← Chapters

ကြက်တစ်ကောင် လေပေါ်ပျံခြင်း… ဘယ်စိန်ခေါ်မှုမှ မကြောက်ဘူး

Vol. 67 Ch. 1048

ကြက်တစ်ကောင် လေပေါ်ပျံခြင်း… ဘယ်စိန်ခေါ်မှုမှ မကြောက်ဘူး

Vol. 67 Ch. 1048

“ လွတ်လပ်မည် ”ဟူသော စကားကို ကြားလိုက်သည်နှင့်ချက်ချင်း ဒါဇင်ပေါင်းများစွာရှိသော ကြက်များသည် ချက်ချင်း အတောင်ပံခတ်လိုက်ကြသည်။ ၎င်းတို့က တကျွီကျွီမြည်သံကို ထုတ်ဖော်လိုက်ပြီး အပေါ်သို့ ခုန်လိုက်ကြသည်။ ၎င်းတို့၏ မျက်လုံးထဲမှာ အဆုံးမဲ့သော လိုအင်ဆန္ဒဖြင့် ပြည့်နှက်နေသည်။

၎င်းတို့က ရူးသွပ်သွားတော့မည်ဖြစ်သည်။

အမှန်မှာ ဤအခွင့်အရေးကို လုယူရန်အတွက် ၎င်းတို့သည် ခုန်လိုက်ကြပြီးနောက် တခြားကြက်များနှင့် လုံးထွေးသတ်ပုတ်လိုက်ကြသည်။ ကြက်မွှေးများသည် ခြံဝန်းထဲမှာ ပြန့်ကျဲသွားသည်။

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။

ချက်ချင်းဆိုသလို ကြက်များသည် တိတ်ဆိတ်သွားကြသည်။ ယခင်က ၎င်းတို့မှာ မည်မျှကျင့်ကြံခြင်းအဆင့်ရှိပါစေ အခြေအနေကို ၎င်းတို့နားလည်ထားကြသည်။ ဤနေရာမှာ ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူလေးယောက်ရှိကြောင်း ၎င်းတို့နားလည်ထားသောကြောင့် မမောက်မာဝံ့ကြချေ။

၎င်းတို့၏ နှလုံးသားထဲမှ ဝမ်းနည်းပူဆွေးမှုနှင့် ခံပြင်းဒေါသထွက်မှုက ပြင်းထန်သော်လည်း အကယ်၍ ၎င်းတို့က အသက်ရှင်ချင်သည်ဆိုလျှင် ဦးညွတ်ရလိမ့်မည်။

ကြက်ခြံက တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ရွှီချင်းသည် လက်မြှောက်လိုက်ပြီး အကြိမ်ရေအနည်းငယ်ခန့် လက်ညှိုးညွှန်လိုက်သည်။ သူက ကြက်အကောင်ရေတစ်ရာထဲမှ အကောင်(၃၀)ကျော်ကို ရွေးချယ်လိုက်သည်။

“ မင်းတို့ထဲမှာ ဘယ်ကောင်က အမြန်ဆုံးလဲ ”

ရွှီချင်းက မေးသည်။

ချက်ချင်းဆိုသလို ကြက်တစ်ကောင်သည် အကြမ်းပတမ်း ခုန်ပေါက်လာသည်။ ၎င်းက စိတ်လှုပ်ရှားစွာ တကျွီကျွီမြည်သံကို ထုတ်ဖော်လိုက်သည်။

ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး အိမ်ရှေ့စံမင်းသားပေးထားသော ကြက်များကို ထိန်းချုပ်နိုင်သည့် ကျောက်စိမ်းတံဆိပ်တော်ကို ထုတ်လိုက်သည်။ သူက ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်ပြီး အရှေ့သို့ လက်ညှိုးညွှန်လိုက်သည်။ ချက်ချင်းပင် အဖြူရောင်အလင်းတန်းသည် ကျောက်စိမ်းတံဆိပ်တော်မှ ထွက်ပေါ်လာပြီး ကြက်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

နောက်အခိုက်အတန့်မှာ ကြက်ကလေးသည် တုန်ယင်လာပြီး အသွင်သဏ္ဍာန်ပြောင်းလဲသွားသည်။ ၎င်းက လူသားကျင့်ကြံသူအသွင်သို့ ပြောင်းလဲသွားရမည့်အစား ကြက်ခန္ဓာကိုယ်က ပေ(၁၀၀)အမြင့်သို့ ကြီးထွားလာသည်။ ၎င်းက ဧရာမကြက်သို့ ပြောင်းလဲသွားသည်။

၎င်း၏ ကျင့်ကြံခြင်းစွမ်းအားသည်လည်း ပြန်ကောင်းမွန်လာသည်။ ချက်ချင်းပင် ဗလာနတ္ထိဒုတိယအဆင့် ကျင့်ကြံခြင်းစွမ်းအားသည် ဧရာမကြက်၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ တစ်ချိန်တည်းမှာ နီလာနတ်သမီး၏ စွမ်းအားက ၎င်းထံမှ ထွက်ပေါ်လာသည်။ ထိုပုဂ္ဂိုလ်သည် အနီရောင်လဗိမာန်၏ နတ်တမန်တော်မှလွဲ၍ တခြားလူမဟုတ်ပေ။

ထူးဆန်းသော အလင်းရောင်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း ၎င်းတို့ကို အဖွားငါးက မည်သို့ပျိုးထောင်ထားကြောင်း သူစဉ်းစားမိသွားသောအခါ မအံ့ဩတော့ပေ။ သို့ဖြစ်၍ သူက ခန္ဓာကိုယ်ကို တစ်ချက်ရွေ့လျားလိုက်ပြီး ဧရာမကြက်၏ ကျောပေါ်မှာ တိုက်ရိုက် မတ်တတ်ရပ်လိုက်သည်။

“ မင်းတို့အားလုံး ငါ့နောက်ကနေ လိုက်ခဲ့ကြ ”

ရွှီချင်းသည် တခြားကြက်ကလေးများကို စကားပြောပြီးနောက် အမိန့်တော်တစ်ခုကို တည်ငြိမ်စွာ ထုတ်ပြန်လိုက်သည်။ သူက ၎င်းတို့၏ ခန္ဓာကိုယ်ထဲမှ ချိပ်တံဆိပ်တချို့ကို ဖြေလွှတ်ပေးလိုက်သည်။

“ သွားကြရအောင် ”

ဗလာနတ္ထိဒုတိယအဆင့်ကြက်သည် မခုခံဝံ့ပေ။ ၎င်း၏ ခန္ဓာကိုယ်ထဲမှာ ထည့်သွင်းထားသော အဖွားငါး၏ အကန့်အသတ်စည်းများကြောင့် အကယ်၍ ၎င်းက ပုန်ကန်ချင်သည့် အရိပ်အယောင်တစ်စွန်းတစ်စကို ထုတ်ပြမိသွားလျှင် သေသည်ထက် ပိုဆိုးဝါးသော ဘဝကို တွေ့ကြုံခံစားရလိမ့်မည်။ ထို့ကြောင့် ၎င်းက အမြန်ခေါင်းညိတ်လိုက်ပြီး လေထဲသို့ ခုန်လိုက်သည်။

၎င်းက ကောင်းကင်ဆီသို့ ဦးတည်ပျံသန်းသွားသည်။

တခြားကြက်ကလေးများသည်တော့ အမြန်ပျံသန်းလိုက်ကြပြီး အနောက်မှ လိုက်သွားကြသည်။

ထိုသို့ဖြင့် ကြက်အုပ်စုသည် လမ်းတစ်လျှောက်တွင် အရှိန်တင်လိုက်ကြသည်။ မီးခိုးရောင်မုန်တိုင်းကြားထဲမှာ ၎င်းတို့က သဲကန္တာရ၏ အစွန်အဖျားဆီသို့ မြန်ဆန်စွာ ပျံသန်းသွားနေကြလေရာ လေခွင်းသံများ ပေါ်ထွက်လာသည်။

၎င်းတို့၏ အလျင်သည် အလွန်မြန်ဆန်သည်။ ဤသည်မှာ ၎င်းတို့က ဟင်းလင်းပြင်ကို ဖြတ်သန်းသွားနေဟန် ထင်ရသည်။

နာရီအနည်းငယ်ကြာပြီးနောက် ၎င်းတို့က သဲကန္တာရ၏ အစွန်အဖျားဆီသို့ ရောက်ရှိသွားကြသည်။

အဝေးမှကြည့်လျှင် သဲကန္တာရ၏ အစွန်အဖျားမှာ နေအိမ်များနှင့် ရွက်ဖျင်တဲအများအပြားကို ဆောက်လုပ်ထားကြောင်း မြင်နိုင်လိမ့်မည်။ ထိုနေအိမ်များနှင့် ရွက်ဖျင်တဲများတွင် နေထိုင်ကြသူများသည် သဲကန္တာရထဲမှ ကျင့်ကြံသူများဖြစ်ပြီး အရေအတွက်အားဖြင့် တစ်သောင်းနီးပါးရှိသည်။ သူတို့၏ ခေါင်းဆောင်သည် ဘိုးဘေးမိုကွေ့ ဖြစ်သည်။

ကြက်အုပ်စုက ကောင်းကင်ပေါ်မှ ပျံသန်းလာနေကြောင်း သတိထားမိသွားသောအခါ ဤနေရာမှာ စခန်းချနေကြသော ကျင့်ကြံသူအားလုံးက အံ့ဩသွားကြသည်။ ဘိုးဘေးမိုကွေ့သည် ပထမဦးဆုံး ပြေးထွက်လာသူ ဖြစ်သည်။

ထိုကြက်ကလေးများကို သူသိသည်။ သူက လေထဲသို့ ပျံသန်းသွားသည့်အခါ ရွှီချင်း၏ ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်သွားသည်။ ဘိုးဘေးမိုကွေ့သည် နှလုံးတုန်လာသည်။

“ အဲ့ဒါသခင်လေးပဲ ”

ဆေးဆိုင်၏ ဧည့်ကြိုအလုပ်သမားတစ်ယောက်အနေဖြင့် ဆေးဆိုင်ထဲမှာ ရွှီချင်း၏ အဆင့်အတန်းကို ကောင်းမွန်စွာ သူနားလည်သည်။ အိမ်ရှေ့စံမင်းသားက ရွှီချင်းကို မကြာခဏ ညွှန်ကြားပေးလေ့ရှိသည်ကိုလည်း သူမြင်ဖူးသည်။ ထို့ကြောင့် ထိုလူက ဆေးဆိုင်၏ ပိုင်ရှင်ဖြစ်ပြီး အိမ်ရှေ့စံမင်းသား၏ တပည့်တစ်ယောက်နှင့် မခြားကြောင်း သူသိသည်။

သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ နှုတ်ဆက်ပါတယ်… သခင်လေး ”

ဘိုးဘေးမိုကွေ့သည် လက်သီးဆုပ်လိုက်ပြီး ‌လေထဲမှာ အရိုအသေပေးလိုက်သည်။

ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး လက်သီးဆုပ်၍ ပြန်နှုတ်ဆက်လိုက်သည်။

“ နှုတ်ဆက်ပါတယ်… စီနီယာ ”

တစ်ဖက်လူ၏ သရုပ်က ဆေးဆိုင်၏ ဧည့်ကြိုအလုပ်သမားဖြစ်သော်လည်း ယင်းက အိမ်ရှေ့စံမင်းသားကြောင့်ဖြစ်ကြောင်း သူသိသည်။ သူ့ကြောင့် မဟုတ်ပေ။ ထို့ပြင် အိမ်ရှေ့စံမင်းသားက ဘိုဘေးမိုကွေ့ကို ကြက်အဖြစ်မှ လွှတ်ပေးလိုက်ခြင်းတွင် အကြောင်းအရင်းတစ်ခုရှိလိမ့်မည်ဟု သူထင်သည်။

ရွှီချင်း၏ ပြန်လည်နှုတ်ဆက်မှုကို ရရှိသောအခါ ဘိုဘေးမိုကွေ့သည် စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။ သူက ဆေးဆိုင်ထဲမှာ အရှက်မဲ့စွာ ပြုမူနိုင်သော်လည်း ယခု ဤနေရာတွင် လူအများအပြား ရှိနေကြသည်။ သူတို့ထဲမှ အများစုသည် သူ၏ လက်အောက်ငယ်သားများ ဖြစ်ကြသည်။ ထို့ကြောင့် သူက ဂုဏ်သိက္ခာတချို့ကို ထိန်းသိမ်းချင်ပေသည်။

ရွှီချင်း၏ ပြန်လည်နှုတ်ဆက်မှုက သူ့အား အလွန်သက်တောင့်သက်သာ ရှိစေသည်။ ထုံးစံအားဖြင့် သူက ရွှီချင်းအပေါ် ပိုပြီးခင်မင်လာသည်။

“ သခင်လေး… ဒီကို ဘာကိစ္စကြောင့် ရောက်လာတာပါလဲ ”

“ အိမ်ရှေ့စံမင်းသားက ငါ့ကို ဒီလာခိုင်းပြီး လပုန်ကန်ခန်းမက ကျင့်ကြံသူတွေကို လက်ခံကြိုဆိုဖို့ အမိန့်ပေးလိုက်တယ် ”

ရွှီချင်းသည် အဝေးသို့ မော့ကြည့်လိုက်သည်။ မီးခိုးရောင်လေ၏ တစ်ဖက်ခြမ်းတွင် ကောင်းကင်နှင့် မြေပြင်သည် သွေးနီရောင်စွန်းထင်နေသည်။ သွေးနီရောင်လောကထဲတွင် မရေမတွက်နိုင်သော အနက်ရောင်အစက်များက ထွက်ပေါ်လာကြသည်။

သူတို့က သဲကန္တာရဆီသို့ ဦးတည်လာနေကြခြင်း ဖြစ်သည်။

ထိုအနက်ရောင်အစက်များသည် မှော်ယာဉ်ပျံများဖြစ်ကြသည်။

ယင်းတို့သည် အနီရောင်လဗိမာန်၏ လိုက်ဖမ်းမှုမှ ထွက်ပြေးလာကြသော စတုတ္ထခန်းမသခင်နှင့် သူ့လက်အောက်ငယ်သားများ၏ မှော်ယာဉ်ပျံများဖြစ်ကြသည်။

မှော်ယာဉ်ပျံအများစုသည် အတိုင်းအတာတစ်ခုထိ ထိခိုက်ပျက်စီးထားကြသည်။ မှော်ယာဉ်ပျံထဲမှ ကျင့်ကြံသူများသည် လွန်ခဲ့သော လဝက်ကထက်ပင် ပိုပြီးအားနည်းနေကြသည်။ တစ်ချိန်တည်းမှာ သူတို့က ပင်ပန်းနွမ်းနယ်နေကြသည်။ ဒဏ်ရာများကြောင့်ဖြစ်စေ သို့မဟုတ် သူတို့၏ နှလုံးသားထဲမှ စိုးရိမ်ကြောင့်ကြမှုကြောင့်ဖြစ်စေ လူတိုင်းက အားအင်ကုန်ခမ်းနေကြသည်။

သူတို့အနောက်မှ ကောင်းကင်တွင် အနီရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေသည်။

အဖွဲ့၏ အရှေ့ဆုံးမှ စတုတ္ထခန်းမသခင်သည်တော့ မျက်နှာဖြူဖျော့နေပြီး ဒဏ်ရာများက အတော်လေး ဆိုးဝါးပြင်းထန်သည်။ သူ၏ အနောက်မှ ဗလာနတ္ထိအဆင့် လက်အောက်ငယ်သားများ၏ အရှိန်အဝါများသည်လည်း အရေးကြီးအမှတ်သို့ ရောက်ရှိနေကြသည်။

“ စတုတ္ထခန်းမသခင်… အဲ့ဒါက နောက်ဆုံးကျိန်စာဖယ်ရှားဆေးလုံးပါ… အမှတ်ကိုးဆေးလုံးဆရာသခင်က ဆေးလုံးတွေကို အလကား ထောက်ပံ့ပေးတယ်ဆိုပေမဲ့ ဆေးလုံးကို လိုအပ်တဲ့ လူက အရမ်းများတယ်… ဒါကြောင့် အရေအတွက်က အကန့်အသတ်ရှိတယ်… ကျုပ်က အမှတ်ကိုးဆေးလုံးဆရာသခင်ထက် တကယ်ပဲ အများကြီး နိမ့်ကျပါတယ်… တကယ်လို့ သူက ကျုပ်ကို ဆေးညွှန်းပေးမယ်ဆိုရင်တောင် အဲ့လိုဆေးလုံးမျိုးကို ကျုပ်ထုတ်လုပ်နိုင်မှာမဟုတ်ပါဘူး ”

စတုတ္ထခန်းမသခင်၏ အနောက်တွင် ဗလာနတ္ထိပထမအဆင့် သက်လတ်ပိုင်းအမျိုးသားက ဆေးပုလင်းတစ်လုံးကို ထုတ်လိုက်ပြီး ကမ်းပေးလိုက်သည်။

ဤသည်ကို စတုတ္ထခန်းမသခင်ကြားသောအခါ သူက ဆေးလုံးကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။

“ ရှန့်လော့… မင်းအကောင်းဆုံး ကြိုးစားခဲ့ပါတယ် ”

“ မင်းတို့တွေ အဲ့ဒီဆေးလုံးကို နည်းနည်းစီခွဲပြီး သောက်သုံးကြပါ… ငါတောင့်ခံနိုင်ပါသေးတယ် ”

ထိုဗလာနတ္ထိပထမအဆင့် သက်လတ်ပိုင်းအမျိုးသားသည် ဆရာသခင်ရှန့်လော့မှလွဲ၍ တခြားလူမဟုတ်ပေ။

စတုတ္ထခန်းမသခင်၏ စကားကို ကြားသောအခါ ရှန့်လော့သည် ခေါင်းငုံ့လိုက်သည်။

စတုတ္ထခန်းမသခင်သည် ရှန့်လော့ကို ပခုံးပုတ်ပေးလိုက်ပြီး သဲကန္တာရဆီသို့ ကြည့်လိုက်သည်။ မီးခိုးရောင်မုန်တိုင်းသည် ကောင်းကင်တစ်ခွင် ဖုံးလွှမ်းထားသည်။

မီးခိုးရောင်မုန်တိုင်း၏ ပိတ်ဆို့ထားမှုကြောင့် သူက ရွှီချင်းနှင့် တခြားလူများကို မမြင်နိုင်ပေ။ သူမြင်ရသည်မှာ အလွန်ကျယ်ပြောသော သဲကန္တာရဖြစ်သည်။ သို့ဖြစ်၍ သူက နူးညံ့စွာ သက်ပြင်းချလိုက်သည်။

“ အမှတ်ကိုးဆေးလုံးဆရာသခင်က ငါ့အမှာစကားကို ဘာမှမတုံ့ပြန်ဘူး… သူက သူ့ရဲ့ သရုပ်မှန်ကို မဖော်ထုတ်ချင်တာ ဖြစ်မယ်လို့ ငါထင်တယ်… သူအဆင်ပြေမယ်လို့ ငါမျှော်လင့်ပါတယ်… ”

ရှန့်လော့သည် စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

“ အမှတ်ကိုးဆေးလုံးဆရာသခင်က ဒီသဲကန္တာရထဲမှာရှိတယ်လို့ ကောလဟာလတွေ ထွက်နေပါတယ်… ဒါနဲ့ စတုတ္ထခန်းမသခင်… သဲကန္တာရထဲက မြင့်မြတ်ကုန်းမြေက လပုန်ကန်ခန်းမကနေတဆင့် သတင်းပြန်လိုက်ပါတယ်… သူတို့က ကျုပ်တို့ကို ဝင်ခွင့်ပြုလိုက်ပါတယ်… ဝင်ခွင့်နေရာက အဲ့ဒီမှာပါ ”

“ ဒါပေမဲ့ ကျုပ်တို့နောက်မှာက… ”

ရှန့်လော့သည် ခေါင်းလှည့်လိုက်ပြီး သူ့အနောက်ကို ကြည့်လိုက်သည်။

သူတို့၏ အနောက်တွင် လောကကြီးသည် စေးကပ်သော သွေးပမာ နီရဲနေသည်။ ယင်းက အစဉ်မပြတ် လှုပ်ယမ်းနေသည်။ ထိုအနီရောင်လောကကြီးထဲတွင် မရေမတွက်နိုင်သော ကိုယ်အင်္ဂါအစိတ်အပိုင်းများရှိကြောင်း မသဲမကွဲ မြင်နိုင်လိမ့်မည်။

လမ်းတစ်လျှောက်တွင် သူတို့အဖွဲ့သည် အနီရောင်လဗိမာန်၏ ဝင်ရောက်တိုက်ခိုက်ခြင်းကို အကြိမ်ပေါင်းများစွာ တွေ့ကြုံခဲ့ကြသည်။ အကြိမ်တိုင်းတွင် ခါးသီးသော တိုက်ပွဲဖြစ်ခဲ့ပြီး အသေအကြေအပျက်အစီးက ပိုပိုများလာခဲ့သည်။ ထို့ကြောင့် လူတိုင်း၏ ဒဏ်ရာများက လွန်ခဲ့သော လဝက်တုန်းကထက် ပိုပြီးဆိုးဝါးလာရခြင်း ဖြစ်သည်။

အကြိမ်တိုင်း သူတို့က တိုက်ပွဲထဲမှ လွတ်မြောက်နိုင်ခဲ့သော်လည်း အနီရောင်လဗိမာန်၏ နောက်တစ်ကြိမ် ဖမ်းမိခံရရန် သိပ်မကြာခဲ့ပေ။

ဤအခိုက်အတန့်မှာ အနီရောင်လဗိမာန်၏ ဖိအားသည် ထပ်မံထွက်ပေါ်လာသည်။

“ အဆင်ပြေပါတယ်… အနီရောင်လဗိမာန်အတွက် ဒီဖိနှိပ်မှုက သိပ်အရေးမကြီးပါဘူး… ဘာပဲဖြစ်ဖြစ် နီလာနတ်သမီးက နောက်ဆယ်လအတွင်းမှာ ဆင်းသက်လာတော့မှာ မဟုတ်လား… တကယ်လို့ ငါတို့တွေ အများကြီး သေကြေသွားမယ်ဆိုရင် အနီရောင်လဗိမာန်ရဲ့ လက်အောက်က အင်အားစုတွေက နီလာနတ်သမီးအတွက် အစားအစာမလုံလောက်မှုကို ဖြည့်ဆည်းပေးရလိမ့်မယ် ”

စတုတ္ထခန်းမသခင်သည် အားအင်ချည့်နဲ့စွာ ပြောသည်။

“ ဒီတော့ အနီရောင်လဗိမာန်ရဲ့ လက်ရှိအတွင်းရေးအခြေအနေက အရမ်းရှုပ်ထွေးနေတယ်… သူတို့ရဲ့ ဆန္ဒတွေက တစ်ညီတစ်ညွတ်တည်းမရှိကြဘူး… တချို့က ဒီဟာကို ကစားပွဲတစ်ခုလို့ သတ်မှတ်ကြတယ်… တချို့က အမိန့်တွေကို ဖီဆန်ကြတယ်… တချို့က ဖိနှိပ်ဖို့ကို အာရုံထားကြတယ် ”

“ ပြီးတော့ တကယ်လို့ မင်းက ဒီခရီးစဉ်ကို သေချာပြန်တွေးကြည့်မယ်ဆိုရင် ငါတို့က မောင်းထုတ်ခံရရုံပဲဆိုတာ သတိထားမိလိမ့်မယ် ”

စတုတ္ထခန်းမသခင်သည် နှာခေါင်းရှုံ့လိုက်သည်။

“ အနီရောင်လဗိမာန်ထဲမှာ နီလာနတ်သမီးရောက်ရှိလာတဲ့အထိ ငါတို့အသက်ရှင်နေဖို့ မျှော်လင့်နေကြတဲ့ အင်အားစုတွေရှိတယ် ”

“ လဝတ်ပြုဒေသကြီးမှာ အရင်ခေတ်တွေတုန်းက သဘောတရားတွေကို အခုထိ ယုံကြည်နေကြသေးတဲ့ အင်အားစုတချို့ ရှိတယ်… အရသာရှိတဲ့ အစားအစာဆိုတာ များများရွေ့လျားပေးဖို့ လိုအပ်တယ်လို့ သူတို့က ထင်နေကြတယ်… အစားအစာက ပိုပြီးလှုပ်ရှားလေ ပိုပြီးလှပလာလေလို့ သူတို့က ထင်နေကြတယ်… သူတို့ရဲ့ အမြင်မှာတော့ အစားအစာက ပိုပြီးရုန်းကန်လေ ပိုပြီးအရသာရှိလေပဲ ”

“ ငါတို့အတွက်တော့ အဲ့ဒါက အသက်စတေးရတဲ့ ခုခံမှုဖြစ်တယ်… အနီရောင်လဗိမာန်က ရာထူးမြင့်ပုဂ္ဂိုလ်တွေအတွက်တော့ အဲ့ဒါက ကစားပွဲတစ်ခုသာသာပဲ ”

“ ဒါပေမဲ့ အိမ်ရှေ့စံမင်းသားရဲ့ ထွက်ပေါ်လာမှုက ဘုရားကျောင်းထဲက အင်အားစုတချို့ကို သတိကြီးကြီးထားလာစေတယ်… သူတို့က ဖိနှိပ်မှုပြုလုပ်ဖို့ စတင်ခဲ့ကြတဲ့ လူတွေပဲ ”

ရှန့်လော့သည် နှုတ်ဆိတ်သွားသည်။ ခရီးစဉ်တစ်လျှောက်တွင် တစ်ဖက်အင်အားစု၏ ထူးခြားသော အပြုအမူကို သူသည်လည်း သတိပြုမိခဲ့သည်။ အမှန်မှာ သူတစ်ယောက်တည်းသာ မဟုတ်ပေ။ မှော်ယာဉ်ပျံထဲမှာရှိသော မျိုးနွယ်အသီးသီးမှ ဗလာနတ္ထိအဆင့် ကျင့်ကြံသူများသည်လည်း သတိပြုမိကြသည်။ သို့သော်လည်း ယခု အနီရောင်လဗိမာန်၏ အကြံအစည်ကို စတုတ္ထခန်းမသခင်က ထုတ်ဖော်ပြောကြားလိုက်သည်။

“ အများကြီး လျှောက်တွေးမနေပါနဲ့… နောက်ဆယ်လကြာပြီးလို့ ဘာပဲဖြစ်လာပါစေ အနည်းဆုံးတော့ ငါတို့က အခုချိန်မှာ လွတ်လပ်ဖို့အတွက် အသက်ရှင်နေကြတာ မဟုတ်ဘူးလား ”

စတုတ္ထခန်းမသခင်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် မှော်ယာဉ်ပျံအားလုံး၏ အလျင်သည် တိုးမြှင့်သွားပြီး သူတို့၏ အရှေ့မှ သဲကန္တာရဆီသို့ မြန်ဆန်စွာ ချဉ်းကပ်သွားကြသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သွေးနီရောင်အလင်းတန်းသည် သူတို့၏ အနောက်မှ ရုတ်တရက် လင်းလက်လာပြီး လျှင်မြန်စွာ ကျယ်ပြန့်လာသည်။ တစ်ချိန်တည်းမှာ ယင်းက ဧရာမသွေးလက်ဝါးသို့ ပြောင်းလဲသွားပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ ယင်းက သူတို့ကို ဖမ်းဆုပ်ရန် ဆန်းတန့်ထွက်လာသည်။

အေးစက်စက် အလင်းတန်းသည် စတုတ္ထခန်းမသခင်၏ မျက်လုံးထဲမှာ လင်းလက်သွားပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားက ပေါက်ကွဲထွက်လာသည်။ ချက်ချင်းပင် ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး ပုံရိပ်ယောင်ကမ္ဘာငယ်များက ကောင်းကင်ထဲမှာ ထွက်ပေါ်လာကြသည်။ ထို့နောက် ကမ္ဘာငယ်များသည် အတူတကွ ပေါင်းစည်းသွားပြီး ပုံရိပ်ယောင်မဟာလောကတစ်ခု ဖြစ်ပေါ်လာသည်။

ယင်းက ဗလာနတ္ထိစတုတ္ထအဆင့်၏ အမှတ်သင်္ကေတဖြစ်သည်။

မဟာလောကက ပုံရိပ်ယောင်သာဖြစ်သော်လည်း ၎င်း၏ အစွမ်းသည် အလွန်အံ့ဖွယ်ကောင်းသည်။ ယင်းက သူတို့ဆီသို့ ဦးတည်လာနေသော ဧရာမသွေးလက်ဝါးကို ပိတ်ဆို့လိုက်သည်။

တစ်ချိန်တည်းမှာ မှော်ယာဉ်ပျံများပေါ်မှ ကျင့်ကြံသူအားလုံးသည် တုံ့ပြန်လာကြသည်။ သူတို့က မန္တန်များကို ထုတ်သုံးလိုက်ကြသည်။ ယင်းက မဟာလောက၏ အရောင်ကို ထပ်ဖြည့်ပေးလိုက်ပြီး အစစ်အမှန်နှင့် ပိုပြီးတူညီလာစေသည်။

ဗလာနတ္ထိကျင့်ကြံသူဒါဇင်ခန့်သည် သူတို့၏ ကျင့်ကြံခြင်းအခြေခံကို ထုတ်လွှတ်လိုက်ကြပြီး မဟာလောက၏ ထောင့်တိုင်များကို ဖွဲ့စည်းလိုက်ကြသည်။

မိုးခြိမ်းသံသဖွယ် ကျယ်လောင်သော ပေါက်ကွဲသံသည် ထိုအခိုက်အတန့်မှာ ထွက်ပေါ်လာသည်။ ကြီးမားသော အင်အားသည် ပျံ့လွင့်ထွက်လာပြီး အရပ်ရှစ်မျက်နှာဆီသို့ လှိုင်းဂယက်များကို ထုတ်လွှတ်လိုက်သည်။ ယင်းက ဧရာမသွေးလက်ဝါးကို အပိုင်းပိုင်းအစိတ်စိတ် အက်ကွဲသွားစေသည်။

သို့သော် စတုတ္ထခန်းမသခင်၏ မဟာလောကပုံရိပ်ယောင်သည်လည်း ပြိုကွဲပျက်စီးသွားသည်။ မှော်ယာဉ်ပျံပေါ်မှ လူတိုင်းသည် သွေးအန်လိုက်ရသည်။ သို့သော်လည်း တန်ပြန်ထွက်ပေါ်လာသော လှိုင်းဂယက်များ၏ ပြင်းထန်သော ရိုက်ခတ်မှုကြောင့် မှော်ယာဉ်ပျံများ၏ အလျင်သည် ပိုပြီးတိုးမြှင့်သွားသည်။ ဤသည်မှာ တော်ဝင်မိန်းမပျိုများက ပန်းကြဲလိုက်သည့်နှယ် မှော်ယာဉ်ပျံများက သဲကန္တာရထဲမှ မုန်တိုင်းဆီသို့ ဦးတည်သွားကြသည်။

ထိုစဉ် မုန်တိုင်းသည် သဲကန္တာရထဲမှ ကောင်းကင်နှင့် မြေပြင်ဖြင့် ထိစပ်နေသည်။ ယင်းက အဆုံးမဲ့သော အော်ညည်းသံများကို ထုတ်လွှတ်နေပြီး ရုတ်တရက် အက်ကွဲထွက်သွားသည်။ ဤသည်မှာ ဧရာမအကာအကွယ်တစ်ခုက နှစ်ပိုင်းကွဲထွက်သွားသည့်အလား ဂိတ်တံခါးသဖွယ် ထင်မှတ်ရသော အက်ကွဲကြောင်းတစ်ခုက ထွက်ပေါ်လာသည်။

ဂိတ်တံခါးထဲတွင် ဘိုးဘေးမိုကွေ့၊ ရွှီချင်းနှင့် ကန္တာရထဲမှ ကျင့်ကြံသူတစ်သောင်းကို မြင်နိုင်ပေသည်။

သူတို့သည် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စိုက်ကြည့်လိုက်ကြသည်။ စတုတ္ထခန်းမသခင်၏ အဖွဲ့က သဲကန္တာရထဲသို့ ဝင်ရောက်တော့မည့်အချိန် အနီရောင်အလင်းတန်းသည် အဝေးမှ ထပ်မံထွက်ပေါ်လာသည်။ ဘုရားကျောင်းကို သယ်ဆောင်ထားကြသော ခန္ဓာကိုယ်အစိတ်အပိုင်းများသည် ကန္တာရနားသို့ မချဉ်းကပ်လာကြပေ။ ယင်းအစား ရပ်တန့်သွားကြသည်။ သို့သော်လည်း ဘုရားကျောင်းတစ်ခုစီသည် တောက်ပသော သွေးနီအလင်းတန်းကို ထုတ်လွှတ်လိုက်ကြသည်။ သွေးနီအလင်းတန်းများက စုဝေးသွားသောအခါ ဧရာမမျက်နှာတစ်ခုက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။

ထိုမျက်နှာသည် လူသားမဟုတ်ပေ။ အကြေးခွံများဖြင့် ပြည့်နှက်နေသော မျိုးနွယ်ခြားတစ်ဦး၏ မျက်နှာဖြစ်သည်။ ၎င်းက သဲကန္တာရဆီသို့ အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေပြီး သဲကန္တာရဆီသို့ ဝင်ရောက်တော့မည့် မှော်ယာဉ်ပျံများနောက်သို့ တိုက်ရိုက် ပျံသန်းသွားသည်။

ထိုအခိုက်အတန့်မှာ ရွှီချင်းသည် သူ့အောက်မှ ဧရာမကြက်ကို ပုတ်လိုက်သည်။

ဧရာမကြက်သည် တုန်ယင်လာသည်။ ၎င်းက ရွှီချင်းကို သယ်ဆောင်လျက် သတိကြီးစွာထား၍ လေထဲသို့ ပျံသန်းသွားသည်။ ၎င်းက ဘေးမှ ဖြတ်သန်းသွားကြသော စတုတ္ထခန်းမသခင်ဘက်မှ မှော်ယာဉ်ပျံများကို လျစ်လျူရှုထားသည်။ ထို့နောက် ရွှီချင်းက သူ၏ ညာလက်ကို မြှောက်လိုက်ပြီး မုန်တိုင်းအပြင်ဘက်မှ ပျံသန်းလာနေသော ဧရာမမျက်နှာကို မျက်နှာမူထားလိုက်သည်။

သူ၏ လက်ထဲမှာ ကျောက်စိမ်းတံဆိပ်တော်တစ်ခု ရှိသည်။

ဤအခိုက်အတန့်မှာ သူက ကျောက်စိမ်းတံဆိပ်တော်ကို ဖျစ်ညှစ်လိုက်သည်။

ကျောက်စိမ်းတံဆိပ်တော်သည် ချက်ချင်း အက်ကွဲသွားပြီး ဝိညာဉ်စုစည်းခြင်းအဆင့် စွမ်းအင်လှိုင်းတစ်ခုက အထဲမှ ပေါ်လျှိုးလာသည်။ ဧရာမဝဲကတော့တစ်ခုသည် ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။

ဝဲကတော့သည် ဝုန်းခနဲ မြည်ဟိန်းလာပြီး မိုးကြိုးသွားများက အထဲမှာ ရွေ့လျားနေကြသည်။ ထို့နောက် ကမ္ဘာတုန်ဟီးစေမည့် ဧရာမလက်ချောင်းက ဝဲကတော့ထဲမှ ဆန့်တန်းထွက်လာသည်။

မရေမတွက်နိုင်သော မိုးကြိုးသွားများသည် လက်ချောင်း၏ အနောက်မှ လိုက်ပါလာကြသည်။ ထို့နောက် နေ၊ လနှင့် ကြယ်များသည် အံ့ဖွယ်စွမ်းအားနှင့်အတူ ဧရာမလက်ချောင်းကို လှည့်ပတ်သွားကြသည်။ ဧရာမလက်ချောင်းသည် ဝိညာဉ်စုစည်းခြင်းအဆင့် အားလှိုင်းအတတ်အကျနှင့်အတူ ပျံသန်းထွက်လာသည်။

အဝေးမှကြည့်လျှင် ကျောက်တုံးအပိုင်းအစများက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားနေသည့်အလား သို့မဟုတ် ရေလှိုင်းလုံးများက ကမ်းစပ်ကို တိုက်စားနေသည့်အလား အောက်မေ့ရသည်။ ဧရာမလက်ချောင်းသည် ကြီးကျယ်မြင့်မြတ်သော စွမ်းအင်နှင့်အတူ သဲကန္တာရဆီသို့ ချဉ်းကပ်လာနေသော ဧရာမမျက်နှာဆီသို့ ဦးတည်သွားသည်။

All Chapters