ဓားကိုင်ဆောင်ပုဒ်
Vol. 32 Ch. 476
လီယုံကျောက်တိုင်ကြီး အပြင်ဘက်၌…။
ကောင်းကင်းသည် ပြာလဲ့နေပြီး မြေပြင်မှာ သလင်းရောင် တောက်နေသည်။
လေအေးများ အဆက်မပြတ် တိုက်ခတ်ခြင်းကြောင့် နှင်းပွင့်တို့သည် မြို့ကို ဖြတ်ကျော်ကာ လီယုံကျောက်တိုင်ကြီး ပတ်ပတ်လည်ရှိ လူအုပ်ထံသို့ သက်ဆင်းကြ၏။
ထိုနေရာတွင် ကျင့်ကြံသူ နှစ်ထောင်ကျော်ခန့် ရှိနေကြသည်။
အများစုသည် ကြိုတင်၍ တည်နေရာ ပြောင်းရွှေ့လာကြသူများ ဖြစ်ကြသည်။ သူတို့၏ မျက်နှာများပေါ်တွင် ကြောက်စိတ်တို့ ယခုအချိန်ထိ ထင်ဟပ်နေကြဆဲ ဖြစ်သည်။
တစေဂူထဲတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် သူတို့အတွက် လွန်စွာထိတ်လန့်ဖွယ်ရာများ ဖြစ်သည်။
ဤတစ်ကြိမ်အန္တရာယ်တို့က သက်လတ်ပိုင်း ဓားကိုင်လူကြီး လွန်ခဲ့သော သုံးရက်က ပြောခဲ့သည့်အတိုင်းပင်။ ဂူထဲ၌ အသက်အန္တရာယ်အထိ ရှိနေသည်။
ရွှီချင်းမှာ လူအုပ်ထဲတွင် ရပ်နေသည်။ သူသည် နောက်ဆုံး ပြန်လည်ရောက်ရှိလာသည့် လူအုပ်ထဲတွင် ပါဝင်သည်။
သူ ရောက်ရှိလာသည့်ခဏတွင် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ရာ သူနှင့်တချိန်တည်းနီးပါး ပြန်ရောက်လာကြသူ များစွာ ရှိနေသည်ကို သတိပြုမိသည်။
ခေါင်းဆောင်သည်လည်း ထိုအထဲတွင် ပါဝင်သည်။ သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာများ ပြည့်နေသော်လည်း ကံအားလျော်စွာ သူ့ခြေလက်တို့မှာ အကောင်းပကတိ ရှိနေ၏။။
သို့ရာတွင် သူသည် မျက်လုံးတစ်လုံးနှင့် နားရွက်နှစ်ဖက်တို့ကိုတော့ ဆုံးရှုံးထားသည်။ သူ၏ ဗိုက်နေရာတွင် ဒဏ်ရာကြီးတစ်ခုလည်း ရှိနေ၏။။ ထိုအချိန်တွင် သူက ဒဏ်ရာကို အုပ်ကိုင်လျက် ပြုံးဖြဲဖြဲရှိနေသည်။
သူက ရွှီချင်းအား ပြုံးပြလိုက်သည်။
သူ့တွင် မျက်လုံးတစ်လုံးတည်းသာ ကျန်ရှိတော့သော်လည်း သူက ဤတစ်ကြိမ် အောင်မြင်မှုအတွက် ကျေနပ်အားရဟန်တို့ ပြနေသည်။ ကျင်းနက်ကြီးထဲတွင် ဂူများစွာရှိနေပြီး ရွှီချင်းက နတ်ဘုရားတစ်ပါးပင် တွေ့မြင်သည်။ အခြားသူများလည်း တခြားသော ဂူများထဲတွင် သဘာဝလွန်ထူးခြားဆန်းကြယ်မှုများ သေချာပေါက် တွေ့ကြုံပေလိမ့်မည်။
ခေါင်းဆောင်အပြင် ချင်းချိုးကိုလည်း ရွှီချင်း တွေ့မြင်သည်။
သူမသည်လည်း သူနှင့် တချိန်တည်း တည်နေရာ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။ သူမက နောက်ဆုံးအချိန်အထိ တောင့်ခံခဲ့ကြောင်း ထင်ရှား၏။
သူမ ဝတ်ဆင်ထားသည့် မျက်နှာဖုံးနှင့် သူမ၏ ခန္ဓာကိုယ်တို့တွင် သွေးများစွန်းထင်းသည်။ မိစ္ဆာတစေတံစဉ်းကတော့ ကိုက်ဝါးဟန် ပြုနေသေးသော်လည်း ၎င်း၏ သေဆုံးခါနီး အခြေအနေကိုတော့ မဖုံးကွယ်နိုင်ပါ။
ရွှီချင်း မမြင်ချင်ယောင်ဆောင်ထားသည့် လူတစ်ဦးလည်း ရှိနေ၏။။
ထိုသူမှာ ထိုက်စီရှန်းမုန်ဂိုဏ်းမှ တာအိုသားတော်ကျန်းစစ်ယွင် ဖြစ်သည်။
သူသည် အရေးပေါ်အသက်ကယ်နည်းလမ်း တစ်ခုခုကြောင့် အသက်ဘေးမှ လွတ်လာဟန်ရ၏။
သို့ရာတွင် သူသည် လွန်စွာအားနည်းနေပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ဓာတ်နှောတို့မှာ တစ်ခုသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုအချိန်တွင် သူက ၎င်းဓာတ်နှောတို့အား ခြေဖျက်ရန် ဆေးလုံးများ ဆက်တိုက် သောက်နေရသည်။
သူ၏ ခန္ဓာကိုယ်တွင် နဖူးမှ ရင်ဘတ်ထိ ဖြတ်သွားသည့် ခြစ်ရာကြီးတစ်ခုလည်း ရှိနေ၏။။ ၎င်းဒဏ်ရာသည် နက်ရှိုင်းလွန်းသဖြင့် အရိုးများပင် မြင်နေရ၏။ အနည်းငယ်မျှ ပိုနက်ရှိုင်းလျှင်ပင် သူ့အား အပိုင်းပိုင်းဖြတ်တောက်သွားနိုင်လောက်သည်။
ကျန်းစစ်ယွင်ကလည်း ရွှီချင်းကို တွေ့မြင်သည်။ သူ့မျက်နှာအမူအရာမှာ သုန်မှုန်နေပြီး မျက်လုံးတို့က အေးစက်သွားသည်။
ရွှီချင်းက ဟန်မပျက်အကြည့်လွှဲလိုက်သည်။
သူက တစေဂူထဲမှ နတ်ဘုရားကို စဉ်းစားနေသည်။ ဓားကိုင်ရုံးတော်က ထိုအကြောင်းကို မသိစရာတော့ မဖြစ်နိုင်ပေ။ သို့ဆိုပါက သူ့တွက်ကိန်းများအရ ပဥ္စဂံတဲအိမ်အစီအရင်သည် ဓားကိုင်ရုံးတော်မှ စီရင်ထားခြင်း ဖြစ်နိုင်ပေသည်။
နတ်ဘုရား ဆက်လက်အိပ်စက်အောင် ပြုလုပ်ထားခြင်းဖြစ်ပေမည်။
ဤကား မှန်းဆချက်တစ်ခုသာ ဖြစ်သည်။ ထိုတဲအိမ်သည် ဓားကိုင်ရုံးတော်မတိုင်ခင်ကပင် တည်ရှိနိုင်ခဲ့ခြင်းလည်း ဖြစ်နိုင်၏။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ ထိုအချက်က သူ့နောက်ဆုံးယူဆချက်ကိုတော့ ကွဲပြားစေမည် မဟုတ်ပေ။
ထိုသစ်သားတဲအိမ်ထဲက အနီရောင်သက်စောင့်မီးအိမ်ကို ယူဆောင်ရန်မှာ ဖြစ်နိုင်ဖွယ် မရှိပါ။
ဓားကိုင်ရုံးတော်သာလျှင် ၎င်းအား နေရာချထားခြင်းဖြစ်လျှင် ပြင်ပလူတို့ ယူသွားမည်ကို သူတို့ ခွင့်ပြုမည်မဟုတ်ပေ။
ယခင်ကပင် တည်ရှိနေသည်ဆိုလျှင်လည်း ဓားကိုင်ရုံးတော်ပင် ယူနိုင်ခြင်းမရှိသည့်အရာကို တခြားလူများ ယူဆောင်မည်ဆိုခြင်းက ပို၍ပင် မဖြစ်နိုင်ပါ။
“ဒါဆို ကျန်းစစ်ယွင်က အဲဒီနေရာကို ဘာလို့သွားတာလဲ။”
ရွှီချင်းတွင် အချက်အလက်များ နည်းပါးရာ အဖြေကို ခန့်မှန်းနိုင်စွမ်း မရှိချေ။ ထိုအချိန်တွင် သူက ထိုအမျိုးသမီ၏ သီချင်းကို ပြန်အမှတ်ရလိုက်ပြီး ရုတ်တရက် ခံစားချက်တစ်ခု ဖြစ်လာသည်။
ထိုသီချင်းဆိုနေသူသည် မူလကတည်းက တစေဂူအကြောင်းကို လူတိုင်းအား စာနှစ်ကြောင်းဖြင့် ပြောပြနေသည့်အလားပင်…။
သူတို့၏ အချစ်ဝေဒနာတို့အား တစ်စုံတစ်ယောက်က အပိုင်းပိုင်းအစစဖြတ်တောက်ကာ ထိုနေရာတွင် မြုပ်နှံထားသည့်အလား…။ ၎င်းအပိုင်းအစတို့သည် သင်္ချိုင်းစာများ ဖြစ်ကြသည်။ ထိုသင်္ချိုင်းစာများ ပျံသန်းပြန့်ကျဲသောအခါ ၎င်းတို့သည် သေမျိုးလောကမှ မြင်ကွင်းတစ်ခုကဲ့သို့ ဖြစ်လာ၏။
၎င်းစာရွက်အပိုင်းစတိုင်းတွင် လွမ်းမောတောင့်တမှုများပါဝင်နေပြီး သူ၏ ယခင်ဘဝနှင့် ယခုဘဝ၏ ပူဆွေးမှု အပိုင်းအစများအားလုံးကို ပြန်လည် ပေါင်းစည်းပေးမည့် တစ်စုံတစ်ဦးအား စောင့်မျှော်နေသည့်အလား…။
ထိုစောင့်မျှော်နေသူမှာ သစ်သားတဲအိမ်ထဲက အမျိုးသမီးလား၊ တစေဂူထဲက နတ်ဘုရားလား ဆိုသည်ကိုတော့ ရွှီချင်း မသိနိုင်တော့ပါ။
ရွှီချင်း ငြိမ်ကျသွားသည်။
သူ့မျက်လုံးထဲတွင် ဤကမ္ဘာသည် တဖြည်းဖြည်း ပို၍ လျို့ဝှက်ဆန်းကြယ်လာ၏။
သူနှင့် တစ်ချိန်တည်း တည်နေရာပြောင်းရွှေ့လာသည့် လူသားကျင့်ကြံသူတစ်ဦးကိုလည်း သူ တွေ့မြင်လိုက်သည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်မှာ အပြင်လောကသို့ မရောက်လာခဲ့ပါ။ သူ ပြန်ရောက်လာသည်နှင့် ခန္ဓာကိုယ်သည် တုန်ခါသွားပြီး လီယုံကျောက်တိုင်ကြီးထံမှ ထုတ်လွှတ်သည့် အလင်းတစ်ချက်ကြောင့် အသတ်ခံလိုက်ရသည်။
ထိုလူ၏ သေဆုံးခြင်းကြောင့် ရွှီချင်းက တစေဂူအကြောင်း အတွေးစများအားလုံး ပြတ်တောက်သွားသည်။ သူ့မျက်လုံးတို့ မှုန်ကုတ်သွားချိန်တွင် လီယုံကျောက်တိုင်ကြီးထံမှ ခံစားချက်မဲ့သော အသံတစ်ခု ထွက်ပေါ်လာသည်။
“စစ်ဆေးစမ်း… ကိုယ်လူသားမျိုးနွယ် အချင်းချင်း သတ်သူတွေကို ပယ်ဖျက်ပစ်ကြ။”
ရွှီချင်း၏ စိတ်တို့တုန်ခါသွားသည်။ တည်နေရာပြောင်းအဆောင်သည် စည်းမျဉ်း ချိုးဖောက်မှုတို့အား မှတ်သားထားနိုင်ကြောင်း သူ ကြိုတင်မှန်းဆပြီးဖြစ်သည်။ ယခု အဖြစ်အပျက်က သူ့မှန်းဆချက်အား သက်သေထူနေသည်။
ထို့အပြင် သူ့ခန္ဓာကိုယ်ထဲမှ ကျောက်တိုင် အပိုင်းအစများမှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့ရှိရသည်။
သူ တည်နေရာပြန်ပြောင်းလာသည်နှင့် ထိုအပိုင်းအစတို့အား ကြီးမားသောအားတစ်ခုက သယ်ဆောင်သွားပြီး လီယုံကျောက်တိုင်ကြီးသို့ ပေါင်းစည်းသွားကြဟန်ရှိသည်။
ဓားကိုင်ရုံးတော်တွင် ကိုယ်ပိုင်မှတ်တမ်းတင်သော နည်းလမ်းများ ရှိနေကြောင်း ထင်ရှားသည်။
ထိုအချိန်တွင် လေအေးများ အကြား စောင့်နေကြသူများ၏ ရှေ့တွင် ကောင်းကင်သည် တဖျပ်ဖျပ်လင်းလက်လာ၏။ ကောင်းကင်မှ လူရိပ်များ အလျိုလျို ဆင်းသက်လာနေကြသည်။ ၎င်းလူရိပ်တို့မှာ အမှုထမ်းဝတ်စုံများ ဝတ်ဆင်ထားကြပြီး ကောင်းကင်ပေါ်တွင် ရပ်နေကြ၏။
ကနဦး၌ သူတို့သည် ဆယ်ဂဏန်းအချို့သာ ရှိနေပြီး မကြာခင် အလင်းများ ထပ်မံထွက်ပေါ်လာပြီး လူရိပ်များဆက်လက်ဆင်းသက်လာကြကာ ရာချီအောင် များပြားလာသည်။
၎င်းတို့၏ ခန္ဓာကိုယ်များမှ ဖိအားတို့သည် အဘက်ဘက်သို့ တုန်ဟီး ပြန့်နှံ့သွားလျှင် ကမ္ဘာလောကတစ်ခုလုံး မှေးမှိန်သွားရ၏။ ထို့အပြင် နောက်ထပ် ဆင်းသက်လာနေသူတို့ ရှိနေကြဆဲပင်။
ထိုမြင်ကွင်းတွင် မြေပြင်မှ ကျင့်ကြံသူတို့၏ စိတ်ကို တုန်လှုပ်စေသည်။ ပတ်လည်ရှိ လူအုပ်နှင့် ဂိုဏ်းအဖွဲ့ပေါင်းစုံမှ တာအိုအစောင့်အရှောက်များလည်း အမူအရာများ လေးနက်နေကြသည်။
အချိန်ခဏကြာလျှင် ကောင်းကင်ပေါ်၌ လူရိပ်သဏ္ဌာန်ပေါင်း ထောင်ချီ ရပ်လျက်ရှိလာ၏။
သူတို့ တစ်ဦးချင်းစီတိုင်းသည် အားကောင်းသော အရှိန်အဝါများ ထုတ်လွှတ်နေကြ၏။ သူတို့ထဲ၌ အနိမ့်ဆုံးမှာ ရွှေအမြုတေအဆင့် ဖြစ်သည်။ ယွမ်ယင်အဆင့်နှင့် ဝိညာဉ်သိုက်အဆင့်များလည်း ပါဝင်ကြ၏။
ထို့အပြင် သူတို့ တစ်ဦးစီတိုင်း၏ နောက်ကျောတွင် ဆင်တူသောဓားကြီးများ သယ်ဆောင်ထားကြသည်။
ထိုဓားကြီးသည် အစိမ်းရောင်ဖြစ်ကာ အမှတ်အသားတစ်ခု ရေးထွင်းထားသည်။
ထိုအမှတ်အသားမှာ “ယွမ်” စာလုံးနှင့် တူညီ၏။
ထိုဆင်တူအမှုထမ်းဝတ်စုံတို့က သူတို့အား အလွန်တရာ အစီအစဉ်ကျစေသည်။ ထို့အပြင် သူတို့၏ အရှိန်အဝါတို့ကလည်း သွယ်ဆက်နေသည့်အလား မိုးနှင့်မြေကို လှုပ်ခါစေသည့် စွမ်းအားအဟုန်တစ်ခုကို ဖြစ်စေသည်။ ၎င်းသည် ခေတ်များစွာကို လွှမ်းမိုးဖိနှိပ်ကာ ရန်သူအပေါင်းတို့အား ဖျက်စီးနိုင်သည့်သဖွယ်ပင်။
၎င်းသည် အစွမ်းထက်သက်တန့်တစ်ခုအလား ဖြစ်သည်။
သူတို့သည် ယင်ဟွမ်ဒေသကြီး၏ ဓားကိုင်ရုံးတော်မှ ဓားကိုင်များအားလုံး ဖြစ်ကြသည်။
ထိုအချိန်တွင် သူတို့သည် လေထဲတွင် တောင်ပံနှစ်ခုပုံစံ စီတန်းလိုက်ကြသည်။ သူတို့က လေထဲတွင် ပျံတက်နေသည့် အတောင်ပံကြီးနှစ်ခု အလား ဖြန့်ကားထားကြသည်။ ဖိအားတို့မှာ ပြင်းထန်လှရာ လောကတစ်ခုလုံး သုန်မှုန်လာသော ခံစားချက်ကို ပေး၏။
လီယုံမြို့တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ လီယုံကျောက်တိုင်ပတ်လည် နေရာများနှင့် မြို့ထဲမှ တဲများအားလုံးတို့တွင် ထိုလေးနက်လှသည့် အချိန်အခါ၌ အသံပြုသူ မရှိတော့ပါ။
အားလုံးက အသက်များအောင့်ထားကြပြီး ကောင်းကင်သို့ စိုက်ကြည့်နေကြသည်။
ထို့နောက် နောက်ဆက်တွဲ လာတော့မည့်အရာကို သူတို့သိနေကြသောကြောင့်ပင်…။ ၎င်းသည် ဓားကိုင်တို့၏ ဂုဏ်ပြုချီးမြှင့်ပွဲကြီးပင်ဖြစ်သည်။
ဓားကိုင်အကဲဖြတ်ပွဲ ဒုတိယအဆင့်တိုင်းက ဤသို့သော ပုံစံဖြစ်သည်။ ထုံးတမ်းစဉ်လာ ဆိုသည်မှာ အလွန်တရာ အရေးကြီး၏။
ဤပွဲကား လူသားမျိုးနွယ်၊ အထက်ရုံးတော်ကြီးငါးခု၏ အကဲဖြတ်မှုလည်း ဖြစ်ပြီး လူသားမျိုးနွယ်၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုသော အစဉ်အလာတစ်ခုလည်း ဖြစ်သည်။
အားလုံး၏ အမူအရာတို့ လေးနက်စွာ ရှိနေကြချိန်တွင် ကောင်းကင်ရှိ တိမ်များထဲမှ ပေါက်ကွဲသံတစ်ခု ကျယ်လောင်စွာ မြည်ဟိန်းထွက်လာသည်။
ထိုအသံသည် တဖြည်းဖြည်း ကျယ်သည်ထက်ကျယ်လာ၏။ နောက်ဆုံးတွင် ကောင်းကင်ပေါ်တွင် သက်တန့်ဝဲကတော့တစ်ခု ပေါ်ထွက်လာ၏။
ထိုဝဲကတော့ထဲမှ တလက်လက် တောက်ပနေသည့် လူရိပ်ကိုးခု ထွက်လာသည်။
သူတို့ တစ်ဦးချင်းစီတိုင်းက ဗလာနတ္တိအဆင့်များ ရှိနေကြသည်။ သူတို့ တစ်ဦးချင်းစီတိုင်းသည် ယင်ဟွမ်ဒေသကြီး၏ ဂိုဏ်းများထဲတွင် ဘိုးဘေးအဆင့် ဖြစ်လာနိုင်သူများ ဖြစ်ကြသည်။
ထို့အပြင် သူတို့သည် ….ယင်ဟွမ်ဒေသကြီး၏ ဓားကိုင်ရုံးတော်က ဓားကိုင်အကြီးအကဲကိုးဦး ဖြစ်ကြသည်။
သူတို့အားလုံးက လေးနက်တည်ကြည်သည့် ဟန်ပင်များရှိနေကြသည်။ ထိုအချိန်တွင် သူတို့ လျှောက်ထွက်လာကြပြီး တစ်ဦးချင်းစီက အတောင်ပံများပေါ် ဝဲလျက် တည်ရှိနေကြသည်။ အလယ်တွင်တော့ တစ်ဦးတည်းသာ ရှိနေသည်။
ထိုလူသည် ယင်ဟွံမ်ဒေသကြီး၏ ဓားကိုင်ရုံးတော်မှ မဟာအကြီးအကဲကြီးဖြစ်ကာ ဓားကိုင်ရုံးတော်၏ အမြင့်ဆုံးရာထူးလည်း ဖြစ်သည်။
ရွှီချင်းက ထိုပုဂ္ဂိုလ်အား မြင်တွေ့ချိန်တွင်တော့ မှင်တက်မိသွားရသည်။
ထိုမဟာအကြီးအကဲကြီးသည် အာခီမီပညာရပ်များ ပို့ချပေးနေခဲ့သော သမားတော်ကြီးပိုင်နှင့် အသွင်တူသည့် အဘိုးကြီး ဖြစ်နေသည်။
၎င်းအဘိုးကြီးသည် ဓားကိုင်ရုံးတော်ထဲတွင် နေရာတစ်ခုရှိသူဖြစ်နေကြောင်း ရွှီချင်းသိထားခဲ့သော်လည်း ဓားကိုင်ရုံးတော်တစ်ခုလုံးကို အစိုးရသည့်အထိ မြင့်မားနေမည်ဟုတော့ ထင်မှတ်မထားမိခဲ့သေးပေ။
ရွှီချင်း၏ စိတ်တို့ လှုပ်ခါသွားချိန်တွင် ဘယ်ဘက်တောင်ပံမှ သက်လတ်ပိုင်းလူကြီးတစ်ဦး ရှေ့သို့ ထွက်လာသည်။
သူ့မျက်နှာက လေးနက်တည်ကြည်မှုအပြည့်ဖြင့် လက်သီးအုပ်ကာ အလယ်တွင်ရှိသော မဟာအကြီးအကဲကြီးထံ ဦးညွှတ်လိုက်သည်။
“ယင်ဟွမ်းဒေသကြီးရဲ့ဓားကိုင်ရုံးတော်မှာ ဓားကိုင်ပေါင်း ၄၃၁၁ဦးရှိပါတယ်။ ဒီနေ့ ၄၃၁၁ဦးလုံး ရောက်ရှိနေပြီး ပျက်ကွက်သူမရှိပါဘူး။ မဟာအကြီးအကဲကြီး စစ်ဆေးအတည်ပြုပေးပါ။”
မဟာအကြီးအကဲကြီးက ခေါင်းအသာညိတ်လိုက်သည်။
“စာရင်းကို ဖတ်လိုက်။”
“မဟာအကြီးအကဲကြီးရဲ့ အမိန့်အတိုင်းပါ။”
ဘယ်ဘက်မှ လျှောက်ထွက်လာသူ၏ မျက်နှာက လွန်စွာလေးနက်နေသည်။ သူက အမြန်လှည့်လိုက်ပြီး မြေပြင်သို့ကြည့်လိုက်သည်။ သူ့အသံက ခေါင်းလောင်းကြီးတစ်ခုအလား မြည်ဟိန်းထွက်လာသည်။
“ဓားကိုင်ရုံးတော်စစ်ဆေးချက်အရ ဓားကိုင်နန်းတော်သို့ အဖြေများတင်ပြသွားပါမယ်။ ကျောက်တိုင်အပိုင်းအစတွေ ရရှိနိုင်ခဲ့တဲ့ အရေအတွက်ပေါ် မူတည်ပြီး ထိပ်ဆုံးဆယ်ဦးဟာ ဓားကိုင်ဖြစ်နိုင်ခွင့်တို့ ရရှိမှာ ဖြစ်ပြီးတော့ အင်ပါယာနဲ့ ဖူးတွေ့ခွင့်ရမှာဖြစ်ပါတယ်။”
“စာရင်းကတော့ အောက်ပါအတိုင်းဖြစ်တယ်။”
“ရွှီချင်း၊ ချန်အားညို၊ ချင်းချိုး၊ ကျန်းစစ်ယွင်၊ နင်ယန်..”
သက်လတ်ပိုင်းလူကြီးက နာမည်များဆက်တိုက်ရွတ်သွားသည်။
သူ နာမည်တစ်ခု ရွတ်လိုက်တိုင်း အောက်မှလူအုပ်သည် အသက်ရှူနှုန်းတို့ မြန်လာနေကြ၏။
“မင်းတို့ ဆယ်ယောက် ရှေ့ကို ထွက်လာကြပါ။”
ရွှီချင်းက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ရှေ့သို့ လျှောက်သွားလိုက်သည်။
ခေါင်းဆောင်လည်း ထိုနည်းတူပင်။ တခြားသော နာမည်ခေါ်ခံရသူတို့လည်း တစ်ဦးပြီးတစ်ဦး ထွက်လာကြသည်။ မကြာမီ ဆယ်ဦးလုံးသည် ပေတစ်ရာစီခြားကာ တန်းစီ ရပ်လိုက်ကြသည်။ သူတို့မှာ လူအုပ်ရှေ့တွင် ရပ်နေကြကာ အားလုံး၏ အာရုံစိုက်စရာဖြစ်လာ၏။
ရွှီချင်းနှင့် အခြားသူတို့ ထွက်လာကြပြီးနောက် ကောင်းကင်ရှိ သက်လတ်ပိုင်း ဓားကိုင်လူကြီးက ပြန်လှည့်လိုက်ပြီး မဟာအကြီးအကဲကြီးထံ ဦးညွှတ်လိုက်ကာ မူလနေရာသို့ ပြန်လှည့်သွားသည်။
ကောင်းကင်အလယ်တွင် ရပ်နေသည့် မဟာအကြီးအကဲကြီးကတော့ ရွှီချင်းတို့အား မကြည့်သေးပေ။ ထိုအစားက သူက တစ်ဘက်သို့ လှည့်လိုက်ပြီး သက်တန့်ဝဲကတော့နှင့် ကောင်းကင်သို့ လေးနက်တည်ကြည်စွာ ဦးညွှတ်လိုက်သည်။
သူပါးစပ်မှ ရှေးကျကာ ကွဲအက်နေသော အသံတစ်ခုသည် လွန်စွာလေးနက်သည့် ဟန်ပင်ဖြင့် ထွက်လာ၏။
“အန္တိမအင်မော်တယ်အလင်းတော်၏ စိုက်ကျင်းမဟာအင်ပါယာ ဓားကိုင်ရုံးတော်အရှင်သခင် ကျွန်တော်မျိုး၏ ရုံးတော်သို့ ကြွမြန်းတော်မူပါ။”
သူ့စကားဆုံးသည်နှင့် ပတ်လည်ရှိ ဓားကိုင်အကြီးအကဲရှစ်ဦးအပါအဝင် ဓားကိုင်အားလုံးတို့က လေးနက်တည်ကြည်လျက်ရှိနေကြသည်။ သူတို့က လက်သီးများအုပ်လိုက်ကြပြီး ကောင်းကင်ရှိ ဝဲကတော့ထံ တပြိုင်နက် ပြောဆိုလျက် ဦးညွှတ်လိုက်ကြသည်။
“အန္တိမအင်မော်တယ်အလင်းတော်၏ စိုက်ကျင်းမဟာအင်ပါယာ ဓားကိုင်ရုံးတော်အရှင်သခင် ကျွန်တော်မျိုးတို့၏ ရုံးတော်သို့ ကြွမြန်းတော်မူပါ။”
ဓားကိုင်အားလုံး ထိုသို့ ပြောဆိုလိုက်ချိန်တွင် သူတို့အသံများက တိမ်များနှင့် ဝဲကတော့အတွင်းသို့ ပျံဝင်သွားကြပြီး သက်တန့်ဝဲကတော့ ထဲက အလင်းများ လှိုင်းထလှုပ်ရှားလာစေသည်။
ရောင်စုံအလင်းများသည် တစ်ခုပြီးတစ်ခု ဖြာထွက်လာပြီး ကောင်းကင်တစ်ခုလုံး ထိန်းလင်းလာ၏။
မကြာမီ သက်တန့်ဝဲကတော့မှာ အားလုံး၏ စိတ်ဝိညာဉ်များ တုန်လှုပ်စေသည့် ဧရာမရုပ်တုကြီးတစ်ခုအဖြစ် ပြောင်းလဲလာ၏။
ထိုရုပ်တုသည် ကောင်းကင်သို့ ထိုးတက်နေပြီး လွန်စွာကြီးမားသည်။
ရုပ်တုသည် ခန့်ညားတည်ကြည်လှသော သက်လတ်ပိုင်းလူကြီးတစ်ဦးအသွင်ကို ပြုလုပ်ထားကြောင်း တွေ့မြင်နိုင်သည်။
သူ့မျက်လုံးတို့က တဖျပ်ဖျပ်လင်းလက်နေပြီး သူသည် လေထဲတွင် တဖျပ်ဖျပ်လူးလွန့်နေသည့် နဂါးကိုးကောင်အင်ပါယာဝတ်ရုံကို ဝတ်ဆင်သည်။
သူသည် နတ်အလင်းများလင်းလက်နေသည့် ကောင်းကင်ဘုံးကိုးခုသရဖူကို ဆောင်းထားသည်။
သူ့နောက်တွင် ဓားကြီးတစ်လက်ရှိနေသည်။ ထိုဓားကြီးမှာ အစိမ်းရောင်ဖြစ်ကာ ယွမ်စာလုံးကို ထွင်းထားသည်။ ၎င်းသည် ဓားကိုင်တို့၏ ဓားများနှင့် တထေရာတည်း ဖြစ်သည်။
ထိုရုပ်တုကြီး ပေါ်ထွက်လာသည်နှင့် ကောင်းကင်တွင် ရောင်စုံအလင်းလှိုင်းများ ပြင်းထန်စွာလှုပ်ရှားလာ၏။
ကောင်းကင်တွင် အလင်းရောင်များ ပြောင်းလဲလာပြီး လေနှင့်တိမ်တို့ ပြင်းထန်စွာ လှိုင်းထလာ၏။
ထိုမြင်ကွင်းတွင် အောက်ဘက်ရှိ လူများအားလုံး စိတ်တို့ ပြင်းထန်စွာ လှုပ်ရှားလာကြသည်။ သူတို့၏ ခန္ဓာကိုယ်ထဲမှ ချီနှင့်သွေးတို့ ထိန်းမရနိုင်အောင် ဆူပွက်လာ၏။
လူသားအားလုံး၏ စိတ်အတွင်းတွင် သွေးဆက်သွယ်မှုခံစားချက်တို့ ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။
ဤကား လူသားအင်ပါယာပင်တည်း။
ဓားကိုင်ရုံးတော်ကြီးတစ်ခုလုံး၏ တည်ထောင်သူဖြစ်သည်။
အားလုံးက အလိုလိုခေါင်းများ ငုံ့လိုက်မိကြသည်။ ရွယ်လျန့်ကျစ်နှင့် အခြားဂိုဏ်းများမှ ဘိုးဘေးများလည်း ထိုနည်းတူပင် ပြုမူကြသည်။
သူတို့က လူသားအင်ပါယာရုပ်တုအား စိတ်ရောကိုယ်ပါ ရိုသေစွာ နှုတ်ဆက်ဂါရဝပြုနေကြသည်။
ရွှီချင်းလည်း ထိုနည်းတူဖြစ်သည်။ သူ့ခံစားချက်တို့ မဆုံးနိုင်အောင် လှိုင်းထလှုပ်ရှားနေသည်။
သူက တစေအင်ပါယာကို တွေးလိုက်မိသေးသော်လည်း ဤလူသားအင်ပါယာနှင့် ယှဉ်ရာတွင်တော့ တစေအင်ပါယာက များစွာနိမ့်ကျနေ၏။
ဤအင်ပါယာ၏ အသွင်အပြင်သည် ရွှီချင်းယခင်က တွေ့မြင်ခဲ့ဖူးသော ရှေးဘုရင်ရွှမ်ယုံရုပ်တုနှင့် တူသည်။
အားလုံးနှုတ်ဆက်လိုက်ချိန်မှာပင် ဓားကိုင်မဟာအကြီးအကဲကြီးအသံက ကမ္ဘာတစ်ခုလုံး ပြန့်ထွက်လာ၏။
“အရှင်မင်းတရားကြီးနဲ့ အန္တိမကောင်းကင်တာအိုလေးပါးတို့ရဲ့ ထာဝရအမိန့်ကို ဆက်ခံပြီး ဓားကိုင်နန်းတော်ဟာ လူသားမျိုးနွယ်အတွက် ဓားကိုင်ပြီးတော့ ရန်တွေကို နှိမ်နင်းပေးပြီး လောကတခွင် အလင်း ဖြန့်ဝေပေးတယ်။ ရောင်စုံအလင်းတို့ ဖြာထွက်နေတဲ့ အင်ပါယာရဲ့ ရုပ်တုကို သက်သေတည်ပါစေသား။”
ထိုအသံသည် ကောင်းကင်မိုးကြိုးကဲ့သို့ ကောင်းကင်တစ်ခုလုံး ပျံ့နှံ့သွားပြီး မြေပြင်သို့ ပဲ့တင်မြည်ဟီးသွားကာ ဓားကိုင်အားလုံး၏ စိတ်နှလုံးများထဲ ပြန့်သွားပြီး အောက်က လူသားအားလုံး၏ စိတ်ထဲတွင် ထွင်းထုသကဲ့သို့ ဝင်ရောက်သွားသည်။
ထိုအသံသည် ရွှီချင်းနှင့် တခြားသူတို့ စိတ်ထဲတွင် တိုက်ရိုက်ပေါက်ကွဲထွက်သွားသည်။
ကမ္ဘာတစ်ခုလုံးသည် ခေါင်းလောင်းကြီးတစ်ခု မည်ဟိန်းလာသည့်အလား…။
၎င်းသည် ဓားကိုင်ဆောင်ပုဒ် ဖြစ်သည်။
သူတို့က လူအများ၏ ဘေးရန်များအား ရှင်းလင်းသောအခါ ကောင်းကင်နှင့်မြေပြင်၏ အလင်းများ ဖြန့်ကျက်ရသည်။
သူတို့သည် ဓားကိုင်များ ဖြစ်ကြသည်။