← Chapters

ပထမဆုံး ဉာဏ်အလင်းပွင့်နတ်ဘုရား

Vol. 103 Ch. 1581

ပထမဆုံး ဉာဏ်အလင်းပွင့်နတ်ဘုရား

Vol. 103 Ch. 1581

ကျယ်ပြောလှသော နတ်ဘုရားသွေးမြစ်ထဲတွင် ညစ်ညမ်းသော လှိုင်းလုံးများက ပေါ်လျှိုးလာကြသည်။

မြစ်က ကျယ်ပြောပြီး အဆုံးမဲ့စွာ ဆန့်တန်းနေသည်။ ဤသည်မှာ မြစ်က မိုးကုပ်စက်ဝိုင်းနှင့် ဆက်သွယ်နေသည့်အလားပင်။ ၎င်း၏ ကျယ်ပြောမှုကို ဖော်ညွှန်းနိုင်သော စကားလုံး မရှိပေ။

ထိုသို့ကျယ်ပြောသော သွေးမြစ်တစ်စင်း ဖြစ်ပေါ်ရန် မည်မျှများပြားသော နတ်ဘုရားများက သေဆုံးသွားခဲ့ရကြောင်း လုံးဝစိတ်ကူးမကြည့်နိုင်ပေ။

အထူးသဖြင့် ကောင်းကင်ပေါ်မှ မိုးသောက်အလင်းအောက်တွင် နီညိုရောင်မြစ်ရေက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။ ဤသည်မှာ မရေမတွက်နိုင်သော သွေးစက်များက ကုန်းမြေပေါ်မှာ ကခုန်နေကြသည့်အလားပင်။

ယင်းတို့က မိုးသောက်အလင်း၏ ခမ်းနားထည်ဝါမှုကို သက်သေပြုပေးနေဟန် ရ၏။

ဤမြင်ကွင်းက တန်ဖိုးမဖြတ်နိုင်သော ပန်းချီကားတစ်ချပ်ပမာ ရင်သပ်ရှုမောဖွယ်ကောင်းသည်။

ထိုပန်းချီကားထဲမှာ လေးနက်သော သမိုင်းကြောင်းက ပါဝင်နေသည်။ ယင်းက အချိန်စီးဆင်းမှုကို ကိုယ်စားပြုပြီး နတ်ဘုရားများနှင့် အင်မော်တယ်များ၏ ပုံပြင်များကို မျက်မြင်သက်သေပြုပေးခဲ့ဟန် ရ၏။ ယင်းက အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အသွင်ပြောင်းလဲမှုကို ဖော်ပြနေသော ပြယုဂ်လည်း ဖြစ်သည်။

ယင်း၏ အဓိပ္ပာယ်က လေးနက်သည်။

ဤအခိုက်အတန့်မှာ သွေးမြစ်ပန်းချီကားထဲတွင် အထီးကျန်လှေငယ်လေးတစ်စင်းက လှိုင်းလုံးများကို လျစ်လျူရှုထားလျက် အရှေ့သို့ ဆက်လက် ချီတတ်နေသည်။

ကူးတို့လှေသမား၏ စကားသံသည်သာ ကောင်းကင်နှင့် မြေပြင်ကြားတွင် ပဲ့တင်ထပ်နေသည်။

သူ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသော စကားလုံးတိုင်းက ကောင်းကင်ဘုံအသံပမာ ရွှီချင်း၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ တစ်ဦးတည်းသော အင်မော်တယ်ဘုရင် ”

“ ပဉ္စမမြောက် လူသားဘိုးဘေး ”

ထိုစကားလုံးများက ရွှီချင်း၏ စိတ်ထဲမှာ မြန်ဆန်စွာ စုဝေးသွားကြပြီး နောက်ဆုံးမှာတော့ အဖိုးအိုတစ်ယောက်၏ အသွင်သဏ္ဍာန်သို့ ပြောင်းလဲသွားသည်။

ထိုအဖိုးအိုသည် မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေ၏ ကြယ်တာရာမြေပုံထဲတွင် သူမြင်တွေ့ခဲ့ရသော အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အလယ်ဗဟို၌ တင်ပျဉ်ခွေထိုင်နေသည့် အဖိုးအိုဖြစ်သည်။ သူက ဝမ်ကူးကုန်းမြေ၏ အပြင်ပိုင်းပင်လယ်ထဲမှာ သူမြင်တွေ့ခဲ့ရသော အဖိုးအိုလည်း ဖြစ်သည်။

“ စီနီယာ… ဘာလို့ အင်မော်တယ်ဘုရင်ကို… ပဉ္စမမြောက် လူသားဘိုးဘေးလို့ ခေါ်တာပါလဲ ”

အချိန်အတော်ကြာပြီးနောက် ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မေးသည်။

ကူးတို့လှေသမားက ဆေးတံကို တစ်ရှိုက်ဖွာလိုက်သည်။ ထို့နောက် မီးခိုးငွေ့ကို မှုတ်ထုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ အထက်နယ်မြေထဲမှာ အဆင့်မြင့်ကြယ်တာရာစက်ဝန်း(၃၆)ခု ရှိကြတယ်… အဲ့ဒီကြယ်တာရာစက်ဝန်းတစ်ခုစီမှာ အဆင့်နိမ့်ကြယ်တာရာစက်ဝန်းတွေက အရေအတွက်အမျိုးမျိုး ရှိကြတယ်… အဲ့ဒါကို အောက်နယ်မြေလို့ ခေါ်ကြတယ် ”

“ တချို့အဆင့်နိမ့်ကြယ်တာရာစက်ဝန်းတွေမှာ နာမည်ရှိကြပြီး တချို့မှာတော့ နာမည်မရှိကြဘူး ”

ထိုနေရာသို့ ရောက်သည့်အခါ ကူးတို့လှေသမားက ရွှီချင်းကို ကြည့်လိုက်သည်။ ထိုအကြည့်ထဲတွင် လေးနက်သော အဓိပ္ပာယ်တစ်ခု ပါဝင်နေဟန် ရ၏။

“ အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ အောက်နယ်မြေမှာ နာမည်မရှိဘူး… ဟိုးလွန်ခဲ့တဲ့အချိန်ကာလတုန်းက နတ်ဘုရားတွေက အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ အထက်နယ်မြေထဲမှာ ကျင်လည်ကျက်စားနေတဲ့အချိန် အဲ့ဒါရဲ့ အဆင့်နိမ့်ကြယ်တာရာစက်ဝန်းကို ပဉ္စမမြောက် အောက်နယ်မြေလို့ ခေါ်ခဲ့ကြတယ် ”

“ ပဉ္စမမြောက် အောက်နယ်မြေထဲမှာ မရေမတွက်နိုင်တဲ့ မျိုးနွယ်စုတွေ တည်ရှိကြပြီး သူတို့အားလုံးက နတ်ဘုရားတွေရဲ့ ကျေးကျွန်တွေ ဖြစ်ကြတယ်… မျိုးနွယ်တစ်ခုစီက အသက်ရှင်သန်ဖို့ နတ်ဘုရားတွေကို ကိုးကွယ်ပူဇော်ရတယ် ”

“ အဲ့ဒီနောက် စစ်ပွဲတွေ၊ ပုန်ကန်မှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေ ဖြစ်လာကြတယ်… နတ်ဘုရားတွေကို ဆန့်ကျင်တဲ့ တိုက်ပွဲမှာ လောကက ပျက်စီးလုနီးပါးဖြစ်ခဲ့တယ် ”

“ အကြိမ်တိုင်းမှာ အင်မော်တယ်တွေ ရှုံးနိမ့်ခဲ့ကြတယ်… တစ်ခါရှုံးနိမ့်သွားတိုင်း ပဉ္စမမြောက် အောက်နယ်မြေက ရှင်းလင်းသုတ်သင်ခံရတယ်… အဲ့ဒီနောက် အရာအားလုံးက အသစ်ပြန်လည်စတင်လာပြီး သက်ရှိတွေက နတ်ဘုရားတွေအတွက် အစားအစာ ဖြစ်လာကြပြန်တယ် ”

ကူးတို့လှေသမား၏ စကားသံက မြစ်ထဲမှာ နိမ့်ချည်မြင့်ချည် ထွက်ပေါ်လာသည်။ သူ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသော စကားလုံးများက အချိန်မြစ်ထဲမှ ထွက်ပေါ်လာသည့် အချိန်မှော်သင်္ကေတများအလား ရွှီချင်း၏ အသိစိတ်ထဲသို့ ဝင်ရောက်သွားကြသည်။ ထို့နောက် ယင်းတို့က ရွှီချင်းနားလည်နိုင်သော အဓိပ္ပာယ်အဖြစ် ပြောင်းလဲသွားကြသည်။

“ အဲ့ဒါက နောက်ဆုံးအကြိမ်မတိုင်ခင်အထိ ဖြစ်ပွားခဲ့တယ်… နောက်ဆုံးအကြိမ်မှာတော့ ပဉ္စမမြောက် အောက်နယ်မြေရဲ့ လူသားဧကရာဇ်က ခမ်းနားထည်ဝါတဲ့ အလင်းရောင်ကို ဆောင်ကြဉ်းပြီး နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကြားက ကြီးမားတဲ့ မဟာစစ်ပွဲတစ်ပွဲကို ဦးဆောင်ပေးခဲ့တယ်… အဲ့ဒါက အထက်နယ်မြေနဲ့ အောက်နယ်မြေကြားက တိုက်ပွဲဆိုလည်း ဟုတ်တယ် ”

“ စစ်ပွဲအတွင်းမှာ ပဉ္စမမြောက် အောက်နယ်မြေရဲ့ လူသားဧကရာဇ်က အင်မော်တယ်ဘုရင်အဆင့်ကို တတ်လှမ်းသွားခဲ့တယ်… တစ်ချိန်တည်းမှာ အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ မူလနတ်ဘုရင်က မတော်တဆမှုတစ်ခုနဲ့ တွေ့ကြုံခဲ့တယ်… အဲ့ဒါက အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ နတ်ဘုရားတွေကို ကြီးကြီးမားမား အင်အားဆုတ်ယုတ်စေခဲ့တယ်… နောက်ဆုံးမှာတော့ စစ်ပွဲက ဟန်ချက်ပျက်သွားပြီး အင်မော်တယ်တွေ အနိုင်ရခဲ့ကြတယ် ”

“ အဲ့ဒီအကြောင်းအရင်းကြောင့် အင်မော်တယ်ဘုရင်ကို ပဉ္စမမြောက် လူသားဘိုးဘေးလို့ ခေါ်ဆိုကြတယ် ”

ကူးတို့လှေသမားက စကားဆုံးသွားသည်နှင့် ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။ သူ၏ အကြည့်ထဲမှာ စိတ်ခံစားချက်တချို့ ကိန်းအောင်းနေသည်။

ရွှီချင်းက တိတ်တဆိတ် နားထောင်နေသည်။ ထိုသမိုင်းကြောင်းနှင့် တူညီသော သမိုင်းကြောင်းတစ်ခုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

အမှတ်ငါးကြယ်တာရာစက်ဝန်းသည် အတိုင်းအတာတစ်ခုထိ ဝမ်ကူးကုန်းမြေနှင့် ဆင်တူသည်။

သို့သော်လည်း ဝမ်ကူးကုန်းမြေထက်စာလျှင် အမှတ်ငါးကြယ်တာရာစက်ဝန်းက အများကြီး ဖွင့်ဖြိုးတိုးတတ်သည်။

“ ဒါဆို တခြားအဆင့်မြင့်ကြယ်တာရာစက်ဝန်းတွေကရော… ”

ရွှီချင်းက မေးလိုက်သည်။

“ အများစုက ကျရှုံးသွားကြတယ်… အောင်မြင်လုနီးပါးဖြစ်ခဲ့တဲ့ နေရာတစ်ခု ရှိတယ်… ဒါပေမဲ့ မတော်တဆမှုတချို့ကြောင့် အဲ့ဒါလည်းပဲ ကျရှုံးသွားခဲ့တယ် ”

ကူးတို့လှေသမားက အတိတ်ကို လွမ်းဆွေးသော လေသံဖြင့် ပြောပြီး ခေါင်းခါလိုက်သည်။

“ ဘာလို့လဲဆိုတော့ အဆင့်မြင့်ကြယ်တာရာစက်ဝန်း(၃၆)ခုက ကျင့်ကြံသူတွေ ဒါမှမဟုတ် အင်မော်တယ်တွေ ပိုင်ဆိုင်တဲ့ နယ်မြေမဟုတ်ဘူး… အဲ့ဒါက နတ်ဘုရားတွေသာ ပိုင်ဆိုင်တဲ့ နယ်မြေပဲ ”

“ နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေ… အဲ့ဒီလမ်းစဉ်နှစ်ခုမှာ အင်မော်တယ်တွေက နတ်ဘုရားတွေထက် ခြေတစ်လှမ်း နောက်ကျနေတယ် ”

ကူးတို့လှေသမား၏ အသံက အနည်းငယ် တိုးညင်းသွားသည်။

“ တိတိကျကျပြောရရင် အင်မော်တယ်တွေက အင်မော်တယ်ဘုရင်အဆင့်ကို ရောက်သွားရင် နောက်ထပ် အနာဂတ်မရှိတော့ဘူး… နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာသွားခဲ့တာတောင် အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ အင်မော်တယ်ဘုရင်က နောက်တစ်ဆင့်ကို မတတ်လှမ်းနိုင်သေးဘူး ”

“ နတ်ဘုရားတွေကျတော့… နတ်ဘုရင်ရဲ့ အထက်အဆင့်မှာ ဉာဏ်အလင်းပွင့်နတ်ဘုရားဆိုတာ ရှိတယ် ”

“ ဉာဏ်အလင်းပွင့်နတ်ဘုရားက ဒဏ္ဍာရီမဟုတ်ဘူး… တကယ်တည်ရှိခဲ့တာ ”

“ ရှေးခေတ်ကာလကနေ အခုအချိန်ထိ အဲ့ဒီအဆင့်ကို ရောက်ဖူးတဲ့သက်ရှိဆိုလို့ တစ်ယောက်ပဲ ရှိတယ်… အဲ့ဒီသက်ရှိကို ပထမဆုံး ဉာဏ်အလင်းပွင့်နတ်ဘုရားလို့ ခေါ်ကြတယ်… အဲ့ဒီနတ်ဘုရားရဲ့ ထွက်ပေါ်လာမှုက အထက်နယ်မြေနဲ့ အောက်နယ်မြေကို ဖန်တီးခဲ့တယ် ”

“ ဘယ်လိုဖန်တီးခဲ့တာလဲဆိုတာတော့ ပြောရခက်တယ်… ဘာပဲပြောပြော အဲ့ဒါက အရမ်းရှေးကျတဲ့ သမိုင်းကြောင်းပဲ… အဲ့ဒါကို သက်သေပြုပေးနိုင်တဲ့အရာ မရှိဘူး ”

ကူးတို့လှေသမား၏ စကားက ရွှီချင်းကို အံ့ဩထိတ်လန့်သွားစေသည်။ ဤတစ်ကြိမ်က ယခင်အကြိမ်များထက် ပိုပြီးထိတ်လန့်စရာကောင်းသည်။

“ အဲ့ဒီဉာဏ်အလင်းပွင့်နတ်ဘုရားက… ”

ရွှီချင်း၏ အသက်ရှူသံက မြန်ဆန်လာသည်။ သူ၏ စကားမဆုံးခင် ကူးတို့လှေသမားက သူမေးချင်သော အရာကို ဖြေပေးလိုက်သည်။

“ သူက အမည်မသိကုန်းမြေတစ်ခုဆီ သွားခဲ့ပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး ”

“ ခေတ်တွေ မရေမတွက်နိုင်အောင် ကုန်ဆုံးသွားခဲ့တာတောင် ဒုတိယမြောက် ဉာဏ်အလင်းပွင့်နတ်ဘုရားက အဆင့်မြင့်ကြယ်တာရာစက်ဝန်း(၃၆)ခုထဲမှာ နောက်ထပ် မထွက်ပေါ်လာတော့ဘူး… အဲ့ဒါက အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲက ရှေးဦးအပျက်အစီး မထွက်ပေါ်လာခင်အထိ ကြာမြင့်ခဲ့တယ် ”

“ ပထမဆုံး ဉာဏ်အလင်းပွင့်နတ်ဘုရားပြီးနောက် ရှေးဦးအပျက်အစီးက ဉာဏ်အလင်းပွင့်နတ်ဘုရားတစ်ပါးဖြစ်လာဖို့ အကြီးမားဆုံး မျှော်လင့်ချက်ရှိသူ ဖြစ်တယ်… ဒါပေမဲ့ ငါတို့အတွက် ဝမ်းသာစရာကတော့ သူက အဆင့်ချိုးဖြတ်ရာမှာ ကျရှုံးသွားခဲ့တယ် ”

“ အဲ့လိုမှမဟုတ်ရင်… ”

ကူးတို့လှေသမားက ဆက်ပြီး စကားမပြောခဲ့သော်လည်း ရွှီချင်းက နောက်ဆက်တွဲအခြေအနေကို စိတ်ကူးကြည့်နိုင်ပေသည်။

အကယ်၍ ရှေးဦးအပျက်အစီးသာ ဉာဏ်အလင်းပွင့်နတ်ဘုရားဖြစ်လာမည်ဆိုလျှင် အဆင့်မြင့်ကြယ်တာရာစက်ဝန်း(၃၆)ခုစလုံးမှာ နတ်ဘုရားများသာလျှင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ဆက်ပြီး ကြီးစိုးနေလိမ့်မည်။ အင်မော်တယ်များအတွက်တော့ အသက်ရှင်ရန် လုံးဝမျှော်လင့်ချက်ရှိတော့မည် မဟုတ်ချေ။

ရွှီချင်းက ကူးတို့လှေသမား၏ စကားများကို မြန်ဆန်စွာ ချေဖျက်လိမ့်မည်။

ဤတစ်ရက်အတွင်းမှာ ကူးတို့လှေသမားက အုပ်ချုပ်သူနယ်ပယ်အကြောင်းနှင့် ခြေလှမ်းဝက်အင်မော်တယ်၏ စွမ်းရည်များအကြောင်းကို ပြောပြခဲ့သည်။ ထို့ပြင် စကြာဝဠာ၏ ဖွဲ့စည်းပုံလည်း ပါဝင်သည်။ ဤသည်မှာ သူက မည်သည့်အရာကိုမှ ထိန်ချန်မထားသည့်အလားပင်။ သူက အားလုံးကို အသေးစိတ် ရှင်းပြပေးသည်။

ယင်းက ကူးတို့လှေသမား၏ အလုပ်နယ်ပယ်ထက် ကျော်လွန်နေကြောင်း ရှင်းလင်းသည်။

တစ်ဖက်လူက သူ့အား ထိုအကြောင်းများကို ပြောပြရန် မလိုအပ်ပေ။

ထို့ပြင် ဆံပင်နီနှင့် လူငယ်၏ လိုက်ဖမ်းခံခဲ့ရစဉ်က တစ်ဖက်လူ၏ ကူညီပေးမှုကိုလည်း ရွှီချင်း ပြန်အမှတ်ရသွားသည်။

ထိုအချက်အားလုံးကို သုံးသပ်ကြည့်လိုက်သည့်အခါ ရွှီချင်းက တခြားအကြောင်းအရင်းကို မတွေးမိရန် မည်သို့မှ မဖြစ်နိုင်ပေ။ သူ၏ စိတ်ထဲမှာ အတွေးများစွာက စတင်ထွက်ပေါ်လာကြသည်။

ဤကူးတို့လှေသမားက ဝမ်ကူးကုန်းမြေနှင့် တစ်နည်းတစ်ဖုံ ဆက်သွယ်နေလိမ့်မည်ဟု သူသံသယရှိသည်။

သူက ဝမ်ကူးကုန်းမြေမှ ရောက်လာခြင်းလော သို့မဟုတ် ဝမ်ကူးကုန်းမြေမှ ကျင့်ကြံသူတချို့နှင့် ရင်းနှီးခြင်းလော ရွှီချင်း အဖြေမရှာနိုင်ပေ။ သို့သော်လည်း တစ်ဖက်လူ၏ အကြည့်က သူ၏ ဧကရာဇ်ဓားပေါ်သို့ မကြာခဏ ကျရောက်လာကြောင်း သူသတိထားမိသည်။

သို့ဖြစ်၍ တစ်ခဏကြာပြီးနောက် ရွှီချင်းက ရုတ်တရက် ပြောသည်။

“ စီနီယာ… ဝမ်ကူးကုန်းမြေကို မင်းသိလား… ”

ကူးတို့လှေသမားက မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း သူက စကားမပြောပေ။

ရွှီချင်းက အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီးနောက် စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။

တစ်ဖက်လူက မည်သည့်စကားမှ ပြန်မပြောသော်လည်း ထိုသို့မတုံ့ပြန်ခြင်းက သူ့အား အဖြေတချို့ကို ပေးသည်။

“ စီနီယာ… ဝမ်ကူးကုန်းမြေမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာတယ်… ”

ကူးတို့လှေသမားက စကားမပြောပေ။ သူက ဆေးတံကို ဖွာလိုက်ပြီး မီးခိုးငွေ့ကို မှုတ်ထုတ်လိုက်သည်။

ရွှီချင်းက နှုတ်ဆိတ်သွားသည်။

သူက နောက်ထပ် မမေးတော့ပေ။

ထိုသို့ဖြင့် အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ခြောက်ရက်မြောက်နေ့သို့ ရောက်ရှိသွားသည်။

ပထမအကြိမ် မြစ်ကို ဖြတ်သန်းသည် ကူးတို့ခက ခရီးသည်၏ ခြောက်ရက်စာ အသက်ဓာတ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မြစ်ကို ဖြတ်သန်းရန် ခြောက်ရက်ကြာမြင့်သောကြောင့် ဖြစ်သည်။

ဤအခိုက်အတန့်မှာ ခြောက်ရက်ကုန်ဆုံးသွားပြီးနောက် ရွှီချင်းက နတ်ဘုရားသွေးမြစ်၏ အခြားတစ်ဖက်ကို မြင်တွေ့သွားသည်။

ယင်းက အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အနောက်ပိုင်းကြယ်စင်စုဖြစ်သည်။

လှေက မြစ်ကမ်းနားသို့ ချဉ်းကပ်သွားနေစဉ် တည်ငြိမ်သော မြစ်ရေပေါ်မှာ လှိုင်းတချို့ နိမ့်ချည်မြင့်ချည် ထွက်ပေါ်လာကြသည်။ အထီးကျန်လှေငယ်လေးသည် ထိုလှိုင်းများကို ဂရုမစိုက်ဘဲ တည်ငြိမ်စွာ ရွေ့လျားနေသည်။

နာရီအနည်းငယ်ကြာပြီးနောက်…

သူတို့က အနောက်ပိုင်းကြယ်စင်စု၏ ကမ်းစပ်ဆီသို့ ရောက်ရှိသွားကြသည်။

ဤနေရာမှ မြေပြင်က တောင်ပိုင်းကြယ်စင်စုနှင့် အတော်လေး ခြားနားသည်။ ဤနေရာတွင် ရွှံ့မြေများ မရှိပေ။ ယင်းအစား ကုန်းမြေက နီရဲနေသည်။ ဤသည်မှာ မီးတောက်စွမ်းအင်က ကုန်းမြေထဲမှာ ကိန်းအောင်းနေသည့်အလားပင်။

“ ဆင်းစမ်း… တကယ်လို့ မင်းက နောက်တစ်ကြိမ် မြစ်ကို ဖြတ်သန်းမယ်ဆိုရင် ခြောက်ရက်စာ အသက်ဓာတ်နဲ့ လုံလောက်တော့မှာ မဟုတ်ဘူး… အဲ့ဒီအချိန်ကျရင် အနှစ်ခြောက်ဆယ်စာ အသက်ဓာတ်ကို ပေးအပ်ရလိမ့်မယ် ”

ကူးတို့လှေသမားက တည်ငြိမ်စွာ ပြောသည်။

ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် သူက မတ်တတ်ရပ်ကာ ဦးညွတ်လိုက်သည်။ သူက မည်သည့်စကားမှ မပြောဘဲ အထီးကျန်လှေပေါ်မှ ဆင်းသွားသည်။

ရွှီချင်းက အနောက်ပိုင်းကြယ်စင်စု၏ ကုန်းမြေပေါ်သို့ ခြေချလိုက်ပြီးနောက် အနောက်လှည့်ကာ လှေကို ကြည့်လိုက်သည်။

ကူးတို့လှေသမားက ဆေးတံကို ဖွာလိုက်သည်။ သူမှုတ်ထုတ်လိုက်သော မီးခိုးငွေ့က သူ၏ ပုံရိပ်ကို ပိုပြီးဝေဝါးသွားစေသည်။

ဤခြောက်ရက်ကို ပြန်စဉ်းစားမိသွားသောအခါ ရွှီချင်းက ခေါင်းငုံ့လိုက်ပြီး နောက်တစ်ကြိမ် အရိုအသေပေးလိုက်သည်။

“ ကျေးဇူးတင်ပါတယ် စီနီယာ ”

တစ်ဖက်လူက နောက်ပိုင်းရက်များတွင် သူ၏ မေးခွန်းများကို ပြန်မဖြေခဲ့သော်လည်း အစောပိုင်းတွင် သူပြောပြခဲ့သော အရာများက သူ့အတွက် အလွန်တန်ဖိုးရှိသည်။

ယင်းက ရွှီချင်းကို ဤလောကအကြောင်း ပိုပြီးနားလည်သွားစေသည်။

သို့ဖြစ်၍ ကျေးဇူးတရားနှင့် ရန်ငြိုးကို ကောင်းမွန်စွာ ခွဲခြားထားသော ရွှီချင်းအတွက်တော့ ယင်းက ကြီးမားသော ကြင်နာမှုဖြစ်သည်။

ထို့ကြောင့် သူက လေးနက်စွာ အရိုအသေပေးလိုက်ခြင်း ဖြစ်သည်။

အရိုအသေပေးပြီးနောက် ရွှီချင်းက အနောက်လှည့်လိုက်ပြီး အဝေးသို့ မြန်ဆန်စွာ ထွက်သွားသည်။

ရွှီချင်း၏ ပုံရိပ်က ကမ်းစပ်မှ ပျောက်ကွယ်သွားသည့်အခါမှသာ ကူးတို့လှေသမားက ဖြည်းညင်းစွာ ခေါင်းမော့လိုက်ပြီး ရွှီချင်းထွက်သွားသော ဦးတည်ရာကို ကြည့်လိုက်သည်။

“ ဓားကိုင်… ခေါင်းမာတဲ့ အဲ့ဒီကောင်က သေသွားပြီပဲ… ”

သူက အတိတ်ကို လွမ်းဆွေးသော လေသံဖြင့် တီးတိုးရေရွတ်လိုက်သည်။

ထို့နောက် သူက နူးညံ့စွာ သက်ပြင်းချလိုက်သည်။

“ ဝမ်ကူးကုန်းမြေ… အဲ့ဒီနာမည်ကို နောက်ဆုံးအကြိမ် ငါကြားခဲ့ရတာ ဘယ်တုန်းကလဲ မမှတ်မိတော့ဘူး… ဝမ်ကူးကုန်းမြေရဲ့ အသင်္ချေမျိုးနွယ်စုတွေက ငါ့ရဲ့ နာမည်ကို မေ့သွားလောက်ပြီ… ငါက သမိုင်းထဲကနေ ဖယ်ရှားခံခဲ့ရတာပဲ ”

ကူးတို့လှေသမားက တီးတိုးရေရွတ်လိုက်ပြီးနောက် သူ၏ ညာဘက်လက်ဖဝါးကို ငုံ့ကြည့်လိုက်သည်။

ဤအခိုက်အတန့်မှာ လူ့အရေပြားမျက်နှာများနှင့် ဆင်တူသော မှော်သင်္ကေတများက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာကြပြီး ထူးခြားဆန်းကြယ်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်ကြသည်။

အကယ်၍ ရွှီချင်းသာ ဤနေရာမှာ ရှိနေမည်ဆိုလျှင် ယင်းတို့ကို အကြည့်တစ်ချက်ဖြင့် သူမှတ်မိသွားလိမ့်မည်။

ထိုလူ့အရေပြားမျက်နှာများက အင်မော်တယ်အတတ်ပညာများ ဖြစ်ကြသည်။

တစ်ချိန်တည်းမှာ အနောက်ပိုင်းကြယ်စင်စု၏ လေထဲ၌ ကမ်းစပ်မှ ထွက်ခွာသွားခဲ့သော ရွှီချင်းက ရွှံ့မြေခွေး၏ စိတ်သက်သာရာရသော သက်ပြင်းချသံကို ကြားလိုက်ရသည်။

“ စောစောကလူ… နည်းနည်း ကြောက်စရာကောင်းတယ်… နင့်ကို သူမြင်လိုက်တဲ့အခါမှာ သူက ငါ့ကို ဖမ်းဆုပ်လိုက်ပြီး ညှဉ်းပန်းနှိပ်စက်နေတယ်လို့ ငါခံစားခဲ့ရတယ်… ”

“ ရွှီချင်း… နင်သွားတဲ့ နေရာက နည်းနည်းမှ ပျော်စရာမကောင်းဘူး ”

ရွှံ့မြေခွေးက နှလုံးတုန်သွားသည်။ အထူးသဖြင့် နတ်ဘုရားသွေးမြစ်ကို သူမြင်လိုက်ရသည့်အခိုက် ဖြစ်သည်။

“ ထားလိုက်ပါတော့… ဆက်ပြီး အိပ်နေတာပဲ ကောင်းတယ်… ”

ရွှံ့မြေခွေးက တီးတိုးပြောလိုက်ပြီး သူ၏ အရှိန်အဝါကို ပြန်ရုပ်သိမ်းလိုက်သည်။

ရွှံ့မြေခွေး၏ ထိုသို့ပုံစံနှင့်ပတ်သက်ပြီး ရွှီချင်းက ဘာမှမပြောပေ။ ဤနေရာသို့ မလာခင်ကတည်းက သူသွားမည့်နေရာက နတ်ဘုရားများကို မကြိုဆိုကြောင်း တစ်ဖက်လူကို သူရှင်းပြခဲ့သည်။

သို့သော်လည်း ထိုအချိန်တုန်းက ရွှံ့မြေခွေးသည် သူ့စကားကို မယုံကြည်ခဲ့ပေ။

“ အဲ့ဒီထက် ပိုပြီးအန္တရာယ်များနိုင်တယ်… ”

ရွှီချင်းက တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် သူ့ကို နောက်ထပ် သတိပေးလိုက်သည်။

ချက်ချင်းဆိုသလို ရွှံ့မြေခွေးက သူ၏ အရှိန်အဝါကို လုံးလုံးလျားလျား ပြန်ရုပ်သိမ်းလိုက်သည်။

သူက အဆင့်မြင့်နတ်ဘုရားတစ်ပါးဖြစ်သည့်အလျောက် ဝမ်ကူးကုန်းမြေထဲမှာ ထိုသို့လုပ်ဆောင်လေ့ မရှိပေ။ ယင်းကို ကြည့်ခြင်းအားဖြင့် ကူးတို့လှေသမားက မီးလျှံကြယ်ကို မည်မျှကြောက်ရွံ့စေခဲ့ကြောင်း စိတ်ကူးကြည့်နိုင်သည်။

ရွှီချင်းက တွေးတောလိုက်သည့်အခါ ကူးတို့လှေသမား၏ ပုံရိပ်က သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

“ သူက တကယ်ပဲ ဘယ်သူလဲ… ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။

သို့သော်လည်း အဖြေကို သူမသိပေ။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထိုကိစ္စကို သူ၏ စိတ်ထဲမှာသာ သိမ်းဆည်းထားလိုက်သည်။ ထို့နောက် သူက အနောက်ပိုင်းကြယ်စင်စု၏ မြေပုံနှင့် သတင်းအချက်အလက်များကို ပြန်တွေးတောလိုက်သည်။

တခြားကြယ်စင်စုသုံးခုနှင့် နှိုင်းယှဉ်လျှင် အနောက်ပိုင်းကြယ်စင်စုက သိသိသာသာ အားနည်းသည်။ အနောက်ပိုင်းကြယ်စင်စု၏ ဥသျှောင်ဖြစ်သော အင်မော်တယ်တာအိုဂိုဏ်းသည်ပင် အင်အားကျဆင်းနေသည်။

ထိုသို့ဖြစ်ရသည့် အဓိက အကြောင်းအရင်းမှာ အနောက်ပိုင်းကြယ်စင်စု၏ ကောင်းကင်စောင့်ရှောက်သူက အဆင့်ချိုးဖြတ်နေသည့် အခြေအနေမှာ ရှိနေသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ သူက ဂိုဏ်း၏ ဖွင့်ဖြိုးတိုးတတ်မှုနှင့် အနောက်ပိုင်းကြယ်စင်စုကို ကိုယ်တိုင် အာရုံမစိုက်နိုင်ပေ။

ထို့အတူ အင်မော်တယ်တာအိုဂိုဏ်းထဲမှ ကျင့်ကြံသူအများစုသည်လည်း ယင်းတို့ကို ဂရုမစိုက်ကြပေ။

ရလဒ်အနေဖြင့် ဤနေရာတွင် ဂိုဏ်းများနှင့် ကလန်များသည် တခြားကြယ်စင်စုသုံးခုမှာထက် ပိုပြီးလွှမ်းမိုးချယ်လှယ်ကြသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် တိုက်ခိုက်နေကြပြီး အင်အားတိုးချဲ့နေကြသည်။

ထိုသတင်းအချက်အလက်ကို စစ်ဆေးကြည့်ပြီးနောက် ရွှီချင်းက အနောက်ပိုင်းကြယ်စင်စု၏ ကြယ်ပွင့်ကို စဉ်းစားမိသွားသည်။

သူက ကြယ်ရှစ်ပွင့်ထဲမှာ အားအနည်းဆုံးဖြစ်ပြီး အင်မော်တယ်တာအိုဂိုဏ်းမှ ကောင်းကင်စောင့်ရှောက်သူ၏ တပည့်ဖြစ်သည်။

“ လီမုန့်တု… ”

“ သူ့ကလန်မှာ ထူးခြားတဲ့ ဝိသေသလက္ခဏာတစ်ခု ရှိတယ်… ကလန်ရဲ့ မျိုးဆက်တိုင်းက သူတို့ရဲ့ နာမည်မှာ ‘ တု ’ဆိုတဲ့ စကားလုံးကို ထည့်သွင်းရတယ် ”

“ သူက အစောပိုင်းအဆင့် အုပ်ချုပ်သူဖြစ်ပြီး အခွင့်အာဏာလေးခုကို ပိုင်ဆိုင်ထားတယ်… သူက သူ့ကိုယ်ပိုင်တိုက်ပွဲစွမ်းအားရယ် ကလန်နဲ့ သူ့ဆရာရဲ့ ထူးခြားတဲ့ တာအိုအတတ်ပညာတွေရယ်ကို အသုံးပြုပြီး အလယ်အလတ်အဆင့် အုပ်ချုပ်သူတစ်ပါးကို သတ်ဖြတ်ခဲ့ဖူးတယ် ”

ရွှီချင်းက တွေးတောစဉ်းစားပြီးနောက် အနောက်ပိုင်းကြယ်စင်စု၏ လောကကို စိုက်ကြည့်လိုက်သည်။

“ ဒီနေရာက တောင်ပိုင်းကြယ်စင်စုနဲ့ နှိုင်းယှဉ်ရင် အများကြီး ပိုအေးချမ်းတယ်… အဲ့ဒါက ကုသဖို့အတွက် သင့်တော်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် တိုးတတ်အောင် လုပ်ဖို့က မလွယ်ကူဘူး ”

“ ဒါပေမဲ့ လက်ရှိ ငါ့အတွက် အရေးကြီးဆုံးအရာက ဒဏ်ရာကုသဖို့ နေရာတစ်နေရာ ရှာဖွေဖို့ပဲ ”

“ နောက်ပိုင်းကိစ္စတွေကိုတော့… မီးစင်ကြည့်ကတာပေါ့ ”

ဆုံးဖြတ်ချက်ပြတ်သားမှုက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက အရှေ့သို့ မြန်ဆန်စွာ ရွေ့လျားသွားသည်။

All Chapters