← Chapters

ဝိညာဉ်အသံ၏ အရှင်သခင်အသစ်(ခ)

Vol. 95 Ch. 1464

ဝိညာဉ်အသံ၏ အရှင်သခင်အသစ်(ခ)

Vol. 95 Ch. 1464

ရုပ်သေးရုပ်၏ တစ်ကိုယ်လုံးက တုန်ယင်သွားပြီး အက်ကွဲရာများက ပိုမိုများပြားလာသည်။ ပမာဏများပြားသော သွေးက ၎င်း၏ ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်လာသည်။ ၎င်းက တိုက်ရိုက် သတိမေ့သွားစဉ် ၎င်း၏ လည်ပင်းပေါ်မှာ ချိတ်ဆွဲထားသော ပုလွေအကျိုးက လွင့်ပြယ်သွားသည်။

လီဇီမေသည်တော့ သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက ဤအခိုက်အတန့်မှာ တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ သူက တားမြစ်ဒေသကြီးနှင့် အပြည့်အဝ ပေါင်းစည်းသွားသည်။ တစ်ချိန်တည်းမှာ ဇကာပေါက်ဖြစ်နေသော သူ၏ ဝိညာဉ်က စတင်ပြန်ကောင်းလာသည်။

သစ်ပင်အကိုင်းအခတ်များသည် အရပ်မျက်နှာအဘက်ဘက်မှ ဆန့်တန်းထွက်လာကြပြီး လီဇီမေကို ဝန်းရံလိုက်ကြသည်။ ၎င်းတို့က အတူတကွ ယှက်ထွေသွားကြပြီး နောက်ဆုံးမှာတော့ သစ်ပင်ကြီးတစ်ပင်အဖြစ်သို့ ပြောင်းလဲသွားသည်။

လီဇီမေ၏ ခန္ဓာကိုယ်တစ်ဝက်က သစ်ပင်ကြီးနှင့် ပေါင်းစပ်သွားပြီး သူ၏ မျက်နှာက ထွက်ပေါ်လာသည်။ သူ၏ မျက်နှာက ယခင်ကဲ့သို့ ပုံပျက်တွန့်လိမ်မနေဘဲ ကြည်လင်နေသည်။

သူ၏ ရင်ဘက်ပေါ်တွင် ပုလွေအကျိုးက ထွက်ပေါ်လာသည်။

ယင်းက ဝိညာဉ်အသံတားမြစ်ဒေသကြီး၏ အရှင်သခင်ဖြစ်သည်ဟူသော အမှတ်လက္ခဏာ ဖြစ်သည်။

ရွှီချင်းက သူ့ကို ကြည့်လိုက်သည်။ ယခု လီဇီမေက အိပ်မောကျနေသေးကြောင်း သူသိသည်။ အနာဂတ်မှာ သူနိုးထလာသည့်အခါ ဝိညာဉ်အသံ၏ အရှင်သခင်အသစ် ဖြစ်လာလိမ့်မည်။

“ လီဇီမေ… မင်း အဆင်ပြေမယ်လို့ ငါမျှော်လင့်တယ်… မင်း အမြဲတမ်း ပျော်ရွှင်နေဖို့ ငါမျှော်လင့်တယ် ”

ရွှီချင်းက နူးညံ့စွာ ပြောသည်။ အတိတ်မှာ လီဇီမေက သူ့ကို ကောင်းချီပေးခဲ့သကဲ့သို့ သူက ပြန်လည်ကောင်းချီးပေးလိုက်သည်။

ထိုအသံက လီဇီမေ၏ နားထဲသို့ ဝင်ရောက်သွားသည်။ သူက နက်ရှိုင်းစွာ အိပ်မောကျနေသော်လည်း သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားသည်။ သူက မျက်လုံးမဖွင့်နိုင်သော်လည်း မျက်ရည်က သူ၏ မျက်လုံးထောင့်မှ စီးကျလာသည်။

မျက်ရည်စက်က သူ၏ ပါးပြင်ကို ဖြတ်သန်းသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

သူက နက်ရှိုင်းစွာ အိပ်ပျော်နေသော်လည်း အနည်းငယ် သတိရှိသေးဟန် ရသည်။ မျက်ရည်စက်က မြေပြင်ပေါ်သို့ ကျဆင်းသွားသည့်အခါ ထိုနေရာတွင် လှပသော ပန်းတစ်ပွင့် ပွင့်လန်းလာသည်။

ရွှီချင်းက ထွက်သွားသည်။

သူက သတိမေ့နေသော ရုပ်သေးရုပ်ကို ယူဆောင်သွားသည်။ ၎င်းက ရှေးဟောင်းဝိညာဉ်အင်ပါယာအတွက် သူပြင်ဆင်ထားသော လက်ဆောင်ဖြစ်သည်။

ချင်းချိုးသည်တော့ ရွှီချင်းက လက်မြှောက်လိုက်သည့်အခါ သူ၏ သတိမေ့နေသော ခန္ဓာကိုယ်က လေထဲသို့ မြှောက်တတ်သွားသည်။ ရွှီချင်းက လေထဲသို့ မြှောက်တတ်သွားပြီး ကောင်းကင်ဘုံသူတော်စင်စေတီဆီသို့ ပျံသန်းသွားစဉ် ချင်းချိုး၏ ခန္ဓာကိုယ်က သူနှင့်အတူ လိုက်ပါလာသည်။

သူက စေတီထဲသို့ ဝင်ရောက်တော့မည့်အချိန် ခြေလှမ်းကို ရပ်တန့်လိုက်ပြီး အဝေးမှ မိုးကုပ်စက်ဝိုင်းကို ကြည့်လိုက်သည်။

တစ်ခဏကြာပြီးနောက် ပုံရိပ်ဒါဇင်ခန့်က မိုးကုပ်စက်ဝိုင်းမှ ပျံသန်းလာကြသည်။

သူတို့ထဲတွင် ယင်ဟွမ်ပြည်နယ်၏ ဓားကိုင်ရုံးတော်မှ မဟာအကြီးအကဲနှင့် ဖုန်းဟိုင်ဒေသငယ်မှ စေလွှတ်လိုက်သော ဓားကိုင်များ ပါဝင်ကြသည်။ လီထူဂိုဏ်းမှ ပညာရှင်ကျင့်ကြံသူတချို့နှင့် ထိုက်စီရှန်းမုန့်ဂိုဏ်းမှ ပညာရှင်ကျင့်ကြံသူတချို့လည်း ပါဝင်ကြသည်။

အဝေးမှ သူတို့က ကောင်းကင်ဘုံသူတော်စင်စေတီကို မြင်လိုက်ရသောအခါ အံ့ဩထိတ်လန့်သွားကြသည်။ သူတို့၏ အကြည့်က ရွှီချင်းပေါ်သို့ ကျရောက်သွားသည့်အခါ ယင်ဟွမ်ပြည်နယ်မှ ဓားကိုင်ရုံးတော်၏ မဟာအကြီးအကဲက ချက်ချင်း အရိုအသေပေးလိုက်သည်။

“ နှုတ်ဆက်ပါတယ် ဒေသအရှင်သခင် ”

ဖုန်းဟိုင်ဒေသငယ်မှ ရောက်ရှိလာသူသည် ရွှီချင်းရင်းနှီးကျွမ်းဝင်သောလူ မဟုတ်ပေ။ ထိုလူက လက်တလောအတွင်းမှ ဖုန်းဟိုင်ဒေသငယ်က ခေါ်ယူစုဆောင်းထားသော မျိုးနွယ်ခြားကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

သူတို့က ရွှီချင်း၏ အစစ်အမှန်ခန္ဓာကိုယ်ကို ယခင်က မမြင်ဖူးသော်လည်း ရွှီချင်း၏ ပုံတူပန်းချီကို မြင်ဖူးကြသည်။ ယခု သူတို့က ရွှီချင်းကို မြင်လိုက်ရသောအခါ နှလုံးတုန်သွားကြသည်။ သူတို့က ချက်ချင်း ခေါင်းငုံ့လိုက်ကြပြီး အရိုအသေပေးလိုက်ကြသည်။

ထိုက်စီရှန်းမုန့်ဂိုဏ်းနှင့် လီထူဂိုဏ်းသည်လည်း သူ့ကို နှုတ်ဆက်လိုက်ကြသည်။

ထိုက်စီရှန်းမုန့်ဂိုဏ်းက အနည်းငယ် စိုးရိမ်ကြောင့်ကြနေစဉ် လီထူဂိုဏ်းက ပိုပြီးစိုးရိမ်ကြောင့်ကြနေသည်။ သူတို့ထဲတွင် သူ၏ အစောပိုင်းနှစ်များ၌ ရွှီချင်းမြင်ဖူးသော တစ်စုံတစ်ယောက် ပါရှိသည်။

ထိုလူက ချင်းချိုး၏ အကိုကြီးဖြစ်သည်။

သူက လူတိုင်း၏ အနောက်မှ လိုက်လာခဲ့ပြီး လူငယ်မျိုးဆက်ထဲမှ တစ်ယောက်ဖြစ်သည်။

သူက ရွှီချင်းကို မြင်သွားသောအခါ သူ၏ စိတ်ခံစားချက်များက လှိုင်းထသွားသည်။ ရွှီချင်းက အတိတ်တုန်းက ထိုကောင်လေးဖြစ်ကြောင်း ချင်းချိုးထံမှ သူသိခဲ့သည်။

သူက ရွှီချင်း၏ လက်ရှိ သရုပ်အဆင့်အတန်းနှင့် ဤနှစ်များတွင် သူ၏ ဂုဏ်သတင်းများကို ကြားသိထားခဲ့သော်လည်း ယခုကဲ့သို့ ရွှီချင်းကို ကိုယ်တိုင်မြင်လိုက်ရသောအခါ သူ၏ နှလုံးသားထဲမှ စိတ်ခံစားချက်များကို ဖိနှိပ်ထားရန် ခက်ခဲနေဆဲပင်။

အတိတ်တုန်းက ညစ်ပတ်စုတ်ပြတ်နေသော ကောင်လေး၏ ပုံရိပ်က သူ၏ စိတ်ထဲမှာ အလိုအလျောက် ထွက်ပေါ်လာသည်။

အချိန်က မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားဟန် ရ၏။

အတိတ်တွင် သူက ရွှီချင်းကို လျစ်လျူရှုခဲ့ပြီး ထွက်သွားခဲ့သည်။ ယနေ့ သူက ရွှီချင်းကို လူတိုင်းနှင့်အတူ အရိုအသေပေးနေရသည်။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းက စေတီထဲသို့ လျှောက်ဝင်သွားသည်။

ချင်းချိုးကိုတော့ လီထူဂိုဏ်းက ပြန်ခေါ်သွားသည်။ လီထူဂိုဏ်း၏ ပြောကြားမှုအရ သူတို့ဆီမှာ ချင်းချိုးကို ကုသပေးနိုင်သော လျှို့ဝှက်အတတ်ပညာတစ်ခု ရှိသည်။

တစ်ချိန်တည်းမှာ သူတို့က ရွှီချင်းကို ရိုသေလေးစားစွာ ဆက်ဆံကြသည်။ လီထူဂိုဏ်း၏ မူဝါဒက သူတော်စင်ကုန်းမြေများနှင့် ဆက်စပ်နေသော်လည်း ယင်းက အတိတ်မှာသာ ဖြစ်သည်။ အနာဂတ်မှာ သူတို့က ဝမ်ကူးကုန်းမြေဘက်တွင် မြဲမြံစွာ ရပ်တည်ကြလိမ့်မည်။

ချင်းချိုးသည်တော့ အရှေ့ပိုင်းဝမ်ကူးကုန်းမြေမှ လီထူဂိုဏ်း၏ သူတော်စင်သမီးပျိုဖြစ်လာပြီး ကံကြမ္မာဟောပြောသူ၏ အမွေအနှစ်ကို ဆက်ခံရလိမ့်မည်။

ထိုက်စီရှန်းမုန့်ဂိုဏ်း၏ ကိစ္စနှင့်ပတ်သက်ပြီး ရွှီချင်းက ယင်ဟွမ်ပြည်နယ်မှ ဓားကိုင်ရုံးတော်ကို လက်လွှဲပေးခဲ့သည်။ သူတို့က ဤကိစ္စကို အသေးစိတ် စုံစမ်းစစ်ဆေးကြလိမ့်မည်။ အကယ်၍ ထိုက်စီရှန်းမုန့်ဂိုဏ်းက တားမြစ်ဒေသကြီး၏ အရှင်သခင်ကို အမှန်တကယ် ကူညီပေးခဲ့သည်ဆိုလျှင် သူတို့က သေချာပေါက် အပြစ်ဒဏ်ပေးခံရလိမ့်မည်။

ထို့နောက် လူတိုင်း၏ ရိုသေလေးစားစွာ နှုတ်ဆက်မှုအောက်မှာ စေတီက သက်တံ့အလင်းရောင် တောက်ပလာပြီး မိုးကုပ်စက်ဝိုင်းဆီသို့ ထွက်ခွာသွားသည်။

ထို့နောက် လူတိုင်းက အတွေးကိုယ်စီဖြင့် ပြန်ထွက်ခွာသွားကြသည်။

ကောင်းကင်သည် အမှောင်ညသို့ တဖြည်းဖြည်း ပြန်ရောက်သွားသည်။

ဝိညာဉ်အသံတားမြစ်ဒေသကြီးသည် ဒြပ်နှောများဖြင့် တဖန်ပြည့်နှက်သွားသည်။ ပုလွေသံသည် တားမြစ်ဒေသကြီး၏ အလယ်ရှိ သစ်ပင်ကြီးထံမှ ရံဖန်ရံခါ ထွက်ပေါ်လာလေ့ ရှိသည်။

နှစ်ရက်ကြာပြီးနောက်…

ဖုန်းဟိုင်ဒေသငယ်ထဲမှ သစ်သားဝိညာဉ်မျိုးနွယ်၏ ပိုင်နက်ထဲတွင် မရေမတွက်နိုင်သော မိုးမျှော်သစ်ပင်ကြီးများဖြင့် ပြည့်နှက်နေသည်။ ကောင်းကင်ပေါ်တွင် အဖြူရောင်တိမ်တိုက်များက ပြွတ်သိပ်တည်ရှိနေကြသည်။ ဤအခိုက်အတန့်မှာ ကောင်းကင်ဘုံသူတော်စင်စေတီက ဤနေရာဆီသို့ ဆင်းသက်လာသည်။

စေတီက ဆင်းသက်လာသည့်အခိုက် ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ပျံ့နှံ့ထွက်လာသည်။ သစ်သားဝိညာဉ်မျိုးနွယ်၏ မဟာအကြီးအကဲနှင့် မျိုးနွယ်ထဲမှ ပညာရှင်ကျင့်ကြံသူများက လေထဲသို့ ပျံသန်းသွားကြသည်။ သူတို့က ထူးဆန်းနေကြစဉ် ရွှီချင်းက စေတီထဲမှ ထွက်လျှောက်လာသည်။

သူတို့၏ အနောက်တွင် အဖိုးကိုးနှင့် အားညိုက ထွက်လျှောက်လာကြသည်။

ရွှီချင်းကို မြင်တွေ့သွားသောအခါ သစ်သားဝိညာဉ်မျိုးနွယ်၏ ခေါင်းဆောင်နှင့် မဟာအကြီးအကဲက စိတ်သက်သာရာရသွားကြပြီး အမြန်နှုတ်ဆက်လိုက်ကြသည်။

သူတို့နှင့် စကားစမြည်ပြောပြီးနောက် ရွှီချင်းက သူ၏ ရည်ရွယ်ချက်ကို ပြောသည်။

ရွှီချင်းက ရှေးဟောင်းဝိညာဉ်အင်ပါယာ တည်ရှိသော ဝိညာဉ်ချောက်နက်ဆီသို့ သွားချင်ကြောင်း သူတို့ကြားသောအခါ သစ်သားဝိညာဉ်မျိုးနွယ်က မြေအောက်လျှို့ဝှက်နယ်မြေကို ချက်ချင်း ဖွင့်လှစ်လိုက်ပြီး ပူးပေါင်းဆောင်ရွက်လိုက်ကြသည်။

မကြာမီ သူတို့အုပ်စုက မြေအောက်လျှို့ဝှက်နယ်မြေထဲမှ အနက်ရောင်လှိုဏ်ဂူဆီသို့ ရောက်ရှိသွားကြသည်။

လှိုဏ်ဂူထဲမှာ မတ်တတ်ရပ်နေရင်း ဘေးပတ်ဝန်းကျင်မှ အအေးဓာတ်ကို အာရုံခံမိသွားသောအခါ အဖိုးကိုးက အရှေ့ဆုံးမှ လျှောက်သွားသည်။

ရွှီချင်းက အဖိုးကိုး၏ အနောက်မှ လိုက်သွားသည်။

အားညို၏ မျက်နှာပေါ်တွင် စူးစမ်းလိုမှုဖြင့် ပြည့်နှက်နေသည်။ သူက ဤနေရာကို ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး လှိုဏ်ဂူထဲသို့ ဝင်သွားသည်။

သူတို့သုံးယောက်က အောက်သို့ ဆင်းသွားကြသည်။

သေခြင်းအရှိန်အဝါသည် လှိုဏ်ဂူ၏ အောက်ဘက်မှ ပင့်တတ်လာသည်။ အအေးဓာတ်သည် ပိုပြီးအားကောင်းလာသည်။ ထို့နောက် ငရဲပြည်မှ ထွက်ပေါ်လာဟန်ရသော ဟိန်းသံများက ချောက်ချားဖွယ်ကောင်းစွာ ပဲ့တင်ထပ်လာသည်။

ပြင်းထန်သော တွန်းကန်အားသည်လည်း အောက်ဘက်မှ ဆက်တိုက် တိုးထွက်လာနေသည်။

သို့သော်လည်း သူတို့သုံးယောက်အတွက်တော့ ယင်းက အသေးအမွှားသာ ဖြစ်သည်။

သူတို့က အရှေ့သို့ ဆက်လျှောက်သွားနေစဉ် သူတို့၏ ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်နေသော ဖိအားက သေခြင်းအရှိန်အဝါကို ပြိုကွဲသွားစေပြီး ဟိန်းသံများကို ဖိနှိပ်လိုက်သည်။ တွန်းကန်အားသည်လည်း အက်ကွဲသွားသည်။

သူတို့က တဖြည်းဖြည်း လှိုဏ်ဂူ၏ အောက်ခြေနှင့် နီးကပ်လာကြသည်။

“ ချင်းလေး… ဒီနေရာက နေရာကောင်းပဲ ”

အားညိုက မြန်ဆန်စွာ လမ်းလျှောက်နေစဉ် မျက်လုံးဝင်းလက်သွားသည်။ သူက ဘေးပတ်ဝန်းကျင်ကို အာရုံခံမိသွားသည့်အခါ နှုတ်ခမ်းသပ်လိုက်ပြီး အမြန်အသံပို့လွှတ်လိုက်သည်။

“ ဒီနေရာက ကမ္မအတွင်းမှာ မရှိဘူး… ကောင်းကင်ဘုံတာအိုရဲ့ အပြင်ဘက်မှာပဲ… ဒီနေရာမှာ သူ့ကိုယ်ပိုင် သံသရာစက်ဝန်းနဲ့ သေခြင်းရှင်ခြင်းပဲ ရှိတယ်… ”

“ ဒီနေရာက ဖုန်းဆိုးမြေဆိုပေမဲ့ ပုန်းအောင်းဖို့အတွက် အရမ်းသင့်တော်တယ် ”

“ ဒါ့အပြင် ရတနာတွေကို ငါအနံ့ခံမိတယ် ”

အားညို၏ မျက်လုံးထဲမှ အလင်းရောင်က ပိုပြီးတောက်ပလာသည်။ သူက ဆက်လက် စကားပြောရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူတို့၏ မြန်ဆန်သော အလျင်ကြောင့် သူတို့က လှိုဏ်ဂူ၏ အောက်ခြေသို့ ရောက်ရှိသွားကြပြီး ဗလာနတ္ထိလောကထဲသို့ ဝင်ရောက်သွားကြသည်။

ထိုလောကထဲတွင် အရာအားလုံးကို မြူခိုးက ဖုံးလွှမ်းထားသည်။ သာမန်မျက်စိဖြင့် အဝေးသို့ မြင်နိုင်ရန် အလွန်ခဲယဉ်းပေသည်။

သို့သော်လည်း လက်ရှိ ရွှီချင်းက အတိတ်တုန်းကနှင့် ကောင်းကင်နှင့် မြေပြင်ပမာ ကွာခြားသည်။ သူ၏ အသိစိတ်ကို ဖြန့်ကြက်လိုက်သည်နှင့်ချက်ချင်း အရာအားလုံးက ကြည်လင်ရှင်းလင်းလာသည်။ သူက ဧရာမမြွေကို ရှာဖွေရန် လမ်းကို ဦးဆောင်လိုက်သည်။

လမ်းတစ်လျှောက်တွင် အားညိုက ပိုပြီးနှုတ်ခမ်းသပ်လာသည်။ ဤနေရာအပေါ် သူ၏ စိတ်ဝင်စားမှုက ပိုပြီးတိုးပွားလာသည်။

အဖိုးကိုးသည်တော့ အစကတည်းက အမူအရာကင်းမဲ့နေသည်။

ထိုသို့ဖြင့် ဆယ်မိနစ်ကုန်ဆုံးသွားသည်။ ရွှီချင်းက မြူခိုးထဲမှာ ရွေ့လျားသွားနေစဉ် သူ၏ နတ်ဘုရားစိတ်အာရုံထဲမှ ဦးတည်ရာတစ်ခုကို ရုတ်တရက် ပစ်မှတ်ထားလိုက်သည်။

“ ဟမ် ”

ရွှီချင်းက သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ထိုဦးတည်ရာဆီသို့ ခေါင်းလှည့်လိုက်သည်။

အစောနက သူ၏ နတ်ဘုရားစိတ်အာရုံထဲတွင် အတိတ်အကြွင်းအကျန်ကို ဝေဝေဝါးဝါး အာရုံခံမိသွားသည်။

ထိုအကြွင်းအကျန်သည် ရှေးကျပြီး ပုန်းအောင်းနေသည်။ ထို့ပြင် ၎င်းမှာ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင် တစ်စွန်းတစ်စလည်း ရှိသည်။

“ အဲ့ဒါကို လျစ်လျူရှုထားလိုက်ပါ ”

အဖိုးကိုးက တည်ငြိမ်စွာ ပြောသည်။

အားညိုသည်လည်း ထိုဦးတည်ရာကို ကြည့်လိုက်ပြီး နှုတ်ခမ်းသပ်လိုက်သည်။

ရွှီချင်းက အကြည့်ပြန်ရုပ်လိုက်ပြီး အရှေ့သို့ ဆက်လျှောက်သွားသည်။

အချိန်အတော်ကြာပြီးနောက် သူက ပစ်မှတ်ကို ရှာတွေ့သွားသည်။

၎င်းက ပုပ်သိုးဆွေးမြေ့နေပြီး သေခြင်းအရှိန်အဝါကို ထုတ်လွှတ်နေသော ဧရာမမြွေတစ်ကောင် ဖြစ်သည်။

ထိုမြွေသည် မြူခိုးထဲမှာ သေဆုံးနေပြီး ၎င်း၏ ခန္ဓာကိုယ်က ပုပ်သိုးဆွေးမြေ့နေသည်။ တစ်ချိန်တည်းမှာ ၎င်း၏ ဦးခေါင်းပေါ်တွင် မဟာလောကတစ်ခုကို သယ်ဆောင်ထားသည်။

ထိုမဟာလောကက ဝေဝါးနေပြီး အော်ဟစ်ညည်းညူသံများကို ထုတ်လွှတ်နေသည်။ နှလုံးကွဲကြေသော အော်သံများက မြူခိုးနှင့် ဟင်းလင်းပြင်ထဲမှ ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံထဲသို့ ဝင်ရောက်လာသည်။

အနက်ရောင်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်နှင့် သူ၏ ခန္ဓာကိုယ်က ချက်ချင်း ပျောက်ကွယ်သွားသည်။ နောက်အခိုက်အတန့်မှာ သူတို့သုံးယောက်က ဧရာမမြွေ၏ ဦးခေါင်းပေါ်မှ မဟာလောက၏ အပေါ်မှာ ပြန်ထွက်ပေါ်လာကြသည်။

“ အဲ့ဒါပဲ ”

ရွှီချင်း၏ စကားဆုံးသည်နှင့် သူတို့သုံးယောက်က ဥက္ကာပျံများသဖွယ် မဟာလောကဆီသို့ ပျံသန်းသွားကြသည်။

သူတို့က အနားသို့ ချဉ်းကပ်သွားသည်နှင့်ချက်ချင်း ဧရာမမြွေ၏ ခန္ဓာကိုယ်က ပိုပြီးကြီးသထက် ကြီးမားလာသည်။

မဟာလောကသည်လည်း ပိုပြီးထင်ရှားလာသည်။

နောက်ဆုံးမှာတော့ ဝုန်းခနဲ မြည်သံက ပဲ့တင်ထပ်သွားသည့်အခါ သူတို့သုံးယောက်က မဟာလောက၏ အကာအကွယ်အလွှာကို ချိုးဖြတ်သွားပြီး အထဲသို့ ဆင်းသက်သွားကြသည်။

မြူခိုးက ကောင်းကင်ကို ဖုံးလွှမ်းထားသည်။ ဤနေရာတွင် နေနှင့်လ မရှိပေ။ တစ္ဆေပုံရိပ်များကိုသာ မြူခိုးထဲတွင် မြင်တွေ့နိုင်ပေသည်။ မှေးမှိန်သော အလင်းရောင်ကြောင့် ဤလောကက ဝေဝါးနေသည်။

မြေပြင်ပေါ်တွင်တော့ ပုပ်သိုးဆွေးမြေ့နေသော အသွေးအသားများကို လမ်းခင်းထားသည်။ ဤနေရာတွင် သစ်ပင်များနှင့် တောင်တန်းများ မရှိပေ။ အဆုံးမဲ့သော သေခြင်းအရှိန်အဝါသာ ရှိသည်။

သူတို့သုံးယောက် ဆင်းသက်လာသည်နှင့်ချက်ချင်း အဝေးမှ အသွေးအသားနန်းတော်၏ ကောင်းကင်ပေါ်မှာ လွင့်မျောနေသော ဧရာမမျက်လုံးက ရုတ်တရက် ပွင့်သွားသည်။

“ သေစမ်း… အဲ့ဒီကောင်က ဘာလို့ ထပ်ရောက်လာတာလဲ ”

All Chapters