ဒုတိယ ခရမ်းရောင်ဝိညာဉ်မျိုးစေ့
Vol. 77 Ch. 1191
မူကွဲအင်မော်တယ်ကျောင်းတော်၏ အဖြူရောင်မျှော်စင်သည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဒါပေမဲ့ မကြာမီ အေးစက်စက် ရယ်မောသံသည် အပေါ်ထပ်ရှိ မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးထံမှ ပျံ့လွင့်ထွက်လာသည်။
“ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီး… ခင်ဗျားက ကျောင်းအုပ်ကြီးတစ်ယောက်ဖြစ်ပြီးတော့ အဲ့လိုပေါက်ကရပြောတာက မသင့်တော်ပါဘူး ”
သရော်လှောင်ပြောင်ပြီးနောက် မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီး၏ ပုံရိပ်သည် အပေါ်ထပ်မှ ထွက်ပေါ်လာသည်။ အဓိကခန်းမထဲတွင် သူက နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ပြောသည်။
“ မင်းက ရှေးဟောင်းစာအုပ်တွေကို ဖတ်ဖူးတယ်ဟုတ်လား… မင်းက သမိုင်းကြောင်းကို အတည်ပြုပေးနိုင်လို့လား… မူကွဲအင်မော်တယ် တာအိုမျိုးစေ့က အတိတ်မှာ မရှိဘူးလို့ မင်းက အခိုင်အမာ ပြောတယ် ”
“ ဒါဆိုရင် တစ်ချက်ကြည့်ကြည့်လိုက်… အဲ့ဒါက ဘာလဲ ”
မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးသည် စကားဆုံးသွားသည်နှင့် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး အပေါ်ထပ်သို့ ညွှန်ပြလိုက်သည်။ ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ချည်မျှင်အားလှိုင်းအတတ်အကျသည် အပေါ်ထပ်မှ ထွက်ပေါ်လာသည်။ ထိုအားလှိုင်းအတတ်အကျ၏ စွမ်းအားက ဤနေရာမှ အရာအားလုံးထက် သာလွန်သည်။ ယင်းက ဝိညာဉ်ချည်မျှင်သုံးသိန်းနှင့် နီးကပ်နေပြီဖြစ်သော အရှိန်အဝါဖြစ်သည်။
ထိုစွမ်းအင်လှိုင်းအတတ်အကျ ပျံ့လွင့်လာသည့်အခိုက် ဧရာမမြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ မြင်ကွင်းထဲတွင် အရွယ်အစား အလွန်ကြီးမားသော ပုံရိပ်တစ်ခု ရှိသည်။
၎င်းက နတ်ဘုရားသက်ရှိတစ်ကောင်ဖြစ်သော ဘူမိကလေးငယ် ဖြစ်သည်။
သို့သော်လည်း ဤဘူမိကလေးငယ်သည် ယခင်က မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီး ရက်လုပ်ခဲ့သော ဘူမိကလေးငယ်နှင့် ကွဲပြားခြားနားသည်။ ဤတစ်ကြိမ် ထွက်ပေါ်လာသော ဘူမိကလေးငယ်သည် အသက်ရှိနေသော ခံစားမှုကို ပေးသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် အလွန်သိပ်သည်းပြီး ဘူမိကလေးငယ်၏ အတိုင်းအတာထက် ကျော်လွန်နေသည်။ ၎င်းက ဗလာနတ္ထိအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထို့ပြင် ၎င်းက သာမန်ဗလာနတ္ထိအဆင့် မဟုတ်ပေ။
၎င်း၏ ဝိညာဉ်ချည်မျှင်အားလှိုင်းအတတ်အကျသည် အတော်လေး ချောက်ချားဖွယ်ကောင်းသည်။ ထို့ပြင် ၎င်း၏ ခန္ဓာကိုယ်ထဲမှ အစိမ်းရောင်နှင်းပွင့်သည် ထွန်းလင်းတောက်ပနေပြီး ဝိညာဉ်ချည်မျှင်အားလုံးနှင့် ဆက်သွယ်ခံထားရသည်။
ယင်းက တာအိုမျိုးစေ့ဖြစ်သည်။
ဤသည်ကို မြင်သောအခါ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးက နှုတ်ဆိတ်သွားသည်။ သတ္တမမင်းသားအပါအဝင် သူ၏ ဘေးမှ ကျောင်းတော်သားအားလုံးက မျက်မှောင်ကြုတ်သွားကြသည်။
အဖြူရောင်မျှော်စင်ထဲမှ လူတိုင်းက ထိတ်လန့်သွားကြသည်။
လူတချို့သည် ထိုဘူမိကလေးငယ်၏ မူလဇစ်မြစ်ကို ခန့်မှန်းလိုက်ကြသည်။ သို့သော်လည်း ထိုခန့်မှန်းမှုသည် သူတို့၏ နှလုံးကို လှိုင်းတံပိုးထသွားစေသည်။
“ အဲ့ဒါက ငါ့မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ဘိုးဘေး ချန်းတောက်ဇီပဲ ”
မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီး၏ အသံသည် အဖြူရောင်မျှော်စင်ထဲမှာ ပဲ့တင်ထပ်သွားသည်။
“ ဘိုးဘေးချန်းတောက်ဇီက ကျွမ်းကျင်အဆင့်ထိ တတ်လှမ်းသွားပြီး ဘူမိကလေးငယ်ကို ရက်လုပ်ပြီးတဲ့နောက် သေဆုံးသွားတယ် ပြီးတော့ သူက အစမ်းသပ်ခံဖြစ်လာပြီး ငါတို့မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှာ သိမ်းဆည်းခံထားရတယ်လို့ ကောလဟာလတွေ ထွက်ပေါ်ခဲ့တယ်… ဒါပေမဲ့ တကယ့်လက်တွေ့မှာ ဘိုးဘေးက ဘယ်လိုလုပ် အလွယ်တကူ သေနိုင်မှာလဲ ”
“ ဘိုးဘေးချန်းတောက်ဇီက တာအိုမျိုးစေ့ကို စူးစမ်းလေ့လာဖို့အတွက် အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ခဲ့ပြီး နှစ်နှစ်ချိုက်ချိုက် အိပ်မောကျသွားခဲ့တယ် ”
“ ဘိုးဘေးရဲ့ ခန္ဓာကိုယ်ထဲမှာ တာအိုမျိုးစေ့က ဟိုးအရင်ကတည်းက ရှိပြီးသားပါ… အတိတ်မှာ တာအိုမျိုးစေ့ မရှိဘူးလို့ မင်းက ပြောတယ်… မင်းပြောတဲ့စကားက အဓိပ္ပာယ်မရှိဘူး ”
“ ဒါ့အပြင် ဘိုးဘေးကိုယ်တိုင်တောင် တာအိုမျိုးစေ့ကို စုပ်ယူခဲ့မှတော့ မင်းပြောတဲ့ အရင်းအမြစ်က ဘယ်လိုလုပ်ရှိနိုင်မှာလဲ… ဘိုးဘေးရဲ့ အထက်မှာ ဘယ်သူရှိသေးလဲ ငါ့ကို ပြောစမ်းပါ ”
မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးသည် သူ၏ အင်္ကျီလက်ကို လှုပ်ခါလိုက်ပြီး မောက်မာထောင်လွှားစွာ ပြောသည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး သူ၏ ကျောင်းတော်သားများကို ကြည့်လိုက်သည်။
“ မင်းတို့အားလုံး မျက်လုံးပြူးပြီး သေချာကြည့်ကြ… အဲ့ဒါက မှတ်တမ်းတင်ထားတာ ဟုတ်မဟုတ် မင်းတို့ သိနိုင်လိမ့်မယ်… ဘိုးဘေးက အခု နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေတုန်းပဲ… ဘိုးဘေးရဲ့ တာအိုမျိုးစေ့က မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲက တာအိုမျိုးစေ့နဲ့ အတူတူပဲလားဆိုတာ သေချာကြည့်ကြ ”
မူကွဲအင်မော်တယ်ကျောင်းတော်မှ တပည့်များသည် နှလုံးတုန်သွားကြသည်။ ဘိုးဘေး၏ ဦးခေါင်းပေါ်မှ အစိမ်းရောင်နှင်းပွင့်က သူတို့ပေါင်းစပ်ခဲ့သော နှင်းပွင့်နှင့် တစ်ပုံစံတည်း တူညီကြောင်း သူတို့သတိထားမိကြသည်။
သက်သေအထောက်အထားသည် စကားလုံးများထက် ပိုပြီးကျယ်လောင်ပြီး ကောလဟာလအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။
ထူးဆန်းသော အကြည့်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အစောနက ခံစားမှု၏ ဇစ်မြစ်ကို သူနားလည်သွားသည်။ သို့သော်လည်း သူက အံ့ဩသွားခဲ့သည်။ မူကွဲအင်မော်တယ်ကျောင်းတော်၏ ဘိုးဘေးချန်းတောက်ဇီက အသက်ရှင်နေသေးမည်ဟု သူမျှော်လင့်မထားခဲ့ပေ။
‘ ချန်းတောက်ဇီရဲ့ ဝိညာဉ်က ကျောင်းအုပ်ကြီးရဲ့ ဝိညာဉ်ထက် အဆပေါင်းများစွာ ပိုပြီးသိပ်သည်းတယ်… ဒါပေမဲ့ အစိမ်းရောင်နှင်းပွင့်က သူ့ရဲ့ တိုးတတ်မှုကို ကန့်သတ်ထားတာ စိတ်မကောင်းစရာပဲ… တကယ်လို့ အဲ့ဒီနေရာမှာ ခရမ်းရောင်ဝိညာဉ်မျိုးစေ့သာဆိုရင် သူ့ရဲ့ ဝိညာဉ်ချည်မျှင်က သေချာပေါက် ငါးသိန်းကို ချိုးဖြတ်နိုင်လိမ့်မယ် ’
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။
နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်သည် မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီး၏ စကားကို မတုံ့ပြန်ပေ။ ဤအခိုက်အတန့်မှာ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ လူတိုင်းသည် တည်ကြည်လေးနက်သွားကြသည်။ ဤသည်ကို မြင်သောအခါ မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးသည် ထပ်မံ နှာခေါင်းရှုံ့လိုက်သည်။
“ တံခါးပိတ်ကျင့်ကြံနေတယ်လို့ အရင်က ငါပြောခဲ့တဲ့လူက ငါတို့ကျောင်းတော်ရဲ့ ဘိုးဘေးပဲ… ဘိုးဘေးက တစ်လကြာ တံခါးပိတ်ကျင့်ကြံပြီးရင် ထွက်ပေါ်လာလိမ့်မယ် ”
“ တကယ်လို့ မင်းက သံသယရှိသေးတယ်ဆိုရင် နောက်တစ်လကြာရင် တာအိုဆွေးနွေးပွဲ ကျင်းပရဲလား ”
သူက ထိုသို့ပြောလိုက်သည့်အခါ အဖြူရောင်မျှော်စင်ထဲမှ လူများသာ ထိတ်လန့်သွားကြခြင်းမဟုတ်ဘဲ စူးစမ်းရန် ရောက်ရှိလာကြသော တခြားကျောင်းတော်အသီးသီးမှ ကျောင်းတော်သားများသည်လည်း ထိတ်လန့်သွားကြသည်။ ချက်ချင်းဆိုသလို အဖြူရောင်မျှော်စင်၏ အပြင်ဘက်မှာ ဆူပူအုံကြွမှုဖြစ်ပေါ်လာသည်။
အင်ပါယာအကယ်ဒမီ၏ တာအိုဆွေးနွေးပွဲသည် ကျောင်းတော်များကြားတွင် အဆင့်မြင့်ဆုံး ယှဉ်ပြိုင်မှုဖြစ်ပြီး အင်ပါယာအကယ်ဒမီ၏ အခြေခံအုတ်မြစ်လည်း ဖြစ်သည်။ ဤသည်မှာ ပိုမိုများပြားသော ကျောင်းတော်သားများကို ခေါ်ယူစုဆောင်းရန်နှင့် သူတို့၏ ယုံကြည်မှုကို လက်ခံရရှိရန်အတွက် ကျောင်းတော်အချင်းချင်း တာအိုဆွေးနွေးကြသော ယှဉ်ပြိုင်ပွဲတစ်ခု ဖြစ်သည်။
အင်ပါယာအကယ်ဒမီ၏ အစောပိုင်းနှစ်များတွင် ထိုသို့တာအိုဆွေးနွေးပွဲကို မကြာခဏ ကျင်းပခဲ့သည်။ အမှန်မှာ အဓိကကျောင်းတော်ကြီးများကြားမှ တာအိုဆွေးနွေးပွဲသည် တော်ဝင်မိသားစုနှင့် လူသားဧကရာဇ်၏ စိတ်ဝင်စားမှုကိုပင် ရရှိခဲ့သည်။
သို့သော်လည်း နောက်ပိုင်းတွင် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်က အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး တခြားကျောင်းတော်များကို နောက်ကောက်ချန်ထားနိုင်ခဲ့သဖြင့် ထိုသို့တာအိုဆွေးနွေးပွဲသည် အလွန်ရှားပါးသွားသည်။
သို့သော်လည်း ယနေ့မှာတော့ မူကွဲအင်မော်တယ်ကျောင်းတော်သည် တာအိုဆွေးနွေးပွဲကျင်းပရန် ဦးစွာပြောကြားလိုက်သည်။
ထိုစကားများသည် ဓားအိမ်မှ မထုတ်ရသော ဓားတစ်ချောင်းနှယ် အောက်မေ့ရသည်။
ရုတ်တရက် မူကွဲအင်မော်တယ်ကျောင်းတော်မှ ကျောင်းတော်သားများသည် စိတ်လှုပ်ရှားသွားကြသည်။ အခြားတစ်ဖက်တွင် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ ကျောင်းတော်သားများသည် နှုတ်ဆိတ်သွားကြသည်။
အချိန်အတော်ကြာပြီးနောက် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးသည် မြင်ကွင်းထံမှ သူ့အကြည့်ကို ပြန်ရုပ်လိုက်သည်။ ထို့နောက် သူက မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ကောင်းပြီ… တစ်လကြာပြီလို့ မင်းတို့ဘိုးဘေး တံခါးပိတ်ကျင့်ကြံခြင်းကနေ ထွက်လာတဲ့အခါ ငါတို့တွေ တာအိုဆွေးနွေးကြမယ် ”
ထိုသို့ပြောပြီးနောက် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးသည် အနောက်လှည့်လိုက်ပြီး ထွက်သွားသည်။ သူ၏ အုပ်စုသည်လည်း သုန်မှုန်သော အကြည့်ဖြင့် မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှ ပြန်ထွက်သွားကြသည်။
မူကွဲအင်မော်တယ်ကျောင်းတော်ထဲတွင် လူတိုင်းက စိတ်လှုပ်ရှားသွားကြသည်။ ကျောင်းအုပ်ကြီးသည် ခေါင်းမော့လိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်ကာ အားလုံးကို ငြိမ်သက်သွားစေသည်။ ထို့နောက် သူက လက်နောက်ပစ်လျက် အပေါ်ထပ်သို့ ပြန်တတ်သွားသည်။
ရွှီချင်းသည်တော့ အဖြူရောင်မျှော်စင်ထဲမှ ထွက်ခွာသွားကြသော နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ ကျင့်ကြံသူများကို ကြည့်လိုက်သည်။ သူက သတ္တမမင်းသားနှင့် ကျောင်းအုပ်ကြီးကို အကြိမ်ရေအနည်းငယ် ပိုကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းမော့လိုက်ပြီး အဖြူရောင်မျှော်စင်၏ အပေါ်ထပ်ကို ကြည့်လိုက်သည်။
‘ သူ့ကို နောက်ထပ် ဝိညာဉ်မျိုးစေ့တစ်ခု ထပ်ပေးသင့်လား ’
ရွှီချင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းရောင်နှင်းပွင့်(၉၉)ခုကို အာရုံခံလိုက်သည်။ တစ်ခဏစဉ်းစားပြီးနောက် သူက မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှ ထွက်ခွာသွားသည်။
ညအချိန် အင်ပါယာအကယ်ဒမီထဲတွင် တစ်စုံတစ်ယောက်သည် မူကွဲအင်မော်တယ်ကျောင်းတော်၏ အဖြူရောင်မျှော်စင်ရှေ့မှာ ယခင်ကဲ့သို့ အိတ်တစ်လုံး လာချသွားသည်။
ကျောင်းအုပ်ကြီးသည် ယင်းကို အာရုံခံမိသည်။ သို့သော်လည်း သူက ချက်ချင်း ပျံသန်းထွက်မလာပေ။ ယင်းအစား တစ်ခဏကြာ စောင့်ဆိုင်းပြီးမှ ထွက်လာသည်။ ယင်းကို မည်သူက လာပို့ကြောင်း သူစိတ်မဝင်စားပေ။ ဆန်းကြယ်ဆရာသခင်က မျက်နှာမဖော်ပြချင်ကြောင်း သူသိထားမှတော့ ထိုကိစ္စကို စုံစမ်းပြီး တစ်ဖက်လူကို စိတ်မကျေမနပ်ဖြစ်အောင် သူလုပ်လိမ့်မည် မဟုတ်ပေ။
ယခု သူစိတ်ဝင်စားသည်မှာ ထိုအိတ်ထဲတွင် သူမျှော်လင့်ထားသော ခရမ်းရောင်နှင်းပွင့်ရှိမရှိသာ ဖြစ်သည်။
ကျောင်းအုပ်ကြီးသည် အိတ်ကို ယူဆောင်ပြီးနောက် သူ၏ စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်ကာ လျှို့ဝှက်အခန်းထဲသို့ ဝင်ရောက်သွားသည်။
အထဲမှာ ခရမ်းရောင်နှင်းပွင့် အမှန်တကယ်ရှိကြောင်း သူမြင်သွားသည့်အခါ ကျောင်းအုပ်ကြီးသည် အလွန်စိတ်လှုပ်ရှားသွားသည်။
အချိန်အတော်ကြာပြီးနောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ခရမ်းရောင်နှင်းပွင့်ပါသော ပုလင်းကို ကိုင်ဆောင်လျက် မူကွဲအင်မော်တယ်ကျောင်းတော်၏ တားမြစ်အခန်းဆီသို့ ဝင်ရောက်သွားသည်။ သူက အိပ်မောကျနေသော ချန်းတောက်ဇီ၏ အရှေ့သို့ ရောက်ရှိသွားသည့်အခါ ပုလင်းကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။
တစ်ချိန်တည်းမှာ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ အဖြူရောင်မျှော်စင်ထဲတွင် ထူးခြားသော အဖြစ်အပျက်တစ်ခု ဖြစ်ပျက်နေသည်။
နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ အပေါ်ထပ်ရှိ စာကြည့်တိုက်ထဲတွင် သတ္တမမင်းသားသည် ကျောက်စိမ်းပြားများကို လှန်လှောရှာဖွေနေသည်။
အင်ပါယာအကယ်ဒမီ၏ ဝိသေသအရ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ စာကြည့်တိုက်ထဲတွင် နောင်မျိုးဆက်များ အလွယ်တကူ လေ့လာနိုင်ရန်အတွက် တပည့်အများအပြား၏ ဉာဏ်အလင်းနှင့် အတွေးအမြင်များကို မှတ်တမ်းတင်ထားသည်။ ထိုနည်းဖြင့် နောင်မျိုးဆက်များသည် ရှေးလူများ၏ အတွေးအမြင်ပေါ် အခြေခံပြီး အလွယ်တကူ တိုးတတ်လာနိုင်မည်။
ဤအခိုက်အတန့်မှာ သတ္တမမင်းသားသည် ကျောက်စိမ်းပြားအမျိုးမျိုးကို စစ်ဆေးလေ့လာနေသည်။
အမှန်မှာ သူက ယနေ့ အိမ်ပြန်ရန် စီစဉ်ထားသည်။ သို့သော်လည်း မူကွဲအင်မော်တယ်ကျောင်းတော်မှ ပြန်ရောက်လာပြီးနောက် သူက ကျောင်းအုပ်ကြီးပြောခဲ့သော ‘ နှစ်ခြောက်ဆယ် ’စကားကို ပြန်အမှတ်ရသွားသည်။
“ နှစ်ခြောက်ဆယ်ကြာပြီးရင် ငါက အောင်မြင်ကျော်ကြားတဲ့လူ ဖြစ်လာလိမ့်မယ်… ဒါပေမဲ့ အိမ်ရှေ့စံအမွှေးတိုင်က အမြဲတမ်း လောင်ကျွမ်းနေတာ… ပြီးတော့ အချိန်က တစ်နှစ်ပဲ ရတယ်… ဒါကြောင့် နှစ်ခြောက်ဆယ်ကြာအောင် ငါမစောင့်နိုင်ဘူး ”
ဆန္ဒမရှိမှုသည် သတ္တမမင်းသား၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ဗလာနတ္ထိအဆင့်ကို ချိုးဖြတ်နိုင်ခဲ့သော်လည်း ယင်းက အလွန်နှေးကွေးသည်ဟု သူခံစားမိသည်။ သူက ရွှီချင်းကို အလွန်မုန်းတီးပြီး လက်စားပြန်ချေချင်သည်။ သူက အိမ်ရှေ့စံမင်းသားဖြစ်ချင်ပြီး လူသားမျိုးနွယ်ကို အုပ်ချုပ်ရန် ရည်မှန်းထားသည်။
အစကတော့ သူ၏ ဦးရီးတော် ဘုရင်ထျန်းလန်ကြောင့် သူ့မှာ တောက်ပသော အနာဂတ်မရှိရန် မဖြစ်နိုင်ပေ။
သို့သော်လည်း ယခုတော့…
“ ငါ့ရဲ့ ကျင့်ကြံခြင်းသာ အံ့ဖွယ်ကောင်းတဲ့ အဆင့်ကို ရောက်ရှိနေမယ်ဆိုရင်… အားလုံး အဆင်ပြေသွားလိမ့်မယ် ”
သတ္တမမင်းသားသည် စိတ်လောနေသည်။ သူက တစ်ခဏကြာ စဉ်းစားကြည့်ပြီးနောက် ကျင့်ကြံခြင်းမှာ ဖြတ်လမ်းနည်းရှိနိုင်မည်လောဟု သိချင်လာသည်။ သူက ထိုကိစ္စနှင့်ပတ်သက်ပြီး ကျောင်းအုပ်ကြီးကို မေးမြန်းခဲ့သည်။ သို့သော်လည်း တစ်ဖက်လူက သူ့ကို မပြောပြခဲ့ပေ။
ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ နှစ်နာရီကြာပြီးနောက် ကျင့်ကြံခြင်းမှတ်တမ်းအများအပြားကို စစ်ဆေးလေ့လာနေသော သတ္တမမင်းသားသည် ရပ်တန့်သွားသည်။ အနက်ရောင်အလင်းတန်းသည် သူ၏ မျက်လုံးထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ သူက ခေါင်းငုံ့လိုက်ပြီး သူ၏ လက်ထဲမှ ကျောက်စိမ်းပြားကို ကြည့်လိုက်သည်။
ထိုကျောက်စိမ်းပြားသည် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ စီနီယာတစ်ဦး၏ ဉာဏ်အလင်းဖြစ်သည်။ သူက အကြံဉာဏ်တစ်ခုကို ဖော်ပြထားသည်။ ယင်းက မျိုးနွယ်တူမှ ဝိညာဉ်များကို အလုံအလောက် စုပ်ယူရင်း နတ်ဘုရားသက်ရှိများ၏ အသွေးအသားများနှင့် ခန္ဓာကိုယ်၏ ပေါင်းစပ်မှုကို ပိုမိုမြန်ဆန်လာစေမည်။ ထို့ပြင် ယင်းက မူလအကန့်အသတ်ကို ချိုးဖြတ်နိုင်သည်။
သို့သော်လည်း ထိုနည်းလမ်းသည် အလွန်ရက်စက်ပြီး လူသားသဘာဝကို ဆန့်ကျင်နေသည်။ ထို့ကြောင့် ထိုစီနီယာသည် ယင်းကို လက်လျော့လိုက်ပြီး သူ၏ ရန်သူများအပေါ်မှာသာ အသုံးပြုခဲ့သည်။
သတ္တမမင်းသားသည် နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက စာကြည့်တိုက်ထဲမှ ပြန်ထွက်သွားသည်။
ကျောက်စိမ်းပြားကိုတော့ သူက မူလနေရာမှာ ပြန်ချထားခဲ့သည်။
အချိန်အတော်ကြာပြီးနောက် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီး၏ ပုံရိပ်သည် စာကြည့်တိုက်ထဲမှာ တိတ်တဆိတ် ထွက်ပေါ်လာသည်။ သူက အစောနက သတ္တမမင်းသားရှိနေခဲ့သော နေရာမှာ ရပ်လိုက်ပြီး ခေါင်းငုံ့လိုက်ကာ ကျောက်စိမ်းပြားကို ကြည့်လိုက်သည်။ မျက်နှာဖုံးအောက်မှ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ခပ်ရေးရေး ထွက်ပေါ်လာသည်။