေါင်းစပ်သွားသည်။
သွေးပေါင်းစည်းခြင်းသည် ဆက်လက် ဖြစ်ပျက်နေသည်။
“ တတိယအဆင့်ကို လုပ်ဆောင်မယ်… သက်ရှိအားလုံးရဲ့ ခန္ဓာကိုယ်ထဲက ကျိန်စာက လျော့နည်းသွားပြီဆိုရင် သူတို့ဆီကနေ သန့်စင်တဲ့ ယုံကြည်မှုစွမ်းအားကို စုဆောင်းပြီး အုပ်ချုပ်သူရဲ့ ရုပ်တုထဲကို သွန်းလောင်းပေးမယ် ”
ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် လေထဲသို့ မြှောက်တတ်သွားသည်။ သူ၏ ဆံပင်သည် လေတိုးဝှေ့မှုကြောင့် ဖရိုဖရဲဖြစ်သွားပြီး သူ၏ မျက်လုံးထဲမှာ ရူးသွပ်သော အကြည့် ထွက်ပေါ်လာသည်။ သူက အော်ပြောလိုက်လေရာ သူ၏ အသံသည် လပုန်ကန်ကြေးမုံသို့ ဝင်ရောက်သွားပြီး သက်ရှိအားလုံး၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
မကြာမီ အလင်းအစက်အပြောက်များသည် မြေကြီးထဲမှ ပျံသန်းထွက်လာကြသည်။ တချို့သည် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ နေရာပေါင်းစုံမှ ပျံသန်းလာကြသည်။ ယင်းတို့က ပေါ်ထွက်လာသည်နှင့်ချက်ချင်း အုပ်ချုပ်သူ၏ ရုပ်တုဆီသို့ ဦးတည်ပျံသန်းသွားကြသည်။ ယင်းတို့က ရုပ်တုထဲသို့ ဝင်ရောက်သွားသည့်အခိုက် နှစ်ပေါင်းမြောက်များစွာကြာအောင် ငြိမ်သက်နေခဲ့သော အုပ်ချုပ်သူ၏ ရုပ်တုသည် ပထမဆုံးအကြိမ် လှုပ်ခါလာသည်။
အရေအတွက်များပြားသော ဖုန်မှုန့်များသည် ရုပ်တုပေါ်မှ ကွာကျလာပြီး မြေပြင်သည် တုန်ယင်သွားသည်။
သို့သော်လည်း ထိုမျှသာ ဖြစ်သည်။ အုပ်ချုပ်သူ၏ ရုပ်တုသည် တုန်ယင်သွားပြီးနောက် ပြန်ငြိမ်သက်သွားသည်။ ၎င်းက မနိုးထလာပေ။
အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ သွေးသည် ရုပ်တုထံသို့ စီးဆင်းနေဆဲပင်။ သူတို့က ဤအဖြစ်အပျက်ကို မြင်လိုက်ရသောအခါ ခေါင်းဆောင်ကို လှမ်းကြည့်လိုက်ကြသည်။
ခေါင်းဆောင်သည် နည်းနည်းမှ ပျာယာမခတ်သွားပေ။ ယင်းအစား ရူးသွပ်မှုသည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက လပုန်ကန်ကြေးမုံကို ကြည့်လိုက်ပြီး ပြောသည်။
“ ချင်းလေး… နင်ယန်နဲ့ ဝူကျန်းဝူကို ဒီကိုခေါ်လာပေးပါ ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်သည်။ ချက်ချင်းဆိုသလို လပုန်ကန်ကြေးမုံသည် လင်းထိန်လာသည်။ ဘဝကံကြမ္မာဆိုးတောင်တန်း၏ ဆေးဆိုင်ငယ်ထဲမှာ ရှိနေကြသော ဝူကျန်းဝူနှင့် နင်ယန်သည် ဒေသစစ်လက်နက်၏ အစွမ်းကြောင့် ဤနေရာဆီသို့ အတင်းအကျပ် တည်နေရာရွှေ့ပြောင်းခံလိုက်ရသည်။
သူတို့နှစ်ယောက်သည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း မိန်းမောတွေဝေသွားကြသည်။ သူတို့၏ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့သွားပြီးနောက် နင်ယန်သည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ဝူကျန်းဝူသည် အလန့်တကြား အော်ပြောလိုက်သည်။
“ အဖိုးရဲ့ ခေါင်းပေါ်မှာ ဘယ်သူက မိုးကြိုးနဲ့အတူ ကောင်းကင်ဘုံကို ထိတ်လန့်စေမလဲ ”
ခေါင်းဆောင်သည် ဝူကျန်းဝူနှင့် နင်ယန်ကို ကြည့်လိုက်ပြီး ပြောသည်။
“ ဝူကျန်းဝူ… မင်းရဲ့ အကောင်တွေအားလုံးကို ခေါ်ထုတ်လိုက်ပါ… သူတို့ရဲ့ သွေးမျိုးစက်က အုပ်ချုပ်သူရဲ့ ရင်းနှီးတဲ့ မိတ်ဆွေဆီကနေ ဆင်းသက်လာကြတာ… သူတို့ကို ဒူးထောက်ခိုင်းပြီး အတူတကွ ဆင့်ခေါ်ခိုင်းပါ ”
“ နင်ယန်… မင်းရဲ့အဖေက လက်ရှိလူသားဧကရာဇ်မဟုတ်လား… မင်းရဲ့ ရှေ့နာမည်က နင်မဟုတ်ဘူး ကူယွဲ့ပဲ… သွား ရုပ်တုအရှေ့ကို သွားပြီး ဒူးထောက်ပါ… ရှေးဘုရင်ရွှမ်ယုံရဲ့ နောင်သားမျိုးဆက်တစ်ယောက်အနေနဲ့ အရိုအသေပေးပြီး အုပ်ချုပ်သူကို ပြန်လည်ဆင့်ခေါ်ပါ ”
ဝူကျန်းဝူသည် တဒင်္ဂ ဆွံ့အသွားသည်။ သူက တုံ့ဆိုင်းမနေဘဲ သူ၏ သားငယ်များကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။ သို့သော်လည်း ခေါင်းဆောင်၏ စကားကို ကြားသောအခါ နင်ယန်၏ အမူအရာသည် ချက်ချင်း ပျက်ယွင်းသွားသည်။ သူက စိတ်ရှုပ်ထွေးသွားသည်။
ရွှီချင်းသည် နင်ယန်ကို အေးတိအေးစက် စိုက်ကြည့်လိုက်သည်။
“ သူခိုင်းတဲ့အတိုင်း မြန်မြန်သွားလုပ် ”
နင်ယန်သည် ခေါင်းပုဝင်သွားသည်။ သူက ခေါင်းဆောင်ကို ကြောက်သည်။ သို့သော်လည်း ရွှီချင်းကို ပိုပြီးကြောက်သည်။ ထို့ကြောင့် သူက မျက်နှာချိုသွေးသော အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်ပြီး အမြန်ခေါင်းညိတ်လိုက်သည်။
“ ငါနားလည်ပါပြီ… အခု ငါဒူးထောက်ပါ့မယ်… ”