← Chapters

သေမျိုးလောကမေ့လျော့ခြင်းမျှော်စင်(က)

Vol. 75 Ch. 1157

သေမျိုးလောကမေ့လျော့ခြင်းမျှော်စင်(က)

Vol. 75 Ch. 1157

“ မင်းသားတစ်ဆယ်က အပြင်လူတွေထင်ထားသလို ဘာမှအသုံးမကျတဲ့လူ မဖြစ်နိုင်လောက်ဘူး… ”

ရွှီချင်းသည် မင်းသားတစ်ဆယ်၏ စံအိမ်မှ ပြန်ထွက်လာပြီးနောက် အစောနက မြင်ကွင်းကို ပြန်တွေးတောလိုက်သည်။ ဂိတ်တံခါးကြီးသည် သူ၏ လက်ဖြင့် ထိတွေ့လိုက်ရုံနှင့် အပိုင်းပိုင်းအစစ အက်ကွဲထွက်သွားပြီး ပွဲအခမ်းအနားသည် တမင်ကြိုပြင်ဆင်ထားခြင်း ဖြစ်နိုင်လောက်၏။ ထို့ပြင် သိုလှောင်အိတ်ကို မောက်မာထောင်လွှားစွာ ချိတ်ဆွဲထားသည်။

အပေါ်ယံကြည့်မည်ဆိုလျှင် ဖြစ်ပျက်သွားသော ကိစ္စအားလုံးသည် ကိန်းကြီးခန်းကြီးနိုင်ပြီး မင်းသားတစ်ဆယ်သည် မောက်မာထောင်လွှားသည်။ သို့သော်လည်း ရလဒ်ကိုသာ ကြည့်မည်ဆိုလျှင် ကိစ္စတိုင်းမှာ လေးနက်သော အဓိပ္ပာယ်တစ်ခု ပါရှိသည်။

သို့သော်လည်း နောက်ဆုံးဆုံးဖြတ်ချက်ကို ဖြစ်စဉ်တစ်ခုတည်းအား ကြည့်၍ မဆုံးဖြတ်နိုင်ပေ။ မင်းသားတစ်ဆယ်က ယင်းကို အမှန်တကယ် ဆောင်ရွက်ခဲ့ခြင်းလော သို့မဟုတ် သူ့မှာ တခြားရည်ရွယ်ချက်ရှိသေးသလားသည် သူ၏ နောက်ဆက်တွဲ လုပ်ဆောင်မှုများပေါ်မှာ မူတည်လိမ့်မည်။

မင်းသားတစ်ဆယ်က အကြောင်းအရင်းတချို့ကြောင့် ထိုနည်းလမ်းအတိုင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်။ ရွှီချင်းနှင့် နင်ယန်မှလွဲ၍ တခြားလူများက သူ့အပေါ် အဆိုးမြင်ခြင်းကို သူက မစိုးရိမ်ဟန် ရသည်။

အဘယ့်ကြောင့်ဆိုသော် စကားများကို စိတ်ဆန္ဒပေါ်မူတည်၍ အဓိပ္ပာယ်ပြောင်းသွားအောင် ပြုလုပ်နိုင်သောကြောင့် ဖြစ်သည်။

ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်သည်။ ဘေးမှ နင်ယန်သည် စဉ်းစားချင့်ချိန်သော အမူအရာကို ထုတ်ဖော်လိုက်သည်။ နင်ယန်သည် မင်းသားတစ်ပါးအနေဖြင့် တုံးအသောလူ မဟုတ်ပေ။ ယခု သူက သဲလွန်စတချို့ ရှာတွေ့လာသည့်အခါ ရွှီချင်းကို အလိုအလျောက် လှည့်ကြည့်လိုက်သည်။

ရွှီချင်းသည် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သူက နင်ယန်နှင့်အတူ စံအိမ်ဆီသို့ ပြန်သွားသည်။

စံအိမ်သို့ ပြန်ရောက်လာပြီးနောက် ဘိုးဘေးခန်းမဆောင်ထဲတွင် နင်ယန်သည် သိုလှောင်အိတ်ကို ရွှီချင်း၏ အရှေ့မှာ ဖွင့်လိုက်သည်။ အထဲတွင် ပစ္စည်းတစ်ခုသာ ရှိသည်။

ယင်းက ပန်းချီကားလိပ်တစ်ခု ဖြစ်သည်။

ထိုပန်းချီကားလိပ်ကို သိုလှောင်အိတ်ထဲသို့ ခက်ခက်ခဲခဲ ထည့်သွင်းခဲ့ဟန် ရသည်။ ထို့ကြောင့် ယင်းကို သိုလှောင်အိတ်ထဲမှ ပြန်ထုတ်ယူသည့်အခါ ဖြည်းဖြည်းချင်း ဆွဲထုတ်ရပြီး အလွန်ဂရုစိုက်ရသည်။ သို့မဟုတ်လျှင် သိုလှောင်အိတ်က ပျက်စီးသွားပြီး ပန်းချီကားလိပ်က လေဟာနယ် အက်ကွဲကြောင်းထဲမှာ ပျောက်ဆုံးသွားလိမ့်မည်။

ပန်းချီကားလိပ်ကိုတော့ အထူးပစ္စည်းများဖြင့် ထုပ်ပိုးထားသည်။ သိုလှောင်အိတ်ကိုပင် ပန်းချီကားလိပ်၏ အရွယ်အစားအတိုင်း တိကျသေချာစွာ ဖန်တီးထားခြင်း ဖြစ်သည်။ ထိုနည်းဖြင့်သာ ယင်းကို သိုလှောင်အိတ်ထဲမှာ ထိန်းသိမ်းထားနိုင်လိမ့်မည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် မင်းသားတစ်ဆယ်က ယင်းကို မည်မျှအရေးထားကြောင်း မြင်နိုင်ပေသည်။ ထိုသို့ပြင်ဆင်မှုသည် စွမ်းအင်များစွာ လိုအပ်ပြီး အချိန်များစွာ ပေးဆပ်ရလိမ့်မည်။

ထို့ကြောင့်ပင် အတိတ်မှာ နင်ယန်က နန်းမြို့တော်မှ အလောတကြီး ထွက်သွားစဉ် ထိုပစ္စည်းကို သူနှင့်အတူ မယူဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ပန်းချီကားကို ဆွဲထုတ်နိုင်သွားသည့်အခိုက် နင်ယန်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားသည်။ သူက ပန်းချီကားကို ညင်သာစွာ ထိတွေ့လိုက်သည့်အခါ အတိတ်ကို လွမ်းဆွေးသတိရသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အချိန်အတော်ကြာပြီးနောက် သူက ပန်းချီကားကို ဆွဲဖွင့်လိုက်ပြီး ဘိုးဘေးခန်းမဆောင်ထဲမှာ ချိတ်ဆွဲလိုက်သည်။

ယင်းက အမျိုးသမီးတစ်ဦး၏ ပုံတူပန်းချီကားဖြစ်သည်။

အမျိုးသမီးသည် ရိုးရှင်းသော အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ဆံပင်ပေါ်တွင် မည်သည့်အဆင်တန်ဆာမှ မရှိပေ။ သူ၏ အသွင်သဏ္ဍာန်သည် နူးညံ့သိမ်မွေ့ပြီး သူ၏ မျက်ခုံးနှင့် မျက်လုံးထဲမှာ တမူထူးခြားသော ဆွဲဆောင်မှုရှိသည်။ သူ၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုရှိပြီး ကျီစယ်သော မျက်နှာအမူအရာကို ထုတ်ဖော်ထားသည်။

သူ့ကို အလွန်အမင်း ချောမောလှပသူဟု မဆိုနိုင်သော်လည်း သူ့ဆီမှာ တမူထူးခြားသော ကိုယ်ပိုင်အလှ ရှိသည်။ သူ၏ မျက်လုံးက ဝင်းလက်တောက်ပနေလေရာ ပန်းချီကားက အမှန်တကယ် အသက်ဝင်နေဟန် အောက်မေ့ရသည်။

ပန်းချီကားထဲမှ အမျိုးသမီးကိုကြည့်နေရင်း နင်ယန်သည် စိတ်ညှိုးငယ်သွားသည်။ သူက ပန်းချီကားဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားပြီးနောက် အမွှေးတိုင်ကို ထွန်းညှိပေးလိုက်ပြီး သူ၏ မယ်တော်ကို အရိုအသေပေးလိုက်သည်။

ပန်းချီကားထဲမှ အမျိုးသမီးကို ကြည့်နေရင်း ရွှီချင်း၏ အမူအရာသည် လေးနက်လာသည်။ သူက အမွှေးတိုင် ထွန်းညှိပေးလိုက်ပြီး နင်ယန်၏ မယ်တော်ကို အရိုအသေပေးလိုက်သည်။ သူက ပန်းချီကားထဲမှ အမျိုးသမီး၏ မျက်လုံးကို အာရုံစိုက်ပြီး ကြည့်လိုက်လေရာ သူ၏ အမူအရာက အစဉ်အမြဲ ပြောင်းလဲသွားသည်။

ဤပန်းချီကားကို ဖန်တီးခဲ့သူက မည်သူမှန်းမသိရသော်လည်း ယင်းက အလွန်အသက်ဝင်လှသည်။ သူတို့က သူငယ်အိမ်များကို ရေးဆွဲခဲ့ရုံသာမက သူငယ်အိမ်များထဲမှ အလင်းရောင်ပြန်မှုကိုလည်း အမိအရ ဖမ်းဆုပ်ထားနိုင်သည်။

အလင်းရောင်ပြန်မှုက ဝေဝါးပြီး မရှင်းမလင်းဖြစ်နေသော်လည်း ပန်းချီကားထဲမှ သူငယ်အိမ်များပေါ်တွင် ယဇ်ပလ္လင်တစ်ခုကို အလင်းပြန်နေဟန် ထင်ရသည်။ သို့သော်လည်း အနီးကပ်ကြည့်ရှုသည့်အခါ ယင်းက စံအိမ်တစ်ခုဖြစ်ဟန် တူသည်။

အသေးစိတ်ကိုတော့ သူမပြောနိုင်ပေ။

ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး ထိုကိစ္စကို သူ၏ စိတ်ထဲမှာသာ သိမ်းဆည်းထားလိုက်သည်။ သူက ဘေးမှ နင်ယန်ကို ကြည့်လိုက်လေရာ ပန်းချီကားကို စိုက်ကြည့်နေသော သူ၏ မျက်နှာပေါ်မှာ လိုအင်တောင့်တသော အမူအရာဖြင့် ပြည့်နှက်နေကြောင်း သူသတိထားမိသွားသည်။

ရွှီချင်းသည် အတိတ်မှာ ထိုသို့ခံစားမှုမျိုးကို တူညီစွာ ခံစားခဲ့ဖူးသည်။ ထိုကြောင့် လက်ရှိအခြေအနေကို ကောင်းမွန်စွာ သူနားလည်သည်။ နင်ယန်သည် ယခုအချိန်မှာ တစ်ယောက်တည်းနေရန် လိုအပ်သည်။

ထို့ကြောင့် ရွှီချင်းသည် သူ့ကို မနှောင့်ယှက်တော့ဘဲ ဘိုးဘေးခန်းမဆောင်ထဲမှ တိတ်တဆိတ် ထွက်ခွာလာသည်။ သူက စံအိမ်ထဲမှာ လမ်းလျှောက်နေစဉ် ဖုန်းဟိုင်ဒေသငယ်မှ သူ့နောက်သို့ လိုက်ပါလာခဲ့ကြသော ဓားကိုင်များက စံအိမ်ထဲမှာ ကင်းလှည့်နေကြောင်း မြင်တွေ့သွားသည်။

သူတို့မှလွဲ၍ စံအိမ်တစ်ခုလုံးသည် ဟာလာဟင်းလင်းဖြစ်နေသည်။

လေပြေတိုက်ခတ်လာသည့်အခါ အမိုးအောက်မှာ ချိတ်ဆွဲထားသော ခေါင်းလောင်းများက ကြွပ်ဆတ်သော မြည်သံကို ထုတ်ဖော်လိုက်သည်။

ခေါင်းလောင်းမြည်သံများကြားတွင် ဘေးပတ်ဝန်းကျင်မှ ဟာလာဟင်းလင်းဖြစ်သော ခံစားမှုသည် ပိုပြီးထင်သာလာသည်။

နတ်မိမယ်ကျစ်ရွှမ်းနှင့် ခေါင်းဆောင်သည် ပြန်ရောက်မလာကြသေးပေ။ သူတို့ဆီမှာ ကိုယ်တိုင်လုပ်ဆောင်ရမည့် ကိုယ်ပိုင်ကိစ္စများ ကိုယ်စီရှိကြသည်။ ခုန်းရှန်းလုံသည်တော့ လီယွင်ရှန်း၏ နေရာဆီသို့ သွားသည်။

သို့ဖြစ်၍ နင်ယန်အပြင် စံအိမ်တစ်ခုလုံးမှာ ရွှီချင်းနှင့် ဝူကျန်းဝူသာ ကျန်ရှိနေခဲ့သည်။

ဝူကျန်းဝူ၏ ကဗျာရွတ်သံသည် လေလှိုင်းနှင့်အတူ ရေကန်တည်ရှိသော ဦးတည်ရာဘက်မှ ပျံ့လွင့်လာသည်။

“ ရေနဲ့ ကောင်းကင်က ပရမ်းပတာဖြစ်နေတယ်… ဖုန်မှုန့်က မြှောက်တတ်မလာဘူး… နန်းမြို့တော်ထဲမှာ သက်တံ့ငါးတစ်ကောင် လောင်ကျွမ်းနေတယ် ”

“ ကောင်းလိုက်တဲ့ကဗျာ… ကောင်းလိုက်တဲ့ ကဗျာ ”

ပထမအသံသည် ဝူကျန်းဝူ၏ ကဗျာရွတ်သံဖြစ်ပြီး ဒုတိယအသံသည် ကြက်တူရွေးလေး၏ ချီးမွမ်းသော အသံဖြစ်သည်။

ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံက ဖြန့်ကြက်ထွက်လာသည့်အခါ ဝူကျန်းဝူသည် ရေကန်ဘေးမှာ ထိုင်နေပြီး ရေကန်၏ မျက်နှာပြင်ကို စူးစိုက်ကြည့်နေကာ အလေးအနက် စဉ်းစားနေသည်။ ရံဖန်ရံခါ သူက ကဗျာစာကြောင်းတချို့ကို ရွတ်ဆိုလိမ့်မည်။ သူ၏ ဘေးမှ ကြက်တူရွေးလေးသည်တော့ ချီးမွမ်းခြင်းအပြင် အလုပ်အသစ်လည်း ရရှိသွားခဲ့သည်။

ယင်းက မှတ်တမ်းတင်ခြင်း ဖြစ်သည်။

သူက ဝူကျန်းဝူ၏ ကဗျာများကို ကျောက်စိမ်းပြားထဲမှာ မှတ်တမ်းတင်ပေးလိမ့်မည်။

သူတို့နှစ်ယောက်က ပျော်ရွှင်နေသည်ကို မြင်သောအခါ ရွှီချင်းသည် ခြံဝန်းထဲမှ ကျောက်တုံးထိုင်ခုံပေါ်မှာ ရိုးရှင်းစွာ ထိုင်လိုက်ပြိး သူ၏ ဘေးမှ လေပြေတိုက်ခတ်မှုကို ခံစားလိုက်သည်။ သူက ခေါင်းလောင်းမြည်သံများကို နားထောင်နေစဉ် သူ၏ နှလုံးသားက ဖြည်းညင်းစွာ တည်ငြိမ်သွားသည်။

သတင်းအချက်အလက်တချို့ကို ရှာဖွေပြီးနောက် နန်းမြို့တော်ထဲမှာ အချိန်အတန်ကြာအောင် သူနေထိုင်ရလိမ့်မည်ဖြစ်ကြောင်း နားလည်သွားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် လူသားဧကရာဇ်က သူ့အား မဆင့်ခေါ်သေးသောကြောင့် ဖြစ်သည်။

ရွှီချင်းသည် အလျင်မလိုပေ။ သူ၏ အတွေးများကို စုစည်းပြီးနောက် သူက မျက်လုံးမှိတ်လိုက်ပြီး စတင်ကျင့်ကြံသည်။

နန်းမြို့တော်ထဲတွင် ဝိညာဉ်ချီ၏ သိပ်သည်းမှုသည် ဖုန်းဟိုင်ဒေသငယ်မှာထက် အများကြီး သာလွန်သည်။ ဤနေရာမှာ ဒြပ်နှောများရှိသော်လည်း ယင်းက ဖုန်းဟိုင်ဒေသငယ်မှာထက် အများကြီး လျော့နည်းသည်။ သေမျိုးများအတွက်တော့ ထိုအဓိပ္ပာယ်သည် သူတို့က ပုံမှန်လူ့သက်တမ်းကို ပိုင်ဆိုင်နိုင်လိမ့်မည်ဟု ဆိုလိုသည်။

ကျင့်ကြံသူများအတွက်တော့ သူတို့၏ ကျင့်ကြံခြင်းအမြန်နှုန်းသည် တခြားနေရာများထက် ပိုပြီးမြန်ဆန်လိမ့်မည်။ တစ်ချိန်တည်းမှာ သူတို့ခန္ဓာကိုယ်၏ သန္ဓေပြောင်းလဲနိုင်ခြေသည် အများကြီး လျော့နည်းသွားလိမ့်မည်။

သို့ဖြစ်၍ ရွှီချင်းသည် ထိုမျှကောင်းမွန်သော အခြေအနေကို အလဟဿ မဖြုန်းတီးပစ်ချင်ပေ။ ထို့ကြောင့် သူက ကျင့်ကြံခြင်းမှာ အာရုံစိုက်လိုက်သည်။

ယခု သူက နတ်ဘုရားရတနာသိုက်သုံးခုကို ဖွင့်လှစ်ပြီးပြီ ဖြစ်သည်။ သို့သော်လည်း စတုတ္ထရတနာသိုက်နှင့်ပတ်သက်ပြီး သူက မည်သည့်သဲလွန်စကိုမှ ရှာမတွေ့သေးပေ။ ယင်းကို အနာဂတ်မှာ သူစဉ်းစားရလိမ့်မည်။ ထို့ပြင် သူ၏ ကျင့်ကြံခြင်းနှင့်ပတ်သက်၍ အရေးကြီးအချက်တစ်ချက် ရှိသေးသည်။ ဤသည်မှာ နတ်ဘုရားအသွင်သဏ္ဍာန် ဖြစ်သည်။

All Chapters