← Chapters

အင်မော်တယ်ဝိညာဉ်သန့်စင်ခြင်း

Vol. 88 Ch. 1348

အင်မော်တယ်ဝိညာဉ်သန့်စင်ခြင်း

Vol. 88 Ch. 1348

အချိန်သည် တရွေ့ရွေ့ စီးဆင်းသွားပြီး တစ်လကုန်ဆုံးသွားသည်။

ထိုတစ်လအတွင်းမှာ နန်းမြို့တော်၏ လေထုသည် ယခင်ကထက် ပိုပြီးသက်ဝင်လှုပ်ရှားလာသည်။ လူတိုင်းအားလုံးနီးပါး၏ မျက်နှာပေါ်မှာ အပြုံးမရှိသော်လည်း သူတို့အများစု၏ နှလုံးသားထဲမှာ စိတ်လှုပ်ရှားမှုနှင့် စိတ်ဓာတ်တတ်ကြွမှုဖြင့် ပြည့်နှက်နေကြသည်။

လမ်းမများပေါ်မှ ရာဇဝတ်မှုများသည်လည်း သိသာစွာ လျော့နည်းသွားသည်။ မဟာနန်းမြို့တော်ဒေသကြီးထဲမှ ပြည်သူပြည်သားများ၏ ဘေးကင်းလုံခြုံမှုသည် ဤနှစ်ပေါင်းတစ်ရာအတွင်း အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိသွားသည်။

ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းလေးခု ရှိသည်။

ပထမဆုံးအနေဖြင့် ရွှီချင်း၏ ပြန်ရောက်လာမှုက ပြည်သူပြည်သားများကို သူ့အား ဝမ်းပန်းတသာ ကြိုဆိုစေသည်။ ထိုသို့ဂုဏ်အရှိန်အဝါသည် အလွန်ကြီးမားသည်။

ထို့ပြင် ရွှီချင်းက ကောင်းကင်ဘုရင်ဘွဲ့ကို ချီးမြှောက်ခံခဲ့ရသည်။ ယင်းက မြို့တော်ထဲမှ လေထုကို ပိုပြီးအသက်ဝင်လာစေသည်။

နှစ်ပေါင်းများစွာကြာအောင် ဖိနှိပ်ခံခဲ့ရပြီးနောက် အာရုဏ်ဦးနေမင်း၏ ထွက်ပေါ်လာမှုက လူသားမျိုးနွယ်ကို ဂုဏ်ယူဝင့်ကြွားစေပြီး စိတ်ဓာတ်တတ်ကြွစေသည်။ သို့သော်လည်း သူတို့၏ နှလုံးသားထဲမှ စိတ်အားငယ်မှုက မပျောက်ကွယ်သွားခဲ့ပေ။

ထိုစိတ်အားငယ်မှုက နှစ်ထောင်ပေါင်းများစွာကြာအောင် စုပုံတည်ရှိနေခြင်း ဖြစ်သည်။ သို့ဖြစ်၍ အာရုဏ်ဦးနေမင်းက ယင်းကို မည်သို့ကြောင့် ချက်ချင်း ဖယ်ရှားပစ်နိုင်မည်နည်း။

မည်သို့ဖြစ်ပါစေ လူသားကျင့်ကြံသူများသော်လည်းကောင်း သို့မဟုတ် သေမျိုးများသော်လည်းကောင်း သူတို့က မျိုးနွယ်ခြားများ၏ ကြောက်မက်ဖွယ်ရာ အင်အားကို နက်ရှိုင်းစွာ နားလည်ထားကြသည်။

ရုပ်ခန္ဓာကိုယ်သော်လည်းကောင်း သို့မဟုတ် ပင်ကိုယ်ပါရမီသော်လည်း လူသားမျိုးနွယ်က သူတို့ထက် သိသာစွာ နိမ့်ကျသည်။

အထူးသဖြင့် ပင်ကိုယ်ပါရမီက ပိုပြီးသိသာသည်။

အကြောင်းအရင်းတချို့ကြောင့် လူသားအနည်းစုသာလျှင် မွေးရာပါစွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။ လူသားအများစုသည်တော့ ယင်းကို မပိုင်ဆိုင်ထားကြချေ။ ထို့ပြင် မွေးရာပါစွမ်းရည်များကို ပိုင်ဆိုင်ထားကြသော လူသားများသည် တစ်ယောက်နှင့်တစ်ယောက် မတူညီကြချေ။

ဤသည်မှာ လူသားများဆီမှာ မွေးရာပါနတ်ဘုရားစွမ်းရည်များ မရှိသည့်အလားပင်။

သို့သော်လည်း သမိုင်းမှတ်တမ်းများအရ ရှေးဘုရင်ရွှမ်ယုံခေတ်မှာ လူသားမျိုးနွယ်သည် ကိုယ်ပိုင်မွေးရာပါစွမ်းရည်ကို ပိုင်ဆိုင်ခဲ့သည်။

ထိုစွမ်းရည်ကို ဝိညာဉ်ဘိုးဘေးအသွင်ပြောင်းလဲခြင်းဟု ခေါ်သည်။ သို့သော်လည်း ယခုတော့ ထိုစွမ်းရည်က လူသားမျိုးနွယ်၏ သွေးမျိုးဆက်ထဲမှ ဖယ်ရှားခံလိုက်ရဟန် ရ၏။

ထိုသို့အခြေအနေများအောက်မှာ ရွှီချင်း၏ မြင့်တတ်လာမှုက လူသားမျိုးနွယ်၏ နှလုံးသားထဲမှာ အပူလှိုင်းများ ထွက်ပေါ်လာစေသည်။

မည်သို့ဖြစ်ပါစေ လူသားမျိုးနွယ်သည် သူရဲကောင်းတစ်ဦးကို လိုအပ်သည်။

အလိုအပ်ဆုံးအချိန်မှာ ရွှီချင်းက ကောင်းမွန်သော ခံယူချက်နှင့်အတူ လူသားမျိုးနွယ်ထဲမှာ အအောင်မြင်ဆုံး ပြယုဂ်ဖြစ်လာသည်။

နန်းမြို့တော်က သက်ဝင်လှုပ်ရှားနေရသည့် ဒုတိယအကြောင်းအရင်းမှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ လက်အောက်ခံမျိုးနွယ်စုများဖြစ်သော ပိုင်ဇီမျိုးနွယ်နှင့် စီအဲမျိုးနွယ်မှ သံတမန်များကြောင့် ဖြစ်သည်။

ထိုမျိုးနွယ်စုနှစ်ခုသည် လူသားမျိုးနွယ်ဆီသို့ သူတို့မျိုးနွယ်၏ အဆင့်မြင့်အကြီးအကဲများကို စေလွှတ်ပြီး လူသားမျိုးနွယ်နှင့် နှစ်တစ်ထောင် သဘောတူညီမှုတစ်ခုကို ချုပ်ဆိုခဲ့ကြသည်။

ထိုသို့ကိစ္စသည် ရှေးဘုရင်ရွှမ်ယုံခေတ်အတွင်းမှာ အမြဲတစေ ဖြစ်ပွားလေ့ရှိသော ကိစ္စဖြစ်သည်။

သို့သော်လည်း ရှေးဘုရင်ရွှမ်ယုံထွက်သွားပြီးနောက် လူသားမျိုးနွယ်၏ အဆင့်အတန်းသည် နိမ့်ကျသွားသည်။ အချိန်အများစုတွင် သူတို့ကသာ အနောက်ဆုတ်ပေးခဲ့ရသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် ခြားနားသည်။

သို့ဖြစ်၍ နန်းမြို့တော်ထဲမှာ ကျင့်ကြံသူများသော်လည်းကောင်း သို့မဟုတ် သေမျိုးများသော်လည်းကောင်း သူတို့က စိတ်မလှုပ်ရှားဘဲ မနေနိုင်ကြပေ။

အထူးသဖြင့် အင်ပါယာအကယ်ဒမီထဲမှ ကျောင်းတော်သားများ ဖြစ်ကြသည်။ သူတို့အားလုံးက စိတ်ဓာတ်မြင့်တတ်သွားပြီး ပိုပြီးစိတ်အားထက်သန်လာကြသည်။

တတိယအကြောင်းအရင်းသည်တော့ ဘိုးဘေးကန်တော့ပွဲနေ့က တဖြည်းဖြည်း နီးကပ်လာသောကြောင့် ဖြစ်သည်။ လူသားမျိုးနွယ်က သူတို့၏ ဘိုးဘေးများကို အရိုအသေပေးခြင်းသည် သာမန်သာ ဖြစ်သည်။ ဤအခိုက်အတန့်မှာ မိသားစုတိုင်းက ထိုနေ့ကျလျှင် သူတို့၏ ဘိုးဘေးများကို အရိုအသေပေးရန် ကြိုတင်ပြင်ဆင်နေကြသည်။

လူသားဧကရာဇ်၏ အင်ပါယာအမိန့်တော်က တတိယအကြောင်းအရင်းကို ပိုပြီးအရေးကြီးလာစေပြီး စတုတ္ထအကြောင်းအရင်းကို ဖန်တီးလိုက်သည်။

ယင်းမှာ လူသားဧကရာဇ်က ဘိုးဘေးကန်တော့ပွဲကို ကိုယ်တိုင်ဦးဆောင်လိမ့်မည်။

လူသားဧကရာဇ်၏ ဘိုးဘေးသည် ရှေးဘုရင်ရွှမ်ယုံဖြစ်သည်။ ရှေးဘုရင်ရွှမ်ယုံသည် သူ့ခေတ်သူ့အခါတွင် အကြီးမြတ်ဆုံး ဂုဏ်အရှိန်အဝါများကို ရရှိခဲ့သည်။ ထိုခေတ်မှာ လူသားမျိုးနွယ်က ဝမ်ကူးကုန်းမြေ၏ နံပါတ်တစ်မျိုးနွယ်စု ဖြစ်ခဲ့သည်။

သို့ဖြစ်၍ ရိုးရာဓလေ့များအရ အကယ်၍ ကိစ္စကြီးမရှိလျှင် လူသားမျိုးနွယ်က နှစ်တစ်ထောင်ကြာသွားတိုင်း အသေးစား ဘိုးဘေးကန်တော့ပွဲကို ကျင်းပပေးရပြီး နှစ်တစ်သောင်းကြာသွားတိုင်း ကြီးမြတ်သော ဘိုးဘေးကန်တော့ပွဲကို ကျင်းပပေးရသည်။

နောက်ဆုံးအကြိမ် ဘိုးဘေးကန်တော့ပွဲကို ကျင်းပခဲ့သည်မှာ လွန်ခဲ့သော နှစ်(၈၀၀)က ဖြစ်သည်။

ယခု အင်ပါယာအမိန့်တော်က ဘိုးဘေးကန်တော့ပွဲကို နှစ်ပေါင်း(၂၀၀)စော၍ ကျင်းပစေသည်။

အချိန်တိုလေးအတွင်းမှာ ထိုကိစ္စက မဟာနန်းမြို့တော်ဒေသကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ အပြင်ဘက်မှ ဒေသငယ်ခုနစ်ခု၊ သန့်စင်ရေလှိုင်းဒေသကြီး၊ ကောင်းကင်နက်ဒေသကြီးနှင့် ဝိညာဉ်နက်ဒေသကြီးသည်လည်း ထိုကိစ္စကို သိရှိသွားကြသည်။

လပူဇော်ဒေသကြီးသည်ပင် ယင်းကို သိရှိသွားသည်။

ဘိုးဘေးကန်တော့ပွဲကို ရက်တစ်ရာမြောက်နေ့မှာ ကျင်းပလိမ့်မည်။

အချိန်သည် နံနက်စောစောအချိန် ဖြစ်သည်။

ယခု တစ်လကုန်ဆုံးသွားပြီဖြစ်လေရာ နှစ်လကျန်နေသေးသည်။

သို့ဖြစ်၍ လူသားမျိုးနွယ်တစ်ခုလုံးက ဘိုးဘေးကန်တော့ပွဲအတွက် ပြင်ဆင်နေကြသည်။

ရွှီချင်းသည်တော့ တစ်လပြည့်သည့်နေ့မှာ အဆင့်မြင့်ဝိညာဉ်စံအိမ်တော်၏ အပြင်သို့ ထွက်လျှောက်လာသည်။

သူဦးတည်သွားသော နေရာသည် ဓားကိုင်နန်းတော်ဖြစ်သည်။

ဤသည်မှာ ဓားကိုင်နန်းတော်၏ ဌာနချုပ်ဆီသို့ ပထမဆုံးအကြိမ် သူရောက်ဖူးခြင်းမဟုတ်ပေ။ သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ အခြေအနေသည် ယခင်ကနှင့် လုံးဝခြားနားသွားသည်။

ဓားကိုင်နန်းတော်ထဲမှ ဓားကိုင်အားလုံးသည် တည်ကြည်လေးနက်စွာ မတ်တတ်ရပ်၍ ရွှီချင်းကို ချီးကျူးလေးစားစွာ ကြည့်လိုက်ကြသည်။

ရွှီချင်း၏ များစွာသော ဂုဏ်အရှိန်အဝါများထဲမှာ တခြားသရုပ်ရှိသေးသည်။

သူက ဓားကိုင်တစ်ယောက်ဖြစ်ပြီး လက်ရှိမျိုးဆက်၏ ဧကရာဇ်ဓားသယ်ဆောင်သူ ဖြစ်သည်။

သူက ဧကရာဇ်ဓားနှင့်အတူ လောကအနှံ့သို့ ခရီးထွက်လိမ့်မည်။

ထိုသို့သော သရုပ်ကြောင့် ရွှီချင်း၏ ဂုဏ်သတင်းသည် ဓားကိုင်နန်းတော်ထဲမှာ အတော်လေး ကျော်ကြားသည်။

လက်ထောက်နန်းတော်သခင်ရှစ်ဦးသည်လည်း ရွှီချင်းကို တည်ကြည်လေးနက်စွာ အရိုအသေပေးလိုက်ကြသည်။

ဓားကိုင်နန်းတော်၏ နန်းတော်သခင်ဖြစ်ပြီး ကောင်းကင်ဘုရင်တစ်ပါးလည်းဖြစ်သော ဘုရင်ယွမ်ဝုသည် ရွှီချင်းကို ကြိုဆိုရန် ကိုယ်တိုင်ကိုယ်ကျ ထွက်လာခဲ့သည်။

“ ဘုရင်ကျန်းကန် ”

ဘုရင်ယွမ်ဝုသည် ပြုံးလိုက်ပြီး ရွှီချင်းထံသို့ လက်သီးဆုပ်လိုက်သည်။

ကောင်းကင်ဘုရင်တစ်ပါးအနေဖြင့် ရွှီချင်းသည် တစ်ဖက်လူကို လျစ်လျူမရှုနိုင်ပေ။ ထို့ကြောင့် သူက လက်သီးဆုပ်လိုက်ပြီး ပြန်လည်နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက ဓားကိုင်နန်းတော်ဆီသို့ ရောက်ရှိလာသည့် သူ၏ ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောသည်။

သူက မဟာဧကရာဇ်ကို အရိုအသေပေးချင်သည်။

ဘုရင်ယွမ်ဝုသည် လူသားဧကရာဇ်မှလွဲ၍ တခြားလူများက ထိုသို့တောင်းဆိုလာမည်ဆိုလျှင် သဘောတူလိမ့်မည် မဟုတ်ချေ။

ပရောဟိတ်ဆရာနှင့် ဘုရင်ကျန်းယန်သည်ပင် ထိုသို့အခွင့်အရေးကို မရရှိနိုင်ပေ။

သို့သော်လည်း ရွှီချင်းသည်တော့ ကွဲပြားခြားနားသည်။ အတိုင်းအတာတစ်ခုထိဆိုရလျှင် ရွှီချင်းသည် မဟာဧကရာဇ်၏ အမွေဆက်ခံသူဖြစ်သည်။ သို့ဖြစ်၍ ရွှီချင်းနှင့် ဓားကိုင်ဧကရာဇ်ကြားမှ ဆက်ဆံရေးသည် ဓားကိုင်နန်းတော်ထဲမှ လူတိုင်းထက် သာလွန်ပေသည်။

သို့ဖြစ်၍ ဘုရင်ယွမ်ဝုက တစ်ခဏ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူက ရွှီချင်းကို ဓားကိုင်နန်းတော်၏ အနက်ပိုင်းထဲမှ တားမြစ်ဧရိယာဆီသို့ ခေါ်ဆောင်သွားသည်။

ဘုရင်ယွမ်ဝုသည် လျှို့ဝှက်အခန်း၏ အပြင်ဘက်မှာ ရပ်လိုက်ပြီး အထဲသို့ ခြေမချပေ။

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အခန်းထဲသို့ လျှောက်ဝင်သွားသည်။

သူ့မှာ မဟာဧကရာဇ်ကို မေးမြန်းချင်သော မေးခွန်းများစွာ ရှိသည်။

ရှေးဘုရင်ဂြိုလ်နှင့်ပတ်သက်သော သူ၏ အတွေးများဖြစ်စေ သို့မဟုတ် အင်ပါယာဝိညာဉ်က ဧကရာဇ်ဓားအား ထိန်းချုပ်နိုင်ရသည့် အကြောင်းအရင်းဖြစ်စေ ယင်းတို့ကို ရှင်းရှင်းလင်းလင်း သူသိချင်သည်။

နန်းမြို့တော်တစ်ခုလုံးတွင် ရွှီချင်းယုံကြည်နိုင်သော လူသည် အကန့်အသတ်ရှိသည်။ စီနီယာအကိုကြီးသည် ဤကိစ္စနှင့်ပတ်သက်ပြီး အဖြေမပေးနိုင်ပေ။ သူ၏ ဆရာသည်လည်း အနားမှာ မရှိပေ။ ထို့ကြောင့် သူက ဓားကိုင်ဧကရာဇ်ကို လာတွေ့ခြင်း ဖြစ်သည်။

ရက်အနည်းငယ်ကြာပြီးနောက် ရွှီချင်းက တွေဝေသော အမူအရာဖြင့် ပြန်ထွက်လာသည်။

အဖြေတချို့ကို သူရရှိခဲ့သည်။

သူ၏ ပထမမေးခွန်းနှင့်ပတ်သက်ပြီး မဟာဧကရာဇ်က ပြန်မဖြေခင် တစ်ရက်ကြာအောင် နှုတ်ဆိတ်သွားခဲ့သည်။

“ ဆက်ပြီး စောင့်ကြည့်ပါ ”

ဒုတိယမေးခွန်းကိုတော့ မဟာဧကရာဇ်က နှစ်ရက်ကြာအောင် စဉ်းစားခဲ့သည်။

“ အဲ့ဒါက ကံကြမ္မာဖြစ်မယ်… အဲ့လိုဆိုမှတော့ အခုကစပြီး ဓားကို မင်းရဲ့ အင်ပါယာဝိညာဉ်ရဲ့ ဆန္ဒအတိုင်း လှုပ်ရှားစေပါ… ပထမဆုံးအကြိမ် ငါတို့တွေ့ဆုံတဲ့အချိန်မှာ မင်းပြောခဲ့တဲ့စကားကို အမြဲတမ်း မှတ်မိနေမယ်လို့ ငါမျှော်လင့်တယ် ”

“ ကျွန်တော့်ရဲ့ မူလရည်ရွယ်ချက်ကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး ”

ရွှီချင်းက မဟာဧကရာဇ်၏ စကားများကို ပြန်တွေးတောနေရင်း တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည်။ တစ်ချိန်တည်းမှာ ဝမ်းနည်းမှုနှင့် ခါးသီးမှုက သူ၏ နှလုံးသားထဲမှာ ပေါ်ထွက်လာသည်။

အဘယ့်ကြောင့်ဆိုသော် ဤတစ်ကြိမ်တွင် မဟာဧကရာဇ်၏ အခြေအနေက ယခင်တစ်ခေါက်ထက် ပိုပြီးဆိုးဝါးလာကြောင်း သူအာရုံခံနိုင်သည်။

ဤသည်မှာ မီးစာကုန်ခမ်းနေသော ဆီမီးအိမ်နှင့် ဆင်တူသည်။ မီးသည် တဖြည်းဖြည်း ငြိမ်းသတ်သွားနေသည်။ ယင်းက လုံးဝပျောက်ကွယ်သွားရန် သိပ်မလိုတော့ပေ။

“ မဟာဧကရာဇ်က… အတင်းအကျပ် တောင့်ခံထားတယ်… ”

ဓားကိုင်ဧကရာဇ်၏ ဘဝကို ပြန်တွေးမိသောအခါ ရွှီချင်းက နူးညံ့စွာ သက်ပြင်းချလိုက်ပြီး လျှို့ဝှက်အခန်းဆီသို့ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

ထို့နောက် သူက ဓားကိုင်နန်းတော်ထဲမှ ထွက်သွားပြီး အဆင့်မြင့်ဝိညာဉ်စံအိမ်တော်ဆီသို့ ပြန်သွားသည်။ ရွှီချင်းသည် နောက်တစ်လကြာအောင် အပြင်မထွက်ခဲ့ပေ။

အစောပိုင်း ရက်တချို့တွင် အားညိုက မကြာခဏ ရောက်လာပြီး ရွှီချင်းနှင့်အတူ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်ကို လေ့လာခဲ့သည်။ သူတို့နှစ်ယောက်က အတူကြိုးစားအားထုတ်ပြီး ရုပ်သေးရုပ်အပိုင်းအစများကို အတူတကွ ဆက်ကြည့်ခဲ့သည်။ ကံမကောင်းစွာဖြင့် သူတို့၏ ကြိုးစားမှုက ကျရှုံးသွားခဲ့သည်။

သို့သော်လည်း အားညိုသည် လက်လျော့ရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူက ရုပ်သေးရုပ်အပိုင်းအစများကို ယူဆောင်၍ ထွက်သွားသည်။ သူက ထိုရုပ်သေးရုပ်များကို ပြုပြင်ရန် တခြားနည်းလမ်းတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်ကို ရှာဖွေချင်သည်။

တစ်ချိန်တည်းမှာ သူက သတ္တမသခင်ကြီးအား ရှာဖွေခြင်းကို လက်မလျော့ခဲ့ပေ။

ထို့ကြောင့် ရွှီချင်းသည် နောက်ရက်များတွင် သူတစ်ယောက်တည်း ဝိညာဉ်ရေကန်ထဲမှာ အချိန်ကုန်ဆုံးရင်း သူ၏ ဗလာနတ္ထိကုန်းမြေထဲမှ နတ်ဘုရားအခွင့်အာဏာများကို ဆင်ခြင်နားလည်လိုက်သည်။

လျောင်ရွှမ်းသူတော်စင်အရည်၏ အကျိုးအာနိသင်က အတော်လေး ကောင်းမွန်သည်ဟု ဆိုရမည်။

ယင်းက ဆင်ခြင်းနားလည်ရာတွင် အထူးအကျိုးသက်ရောက်မှု ရှိသည်။ ယင်းက ချီစုဆောင်းခြင်းအဆင့်တွင် အခြေခံအုတ်မြစ်ချခြင်းကဲ့သို့ နက်နဲသိမ်မွေ့သည်။

ဆက်တိုက် ဆင်ခြင်နားလည်မှုအောက်မှာ ရွှီချင်း၏ စိတ်က ပိုပြီးသိမ်မွေ့နူးညံ့လာသည်။ သူက ဗလာနတ္ထိအဆင့်သို့ မကြာသေးခင်ကမှ အဆင့်တတ်ခဲ့သော်လည်း သူ၏ အခြေခံအုတ်မြစ်က သူကိုယ်တိုင်ပင် သတိမထားမိဘဲ ပိုပြီးတည်ငြိမ်လာသည်။ သူက ဗလာနတ္ထိနယ်ပယ်၏ အဆင့်သတ်မှတ်ချက်ထဲသို့ အပြည့်အဝ ဝင်ရောက်သွားသည်။

ထိုသို့အခြေအနေသည် ပုံမှန်အားဖြင့် လူတစ်ယောက်နှင့်တစ်ယောက် မတူညီကြချေ။ တချို့သည် နှစ်ပေါင်းဒါဇင်ခန့် လိုအပ်ပြီး တချို့သည် ကျင့်ကြံခြင်းအခြေခံကို အခြေတကျဖြစ်အောင် ပြုလုပ်ရန် ဆယ်နှစ်ထက်မနည်း လိုအပ်လိမ့်မည်။

သို့သော်လည်း လျောင်ရွှမ်းသူတော်စင်အရည်က ထိုလုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ပေးလိုက်သည်။

တစ်ချိန်တည်းမှာ သူက ရေကန်ထဲမှာ ဆက်လက် ကျင့်ကြံနေစဉ် လျောင်ရွှမ်းသူတော်စင်အရည်ကို ရေကန်ထဲသို့ ထည့်သွင်းခဲ့သေးသည်။ ထို့ကြောင့် လျှို့ဝှက်ဆန်းကြယ်သော အခြေအနေက သူ၏ စိတ်ထဲမှာ ရံဖန်ရံခါ ထွက်ပေါ်လာသည်။

ထိုသို့အခြေအနေဖြစ်ပေါ်လာတိုင်း ရွှီချင်းက မရည်ရွယ်ဘဲ ဈန်ဝင်စားသွားလိမ့်မည်။

ထိုသို့အခြေအနေက ဆဌမအကြိမ်မြောက် ဖြစ်ပေါ်လာသည့်အခါ ရွှီချင်းက တစ်စုံတစ်ခုကို နားလည်သွားသည်။

“ အခု မူကွဲအင်မော်တယ်ကျောင်းတော်ဆီ သွားပြီးတော့ အမွေအနှစ်ကျောက်စိမ်းပြားအားလုံးကို ငါစူးစမ်းလေ့လာနိုင်ပြီ ”

သူ၏ လက်ရှိအခြေအနေက သင်ယူလေ့လာရန် အထူးသင့်တော်ကြောင်း သူခံစားမိသည်။

သင်ယူခြင်းသည် ရွှီချင်းငယ်ငယ်လေးကတည်းက စိတ်ပါဝင်စားခဲ့သော ဝါသနာတစ်ခု ဖြစ်သည်။ အသိပညာနှင့်ပတ်သက်လျှင် သူ၏ ကျင့်ကြံခြင်းအခြေခံက ယခုအဆင့်သို့ ရောက်ရှိနေသော်လည်း သူက ဆက်ပြီး သင်ယူလေ့လာရန် စိတ်အားထက်သန်နေဆဲပင်။

သို့ဖြစ်၍ ဘိုးဘေးကန်တော့ပွဲကျင်းပရန် ရက်ပေါင်း(၆၀)သာ လိုအပ်တော့သည့်အချိန် ရွှီချင်းက အဆင့်မြင့်ဝိညာဉ်စံအိမ်တော်ထဲမှ ထွက်သွားပြီး အင်ပါယာအကယ်ဒမီဆီသို့ ဦးတည်သွားကာ မူကွဲအင်မော်တယ်ကျောင်းတော်ထဲသို့ ဝင်ရောက်သွားသည်။

သူ၏ ရောက်ရှိလာမှုက အင်ပါယာအကယ်ဒမီကို အုတ်အော်သောင်းတင်း ဖြစ်သွားစေပြီး မူကွဲအင်မော်တယ်ကျောင်းတော်မှ ကျောင်းတော်သားများကို စိတ်လှုပ်ရှားသွားစေသည်။

မူကွဲအင်မော်တယ်ကျောင်းတော်သားများ၏ လေးစားအားကျသော အကြည့်အောက်မှာ ဤမျိုးဆက်၏ ကျောင်းအုပ်ကြီးက ရွှီချင်းကို ကိုယ်တိုင်ကိုယ်ကျ လာကြိုဆိုသည်။

ရွှီချင်းကို မြင်တွေ့သွားသောအခါ ကျောင်းအုပ်ကြီးသည် မထိတ်လန့်သွားဘဲ မနေနိုင်ပေ။

သူ၏ ဝိညာဉ်ထဲမှ လှိုင်းဂယက်များသည်ပင် ပရမ်းပတာ လှုပ်ခတ်သွားသည်။

လွန်ခဲ့သော တစ်လက ရွှီချင်းပြန်ရောက်လာစဉ် ကျောင်းအုပ်ကြီးသည် သူ့ကို အဝေးမှ မြင်တွေ့ခဲ့သည်။

ထိုအချိန်တုန်းက ရွှီချင်းသည် အံ့မခန်းထက်ရှမှုကို ထုတ်လွှတ်နေသော ဓားတစ်လက်နှင့် ဆင်တူသည်။

သို့သော်လည်း ယခု သူက ရွှီချင်းကို ဒုတိယအကြိမ် မြင်တွေ့သွားသည့်အခါ ရွှီချင်း၏ ကျင့်ကြံခြင်းကို ထိုးဖောက်မမြင်နိုင်တော့ကြောင်း ရှာတွေ့သွားသည်။ မည်သို့ သူကြည့်ပါစေ ရွှီချင်းက ဝိညာဉ်စွမ်းအင်လုံးဝမရှိသော သေမျိုးတစ်ယောက်သာ ဖြစ်သည်။

အမှန်မှာ သူက ရွှီချင်းနားသို့ ချဉ်းကပ်သွားသည့်အခါ သူ့ထံမှ အမွှေးနံ့ကိုပင် ရှူမိသွားသည်။

‘ အင်မော်တယ်ဝိညာဉ်သန့်စင်ခြင်းလား ’

ကျောင်းအုပ်ကြီးက ဆွံ့အသွားသည်။

တစ်ချိန်တည်းမှာ သူက ရွှီချင်း၏ သေမျိုးခန္ဓာကိုယ်မှ ဖော်မပြနိုင်သော နက်နဲသိမ်မွေ့မှုကို ခံစားမိသွားသည်။ ဤသည်မှာ သူက ဝိညာဉ်နှင့် တစ်သားတည်းဖြစ်နေသည့်အလားပင်။

အမှန်မှာ ရွှီချင်းကိုယ်တိုင်ပင် ယင်းကို ကောင်းမွန်စွာ နားမလည်ပေ။ လျောင်ရွှမ်းသူတော်စင်အရည်၏ အကျိုးသက်ရောက်မှုက ဆင်ခြင်နားလည်ခြင်းကို ကူညီပေးနိုင်ရုံမျှသာ မဟုတ်နိုင်ပေ။

အကယ်၍ တစ်စုံတစ်ယောက်က ယင်းကို အချိန်အတော်ကြာ သုံးစွဲမည်ဆိုလျှင် ဖော်မပြနိုင်သော အံ့ဖွယ်အကျိုးကျေးဇူးများကို ခံစားရလာလိမ့်မည်။

သို့သော်လည်း လျောင်ရွှမ်းအရည်က အတိတ်မှာကတည်းက အလွန်ရှားပါးလေရာ ယခုကိုတော့ ပြောနေစရာ မလိုပေ။ အထူးသဖြင့် ဤလျောင်ရွှမ်းသူတော်စင်အရည်သည် နှစ်ပေါင်းထောင်သောင်းချီကြာအောင် စုဝေးပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်မှာ လျောင်ရွှမ်းသူတော်စင်အရည်ရှိလျှင်ပင် သူတို့က ရွှီချင်းကဲ့သို့ အများအပြား မသုံးစွဲနိုင်ပေ။ လျောင်ရွှမ်းအရည်တစ်စက်စီသည် ဆင်ခြင်နားလည်ခြင်းကို ကူညီပေးနိုင်သော တန်ဖိုးကြီးရတနာ ဖြစ်သည်။

ထို့ပြင် ရွှီချင်းသည် နေ့တိုင်း ရေကန်ထဲသို့ အရည်တစ်စက်ချပြီး သူ၏ ခန္ဓာကိုယ်ကို ရေစိမ်လေ့ ရှိသည်။

ထို့ကြောင့် ရွှီချင်းဆီမှာ လျောင်ရွှမ်းသူတော်စင်အရည်၏ အံ့ဖွယ်ကောင်းသော တခြားအာနိသင်များ ထွက်ပေါ်လာခြင်းသည် ထူးဆန်းသော ကိစ္စမဟုတ်ပေ။

ထိုသို့ဖြင့် အံ့ဩထိတ်လန့်နေသော ကျောင်းအုပ်ကြီး၏ လမ်းပြပေးမှုအောက်မှာ ရွှီချင်းက မူကွဲအင်မော်တယ်ကျောင်းတော်၏ ထိပ်ဆုံးအထပ်ဆီသို့ ရောက်ရှိသွားသည်။

ထိုနေရာတွင် မူကွဲအင်မော်တယ်ကျောင်းတော်၏ ရှေးဟောင်းမှတ်တမ်းအားလုံးကို သိမ်းဆည်းထားသည်။ ယင်းတို့ထဲမှ မိတ္တူတချို့သည် ကျောင်းတော်သားများ လေ့လာနိုင်ရန် ပထမအထပ်မှာ တည်ရှိကြသည်။ သို့သော်လည်း အများစုသည် တမူထူးခြားသည်။

ထိုကျောက်စိမ်းပြားများကို ကြည့်ရှုပြီးနောက် ရွှီချင်းက တံခါးပိတ်ကျင့်ကြံခြင်းကို စတင်လိုက်သည်။

သူက နေ့တိုင်း ကျောက်စိမ်းပြားများကို ဂရုတစိုက် စစ်ဆေးလေ့လာသည်။ သူ၏ ရည်ရွယ်ချက်သည် မူကွဲအင်မော်တယ်ကျောင်းတော်၏ အမွေအနှစ်အားလုံးကို အသေးစိတ် သင်ယူလေ့လာရန် ဖြစ်သည်။

“ ဒါမှပဲ ငါက လမ်းစရှာတွေ့လိမ့်မယ်… ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး လျောင်ရွှမ်းသူတော်စင်အရည်ကို ထုတ်လိုက်သည်။ သို့သော်လည်း ယင်းက မူလအရည်စက်မဟုတ်ပေ။ ယင်းအစား ဝိညာဉ်ရေဖြင့် အချိုးကျရောစပ်ထားသော သောက်သုံးနိုင်သည့် လျောင်ရွှမ်းသူတော်စင်အရည် ဖြစ်သည်။

ယင်းကို တစ်ငုံသောက်ပြီးနောက် သူ၏ စိတ်က ကြည်လင်ရှင်းလင်းသွားသည်။ ထို့နောက် သူက စတင်လေ့လာလိုက်သည်။

အချိန်သည် တရွေ့ရွေ့ စီးဆင်းသွားပြီး တစ်လကုန်ဆုံးသွားသည်။

နန်းမြို့တော်မှ အင်ပါယာအမိန့်တော်တစ်ခုသည် ရွှီချင်းဆီသို့ ရောက်ရှိလာသည်။ ယင်းကို အင်ပါယာအစောင့်အကြပ်များက မူကွဲအင်မော်တယ်ကျောင်းတော်ဆီသို့ အထူးတလည် သယ်ဆောင်လာကြသည်။

ထို့ကြောင့် ရွှီချင်း၏ တံခါးပိတ်ကျင့်ကြံမှုက စောစီးစွာ အဆုံးသတ်သွားသည်။

All Chapters