← Chapters

ဒါပေမဲ့ ငါက သူ့ဆရာ (ခ)

Vol. 47 Ch. 720

ဒါပေမဲ့ ငါက သူ့ဆရာ (ခ)

Vol. 47 Ch. 720

“ အမ်… ဂျူနီယာညီလေး မင်းဒီလိုလုပ်ဖို့ မလိုဘူးမလား ”

ခေါင်းဆောင်သည် ရွှီချင်းကို ကြည့်လိုက်ပြီး ပိုပြီး တုံ့ဆိုင်းလာသည်။ လွန်ခဲ့သော နှစ်ရက်အတွင်းတွင် သူသည် အကြိမ်ပေါင်းများစွာ စစ်ဆေးလေ့လာခဲ့သည်။ ရွှီချင်းသည် မရပ်တန့်ဘဲ အဆိပ်ကို အမှန်တကယ် စားသုံးနေခြင်း ဖြစ်သည်။

“ ဆရာလာတဲ့အခါ ငါတို့လိမ်တာကို သူသိသွားမယ်ဆိုရင် အရမ်းဒေါသထွက်သွားမှာ သေချာတယ် ”

ရွှီချင်းသည် စကားပြောပြီးနောက် နောက်ထပ် အဆိပ်ပင်တစ်ပင်ကို ထုတ်ယူလိုက်ပြီး ကိုက်ဝါးလိုက်သည်။

“ ဒါကြောင့် ငါ့ပုံစံက နည်းနည်းပိုပြီး ဆိုးဝါးနေမယ်ဆိုရင် ဆရာက အရမ်းဒေါသထွက်မှာမဟုတ်ဘူး ”

ခေါင်းဆောင်၏ နှလုံးခုန်သံသည် မြန်လာသည်။ တစ်ချိန်တည်းမှာ သူသည် ရွှီချင်း၏ သုံးသပ်မှုနှင့်ပတ်သက်ပြီး စိုးရိမ်သည်။ အကယ်၍ ဤကိစ္စသာ အမှန်ဖြစ်မည်ဆိုလျှင် ဆရာရောက်လာသည့်အခါ ဒေါသထွက်မည်ဆိုလျှင်တောင် ရွှီချင်း၏ ရိုးသားမှုနှင့် လုပ်ဆောင်မှုသည် ဆရာ့အပေါ် ကြီးမားသော ရိုသေလေးစားမှုကို ဖော်ပြလိမ့်မည်။

လိမ်လည်ခြင်းတွင်လည်း သူ့ကိုယ်ပိုင် နည်းလမ်းများရှိပေသည်။

ထိုသို့ဆိုလျှင် ဆရာ၏ ဒေါသက လျှော့ပေါ့သွားနိုင်မည့် အခွင့်အရေးရှိသည်။

သို့သော်လည်း သူ့ဆရာအပေါ် သူ၏ နားလည်ထားမှုအရ သူက အကောင်းတိုင်းရှိနေသေးသည်ကိုသာ ဆရာမြင်သွားလျှင် သူက ဆရာကို ရိုသေလေးစားခြင်းမရှိဘူးဟု သေချာပေါက် ထင်သွားလိမ့်မည်။

ဆရာ့ကို လိမ်လည်ရာတွင် မည်သည့်အကြောင်းပြချက်ကြောင့်ဖြစ်စေ သူ့မှာ ကောင်းမွန်သော သဘောထားရှိရမည်။

အကယ်၍ ဤနေရာတွင် နှိုင်းယှဉ်စရာတခြားလူမရှိလျှင် ကိစ္စမရှိပေ။ သို့သော်လည်း ယခုတွင် နှိုင်းယှဉ်စရာလူတစ်ယောက် ရှိနေသည်။

ထိုသို့တွေးမိသောအခါ ခေါင်းဆောင်သည် သူ၏ မူလအတွေးက လွဲမှားနေသည်ဟု ခံစားမိသွားပြီး ရွှီချင်းကို ခါးသီးစွာ ကြည့်လိုက်သည်။

အချိန်သည် ဖြည်းဖြည်းချင်း ကုန်လွန်သွားနေပြီး ကောင်းကင်သည် စတင်လင်းထိန်လာနေသည်ကို မြင်သောအခါ ခေါင်းဆောင်သည် အံတင်းတင်းကြိတ်လိုက်ပြီး ရွှီချင်းဆီသို့ လက်ဆန့်တန်းလိုက်သည်။

“ ငါ့ကို အဆိပ်တချို့ပေးပါ ”

ရွှီချင်းသည် အံ့အားသင့်သော အမူအရာဖြင့် ပြောသည်။

“ ငါလည်း အဆိပ်စားချင်တယ် ”

ခေါင်းဆောင်၏ မျက်နှာပေါ်တွင် ပူဆွေးသောကနှင့် ခံပြင်းဒေါသဖြင့် ပြည့်နှက်နေသည်။

ရွှီချင်းသည် အဆိပ်ကို ကျိုးနွံ့စွာ ကမ်းပေးလိုက်သည်။

ခေါင်းဆောင်သည် အဆိပ်ကို ယူလိုက်ပြီး မျက်လုံးမှိတ်၍ မျိုချလိုက်သည်။ သိပ်မကြာမီ သူ၏ မျက်နှာသည် စိမ်းပုပ်ရောင်သို့ ပြောင်းလဲသွားသည်။ ရွှီချင်းက အဆိပ်အား ဆက်လက်စားနေသေးသည်ကို မြင်သောအခါ ခေါင်းဆောင်သည် စိတ်ထဲမှ ညည်းတွားလိုက်ပြီး ဆက်စားလိုက်သည်။

ထိုသို့ဖြင့် အချိန်သည် ကုန်လွန်သွားသည်။ နှစ်နာရီကြာပြီးနောက် အပြင်ဘက်မှ ကောင်းကင်သည် လုံးလုံးလင်းထိန်သွားသည်။ တစ်ချိန်တည်းမှာ ရွှီချင်း၏ အသံပို့လွှတ်ကျောက်စိမ်းပြားသည် ရုတ်တရက် တုန်ယင်လာသည်။ ရွှီချင်းက ကျောက်စိမ်းပြားကို အလျှင်အမြန် ကောက်ယူလိုက်သည်။ သတ္တမသခင်ကြီး၏ လေးနက်သော အသံသည် ကျောက်စိမ်းပြားထဲမှ ထွက်ပေါ်လာသည်။

“ မင်းတို့ကောင်တွေ ဘယ်မှာလဲ ”

သတ္တမသခင်ကြီး၏ အသံကိုကြားသောအခါ ခေါင်းဆောင်သည် သူ၏ လက်ထဲမှ အဆိပ်အားလုံးကို အမြန်ဝါးစားပစ်လိုက်သည်။ ထို့နောက် သူသည် သေအံ့ဆဲဆဲလူပမာ ထိုနေရာတွင် လဲလျောင်းလိုက်ပြီး ခန္ဓာကိုယ်မလှုပ်စေရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။

ရွှီချင်းသည် ခေါင်းဆောင်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ့ဆရာအား သူနေထိုင်သော ဓားအိမ်ယာလိပ်စာကို ပြောပြလိုက်သည်။ သူက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ဓားအိမ်ယာ၏ တံခါးကို ဖွင့်လိုက်သည်။

မကြာမီ သတ္တမသခင်ကြီး၏ ပုံရိပ်သည် ဓားအိမ်ယာ၏ အပြင်ဘက်တွင် တိတ်တဆိတ် ထွက်ပေါ်လာသည်။ ဤသည်မှာ မမြင်ရသော စုတ်တံတစ်ခုက ဤနေရာတွင် သူ့ကို ရေးဆွဲလိုက်သည့်အလားပင်။

သူက ဓားအိမ်ယာထဲသို့ အမူအရာကင်းမဲ့စွာ လျှောက်သွားသည်။ ရွှီချင်းသည် မတ်တတ်ထရပ်ချင်သည်။ သို့သော်လည်း သူသည် အဆိပ်ပါသော သွေးတစ်လုပ်ကို ဗွက်ခနဲ အန်လိုက်သည်။ သူက ခေါင်းငုံ့လိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ ဆရာ… ”

“ မင်းသရုပ်ဆောင်တာ အတော်လေးကောင်းတယ်… မင်းရဲ့ဆရာကို လှည့်စားတာက ကောင်းတဲ့အရာမဟုတ်ဘူးဆိုတာ အခုတော့ မင်းသိပြီမဟုတ်လား… မင်းမိထားတဲ့ အဆိပ်က အတော်ပြင်းထန်တာကိုကြည့်ရရင် မင်း အဆိပ်ကို ရက်အတော်ကြာအောင် စားနေခဲ့တာမဟုတ်လား… ကောင်းပြီ အနည်းဆုံးတော့ မင်းရဲ့သဘောထားက ကောင်းမွန်သားပဲ”

သတ္တမသခင်ကြီးသည် ရွှီချင်းကိုကြည့်လိုက်ပြီးနောက် သူ၏ အမူအရာသည် အနည်းငယ် ဖြေလျော့သွားသည်။

ထိုမြင်ကွင်းကို ခေါင်းဆောင်မြင်သောအခါ သူသည် လဲလျောင်းနေရာမှ အားကုန်သုံးပြီး ယိုင်တိယိုင်တိုင် ထရပ်လိုက်သည်။ သူသည် မတ်တတ်ရပ်နိုင်သည်နှင့် သွေးတစ်လုပ်ကို ဝေါခနဲ အန်လိုက်သည်။

သတ္တမသခင်ကြီးသည် နှာခေါင်းရှုံ့လိုက်သည်။ သူက ခေါင်းဆောင်ဆီသို့ လျှောက်သွားပြီး သူ့ကို သာမန်ကာလျှံကာ ဆောင့်ကန်လိုက်သည်။ ဝုန်းခနဲမြည်သံနှင့်အတူ ခေါင်းဆောင်သည် ထိုင်လျက်အနေအထားဖြင့် ပြုတ်ကျသွားပြီး သူ၏ တင်ပါးသည် မြေပြင်နှင့်မိတ်ဆက်သွားသည်။

“ မင်းက ဟန်ဆောင်နေရုံတင်မကဘူး… မင်းပုံစံကိုကြည့်ရတာ အဆိပ်စားထားတာ သိပ်မကြာသေးတဲ့ပုံပဲ… မင်းက မင်းရဲ့ဂျူနီယာညီလေးကို အတုလိုက်ခိုးတာလား ”

“ ဆရာ ငါမင်းကို သတိရတယ် ”

ခေါင်းဆောင်သည် တင်ပါးနာသွားသည်။ ထို့ကြောင့် သူက သတ္တမသခင်ကြီးကို သနားစဖွယ်ကောင်းစွာ ကြည့်လိုက်သည်။

ဘေးတွင် ရွှီချင်းသည် ခါးသီးသော အမူအရာဖြင့် ကြည့်နေသည်။ သူက တစ်စုံတစ်ရာကို ပြောချင်နေဟန်ရသော်လည်း တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေသည်။

သတ္တမသခင်ကြီးသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ခေါင်းဆောင်ကို စိုက်ကြည့်လိုက်သည်။ သူ၏ အကြည့်က ရွှီချင်းထံသို့ ပြန်ရောက်သွားသောအခါ သူ၏ အမူအရာသည် ထပ်မံပျော့ပျောင်းသွားသည်။

“ စတုတ္ထတပည့်က ဘယ်တော့မှ လိမ်မပြောဘူး… အဲ့ဒါကို ငါသိတယ်… မင်းရဲ့ စီနီယာအကိုကြီးက ဒီလိုလုပ်ဖို့ မင်းကို တွန်းအားပေးခဲ့တာမလား… ဘာပဲဖြစ်ဖြစ် သူက စာရိတ္တကောင်းတဲ့လူမှမဟုတ်တာ ”

ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး ညင်သာစွာ ပြောသည်။

“ ဆရာ… ဒီဟာကို စီနီယာအကိုကြီးနဲ့ ငါ အတူတူ စီစဉ်ခဲ့တာပါ ”

“ ဒီလိုအခြေအနေမျိုးမှာတောင် မင်းက မင်းရဲ့စီနီယာအကိုကြီးအတွက် ကူပြောပေးချင်သေးတယ် ”

သတ္တမသခင်ကြီး၏ မျက်လုံးထဲတွင် ချီးကျူးသော အရိပ်အယောင် ထွက်ပေါ်လာသည်။ သူက ဈေးကြီးသော အဆိပ်ဖြေဆေးတချို့ကို အလျှင်အမြန် ထုတ်လိုက်ပြီး ရွှီချင်းကို ပေးလိုက်သည်။

“ မြန်မြန် ဒီအဆိပ်ဖြေဆေးတွေကို စားလိုက်ပါ… မင်းက အရမ်းရိုးအလွန်းတယ် ”

ထို့နောက် သတ္တမသခင်ကြီးသည် ခေါင်းလှည့်လိုက်ပြီး ခေါင်းဆောင်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။

“ မင်းကိုယ်မင်းကြည့်စမ်း… အကြီးဆုံးတပည့်ဖြစ်ပြီး ကိုယ့်ရဲ့ ဂျူနီယာညီလေးကို ဒီလိုတွန်းအားပေးရသလား… မင်းငါ့ကိုခေါ်ချင်တယ်ဆိုရင် လျှို့ဝှက်သင်္ကေတ ပို့လိုက်လို့မရဘူးလား… မင်းရဲ့ဂျူနီယာညီလေးက နောက်ပိုင်းမှရောက်လာလို့ လျှို့ဝှက်သင်္ကေတကို မသိဘူး… ဒါပေမဲ့ မင်းက အဲ့ဒါကို မသိစရာလား… အတိတ်တုန်းက ငါမင်းကို အပြင်ခေါ်သွားတုန်းက မသင်ပေးခဲ့ဘူးလား ”

“ ဘာလဲ… မင်းက ချိပ်တံဆိပ်ကို မြန်မြန်ဖယ်ရှားနိုင်တာနဲ့ စပြီးဘဝမြင့်လာတာလား… ထပ်ပြီး အကြောက်အရွံ့မဲ့လာပြီလား ”

ခေါင်းဆောင်သည် တသိမ့်သိမ့်တုန်သွားပြီး အလျှင်အမြန် ခေါင်းခါလိုက်သည်။ ရွှီချင်းက သူ့အား ကြည့်နေသည်ကို မြင်သွားပြီးနောက် ခေါင်းဆောင်သည် ကိုးရိုးကားရား ချောင်းဟန့်လိုက်သည်။

ရွှီချင်းသည် အမူအရာကင်းမဲ့လျက် ရှိနေသည်။ သူက လက်ထဲမှ ဖြေဆေးအားလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ဆေးပင်အနည်းငယ်ကို ထုတ်ကာ ဝါးစားလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အဆိပ်သည် ချက်ချင်း ပြေပျောက်သွားသည်။

လွန်ခဲ့သောနှစ်ရက်က သူစားခဲ့သော အဆိပ်ပင်အားလုံးသည် အပြန်အလှန် အားဖြည့်ပေးပြီး အချင်းချင်း ဆန့်ကျင်ကြသည်။ ယင်းတို့သည် ဒြပ်ပေါင်းအဆိပ်အမျိုးအစား ဖြစ်သည်။ သူက အဓိကဆေးပင်များကို ဝါးမျိုလိုက်သည်နှင့် အဆိပ်သည် ချက်ချင်း ပြေပျောက်သွားလိမ့်မည်။

ခေါင်းဆောင်သည်တော့ တစ်စိတ်တစ်ပိုင်းကိုသာ စားခဲ့သည်။ ထို့ကြောင့် ခေါင်းဆောင်၏ မျက်နှာသည် စိမ်းပုပ်ရောင်ဖြစ်နေခြင်း ဖြစ်သည်။

အလျှင်အမြန် ပြန်ကောင်းမွန်လာနေသော ရွှီချင်း၏ အမူအရာကို သတိထားမိသောအခါ ခေါင်းဆောင်၏ မျက်လုံးသည် ပြူးကျယ်လာသည်။ သူက စကားပြောတော့မည့်အချိန် သတ္တမသခင်ကြီး၏ အေးစက်စက် နှာခေါင်းရှုံ့သံက ကြားဝင်နှောင့်ယှက်သွားသည်။

“ ဟုတ်ပြီ… ငါ့ကို ဒီလိုအပူတပြင်း လှမ်းခေါ်ရအောင် မင်းတို့ကောင်တွေ ဘာပြဿနာရှာထားလဲ ပြောစမ်း ”

ဤသည်ကို ခေါင်းဆောင်ကြားသောအခါ သူက စကားပြောရန် ပါးစပ်ဟလိုက်သည်။ သို့သော်လည်း သတ္တမသခင်ကြီးက သူ့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။

“ မင်းပါးစပ်ပိတ်ထား… မင်းရဲ့အသံကို ငါနားထောင်မိရင် ထပ်ပြီး ဒေါသထွက်လိမ့်မယ် ”

ခေါင်းဆောင်သည် စိတ်ထိခိုက်သွားပြီး မကျေမနပ်ဖြစ်သွားသည်။ ချိပ်တံဆိပ်ကို ဖြေလျှော့ပြီးနောက် ချင်းလေး၏ အရှေ့တွင် ကြီးမြတ်သောပုံရိပ်ကို တည်ဆောက်ချင်သော သူ၏ အစီအစဉ်သည် မည်သို့ကြောင့် ထိုအခြေအနေသို့ ပြောင်းလဲသွားသလဲ သူမစဉ်းစားတတ်ပေ။

“ စတုတ္ထတပည့် မင်းပြောစမ်း ”

ရွှီချင်းသည် ရိုသေလေးစားသော အမူအရာဖြင့် ခေါင်းဆောင်ကိုပြောခဲ့သော ကိစ္စကို သူ့ဆရာအား အသေးစိတ် ပြန်ပြောပြလိုက်သည်။ ထိုအထဲတွင် နတ်ဘုရားလက်ချောင်းကို သူရရှိခဲ့သော အကြောင်းနှင့် သူ၏ ခန္ဓာကိုယ်က ပြုပြင်မွမ်းမံခြင်းခံခဲ့ရကြောင်းလည်း ပါဝင်သည်။

ဤသည်မှာ ခေါင်းဆောင်သည် ရွှီချင်းထံမှ ပထမဆုံးအကြိမ် အသေးစိတ် သိရှိခဲ့ခြင်းဖြစ်သည်။ သူ၏ မျက်လုံးသည် အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။

သတ္တမသခင်ကြီးသည် ခေါင်းဆောင်ကို လှမ်းကြည့်လိုက်သည်။ သူ၏ အမူအရာသည် ပုံမှန်အတိုင်းရှိနေသည်။ ဤကိစ္စသည် သူ့ကို မည်သည့်စိတ်ခံစားမှုအတတ်အကျမှ မဖြစ်စေသည့်အလားပင်။ ရံဖန်ရံခါ သူ၏ မျက်တောင်သည်သာ မသိမသာ လှုပ်ခတ်သွားသည်။

ရွှီချင်း၏ စကားဆုံးသွားသောအခါ သတ္တမသခင်ကြီးသည် တည်ငြိမ်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ မင်းတို့နှစ်ကောင်က ရွှေအမြူတေကျင့်ကြံခြင်းအဆင့်လောက်နဲ့ နတ်ဘုရားနှစ်ပါးကို လှည့်စားဖို့ ကြံစည်ရဲတယ်ပေါ့… ကံကောင်းလို့ပေါ့ မင်းတို့ဦးနှောက်က ဒီအကြောင်းကို ငါ့ကိုပြောပြရမယ်ဆိုတာ သိသေးလို့ပဲ ”

“ ငါနားလည်ပြီ… အဲ့ဒီအကြောင်း မင်းတို့ဘာမှမစိုးရိမ်နဲ့… မင်းတို့ အင်မော်တယ်တားမြစ်နယ်မြေထဲ ဝင်နိုင်တယ် ”

ထိုသို့ပြောပြီးနောက် သတ္တမသခင်ကြီးသည် အနောက်လှည့်လိုက်ပြီး အပြင်ထွက်သွားသည်။ သူက ထွက်မသွားခင် ခေါင်းဆောင်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်သွားသည်။ ထို့နောက် သူ၏ ပုံရိပ်သည် ဖြည်းညင်းစွာ ဝေဝါးလာပြီး ပျောက်ကွယ်သွားသည်။

သူပြန်ထွက်ပေါ်လာသောအခါ ဒေသငယ်မြို့တော်ထဲသို့ ရောက်နှင့်သွားခဲ့သည်။ သူက အရှိန်အဝါကို ဖုံးကွယ်ထားစဉ် သူ၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူက တီးတိုးရေရွတ်လိုက်စဉ် ကြီးမားသော လှိုင်းလုံးများသည် သူ၏ စိတ်ထဲမှာ ရိုက်ခတ်လာသည်။

“ ငါတော့ မွန်းစတားတစ်ကောင် ခေါ်မွေးမိပြီ ”

သူသည် ဂုဏ်ယူဝင့်ကြွားစွာ အော်မရယ်ဘဲ မနေနိုင်ပေ။

“ ဒါပေမဲ့ ငါက သူ့ဆရာ ”

ထိုအခိုက်အတန့် ဓားအိမ်ယာထဲတွင် ခေါင်းဆောင်သည် ရွှီချင်းကို တိတ်တခိုး လှမ်းကြည့်လိုက်သည်။

“ ဂျူနီယာညီလေး… မင်း ဆရာ့ကို ဘယ်လိုအသံပို့လိုက်တာလဲ… ဘာလို့ ဆရာက ငါ့ကိုမြင်တာနဲ့ အဲ့လောက်ဒေါသထွက်နေတာလဲ ”

“ စီနီယာအကိုကြီး… ဒီတော့ လျှို့ဝှက်သင်္ကေတက တကယ်ရှိတာပဲ ”

ရွှီချင်းသည် တည်ငြိမ်စွာ ပြောသည်။

“ ဟူး… အဲ့ဒါက ကိစ္စအသေးအမွှားပါကွာ ”

ခေါင်းဆောင်သည် မတ်တတ်ထရပ်လိုက်ပြီး ရွှီချင်းကို ပွေ့ဖက်လိုက်သည်။ ထို့နောက် သူက ရွှီချင်းရင်းနှီးသော အစိမ်းရောင်ကျောက်တုံးတစ်တုံးကို ထုတ်လိုက်ပြီး ရွှီချင်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ သူ၏ အပြုံးသည် စိတ်ရင်းအပြည့်ပါပြီး သူ၏ မျက်လုံးထဲတွင် အကြင်နာမေတ္တာဖြင့် ပြည့်နှက်နေသည်။ သူက နူးညံ့စွာ ပြောသည်။

“ ဂျူနီယာညီလေး တကယ်တော့ စီနီယာအကိုကြီးက မင်းကို ကျီစယ်လိုက်တာပါ… စစ်ပွဲအတွင်းမှာ မင်း ခါးသီးမှုတွေ ဝမ်းနည်းမှုတွေကို ခံစားခဲ့ရတယ်မဟုတ်လား… အခု ငါဒီလိုလုပ်လိုက်တော့ မင်း စိတ်မပေါ့သွားဘူးလား ”

“ ငါတို့မြို့တော်ကို ပြန်ရောက်တော့ မင်းရဲ့ စိတ်အခြေအနေနဲ့ပတ်သက်ပြီး ငါက အတော်လေး စိတ်ပူနေခဲ့တာ ”

ရွှီချင်းသည် အံ့ဩသွားပြီး ခေါင်းဆောင်ကို ကြည့်လိုက်သည်။

ခေါင်းဆောင်သည် ရွှီချင်းကို ပြုံးပြလိုက်သည်။ သူ၏ မျက်လုံးထဲတွင် ကြင်နာမှုဖြင့် ပြည့်နှက်နေသည်။ ထိုအခိုက်အတန့်မှာ အပြင်လောကမှ နေရောင်ခြည်က တံခါးကို ဖြတ်ကျော်ပြီး ခေါင်းဆောင်ပေါ်သို့ ကျဆင်းလာလေရာ သူ၏ ပုံရိပ်သည် အရောင်အဝါတောက်ပလာသည်။

“ မင်းက အရာအားလုံးကို ကိုယ့်စိတ်ထဲမှာပဲ သိမ်းဆည်းထားတယ်… ခံစားချက်ကို ထုတ်ပြတာကရှားတယ်… အထူးသဖြင့် ဝမ်းနည်းတဲ့အခါမျိုးမှာပေါ့… အဲ့ဒါက ကောင်းတဲ့အရာတော့ မဟုတ်ဘူး ”

“ ချင်းလေး မင်းက တစ်ယောက်တည်းမဟုတ်ဘူး… မင်းမှာ ဘိုးဘေးရယ်၊ ဆရာရယ်၊ ငါရယ် ပြီးတော့ ဒုတိယညီမနဲ့ တတိယညီလေးလည်း ရှိတယ်… ငါတို့အားလုံးက မင်းကို ဂရုစိုက်ကြတယ်… ငါတို့က မိသားစုတွေ ဒီတော့ မင်းရဲ့နှလုံးသားထဲမှာ အရာအားလုံးကို သိမ်းဆည်းမထားပါနဲ့… မင်း ငါတို့ကို ပြောပြနိုင်တယ် ”

“ ငါမင်းကို အရင်က ပြောဖူးပါတယ်… ဒီဘဝမှာ ငါတို့အတူတူ ခရီးထွက်ကြမယ်လို့… ငါဆိုလိုတာက ငါနဲ့မင်း နှစ်ယောက်တည်းကိုပြောတာ မဟုတ်ဘူး… ငါတို့တစ်မိသားစုလုံး အတူတူ ခရီးသွားကြမယ်လို့ ပြောတာ ”

ခေါင်းဆောင်သည် နူးညံ့စွာ ပြောသည်။ ဤအခိုက်အတန့်မှာ သူက တကယ့်အကိုကြီးတစ်ယောက်သဖွယ်ပင်။

ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူ၏ နှလုံးသားထဲမှ အဆုံးမဲ့သောနွေးထွေးမှု ပေါ်ထွက်လာတော့မည့်အချိန် ခေါင်းဆောင်သည် ချောင်းဟန့်လိုက်သည်။

“ ဒီတော့လေ မင်းငါ့ကို အဆိပ်ဖြေပေးပါလား ”

All Chapters