လက်ထပ်စာချုပ်… စာလုံးဆယ့်ခြောက်လုံး
Vol. 107 Ch. 1646
အတိတ်တွင် ကမ်းစပ်ကိုးခုက တခြားမင်္ဂလာလက်ဖွဲ့ပစ္စည်းများကို လက်ခံခဲ့သော်လည်း အင်မော်တယ်နန်းတော်ထဲမှ ရတနာပစ္စည်းများကို ရယူနိုင်သော ဤဗလာကျောက်စိမ်းတုံကင်ကိုတော့ ရွှီချင်းအား ပေးခဲ့သည်။
မည်သို့ဖြစ်ပါစေ သူက ကမ်းစပ်ကိုးခု၏ သမီးတော်နှင့် မကြာခင် လက်ထပ်တော့မည် မဟုတ်ပါလော။ ထို့ပြင် ကမ်းစပ်ကိုးခု၏ အဆင့်အတန်းအရ မည်သို့ကြောင့် သူက သူ့မိတ်ဆွေ၏ ရတနာများကို လိုချင်တပ်မက်မည်နည်း။
ထို့ကြောင့် ဤဗလာကျောက်စိမ်းတုံကင်က ယခု ရွှီချင်း၏ ဝှက်ဖဲတစ်ခု ဖြစ်လာသည်။
အစက ရွှီချင်းသည် ဤကျောက်စိမ်းတုံကင်ကို အသုံးပြုရန် မစဉ်းစားခဲ့ပေ။
ဓားမီးဖို၏ အနီးနားမှာ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်နှင့် တိုက်ခိုက်ရန် သူဆုံးဖြတ်ခဲ့ခြင်းက ထိုဓားနှစ်လက်ကို သူ့အား သခင်အဖြစ် အသိအမှတ်ပြုရန် အတင်းဖိအားပေးချင်သောကြောင့် မဟုတ်ပေ။
သူ၏ အဓိက ရည်ရွယ်ချက်က စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်နှင့် သူ့ကြားမှ တိုက်ပွဲက အင်မော်တယ်ဓားများ၏ မွေးဖွားလာမှုကို ပိုပြီးအရှိန်မြှင့်တင်စေရန် ဖြစ်သည်။
ထိုဖိအားအောက်မှာ ချမ်ကျွင်းနှင့် ပိုင်ရီအတွက် တခြားရွေးချယ်စရာရှိတော့မည် မဟုတ်ချေ။
သူတို့၏ အရှေ့မှာ လမ်းကြောင်းတစ်ခုတည်းသာ ရှိသည်။ အကယ်၍ သူတို့က ဤအခွင့်အရေးကို အသုံးချပြီး စောစီးစွာ မထွက်ပေါ်လာလျှင် အနာဂတ်မှာ သူတို့က ကျဉ်းထဲကျပ်ထဲသို့ ကျရောက်သွားလိမ့်မည်။
အကယ်၍ ကြယ်တာရာစက်ဝန်းအနိုင်ရသွားလျှင် သူတို့က အနာဂတ်မှာ အောင်မြင်ချင်လျှင် ကြယ်တာရာစက်ဝန်းဆီမှ ခွင့်ပြုချက်ကို လိုအပ်လိမ့်မည်။ မည်သို့ဖြစ်ပါစေ ကြယ်တာရာစက်ဝန်းက မူလသမိုင်းကို ထိန်းသိမ်းရန် သူတို့ကို သေချာပေါက် ဖိနှိပ်လိမ့်မည်။
အကယ်၍ သခင်လေးသာ အနိုင်ရသွားမည်ဆိုလျှင် ဤနေရာသို့ ပထမဆုံး သူရောက်လာပြီးနောက် ပြောခဲ့သည့်စကားအတိုင်း တစ်ဖက်လူကို သူတို့၏ သခင်အဖြစ် အသိအမှတ်ပြုခိုင်းလိမ့်မည်။ ယင်းက ချမ်ကျွင်းနှင့် ပိုင်ရီအတွက်တော့ ကြီးမားသော ထိုးနှက်မှုဖြစ်သည်။
ထို့ကြောင့် သူတို့မှာ ကိုယ့်ကိုယ်ကိုယ် အားကိုးရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိပေ။
သူတို့က အင်မော်တယ်ဓားများ စောစီးစွာ မွေးဖွားလာနိုင်ရန်အလို့ငှာ အရာအားလုံးကို စတေးရုံသာ တတ်စွမ်းကြတော့သည်။
ထိုနည်းဖြင့်သာ သူတို့က ဤကျဉ်းထဲကျပ်ထဲမှ ရုန်းထွက်နိုင်လိမ့်မည်။
ယင်းက သူတို့အသက်ရှင်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။
ယင်းက ရွှီချင်းလိုချင်သောအရာ ဖြစ်သည်။
ယင်းက ပွင့်လင်းသော ဉာဏ်များမှု ဖြစ်သည်။
သူ၏ အစီအစဉ်အရ ထိုဓားနှစ်လက် စောစီးစွာ မွေးဖွားလာသည်နှင့် သူတို့က အချိန်လေဟာနယ်လှိုင်းများကို ဖန်တီးလိမ့်မည်။ ယင်းက သူ၏ နောက်ဆက်တွဲ လှုပ်ရှားမှုများအတွက် အကျိုးရှိလိမ့်မည်။
သို့သော်လည်း ထိုဓားနှစ်လက် ထွက်သွားသည့်အခါမှာ သူတို့က အလွန်စိတ်လှုပ်ရှားနေကြသည်။
သို့ဖြစ်၍ အကယ်၍ ထိုနှစ်ယောက်သာ သူ့ကို သခင်အဖြစ် အသိအမှတ်ပြုလိုက်မည်ဆိုလျှင် အချိန်လေဟာနယ်လှိုင်းများက ပိုပြီးကြီးမားလာလိမ့်မည်ဟု ရွှီချင်းခံစားမိသွားသည်။ ယင်းက ကောင်းမွန်သောအရာ ဖြစ်သည်။
သို့ဖြစ်၍ ဓားနှစ်လက်၏ စိတ်လှုပ်ရှားသော စကားသံက ပျံ့လွင့်နေပြီး သူတို့၏ အသိစိတ်က ဤစတုတ္ထအလွှာမှ ထွက်သွားတော့မည့်အချိန်…
ရွှီချင်းက ဗလာကျောက်စိမ်းတုံကင်ကို ထုတ်လိုက်သည်။
ဤအခိုက်အတန့်မှာ သူက ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။
ကျောက်စိမ်းတုံကင်က လေထဲသို့ မြှောက်တတ်သွားသည်။
တောက်ပသော အလင်းရောင်နှင့်အတူ ကောင်းချီးမင်္ဂလာပုံရိပ်များက ထွက်ပေါ်လာကြသည်။ အကန့်အသတ်မဲ့သော တောက်ပမှုက လေထဲမှာ ပြည့်နှက်သွားသည်။
ကျောက်စိမ်းတုံကင်က လေထဲမှာ မျောလွင့်နေစဉ် ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံက ကျောက်စိမ်းတုံကင်ပေါ်မှာ တံဆိပ်ရိုက်ခတ်လိုက်သည်။
“ အင်မော်တယ်ဓားနှစ်လက်ရဲ့ မွေးဖွားလာမှုနဲ့အတူ သူတို့အပေါ် ငါနာမည်အပ်နှင်းပေးလိုက်မယ်… တစ်ယောက်ကို ချမ်ကျွင်းလို့ ခေါ်ပြီး တစ်ယောက်ကို ပိုင်ရီလို့ ခေါ်စေမယ်… သူတို့က ငါ့ရဲ့ လက်သုံးတော်အင်မော်တယ်ဓားတွေအဖြစ် အမှုထမ်းဆောင်စေ ”
သူ၏ နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်လိုက်သည်နှင့်ချက်ချင်း လောကက ဝုန်းခနဲ မြည်သွားသည်။
ဤသည်မှာ မဟာတာအို၏ အသံက ပဲ့တင်ထပ်နေသည့်အလား သို့မဟုတ် ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသများက လှည့်ပတ်သွားကြပြီး အမိန့်တစ်ခုကို ဖွဲ့စည်းနေသည့်အလားပင်။
ထိုစကားများက သေစေနိုင်သော ထိုးနှက်မှုတစ်ခု ဖြစ်သည်။
ယင်းက ထိုဓားနှစ်လက်၏ ပိုင်ရှင်ကို အဆုံးအဖြတ်ပေးရုံသာမက ဓားနှစ်လက်ကိုလည်း နာမည်ပေးလိုက်သေးသည်။
ထို့ပြင် ဓားနှစ်လက်၏ နာမည်များက ချမ်ကျွင်းနှင့် ပိုင်ရီဖြစ်သည်။ ထိုနည်းဖြင့် သူတို့ကြားမှာ အလွန်အားကောင်းသော ကမ္မဆက်နွယ်မှုတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။
ထိုကမ္မကြောင့် ကောင်းကင်ပေါ်မှ အဖြူရောင်နှင့် အနက်ရောင်တောက်ပနေသော အင်မော်တယ်ဓားနှစ်လက်က ရုတ်တရက် တုန်ယင်သွားကြသည်။ မရေမတွက်နိုင်သော အင်မော်တယ်စာလုံးများက လေထဲမှာ ချက်ချင်း ဖွဲ့စည်းသွားကြပြီး သူတို့၏ ဓားခန္ဓာကိုယ်များကို ဝန်းရံလိုက်ကြသည်။
သူတို့က အင်မော်တယ်နန်းတော်ထဲမှာ မွေးဖွားလာကြပြီး အင်မော်တယ်နန်းတော်၏ ဖန်တီးထုဆစ်ခြင်းခံခဲ့ကြရသည်။ သို့ဖြစ်၍ အစမှအဆုံးထိ သူတို့က အင်မော်တယ်နန်းတော်ထဲမှ ပစ္စည်းများသာ ဖြစ်ကြသည်။
ဗလာကျောက်စိမ်းတုံကင်၏ အင်မော်တယ်စာလုံးများကြောင့် သူတို့က ရွှီချင်းနှင့် နက်ရှိုင်းသော ဆက်သွယ်မှုတစ်ခုကို ချက်ချင်း ဖွဲ့စည်းလိုက်ကြသည်။
သူတို့က ထိုကမ္မကို မခုခံနိုင်သလို မငြင်းဆန်နိုင်ပေ။
ထို့အတူ အင်မော်တယ်ဓားများ၏ လက်နက်ဝိညာဉ်များဖြစ်ကြသော ချမ်ကျွမ်းနှင့် ပိုင်ရီသည်လည်း ယင်းကို မရှောင်တိမ်းနိုင်ခဲ့ကြပေ။
အစောနက သူတို့က ရွှီချင်းကို အထင်သေးရှုံ့ချစွာ ဆက်ဆံပြီး ရယ်မောခဲ့ကြသည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ ရွှီချင်းက ဗလာကျောက်စိမ်းတုံကင်ပေါ်မှာ ထိုစာလုံးများကို တံဆိပ်ရိုက်ခတ်လိုက်သည်နှင့်တစ်ပြိုင်နက် ချမ်ကျွင်းနှင့် ပိုင်ရီက လုံးဝ ဆွံ့အသွားကြသည်။
နောက်အခိုက်အတန့်မှာ အလွန်ကျယ်ပြောသော စွမ်းအားက အင်မော်တယ်နန်းတော်နှင့် အင်မော်တယ်ဓားများထံမှ ပေါ်လျှိုးလာပြီး သူတို့၏ အသိစိတ်ထဲသို့ တိုက်ရိုက် တိုးဝင်သွားသည်။
ချမ်ကျွမ်းနှင့် ပိုင်ရီ၏ နတ်ဘုရားစိတ်အာရုံက လှိုင်းတံပိုးထသွားသည်။
အဘယ့်ကြောင့်ဆိုသော် အင်မော်တယ်ဓားများအပေါ်သို့ ဆင်းသက်လာသော ထိုစွမ်းအားက လက်နက်ဝိညာဉ်၏ ချိပ်တံဆိပ်ဖြစ်လာပြီး သူတို့အား သခင်တစ်ယောက်ကို အသိအမှတ်ပြုခိုင်းလိမ့်မည်။
ယခု သူတို့က အင်မော်တယ်ဓားများ၏ လက်နက်ဝိညာဉ်များ ဖြစ်ကြသည်။
သို့ဖြစ်၍ ချိပ်တံဆိပ်က သူတို့နှစ်ယောက်အပေါ်သို့ တိုက်ရိုက် ဆင်းသက်လာကြသည်။
ထိုသို့ဖြစ်ရခြင်းမှာ ရွှီချင်းက အင်မော်တယ်ဓားများအပေါ် ပေးအပ်လိုက်သော နာမည်များကြောင့် ဖြစ်သည်။ ယင်းက ဤကျောက်စိမ်းတုံကင်၏ ကမ္မကို ဤအချိန်လေဟာနယ်ထဲမှာသာမက အပြင်လောကတွင်လည်း သက်ရောက်မှုရှိနိုင်စေလိမ့်မည်။
ထို့ကြောင့် ချမ်ကျွင်းနှင့် ပိုင်ရီ၏ ထိတ်လန့်မှုက အရာအားလုံးထက် သာလွန်သွားသည်။ ယခု သူတို့၏ စိတ်ထဲမှာ မိုးခြိမ်းသံသာ ရှိတော့သည်။
သူတို့၏ စိတ်လှုပ်ရှားမှုက ဝမ်းနည်းမှုအဖြစ်သို့ ပြောင်းလဲသွားသည်။
“ ဒါ… ဒါ… ”
“ ဒီဟာက… ငါ… ”
စတုတ္ထအလွှာမှ ထွက်သွားမည့် သူတို့၏ လုပ်ဆောင်မှုက အတင်းအဓမ္မ နှောင့်ယှက်ခံလိုက်ရသည်။
ကမ္မဆက်နွယ်မှု၊ ရွှီချင်းက သူတို့၏ သခင်ဖြစ်လာခြင်းနှင့် နာမည်အပ်နှင်းပေးခြင်းက…
သူတို့၏ ခုခံနိုင်စွမ်းထက် သာလွန်သော ဆွဲငင်အားကို ဖြစ်ပေါ်စေသည်။
ထို့ကြောင့် သူတို့၏ အသိစိတ်က မထွက်ခွာနိုင်တော့ပေ။
သူတို့နှစ်ယောက်က အပြင်းအထန် နှလုံးတုန်သွားကြသည်။ ရွှီချင်းက လက်မြှောက်လိုက်သည့်အခါ မုန်တိုင်းတစ်ခုက သူတို့၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
သူက လက်ကို ကောင်းကင်ဆီသို့ ဝှေ့ယမ်းလိုက်သည်။
“ ဒီကို လာခဲ့ ”
ထိုအခါ အဖြူရောင်နှင့် အနက်ရောင်အင်မော်တယ်ဓားများက ကောင်းကင်ပေါ်မှာ ပိုပြီးပြင်းထန်စွာ တုန်ယင်သွားကြသည်။ ထို့နောက် သူတို့က ဝမ်းသာပျော်ရွှင်သော ဓားဟိန်းသံကို ထုတ်လွှတ်လိုက်ကြသည်။
အင်မော်တယ်ဓားနှစ်လက်သည် ချမ်ကျွင်းနှင့် ပိုင်ရီ၏ ငြင်းဆန်မှုကို ဆန့်ကျင်လျက် ချက်ချင်း အနောက်ပြန်လှည့်လိုက်ကြသည်။ သူတို့က လေထဲမှာ ဦးတည်ရာပြောင်းလဲလိုက်ပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။
သူတို့က အလွန်ရိုသေကျိုးနွံလာကြသည်။
အင်မော်တယ်ဓားများထဲမှ လူနှစ်ယောက်သည်တော့ မျက်ရည်ကျလုနီးပါးပင်။ သူတို့က ရူးသွပ်သွားသော်လည်း သူတို့တတ်နိုင်သောအရာ ဘာမှမရှိပေ။
အဘယ့်ကြောင့်ဆိုသော် သူတို့၏ အသိစိတ်ထဲမှ အနက်ပိုင်းထဲတွင် ဓားများနှင့်အတူ ဒွန်တွဲရှိနေသော ဝမ်းသာပျော်ရွှင်မှုကို သူတို့အာရုံခံနိုင်သောကြောင့် ဖြစ်သည်။
တစ်ချိန်တည်းမှာ အင်မော်တယ်ဓားများ၏ စောစီးစွာ မွေးဖွားလာမှုနှင့် ရွှီချင်းက သူတို့၏ သခင်ဖြစ်လာခြင်းက ဤနေရာမှ အချိန်လေဟာနယ်လှိုင်းများကို အဆပေါင်းများစွာ ပိုကြီးမားသွားစေသည်။
ယင်းတို့က ပင်လယ်ပြင်ပေါ်မှ ရေလှိုင်းလုံးများနှင့် ဆင်တူသည်။ လှိုင်းလုံးများက ထပ်ဆင့်လွှမ်းခြုံသွားပြီး ပိုအားကောင်းလာသည့်အခါ ကမ္ဘာတုန်ဟီးစေနိုင်သော ဆူနာမီလှိုင်းအဖြစ် ပြောင်းလဲသွားသည်။
ဤအခိုက်အတန့်မှာ အချိန်လေဟာနယ်လှိုင်းထမှုက ဆူနာမီအဆင့်သို့ ရောက်ရှိသွားသည်။
ဆူနာမီဖြစ်စေခဲ့သော ရေလှိုင်းလုံးများသည်တော့ ကောင်းကင်အရွေးချယ်ခံလီ၊ ကုန်းစွန်းချင်းမူ၊ မြေခွေးမိန်းမပျိုလေး၊ ကျုံးချီနှင့် ဤဓားနှစ်လက် ဖြစ်ကြသည်။
ဆူနာမီက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာပြီး ဆက်လက် လှည့်ပတ်သွားသည့်အခါ ငြိမ်သက်နေသော ဤအချိန်လေဟာနယ်ရေကန်က စတင်ပရမ်းပတာ လှုပ်ခတ်သွားသည်။
ရွှီချင်းသည်တော့ သူ၏ အသိစိတ်က သခင်လေး၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွားသည်။ ဤအခိုက်အတန့်မှာ သူက ဆူနာမီပေါ်မှာ ရပ်နေသည်။
အမိန့်က ဖိနှိပ်ခံနေရကြောင်း ရှင်းလင်းစွာ သူအာရုံခံနိုင်သည်။
သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ ဓားနှစ်လက်က ချက်ချင်း တဝီဝီ မြည်သွားကြသည်။ ဓားနှစ်လက်က သူ၏ ခန္ဓာကိုယ်ကို ဝန်းရံသွားကြသည်။ ချမ်ကျွင်းနှင့် ပိုင်ရီက မည်သို့ဆန့်ကျင်ပါစေ သူတို့က အင်မော်တယ်ဓားများကို မရပ်တန့်နိုင်ကြပေ။ သူတို့၏ လုပ်ဆောင်မှုများက အချည်းနှီးသာ ဖြစ်၏။
သူတို့က ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံ၏ ညွှန်ကြားမှုနောက်သို့ လိုက်၍ အင်မော်တယ်ဓားများကို အသက်သွင်းရုံသာ တတ်စွမ်းကြသည်။ ထို့ကြောင့် နောက်အခိုက်အတန့်မှာ ဓားနှစ်လက်က ပြိုင်ဘက်ကင်း ဓားစွမ်းအင်ကို ထုတ်လွှတ်လျက် နယ်မြေနယ်နိမိတ်နှင့် ပြန်လည်မွေးဖွားခြင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။
ထို့နောက် ကမ္ဘာတုန်ဟီးစေနိုင်သော ပေါက်ကွဲမှုက ပဲ့တင်ထပ်သွားသည်။
နယ်မြေနယ်နိမိတ်နှင့် ပြန်လည်မွေးဖွားခြင်းစက်ဝန်းက ပြိုကွဲသွားသည်။
အမိန့်စွမ်းအား၏ အက်ကွဲသံများက ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။
စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သွေးစီးကြောင်းနှစ်ခုက သူ၏ မျက်လုံးထဲမှ ချက်ချင်း စီးကျလာသည်။
ကြယ်ပင်လယ်များထဲမှ ဘီလီယံနှင့်ချီသော ကြယ်များက ပြိုကွဲသွားကြသည်။ ထို့အတူ ကြယ်ပင်လယ်များထဲမှ စတုရန်းနှင့် စက်ဝိုင်းသည်လည်း ဖုန်မှုန့်ဖြစ်သွားသည်။
အရေးကြီးဆုံးမှာ သူ၏ အာဏာစက်က လှိုင်းထသွားသည်။
ဓားနှစ်လက်သည်တော့ သူတို့၏ အရှိန်အဝါက ဆက်လက် အားကောင်းနေဆဲပင်။ သူတို့က နယ်မြေနယ်နိမိတ်နှင့် ပြန်လည်မွေးဖွားခြင်းစက်ဝန်းကို ဖျက်ဆီးပြီးနောက် ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြသည်။ အဖြူနှင့်အနက်အလင်းက ကောင်းကင်ယံမှာ လှည့်ပတ်သွားသည်နှင့် သူတို့က စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ကောင်းကင်တစ်လျှောက် ပျံ့နှံ့သွားသည်။
အကူအညီမဲ့မှုနှင့် ရူးသွပ်မှုအောက်မှာ ချမ်ကျွင်းနှင့် ပိုင်ရီသည် ဤဓားနှစ်လက်ကို အစွမ်းကုန် ထုတ်လွှတ်ပေးရန် စိတ်ဆုံးဖြတ်လိုက်ကြသည်။
အဘယ့်ကြောင့်ဆိုသော် ကြယ်တာရာစက်ဝန်းအပေါ်ထားသော သူတို့၏ ဒေါသက မသေးငယ်ပေ။
စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က အကြီးအကျယ် မျက်နှာပျက်ယွင်းသွားသည်။ သူက အမြန်အနောက်ဆုတ်သွားသည်။ တစ်ချိန်တည်းမှာ မရေမတွက်နိုင်သော အတွေးများက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူ၏ အတွေးတိုင်းမှာ ရွှီချင်းအပေါ် ပြင်းထန်သော ဒေါသဖြင့် ပြည့်နှက်နေသည်။
ထိုအတွေးများ ထွက်ပေါ်လာသည်နှင့် စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် သူက ရုတ်တရက် ညာလက်ကို မြှောက်လိုက်ပြီး သူ၏ လက်ညှိုးကို နဖူးရှေ့မှာ ထားလိုက်သည်။
သူက အရှေ့သို့ ဆွဲလိုက်သည့်အခါ ထွန်းလင်းတောက်ပသော ရွှေရောင်သံကြိုးတစ်ခုက သူ၏ မျက်ခုံးနှစ်ခုကြားနေရာမှ ဆန့်တန်းထွက်လာသည်။
ရွှေရောင်သံကြိုးက သိပ်မရှည်လျားပေ။ သံကြိုးမှာ အဆစ်ကိုးဆယ့်ကိုးခုသာ ရှိသည်။ တစ်ရာပြည့်ရန် တစ်ခုသာ လိုတော့သည်။
အဆစ်တစ်ခုစီတိုင်းမှာ မရေမတွက်နိုင်သော မှော်သင်္ကေတများ ရှိသည်။ ယင်းတို့က အမိန့်၏ ကိုယ်စားပြုသင်္ကေတများ ဖြစ်ကြသည်။
ထိုရွှေရောင်သံကြိုး ထွက်ပေါ်လာသည့်အခိုက် သံကြိုးပေါ်မှ အမိန့်စွမ်းအားက တစ်ခါမှမဖြစ်စဖူး အလွန်အားကောင်းစွာ ပေါ်လျှိုးလာသည်။ သံကြိုးက ကြယ်တာရာစက်ဝန်း၏ အသိစိတ်နှင့် အလွန်အားကောင်းစွာ ပဲ့တင်ပြန်နေသည်။
အဘယ့်ကြောင့်ဆိုသော် ထိုရွှေရောင်သံကြိုးက စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်နှင့် မသက်ဆိုင်သောအရာ ဖြစ်သည်။ ယင်းက ကြယ်တာရာစက်ဝန်း၏ အပိုင်ဖြစ်ပြီး သူ့အာဏာစက်၏ အခြေခံအုတ်မြစ် ဖြစ်သည်။
ထိုသံကြိုးမှာ အဆစ်တစ်ရာ ပြည့်သွားသည်နှင့် သူက အုပ်ချုပ်သူအဆင့်ကို ချိုးဖြတ်ပြီး ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ တတ်လှမ်းနိုင်လိမ့်မည်။
ယင်းက ဤစတုတ္ထအလွှာ၌ သူ၏ ရည်ရွယ်ချက် ဖြစ်သည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ သူက မည်သည့်အရာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ သူက အာဏာစက်၏ အခြေခံအုတ်မြစ်ကို ထုတ်လိုက်သည်နှင့်ချက်ချင်း ခေါင်းတလား(၁၃)လုံးက သူ၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာကြသည်။
ထိုခေါင်းတလား(၁၃)လုံးက အရွယ်အစားမတူညီကြသလို ယင်းတို့ကို ပြုလုပ်ထားသော ပစ္စည်းများကလည်း ကွဲပြားခြားနားကြသည်။ သို့သော်လည်း ယင်းတို့ထံမှ ထုတ်လွှတ်နေသော အမိန့်အရှိန်အဝါက အလွန်သိပ်သည်းကြသည်။
၎င်းတို့ ထွက်ပေါ်လာသည်နှင့်ချက်ချင်း လောက၏ အရောင်က ပြောင်းလဲသွားသည်။
၎င်းတို့က အာဏာစက်အလောင်းကောင်များ ဖြစ်ကြသည်။ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က သူ၏ တာအိုယှဉ်ပြိုင်ဘက်များကို သတ်ဖြတ်ပြီးနောက် ၎င်းတို့ကို အလောင်းကောင်များအဖြစ် သန့်စင်ပစ်ခဲ့သည်။
ကြယ်တာရာစက်ဝန်းက အလွန်အစွမ်းထက်သော်လည်း သူက ၎င်းတို့ထဲမှ သုံးခုကိုသာ အသုံးပြုနိုင်ပေသည်။ သို့သော်လည်း အလောင်းကောင်သုံးခုတည်းက အင်မော်တယ်ဓားများကို ခုခံရန် မဖြစ်နိုင်ကြောင်း သူသိလေရာ အချိန်လေဟာနယ်ဆူနာမီထဲမှာ ရှိနေသော ရွှီချင်းကိုတော့ ပြောနေစရာမလိုပေ။
သို့ဖြစ်၍ သူက ၎င်းတို့ကို အတင်းအဓမ္မ ထိန်းချုပ်ရန် သူ့အာဏာစက်၏ အခြေခံအုတ်မြစ်ကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။ သူက အရာအားလုံးကို ပြောင်းပြန်လှည့်ပတ်ပစ်ရန် ကြိုးစားချင်သည်။
သူက ချိပ်တံဆိပ်လက်သင်္ကေတများကို ဖွဲ့စည်းလိုက်သည်နှင့် သူ၏ အမူအရာက ရှုံ့မဲ့သွားသည်။ ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်နေသော ရွှေရောင်သံကြိုးက ခေါင်းတလား(၁၃)လုံးကို ရစ်ပတ်သွားပြီး ၎င်းတို့ထဲသို့ ပေါင်းစပ်သွားသည်။
နောက်အခိုက်အတန့်မှာ ခေါင်းတလား(၁၃)လုံးက တုန်ယင်သွားကြသည်။
ခေါင်းတလား(၁၃)လုံးက အဖုံးမပွင့်သွားသော်လည်း မိုးခြိမ်းသံသဖွယ် ကျယ်လောင်သော မြည်သံက ခေါင်းတလား(၁၃)လုံးထဲမှ တစ်ပြိုင်နက် ထွက်ပေါ်လာသည်။
ကျယ်လောင်သော ပေါက်ကွဲသံများက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့လွင့်သွားသည်။
မတူညီသော အသံ(၁၃)သံက နက်ရှိုင်းသော လေသံနှင့်အတူ ခေါင်းတလားများထဲမှ ထွက်ပေါ်လာသည်။ ထိုအသံများက အတူတကွ ပေါင်းစပ်သွားပြီးနောက် ကောင်းကင်ဘုံအသံထက် သာလွန်သော စာကြောင်းတစ်ကြောင်းကို ဖွဲ့စည်းလိုက်သည်။
“ အမိန့်ရဲ့ အဆုံးအဖြတ်… နှစ်တစ်ထောင်သစ္စာမဲ့မှု… အဝါရောင်စမ်းချောင်းအထိ တူးဖော်ပြီး နေရာမှာတင် ကွပ်မျက်စေ ”
ထိုစာလုံးဆယ့်ငါးလုံးထဲမှ စာလုံးတစ်လုံးစီက အမိန့်၏ အဆုံးအဖြတ်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ယင်းတို့က ရှေးဟောင်းကျောက်ပြားအဖြစ် အသွင်ပြောင်းလဲသွားပြီး အချိန်လေဟာနယ်ဆူနာမီထဲမှာ ရပ်နေသော ရွှီချင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
ရွှီချင်းသည်တော့ ခေါင်းမော့လိုက်သည်။ သူ၏ အမူအရာက ခါတိုင်းကဲ့သို့ အေးဆေးတည်ငြိမ်သော်လည်း သူ၏ မျက်လုံးက ဖော်မပြနိုင်အောင် စူးရှတောက်ပနေသည်။
“ အချိန်လေဟာနယ်လှိုင်းတွေက ဆူနာမီအဖြစ် ပြောင်းလဲသွားပြီ… အဲ့ဒါက စာလုံးတွေကို ဖုံးကွယ်ဖို့ လုံလောက်မှာပါ… ဒါဆိုရင် ဒီတိုက်ပွဲက ပြီးဆုံးပြီ ”
တည်ငြိမ်သော အသံက ရွှီချင်း၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်နှင့် ရွှေသတ္ထုပြားက ရွှီချင်း၏ လက်ထဲမှ ထွက်ပေါ်လာပြီး သူ၏ အရှေ့မှာ မျောလွင့်သွားသည်။
ရွှေသတ္ထုပြား ထွက်ပေါ်လာသည့်အခိုက် လောကက တိတ်ဆိတ်ငြိမ်သက်သွားသည်။ အချိန်လေဟာနယ်က မရွေ့လျားတော့သလို လှိုင်းလုံးများက ရပ်တန့်သွားကြသည်။ အရာအားလုံးက အေးခဲသွားသည်။
ရွှေသတ္ထုပြားထဲမှ ကောင်းချီးမင်္ဂလာနိမိတ်များနှင့် ကောင်းချီးမင်္ဂလာပုံရိပ်များသည်သာ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။
ထိုရွှေသတ္ထုပြားက လက်ထပ်စာချုပ်မှလွဲ၍ တခြားမဟုတ်ပေ။
ယင်းက မိုးသောက်အင်မော်တယ်အရှင်သခင်ကိုယ်တိုင် ဖန်တီးထုဆစ်ထားသော အရာဖြစ်သည်။ ယင်းထဲမှာ သူ၏ စိတ်ဆန္ဒ၊ အတွေးများနှင့် ကောင်းချီးများ ပါဝင်သည်။
ယင်းထဲမှာ သူ့သားကို ပေးချင်သော အလှတရားအားလုံး ပါဝင်သည်။ ထိုထဲမှ စာလုံးများကို သူ့လက်ဖြင့် ကိုယ်တိုင် ရေးသားခဲ့ခြင်း ဖြစ်သည်။
ယင်းက သူ၏ စိတ်ဆန္ဒကို ကိုယ်စားပြုသည်။
“ မိသားစုနှစ်ခု လက်ထပ်ပေါင်းစည်းတဲ့အခါ မြဲမြံတဲ့ ချည်နှောင်မှုက ဖြစ်ပေါ်လာလိမ့်မယ်… အခုချိန်ကစပြီး ကောင်းမွန်တဲ့ ပေါင်းစည်းမှု ဖြစ်လာပြီး ပြီးပြည့်စုံတဲ့ ဇနီးမောင်နှံတွေအဖြစ် အတူတတွ ရှင်သန်နေထိုင်ကြလိမ့်မယ်… ပင်လယ်ရေတွေ ခမ်းခြောက်ပြီး တောင်တွေ ပြိုကွဲပျက်စီးတဲ့အထိ ဒီလက်တွဲမှုက ထာဝရ တည်မြဲလိမ့်မယ်… ချစ်သူတွေအဖြစ် အရင်ဆုံး ကတိကဝတ်ပြုပြီး အသက်ထက်ဆုံး ပေါင်းသင်းနေထိုင်သွားကြလိမ့်မယ် ”
“ ထာဝရအထိ တည်မြဲနေမယ့် ကတိကဝတ်ကို ဒီစာလွှာနဲ့ အချစ်မှတ်တမ်းထဲမှာ အနီရောင်သစ်ရွက်တွေနဲ့ သက်သေပြုရေးသားလိုက်တယ် ”
“ ဒီဟာက ကတိကဝတ်ဖြစ်တယ်… ဒီဟာက သက်သေဖြစ်တယ် ”
ဤအခိုက်အတန့်မှာ ရွှီချင်းက လက်မြှောက်လိုက်သည့်အခါ အချိန်လေဟာနယ်ဆူနာမီ၏ စွမ်းအားက ပရမ်းပတာ လှုပ်ခတ်သွားပြီး ထိုစာကြောင်းများထဲမှ စာလုံးအများစုကို ဖုံးကွယ်ပေးလိုက်သည်။ ထိုအခါ စာလုံးများက ဝေဝါးသွားကြသည်။
သို့သော်လည်း စာလုံး(၁၆)လုံးသည်တော့ ဖော်မပြနိုင်အောင် ကြည်လင်ရှင်းလင်းနေသည်။
ထိုစာလုံး(၁၆)လုံးကို အတူတကွ ပေါင်းစပ်လိုက်သည့်အခါ စာကြောင်းတစ်ကြောင်းက ဖွဲ့စည်းသွားသည်။
“ စာချုပ်ကို တည်ဆောက်တယ်… ရှေးဦးကံကြမ္မာကို ဆက်သွယ်ပေးတယ်… ထာဝရ နေနိုင်ပါစေ… သစ်ရွက်တွေက သက်သေပြုပေးလိမ့်မယ်… ဒီဟာက ကတိကဝတ်ပဲ ”
ရွှီချင်းက လက်မြှောက်လိုက်ပြီး စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ထံသို့ လက်ညှိုးညွှန်လိုက်သည်။
လက်ထပ်စာချုပ်၏ စာလုံး(၁၆)လုံးက ဖော်မပြနိုင်အောင် ထွန်းလင်းတောက်ပပြီး အချိန်လေဟာနယ်ဆူနာမီနှင့်အတူ အလွန်ကျယ်ပြောသော စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
ချက်ချင်းဆိုသလို စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော ကြယ်တာရာစက်ဝန်း၏ ကံကြမ္မာက ပြီးဆုံးသွားသည်။
သူ၏ အသိစိတ်က ညှိုးနွမ်းခြောက်သွေ့သွားသည်။
ယင်းက သစ်ရွက်ခြောက်ပမာ မြေပြင်ပေါ်သို့ ကြွေကျသွားသည်။
ကြယ်တာရာစက်ဝန်း၏ အမူအရာက သိသာစွာ ပြောင်းလဲသွားသည်။