တစေအင်ပါယာ ဆင်းသက်ခြင်း (ခ)
Vol. 37 Ch. 562
နေရာနှစ်ဘက်မှ စုပ်ယူမှု အချိုးအစားအရ ၎င်းသည် ထူးဆန်းလေဟာနယ်လောကတွင် ဦးနှောက်သစ်ပင်များနှင့် သဘောတူညီခြင်း ရေးထိုးမှုပေါ် မူတည်၍ လူတစ်ဦးနှင့် တစ်ဦး ကွဲပြားသည်။
ရွှီချင်းက ရင်ထဲမှ နောင်တကို ချိုးနှိမ်လိုက်ရင်း လက်ကို တစ်ဖန် ဝေ့ယမ်းလိုက်ပြန်သည်။ ဒုတိယ၊ တတိယ၊ စတုတ္ထ..
အဆုံးတွင် စုစုပေါင်း သင်္ကေတ စာလုံး ၃၂လုံးသည် သူ၏ ရှေ့တွင် ပျံသန်းနေသည်။
သူတို့တစ်ခုချင်းစီသည် သူ့ကို သိစိတ်ပင်လယ်ထဲတွင် ထင်ရှားနေသော ပုံရိပ်ဖြစ်ရန် ကူညီပေးနေသော စာချုပ်များ ဖြစ်ကြသည်။ ကုန်ခမ်းနှုန်းမှာကား သူကိုယ်တိုင်က အနည်းငယ်သာ ကုန်ခမ်းမည်ဖြစ်ကာ အများစုကို ထူးဆန်းလောကမှ ထမ်းပိုးပေးမည် ဖြစ်သည်။
ရွှီချင်းက အကြောင်းပြချက်ကို နားလည်သည်။
ထိုသည်က ထူးဆန်းလေဟာနယ်လောကအတွင်း ဦးနှောက်သစ်ပင်များ၏ အသိအမှတ်ပြုမှု တစ်ခုဖြစ်သည်။
သူတို့၏ အသိအမှတ်ပြုမှက များပြားလွန်းသောကြောင်း များစွာသော သင်္ကေတ စာလုံးများ ရှိနေခြင်း ဖြစ်သည်။
ရွှီချင်းသည် မျက်လုံးမှိတ်ပြီး ကျင့်ကြံခြင်းမပြုမီ အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး ၃၂နှစ်လုံးသော သင်္ကေတစာလုံးတို့ကို သိမ်းဆည်းလိုက်သည်။
အချိန်က သူ မသိလိုက်မီ ကုန်ဆုံးသွားပြီး သူ့ခန္ဓာကိုယ်က ထပ်၍ တုန်ခါသွား၏။ တည်နေရာပြောင်းခြင်း ဖြစ်ပေါ်လာပြီး သူ၏ ပုံရိပ်သည် ငါးကြီးခန္ဓာကိုယ်ထဲမှ ပျောက်ကွယ်ကာ ဒေသငယ်မြို့တော်ရှိ မိစ္ဆာအသွင်ပြောင်းဂိုဏ်းကွဲ၏ ဉာဏ်အလင်းကျောက်တုံးခန်းမထဲသို့ ရောက်သွားသည်။
တည်နေရာပြောင်းခြင်းက ပြီးဆုံးသွားပြီး ရွှီချင်းက မျက်လုံးဖွင့်ကာ လွန်ခဲ့သော သုံးရက်အတွင် သူ၏ အတွေ့အကြုံများကို ပြန်လည် သုံးသပ်လိုက်သည်။ နောက်ဆုံးတွင် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ခန်းမထဲမှ လျှောက်ထွက်ရန် မတ်တပ်ရပ်လိုက်သည်။
သူက ဓားခန်းဆောင်ဆီသို့ ပြန်သွားလိုက်ပြီး မိစ္ဆာအသွင်းပြောင်းအတတ်က သူထင်ထားသကဲ့သို့ တစေအင်ပါယာကို ရုပ်လုံးပေါ်မပေါ် သိရန် ကြိုးစားချင်သည်။
ထိုအတွေးနှင့် ရွှီချင်းသည် မိစ္ဆာအသွင်ပြောင်းဂိုဏ်းမှ ထွက်လာပြီး မြေပြင်ဆီသို့ ဦးတည်လိုက်သည်။ ဓားခန်းဆောင်သို့ရောက်ရှိပြီးနောက် ချက်ချင်းပင် အတွင်းသို့ ဝင်ရောက်လိုက်ပြီး ပတ်ဝန်းကျင်၌ အကာအကွယ် အခင်းအကျင်း များကို ပြင်ဆင်လိုက်သည်။
ထိုသို့ပြုလုပ်ပြီးနောက် ရွှီချင်းက သူ၏ ကျင့်ကြံရာ အခန်းကို စစ်ဆေးလိုက်သည်။
ဓားခန်းဆောင်၏ ကျင့်ကြံခြင်းအခန်းသည် ကြီးမားသော အကျယ်အဝန်းနှင့် ကိုယ်ပိုင်နေရာ တစ်ခုဖြစ်သည်။
ထိုနေရာက တစေအင်ပါယာအတွက် သင့်လျော်သောနေရာဖြစ်ကြောင်း အတည်ပြုပြီးနောက် ရွှီချင်း၏ မျက်လုံးထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။ သူက ဦးနှောက်သစ်ပင်တစ်ပင်၏ သဘောတူညီမှု သင်္ကေတကို ထုတ်ယူလိုက်ပြီး သူ၏ သိစိတ်ပင်လယ်ထဲမှ တစေ အင်ပါယာတောင်ကုန်းနှင့် ဖြည်းညှင်းစွာ ပေါင်းစပ်လိုက်သည်။
သူက ပို၍ နီးကပ်လာသည်နှင့်အမျှ သင်္ကေတစာလုံးသည် အလင်းရောင်များ ပိုမိုထုတ်လွှတ်လာသည်။
အလင်းရောင်သည် တစေအင်ပါယာတောင်ကုန်းတစ်ခုလုံးကို ဖုံးလွှမ်းသော အလင်းပင်လယ်ဖြစ်သည်အထိ ကြီးထွားလာသည်။
ချက်ချင်းပင် မှုန်ဝါးဝါးထောင်ထွတ်တွင် ရွှီချင်းတစ်ယောက်ပေါ်လာပြီး တဖြည်းဖြည်းနှင့် သူ့ပုံရိပ်ကို အစားထိုးသွားသည်။
ထိုအရာသည် စစ်မှန်သော တစေအင်ပါယာတောင်ထက် များစွာ သေးငယ်သော်လည်း ၎င်းက အံ့အားသင့်ဖွယ်ကောင်းနေဆဲပင်။ အနီးကပ်ကြည့်လျှင် ၎င်းတောင်သည် ခြေချိတ်ထိုင်ကာ ကျင့်ကြံနေသော၊ လူသားပုံရိပ်တစ်ခုဖြစ်နေသည်ကို တွေ့နိုင်သည်။
၎င်းသည် ထွင်းဖောက်မြင်နိုင်ကာ မှုန်ဝါးသော်လည်း ၎င်း၏ ကြီးကျယ်သော ရက်စက်မှုကို ဖုန်းကွယ်နိုင်ခြင်းမရှိပေ။ ထိုလူသားပုံရိပ်သည် အနက်ရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ကြီးမားသော ဓားပြားကြီးကို ကိုင်ဆွဲထားသည်ကိုလည်း ခပ်ဝါးဝါးမြင်နိုင်သည်။ သူက ကမ္ဘာနှစ်ခုကို သူ၏ ပုခုံးပေါ်တွင် ထမ်းထားသည်။
သူသည် မကောင်းဆိုးဝါးနတ်ဘုရား၏ ဝိညာဉ်ကဲ့သို့ဖြစ်သည်။
သူ၏ ချပ်ဝတ်သည် ဖျက်စီးခြင်း စွမ်းအားကို ထုတ်လွှတ်နေပြီး သူ၏ ကြီးမားသော ဓားပြားကြီးက ကမ္ဘာကြီးကို ဖြတ်တောက်နိုင်မည်ဟုပင် ထင်နေရသည်။
သူ၏ခန္ဓာကိုယ်သည် အံ့အားသင့်ဖွယ် စွမ်းအင်လှုပ်ရှားမှုများကို ရက်စက်ခြင်း၊ ရူးသွပ်ခြင်းနှင့် ဒေါသအငွေ့အသက်များဖြင့် ရောစွက်လျှက် ထုတ်လွှတ်နေ၏။
ထိုပုံသဏ္ဍာန်၏ဒူးပေါ်တွင် ကြီးမားသော ဖိအားကို ထုတ်လွှတ်နေသော တုတ်တစ်ချောင်းကိုလည်း ရေးရေးမျှ မြင်နိုင်သည်။
၎င်းပုံရိပ်သည် တစေအင်ပါယာမှတပါး အခြားမဖြစ်နိုင်။
အသွင်အားဖြင့် ရွှီချင်းနှင့် ၈ဝ%တူညီသည်။
သို့သော်လဲ ပုံရိပ်၏ ၁ဝရာနှုန်းမျှသာ ရုပ်လုံးပေါ်သေးပြီး အခြားသော အရာများ မပါရှိသေးပေ။ သို့သော် ထို ၁ဝ%သည် ဓားခန်းဆောင်၏ အကန့်အသတ်ကို ရောက်နေပြီဖြစ်ရာ အခန်းသည် တုန်ခါသံများထွက်ပေါ်လာပြီး ကွဲအက်လုနီးပါး ဖြစ်လာသည်။
ကွဲအက်သံများက ပဲ့တင်လာသောကြောင့် ရွှီချင်း၏ သိစိတ်ပင်လယ်ထဲမှ သဘောတူညီမှု သင်္ကေတများသည် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည်။
သိစိတ်ပင်လယ်၏ အလင်းသည် ပျောက်ကွယ်သွားပြီး ရွှီချင်းခန္ဓာကိုယ်၏ အပြင်ဘက်မှ တစေအင်ပါယာသည်လည်း ချက်ချင်းပျောက်ကွယ်သွားတော့သည်။
ရွှီချင်း၏ ခန္ဓာကိုယ်သည်တုန်ရီသွားပြီး မျက်လုံးများဖွင့်ကာ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ သို့သော်လဲ သူ၏များလုံးများတွင် စိတ်လှုပ်ရှားမှုများ အတိုင်းသား ထင်ဟပ်နေ၏။
"ဟုတ်ပြီ…"
ရွှီချင်း အသက်ရှူသံမြန်လာသည်။ သူက တစေအင်ပါယာတောင်ကုန်း ထင်ရှားလာစေရန် နှစ်ပေါင်းများစွာကြာအောင် တောင့်တခဲ့သော်လဲ သူက မလုပ်နိုင်ဘဲ ဖြစ်ခဲ့သည်။ ဤသည်ကား နောက်ဆုံးတွင် အောင်မြင်ရန် မျှော်လင့်ချက်ကို ခံစားရသော အခိုက်အတန်းလေးပင်ဖြစ်သည်။
အဆုံးတွင် သူက ကျရှုံးဆဲဖြစ်သော်လဲ ထိုသည်က သဘောတူညီမှု သင်္ကေတများ၏ အကန့်အသတ်ကြောင့်သာဖြစ်သည်။
"ရုပ်လုံးတစ်ခု ထင်ရှားလာဖို့ သင်္ကေတ ဆယ်ခုဆို လုံလောက်မယ်"
ရွှီချင်းက အလွန်စိတ်ဝင်စားနေလေပြီ။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဆက်လက်ကြိုးစားလိုသော အတွေးများကို ဖိနှိပ်လိုက်သည်။
သူ့တွင် သဘောတူညီမှု သင်္ကေတ ၃၁လုံးသာ ကျန်တော့ပြီး စမ်းသပ်မှုတစ်ခုအတွက် ဖြုန်းတီးပစ်ရမည်ကို အနည်းငယ် ရင်နာနေသည်။
"ဒါကို ငါ့ရဲ့ဝှက်ဖဲ အနေနဲ့ သုံးလို့ရနိုင်တယ်။ အကြမ်းဖျင်းတွက်ချက်မှုအရ ငါက တစေအင်ပါယာကိုယ်ထင်ပြမှုကို သုံးကြိမ်လောက် အသုံးပြုလို့ ရသင့်တယ်"
စူးရှသော အကြည့်တစ်ချက် ရွှီချင်းမျက်လုံးတွင် ပေါ်လာသည်။ တစ်ချိန်ထဲမှာပင် သူက သဘောတူညီမှု စာလုံးသင်္ကေတအားလုံး သုံးကုန်သွားလျှင် ထူးဆန်းလေဟာနယ်လောကထဲသို့ ပြန်ဝင်ရန် စစ်ရေးအကျိုးပြုမှတ်များ မည်သို့ စုဆောင်းရမည်ကို စဉ်းစားနေသည်။
ထိုကိစ္စကို တွက်ချက်ပြီးပြီးချင်းတွင် သူ၏ အသံလွှင့်ကျောက်စိမ်းပြားက တုန်ခါလာပြီး ခေါင်းဆောင်၏ အသက်မဲ့ပြီး စိတ်ရှုပ်ထွေးနေသော အသံက ထွက်ပေါ်လာသည်။
"ဂျူနီယာညီလေး"
ရွှီချင်းက ကျောက်စိမ်းပြားကို ထုတ်ယူပြီး အကြောင်းပြန်သည်။
"ဘာဖြစ်ပြန်ပြီလဲ"
"ဂျူနီယာညီလေး ဘာအကြောင်းကြောင့်လို့ထင်လဲ။ ဘာကြောင့်လဲ"
ကျောက်စိမ်းပြားထဲမှ ခေါင်းဆောင်၏ အသံက ခါးသီးမှုများ ရောထွေးမှုများနှင့် ပြည့်နေသည်။
"ငါက အဖြေတွေကို အရူး ဝူကျင်းဝူကို ဈေးကောင်းကောင်းနဲ့ ရောင်းလိုက်တယ်။ သူက ဒါတွေကို ကြည့်ပြီး ရွတ်လိုက်တယ်။ ငါက သူက မေ့သွားပြီး အကြိမ်ပေါင်းများစွာ စမ်းသပ်ခံရမှာတောင် စိုးရိမ်သွားသေးတယ်။ ဒီကောင် နှလုံးသားသစ္စာစမ်းသပ်မှုထဲကို ဝင်သွားတာကိုတောင် စောင့်ကြည့်လိုက်သေးတယ်။ အဆုံးမှာတော့ သူ .. သူက ပေ၅၀၀၀၀ ရှည်တဲ့ အလင်းကို ရခဲ့တယ်"
"ပေငါးသောင်း ဟုတ်လား"
"ဟုတ်တယ်။ ဒါပေမဲ့ ငါ့ကျတော့ ဘာလို့ ၁ဝပေ ပဲလဲ။ အစတုန်းကတည်းက သူလည်းပဲ ၁ဝပေပဲ ရအောင် အစီအစဉ်ချထားတာ။ ဒီနည်းနဲ့ ငါ အဖော်ရနိုင်တယ်လေ။"
ရွှီချင်းက ဆိတ်ဆိတ်နေလျှက် သဘောတူလိုက်သည်။ အချိန်များစွာကြာပြီးနောက် သူက နှစ်သိမ့်လိုက်သည်။
"၁ဝပေပဲ ဆိုရင်တောင်မှ ကောင်းတဲ့အချက် ရှိပါသေးတယ်။ အနည်းဆုံးတော့ ထူးခြားတာပေါ့"
ကျောက်စိမ်းပြားက တိတ်ဆိတ်သွားသည်။ အချိန်များစွာကြာပြီးနောက် ခေါင်းဆောင်၏ စိတ်ပျက်အားလျော့သော အသံက ထွက်လာသည်။
"ဂျူနီယာညီငယ်လေး၊ မင်းက လူတွေကိုယ် ဘယ်လိုနှစ်သိမ့်ရမလဲ တကယ်မသိဘူးပဲ"
"ဝူကျင်းဝူက ရှေးဘုရင် ရွှမ်ယုံကို ခစားပြီး အင်ပါယာရဲ့ရှေ့မှာ ကဗျာရွတ်မယ်လို့ ထင်တာလား"
"မဟုတ်ဘူး.. ငါမေးရလိမ့်မယ်"
ရွှီချင်းက ကျောက်စိမ်းပြားကို ကိုင်လျက် ခေါင်းဆောင်ကို များစွာ ကိုယ်ချင်းစာသွားသည်။ ဆရာတူတပည့်များအကြား ခင်မင်ရင်းနှီးမှုကို ထောက်ရှု၍ ရွှီချင်းက အသက်ရှုချိန်အနည်းငယ်ခန့် ညည်းတွားလိုက်သည်။
ထို့နောက် ကျောက်စိမ်းပြားကို လျင်မြန်စွာ ပြန်သိမ်းလိုက်ပြီး အပြင်သို့ ထွက်လိုက်သည်။ ပြီးနောက် စစ်ရေးအကျိုးပြုမှု ရမှတ်များ ရရှိရန် တာဝန်များကို လက်ခံလိုက်သည်။
အချိန်များ ကုန်ဆုံးသွားပြီး ခေါင်းဆောင်သည် အဖြေရမရ ရွှီချင်းက မသေချာနေပေ။ ထိုအချိန်အတောအတွင်း သူက စစ်ရေးအကျိုးပြုရမှတ်များအပေါ် အဓိက အာရုံစိုက်ထားသည်။
တာဝန်များက ကင်းထောက်ရန်၊ ရှာဖွေရန်၊ ဖမ်းဆီးရန်၊ ကူညီရန် စသည်ဖြင့် များစွာရှိသည်။
သူတို့ထဲတွင် ရှန်ဟယ်၊ ဝမ်ချန်နှင့် ညဝိညာဉ်တို့က သူ့ကို အကြိမ်ပေါင်းများစွာ ကူညီခဲ့ဖူးသည်။ သူတို့က ဌာနပေါင်းစုံမှ ဖြစ်သည်။ တာဝန်တစ်ခုရှိတိုင်း ခက်ခဲမှုအတိုင်းအတာက မည်သို့ပင်ဖြစ်စေ သူတို့က လူတိုင်းကို ခေါ်လိမ့်မည်ဖြစ်သည်။
တဖြည်းဖြည်းနှင့် ခုန်ရှန်းလုံက အကြီးစား တာဝန်များကို ပြုလုပ်ရန် သူတို့အားလုံးကို ခေါ်ယူလာသည်။ စစ်ရေးစအကျိုးပြုမှုရမှတ်များကို ခွဲဝေယူရမည်ဖြစ်သော်လဲ ၎င်းတို့ကို စုဆောင်းနိုင်နှုန်းက ကြောက်ခမ်းလိလိ မြန်ဆန်သည်။
ရွှီချင်းက စစ်ရေးအကျိုးပြုရမှတ်များကို တောင့်တနေကြောင်း နတ်မိမယ် ကျစ်ရွှမ် ကြားပြီးနောက် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ် ဂိုဏ်းခွဲ တာဝန်ရှိသူကို အမိန့်တစ်ခု ထုတ်ပြန်လိုက်သည်။ ယခင်က ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ် လက်ထွက် ဓားကိုင်များသည်လည်း ရွှီချင်းကို ကူညီကြရမည်ဖြစ်သည်။
ထို့အပြင် ရွှီချင်း၏ ရာထူးသည် ရုံးတော်သခင်၏ သံတော်ဆင့်ဖြစ်သည်။ ထိုရာထူးနှင့် သူ၏ ပေ၁သိန်းအလင်းများကြောင့် လူများစွာက သူနှင့် ရင်းနှီးလိုကြသည်။
ထို့ထက်ပိုသည်က သူတို့အားလုံးသည် မဟာမိတ်မှ လာခဲ့ကြခြင်းဖြစ်သည်။ အတိတ်တွင် ရွှီချင်းသည် သိုသိုသိပ်သိပ်နေခဲ့ပြီး အခြားသူများနှင့် ဆက်ဆံခဲသောကြောင့် မည်သူမျှ ထိုကဲ့သို့ အခွင့်အရေးမရခဲ့ပေ။
ယခု နတ်မိမယ်ကျစ်ရွှမ်က အမိန်ပေးလိုက်ရာ လူတိုင်းက စိတ်ပါသည်ထက်ပင် ပိုနေသေးသည်။ ဤသို့သော ကမ္မတရားကို လူအနည်းစုကသာ ငြင်းပယ်ကြပေမည်။
အဆုံးသတ်၌ ရွှီချင်းသည် ညစဉ်ညတိုင်း တာဝန် ခြောက်ခု ခုနစ်ခုခန့် ပြီးမြောက်အောင်မြင်ခဲ့သည်။
သူ၏ စစ်ရေးအကျိုးပြုရမှတ်များက လျင်မြန်စွာ တိုးပွားလာသည်။ ထိုသည်က အများအပြား မဟုတ်လျှင်ပင် စစ်ရေးအကျိုးပြုရမှတ်များ တိုးပွားနေခြင်းကို ကြည့်၍ ရွှီချင်းက စိတ်ကျေနပ်နေသည်။
ထိုသို့ ရူးသွပ်ဖွယ်ရာ တာဝန်လက်ခံမှုများကြောင့် ဒေသငယ်မြို့တော်တွင်လည်း ရွှီချင်း၏ဂုဏ်သတင်းက များစွာ ကျော်ကြားလာခဲ့သည်။
သူသည် နေ့ဘက်တွင် အကျဉ်းထောင်ဌာနသို့ မပျက်မကွက်သွားသည်။
အရာအားလုံးက ပုံမှန်ဖြစ်ပြီး ကောင်လေးနှင့် ပတ်သက်၍ မည်သည့်ပြဿနာမှ ရှိမနေပေ။
လဝက်ခန့်ကြာပြီးနောက် (ဃ၁၃၂)ထဲက ထွက်လာသော ရွှီချင်းသည် တာဝန်များကို ဆက်လက်လက်ခံရန် ပြင်နေသည်။ သို့သော်လည်း သူက အကျဉ်းထောင်ထဲက မထွက်မီ သူ၏အမိန့်တော်ဓားက ရုံးတော်၏ အမိန့်တော်တစ်ခုကို လက်ခံရရှိသည်။
"ရွှီချင်း ဓားကိုင်နန်းဆောင်ကို ချက်ချင်းလာခဲ့ပါ"
အသံက အလွန်တည်ကြည်နေပြီး အေးစက်ခြင်း၊ သတ်ဖြတ်ခြင်းအငွေ့အသက်များဖြင့် ပြည့်နေသည်။