ရိုးစင်းပြီး နွေးထွေးသော ဆေးဆိုင်လေး(ခ)
Vol. 63 Ch. 981
‘ သူက ချင်းလေးရဲ့ ခရမ်းလစွမ်းအားကို မြင့်မြင့်မှန်းထားတာဖြစ်မယ်… သူက ချင်းလေးကို မြန်မြန်သန်မာလာအောင် လေ့ကျင့်ပေးချင်တယ်… ပြီးသွားရင် ချင်းလေးရဲ့ စွမ်းရည်နဲ့ ချိပ်ပိတ်ခံထားရတဲ့ သူ့ရဲ့ ညီအကိုမောင်နှမတွေကို လွှတ်ပေးဖို့ ရည်ရွယ်ထားတာ ဖြစ်မယ် ’
‘ ဒီကိစ္စက မရိုးရှင်းဘူး… အနီရောင်လဗိမာန်က အရံအကာအကွယ်တွေ သေချာပေါက် စီစဉ်ထားလောက်တယ် ’
ခေါင်းဆောင်သည် အတွေးနက်သွားပြီး လမ်းတစ်လျှောက်တွင် တစ်ဖက်လူ၏ လှုပ်ရှားမှုများကို ပြန်တွေးလိုက်သည်။ အိမ်ရှေ့စံမင်းသားသည် လူသားကမ္ဘာ၏ နေထိုင်မှုကို အတော်လေး နှစ်ချိုက်ကြောင်း သူပြောနိုင်သည်။ တစ်ဖက်လူသည် ဤဆေးဆိုင်ထဲမှာ နေထိုင်ရန် မငြင်းဆန်ပေ။
‘ အင်း… အဲ့ဒါက အဓိပ္ပာယ်ရှိပါတယ်… ဘာပဲဖြစ်ဖြစ် သူက နှစ်ပေါင်းများစွာကြာအောင် ပိတ်လှောင်ခံထားရတဲ့ အဖိုးကြီးမဟုတ်လား… သူ့ရဲ့ နောင်မျိုးဆက်တွေနဲ့ အတူတူ နေထိုင်ရတာကို သဘောကျတာ မထူးဆန်းပါဘူး ’
ထိုသို့တွေးမိသောအခါ ခေါင်းဆောင်သည် နင်ယန်နှင့် တခြားလူများကို ချက်ချင်း ကြည့်လိုက်သည်။
“ မင်းတို့ထဲမှာ ဘယ်သူက ဟင်းချက်တတ်လဲ… အဖိုးအတွက် မြန်မြန်ဟင်းချက်ကြစမ်း ”
နင်ယန်သည် ဆွံ့အသွားသည်။ ဝူကျန်းဝူသည် ခေါင်းကုတ်လိုက်သည်။ လီယိုဖေးက တုံ့ဆိုင်းနေစဉ် လင်းအာ၏ မျက်လုံးသည် စိတ်လှုပ်ရှားမှုကြောင့် ဝင်းလက်လာသည်။
အတိတ်တွင် သူသည် သိမ့်မူကျန်း၏ ပိုးစုန်းကြူးမြို့တော်ထဲမှာ အမကြီးများနှင့် အဒေါ်ကြီးများထံမှ ချက်ပြုတ်နည်းကို သင်ကြားခဲ့သည်။ ထို့ပြင် သူဟင်းချက်သည့်အခါတိုင်း အကိုရွှီချင်းက အကုန်ပြောင်စင်အောင် စားပစ်လေ့ရှိသည်။ ထို့ကြောင့် သူက စကားပြောရန် ပြင်လိုက်သည်။
ဤသည်ကို ဘေးမှ ရွှီချင်းမြင်သောအခါ သူက လင်းအာမပြောနိုင်ခင် ဦးအောင်ပြောလိုက်သည်။
“ ငါချက်မယ် ”
ထိုသို့ပြောပြီးနောက် ရွှီချင်းသည် မတ်တတ်ထရပ်လိုက်သည်။ သို့သော်လည်း သူက တစ်ခဏတွေးပြီးနောက် ဖြည်းညင်းစွာ ပြောသည်။
“ ဒါပေမဲ့ ဟင်းချက်ဖို့ ဘာအသားငါးမှ မရှိဘူး ”
ရွှီချင်းက ဟင်းချက်တော့မည်ကို ကြားသောအခါ ခေါင်းဆောင်သည် စိတ်ဝင်စားလာသည်။ သူက ချက်ချင်း တခြားလူများကို မေးမြန်းလိုက်သည်။ ဝူကျန်းဝူ၏ အကြည့်အောက်မှာ ကြက်တူရွေးလေးသည် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ခန္ဓာကိုယ်ကို လှုပ်ယမ်းလိုက်သည်။ ထိုအခါ အကောင်ကြီးသော ငါးများသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာကြသည်။
၎င်းက ငါးစားရသည်ကို သဘောကျသည်။ ယခင်က ၎င်းသည် ရွှီချင်းကို ရှာရန် ခရီးထွက်ခဲ့စဉ် လမ်းတစ်လျှောက်မှာ ငါးအများအပြားကို ဖမ်းဆီးထားခဲ့သည်။ ၎င်းက ပုံမှန်နေ့ရက်များတွင် အစာရှာထွက်သည့်အခါတိုင်း ငါးဖမ်းလေ့ရှိသည်။
သူ့အဖေသည် ထိုအကြောင်းကို ကောင်းမွန်စွာ သိထားသည်။
ကြက်တူရွေးလေးသည် ကျန်ရှိနေသော ငါးများကို ထုတ်ယူပြီးနောက် ရွှီချင်းကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။ ၎င်းက စကားတချို့ ပြောချင်သော်လည်း တုံ့ဆိုင်းနေသည်။ နောက်ဆုံးမှာတော့ ၎င်းက သက်ပြင်းချလိုက်ပြီး ခေါင်းဆောင်နှင့် တခြားလူများကို ဒေါသထွက်စွာ ကြည့်လိုက်သည်။
“ မင်းတို့ကောင်တွေ ဘာလို့အလုပ်မလုပ်ကြတာလဲ… ဒီနေရာက ညစ်ပတ်နေတာ မင်းတို့မမြင်ဘူးလား… မြန်မြန် သန့်ရှင်းရေးလုပ်ကြစမ်း ”
ခေါင်းဆောင်သည် ပြုံးလိုက်သည်။ နင်ယန်၏ အကြည့်သည် လေးနက်သည်။ ဝူကျန်းဝူသည် မကြားချင်ယောင်ဆောင်လိုက်သည်။ သို့သော်လည်း ချန်းအားညို၏ အစီအစဉ်က မကြာခင် စတင်တော့မည်ဖြစ်ကြောင်း သူသိသည်။
ထို့သို့ဖြင့် လူတိုင်းက အလုပ်စလုပ်ကြသည်။ တချို့သည် ကြမ်းတိုက်နေပြီး တချို့သည် စားပွဲခုံနှင့် ပစ္စည်းစင်များကို ဖုန်သုတ်နေသည်။ တချို့သည် ဆေးပုလင်းများကို ပစ္စည်းစင်ပေါ်သို့ နေရာတကျ ထားနေသည်။ အမှန်မှာတော့ ကြက်တူရွေးလေး၏ တောင်းဆိုမှုအောက်မှာ သူတို့သည် ကြမ်းတမ်းသော ချည်ဝတ်စုံများကို ပြောင်းလဲဝတ်ဆင်လိုက်ကြလေရာ ကျင့်ကြံသူများနှင့် မတူညီကြတော့ပေ။
အိမ်အလုပ်က အလွန်များပြားကြောင်း ခေါင်းဆောင်မြင်တွေ့သွားသည်။ ထို့ပြင် အိမ်ရှေ့စံမင်းသားကို ပြုစုပေးရန် တစ်စုံတစ်ယောက် လိုအပ်နေကြောင်း သူသတိထားမိသွားသည်။ သူက ဝိညာဉ်သခင်မယုံကျင်းကို စဉ်းစားမိသွားပြီး သူ့ကို ကမ္ဘာငယ်ထဲမှ လွှတ်ပေးရန် ဆုံးဖြတ်လိုက်သည်။
ဝိညာဉ်သခင်မယုံကျင်းသည် ဆေးဆိုင်ထဲမှာ ထွက်ပေါ်လာသည်နှင့်ချက်ချင်း သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ အံတင်းတင်းကြိတ်သော အသံသည်ပင် ဆေးဆိုင်ထဲမှာ ပဲ့တင်ထပ်သွားသည်။
“ ချန်းအားညို… မသာကောင်… ”
နင်ယန်နှင့် ဝူကျန်းဝူသည် ဝိညာဉ်သခင်မယုံကျင်း၏ ထွက်ပေါ်လာမှုကို အလေးမထားပေ။ သူတို့က သူ့ကို တစ်ချက်လေးပင် လှည့်မကြည့်ဘဲ ကိုယ့်အလုပ်ကို ဆက်လုပ်ကြသည်။ သို့သော်လည်း ဝိညာဉ်သခင်မယုံကျင်းက စကားပြောလိုက်သည့်အခါ ခေါင်းဆောင်သည် မျက်လုံးပြူးကျယ်သွားပြီး သူ့စကားကို ကြားဖြတ်ပြောလိုက်သည်။
“ ဝိညာဉ်သခင်မယုံကျင်း… နင်ရိုင်းစိုင်းလှချည်လား… ဒီမှာ ဘယ်သူရှိနေလဲ နင်မမြင်ဘူးလား ”
ခေါင်းဆောင်သည် မောက်မာထောင်လွှားသော အမူအရာဖြင့် ဝိညာဉ်သခင်မယုံကျင်း၏ အနောက်ကို ညွှန်ပြလိုက်သည်။
ဝိညာဉ်သခင်မယုံကျင်းသည် ဆွံ့အသွားသည်။ တစ်စုံတစ်ခုလွဲမှားနေကြောင်း သူက အာရုံခံမိသွားပြီး အနောက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။
အကြည့်တစ်ချက်တည်းဖြင့်…
တစ်ခဏအကြာမှာ ဆေးဆိုင်ထဲတွင် အစေခံအသစ်တစ်ယောက် ထွက်ပေါ်လာသည်။
ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ကောင်းကင်သည် မည်းမှောင်နေပြီး လေသည် တဟူးဟူး တိုက်ခတ်နေသည်။
ညအချိန်၏ အအေးဓာတ်သည် အရပ်မျက်နှာပေါင်းစုံမှ ဝင်ရောက်လာသည်။ မြို့ထဲတွင် အလင်းရောင်အနည်းငယ်သာ ရှိသည်။ အိမ်တိုင်းလိုလိုက အရိုးခိုက်အောင် အေးနေသော်လည်း ဆေးဆိုင်သည်တော့ ဆန့်ကျင်ဘက်ဖြစ်စွာ နွေးထွေးနေသည်။ ရွှီချင်းက စတင်ချက်ပြုတ်လိုက်သည့်အခါ ဟင်းအနံ့သည် လေနှင့်အတူ တဖြည်းဖြည်း ပျံ့လွင့်သွားသည်။
ဟင်းအနံ့သည် နွေးထွေးပြီး သက်တောင့်သက်သာရှိသော လေထုကို ဖန်တီးနေသည်။ ယင်းက ဆေးဆိုင်ထဲမှာ အိမ်ဟူသော အငွေ့အသက်ကို ဖြစ်ပေါ်စေသည်။
နှစ်နာရီကြာပြီးနောက် ရွှီချင်းသည် ဟင်းပန်းကန်တချို့ကို သယ်ဆောင်လျက် စားပွဲခုံရှေ့မှာ ချထားလိုက်သည်။
ဟင်းအနံ့သည် လေထဲမှာ ပျံ့လွင့်နေပြီး စားပွဲခုံတစ်ခုလုံးမှာ ငါးဟင်းပွဲများဖြင့် ပြည့်နှက်နေသည်။
ဟင်းပွဲထဲမှာ ငါးစွပ်ပြုတ်၊ ငါးအရေပြားကင်၊ ငါးကြော် အစရှိသဖြင့် အမျိုးအစားစုံလင်သည်။
ခမ်းနားထည်ဝါသော ဟင်းပွဲများကို မြင်သွားသောအခါ ခေါင်းဆောင်သည် အတော်လေး အံ့ဩသွားသည်။
ဟင်းပွဲများကို လင်းအာမြင်သောအခါ သွားရည်က သူ၏ ပါးစပ်ထောင့်မှာ စီးကျလုနီးပါး ဖြစ်လာသည်။ သူက ထိုင်ခုံမှာ အလျှင်အမြန် ထိုင်လိုက်ပြီး တူကို ကောက်ကိုင်လိုက်ကာ အဖိုးအိုကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။
အိမ်ရှေ့စံမင်းသားသည် ပြုံးလိုက်ပြီး ငါးတစ်တုံးကို တူဖြင့် ညှပ်လိုက်သည်။ သူက ဖြည်းဖြည်းချင်း ဝါးစားရင်း ခေါင်းညိတ်လိုက်သည်။
“ ဘာမှစောင့်ထိန်းနေစရာ မလိုဘူး… အတူတူ စားကြရအောင်… ”
အစကတည်းက မြည်းစမ်းချင်နေသော ခေါင်းဆောင်သည် အသားတစ်တုံးကို ညှပ်ယူလိုက်ပြီး ဝါးစားလိုက်သည်။ ထို့နောက် သူက ချီးမွမ်းလိုက်သည်။ သို့သော်လည်း ယင်းက နတ်ငါးအသားကဲ့သို့ အရသာမရှိဘူးဟု တွေးတောလိုက်သည်။
နင်ယန်သည်လည်း တစ်ကိုက် မြည်းစမ်းလိုက်ပြီး အံ့ဩသွားသော အမူအရာကို ထုတ်ဖော်လိုက်သည်။ သို့သော်လည်း သူ၏ စိတ်ထဲမှာတော့ ယင်းက သာမန်မျှသာဖြစ်သည်ဟု တွေးတောလိုက်သည်။
ဝူကျန်းဝူသည် စွပ်ပြုတ်ကို တစ်ငုံသောက်လိုက်ပြီး သက်ပြင်းချလိုက်သည်။ သူက သေမျိုးအစားအစာများကို အချိန်အတော်ကြာ မစားခဲ့ပေ။ သို့ဖြစ်၍ သူက ကဗျာစပ်၍ ထိုအရသာကို ဖော်ကျူးချင်သော်လည်း ရွှီချင်းကို တစ်ချက်ကြည့်ပြီးနောက် သူ့ကိုယ်သူ ချုပ်ထိန်းလိုက်သည်။
အစေခံဖြစ်သော ဝိညာဉ်သခင်မယုံကျင်းသည်လည်း အနည်းငယ် မြည်းစမ်းကြည့်ခွင့် ရခဲ့သည်။ သို့သော်လည်း သူက တစ်ကိုက်စားပြီးနောက် ဆက်မစားချင်တော့ပေ။ သူ၏ မှတ်ဉာဏ်ထဲတွင် လူ့အသားသည် အရသာအရှိဆုံး အစားအစာဖြစ်ပြီး အကယ်၍ သူသာ ချန်းအာညိုကို စားနိုင်မည်ဆိုလျှင် ပိုပြီးအရသာရှိလိမ့်မည်။
လင်းအာနှင့် လီယိုဖေးသည်သာ အများဆုံး စားကြသည်။ လင်းအာ၏ မျက်လုံးသည် ဝင်းလက်နေပြီး လီယိုဖေးသည် ဟင်းလျာက မည်မျှအရသာကောင်းကြောင်း ချီးကျူးသည်။
“ အကိုရွှီချင်းက ဟင်းချက်ကောင်းတာပဲ ”
လင်းအာသည် မျက်တောင်ခတ်လိုက်သည်။ သူ၏ အချက်အပြုတ်က ရွှီချင်းထက် ပိုကောင်းကြောင်း စဉ်းစားမိသည်။ ထို့ကြောင့် သူက နောက်ရက်များတွင် လက်စွမ်းပြ၍ ချက်ပြုတ်မည်ဟု တွေးတောလိုက်သည်။
သူတို့က ကိုယ်ပိုင်အတွေးကမ္ဘာထဲမှာ နစ်မွန်းနေစဉ် အိမ်ရှေ့စံမင်းသားသည် ငါးစွပ်ပြုတ်ကို တစ်ငုံသောက်လိုက်ပြီး ပြောသည်။
“ ရွှီချင်း… မင်းရဲ့ အချက်အပြုတ်ပညာက တောင်ပိုင်းဒေသကနေလာတာ ဖြစ်ရမယ်… ပြီးတော့ ဒီစွပ်ပြုတ်မှာ ထူးခြားတဲ့အရသာ ရှိတယ်… အဲ့ဒါက တကယ်တော့ မြွေစွပ်ပြုတ်ချက်တဲ့ နည်းမဟုတ်လား… မြွေအစား ငါးကို အသုံးပြုပြီး ချက်တာက အရသာမဆိုးပေမယ့် မြွေစွပ်ပြုတ်လောက်တော့ အရသာမရှိဘူး ”
လင်းအာ၏ ခန္ဓာကိုယ်သည် တုံ့ဆိုင်းသွားသည်။
“ ပြီးတော့ ဒီငါးအရေပြားနေရာမှာ မြွေအရေပြားဖြစ်သင့်တာ… ငါးကြော်ရော အတူတူပဲ… မင်းက ငါးဟင်းချက်ဖို့ မြွေချက်တဲ့ နည်းလမ်းကို အသုံးပြုထားတာပဲ ”
အိမ်ရှေ့စံမင်းသားသည် အရသာမြည်းစမ်းပြီးနောက် လင်းအာနှင့် ရွှီချင်းကို ကြည့်လိုက်ပြီး ကျီစယ်လိုက်သည်။
ရွှီချင်းသည် အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်ပြီး နှုတ်ဆိတ်သွားသည်။
လင်းအာသည် အံ့ဩသွားပြီး အကြောက်တရားက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ရွှီချင်း၏ ဘေးသို့ တိုးကပ်သွားပြီး အလျှင်စလို ပြောသည်။
“ အကိုရွှီချင်း… မြွေအသားက အရသာမရှိဘူး… မြွေအသားက အရမ်းဆိုးတာ ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။
အိမ်ရှေ့စံမင်းသားသည် ရယ်မောလိုက်သည်။ ဤအခိုက်အတန့်မှာ သူက ဂုဏ်သိက္ခာမြင့်မားသော အိမ်ရှေ့စံမင်းသား မဟုတ်တော့ပေ။ သူက သနားကြင်နာတတ်ပြီး ဖော်ရွေသော အဖိုးအိုတစ်ယောက် ဖြစ်လာသည်။