← Chapters

အသိပင်လယ်ကို ချည်းနင်းဝင်ရောက်လာသော အရိုးပေါ်အရေတင် လက်တစ်ဖက် ( ၂ )

Vol. 23 Ch. 355

အသိပင်လယ်ကို ချည်းနင်းဝင်ရောက်လာသော အရိုးပေါ်အရေတင် လက်တစ်ဖက် ( ၂ )

Vol. 23 Ch. 355

“ စောစောက ငါ လုပ်ခဲ့တာတွေအားလုံးက မင်းကို ဒီနေရာမှာ ချုပ်နှောင်ဖို့ပဲ။ မင်းလက်ထဲမှာ တည်နေရာရွှေ့ပြောင်းအဆောင် ရှိတယ်မလား။ စောစောက မင်း ချီတုံချတုံဖြစ်နေခဲ့တာလေ။ ဒါပေမဲ့ အခု မင်း အဲဒါကို ဖျက်ဆီးလည်း အသုံးမဝင်တော့ဘူးကွ။ ဒီနေရာကနေ မင်း ဘယ်လိုမှ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး ”

သူတော်စင်ကြယ်သည် သွေးအေးစွာ ပြုံးလိုက်ပြီး သေလူတစ်ယောက်အလား ရွှီချင်းကို ကြည့်ကာ တဟုန်ထိုး ပြေးဝင်သွားသည်။

‘ ပိတ်လှောင်ထားတာက တကယ်ဟာကွက်မရှိတာပဲ ”

ရွှီချင်းက ဘေးပတ်ဝန်းကျင်ကို ဆက်လက်လေ့လာလိုက်သည်။ သူတော်စင်ကြယ် ပြောသည့်အတိုင်း မှန်ကန်ကြောင်း သူ အတည်ပြုပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။ တချိန်တည်းမှာပင် လက်ထဲရှိ ကျောက်စိမ်းပေလွှာကို သူ လွှင့်ပစ်ကာ သံသေတ္တာလေးတစ်လုံး ထုတ်လိုက်သည်။ သူက သံသေတ္တာလေးကို ဖွင့်လိုက်ပြီး ဘေးသို့ လွှင့်ပစ်လိုက်သည်။

ကျောက်စိမ်းပေလွှာသည် တည်နေရာရွှေ့ပြောင်းအဆောင်မဟုတ်ဘဲ သာမန်အသံလွှင့်ပေလွှာလေးတစ်ခုသာ ဖြစ်သည်။

သံသေတ္တာလေးသည် ဆန္ဒမွန်သေတ္တာမှလွဲ၍ တခြားမဟုတ်ပေ။ ထိုသေတ္တာလေးထဲတွင် ဘုန်းကြီးခေါင်းကြီးပင် မခုခံနိုင်ခဲ့သော အဆိပ်ရှိသည်။

ထိုအဆိပ်ပေါ်လာသည်နှင့် သွေးလောကကြီးထဲ အဆိပ်များ ပျံ့နံ့ှသွားသည်။

ထိုဖြစ်ရပ်ကြောင့် သူတော်စင်ကြယ် မှင်သက်သွားရပြီး မျက်လုံးများ မှေးသွားသည်။ မည်သည့်ဆေးလုံးမှန်း သူ မသိပါသော်လည်း တစ်ခုခုလွဲမှားနေသလို ခံစားနေရပြီး ထိုဆေးကို သူ ဖျက်ဆီးပစ်ချင်နေသည်။ သို့သော်လည်း ထိုအဆိပ်များ သွေးလောကကြီးအနှံ့ ပျံ့လွင့်သွားစေရန် ရွှီချင်းက အစွမ်းကုန်သုံး၍ သူ့ကို ဟန့်တားလိုက်သည်။

ဤနေရာကို ပိတ်လှောင်ထားသည်ဖြစ်၍ အဆိပ်နံ့က အချုပ်အနှောင်အပြင်ဘက်သို့ လွင့်ထွက်သွားမည် မဟုတ်ပေ။ တဖြည်းဖြည်း ကျုံ့လာနေသော သွေးလောကကြီးထဲမှာသာ အဆိပ်နံ့များ စုစည်းသွားမည်ဖြစ်သည်။ သို့ဖြစ်၍ အဆိပ်ဓာတ်က သိပ်သည်းသည်ထက် သိပ်သည်းလာသည်။

ယင်းသည် ရွှီချင်း၏အစီအစဉ်ပင် ဖြစ်သည်။

သူတော်စင်ကြယ်၌ မည်သည့်ဝှက်ဖဲများ ရှိနေသည်ကို သူ မသိသည်ဖြစ်ရာ ကြိုတင်ကာကွယ်မှုများ မလုပ်နိုင်ပေ။ ယင်းအပြင် သူတို့နှစ်ယောက်က လက်ရည်တူနေသည်ဖြစ်၍ သက်စောင့်မီးအိမ်ကို လုယူရန် သူတော်စင်ကြယ်အား အချိန်တိုအတွင်း သတ်ဖြတ်ရန်မှာ ရွှီချင်းအတွက် မဖြစ်နိုင်ပေ။

အချိန်မရှိတော့သည်ကို ရွှီချင်း သိသည်။ တာအိုအစောင့်အရှောက်များသာ ရောက်လာခဲ့ပါက သေချာပေါက် သူ သေသွားပေမည်။

ထို့ကြောင့် ထိုတိုက်ပွဲကို မြန်နိုင်သမျှ မြန်မြန် အဆုံးသတ်ရန် နည်းလမ်းတစ်ခုသာ ရှိသည်ကို သူ သိသည်။

ယင်းမှာ သူတော်စင်ကြယ်ကို သူ့သဘောအတိုင်း တစ်ဆင့်ချင်း နည်းလမ်းကုန်သုံးစေပြီး တူညီသော ပိတ်လှောင်ထားသည့် ပတ်ဝန်းကျင်ကို ဖန်တီးစေခဲ့သည်။ ထို့ကြောင့် သူက ကျောက်စိမ်းပေလွှာကို ခဏခဏ ထုတ်ပြကာ တည်နေရာရွှေ့ပြောင်းခြင်းအဆောင်ကို သူ အသုံးပြုရန် ကြိုးစားနေသည်ဖြစ်ကြောင်း သူတော်စင်ကြယ်ကို ထင်သွားစေခဲ့သည်။

သူက သူတော်စင်ကြယ်၏ လောဘကို အခွင့်အရေးယူလိုက်ခြင်း ဖြစ်သည်။

သူတော်စင်ကြယ်သာ သက်စောင့်မီးအိမ်ကို လုယူချင်ပါက သူ ထွက်ပြေးမရစေရန် တည်နေရာရွှေ့ပြောင်းခြင်းကို ပိတ်ဆို့မည်သာ ဖြစ်သည်။ ရွှီချင်းသည် တိုက်ပွဲဟန်ချက်ကို ထိန်းချုပ်နိုင်ရန် ထိုအချက်အား အသုံးချခဲ့သည်။

သူတော်စင်ကို တိုက်ပွဲကွင်းပြင်ကို စိတ်ကြိုက် တစ်ဆင့်ချင်း ဖန်တီးစေခဲ့သည်။ သို့သော် အမှန်စင်စစ် ထိုတိုက်ပွဲက သူနှင့် ကိုက်ညီသော တိုက်ပွဲကွင်းပြင် ဖြစ်သွားခဲ့သည်။

ထိုတိုက်ပွဲကွင်းပြင်၌ သက်ခြွေအဆိပ်အောက်တွင် မည်သူက အသက်ရှင်နိုင်မည်ကို သူတော်စင်ကြယ်နှင့် သူ ယှဉ်ချင်သည်။

သူတော်စင်ကြယ်သည် ပါးနပ်သောလူတစ်ယောက်ဖြစ်သည်။ အဆိပ်က မည်မျှ ပြင်းသည်ကို သူ မသိပါသော်လည်း သူ ခန့်မှန်းမိသည်။ သူ မျက်နှာပျက်သွားပြီး လူသတ်ချင်စိတ်များဖြင့် မျက်လုံးများ ဝင်းလက်သွားသည်။ သူက ဆက်လက်တိုက်ခိုက်ချင်နေဟန်ဖြင့် အဆိပ်ဖြေဆေးများစွာ သောက်လိုက်သည်။

ထိုအချိန်၌ သူ မျက်နှာပျက်သွားသည်။ သူ့ညာလက်က စတင်ပျက်စီးလာသည်ကို မြင်လိုက်ရသည်။ သူ ပို၍ တုန်လှုပ်သွားရသည်မှာ မည်သို့မျှ မခံစားရခြင်းပင်။ သူ့တစ်ကိုယ်လုံးကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။

သူ စစ်ဆေးကြည့်လိုက်ပြီးနောက် မျက်လုံးများ မှေးသွားသည်။ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းအများစုက တိတ်ဆိတ်စွာ ပျက်စီးနေသည်ကို သူ သတိထားမိလိုက်သည်။ သူ၏ အဆိပ်ဖြေဆေးများသည်လည်း အသုံးမဝင်ပေ။

“ ဒါ ဘာအဆိပ်လဲ ”

သူတော်စင်ကြယ် တုန်လှုပ်နေစဉ် ရွှီချင်း၏မျက်နှာမှာ ဆွေးမြေ့နေသော အစက်အပျောက်များ ပေါ်လာသည်။ သို့သော်လည်း ထိုအစက်အပျောက်များသည် အလွန် သေးငယ်ပြီး နည်းပါးသည်။ သူတော်စင်ကြယ်၏ မေးခွန်းကို မဖြေဘဲ တန်ပြန်တိုက်စစ်ကို စတင်လိုက်လေသည်။

သူတော်စင်ကြယ်ကို မည်သည့်အခွင့်အရေးမျှ သူ ပေးမည် မဟုတ်ပေ။ ဤတိုက်ပွဲအား အဆိပ်ဒဏ်ခံနိုင်ရည်နှင့် ပြန်လည်သက်သာနိုင်စွမ်းအရာ၌ ယှဉ်ပြိုင်ပွဲအဖြစ် သူ ဆွဲသွင်းချင်ခဲ့သည်။

ပထမဆုံးအကြိမ်အဖြစ် သူတော်စင်ကြယ်၏ မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့ခြင်းများ ပေါ်လာသည်။ တားမြစ်ဓမ္မရတနာမှဖြစ်လာသော အချုပ်အနှောင်ကို သူ ဖယ်ရှားချင်ပါသော်လည်း အစောပိုင်းက သူ အမှန်အတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။ ဤအချုပ်အနှောင်ပင် မဆိုထားဘိ ချီရွှဲ့ထုံဂိုဏ်း၏ ဓမ္မရတနာမှဖြစ်လာသော မျက်လုံးကိုပင် ဖယ်ရှားရန် ခက်သည်။

နှစ်ဆဖိနှိပ်ခြင်းအောက်တွင် တားမြစ်ဓမ္မရတနာ၏ အချုပ်အနှောင်ကို ဖယ်ရှားရန် သူ့အတွက် လုံးဝမဖြစ်နိုင်တော့ပေ။ အလိုလို လွင့်ပျယ်သွားသည့်အချိန်အထိ သူ စောင့်နေရန်သာ တတ်နိုင်သည်။ ထိုအချိန်က အလွန်ကြာမည်မဟုတ်ဘဲ အမွှေးတိုင်နှစ်တိုင် လောင်ကျွမ်းစာအချိန်သာ ကြာမည်ဖြစ်သည်။

သို့သော် သူတော်စင်ကြယ်မှာ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်နေပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်မှ ဆွေးမြေ့ပျက်စီးနေသောနေရာများက ကြီးမားသည်ထက် ကြီးမားလာသည်ကို သူ တွေ့လိုက်ရသည်။ တချိန်တည်းမှာပင် သူ့ဓမ္မတံခါးထဲရှိ အရိပ်လေးသည်လည်း ပြန့်ကားချင်နေသည့်အလား ကြွတက်လာသည်။

ရွှီချင်း၏တိုက်ခိုက်မှုက မကြုံဖူးလောက်အောင် ရက်စက်ကြမ်းကြုတ်သည်။ ထိုအချိန်၌ သူသည် အနီးသို့ တိုးကပ်သွားပြီး လက်သီးဖြင့် ထိုးလိုက်သည်။ သူတော်စင်ကြယ်က ရှောင်တိမ်းလိုက်ပါသော်လည်း ရွှီချင်းက ခေါင်းဖြင့် ဝင်တိုက်လိုက်သည်။ ယခုတစ်ခေါက်တွင် သူတော်စင်ကြယ်မှာ ခေါင်းဖြင့် ပြန်မတိုက်ဝံ့ဘဲ နောက်ဆုတ်လိုက်သည်။

သို့သော် ရွှီချင်း၏ အမြန်နှုန်းက လျော့ကျမသွားပေ။ သူသည် မရှောင်တိမ်းဘဲ အသေအကြေ ဝင်တိုက်လိုက်သည်။ သူ တိုက်ခိုက်လိုက်စဉ် ရွှေကျီးကန်းကြီးက ပေါက်ကွဲလာပြီး အရူးအမူး သန့်စင်လိုက်သည်။ လေထဲတွင် မီးတောက်နက်များဖြင့် ပြည့်နှက်သွားပြီး သက်စောင့်မီးအိမ်က သူတော်စင်ကြယ်ကို ထပ်ခါထပ်ခါ ဖိနှိပ်လိုက်သည်။

ယင်းအပြင် ရွှီချင်း၏ပစ်မှတ်က လည်ပင်း သို့မဟုတ် ဝမ်းဗိုက်ဖြစ်သည်။

သူက လည်ပင်းကို ဦးတည်သည်မှာ သတ်ဖြတ်ရန်ဖြစ်ပြီး ဝမ်းဗိုက်ကို ဦးတည်သည်မှာ သက်စောင့်မီးအိမ်ကို ဆွဲနှုတ်ရန် ဖြစ်သည်။

ရွှီချင်း၌ သက်စောင့်မီးအိမ်ရှိသည်ဖြစ်၍ မည်သည့်နေရာတွင် သက်စောင့်မီးအိမ် ရှိတတ်သည်ကို သူ သိသည်။

သူတော်စင်ကြယ်မှာ အကြီးအကျယ် ဒေါသထွက်လာသည်။ သူ အော်ဟစ်ညည်းညူလိုက်ပြီး သက်စောင့်အားဖြည့်တင်းရန် ဆေးလုံးများစွာ သောက်လိုက်သည်။ သူ ထိတ်လန့်ကြောက်ရွံ့နေပါသော်လည်း သူ့မျက်လုံးများထဲတွင် ရူးသွပ်သည့်အရိပ်အယောင်များ ပေါ်လာသည်။ သေရေးရှင်ရေးအန္တရာယ်အငွေ့အသက်များက သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြည့်နှက်နေသည်။ ဤတိုက်ပွဲက ‘ အသက်ချင်းလွန်ဆွဲပွဲ ’ ဖြစ်သည်ကို သူ နားလည်သည်။

သူ မရှောင်တိမ်းနိုင်တော့သည်ဖြစ်ရာ အစွမ်းကုန် ထုတ်သုံးရပေတော့မည်။ အဆိပ်နံ့များ ထူထပ်သိပ်သည်းလာစဉ် သူ့မျက်လုံးများ နီမြန်းကာ တန်ပြန်တိုက်ခိုက်လိုက်သည်။

တဝုန်းဝုန်း တိုက်ခိုက်သံများ ဆက်လက်လွင့်ပျံသွားသည်။

ရွှီချင်း၏ခန္ဓာကိုယ်အစိတ်အပိုင်းအများစုမှာ သွေးများထွက်နေပြီဖြစ်ပြီး သူ့တစ်ကိုယ်လုံး ဆွေးမြေ့ပျက်စီးလာနေသည်။ သို့သော်လည်း သူတော်စင်ကြယ်၏ ဝမ်းဗိုက်ကို သူ ထိုးလိုက်သေးသည်။ သူတော်စင်ကြယ်က လက်မြှောက်၍ ခုခံလိုက်ပြီး တန်ပြန်တိုက်ခိုက်လိုက်သည်။ သူ့တစ်ကိုယ်လုံးမှ ဆွေးမြေ့ပျက်စီးနေသောအရည်များ စီးကျနေပြီး အရည်တစ်စက်စက်ကျနေသော ရွှံ့စေးရုပ်ထုသဖွယ် သူ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။

ရွှီချင်းသည် ထပ်မံပြေးဝင်သွားပြီး ဝမ်းဗိုက်ကို အညှာအတာမဲ့စွာ ဒူးဖြင့် တိုက်လိုက်သည်။ သူတော်စင်ကြယ် အော်ဟစ်လိုက်ပါသော်လည်း ဗလုံးဗထွေးအသံများသာ ဖြစ်သည်။ သူ့ကိုယ်တွင်းအင်္ဂါများ ပျက်စီးနေပြီး လက်နှစ်ဖက်ဖြင့်သာ သူ ခုခံနိုင်လိုက်သည်။

All Chapters