← Chapters

နေရာတိုင်းမှ စောင့်ကြိုနေသော အန္တရာယ်များ ( ၂ )

Vol. 2 Ch. 27

နေရာတိုင်းမှ စောင့်ကြိုနေသော အန္တရာယ်များ ( ၂ )

Vol. 2 Ch. 27

ရွှီချင်း နားလည်သွားသည်။ လွမ်ယာကို ကျေးဇူးတင်ပြီးနောက် ပစ္စည်းကို သိမ်းဆည်းထားလိုက်သည်။ များမကြာခင် လူအားလုံး နိုးနိုးကြားကြား ရှိလာကြသည်။ သူတို့ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်၍ ဖြည်းညင်းစွာ ခရီးဆက်နေကြ၏။

အစောပိုင်းကထက်စာလျှင် ယခုတစ်ခေါက်ခရီးသည် များစွာ တိတ်ဆိတ်ငြိမ်သက်နေသည်။

ယမန်နေ့က ဝံပုလွေနက်အုပ်စု ပေါ်လာခဲ့သည့်အတွက်ကြောင့် ဖြစ်ပေမည်။ ထိုနေရာတွင် တခြားသားရဲများ ရှင်းလင်းနေသည်။

သို့ဖြစ်၍ မိုးကြိုးအဖွဲ့သည် လမ်းခရီးတစ်လျှောက် အန္တရာယ်တစ်စုံတရာ မတွေ့ခဲ့ရချေ။ ထိုသို့ဖြင့် တားမြစ်နယ်မြေ၏အစွန်အဖျားနှင့် အတွင်းပိုင်းအကြားရှိ နယ်နိမိတ်ကို သူတို့ ရောက်လာကြသည်။

ထိုနေရာရှိ မြေမျက်နှာသွင်ပြင်၌ သစ်ပင်ကြီးများ ထူထပ်စွာ ပေါက်ရောက်နေသည်သာမက တောင်ကုန်းများနှင့် စမ်းချောင်းလေးများလည်း ရှိနေသည်။ သို့သော်လည်း စမ်းရေသည် ကြည်လင်ဝင်းပမနေဘဲ မည်းနက်နေကာ သောက်သုံး၍မရပေ။

တောနက်ကြီး၏ တစ်နေရာ၌ လူသူအရောက်အပေါက်နည်းသော လမ်းကျဉ်းကျဉ်းလေးတစ်လမ်း ရှိပြီး ထိုလမ်းကလေး၏အလွန်တွင် လျှိုမြောင်လေးတစ်ခု ရှိနေကာ မျက်စိပသာဒဖြစ်စေသော မြင်ကွင်းတစ်ရပ် ရှိနေသည်။

ရွှီချင်းတို့အဖွဲ့သည် လျှိုမြောင်လေးထဲ ရောက်လာသောအခါ တခြားကမ္ဘာကို ရောက်သွားသည့်အလား မြင်ကွင်းတစ်ရပ်က သူ့ကို ကြိုဆိုနေသည်။

လျှိုမြောင်လေး၏ထိပ်ဖျားတွင် ကြိမ်ပင်များ ထူထပ်သိပ်သည်းစွာ ပေါက်ရောက်နေသည်ဖြစ်၍ နေပျောက်ပင် မထိုးနိုင်အောင် ဖြစ်နေသည်။ သစ်ပင်ကြီးများ မရှိပါသော်ငြား အပင်ကလေးများနှင့် ပန်းပင်များ နေရာအနှံ့ ပေါက်နေသည်။

အရောင်အသွေးစုံလင်သော လက်သီးဆုပ်အရွယ်ပန်းပွင့်ကလေးများ လျှိုမြောင်အနှံ့ ပြည့်နေသည်။ အပြာဖျော့ဖျော့ဝင်းလက်နေသော မြက်ပင်ကလေးများသည်လည်း တူယှဉ်တွဲကာ ပေါက်နေသည်။

ထိုမြက်ပင်တစ်ပင်စီ၏ ပင်စည်၌ အရွက်ခုနစ်ရွက် ရှိနေသည်။

၎င်းတို့သည် တိတ်ဆိတ်အေးချမ်းသော လျှိုမြောင်လေးကို ကြယ်တာရာကောင်းကင်ကြီး အဖြစ် အသွင်ပြောင်းနေသည့်အလား ကြယ်ပွင့်လေးများသဖွယ် တဖျပ်ဖျပ် ဝင်းလက်နေသည်။ ထူးခြားသောအသွင်ဆောင်သည့် အလှတရားတစ်ရပ်ဟူ၍ပင် ဆိုရပေမည်။

ထိုလျှိုမြောင်လေးကို သူတို့ ရှာတွေ့ထားခဲ့သည်ဖြစ်ပြီး ထိုကဲ့သို့ ရိတ်သိမ်းရန်နေရာများသည် ထိပ်တန်းလျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။ အဖွဲ့တစ်ခု ရှင်သန်ရပ်တည်နိုင်မည့် အခြေခံလည်း ဖြစ်ပေ၏။

လျှိုမြောင်ထဲ သူတို့ ရောက်လာပြီးနောက် ရိတ်သိမ်းရန် အထူးနည်းလမ်းတစ်မျိုး လိုအပ်သည်ကို သူတို့ မြင်လိုက်ရာ ရွှီချင်းကို ဝင်ရောက်မခူးခိုင်းတော့ချေ။ သူတို့လေးယောက်သာ လူစုခွဲ၍ ခူးလိုက်ကြသည်။

ရွှီချင်းသည် သူတို့ခူးနေသည့်ပုံစံများကို မှတ်သားထားပါသော်လည်း အတင်းအကြပ် ဝင်ခူးခြင်း မလုပ်ချေ။ ထို့နောက် သူသည် တင်ပျဉ်ခွေထိုင်၍သာ တိတ်ဆိတ်စွာ အသက်ရှူနည်းကျင့်စဉ်ကို ကျင့်ကြံနေလိုက်သည်။

ယမန်နေ့က တိုက်ပွဲပြီးနောက် သူ့ကျင့်ကြံခြင်းအခြေခံသည် မဆုတ်မနစ်လေ့ကျင့်နေခြင်းကြောင့် များစွာ တိုးတက်လာဟန်တူသည်။ ယခု အဆင့်တက်နိုင်သည့် အတားအဆီးကို သူ ရောက်နေပြီဖြစ်သည်။

လာမည့်အရေးပေါ်အခြေအနေအတွက် အသက်ရှင်နိုင်ရန် အခွင့်အလမ်း ပိုများလာစေရန် ရွှီချင်းသည် အချိန်ကို ဖြုန်းတီးမနေပေ။ တားမြစ်နယ်မြေထဲ သူ ရောက်နေသည့်တိုင်အောင် တောင်တန်းပင်လယ်ပညာရပ်ကို သုံး၍ ဘေးပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအားများကို စုပ်ယူလိုက်သည်။

ဝိညာဉ်စွမ်းအားများ ပေါ်ထွက်လာခြင်းကြောင့် လျှိုမြောင်ထဲတွင် လေများတဟူးဟူး တိုက်ခတ်လာသည်။

ခေါင်းဆောင်လဲ့သည် ရွှီချင်းကို လှမ်းကြည့်လိုက်သော်လည်း မဟန့်တားပေ။ အပြန်လမ်းတွင် အလစ်တိုက်ခိုက်ခံရနိုင်သည့်အခွင့်အရေး များသည်ကို သူသည်လည်း ကောင်းစွာ သတိထားမိသည်။ ယခုအချိန်၌ ခွန်အားအနည်းငယ်မျှ တိုးတက်လာသည်ပင် အသက်ရှင်နိုင်ရန် အခွင့်အရေး များလာစေလိမ့်မည်။

သူတို့ အပင်ခူးနေစဉ် မကြာခင် ရွှီချင်း၏ခန္ဓာကိုယ်မှ အသံများ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ထဲရှိ မွေးညင်းပေါက်များမှတစ်ဆင့် အညစ်အကြေးများ စိမ့်ထွက်လာသည်။ ယင်းနှင့်အတူ သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ အသွေးအသားများက ဝိညာဉ်စွမ်းအားများကို အရူးအမူးစုပ်ယူကာ အားအင်ဖြည့်တင်းနေသည်။

အသံက တစတစ ကျယ်လောင်လာပါသော်လည်း အတားအဆီးကို ရောက်သောအခါ ရုတ်ခြည်း ရပ်သွားသည်။ ထိုအခိုက် ရွှီချင်း၏ခေါင်းထဲတွင် ဟိန်းသံတစ်သံ လွင့်ပျံလာသည်။

သူ့အရေပြားအောက်မှ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောများ ချက်ချင်း ဖောင်းကြွလာသည်။ တချိန်တည်းမှာပင် သူ၏အသွေးအသားများသည်လည်း ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်လာပြီး ကြောက်ခမန်းလိလိ ခွန်အားများ ပိုင်ဆိုင်လိုက်သည့်ပမာပင်။

သူ့ခန္ဓာကိုယ်အပြင်ဘက်ရှိ ဝိညာဉ်စွမ်းအားများသည်လည်း မငြိမ်မသက်ဖြစ်လာပြီး အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။

တောင်တန်းပင်လယ်ပညာရပ်၏တတိယအဆင့် …

ရွှီချင်းသည် တဖြည်းဖြည်း မျက်လုံးများဖွင့်၍ အောက်ကို ငုံ့ကြည့်လိုက်သည်။

သူ့မျက်ဝန်းများထဲရှိ ခရမ်းရောင်အလင်းဖျော့ဖျော့ကို တစ်ယောက်မှ မမြင်နိုင်သည့်အပြင် အဆင့်တက်သည့်အပေါ် ပျော်ရွှင်နေသည့် အရိပ်အယောင်များလည်း ရှိမနေချေ။ သံသယအငွေ့အသက်များသာ အစားထိုးနေရာယူထားသည်။

သူ ငုံ့ကြည့်လိုက်သောနေရာသည် နေရောင်ခြည်အောက်ရှိ သူ၏အရိပ်ထံ ဖြစ်ပေသည်။

ယခု သူ ကျင့်ကြံရာ၌ ထူးဆန်းသောအခြင်းအရာတစ်ခုကို ခံစားခဲ့ရသည်။ တောင်တန်းပင်လယ်ပညာရပ်မှ ခွဲခြားခြင်းလုပ်ငန်းစဉ် စတင်သောအခါ သန့်စင်သောဝိညာဉ်စွမ်းအားများသည် သူ့ခန္ဓာကိုယ်ကို အားဖြည့်ပေးသွားသည်။

သို့သော် မမျှော်လင့်ဘဲ ဓာတ်နှောများမှာ သူ့လက်မောင်းပေါ်ရှိ သန္ဓေပြောင်းအမှတ်ထံ စီးဆင်းမသွားဘဲ သူ့အရိပ်ထံသာ စီးဆင်းသွားလေသည်။

အရိပ်က ဓာတ်နှောများကို စုပ်ယူလိုက်သည့်အလားပင်။

အချိန်အတော်ကြာသောအခါမှသာ ရွှီချင်းသည် သူ၏သံသယများအားလုံးကို ရင်ထဲတွင် သိုဝှက်၍ ခေါင်းမော့လိုက်သည်။

သူသည် အပင်ခူးနေသော ခေါင်းဆောင်လဲ့နှင့် တခြားလူများကို ကြည့်လိုက်ပြီးနောက် လျှိုမြောင်လေး၏အစွန်အဖျားမှသည် တောအုပ်ထဲကို လှမ်းကြည့်လိုက်သည်။

ရှေ့တူရှုရှိ အတန်ငယ်ဝေးသောနေရာတွင် အဆောက်အအုံတစ်လုံးကို သူ မြင်လိုက်ရသည်။ ၎င်းသည် ရှေးဆန်ပြီး ဘုရားကျောင်းများစွာ တစ်ခုနှင့်တစ်ခု ပေါင်းစု၍ ဖြစ်တည်နေသည့်အလားပင်။

“ဘယ်ခေတ်က ကျန်ခဲ့တဲ့ အဆောက်အအုံလဲတော့ မသိဘူး။ အဲဒီနေရာကတော့ ငါတို့ရတနာမုဆိုးတွေ အဝေးဆုံးသွားနိုင်တဲ့ နေရာပဲ။ အဲဒီအဆောက်အအုံကို ကျော်ပြီး မင်း သွားလို့မရဘူး။ ဒါပေမဲ့ အနီးအနားမှာ ပြဿနာတစ်စုံတရာ ကြုံလာရရင် အဲဒီမှာ ဝင်နားလို့ရတယ် ”

ခေါင်းဆောင်လဲ့သည် သူ့အတွက် ခူးပြီးနောက် ရွှီချင်း၏ဘေးသို့လာကာ ဘုရားကျောင်းအစုအဝေးကြီးကို ကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။

“နယ်နိမိတ်လား ”

ရွှီချင်းက ခေါင်းညိတ်ပြလိုက်သည်။

“အင်း၊ အဲဒီခေတ်တုန်းက ဒီတားမြစ်နယ်မြေဖြစ်ပေါ်လာခဲ့တာက နတ်ဘုရားက အဲဒီဘုရားကျောင်းတွေကို ကြည့်လို့ဆိုပြီး ပြောကြတာပဲ။ ရတနာမုဆိုးတချို့က အဲဒီနေရာကို သွားရှာခဲ့ကြပေမဲ့ ထူးဆန်းတဲ့ကျောက်တုံးကလွဲပြီး ဘာမှမရှိဘူး ”

ခေါင်းဆောင်လဲ့သည် သူ ခူးလာခဲ့သော ခုနစ်ရွက်မြက်ပင်များကို ခွဲခြမ်းကာ တခြားသားရေအိတ်ထဲ ထည့်လိုက်သည်။

“အဲဒီကျောက်တုံးတွေက ဘယ်လိုမျိုး ထူးဆန်းတာလဲ ”

ရွှီချင်းသည် သိချင်စိတ်ပြင်းပြစွာ မေးမြန်းလိုက်သည်။

“အဲဒီကျောက်တုံးကို အမှုန့်ချေပြီး ဖြစ်တာမကြာသေးတဲ့ အမာရွတ်ပေါ် အုံလိုက်ရင် အမာရွတ် ပျောက်သွားတယ်။ အဲဒါက ငါတို့လို ရတနာမုဆိုးတွေအတွက်တော့ အသုံးမဝင်ဘူး။ ဒါပေမဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ပုဂ္ဂိုလ်တွေအတွက်တော့ လိုချင်လိုမှာ ”

ခေါင်းဆောင်လဲ့သည် ပြောပြီးသည်နှင့် ကြက်ခြေခတ်နှင့် တခြားလူများကို လှမ်းကြည့်လိုက်သည်။

ထိုအခိုက် ကြက်ခြေခတ်၊ တစ္ဆေရိုင်းကြီးနှင့် လွမ်ယာတို့သည်လည်း အပင်ခူးပြီးသွားကြပြီ ဖြစ်သည်။ ခေါင်းဆောင်လဲ့၏ အစီအမံအရ သူတို့က ခုနှစ်ရွက်မြက်ပင်များကို ခေါင်းဆောင်လဲ့ကိုင်ထားသော သားရေအိတ်ထဲ ခွဲ၍ထည့်လိုက်သည်။

နောက်ဆုံးတွင် ခုနစ်ရွက်မြက်ပင်ကို ငါးစု အညီအမျှ ခွဲပြီးသွားပြီဖြစ်သည်။ ထို့နောက် ခေါင်းဆောင်လဲ့က သားရေအိတ်ကို ရွှီချင်းအား ပေးလိုက်သည်။

“ဒါက မင်းအတွက်ပဲ။ အခုကစပြီး လူစုခွဲသွားကြမယ်။ အဲဒီလူခွဲသွားရင် ငါတို့ထဲက လူနည်းနည်းပါးပါးလောက် ပိုပြီး လွတ်မြောက်နိုင်ချေရှိမယ် ”

ခေါင်းဆောင်လဲ့သည် ပြောပြီးသည်နှင့် ရွှီချင်းကို ကြည့်၍ မြေပုံတစ်ချပ် ပေးလိုက်သည်။

“ကလေး၊ သွေးအရိပ်အဖွဲ့က ငါ့ကို ပိုပြီး အာရုံစိုက်နိုင်ချေရှိတယ်။ ပြီးတော့ ငါက ခေါင်းဆောင်လဲ ဖြစ်နေတော့ မင်းတို့အားလုံးကို ကာကွယ်ရမယ်။ မင်း တတ်နိုင်သလောက် မြန်မြန်ထွက်ပြီး စခန်းကနေ ငါ့ကို စောင့်နေ ”

All Chapters