← Chapters

တိုတမ်ကြီးအောက်မှ တိုတမ်လေး

Vol. 67 Ch. 1042

တိုတမ်ကြီးအောက်မှ တိုတမ်လေး

Vol. 67 Ch. 1042

အမြင့်မြတ်ဆုံးဘုရားကျောင်းမှ အလင်းရောင်ကြောင့် ဖြစ်ပေါ်လာသော လပုန်ကန်ခန်းမ၏ လောကထဲတွင် ထိတ်လန့်မှုနှင့် ဆူပူအုံကြွမှုသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း လျော့ကျသွားသည်။ ဘုရားကျောင်း၏ ဂိတ်တံခါးသည် မပွင့်သွားခဲ့ပေ။

မျှော်လင့်မှုသည် စိတ်ပျက်မှုသို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။

အမြင့်မြတ်ဆုံးဘုရားကျောင်းထံမှ အလင်းရောင်သည်ပင် မှေးမှိန်သွားသည်။ မှိန်ဖျော့ဖျော့အလင်းရောင်သည်သာ မှိတ်တုတ်မှိတ်တုတ် ဆက်လက် လင်းလက်နေဆဲပင်။ နောင်တသည် လူတိုင်း၏ နှလုံးသားထဲမှ ထွက်ပေါ်လာသည်။

“ တကယ်တော့ လပုန်ကန်ခန်းမထဲမှာ ဒဏ္ဍာရီတစ်ပုဒ်ရှိတယ် ”

“ ဒဏ္ဍာရီအရတော့ နီလာနတ်သမီးက လပုန်ကန်ခန်းမထဲမှာ ဘယ်တော့မှ ခန်းမသခင်အသစ်မရှိရဘူးလို့ အရင်ခန်းမသခင်ကို ကျိန်စာတိုက်ခဲ့တယ် ”

“ ဒါကြောင့် ရှေးခေတ်ကာလကတည်းက အမြင့်မြတ်ဆုံးဘုရားကျောင်းဟာ အကြိမ်ပေါင်းများစွာ အလင်းရောင်တောက်ပလာပြီး တုန်ယင်လာခဲ့တယ်… ဒါပေမဲ့ အစကနေ အဆုံးအထိ ဘုရားကျောင်းရဲ့ ဂိတ်တံခါးက တစ်ခါမှ ပွင့်မလာခဲ့ဘူး ”

လေထဲမှ လက်ထောက်ခန်းမသခင်နှစ်ယောက်သည် နူးညံ့စွာ သက်ပြင်းချလိုက်ကြသည်။

“ ဒီတာအိုရောင်းရင်းက ပထမစမ်းသပ်မှုကို ဖြတ်ကျော်နိုင်သွားပေမဲ့ ပထမလက်ထောက်ခန်းမသခင်၊ စတုတ္ထလက်ထောက်ခန်းမသခင်နဲ့ အတိတ်တုန်းက ငါ့အတိုင်းပဲ ဒုတိယစမ်းသပ်မှုကို မကျော်ဖြတ်နိုင်ခဲ့ဘူး… ဂိတ်တံခါးကို မဖွင့်နိုင်ခဲ့ဘူး ”

“ ကြည့်ရတာ ငါတို့ဆီမှာ နောက်ထပ် ရဲဘော်ရဲဘက်တစ်ဦးရတော့မယ် ထင်တယ်… လက်ထောက်ခန်းမသခင်အသစ်တစ်ဦးရှိတာလည်း လက်ရှိအခြေအနေအတွက် ကောင်းမွန်တဲ့ကိစ္စပါပဲ ”

လက်ထောက်ခန်းမသခင်နှစ်ယောက်က အပြန်အလှန် စကားပြောနေကြစဉ် လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူအားလုံးသည် သက်ပြင်းချလိုက်ကြသည်။

လက်ထောက်ခန်းမသခင်အသစ်တစ်ဦး ထွက်ပေါ်လာခြင်းသည် လူတိုင်းအတွက် ကြီးမားသော အားတတ်စရာကိစ္စဖြစ်သော်လည်း အမြင့်မြတ်ဆုံးဘုရားကျောင်းထဲမှ အလင်းရောင်က လူတိုင်းကို မျှော်လင့်ချက်ပေးနိုင်ဟန် ရ၏။

အထူးသဖြင့် ယခုကဲ့သို့ စစ်ပွဲကာလအတွင်းမှာ ဖြစ်သည်။ ထိုမျှော်လင့်ချက်က လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူအများအပြားကို စစ်မှန်သော လပုန်ကန်ခန်းမသခင်တစ်ယောက် ထွက်ပေါ်လာရန် မျှော်လင့်တောင့်တစေခဲ့သည်။

စစ်ပွဲမှာ သူတို့ကို ဦးဆောင်ပေးမည့် ခန်းမသခင်တစ်ယောက်ကို လိုအပ်သည်။ သို့မှသာ ဤဘဝ၏ နောက်ဆုံးအခိုက်အတန့်မှာ သူတို့၏ တောက်ပမှုကို ထုတ်လွှတ်ပြီး သူတို့၏ တည်ရှိမှုမီးတောက်ဖြင့် အရာအားလုံးကို လောင်ကျွမ်းပြာချပစ်နိုင်မည်။

ထိုမျှော်လင့်ချက်သည် ဤအခိုက်အတန့်မှာ နောင်တသို့ ပြောင်းလဲသွားသည်။ ထို့နောက် လပုန်ကန်ခန်းမသည် တိတ်ဆိတ်သွားသည်။

တစ်ချိန်တည်းမှာ လပုန်ကန်ခန်းမ၏ ကောင်းကင်ပေါ်မှ အမြင့်မြတ်ဆုံးဘုရားကျောင်းထဲ၌ ရွှီချင်းသည် မျက်လုံးဖွင့်လိုက်သည်။

ထိုဘုရားကျောင်းသည် သာမန်ဘုရားကျောင်းများထက် အဆပေါင်းများစွာ ပိုကြီးမားသည်။ ကြီးမြတ်သော ခံစားမှုသည် ဘုရားကျောင်း၏ နေရာတိုင်းမှ ထွက်ပေါ်နေသည်။ ကြီးမားသော ထောင့်တိုင်(၉၉)ခုသည် ဘုရားကျောင်း၏ အမိုးခုံးကို ထောက်ပံ့ထားသည်။

အပေါ်ကို မော့ကြည့်လိုက်လျှင် ဝိုင်းစက်သော အမိုးခုံးက နေ၊ လနှင့် ကြယ်များသို့ ပြောင်းလဲသွားပြီး ဖြည်းညင်းစွာ လည်ပတ်နေသည်။ အမိုးခုံး၏ အလယ်ဗဟိုတွင် ကြီးမားသော ကြေးမုံတစ်ချပ်ရှိပြီး ရောင်စုံအလင်းများဖြင့် တလက်လက် တောက်ပနေသည်။

ကြေးမုံထဲမှာ လပုန်ကန်ခန်းမ၏ တောင်က ပုံရိပ်ပြန်နေသည်။

ထို့ပြင် ဘုရားကျောင်း၏ နံရံပေါ်မှာ ထူးဆန်းသော ပန်းချီကားပုံများကို ရေးဆွဲထားသည်။ တချို့သည် မှော်သင်္ကေတများဖြစ်ပြီး တချို့သည် သားရဲများ၏ ပုံသဏ္ဍာန်များ ဖြစ်သည်။ တချို့သည်တော့ လူသားများ၏ အသွင်ပုံစံများ ဖြစ်သည်။

ပုံရိပ်တစ်ခုစီသည် ဝိညာဉ်လှုပ်ခတ်စေနိုင်သော ဖိအားများကို ထုတ်လွှတ်နေသည်။

ခန်းမ၏ ထိပ်ဆုံးခုံပေါ်တွင် ယဇ်ပလ္လင်တစ်ခု ရှိသည်။ ကြီးမားသော ဗိမာန်တစ်ခုကို ထိုယဇ်ပလ္လင်ပေါ်မှာ တည်ဆောက်ထားသည်။ ဗိမာန်ထဲတွင် နတ်ဘုရားတစ်ပါး၏ ရုပ်တုသည် မတ်တတ်ရပ်နေသည်။

ထိုရုပ်တုသည် ဘုရားကျောင်းအပြင်ဘက်မှ တခြားရုပ်တုများနှင့် ခြားနားသည်။ ယင်းက အဆောင်တန်ဆာများကို ဦးစားမပေးပေ။ ယင်းအစား ရုပ်တု၏ အသွင်သဏ္ဍာန်ကို အလေးထားသည်။

ရုပ်တု၏ အသွင်သဏ္ဍာန်သည်တော့ အုပ်ချုပ်သူလီဇီဟွားမှလွဲ၍ တခြားလူမဟုတ်ပေ။

ဤအခိုက်အတန့်မှာ ရုပ်တု၏ မျက်လုံးသည် ပွင့်နေသည်။ ရွှီချင်းပိုင်ဆိုင်သော နတ်ဘုရားရောင်ခြည်တန်းကို ရုပ်တုမှ ထုတ်လွှတ်နေသည်။

ရွှီချင်းသည် သူ၏ ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ပြီးနောက် စောစောက အဖြစ်အပျက်ကို ပြန်တွေးလိုက်သည်။

သူက ကျောက်တုံးတံခါး၏ အဟရာထဲသို့ လျှောက်ဝင်သွားခဲ့ကြောင်း မှတ်မိသည်။ ထို့နောက် သူက အလင်းရောင်ကို မြင်လိုက်ရပြီး ဤနေရာသို့ ရောက်ရှိလာခဲ့သည်။

“ ဒီနေရာက အမြင့်မြတ်ဆုံး ဘုရားကျောင်းလား ”

ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး အမိုးခုံးပေါ်မှ ကြေးမုံကို ကြည့်လိုက်သည်။ အပြင်လောကမှ အဖြစ်အပျက်အားလုံးကို ဤနေရာမှာ သူမြင်နိုင်သည်။ ကြေးမုံမှတဆင့် အပြင်ဘက်ရှိ လပုန်ကန်ခန်းမကျင့်ကြံသူများ၏ စိတ်ပျက်မှုနှင့် နောင်တကို သူအာရုံခံနိုင်သည်။

လပုန်ကန်ခန်းမဆီသို့ သူရောက်လာခဲ့စဉ်က မြင်တွေ့ခဲ့သော အရာများကို ပြန်တွေးတောလိုက်သည်။

လပုန်ကန်ခန်းမ၏ ကောင်းကင်ပေါ်တွင် အထွတ်အမြတ်ဘုရားကျောင်းကိုးခု ရှိသည်။ ထိုဘုရားကျောင်းကိုးခု၏ အပေါ်တွင် အမြင့်မြတ်ဆုံးဘုရားကျောင်း ရှိသည်။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် အကြည့်ပြန်ရုပ်လိုက်ပြီး အဝေးမှ ဘုရားကျောင်းဂိတ်တံခါးကို ကြည့်လိုက်သည်။

“ ဘာလို့ လက်နက်ဝိညာဉ်က ဒုတိယစမ်းသပ်မှု ထပ်ရှိသေးတယ်လို့ ပြောရတာလဲ… အဲ့ဒါက ဂိတ်တံခါးကို ဆိုလိုတာလား ”

ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး ထွက်လျှောက်လာသည်။

ကျယ်လောင်သော မြည်သံများနှင့်အတူ လီဇီဟွားရုပ်တုသည် ယဇ်ပလ္လင်ပေါ်မှ ဆင်းသက်လာပြီး ဂိတ်တံခါး၏ ဘေးသို့ ရောက်သွားသည်။

ထိုနေရာတွင် မတ်တတ်ရပ်နေရင်း ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ အချိန်အတော်ကြာ စစ်ဆေးကြည့်ရှုပြီးနောက် သူက ဂိတ်တံခါးကို တွန်းဖွင့်လိုက်သည်။

သို့သော်လည်း ဂိတ်တံခါးသည် နည်းနည်းလေးမှ မရွေ့သွားပေ။ ဤသည်မှာ တံခါးက လုံးဝပိတ်ခံထားရသည့်အလားပင်။ မည်သို့မှ မလှုပ်ခါနိုင်ပေ။ အသံတိုးတိုးလေးပင် မထွက်ပေါ်လာခဲ့ပေ။

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ သူက ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်ပြီး အားကုန်သုံး၍ တွန်းဖွင့်လိုက်သည်။ သို့သော်လည်း ယင်းက အသုံးမဝင်ပေ။

ဂိတ်တံခါးသည် မလှုပ်မယှက်ရှိနေတုန်းပင်။

ရွှီချင်းသည် လက်ကို မြှောက်လိုက်သည်။ တစ်ခဏတွေးပြီးနောက် သူ၏ မျက်လုံးသည် အနက်ရောင်သို့ ပြောင်းလဲသွားသည်။ တားမြစ်အဆိပ်သည် သူ၏ အကြည့်မှတဆင့် ဂိတ်တံခါးပေါ်သို့ ကျရောက်သွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းလသည် အပြင်းအထန် လှည့်ပတ်လာသည်။ သူ၏ နတ်ဘုရားရတနာသိုက်က ပေါ်လျှိုးလာသည်နှင့် ပမာဏများပြားသော သွေးသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာပြီး အပြင်ဘက်မှာ စုဝေးသွားသည်။ ထို့နောက် ယင်းက သွေးဝဲကတော့တစ်ခုသို့ ဖွဲ့စည်းသွားသည်။

နောက်ဆုံးမှာတော့ သွေးဝဲကတော့သည် ဂိတ်တံခါးနှင့် တွေ့ဆုံသွားသည်။

သို့သော်လည်း တံခါးသည် နည်းနည်းမှ လှုပ်ရှားမသွားခဲ့ပေ။ ရွှီချင်း၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး အမြန်အနောက်ဆုတ်သွားသည်။

သူက အနောက်ဆုတ်သွားသည်နှင့်ချက်ချင်း အနီရောင်အလင်းသည် ဂိတ်တံခါး၏ အပေါ်မှာ ရုတ်တရက် လင်းလက်လာသည်။ ထို့နောက် ဂိတ်တံခါးအရွယ်အစားရှိသော တိုတမ်ပန်းချီကားတစ်ချပ်က ထွက်ပေါ်လာသည်။

ထိုတိုတမ်ပန်းချီကားသည် မျက်လုံးကို လက်နှစ်ဖက်ဖြင့် ဖုံးအုပ်ထားသော ပုံရိပ်တစ်ခုဖြစ်သည်။ သွေးသည် ထိုသူ၏ ခန္ဓာကိုယ်ထဲမှ အမြဲမပြတ် စီးကျနေသည်။

ယင်းက မကောင်းဆိုးဝါးပန်းချီကားဖြစ်သော်လည်း မြင့်မြတ်သော ခံစားမှုကို ပေးသည်။

ထိုသူ၏ အသွင်အပြင်သည် နီလာနတ်သမီးနှင့် တစ်ပုံစံတည်း တူညီသည်။

ရွှီချင်းသည် နှလုံးတုန်လာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းလသည် အပြင်းအထန် တုန်ရင်လာပြီး နီလာနတ်သမီး၏ အရှိန်အဝါကို အာရုံခံမိလာသည်။ ဤသည်မှာ ထိုတိုတမ်ကို နီလာနတ်သမီးက ရေးဆွဲထားသည့်အလားပင်။

“ လပုန်ကန်ခန်းမက အမြင့်မြတ်ဆုံးဘုရားကျောင်းရဲ့ ဂိတ်တံခါးမှာ နီလာနတ်သမီးရဲ့ အမှတ်အသား တကယ်ကြီး ရှိနေတယ် ”

“ ဒီဟာက ဒုတိယစမ်းသပ်မှုလား ”

ရွှီချင်းသည် တစ်စုံတစ်ခုလွဲမှားနေကြောင်း ခံစားမိသည်။ ယင်းက ဒုတိယစမ်းသပ်မှုဖြစ်သည်ဟု သူမခံစားမိပေ။ ယင်းအစား နီလာနတ်သမီးက လပုန်ကန်ခန်းမပေါ်မှာ ချိပ်ပိတ်ထားခြင်းဖြစ်နိုင်သည်ဟု ခံစားမိသည်။

“ ဒါဆိုရင် တကယ်တော့ ဒုတိယစမ်းသပ်မှုဆိုတာ မရှိဘူး… လပုန်ကန်ခန်းမရဲ့ ခန်းမသခင်က ဟိုးအရင်ကတည်းက ပေါ်ထွက်လာပြီးတာ ဖြစ်ရမယ်… ဒါပေမဲ့ ငါ့ထက်အရင် စမ်းသပ်မှုကို အောင်မြင်သွားခဲ့ကြတဲ့ လူတိုင်းက ဒီနေရာမှာ ရပ်တန့်သွားကြတာဖြစ်မယ် ”

“ နီလာနတ်သမီးရဲ့ ချိပ်တံဆိပ်ကို မချိုးဖျက်နိုင်ဘဲနဲ့ လပုန်ကန်ခန်းမရဲ့ ခန်းမသခင် ဘယ်လိုမှ ဖြစ်မလာနိုင်ဘူး ”

ရွှီချင်းသည် မြန်ဆန်စွာ တွေးတောလိုက်သည်။ သူက အဖြေတစ်ခု ရှာတွေ့သွားပြီးနောက် ဂိတ်တံခါးဆီသို့ နောက်တစ်ကြိမ် ပြန်သွားလိုက်ပြီး ဂရုတစိုက် စစ်ဆေးကြည့်သည်။ ထိုအတောအတွင်း သူက ခရမ်းလစွမ်းအားကို ဂရုတစိုက် ထုတ်လွှတ်လိုက်သည်။

ကံမကောင်းစွာပင် ဤဂိတ်တံခါးသည် သူ၏ ခရမ်းလစွမ်းအားအပေါ် အလွန်တုံ့ပြန်လွယ်သည်။ ခရမ်းလစွမ်းအားကို ထုတ်လွှတ်လိုက်သည်နှင့်ချက်ချင်း ဂိတ်တံခါးသည် ပြင်းထန်သော လှိုင်းအတတ်အကျများကို ထွက်ပေါ်လာစေသည်။

အဆုံးမှာတော့ ရွှီချင်းသည် ခရမ်းလစွမ်းအားကို ပြန်ရုပ်သိမ်းလိုက်သည်။ ယင်းအစား သူ၏ မျက်လုံးက လုံးလုံးမည်းနက်သွားသည်။ သူက တားမြစ်အဆိပ်စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ချိပ်တံဆိပ်ကို အာရုံခံလိုက်သည်။

အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။ ရက်အနည်းငယ်ကြာပြီးနောက် တားမြစ်အဆိပ်မှတဆင့် ဂိတ်တံခါးနှင့် တံခါးပေါ်မှ တိုတမ်ကို အကြမ်းဖျဉ်း သူနားလည်လာသည်။

ထိုသို့နားလည်လာသည့်အခါ သူ၏ အမူအရာသည် တည်ကြည်လေးနက်လာပြီး တဖန် ထူးဆန်းလာသည်။

သူ့ကို တည်ကြည်လေးနက်စေသည်မှာ ရွှီချင်းသည် တားမြစ်အဆိပ်မှတဆင့် အပြင်ဘက်ရှိ တောင်ပေါ်မှ ဘုရားကျောင်းအားလုံးက သဏ္ဍာန်မဲ့အရှိန်အဝါတချို့ကို တစ်ချိန်လုံး ထုတ်လွှတ်နေကြောင်း အာရုံခံမိသွားသောကြောင့် ဖြစ်သည်။

မည်သူမှ ထိုအရှိန်အဝါများကို အာရုံမခံမိကြပေ။ ယင်းတို့အားလုံးက တိုတမ်၏ စုပ်ယူခြင်းခံလိုက်ရသည်။ မည်သို့ကြောင့် ထိုသို့ဖြစ်ရကြောင်းကိုတော့ ရွှီချင်းသည် အသေးစိတ် နားမလည်ပေ။

သူ၏ အမူအရာကို ထူးဆန်းသွားစေသည်မှာ တိုတမ်ကြီး၏ ညာဘက်ထောင့်တွင် သေးငယ်သော တိုတမ်တစ်ခုရှိနေကြောင်း အာရုံခံမိသွားသောကြောင့် ဖြစ်သည်။ သို့သော်လည်း ယင်းက ဝေဝါးပြီး မှေးမှိန်သည်။

အကယ်၍ ရွှီချင်း၏ တားမြစ်အဆိပ်က နေရာအားလုံးဆီသို့ ပျံ့နှံ့သွားပြီး ခရမ်းလစွမ်းအားက နီလာနတ်သမီး၏ တိုတမ်ကို မလှုံ့ဆော်စေခဲ့လျှင် ထိုတိုတမ်လေးကို မည်သို့မှ သူအာရုံခံနိုင်လိမ့်မည်မဟုတ်ပေ။

သူ၏ အမူအရာကို ထူးဆန်းသွားစေသည့် အဓိကအကြောင်းအရင်းမှာ တိုတမ်လေး၏ အသွင်အပြင်ဖြစ်သည်။

၎င်းက ခေါင်းဆောင်၏ မျက်နှာနှင့် တစ်ပုံစံတည်း တူညီသည်။

၎င်းကို ရွှီချင်းရှာတွေ့သွားစဉ် တိုတမ်လေးသည် တိုတမ်ကြီးပေါ်မှာ တိတ်တဆိတ် ကိုက်ဝါးစားနေသည်။ ၎င်းက တစ်ခါကိုက်လျှင် နည်းနည်းစီသာ ဝါးစားနိုင်သော်လည်း ၎င်း၏ အလျင်သည် ခွေးရူးတစ်ကောင်အလား အလွန်မြန်ဆန်သည်။

သို့သော်လည်း အကြိမ်တိုင်း သူကိုက်ဝါးစားတိုင်း တိုတမ်ကြီးသည် သူ့ဘာသာ ပြန်ကောင်းမွန်လာလိမ့်မည်။

“ စီနီယာအကိုကြီးလား ”

ရွှီချင်းသည် ထိုသို့တွေးမိသောအခါ သူ၏ အတွေးကို တိုတမ်လေးဆီသို့ ပို့လွှတ်လိုက်သည်။

ထိုအတွေးဝင်ရောက်လာသည်နှင့်ချက်ချင်း အရူးအမူး ကိုက်ဝါးစားနေသော တိုတမ်လေးသည် ရုတ်တရက် တုန်ယင်လာသည်။ ၎င်းက ဘဝင်မြင့်စွာ ခေါင်းမော့လိုက်ပြီး အလျှင်အမြန် တုံ့ပြန်လိုက်သည်။

“ ချင်းလေး ”

“ နောက်ဆုံးတော့ မင်းရောက်လာပြီ… မင်းသေချာပေါက် ပေါ်လာလိမ့်မယ်ဆိုတာ ငါသိတယ် ”

ရွှီချင်းကို အာရုံခံမိသွားသောအခါ ခေါင်းဆောင်သည် စိတ်လှုပ်ရှားလာသည်။ သူက မြန်ဆန်စွာ ရုန်းကန်လှုပ်ရှားလိုက်သည်။ ထို့နောက် အပြာရောင်အလင်းသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ပေါ်လျှိုးလာသည်။ နောက်ဆုံးမှာတော့ သူက ဂိတ်တံခါး၏ ညာဘက်ထောင့်မှာ ပြန်ထွက်ပေါ်လာပြီး ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။

“ စီနီယာအကိုကြီး… မင်း… မင်းဘယ်လိုလုပ် ဒီရောက်နေတာလဲ ”

ခေါင်းဆောင်သည် ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ရယ်မောလိုက်သည်။

“ ဘာလဲ… မင်းအံ့ဩသွားတာလား ”

“ ဒီဟာက အရင်က ငါမင်းကိုပြောခဲ့တဲ့ အစီအစဉ်ပဲ ”

“ ဒီတစ်ကြိမ် ငါ့အစီအစဉ်က အရမ်းကောင်းတယ်… စမ်းသပ်မှုနေရာကို ငါဝင်ရောက်ပြီးနောက် လက်နက်ဝိညာဉ်ကို တမင်ရန်စလိုက်ပြီး ငါ့ကို ရေခဲရုပ်တုအဖြစ် ပြောင်းလဲသွားအောင် လုပ်ခဲ့တယ်… ပြီးတော့ ငါက ရေကန်ရဲ့ အနက်ပိုင်းထဲကို နစ်မြုပ်သွားတယ် ”

“ ဒီနည်းလမ်းနဲ့ အတိတ်မှာတုန်းက စမ်းသပ်မှုကို ကျော်ဖြတ်ဖို့ ငါပြင်ဆင်ထားခဲ့တဲ့ အရာတွေကို အသုံးပြုနိုင်ခဲ့တယ်… အဲ့လိုနဲ့ပဲ ငါက ဒီဂိတ်တံခါးမှာ တိုက်ရိုက် ပြန်ပေါ်လာခဲ့တယ် ”

“ ဒီဂိတ်တံခါးကို ဖွင့်လှစ်ပြီးတာနဲ့ ငါက လပုန်ကန်ခန်းမရဲ့ အခွင့်အာဏာကို ရရှိပြီး လပုန်ကန်ခန်းမရဲ့ ခန်းမသခင်ဖြစ်လာလိမ့်မယ် ”

“ ငါ့အစီအစဉ်အောင်မြင်တာနဲ့ လပုန်ကန်ခန်းမရဲ့ အင်အားကို ငှားယူပြီး အရင်ဘဝတွေတုန်းက ပြန့်ကျဲသွားခဲ့တဲ့ ငါ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြန်ရှာဖွေမယ်… အဲ့ဒါက နီလာနတ်သမီးကို သတ်ဖြတ်မယ့် ငါ့အစီအစဉ်ရဲ့ အဓိကအခြေအနေပဲ ”

ဤသည်ကို ရွှီချင်းကြားသောအခါ ခေါင်းဆောင်က အသွင်ပြောင်းလဲထားသော တိုတမ်လေးကို ကြည့်လိုက်သည်။ ထို့နောက် သူက နီလာနတ်သမီး၏ တိုတမ်ကြီးကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်လေသည်။

“ ရလဒ်ကရော ”

ခေါင်းဆောင်၏ အမူအရာသည် အနည်းငယ် ကိုးရိုးကားရားဖြစ်လာသည်။ ထို့နောက် သူက ဒေါသထွက်စွာ ပြောသည်။

“ ချင်းလေး… ဒီတစ်ကြိမ် ငါနည်းနည်း သတိလက်လွတ်ဖြစ်သွားတယ်… နီလာနတ်သမီးက အရမ်းဉာဏ်များမယ်လို့ ငါမထင်ထားဘူး…သူက လပုန်ကန်ခန်းမထဲမှာ ချိပ်တံဆိပ်တစ်ခု စည်းချထားတယ်ဆိုတာ ငါသိတယ်… ဒါပေမဲ့ အဲ့အဖွားကြီးက အရင်ဘဝတွေမှာ ငါသေသွားပြီး တခြားဒေသကြီးထဲမှာ ပြန်မွေးဖွားလာတဲ့အချိန် ချိပ်တံဆိပ်တွေ အများကြီး ထပ်ပေါင်းထည့်ထားမယ်လို့ မမျှော်လင့်ထားခဲ့ဘူး ”

“ ပြီးတော့ ကိုက်ဝါးစားတာကို ခုခံနိုင်တဲ့ ချိပ်တံဆိပ်တစ်ခုကိုတောင် သူက ထည့်သွင်းထားခဲ့သေးတယ် ”

“ ဒါကြောင့် ငါ့မှာ နည်းနည်းချင်းစီပဲ ကိုက်ဝါးစားနေရတယ်… အရင်တုန်းကဆိုရင် အဲ့ဒါကို ခဏလေးအတွင်း ငါကိုက်ဝါးစားပစ်နိုင်ပြီး လပုန်ကန်ခန်းမရဲ့ ခန်းမသခင်ဖြစ်လာနိုင်တယ်… ဒါပေမဲ့ အခုတော့ အချိန်အကြာကြီး ငါကုန်ဆုံးရတော့မယ်… ကံကောင်းစွာပဲ ငါ့မှာ အရံအစီအစဉ်တစ်ခု ရှိနေသေးတယ် ”

“ အခု မင်းရောက်လာပြီဆိုတော့ ငါတို့ရဲ့ အောင်မြင်နိုင်ခြေက ပိုများသွားပြီ… ငါတို့နှစ်ယောက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုအောက်မှာ နီလာနတ်သမီးရဲ့ ချိပ်တံဆိပ်ကို အတူတူ ဝါးမျိုကြမယ်… ပြီးသွားရင် ငါတို့နှစ်ယောက်က လပုန်ကန်ခန်းမရဲ့ ခန်းမသခင်တွေ ဖြစ်လာကြမယ် ”

ဤသည်ကို ကြားသောအခါ ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ လပုန်ကန်ခန်းမ၏ ခန်းမသခင်နေရာကို သူက စိတ်မဝင်စားပေ။ သို့သော်လည်း စီနီယာအကိုကြီးက ထိုအရာကို လိုအပ်သည်ဆိုမှတော့ သူက ကူညီပေးရမည်။

ထို့ကြောင့် သူက ချိပ်တံဆိပ်ကို မည်သို့ပယ်ဖျက်သင့်ကြောင်း တွေးတောလိုက်သည်။

“ စီနီယာအကိုကြီး… ဒီနီလာနတ်သမီးရဲ့ တိုတမ်က အပြင်ဘက်က စွမ်းအားကို စုပ်ယူနေတယ်လို့ ငါအာရုံခံမိတယ်… အဲ့ဒါက ဒီအစီအရင်ရဲ့ အရင်းအမြစ်စွမ်းအား ဖြစ်ရမယ် ”

ခေါင်းဆောင်သည် ပြုံးလိုက်သည်။

“ အဲ့ဒါက ငါ့ရဲ့ အရံအစီအစဉ်ပဲ… အဲ့ဒါက မျှော်လင့်ချက်ကနေ မွေးထုတ်ပေးလာတဲ့ ယုံကြည်မှုမီးတောက်ပဲ… လပုန်ကန်ခန်းမကို ဝင်ရောက်လာတဲ့ ကျင့်ကြံသူတိုင်းရဲ့ နှလုံးသားထဲမှာ မျှော်လင့်ချက်ရှိတယ်… အရင်ဘဝတုန်းက ငါ့ရဲ့ လေ့လာမှုအရဆိုရင် အဲ့ဒါက နီလာနတ်သမီးလိုချင်နေတဲ့အရာပဲ ”

“ တကယ်တော့ လပုန်ကန်ခန်းမ ယခုအချိန်ထိ တည်ရှိနေရတဲ့ အကြောင်းအရင်းက နီလာနတ်သမီးရဲ့ သနားညှာတာတဲ့ သဘောထားနဲ့ တစ်နည်းတစ်ဖုံ ပတ်သက်နေရမယ်လို့ ငါသံသယဝင်မိတယ် ”

“ ဒါပေမဲ့ နီလာနတ်သမီးက အခုချိန်မှာ နှစ်နှစ်ချိုက်ချိုက် အိပ်မောကျနေတယ်… သူက ဒီမျှော်လင့်ချက်မီးတောက်ကို နိုးထလာပြီးမှပဲ သိမ်းယူနိုင်လိမ့်မယ်… ပြီးတော့ မီးဆိုတာမျိုးက ကောင်းကျိုးဆိုးကျိုး နှစ်မျိုးစလုံးပေးတယ်ဆိုတာ မင်းလည်း သိသားပဲ… မီးက နွေးထွေးမှုကို ပေးနိုင်သလို လောင်ကျွမ်းပြာဖြစ်အောင်လည်း လုပ်နိုင်တယ် ”

“ အဲ့ဒါကြောင့်ပဲ ပြပွဲပြီးသွားတာနဲ့ ဒီကို ငါတန်းလာခဲ့တာပေါ့ ”

“ အဲ့ဒီမီးတောက်ကို ပိုပြီးပြင်းပြင်းထန်ထန် လောင်ကျွမ်းသွားပါစေ… အဲ့ဒီအခါ ငါတို့က လောင်စာထပ်ထည့်ပြီး မီးတောက်ကို ပေါက်ကွဲသွားစေမယ်… အဲ့ဒါက နီလာနတ်သမီးရဲ့ ချိပ်တံဆိပ်ကို လောင်ကျွမ်းသွားစေလိမ့်မယ်… အဲ့ဒီအခါ ငါ့ရဲ့ ကိုက်ဝါးစားတာနဲ့ ပူးပေါင်းလိုက်မယ်ဆိုရင် ငါတို့အောင်မြင်နိုင်လိမ့်မယ် ”

“ အခု ငါတို့လိုအပ်နေတာက လောင်စာပဲ… ချင်းလေး… တကယ်လို့ ငါ့တွက်ချက်မှုသာ မမှားယွင်းဘူးဆိုရင် အဲ့ဒီလောင်စာက ဒီလထဲမှာ ထွက်ပေါ်လာလိမ့်မယ် ”

All Chapters