ကြေကွဲဖွယ်ရာသတင်း(ဂ)
Vol. 46 Ch. 704
“ ရုံးတော်သခင် အကိုခုန်းရဲ့ လက်တလော စိတ်အခြေအနေက နည်းနည်း… ”
ရုံးတော်သခင်သည် မည်သည့်စကားမှ ပြန်မပြောပေ။
ရွှီချင်းသည် တိတ်တဆိတ် ပြန်ထွက်မသွားမီ အချိန်တစ်ခဏကြာ စောင့်ဆိုင်းခဲ့သည်။
….
ရွှီချင်း ထွက်ခွာသွားပြီးနောက် ရုံးတော်သခင်သည် မျက်လုံးပြန်ဖွင့်လိုက်သည်။ သူ၏ မျက်လုံးထဲမှ တတ်ကြွလှုပ်ရှားနေသော အသက်မီးတောက်အလင်းသည် အလျှင်အမြန် မှေးမှိန်သွားသည်။ သို့သော်လည်း ယင်းက နောက်တစ်ကြိမ် ပြန်လည်တောက်လောင်လာသည်။ ထိုအတွက် ပေးဆပ်မှုသည် သူ၏ ပါးစပ်ထောင့်မှ သွေးစီးကြောင်းဖြစ်သည်။
ရွှီချင်းသည် ကြီးမားသော စစ်ရွက်ဖျင်တဲ၏ အပြင်ဘက်တွင် မတ်တတ်ရပ်နေသော ခုန်းရှန်းလုံကို မြင်သွားသည်။
ခုန်းရှန်းလုံသည် ရွှီချင်းကိုကြည့်လိုက်ပြီး ခေါင်းညိတ်သည်။ စစ်ရွက်ဖျင်တဲထဲမှ ဆင့်ခေါ်သံထွက်ပေါ်လာသည့်အခါ ခုန်းရှန်းလုံသည် အထဲသို့ လျှောက်ဝင်သွားသည်။
ခုန်းရှန်းလုံ၏ စိတ်ပျက်မှိုင်တွေသော ပုံစံကိုကြည့်နေရင်း ရွှီချင်းသည် ညင်သာစွာ သက်ပြင်းချလိုက်လေသည်။ သို့သော်လည်း သူသည် စိတ်အေးအေးထားရုံမှလွဲ၍ တခြားရွေးချယ်စရာမရှိပေ။ သူက အတွင်းရေးမှူးဌာနကို စုစည်းလိုက်ပြီး အမိန့်များကို စတင်ထုတ်ပြန်လိုက်သည်။
ထိုသို့ဖြင့် စစ်မြေပြင်တွင် အချိန်သည် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။
စစ်ပွဲသည် ဆက်လက်ဖြစ်ပွားနေပြီး တစ်ရက်ထက်တစ်ရက် ပိုပိုပြင်းထန်လာသည်။ သေကြေပျက်စီးမှုအရေအတွက်သည် နေ့စဉ်နှင့်အမျှ ကြောက်မခန်းလိလိ တိုးမြင့်လာနေသည်။ စစ်တပ်များကို တစ်တပ်ပြီးတစ်တပ် ပို့လွှတ်ပြီးသည်နှင့် တပ်စခန်းထဲတွင် စစ်သည်တော်များ၏ အရေအတွက်သည် ပုံမှန်ထက် အများကြီး နည်းပါးသွားသည်။
ဤနေရာတွင် အလောင်းများသာ တောင်ပုံယာပုံဖြင့် ဆက်လက်များပြားလာသည်။
ရွှီချင်းသည် တပ်စခန်းထဲမှ ထွက်လျှောက်လာပြီး တိတ်တဆိတ် ရွေ့လျားသွားသည်။ ယခုဆိုလျှင် စစ်မြေပြင်သို့ သူရောက်ရှိလာသည်မှာ နှစ်ဆယ့်သုံးရက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ထိုနှစ်ဆယ့်သုံးရက်အတွင်း သူသည် သေဆုံးမှုအများအပြားကို မြင်တွေ့ခဲ့သည်။ ထို့အတူ မရေမတွက်နိုင်သော ရက်စက်ကြမ်းကြုတ်မှုနှင့် လူသားကမ္ဘာ၏ ကြေးချွတ်သန့်စင်ဘုံကိုလည်း မြင်တွေ့ခဲ့သည်။ စစ်မြေပြင်မှ ထစ်ချုန်းသံများကိုလည်း နားယဉ်ပါးလာသည်။
ယနေ့သည် တိုက်ပွဲဆက်များကြားမှ နောက်ထပ်အနားယူချိန် ဖြစ်သည်။ သူသည် အတွင်းရေးမှူးဌာနထဲသို့ လူသစ်စုဆောင်းရန် ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် အတွင်းရေးမှူးဌာနသည်လည်း စစ်မြေပြင်သို့သွားရောက်၍ တိုက်ပွဲဆင်နွှဲရန် တာဝန်ရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ၏ အတွင်းရေးမှူးဌာနထဲမှ လူတစ်ရာကျော်သည် စစ်မြေပြင်တွင် သေဆုံးသွားခဲ့ကြသည်။
ယခု ဌာနသည် လူအင်အားမလုံလောက်မှုပြဿနာကို ရင်ဆိုင်နေရသည်။
စစ်ပွဲတွင် နေ့စဉ်နှင့်အမျှ သေဆုံးနေသော လူအရေအတွက်ကို ရွှီချင်းစဉ်းစားမိသောအခါ သူ၏ ခြေလှမ်းသည် အနည်းငယ် လေးလံလာသည်။ ရုံးတော်သခင်၏ ပုံရိပ်သည် သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။ တစ်ဖက်လူသည် ပိုပိုပြီး မူမမှန်လာသည်မှာ ရှင်းလင်းပေသည်။
အသက်မီးတောက်အလင်းသည် မည်သူတစ်ဦးတစ်ယောက်၏ မျက်လုံးထဲမှာမှ ပြင်းထန်စွာ မသိပ်သည်းနိုင်ပေ။ ထို့အပြင် ယင်းသည် အလွန်အစွမ်းကြီးမားသောကြောင့် သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အန္တရာယ်အရှိန်အဝါကပင် ဖုံးကွယ်ခံလိုက်ရသည်။
ဝမ်းနည်းမှုသည် ရွှီချင်း၏ မျက်လုံးထဲတွင် ထွက်ပေါ်လာသည်။
ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူသည် အစပိုင်းတွင် မပြောနိုင်သော်လည်း အချိန်ကြာလာသည့်အခါ ယင်းကို သဘာဝအားဖြင့် နားလည်လာသည်။
ရုံးတော်သခင်သည် သူ၏ အလားအလာကို လောင်ကျွမ်းပစ်နေခြင်း ဖြစ်သည်။ ယင်းကို လောင်ကျွမ်းစေပြီးနောက် သူရရှိလာမည့် ကြောက်မက်ဖွယ်စွမ်းအားသည် ရုံးတော်သခင်၏ ထုတ်လွှတ်ခြင်းမခံရပေ။ ယင်းအစား ထိုကြောက်မက်ဖွယ်စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ထဲတွင် အင်အားစုဆောင်းနေသည့်အလား ရှိနေသည်။
“ နန်းမြို့တော်က စစ်ကူက တစ်ကယ်ပဲ ရောက်မလာနိုင်ဘူးလား ”
ရွှီချင်းသည် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။ ထိုမေးခွန်းသည် လူသားစစ်သည်တော်အားလုံး၏ စိတ်ထဲတွင်ရှိနေသော မေးခွန်းဖြစ်သည်။
ရွှီချင်းသည် ရုံးတော်သခင်၏ သံတော်ဆင့်ဖြစ်ပြီး စစ်မြေပြင်မှ သတင်းအချက်အလက်များစွာကို သိရှိထားသည့်တိုင် ထိုအကြောင်းနှင့်ပတ်သက်ပြီး မည်သည့်သတင်းမှမကြားမိပေ။
အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် ညင်သာစွာ သက်ပြင်းချလိုက်လေသည်။ သူသည် အလောင်းများကို ဖြတ်လျှောက်သွားစဉ် ရုတ်တရက် သူ၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။ သူက ဆတ်ခနဲ ခေါင်းလှည့်လိုက်ပြီး ဦးတည်ရာတစ်ခုထံသို့ ကြည့်လိုက်သည်။
ထိုနေရာတွင် အပြန်အလှန်ပွေ့ဖက်ထားသော ပိန်ပိန်ပါးပါး အလောင်းနှစ်လောင်းရှိသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာရှိပြီး သိပ်သည်းသော ဒြပ်နှောက သူတို့ကို ဝန်းရံထားသည်။ သူတို့သည် အသက်သေဆုံးသွားကြသည့်တိုင် တစ်ယောက်ကိုတစ်ယောက် မလွှတ်ထားကြပေ။
သို့တိုင် သူတို့သည် အပေါ်ပိုင်းခန္ဓာကိုယ်သာ ကျန်ရစ်ကြတော့သည်။
ရွှီချင်းသည် ထိုနေရာသို့ တိတ်တဆိတ် လျှောက်သွားပြီး အလောင်းနှစ်လောင်းကို ကြည့်လိုက်သည်။
“ စီနီယာအကိုကြီးချန်း… ”
တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားသော အလောင်းနှစ်လောင်းသည် ချန်းထင်ဟောင်နှင့် သူ၏ တာအိုလက်တွဲဖော် ဖြစ်သည်။
ရွှီချင်းသည် လွန်ခဲ့သော ရက်နှစ်ဆယ်ကျော်က ရှေ့တန်းဆီသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့စဉ် သူတို့ကို မြင်တွေ့ခဲ့သည်။ ထိုအချိန်တွင် ချန်းထင်ဟောင်သည် ဒဏ်ရာရရှိထားပြီး သူ၏ တာအိုလက်တွဲဖော်က သူ့ကို ပတ်တီးစည်းပေးနေခဲ့သည်။ ရွှီချင်းကိုမြင်သည့်အခါ သူတို့သည် သူ့ကို ပြုံးပြခဲ့သေးသည်။
သို့သော် ယခုအခါမှာတော့ သူတို့သည် ထာဝရကွဲကွာသွားချေ၏။
ရွှီချင်းသည် လက်ဝှေ့ယမ်းလိုက်ပြီး သူ၏ တာအိုဝတ်ရုံကိုချွတ်ကာ အလောင်းနှစ်လောင်းကို ဖုံးအုပ်ပေးလိုက်သည်။ ခဏအကြာမှာ သူက တိုးညင်းစွာ ရေရွတ်လိုက်သည်။
“ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ ”
ရွှီချင်းသည် မျက်လုံးမှိတ်လိုက်သည်။ သူသည် မျက်လုံးပြန်ဖွင့်ပြီးနောက် ဤနေရာမှ ထွက်ခွာသွားသည်။ ထိုအခိုက်အတန့်တွင် စစ်ပွဲသည် နောက်တစ်ကျော့ ပြန်စလာပြီဖြစ်ကြောင်း အသိပေးစစ်ခရာသံသည် မြည်ဟိန်းထွက်လာသည်။ စစ်ပွဲသည် ထပ်မံစတင်လာပြန်သည်။
တိုက်ပွဲ၏ စည်းချက်နှင့် ကြိမ်နှုန်းသည် ယခင်ထက် အရှိန်တိုးမြှင့်သွားကြောင်း ထင်ရှားပေသည်။
“ တားမြစ်ဓမ္မရတနာအားလုံးကို လှည့်ပတ်ပြီး တားမြစ်စွမ်းအားရဲ့ (၇၀)ရာခိုင်နှုန်းကို ထုတ်လွှတ်ပါ ”
“ ထိခိုက်ပျက်စီးထားတဲ့ စစ်ရုပ်သေးရုပ်တွေကို တစ်ခါသုံး ဖောက်ခွဲရေးလက်နက်တွေအဖြစ် စစ်မြေပြင်ဆီ ပို့လွှတ်ဖို့ အမိန့်ချတယ် ”
“ အင်ပါယာဓားကိုပြင်ဆင်ဖို့ ဓားကိုင်တွေကို သတင်းပို့ပါ ”
“ ဓမ္မဆူးချွန်တွေကို အသက်သွင်းပြီး သူတို့ရဲ့စွမ်းအားကို အဆင့်သုံးထိ တိုးမြှင့်ခိုင်းပါ… ပြီးတော့ သူတို့ကို ငါးယောက်တစ်ဖွဲ့စီ အုပ်စုဖွဲ့စေပြီး စစ်မြေပြင်ဆီ ထိုးဖောက်ခိုင်းပါ ”
“ စစ်တပ်တစ်ခုလုံးကို ပဉ္စမခံစစ်ဧရိယာဆီ အချိန်မရွေး ဆုတ်ခွာနိုင်အောင် ကြိုပြင်ဆင်ထားကြဖို့ အကြောင်းကြားထားပါ ”
ရုံးတော်သခင်သည် စစ်ရွက်ဖျင်တဲ၏ အပြင်ဘက်တွင် မတ်တတ်ရပ်နေပြီး အမိန့်များကို တိုက်ရိုက်ညွှန်ကြားနေသည်။ ယခုအချိန်တွင် သူ၏ နတ်ဘုရားအာရုံသည် ကောင်းကင်နှင့်မြေပြင်ကို အရောင်ပြောင်းလဲသွားရန် လုပ်ဆောင်နိုင်သည်။ ယခင်ကဲ့သို့ အမိန့်များကို တစ်ခုချင်းစီ ထုတ်ပြန်ရန် အတွင်းရေးမှူးဌာနကို မလိုအပ်တော့ပေ။ အစီအစဉ်အားလုံးကို သူ၏ စိတ်ထဲမှ အတွေးတစ်ချက်ဖြင့် လုပ်ဆောင်သွားလိမ့်မည်။
သို့သော်လည်း သူမြင်တွေ့ရသည်မှာ အလုံးစုံခြုံငုံထားသော ပန်းချီကားတစ်ချပ်သာ ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် အရာအားလုံးကို အသေးစိတ်အာရုံစိုက်ရန် မဖြစ်နိုင်ပေ။
အတွင်းရေးမှူးဌာနမှ တပည့်များကို သတင်းအချက်အလက်အတွက် စစ်မြေပြင်ဆီသို့ စေလွှတ်ရန် ရွှီချင်းကို သူလိုအပ်နေသေးသည်။ သူတို့သည် စစ်ပွဲကို အလုံးစုံခြုံငုံကြည့်ပြီး သတင်းအချက်အလက်များ စုဆောင်းကြရမည်။ ယင်းသည် ရုံးတော်သခင်ကို သတင်းအချက်အလက်ထောက်ပံ့ပေးပြီး အခြေအနေတစ်ခုလုံး ခြုံငုံသုံးသပ်နိုင်ရန် အကူအညီပေးလိမ့်မည်။
မကြာမီ စစ်မြေပြင်ပေါ်တွင် ပြင်းထန်သောတိုက်ပွဲ ဖြစ်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် တိုက်ပွဲသည် ယခင်ထက် အများကြီး ပိုပြင်းထန်လာသည်။ တစ်ဖက်တွင် စစ်မြေပြင်ကို သူ၏ မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့နေရ၏။ အခြားတစ်ဖက်တွင် သူသည် စစ်မြေပြင်၏ ဧရိယာအမျိုးမျိုးမှ သတင်းအချက်အလက်များကို စုဆောင်းနေရ၏။ ကြီးမားသော ကဒ်ဘေးတစ်ခုကို ရွှီချင်း ခံစားမိလာသည်။ ဤသည်မှာ အလွန်ကြီးမားသော အဆောက်အဦးတစ်ခုက ပြိုလဲခါနီးအခြေအနေသို့ ကျရောက်သွားနေဟန် တူသည်။
“ ရုံးတော်သခင် သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ ကျင့်ကြံသူတွေက မမောပန်းကြပါဘူး… အနက်ရောင်နှင်းက ယခင်ထက် (၅၀)ရာခိုင်နှုန်း ပိုပြီးသိပ်သည်းလာပါတယ် ”
“ စစ်ပွဲအတွင်း ဒဏ်ရာရရှိသူတွေရဲ့ သတင်းတင်ပြမှုနဲ့ ပြောင်းလဲသွားတဲ့ သူတို့ရဲ့ဓမ္မရတနာလည်ပတ်မှုနဲ့ ဖွဲ့စည်းပုံတွေကြောင့် သန့်စင်ရေလှိုင်းမျိုးနွယ်က တိတ်တိတ်ကလေး စစ်ကူရရှိခဲ့တယ်လို့ အတွင်းရေးမှူးဌာနက သုံးသပ်ပါတယ် ”
ရွှီချင်း၏ စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ပေါ်တွင် မုန်တိုင်းတစ်ခုသည် အလွန်ဝေးကွာသော မြောက်ဘက်ဒေသမှစတင်၍ အစပျိုးပေါ်ထွက်လာသည်။ မုန်တိုင်းသည် ကောင်းကင်ကို ထိုးဖောက်သွားပြီး မြေပြင်နှင့် ထိစပ်သွားသောအခါ စစ်မြေပြင်ဆီသို့ ပြင်းထန်သော လေကြမ်းနှင့်အတူ ဝင်ရောက်လာသည်။
ချက်ချင်းဆိုသလို မိုးရေစက်သည် မုန်တိုင်းထဲမှ ကျဆင်းလာပြီး စစ်မြေပြင်ပေါ်သို့ ရွာသွန်းလာသည်။
ထိုမိုးသည် သွေးမိုးဖြစ်သည်။
ယင်းသည် ဝေးကွာသော မြောက်ဘက်ဒေသမှ တိုက်ခတ်လာခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာ ရွှီချင်း၏ အမိန့်တော်ဓားထဲမှ တဝီဝီမြည်သံ ထွက်ပေါ်လာသည်။ မြောက်ဘက်စစ်မြေပြင်မှ တိုက်ပွဲသတင်းသည် တစ်ခါမှမကြုံစဖူး အရေးတကြီးပုံစံဖြင့် ဤနေရာသို့ ပေးပို့လာသည်။
သတင်းအချက်အလက်ကို ဖတ်ကြည့်ပြီးနောက် ရွှီချင်းသည် အသက်ရှူမြန်လာပြီး သူ၏ စိတ်သည် အပြင်းအထန် လှုပ်ခတ်သွားသည်။ သူသည် သမာဓိအားကောင်းသည့်သူဖြစ်သည့်တိုင် ဤအခိုက်အတန့်မှာ သူ၏ အမူအရာသည် သိသာစွာ ပျက်ယွင်းသွားသည်။ သူက အမိန့်တော်ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။
ယခု ကြီးမားသော စစ်ရွက်ဖျင်တဲ၏ အပြင်ဘက်တွင် ရုံးတော်သခင်အပြင် လက်ထောက်ရုံးတော်သခင်၊ စီမံခန့်ခွဲရေးမှူးနှစ်ယောက်နှင့် အမှတ်(၂)နှင့် အမှတ်(၃)စစ်တပ်ကို တာဝန်ယူကြီးကြပ်ရသော မဟာအကြီးအကဲများလည်း ရှိနေကြသည်။