← Chapters

သဲနာရီနှင့် ရေခဲခေါင်းတလား

Vol. 111 Ch. 1705

သဲနာရီနှင့် ရေခဲခေါင်းတလား

Vol. 111 Ch. 1705

ရွှီချင်းသည် ငယ်စဉ်ကလေးဘဝကတည်းက အခက်အခဲများနှင့် ပင်ပန်းဆင်းရဲဒဏ်ကို တွေ့ကြုံခံစားခဲ့ရသည်။ သူက လူသားများ၏ မရေမတွက်နိုင်သော ကပ်ဘေးဒုက္ခများကို ရင်ဆိုင်ခဲ့ရသည်။ သို့တိုင် သူက အသက်ဆက်ရှင်ရန်ဟူသော ရည်မှန်းချက်တစ်ခုတည်းဖြင့် ယင်းတို့အားလုံးကို ကျော်လွှားနိုင်ခဲ့သည်။

ထိုအတွေ့အကြုံများက သူ့အား သတိကြီးသော ပင်ကိုယ်ဗီဇကို ပုံသွင်းပေးခဲ့ပြီး သတ်ဖြတ်ရာမှာ သွေးအေးစေခဲ့သည်။ တစ်ချိန်တည်းမှာ သူက အသိပညာကို လောဘကြီးစွာ ဆာလောင်ခဲ့ပြီး အလှတရားကို လိုချင်တောင့်တခဲ့သည်။ ယင်းတို့က သူ၏ နှလုံးသားထဲတွင် မငြိမ်းသတ်နိုင်သော အလင်းရောင် ဖြစ်လာသည်။

သို့သော်လည်း သူ၏ ကိုယ်တွင်းစိတ်ခံစားချက်က သော့ခတ်ခံထားရပြီး အပြင်လောကတွင် ထွက်ပေါ်လာခဲသည်။

နောက်ပိုင်းတွင် သူ၏ ဘဝလမ်းကြောင်းက အလှည့်အပြောင်းများဖြင့် ပြည့်နှက်သွားပြီး အဆင်ပြေချောမွေ့လာသည်။ အလုံးစုံခြုံငုံကြည့်လျှင် ယင်းက သူ၏ ငယ်ဘဝထက် အများကြီး ပိုသာလွန်သည်။ တဖြည်းဖြည်း သူ၏ နှလုံးသားက တံခါးတစ်ချပ်နှယ် ဖွင့်လိုက်ပွင့်လိုက် ဖြစ်လာသည်။

ဤခရီးတစ်လျှောက်မှာ ဝမ်းသာစရာ အခိုက်အတန့်များရှိသလို ဝမ်းနည်းကြေကွဲဖွယ်ရာ အခိုက်အတန့်များလည်း ရှိသည်။

ရွှီချင်း အရွယ်ရောက်လာသည်နှင့်အမျှ သူ၏ နှလုံးသားတံခါးက ပိုပြီးပွင့်လာပြီး ပုံရိပ်များစွာက သူ၏ နှလုံးသားထဲမှာ နေရာယူလာကြသည်။

သူ၏ နှလုံးသားက စတင်လှုပ်ရှားလာသည်။

ထို့ပြင် တစ်ခါတစ်ရံမှာ မုန်တိုင်းက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာလေ့ ရှိသည်။ ယင်းက သူ၏ ဒေါသက အထွတ်အထိပ်သို့ ရောက်ရှိသွားခြင်းကို ဆိုလိုသည်။

ပထမဆုံးအကြိမ် သူအလွန်ဒေါသထွက်သွားခြင်းက ခေါင်းဆောင်လဲ့၏ သေဆုံးမှုကြောင့် ဖြစ်သည်။

ထို့နောက် ဆရာသခင်ပိုင်၏ သေဆုံးမှု ဖြစ်သည်။

ထို့နောက် သူ့အကိုက ဆဌမသခင်ကြီး၏ ဦးခေါင်းကို သူ့အရှေ့သို့ ပစ်လွှတ်လိုက်ပြီး ပြိုင်ဘက်ကင်းမြို့တော်မှ အမှန်တရားကို သူသိလိုက်ရသည့်အခါ ဖြစ်သည်။

စတုတ္ထမြောက်အကြိမ်က ဓားကိုင်ဧကရာဇ်၏ သေဆုံးမှု ဖြစ်သည်။

ယခုက ပဉ္စမအကြိမ် ဖြစ်သည်။

ယင်းတို့က ပုံရိပ်ယောင်ဖြစ်ပြီး ပြန်နိုးထလာသည့်အခါ ထိုအရာအားလုံး ပျောက်ကွယ်သွားလိမ့်မည်။ သို့တိုင် ထိုထဲမှာ စိတ်နစ်မြှုပ်သွားစဉ် သူ၏ စိတ်အာရုံက လုံးဝ လှည့်စားခံလိုက်ရသည်။ ဤသည်မှာ သူက ထိုသို့အမှန်တကယ် တွေ့ကြုံခံစားခဲ့ရသည့်အလားပင်။ သူက လူတိုင်း၏ အဆုံးသတ်မှ အစွန်းရောက်နာကျင်မှုကို ကိုယ်တိုင်ခံစားခဲ့ရပြီး ဟင်းလင်းပြင်က သူ့ဝိညာဉ်အား ဝါးမျိုနေခြင်းကို အကူအညီမဲ့စွာ ကြည့်နေခဲ့ရသည်။

ယခု ရွှီချင်း ပြန်နိုးလာသည့်အခါ ပုံရိပ်ယောင်ထဲတွင် သူခံစားခဲ့ရသော အစွန်းရောက်နာကျင်မှုက အစွန်းရောက်ဒေါသအဖြစ် ပြောင်းလဲသွားသည်။

သို့ဖြစ်၍ လူသားတစ်ပိုင်း ပင့်ကူတစ်ပိုင်း အစစ်အမှန်နတ်ဘုရား၏ အသံကို ကြားလိုက်ရသည့်အခါ ရွှီချင်းက ဘာမှပြန်မပြောတော့ပေ။

သူ၏ ခန္ဓာကိုယ်ထဲမှ အရှိန်အဝါက တစ်ဟုန်ထိုး မြှောက်တတ်သွားပြီး သူ၏ မျက်လုံးထဲမှ သွေးရောင်က ပိုပြီးရဲရဲတောက်လာသည်။ ပြင်းထန်သော ဒေါသစိတ်ခံစားမှုက သူ၏ အသွေးအသားတစ်လက်မစီတိုင်းမှ ထွက်ပေါ်လာပြီး သူ၏ အင်မော်တယ်သန္ဓေသားလောင်း၊ အင်မော်တယ်နန်းတော်နှင့် ပေါင်းစပ်သွားသည်။

ထို့နောက် ယင်းတို့နှစ်ခုက အတူတကွ အစွမ်းမြင့်တတ်သွားကြသည်။

ထိုအစွမ်းအောက်မှာ ကြယ်တာရာကောင်းကင်က တုန်ယင်သွားပြီး လှိုင်းဂယက်များက ကောင်းကင်ဘုံအလွန်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားကြသည်။ ကြယ်တာရာကောင်းကင်ထဲတွင် ရွှီချင်း၏ အင်မော်တယ်သန္ဓေသားလောင်းက မြင့်မြတ်ထည်ဝါစွာ ရပ်နေစဉ် အင်မော်တယ်နန်းတော်က စကြာဝဠာဖျက်ဆီးပစ်နိုင်သော စွမ်းအားနှင့်အတူ ဆင်းသက်လာသည်။

နန်းတော်က မရပ်တန့်နိုင်သော အရှိန်အဟုန်နှင့်အတူ လူသားတစ်ပိုင်း ပင့်ကူတစ်ပိုင်း အစစ်အမှန်နတ်ဘုရားပေါ်သို့ ဖိချလိုက်သည်။

ဝုန်းခနဲ မြည်သံက ပိုပြီးကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

မိုးသောက်အင်မော်တယ်နန်းတော်က အဆုံးမဲ့သော အင်မော်တယ်အလင်းကို ထုတ်လွှတ်လိုက်သည်။ ဤအခိုက်အတန့်မှာ အင်မော်တယ်နန်းတော် ကျဆင်းလာသည့်အခိုက် ပြန်ရှင်သန်နေသော အစစ်အမှန်နတ်ဘုရားက ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ၎င်းက အပြည့်အဝ ပြန်မရှင်သန်နိုင်သေးလေရာ ယခု အလွန်အားနည်းနေသည်။

ထို့ပြင် အစောနက ၎င်းအသုံးပြုခဲ့သော နတ်ဘုရားအတတ်ပညာမှ တန်ပြန်ဆိုးကျိုးကလည်း ၎င်း၏ ဝိညာဉ်အပေါ် အလွန်ကြီးမားသော သက်ရောက်မှုကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ ၎င်းက အလွန်ကျယ်လောင်စွာ အော်ဟစ်ညည်းညူနေရသည်။

ထိုမျှသာ မကပေ။ ကောင်းကင်ဘုံအလွန်ထံမှ အလေးချိန်က အားနည်းနေသော အစစ်အမှန်နတ်ဘုရားတစ်ပါး တောင့်ခံနိုင်သောအရာ မဟုတ်ပေ။

ထိုအချက်အားလုံးကို စုပေါင်းလိုက်သည့်အခါ ၎င်း၏ ထွက်ပြေးမှုက ကျရှုံးသွားသည်။

အရွယ်အစား ကြီးမားသော အင်မော်တယ်နန်းတော်၏ တိုက်ရိုက် ဖိချမှုအောက်မှာ ၎င်း၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားပြီး အောက်သို့ နစ်မြုပ်သွားသည်။ ရွှေရောင်သွေးက ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အက်ကွဲကြောင်းများထဲမှ စီးကျလာသည်။ ဝိညာဉ်နာကျင်မှုထက် ပိုပြီးပြင်းထန်သော နာကျင်မှုက ၎င်း၏ တစ်ကိုယ်လုံးသို့ လေပွေပမာ ပျံ့နှံ့သွားသည်။

၎င်းက တန်ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ဒေါသထွက်နေသော ရွှီချင်းက ၎င်းကို မည်သို့ကြောင့် အခွင့်အရေးပေးမည်နည်း။

အင်မော်တယ်နန်းတော်၏ အလင်းရောင်က နောက်တစ်ကြိမ် ထွန်းလင်းတောက်ပလာသည်။ စူးရှသော အလင်းရောင်က ကြယ်တာရာကောင်းကင်တစ်ခွင် ပျံ့နှံ့သွားပြီး ပိုမိုများပြားသော စွမ်းအားကို စုဆောင်း၍ နောက်တစ်ကြိမ် ဖိချလိုက်သည်။

ဝုန်းခနဲ မြည်သံ၏ အနောက်တွင် အစစ်အမှန်နတ်ဘုရား၏ နှလုံးကွဲကြေသော အော်ဟစ်သံက ပဲ့တင်ထပ်လာသည်။

၎င်း၏ နတ်ဘုရားခန္ဓာကိုယ်ပေါ်တွင် ပိုမိုများပြားသော အက်ကွဲကြောင်းများ ထွက်ပေါ်လာကြသည်။ အထူးသဖြင့် ၎င်း၏ ပင့်ကူခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းများက ပိုပြီးများပြားသည်။ ဤအခိုက်အတန့်မှာ ၎င်းက ပြိုကွဲပျက်စီးခါနီးနေသော အခြေအနေသို့ ကျရောက်သွားသည်။ တစ်ချိန်တည်းမှာ သန့်စင်သော မူလအနှစ်သာရက ၎င်းထံမှ ထွက်ကျလာသည်။

သို့သော်လည်း ၎င်းက ရုန်းကန်ချင်နေသေးသည်။ ၎င်းက အပြင်သို့ စိမ့်ထွက်သွားသော မူလအနှစ်သာရကို အသုံးပြု၍ နတ်ဘုရားအတတ်ပညာတစ်ခုကို ထုတ်လွှတ်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း စောစောက သေခြင်းကပ်ဘေးမှ လက်တစ်လုံးခြား လွတ်မြောက်လာခဲ့သော ရွှီချင်းက မည်သို့သတိပေါ့ဆမည်နည်း။ ဤအခိုက်အတန့်မှာ သူက မိုးသောက်အင်မော်တယ်နန်းတော်ထဲသို့ ဝင်ရောက်သွားပြီး အဓိကခန်းမဆောင်ထဲမှာ ထိုင်လိုက်သည်။

အပြင်လောကရှိ အင်မော်တယ်ကျဆုံးလွင်ပြင်ထဲမှ မိုးသောက်အင်မော်တယ်နန်းတော်က ပုံရိပ်ယောင်တစ်ခုမျှသာဖြစ်သော်လည်း ဤကောင်းကင်ဘုံအလွန်ထဲမှ အင်မော်တယ်နန်းတော်က အစစ်အမှန် ဖြစ်သည်။

အင်မော်တယ်နန်းတော်ထဲမှာ ထိုင်နေစဉ် သူဖမ်းဆုပ်ထားသော အခွင့်အာဏာကြောင့် ရွှီချင်းက ဤကောင်းကင်ဘုံအလွန်၏ အရှင်သခင် ဖြစ်လာသည်။

သူ၏ ကျင့်ကြံခြင်းအခြေခံက အလုံအလောက် မမြင့်မားသလို သူ့မှာ အစစ်အမှန်နတ်ဘုရားကို တိုက်ခိုက်နိုင်သော အတတ်ပညာများ မရှိပေ။ သို့သော်လည်း ဤအင်မော်တယ်နန်းတော်က ယခုအချိန်မှာ အကောင်းဆုံး လူသတ်လက်နက် ဖြစ်သည်။

သူက မည်သည့်နတ်ဘုရားအတတ်ပညာမှ မလိုပေ။ ဤအခိုက်အတန့်မှာ မည်သည့်တာအိုမန္တန်ကမှ ရွှီချင်း၏ နှလုံးသားထဲမှ ဒေါသကို ပြေလျော့စေနိုင်လိမ့်မည် မဟုတ်ချေ။

သူက ထိုအစစ်အမှန်နတ်ဘုရားကို အကြမ်းပတမ်း ဒဏ်ပေးချင်သည်။ သို့မှသာ သူ၏ ဒေါသက ပြေလျော့နိုင်လိမ့်မည်။

ထိုအတွေး သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်နှင့်ချက်ချင်း မိုးသောက်အင်မော်တယ်နန်းတော်က အစစ်အမှန်နတ်ဘုရားပေါ်သို့ နောက်တစ်ကြိမ် ဖိချသွားသည်။

တစ်ကြိမ်… နှစ်ကြိမ်… သုံးကြိမ်…

ရွှီချင်းက ထိုနည်းဖြင့် သူ၏ ဒေါသကို လျော့ပါးစေသည်။

ဝုန်းခနဲ မြည်သံက ပျံ့လွင့်သွားစဉ် အစစ်အမှန်နတ်ဘုရားက နှလုံးကွဲကြေစွာ အော်ဟစ်ညည်းညူလိုက်ရသည်။

၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည်။ နောက်ဆုံးမှာတော့ အော်ဟစ်ညည်းညူသံကြားထဲမှာ ၎င်း၏ ပင့်ကူခန္ဓာကိုယ်အပိုင်းက အစိတ်စိတ်အမွှာမွှာ အက်ကွဲထွက်သွားသည်။

၎င်း၏ လူသားခန္ဓာကိုယ်အပိုင်းမှ မျက်လုံးသည်လည်း အရောင်မှိန်ဖျော့လာသည်။

သို့သော်လည်း အစစ်အမှန်နတ်ဘုရားကို အမှန်တကယ် ကြောက်ရွံ့စေသည်မှာ ၎င်း၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော နာကျင်မှု မဟုတ်ပေ။ ယင်းအစား ၎င်း၏ အောက်ဘက်မှ အနက်ရောင်အာကာသတွင်းနက် ဖြစ်သည်။

ထိုအာကာသတွင်းနက်က ကောင်းကင်ဘုံအလွန်တစ်ခုလုံး၏ အစွမ်းဖြင့် ဖွဲ့စည်းထားသော လှောင်ချိုင့်တစ်ခု ဖြစ်သည်။ ယင်းကို အကျဉ်းထောင်ဟုလည်း သတ်မှတ်နိုင်သည်။ အာကာသတွင်းနက်ထဲသို့ ဝင်ရောက်သွားသည်နှင့် ၎င်းက ဤဘဝမှာ ဘယ်တော့မှ ပြန်ရှင်သန်နိုင်တော့မည် မဟုတ်ချေ။

သို့သာ်လည်း မိုးသောက်အင်မော်တယ်နန်းတော်၏ ထပ်ခါထပ်ခါ ထုရိုက်မှုအောက်မှာ ၎င်း၏ ခန္ဓာကိုယ်က အာကာသတွင်းနက်နှင့် တဖြည်းဖြည်း နီးကပ်သွားသည်။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ ၎င်း၏ မျက်လုံးထဲမှ အလင်းရောင်က ရွှေရောင်မီးတောက်အဖြစ် ရုတ်တရက် ပြောင်းလဲသွားပြီး အပြင်ဘက်သို့ ပျံ့ပွားသွားသည်။ ရွှေရောင်မီးတောက်က ၎င်း၏ ဘေးပတ်ဝန်းကျင်ကို မလောင်ကျွမ်းပစ်ပေ။ ယင်းအစား ၎င်း၏ တစ်ကိုယ်လုံးကို လောင်ကျွမ်းပစ်လိုက်သည်။

၎င်းက ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းပစ်ရန် ရွေးချယ်လိုက်သည်။

၎င်းက ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်ချင်သည်။

ကြားခံနယ်ကို ဖျက်ဆီးခြင်းက ဤတစ်ကြိမ် ၎င်း၏ ပြန်ရှင်သန်မှု ကျရှုံးသွားခြင်းကို ဆိုလိုပေသည်။ ထို့ပြင် ယင်းက ၎င်း၏ တည်ရှိမှုသဲလွန်စအားလုံးကို ဖျက်ဆီးပစ်လိမ့်မည်။

ထိုနည်းဖြင့်ဆိုလျှင် ၎င်း၏ ပြန်ရှင်သန်နိုင်သော ဖြစ်နိုင်ခြေက အနာဂတ်မှာ ဆက်ရှိနိုင်ဦးလိမ့်မည်။

ထိုသို့မဟုတ်ဘဲ ၎င်း၏ ကြားခံနယ်က ဆက်လက် အသက်ရှင်နေသေးပြီး အာကာသတွင်းနက်ထဲမှာ ပိတ်လှောင်ခံလိုက်ရမည်ဆိုလျှင် ၎င်း၏ တည်ရှိမှုက အပြည့်အဝ ချိပ်ပိတ်ခံရလိမ့်မည်။ ထိုအခါကျလျှင် ၎င်းက ပြန်ရှင်သန်နိုင်မည့် အခွင့်အရေးကို ထာဝရ ဆုံးရှုံးသွားလိမ့်မည်။

သို့သော်လည်း တန်ကြေးအနေနှင့် ၎င်းက နောက်တစ်ကြိမ် ပြန်ရှင်သန်ရန် အလွန်ကြာညောင်းသော အချိန်ကာလကို စောင့်ဆိုင်းရလိမ့်မည်။

သို့သော်လည်း နတ်ဘုရားများသည် အချိန်ကုန်ဆုံးမှုကို ဂရုမစိုက်ကြချေ။

၎င်းက ယခင်အတိုင်း ဆက်လက် စောင့်ဆိုင်းနိုင်ပေသည်။

၎င်းက စိတ်ဆုံးဖြတ်လိုက်သည်နှင့် ရွှေရောင်မီးတောက်က ၎င်း၏ ခန္ဓာကိုယ်ကို ပိုပြီးပြင်းထန်စွာ လောင်ကျွမ်းသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ၎င်း၏ တစ်ကိုယ်လုံးက အပြည့်အဝ လောင်ကျွမ်းတော့မည့်ဟန် ရသည်။ တစ်ချိန်တည်းမှာ ၎င်းက ယခင်ကထက် အများကြီး ပိုအားနည်းသွားသည်။

သို့သော်လည်း ၎င်းက ရွှီချင်းကို လျော့တွက်ခဲ့သည်။

အင်မော်တယ်နန်းတော်ထဲမှာ တင်ပျဉ်ခွေထိုင်နေသော ရွှီချင်းက ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းပစ်နေသော အစစ်အမှန်နတ်ဘုရားကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှ အေးစက်မှုက အလွန်အားကောင်းစွာ ဆက်ရှိနေဆဲပင်။

အစစ်အမှန်နတ်ဘုရားများကို မဖျက်ဆီးနိုင်ကြောင်း သူသိသည်။

သို့ဖြစ်၍ ဤတစ်ကြိမ် သူ၏ ရည်ရွယ်ချက်က ၎င်းကို သတ်ပစ်ရန် မဟုတ်ပေ။ သူက တစ်ဖက်လူကို အစွန်းရောက်နာကျင်မှုအား ခံစားစေချင်သည်။

သို့ဖြစ်၍ သူက မည်သို့ကြောင့် တစ်ဖက်လူကို ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခွင့်ပေးမည်နည်း။

ယင်းက သူလိုချင်သော အဆုံးသတ် မဟုတ်ပေ။

နောက်အခိုက်အတန့်မှာ ရွှီချင်းက သူ၏ ညာလက်ကို ရုတ်တရက် မြှောက်လိုက်ပြီး ပြောသည်။

“ ချိပ်ပိတ်စေ ”

ချင်းကောင်းကင်ဘုံအလွန်က တုန်ယင်သွားသည်။ ကောင်းကင်ဘုံအလွန်အတွင်းမှ အကန့်အသတ်မဲ့နယ်မြေ၊ မရေမတွက်နိုင်သော ကြယ်ဂြိုလ်များ၊ ကြယ်အဖွဲ့စည်းများနှင့် စကြာဝဠာများက ရွှီချင်း၏ ထိန်းချုပ်မှုအောက်သို့ ချက်ချင်း ကျရောက်သွားကြသည်။

ထို့နောက် ယင်းတို့အားလုံးက ချိပ်ပိတ်ခံလိုက်ရကြသည်။

ဤကောင်းကင်ဘုံအလွန်ကိုယ်၌က ချက်ချင်း သီးခြားခွဲထုတ်ခံလိုက်ရပြီး အတွင်းနှင့်အပြင်မှ ဆက်သွယ်မှုအားလုံးကို လုံးဝ ဖြတ်တောက်လိုက်သည်။

ယင်းက ဤကောင်းကင်ဘုံအလွန်ကို အလွန်ကျယ်ပြောသော အကျဉ်းထောင်အဖြစ် ပြောင်းလဲသွားစေသည်။

သို့သော်လည်း ကောင်းကင်ဘုံအလွန်က အဆင့်မြင့်ကြယ်တာရာစက်ဝန်းများ၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်၏။ အစစ်အမှန်နတ်ဘုရားက တကယ်မဖျက်ဆီးခံရသရွေ့ ၎င်းတို့က အနာဂတ်မှာ ပြန်ရောက်လာနိုင်ကြသည်။ ယင်းက နတ်ဘုရားများအပေါ် အဆင့်မြင့်ကြယ်တာရာစက်ဝန်းများ၏ ချစ်ခင်ကြင်နာမှု ဖြစ်သည်။ ယင်းက ငါးများကို အလွန်ကျယ်ပြောသော ပင်လယ်ထဲမှာ လွတ်လပ်စွာ သွားလာခွင့်ပေးထားခြင်းနှင့် ဆင်တူသည်။

သို့ဖြစ်၍ ဤသီးခြားခွဲထုတ်မှုက မပြည့်စုံပေ။ ယင်းက ငါးဖမ်းပိုက်ကွန်နှင့် ဆင်တူသည်။ ယင်းက သတ်မှတ်ထားသော ဧရိယာကို ဖုံးလွှမ်းနိုင်သော်လည်း ပိုက်ကွန်ထဲ၌ အဟရာများ ရှိနေသေးသည်။

သို့သော်လည်း ရွှီချင်း၏ နည်းလမ်းများက ထိုမျှသာ မကပေ။

တစ်ချိန်တည်းမှာ ပစ္စည်းတစ်ခုက ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ ရုတ်တရက် ထွက်ပေါ်လာပြီး အင်မော်တယ်နန်းတော်ထဲမှ ပျံသန်းထွက်သွားသည်။

ယင်းက အင်မော်တယ်နန်းတော်၏ အပြင်ဘက် ကြယ်တာရာကောင်းကင်ထဲမှာ လွင့်မျောသွားသည်။

ယင်းက သဲနာရီ ဖြစ်သည်။

ယင်းက မိုးသောက်အင်မော်တယ်နန်းတော်၏ ကြေးမုံသမိုင်းပုံရိပ်ထဲမှာ သူရရှိခဲ့သော အထွတ်အမြတ်ရတနာ ဖြစ်သည်။

ယင်းထဲမှာ ဤအချိန်လေဟာနယ်ကို ကျော်လွန်နိုင်သော နှစ်နာရီစာ အချိန်ရှိသည်။

မည်သည့်အချိန်မှာဖြစ်စေ ယင်းကို အသုံးပြုလိုက်မည်ဆိုလျှင် အပိုအချိန်နှစ်နာရီက အတင်းအဓမ္မ ထွက်ပေါ်လာလိမ့်မည်။

ထို့ပြင် ယင်းကို မဖယ်ရှားနိုင်ပေ။

ယင်းက လေဟာနယ်၏ အပြင်ဘက်နှင့် အချိန်၏ အပြင်ဘက်မှာ တည်ရှိသည်။

ယင်းကို မည်သည့်အချိန်လေဟာနယ်ကမှ မကန့်သတ်နိုင်ပေ။

သို့သော်လည်း အချိန်လေဟာနယ်အာဏာစက်ကို ဖမ်းဆုပ်ထားသူများသည်တော့ ယင်းကို ဆန္ဒရှိသလို အသုံးပြုနိုင်သည်။

ကန့်သတ်ချက်က အချိန်နှစ်နာရီ ဖြစ်သည်။

သဲနာရီ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ယင်းက ခရက်ဟူသော မြည်သံနှင့်အတူ အက်ကွဲသွားသည်။ သဲနာရီထဲမှ သဲမှုန်များက ရောင်စုံအလင်းကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ ထိုအခိုက်အတန့်မှာ နတ်ဘုရားမီးတောက်ဖြင့် လောင်ကျွမ်းခံနေရသော အစစ်အမှန်နတ်ဘုရား၏ ခန္ဓာကိုယ်နှင့် နတ်ဘုရားစွမ်းအင်အမြူတေက…

သဲမှုန်များဖြင့် ဖုံးအုပ်ခံလိုက်ရသည်။

၎င်းအတွက် အချိန်ပိုနှစ်နာရီ ဆွဲဆန့်ခံလိုက်ရသည်။

ထိုအချိန်ပိုနှစ်နာရီသည် ဤအချိန်လေဟာနယ်နှင့် မည်သည့်ကမ္မမှ မသက်ဆိုင်ပေ။

ရွှီချင်း၏ အချိန်လေဟာနယ်အာဏာစက် အစွမ်းအောက်မှာ အချိန်ပိုနှစ်နာရီ၏ အကျိုးသက်ရောက်မှုက အစစ်အမှန်နတ်ဘုရား၏ လောင်ကျွမ်းခံရမှုကို နှေးကွေးသွားစေသည်။

အကယ်၍ ချိပ်ပိတ်ခံလိုက်ရသော ဤကောင်းကင်ဘုံအလွန်က ပင်လယ်ထဲသို့ ပစ်လွှတ်လိုက်သော ငါးဖမ်းပိုက်ကွန်ဆိုလျှင် ထိုအချိန်လေဟာနယ်သဲက ပိုက်ကွန်ထဲမှ ထွက်ပြေးတော့မည့် ငါး၏ လှုပ်ရှားမှုများကို နှေးကွေးသွားစေမည့်အရာ ဖြစ်သည်။

သို့ဖြစ်၍ အစစ်အမှန်နတ်ဘုရား၏ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခြင်းက ကြားဖြတ်နှောင့်ယှက်ခံလိုက်ရသည်။

၎င်းက ဆက်လက် အားနည်းနေလိမ့်မည်။

ထိုမြင်ကွင်းက ကြယ်တာရာကောင်းကင်ကို လှိုင်းထသွားစေသည်။ ၎င်း၏ အစစ်အမှန်နာမည်ကို အော်ခေါ်နေသော မမြင်နိုင်သည့် လောကထဲမှ နတ်ဘုရားစိတ်အာရုံထဲမှာပင် မယုံကြည်နိုင်မှုက ထွက်ပေါ်လာသည်။

ရွှီချင်းက ဤအခိုက်အတန့်မှာ အင်မော်တယ်နန်းတော်ထဲတွင် မတ်တတ်ရပ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ အစွန်းရောက်အအေးဓာတ် ထွက်ပေါ်လာစဉ် သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ကြယ်တာရာကောင်းကင်ထဲမှာ ပြန်ပေါ်လာသည်။ သူက အလွန်အားနည်းနေပြီး နောက်နှစ်နာရီကြာသည်အထိ သေခြင်းတံခါးဝမှာ ရပ်တန့်နေလိမ့်မည့် အစစ်အမှန်နတ်ဘုရားကို ကြည့်လိုက်သည်။

“ မင်းက တခြားလူတွေရဲ့ နာကျင်မှုကို ကြိုက်တယ်မလား ”

ရွှီချင်းက ဖြည်းညင်းစွာ ပြောသည်။ ဤသည်မှာ တိုက်ပွဲစတင်သည့်အချိန်မှစ၍ ပထမဆုံးအကြိမ် သူစကားပြောလိုက်ခြင်း ဖြစ်သည်။

ထိုစကားထဲမှာ အစွန်းရောက်အအေးဓာတ်က ကိန်းအောင်းနေသည်။

“ အဲ့ဒါဆို မင်းကိုယ်တိုင် နာကျင်မှုကို မြည်းစမ်းကြည့်သင့်တယ် ”

ရွှီချင်းက လက်မြှောက်လိုက်သည့်အခါ ဧရာမရေခဲခေါင်းတလားတစ်ခုက ကြယ်တာရာကောင်းကင်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုခေါင်းတလားက ပြိုင်ဘက်ကင်း အအေးဓာတ်နှင့် ကိုးရောင်ခြယ်အလင်းကို ထုတ်လွှတ်ပေးနေသည်။

ထိုရေခဲခေါင်းတလားကို ရွှီချင်းက အတိတ်၌ ဖရိုဖရဲကောင်းကင်တော်ဝင်မိသားစုထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းက မိုးသောက်သခင်လေး၏ ရေခဲခေါင်းတလား ဖြစ်သည်။

ရေခဲခေါင်းတလားသည် အတိတ်မှာ မိုးသောက်အင်မော်တယ်အရှင်သခင်နှင့် သူ့ဇနီး သူတို့၏ ကလေးအတွက် ပြင်ဆင်ထားခဲ့သောအရာ ဖြစ်သည်။ သူတို့က ရေခဲခေါင်းတလားထဲတွင် မိုးသောက်သခင်လေးကို ချိပ်ပိတ်ခဲ့ပြီး သူ၏ သန္ဓေသားအခြေအနေကို အမြဲထိန်းသိမ်းပေးခဲ့သည်။

ရေခဲခေါင်းတလားက သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အေးခဲစေနိုင်ရုံသာမက အချိန်စီးဆင်းမှုကိုလည်း အေးခဲစေနိုင်သည်။

မည်သို့ဖြစ်ပါစေ ခေါင်းတလားက အင်မော်တယ်အရှင်သခင်တစ်ပါး၏ ရတနာဖြစ်လေရာ အလွန်အမင်း အစွမ်းထက်သည်။

ဤအခိုက်အတန့်မှာ ရွှီချင်းက ရေခဲခေါင်းတလားကို ထုတ်လိုက်သည်။ သူလက်မြှောက်လိုက်သည့်အခါ ခေါင်းတလားက လောင်ကျွမ်းခံနေရသော အစစ်အမှန်နတ်ဘုရားဆီသို့ တန်းမတ်စွာ ပျံသန်းသွားပြီး ၎င်းကို ဖုံးအုပ်လိုက်သည်။ ခေါင်းတလားအဖုံးက ပြန်ပိတ်သွားသည့်အခါ အစစ်အမှန်နတ်ဘုရားက လုံးဝအေးခဲသွားသည်။

ခေါင်းတလားက နတ်ဘုရားမီးတောက်ဖြင့် လောင်ကျွမ်းခံနေရပြီး အပြည့်အဝ ပြန်မရှင်သန်ရသေးသော အစစ်အမှန်နတ်ဘုရားကို ချိပ်ပိတ်လိုက်သည်။

ခေါင်းတလားက အချိန်ကိုလည်း ချိပ်ပိတ်လိုက်သည်။

တစ်နည်းဆိုရလျှင် ဤအစစ်အမှန်နတ်ဘုရားက ပြန်ရှင်သန်နေဆဲအခြေအနေမှာ ထာဝရ ချိပ်ပိတ်ခံလိုက်ရသည်။

၎င်းက ဤနေရာမှ မထွက်သွားနိုင်တော့သလို အနာဂတ်မှာ ပြန်မရှင်သန်နိုင်တော့ပေ။

၎င်းက အချိန်အပိုင်းအစတစ်ခု ဖြစ်လာသည့်အလားပင်။

ယခုအချိန်မှစ၍ ၎င်းက နတ်ဘုရားမီးတောက်ဖြင့် ထာဝရ လောင်ကျွမ်းခံနေရပြီး အဆုံးအစမဲ့သော အခြေအနေထဲသို့ နစ်မြုပ်သွားလိမ့်မည်။

အစစ်အမှန်နတ်ဘုရား မဖျက်ဆီးခံရသေးသရွေ့ အဆင့်မြင့်ကြယ်တာရာစက်ဝန်းများထံမှ ကောင်းချီးက ၎င်းအတွက် ကျိန်စာဖြစ်လာလိမ့်မည်။

တစ်ချိန်တည်းမှာ ဤအခြေအနေဖြင့်ဆိုလျှင် အဆုံးမဲ့သော မူလအနှစ်သာရစီးဆင်းမှုက ဝိညာဉ်ကျောက်တုံးများသဖွယ် အမြဲမပြတ် ထွက်ပေါ်လာလိမ့်မည်။

All Chapters