ရှေးခေတ်အင်မော်တယ် ဆင်းသက်လာခြင်း
Vol. 118 Ch. 1794
မဟာနန်းမြို့တော်တစ်ခုလုံး၊ ဒေသကြီးတစ်ခုလုံးနှင့် ဝမ်ကူးကုန်းမြေတစ်ခုလုံးက…
ဤအခိုက်အတန့်မှာ လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားသည်။
အသင်္ချေမျိုးနွယ်စုများမှ သာမန်ကျင့်ကြံသူများသည် လူသားမျိုးနွယ်၏ ဒေသကြီးထဲမှ အဖြစ်အပျက်ကို အာရုံမခံနိုင်ကြချေ။ သို့တိုင် တည်ကြည်လေးနက်မှုနှင့် လွှမ်းမိုးဖိနှိပ်မှုက ကောင်းကင်နှင့်မြေပြင်ထံမှ ထွက်ပေါ်နေကြောင်း သူတို့အာရုံခံနိုင်ကြသည်။
ထို့ပြင် ခြေလှမ်းဝက်အင်မော်တယ်များ၏ နတ်ဘုရားစိတ်အာရုံများက ကုန်းမြေတစ်ခုလုံးကို ဖုံးလွှမ်းသွားသည့်အခါ လေနှင့် တိမ်တိုက်များက သိသိသာသာ ပြောင်းလဲသွားကြသည်။
ထို့ကြောင့် ကြီးမားသော ဖိအားက သက်ရှိအားလုံးအပေါ်သို့ သက်ဆင်းလာသည်။
အလိုအလျောက် တုန်ယင်မှုက သက်ရှိအားလုံး၏ နှလုံးသားအနက်ပိုင်းထဲမှ မထိန်းချုပ်နိုင်စွာ ပေါ်လျှိုးလာသည်။
အစွမ်းထက်ပုဂ္ဂိုလ်များ သို့မဟုတ် တမူထူးခြားသော နည်းလမ်းများကို အသုံးပြု၍ လူသားမျိုးနွယ်၏ ကောင်းကင်ပေါ်မှ အဖြစ်အပျက်ကို စောင့်ကြည့်နေကြသော ပုဂ္ဂိုလ်များသည် ယခု သူတို့၏ အသိစိတ်က ဝုန်းခနဲ မြည်ဟိန်းသွားကြောင်း ခံစားမိသွားကြသည်။ သူတို့၏ ဦးရေပြားက စပ်ဖျင်းဖျင်းဖြစ်သွားသည်။
လောကတစ်ခုလုံးက ပိုပြီးသိပ်သည်းလာပြီး နိယာမများနှင့် ဥပဒေသများက ဤအခိုက်အတန့်မှာ ပြိုကွဲသွားနေကြောင်း သူတို့အာရုံခံနိုင်ကြသည်။
သူတို့၏ နှလုံးသားထဲမှာ မိုးကြိုးသန်းပေါင်းများစွာက တစ်ပြိုင်နက် ပေါက်ကွဲသွားသည့်အလား သူတို့က ထိတ်လန့်ချောက်ချားသွားကြသည်။
ယင်းက မယုံကြည်နိုင်စရာကောင်း၏။
“ ခြေလှမ်းဝက်အင်မော်တယ်ဆယ့်တစ်ပါး ”
“ မဟာဧကရာဇ်ဆယ့်တစ်ပါး ”
“ ပြီးတော့… သူတို့တစ်ယောက်စီက မဟာဧကရာဇ်နယ်ပယ်မှာ အထွတ်အမြတ်တည်ရှိမှုတွေ ဖြစ်ကြတယ် ”
“ သူတို့အားလုံးက… လူသားတွေချည်းပဲ ”
ဝမ်ကူးကုန်းမြေ၏ အသင်္ချေမျိုးနွယ်စုများထဲမှ အစွမ်းထက်ပုဂ္ဂိုလ်များသည် ယုတ္တိမဆန်မှုကို ခံစားမိသွားကြသည်။
မည်သို့ဖြစ်ပါစေ လက်ရှိဝမ်ကူးကုန်းမြေ၏ အသင်္ချေမျိုးနွယ်စုများထဲတွင် အသန်မာဆုံး ပုဂ္ဂိုလ်များက အုပ်ချုပ်သူအဆင့်မှာသာ ဖြစ်ကြသည်။ ဧကရီသည် နတ်ဘုရားတစ်ပါးဖြစ်သည်။ ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။
ကျင့်ကြံသူများအတွက်တော့…
နှစ်ထောင်ပေါင်းများစွာ ကုန်ဆုံးသွားသည့်တိုင် နောက်ထပ် ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး မပေါ်ထွန်းလာခဲ့ပေ။ ဓားကိုင်ဧကရာဇ်သည်သာ နောက်ဆုံးခြေလှမ်းဝက်အင်မော်တယ် ဖြစ်သည်။ သို့တိုင် သူက လက်ရှိခေတ်မှာ မဟုတ်ပေ။ သူက ရှေးဘုရင်ရွှမ်ယုံခေတ်မှ ဖြစ်သည်။
ရှေးဘုရင်ရွှမ်ယုံခေတ်နောက်ပိုင်းတွင် နောက်ထပ် ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး မပေါ်ထွန်းလာခဲ့ပေ။
သို့တိုင် ယနေ့မှာ သူတော်စင်ကုန်းမြေများမှ ခြေလှမ်းဝက်အင်မော်တယ်များက ဝမ်ကူးကုန်းမြေပေါ်သို့ ဆင်းသက်လာကြသလို ဤလျှို့ဝှက်ဆန်းကြယ်သော ခြေလှမ်းဝက်အင်မော်တယ်ဆယ်တစ်ပါးသည်လည်း အမည်မသိအကြောင်းအရင်းဖြင့် ဝမ်ကူးကုန်းမြေပေါ်သို့ ရောက်ရှိလာကြသည်။
ထို့ပြင် သူတို့တစ်ယောက်စီက ပြိုင်ဘက်ကင်းပါရမီရှင်များဖြစ်ကြပြီး ဝမ်ကူးကုန်းမြေကို လှုပ်ခါပစ်နိုင်စွမ်း ရှိကြသည်။
ဤအခိုက်အတန့်မှာ ဝမ်ကူးကုန်းမြေ၏ အစွမ်းထက် နတ်ဘုရားမျိုးနွယ်စုများသည်ပင် မျက်နှာသုန်မှုန်သွားကြသည်။
ထို့ပြင် ဝမ်ကူးကုန်းမြေမှ နတ်ဘုရားများ၊ အစွမ်းထက်ပုဂ္ဂိုလ်များနှင့် ဧကရီကိုပင် ပိုပြီးအံ့ဩထိတ်လန့်သွားစေသည်မှာ နောက်ဆုံးမှ ထွက်လာခဲ့သော ခြေလှမ်းဝက်အင်မော်တယ်၏ စကားများ ဖြစ်သည်။
သူ၏ စကားများထဲမှာ “ သခင် ”ဟူသော စကားလုံး ပါဝင်သည်။
ထိုစကားလုံးက ဤနေရာမှ လူတိုင်းအပေါ် ပိုပြီးကြီးမားသော သက်ရောက်မှုကို ပေးသည်။
နတ်ဘုရားများက ချက်ချင်း သတိထားလိုက်ကြစဉ် ဧကရီ၏ သူငယ်အိမ်များက စူးရှစွာ ကျုံ့သွားကြသည်။
ပြိုင်ဘက်ကင်းပါရမီရှင်များဖြစ်သော ထိုမဟာဧကရာဇ်ဆယ့်တစ်ပါး၏ သခင်က မည်သို့သော တည်ရှိမှုဖြစ်နိုင်ကြောင်း သူတို့က ချက်ချင်း တွေးတောလိုက်ကြသည်။
မည်သို့သော သခင်က ဤသို့အထွတ်အမြတ် ဂုဏ်ကျက်သရေကို ပိုင်ဆိုင်နိုင်သနည်း။
ထို့ပြင် သူပြောခဲ့သော စကားများထဲမှာ ကမ္ဘာတုန်ဟီးစေနိုင်သော အကြောင်းအရာတချို့ ပါဝင်နေသေးသည်။
သူတို့၏ ခရီးစဉ်မှာ သူတို့၏ သခင်က နတ်ဘုရားအရှင်သခင်အများကြီး၏ ဝင်ရောက်ဟန့်တားခြင်းကို ခံခဲ့ရသည်။
ထိုစကားက ဝမ်ကူးကုန်းမြေမှ နတ်ဘုရားများကို ဆွံ့အသွားစေသည်။
“ နတ်ဘုရားအရှင်သခင် ”ဟူသော စကား၏ အဓိပ္ပာယ်ကို ဝမ်ကူးကုန်းမြေမှ ကျင့်ကြံသူများက မသိနိုင်သော်လည်း ယင်းက နတ်ဘုရားများအတွက်တော့ ၎င်းတို့၏ နတ်ဘုရားဝိညာဉ်များထဲမှာ တံဆိပ်ရိုက်ခတ်ခံထားရသော ဗဟုသုတတစ်ခု ဖြစ်သည်။
နတ်ဘုရားအရှင်သခင်များက ၎င်းတို့စိတ်ကူးမယဉ်နိုင်သော နယ်ပယ်ဖြစ်ပြီး ယင်းက မည်သည်ကို ကိုယ်စားပြုကြောင်း ၎င်းတို့သိထားကြသည်။
ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်၏ အထွတ်အထိပ်ကာလမှာပင် ဝမ်ကူးကုန်းမြေက ထိုသို့တည်ရှိမှုမျိုးကို တစ်ဦးတည်းသာ မွေးထုတ်ပေးနိုင်ခဲ့သည်။
၎င်းက ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်၏ နတ်ဧကရာဇ်ဖြစ်သည်။
ယခု နောက်ဆုံးမှ ထွက်ပေါ်လာခဲ့သော မဟာဧကရာဇ်၏ ပြောစကားအရ သူတို့၏ သခင်သည် နတ်ဘုရားအရှင်သခင်အများကြီး၏ ဟန့်တားခြင်းခံခဲ့ရသည်။
ယင်းက ဝမ်ကူးကုန်းမြေထဲမှ အင်အားစုများကို တိတ်ဆိတ်ငြိမ်သက်သွားစေသည်။
လောကက တိတ်ဆိတ်ငြိမ်သက်နေစဉ် ဧကရီက သူ့အရှေ့မှ ကြောက်စရာကောင်းသော မဟာဧကရာဇ်ဆယ့်တစ်ပါးကို စစ်ဆေးလေ့လာလိုက်သည်။ နောက်ဆုံးမှာ သူ၏ အကြည့်က ကျိုးကျန်းလီပေါ်သို့ ကျရောက်သွားသည်။ သူက တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် ရိုသေလေးစားစွာ ပြောသည်။
“ တာအိုရောင်းရင်းတို့… ရှင်တို့ရဲ့ သခင်က ဘယ်သူလဲ ကျွန်မသိနိုင်မလား ”
မြင့်မြတ်သားတော်တစ်ပါးနှင့် ဆင်တူသော ကျိုးကျန်းလီက နွေးထွေးကြင်နာစွာ ပြုံးလိုက်သည်။
“ သခင်ရဲ့ နာမည်ကို ငါတို့ထုတ်မပြောနိုင်ဘူး… ခဏနေ သခင်ရောက်လာတဲ့အခါ မင်းတို့တွေ သူ့ကို မှတ်မိသွားပါလိမ့်မယ် ”
ထိုစကားက ဧကရီကို တိတ်ဆိတ်သွားစေသည်။ သူက ယခင်မှတ်ဉာဏ်များကို ပြန်စဉ်းစားလိုက်သော်လည်း ထိုပုံရိပ်နှင့် လိုက်ဖက်သင့်တော်မည့် တစ်စုံတစ်ယောက်ကို ရှာမတွေ့ခဲ့ပေ။
သူက နောက်ထပ် မေးမြန်းတော့မည့်အချိန်…
ကျိုးကျန်းလီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူက အဝေးသို့ စိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ချမ်ကျွင်း… ပိုင်ရီ ”
အင်မော်တယ်ဓားနှစ်လက်အဖြစ် အသွင်ပြောင်းလဲထားသော ချမ်ကျွင်းနှင့် ပိုင်ရီက သူ့ကို လုံးဝ လျစ်လျူရှုထားပြီး လေထဲမှာ ဆက်လက် လှည့်ပတ်နေကြသည်။
ဓားနှစ်လက် ဖြတ်သန်းသွားသည့်နေရာတိုင်း အင်မော်တယ်အလင်းစီးကြောင်းများက ဟင်းလင်းပြင်ထဲမှာ ကျန်နေခဲ့သည်။ ထို့ပြင် ဓားအလင်း ကျရောက်သွားသည့်အခါ ကောင်းကင်နှင့်မြေပြင်က တုန်လှုပ်သွားသည်။ ဓားနှစ်လက်ထဲတွင် ညီအကိုနှစ်ယောက်က အချင်းချင်း စကားပြောနေကြသည်။
“ အကိုကြီး… ဒီက လူတွေက အရမ်းအားနည်းတာပဲ ”
“ သူတို့က အားနည်းတာ မဟုတ်ဘူး… ငါတို့က အရမ်းသန်မာနေတာ… ဟား ဟား ”
“ ဟား ဟား… မှန်တယ် အကိုကြီးပြောတာ မှန်တယ်… ဒီနေရာမှာ ဒြပ်နှောတွေက အရမ်းသိပ်သည်းတယ်… ငါတို့ခေါင်းပေါ်က ဟာကြီးက ရှေးဦးအပျက်အစီးလား ”
“ သူ့ကို သွားမကြည့်နဲ့… အဲ့ဒါက ငါတို့ရဲ့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေတယ်… ဟမ်… ကျိုးမျက်လုံးက ငါတို့ကို ခေါ်နေတယ်… ငါတို့တုံ့ပြန်သင့်လား ”
“ သူက ဘာမို့လို့ ငါတို့က တုံ့ပြန်ရမှာလဲ ”
ဓားနှစ်လက်က ကောင်းကင်ပေါ်မှာ ဆက်လက် ပျံသန်းနေပြီး သူ၏ စကားကို လျစ်လျူရှုထားကြောင်း ကျိုးကျန်းလီမြင်သွားသောအခါ သူက ဆက်ပြီး ပြုံးထားလျက် ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်သည်။ သူက နူးညံ့စွာ ပြောသည်။
" ငါတို့ရဲ့ ခရီးစဉ်မှာ မင်းတို့ရဲ့ စွမ်းဆောင်မှုကို မှတ်သားဖို့ သခင့်ဆီကနေ အခွင့်အာဏာကို ငါတောင်းဆိုခဲ့တယ်… အခု မင်းတို့နှစ်ယောက်က ငါ့စကားကို နားမထောင်ဘူးဆိုမှတော့ အဲ့ဒါကို သခင့်ဆီ တင်ပြဖို့ ငါသေချာ မှတ်ထားပေးမယ် ”
သူက ကျောက်စိမ်းပြားကို အသက်သွင်းရန် ဟန်ပြင်လိုက်သည်။
ဝှစ်…
အင်မော်တယ်ဓားနှစ်လက်က ကျိုးကျန်းလီ၏ အရှေ့သို့ ချက်ချင်း ရောက်ရှိလာကြပြီး သူတို့၏ မကျေနပ်မှုကို ဖော်ပြလိုက်ကြသည်။
ကျိုးကျန်းလီက မထူးမခြားနား အမူအရာဖြင့် ဆက်ရှိနေဆဲပင်။ သူက နူးညံ့စွာ ပြောသည်။
" ချမ်ကျွင်းနဲ့ ပိုင်ရီ… မင်းတို့နှစ်ယောက်က ဝမ်ကူးကုန်းမြေရဲ့ အရှေ့ပိုင်းဒေသကြီးနဲ့ အနောက်ပိုင်းဒေသကြီးကို ကင်းလှည့်ကြပါ… ပြီးတော့ သူတော်စင်ကုန်းမြေက ခြေလှမ်းဝက်အင်မော်တယ်အားလုံးကို သုတ်သင်ရှင်းလင်းပစ်ပါ ”
“ ဝမ်ဖန်းနဲ့ သွေးတိမ်တိုက်… မင်းတို့က ဝမ်ကူးကုန်းမြေရဲ့ မြောက်ပိုင်းဒေသကြီးနဲ့ တောင်ပိုင်းဒေသကြီးကို အသီးသီး ကင်းလှည့်ကြပါ ”
သူ၏ ဘေးတွင် ဝမ်ဖန်းက ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်စဉ် တာအိုရောင်းရင်းသွေးတိမ်တိုက်က နှုတ်ခမ်းသပ်လိုက်သည်။ နောက်အခိုက်အတန့်မှာ သူတို့နှစ်ယောက်က အံ့ဖွယ်စွမ်းအားနှင့်အတူ တောင်ပိုင်းနှင့် မြောက်ပိုင်းဆီသို့ အသီးသီး ပျံသန်းသွားကြသည်။
ချမ်ကျွင်းနှင့် ပိုင်ရီသည် ရွှီချင်းကို ကြောက်ရွံ့သောကြောင့် သူတို့၏ မကျေနပ်မှုကို ဝမ်ကူးကုန်းမြေ၏ အရှေ့ပိုင်းဒေသကြီးနှင့် အနောက်ပိုင်းဒေသကြီးပေါ်သို့သာ ပုံချလိုက်ကြသည်။
ပုံရိပ်လေးခုက မိုးကြိုးသွားများသဖွယ် ဟင်းလင်းပြင်ကို ဆုတ်ဖြဲသွားကြသည်။ သူတို့ဖြတ်သန်းသွားသည့်နေရာတိုင်း ကောင်းကင်နှင့်မြေပြင်က တုန်လှုပ်သွားပြီး လေဟာနယ်က ပုံပျက်တွန့်လိမ်သွားသည်။
သူတို့လေးယောက် ပျံသန်းထွက်သွားကြသည်နှင့် သူတော်စင်ကုန်းမြေများမှ ခြေလှမ်းဝက်အင်မော်တယ်များက မည်မျှအားနည်းကြောင်း ဝမ်ကူးကုန်းမြေမှ သက်ရှိများက မြင်တွေ့သွားကြသည်။
ထိုမြင်ကွင်းက အောက်ဘက်၌ မျှော်လင့်ချက်ဆုံးရှုံးထားကြသော လူသားများကို စိတ်လှုပ်ရှားသွားစေသည်။
သူတို့က ထိုအုပ်စု၏ ဇစ်မြစ်ကို မသိသလို သူတို့သခင်၏ သရုပ်ကိုလည်း မသိပေ။ သို့တိုင် အနည်းဆုံးတော့ သူတို့အုပ်စု၏ လုပ်ဆောင်မှုများအရ သူတို့က ရန်သူများမဟုတ်ကြောင်း သူတို့ပြောနိုင်ကြသည်။
ကျိုးကျန်းလီက နွေးထွေးစွာ ပြုံးထားလျက် ဆက်လက် အမိန့်ပေးရန် ပြင်လိုက်သည်။
ထိုစဉ် မိုးကောင်းကင်က ရုတ်တရက် ကပြောင်းကပြန်ဖြစ်သွားသည်။
ကောင်းကင်ဘုံတုန်လှုပ်စေပြီး ကမ္ဘာမြေအက်ကွဲစေသော အေးစက်စက် နှာခေါင်းရှုံ့သံက ကောင်းကင်ယံမှ ပဲ့တင်ထပ်လာသည်။
ထိုအသံက ကောင်းကင်ဘုံမိုးခြိမ်းသံထက် သာလွန်ပြီး ဝမ်ကူးကုန်းမြေမှ သက်ရှိအားလုံးကို တုန်လှုပ်သွားစေသည်။
သူတို့၏ အသိစိတ်နှင့် နှလုံးက အပြင်းအထန် တုန်ယင်သွားသည့်အခါ လူတိုင်းက အပေါ်သို့ မော့ကြည့်လိုက်ကြသည်။
ကျိုးကျန်းလီနှင့် တခြားလူများသည်လည်း ချက်ချင်း တည်ကြည်လေးနက်သွားကြသည်။ သူတို့အားလုံးက ကောင်းကင်ပေါ်သို့ တစ်ပြိုင်နက် စိုက်ကြည့်လိုက်ကြသည်။
ထိုနှာခေါင်းရှုံ့သံ၏ ဇစ်မြစ်က ကောင်းကင်ဘုံအလွန်မှ ဖြစ်သည်။
ကောင်းကင်အက်ကွဲကြောင်း၏ အစွန်းတစ်ဖက်တွင် ဟင်းလင်းပြင်က ရုတ်တရက် သိပ်သည်းသွားသည်။ ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု၏ အရှိန်အဝါက စတင်ပေါ်လျှိုးလာနေသည့်အလားပင်။
ဝမ်ကူးကုန်းမြေက တိတ်ဆိတ်ငြိမ်သက်နေစဉ် လောကအားလုံးကို ဖျက်ဆီးပစ်နိုင်သော အင်အားက မီးတောင်ပေါက်ကွဲမှုတစ်ခုနှယ် ထွက်ပေါ်လာသည်။
ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ဘုံအလွန်မှ ရှေးခေတ်အင်မော်တယ်သည် နောက်ဆုံးမှာတော့ အောက်သို့ ဆင်းသက်လာရန် ရွေးချယ်လိုက်သည်။
ပထမအကြိမ် ကြည့်လျှင် မထင်မရှားသော အကြမ်းဖျဉ်းပုံစံကိုသာ မြင်ရလိမ့်မည်။ သို့တိုင် သူက အာကာသဟင်းလင်းပြင်တစ်ခုလုံး၏ အလေးချိန်ကို သယ်ဆောင်ထားဟန် ရသည်။ သို့ဖြစ်၍ သူ၏ ဆင်းသက်လာမှုက ရေကန်ထဲသို့ ကျောက်ခဲပြုတ်ကျသွားသည့်နှယ် လှိုင်းဂယက်များကို ထွက်ပေါ်လာစေသည်။ လှိုင်းဂယက်များ ပျံ့နှံ့သွားသည့်အခါ ဟင်းလင်းပြင်က ပြိုကွဲပျက်စီးသွားသည်။
ဤသည်မှာ ရှေးခေတ်အင်မော်တယ်၏ ဒြပ်ထည်ဖွဲ့စည်းမှုတိုင်းက ဥပဒေသများနှင့် နိယာမများကို အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားစေသည့်အလားပင်။
ကြီးမားသော အနက်ရောင်အက်ကွဲကြောင်းများက ဧရာမသားရဲတစ်ကောင်၏ မေးရိုးများသဖွယ် ကောင်းကင်ပေါ်မှာ ပျံ့နှံ့သွားပြီး အရိုးခိုက်ခိုက်တုန်စေမည့် အအေးဓာတ်ကို ထုတ်လွှတ်လိုက်သည်။
သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဝမ်ကူးကုန်းမြေမှ ဒေသကြီးအားလုံးက အပြင်းအထန် တုန်လှုပ်သွားကြသည်။
လေကြမ်းများသည် ကပ်ဘေး၏ ရှေ့ပြေးနိမိတ်များသဖွယ် ထွက်ပေါ်လာပြီး ကုန်းမြေတစ်လျှောက် ဖြတ်သန်းတိုက်ခတ်သွားသည်။ မရပ်တန့်နိုင်သော အင်အားကြောင့် တောင်တန်းများက ထက်ဝက်ပိုင်းဖြတ်ခံလိုက်ကြရပြီး ကျောက်ဆောင်ကျောက်တုံးများက ဖုန်မှုန့်ဖြစ်သွားကြသည်။
ပင်လယ်များနှင့် မြစ်ချောင်းများက ပရမ်းပတာ တုန်လှုပ်သွားကြသည်။
ဤသည်မှာ သဏ္ဍာန်မဲ့လက်တစ်ဖက်က ကိုင်မြှောက်လိုက်သည့်အလား ဧရာမဆူနာမီလှိုင်းလုံးများက အမြင့်ပေတစ်သိန်းအထိ မြှောက်တတ်သွားကြပြီး ကမ်းစပ်ကို ဝင်ဆောင့်လိုက်ကြသည်။ ယင်းတို့၏ လမ်းကြောင်းတစ်လျှောက်မှာရှိသော အရာအားလုံးက အကြွင်းမဲ့အင်အားအောက်မှာ အမြစ်ဖြတ်ဖျက်ဆီးခံလိုက်ကြရသည်။
ထိုအရှိန်အဟုန်က ကမ္ဘာတုန်လှုပ်သွားစေသည်။
ရှေးခေတ်အင်မော်တယ်၏ ဆင်းသက်လာမှုက ဝမ်ကူးကုန်းမြေမှ သက်ရှိအားလုံးအတွက် သေမင်း၏ ခေါင်းလောင်းထိုးသံဖြစ်သည်။
ဤအခိုက်အတန့်မှာ ဝမ်ကူးကုန်းမြေက တုန်ယင်သွားပြီး အသင်္ချေမျိုးနွယ်စုများက ဖိနှိပ်ခံလိုက်ကြရသည်။ သက်ရှိအားလုံးက တုန်လှုပ်ချောက်ချားသွားကြသည်။
မဟာဧကရာဇ်ဆယ့်တစ်ပါး၏ ဆင်းသက်လာမှုမှ ထွက်ပေါ်လာသော မျှော်လင့်ချက်အလင်းရောင်က ယခုအချိန်မှာ ချက်ချင်း ဖျက်ဆီးခံလိုက်ရသည်။