← Chapters

ဂျူနီယာညီလေး ငါဒီမှာ(ဂ)

Vol. 45 Ch. 687

ဂျူနီယာညီလေး ငါဒီမှာ(ဂ)

Vol. 45 Ch. 687

ဧရာမအလောင်းအဝတ်စသည် မျက်စိအဖမ်းစားနိုင်ဆုံး ဖြစ်နေသေးပေသည်။

ဤအခိုက်အတန့်တွင် ယင်းသည် အနက်ရောင်ဈာပနဝတ်ရုံ၏ ရင်ဘက်ဧရိယာထိ ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။ ဈာပနဝတ်ရုံအောက်တွင် ရွှီကျောက်ပြည်နယ် ဓားကိုင်ရုံးတော်ခွဲမှ မဟာအကြီးအကဲ၏ ဦးဆောင်မှုဖြင့် ဗလာနတ္ထိအဆင့် ကျင့်ကြံသူဒါဇင်ကျော်သည် တိုက်ခိုက်နေကြသည်။

သူတို့တိုက်ခိုက်နေကြသည်မှာ အနက်ရောင်ဈာပနဝတ်ရုံမှ ထုတ်လွှတ်နေသော မီးခိုးနက်မှဖြစ်ပေါ်လာကြသည့် ကြမ်းကြုတ်သတ္တဝါများ ဖြစ်ကြသည်။

ထိုပုံရိပ်များထဲတွင် မျိုးနွယ်အသီးသီးမှ အဖွဲ့ဝင်များ ပါဝင်ကြသည်။ သူတို့သည် အနက်ရောင်ဈာပနဝတ်ရုံကို တူညီစွာ ဝတ်ဆင်ထားကြပြီး အလွန်သိပ်သည်းသော ဒြပ်နှောများကို ထုတ်လွှတ်နေကြသည်။

အောက်ခြေတွင် အနက်ရောင်ဈာပနဝတ်ရုံကိုယ်တိုင်က ချောက်နက်တစ်ခုပမာရှိပြီး ကြောက်မက်ဖွယ်ကောင်းသာ မကောင်းဆိုးဝါးစိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။ မရေမတွက်နိုင်သော မီးခိုးနက်အတန်းများသည် ယင်း၏ ဘေးပတ်ဝန်းကျင်တွင် ရစ်ပစ်တွန့်လိမ်သွားနေလေရာ သူတို့သည် အစွမ်းကုန်သုံး၍ ရုန်းထွက်နေကြဟန် ရသည်။

အသက်ရှူသံကဲ့သို့ ခြောက်ခြားဖွယ်ကောင်းသော ဟိန်းသံများသည် အနက်ရောင်ဈာပနဝတ်ရုံထံမှ ပျံ့လွင့်ထွက်လာသည်။

၎င်းအသက်ရှူလိုက်တိုင်း သေခြင်းမြူခိုးငွေ့ကို ထုတ်လွှတ်လိမ့်မည်။ ဗလာနတ္ထိကျင့်ကြံသူများပင် ယင်းကို ရှောင်တိမ်းရပေမည်။ ယင်းကြောင့် အလောင်းအဝတ်စသည်လည်း လှုပ်ယမ်းသွားလေ့ ရှိသည်။

အလောင်းအဝတ်စသည် ရွှီကျောက်ပြည်နယ်မှ စုပေါင်းအင်အားဖြင့် ဖွဲ့စည်းထားသော ချိပ်ပိတ်စည်း ဖြစ်သည်။

ယင်ဟွမ်ပြည်နယ်၏ စစ်တပ်ရောက်ရှိလာမှုသည် ရွှီကျောက်ပြည်နယ်၏ အာရုံကို ဆွဲဆောင်သွားသည်။ ရွှီကျောက်ပြည်နယ်၏ မျိုးနွယ်အသီးသီးမှ ကျင့်ကြံသူများသည် စိတ်လှုပ်ရှားသွားကြသည်။

ဤသို့လာရာလမ်းတွင် ရွှီချင်းသည် သူ၏ အခွင့်အာဏာဖြင့် ရွှီကျောက်ပြည်နယ်မှ ဓားကိုင်ရုံးတော်ခွဲကို ကြိုဆက်သွယ်ထားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူတို့သည် အံ့ဩမသွားကြဘဲ ခဏအကြာမှာ ကိုယ့်တာဝန်ကို ဆက်လက်လုပ်ဆောင်ကြသည်။

“ အခုလို အကူအညီပေးတဲ့အတွက် သံတော်ဆင့်ရွှီနဲ့ ယင်ဟွမ်ပြည်နယ်က တာအိုရောင်းရင်းတွေကို ကျေးဇူးတင်ပါတယ် ”

“ ကျေးဇူးပြု၍ ဖိနှိပ်ခြင်းစွမ်းအားကို အသက်သွင်းပြီး ကျုပ်တို့နဲ့အတူ ချိပ်ပိတ်တာကို ပြီးဆုံးအောင် ပူးပေါင်းပါဝင်ပေးပါ ”

ရွှီကျောက်ပြည်နယ်၏ ဓားကိုင်ရုံးတော်မှ မဟာအကြီးအကဲသည် သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူ ဖြစ်သည်။ သူ၏ စိတ်လှုပ်ရှားသော အကြည့်က ယင်ဟွမ်ပြည်နယ်၏ စစ်တပ်ဆီသို့ ကျရောက်သွားသည်။

ရွှီချင်းသည် ခေါင်းညိတ်သည်။ ယခုအချိန်သည် သာသာယာယာ စကားပြောနေရမည့်အချိန်မဟုတ်ကြောင်း သူသိသည်။ သူက ငှက်ကြီးချင်းချင်း၏ ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်လေရာ ၎င်းသည် စူးစူးဝါးဝါး အော်မြည်လိုက်ပြီး နတ်ဘုရားအလင်းတန်းကို အနက်ရောင်ဈာပနဝတ်ရုံထံသို့ ပစ်လွှတ်လိုက်သည်။

နတ်ဘုရားအလင်းဆင်းသက်လာသည်နှင့် မီးခိုးနက်မှဖြစ်ပေါ်လာသော အရေအတွက်များပြားသည့် ကြမ်းကြုတ်ပုံရိပ်များသည် ချက်ချင်း ပြိုလဲပျက်စီးသွားကြသည်။ အနက်ရောင်ဈာပနဝတ်ရုံသည် တုန်ယင်သွားပြီး ဒေါသတကြီး ဟိန်းသံကို ထုတ်ဖော်လိုက်သည်။

ယင်ဟွမ်ပြည်နယ်မှ ကျင့်ကြံသူများသည်လည်း အရှေ့သို့ ပြေးသွားကြသည်။ ဂိုဏ်းအမျိုးမျိုး၏ အမိန့်အောက်တွင် ဓားကိုင်ရုံးတော်၏ ယင်ယန်အစီအရင် သက်ဆင်းလာသောအခါ သူတို့သည် အစီအရင်ထဲတွင် ရင်းနှီးကျွမ်းဝင်စွာ ဝင်ထိုင်လိုက်ကြသည်။ မကြာမီ ကျမ်းစာရွတ်ဖတ်သံသည် အပြင်သို့ ပဲ့တင်ထွက်လာသည်။

“ ကောင်းကင်မြေပြင်စွမ်းအားကို ဖမ်းဆုပ်ပြီး ငါ့တာအိုမန္တန်နဲ့ တစ္ဆေတွေကို ချိပ်ပိတ်မယ် ”

“ ယင်တာအိုနဲ့ ယန်တာအိုက ချိပ်ပိတ်ခံရမယ်… သူတို့က အချင်းချင်း မဆန့်ကျင်သင့်ဘူး ”

ကမ္ဘာ၏ အရောင်သည် ပြောင်းလဲသွားပြီး လေနှင့် တိမ်တိုက်များသည် ပေါ်လျှိုးလာကြသည်။ ယင်ယန်အစီအရင် အရောင်တောက်ပလာပြီး ကျမ်းစာရွတ်ဖတ်သံ ပျံ့လွင့်သွားသောအခါ ဖိနှိပ်ခြင်းစွမ်းအားသည် သက်ဆင်းလာသည်။

မြေကြီးသည် လှုပ်ခါသွားပြီး အနက်ရောင်ဈာပနဝတ်ရုံသည် သိသာစွာ တုန်ယင်သွားသည်။ ယင်ဟွမ်ပြည်နယ်၏ အကူအညီဖြင့် ရွှီကျောက်ပြည်နယ်မှ မောပန်းနွမ်းလျနေကြသော ကျင့်ကြံသူများသည် သူတို့၏ လက်ကျန်စွမ်းအားကို လှုံ့ဆော်လိုက်ကြပြီး အလောင်းအဝတ်စကို ပိုပြီးမြန်ဆန်စွာ ဖြန့်ထုတ်လိုက်ကြသည်။

ထိုအခိုက်အတန့်မှာ ငှက်ကြီးချင်းချင်း၏ ညာဘက်ဦးခေါင်းပေါ်တွင် မတ်တတ်ရပ်နေသော ရွှီချင်းသည် အနက်ရောင်ဈာပနဝတ်ရုံ၏ ထိပ်ဖျားပေါ်သို့ လှမ်းကြည့်လိုက်သည်။ သူ၏ အသံပို့လွှတ်ကျောက်စိမ်းပြားသည် ရုတ်တရက် တုန်ခါသွားပြီး မကြားရကြာပြီဖြစ်သော အသံကို သူကြားလိုက်ရသည်။

“ ဂျူနီယာညီလေး ငါဒီမှာ… ငါမင်းကို မြင်ရတယ်… နောက်ဆုံးတော့ မင်းဒီကို ရောက်လာပြီ… ဒီကိုလာပြီး ငါ့ကိုကယ်ပါ ”

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူသည် ခေါင်းဆောင်နှင့် ခွဲခွာပြီးကတည်းက တစ်ဖက်လူထံမှ မည်သည့်သတင်းကိုမှ မကြားရတော့ပေ။ အကယ်၍ သူသာ ခေါင်းဆောင်သည် ဦးခေါင်းတစ်ခုတည်း ကျန်ရစ်တော့လျှင်ပင် သေဆုံးလိမ့်မည်မဟုတ်ဟု အခိုင်အမာ မယုံကြည်ထားလျှင် ခေါင်းဆောင်လက်စတုံးသွားပြီဟု ရွှီချင်းသည် သေချာပေါက် တွေးမိလိမ့်မည်။

ထို့ကြောင့် သူသည် အနည်းငယ် စိုးရိမ်မိသည်။

ယခု သူသည် ဝတ်ရုံတားမြစ်နယ်မြေထဲတွင် ခေါင်းဆောင်၏ အသံကို အမှန်တကယ် ကြားလိုက်ရသည်။

ရွှီချင်းသည် ရှာဖွေလိုက်သည်။

အောက်ပိုင်းတစ်ဝက် ဖုံးလွှမ်းခံထားရသော အနက်ရောင်ဈာပနဝတ်ရုံထဲတွင် အဆုံးမရှိသော မြူခိုးထဲမှ ပုံရိပ်အများအပြား ဖြစ်ပေါ်လာကြသည်။ ထိုပုံရိပ်များထဲတွင် ပုံရိပ်တစ်ခုသည် ရွှီချင်းကို လက်ဝှေ့ယမ်းပြနေသည်။ သူ၏ ပုံသဏ္ဍာန်သည် ရွှီချင်းနှင့် အနည်းငယ် ဆင်တူသည်။

အကွာအဝေးက အနည်းငယ် ဝေးကွာနေသောကြောင့်နှင့် မြူခိုး၏ ဖုံးလွှမ်းထားမှုကြောင့် ရွှီချင်းသည် ထိုလူကို ခပ်ရေးရေးသာ မြင်နိုင်သည်။ ထို့အပြင် တစ်ဖက်လူသည်လည်း မီးခိုးနက်ကို ထုတ်လွှတ်နေသည်။ ပထမအကြည့်တွင် ထိုလူသည် ရက်စက်ကြမ်းကြုတ်သော တခြားမြူခိုးပုံရိပ်များနှင့် အများကြီး မခြားနားပေ။

တစ်ချက်ကြည့်ပြီးနောက် ရွှီချင်း၏ စိတ်ထဲတွင် သံသယဖြစ်ပေါ်လာသည်။

“ ဝတ်ရုံတားမြစ်နယ်မြေထဲမှာ ပုံရိပ်ယောင်တွေ ထုတ်လွှတ်နိုင်တယ်လို့ ငါတစ်ခါမှ မကြားဖူးပါဘူး… ”

“ ငါက ပုံရိပ်ယောင်မဟုတ်ဘူး… ချင်းလေး မြန်မြန်လာပြီး ငါ့ကို ကယ်ပါ ”

ရွှီချင်းသည် မျက်ခုံးပင့်တင်လိုက်ပြီး ငှက်ကြီးချင်းချင်း၏ ညာဘက်ဦးခေါင်းပေါ်တွင် မတ်တတ်ရပ်လိုက်သည်။ သူက ခေါင်းနှိမ့်လိုက်ပြီး အသေအချာ စစ်ဆေးလေ့လာလိုက်သည်။ သူ၏ အကြည့်က ခေါင်းဆောင်ဟု သံသယရှိသော ပုံရိပ်ပေါ်သို့ ကျရောက်သွားသည်။ ထိုအခါ တစ်ဖက်လူ၏ အနောက်တွင် မြူခိုးနက်သည် လှုပ်ရှားထကြွနေကြောင်း ဖြည်းဖြည်းချင်း သူမြင်လာသည်။ မြူခိုးထဲမှ ကြီးမားသော လက်များဖြစ်ပေါ်လာကြပြီး သူတို့က ခေါင်းဆောင်ကို ဒေါသတကြီး အရူးအမူး ဖမ်းဆီးချင်နေဟန် ရသည်။

သူက ခံပြင်းဒေါသထွက်စရာကောင်းသော ကိစ္စတစ်ခုခုကို လုပ်ဆောင်ခဲ့သည်မှာ ရှင်းလင်းပေသည်။

ထိုအဖြစ်ကိုမြင်သောအခါ ရွှီချင်းသည် တစ်ဖက်လူ၏ သရုပ်မှန်ကို အတည်ပြုနိုင်သွားသည်။

“ စီနီယာချင်းချင်း… အဲ့ဒီလူက ကျုပ်ရဲ့ စီနီယာအကိုကြီးပါ… မင်းကို ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ် ”

ရွှီချင်းသည် ငှက်ကြီးချင်းချင်းကို ပြောသည်။

ထိုစဉ် ငှက်ကြီးချင်းချင်းသည် ဘေးပတ်ဝန်းကျင်၌ နီလာခရမ်းအလင်းကို အဆက်မပြတ် ထုတ်လွှတ်နေလေသည်။ အလင်းရောင်ဖြန့်ကြက်သွားသည့် နေရာတိုင်း ဝတ်ရုံတားမြစ်ပုံရိပ်အများအပြားသည် ပြိုလဲပျက်စီးသွားကြသည်။ ၎င်းသည် ဤအခွင့်အရေးကို အသုံးပြု၍ သူတို့ကို သေရည်သောက်သကဲ့သို့ ဝါးမျိုလိုက်သည်။

ရွှီချင်း၏ စကားကိုကြားသောအခါ ငှက်ကြီးချင်းချင်းသည် ဦးခေါင်းယမ်းလိုက်သည်။

“ ဂူး ”

၎င်း၏ ဧရာမခန္ဓာကိုယ်သည် တုန်ခါသွားပြီး ဝတ်ရုံတားမြစ်နယ်မြေအောက်ဘက်ရှိ ထူထဲသော မြူခိုးထဲသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ ၎င်း၏ လမ်းကြောင်းတစ်လျှောက်တွင်ရှိသော ဝတ်ရုံတားမြစ်ပုံရိပ်များသည် နာကျင်စွာ အော်ဟစ်ညည်းညူလိုက်ကြသည်။ သူတို့သည် နီလာခရမ်းအလင်းရောင်ကြောင့် အပိုင်းပိုင်းအစစသို့ ကွဲထွက်သွားကြပြီး ၎င်း၏ အရှင်လတ်လတ် ဝါးမျိုခြင်းခံလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်း ငှက်ကြီးချင်းချင်းသည် ရွှီချင်းကို ဝတ်ရုံတားမြစ်နယ်မြေ၏ အနက်ပိုင်းထဲသို့ ခေါ်ဆောင်သွားသည်။

ထိုမြင်ကွင်းသည် ယင်ဟွမ်ပြည်နယ်နှင့် ရွှီကျောက်ပြည်နယ်၏ ဓားကိုင်ရုံးတော်ခွဲများမှ အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။ မဟာအကြီးအကဲနှစ်ယောက်၏ အမူအရာသည် ပြောင်းလဲသွားကြပြီး သူတို့သည် တစ်ချိန်တည်း အရှေ့သို့ ပြေးသွားကြသည်။

သူတို့၏ မျက်လုံးထဲတွင် ရွှီချင်း၏ လက်ရှိသရုပ်သည် မြင့်မားပြီး ထူးခြားသည်။ သူတို့သည် သူ့ကို အဆုံးရှုံးမခံနိုင်ပေ။

ရွှယ်လျန့်ကျစ်သည်လည်း ချက်ချင်း လှုပ်ရှားလိုက်သည်။ သူ၏ ကျင့်ကြံခြင်းသည် မဟာအကြီးအကဲနှစ်ယောက်ထက် နိမ့်ကျသော်လည်း သူသည် ရွှီချင်းဆီသို့ ပထမဆုံး ပျံသန်းသွားသည့်လူ ဖြစ်သည်။

မည်သို့ဖြစ်စေ ရွှီချင်းသည် သူ၏ မိသားစုဝင်ဖြစ်သည်။ စစ်မြေပြင်တွင် တခြားလူများ၏ သေခြင်းရှင်ခြင်းနှင့် ချိပ်ပိတ်ခြင်းအရေးကိစ္စထက် သူ့မိသားစုဝင်များ၏ ဘေးကင်းလုံခြုံရေးသည် သူ့အတွက် အရေးကြီးဆုံးဖြစ်သည်။ ထို့ကြောင့် သူသည် အများကြီး နောက်ကျကျန်မနေခဲ့ပေ။

သူတို့သုံးယောက် ပျံသန်းလာနေကြစဉ် ငှက်ကြီးချင်းချင်းသည် ရွှီချင်းကို ဝတ်ရုံတားမြစ်နယ်မြေ၏ အနက်ပိုင်းထဲသို့ ခေါ်ဆောင်သွားခဲ့ပြီ ဖြစ်သည်။ အထဲသို့ သူတို့နစ်မြုပ်သွားသောအခါ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးသည် အနက်ရောင်သို့ ပြောင်းလဲသွားသည်။ ထူထဲသော ဒြပ်နှောများသည် နေရာတိုင်းတွင် စုဝေးသွားကြသည်။ တစ်ချိန်တည်းမှာ ဝတ်ရုံတားမြစ်နယ်မြေထဲမှ နာကွဲစေမည့် မာန်ဖီဟိန်းသံများသည် ပိုပြီးကျယ်လောင်လာသည်။

All Chapters