ပိုင်လီဝိညာဉ်ဆေးလုံး ( ၁ )
Vol. 20 Ch. 306
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။
ချီရွှဲ့ထုံဂိုဏ်းဆိပ်ကမ်းနံပါတ် ( ၁၇၆ )၊
ရွှီချင်းသည် ယိမ်းခါနေသော ဓမ္မသင်္ဘော၏ ကုန်းပတ်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍ အဝေးရှိလောကကြီးကို ငေးကြည့်နေသည်။ မနက်ခင်းစောစောအချိန်ဖြစ်ပြီး ကောင်းကင်ကြီးတစ်ခုလုံး မီးများ လောင်ကျွမ်းလာသည့်အလား မိုးကုတ်စက်ဝိုင်းဆီမှ အနီရောင်အလင်းများ မြင့်တက်လာသည်။
ရွှီချင်းသည် တိတ်ဆိတ်စွာကြည့်နေ၏။
ကြယ်ငါးမျိုးနွယ် ချေမှုန်းသုတ်သင်ခံခဲ့ရသည်မှာ လဝက်ခန့်ရှိပြီဖြစ်သည်။
ထိုလဝက်အတွင်း ကြယ်ငါးမျိုးနွယ်ကြောင့် ဖြစ်ခဲ့သော မုန်တိုင်းမှာ ပျံ့နှံ့နေဆဲပင်။ ချီရွှဲ့ထုံဂိုဏ်းက ကြယ်ငါးမျိုးနွယ်၏ မကောင်းသောလုပ်ရပ်များနှင့် ကြယ်ငါးမျိုးနွယ်နောက်ကွက်ရှိ အလင်းတမန်အဖွဲ့အစည်းမှ ပိုင်လီအကြောင်း ကြေညာလိုက်သောအခါ နောက်ဆုံး၌ တခြားမျိုးနွယ်များမှာ သူတို့၏ ကောင်းကင်လက်ရွေးစင်များ ပျောက်သွားရသည့်အကြောင်းရင်းကို သိသွားကြသည်။ ကြယ်ငါးမျိုးနွယ်နှင့် အလင်းတမန်အဖွဲ့အစည်းပေါ် သူတို့၏ အမျက်ဒေါသမှာ စာဖွဲ့၍ပင် မရပေ။
ကြယ်ငါးမျိုးနွယ် သုတ်သင်ခံလိုက်ရပါသော်လည်း တခြားမျိုးနွယ်သုံးခု ကျန်နေသေးသည်။ ချီရွှဲ့ထုံဂိုဏ်းအနေဖြင့် ထိုမျိုးနွယ်သုံးခုကို သုတ်သင်နေရန် မလိုအပ်ပေ။ ကောင်းကင်လက်ရွေးစင်များ ဆုံးရှုံးထားခဲ့သော တခြားမျိုးနွယ်များက ထိုမျိုးနွယ်သုံးခု၏ နယ်မြေများသို့ ဦးတည်သွားကြသည်။ ထိုမျိုးနွယ်သုံးခုတွင် သံချည်မျှင်ပိုးကောင်အများအပြားနှင့် သက်သေများစွာကို သူတို့ မြင်ခဲ့ကြရသည်။
မကြာခင် အမှတ်ခြောက်သခင်ကြီးနှင့် တိုက်ပွဲတွင် အထိနာသွားခဲ့သော မျိုးနွယ်သုံးခုသည် တခြားမျိုးနွယ်များ၏ ဖျက်ဆီးခြင်းခံလိုက်ရသည်။
ထိုအချိန်က အမှတ်ခြောက်သခင်ကြီး၏ တိုက်ခိုက်မှုသည် ချီရွှဲ့ထုံဂိုဏ်းကို ပို၍ပင် ဂုဏ်သတင်းကြီးမားသွားစေခဲ့သည်။ မျိုးနွယ်အများစုမှာ ဆဋ္ဌမမြောက်တောင်ခံတပ်ကြီးကို စိုးရိမ်ကြောက်လန့်သွားကြသည်။
သို့သော် ဝေဖန်ဆန်းစစ်ပြီးနောက် တောင်ကြီးက အစွမ်းထက်သည့်တိုင်အောင် တောင်ကြီးထဲရှိ စွမ်းအင်ရင်းမြစ်က သာမန်ဖြစ်သည်ကို လူအများစု တွေးမိလိုက်ကြသည်။ ထိုစွမ်းအင်ရင်းမြစ်က တည်နေရာရွှေ့ပြောင်းခြင်းကို ထောက်ပံ့ပေးပါသော်လည်း ဖိနှိပ်ချုပ်နှောင်သည့်ကဏ္ဍတွင် အားနည်းနေသေးသည်။
လူသားမျိုးနွယ်၏ တိုက်ပွဲဝင်အလံကြီးသာ ရှိမနေခဲ့ပါက အလင်းတမန်အဖွဲ့ဝင်ကို အမှတ်ခြောက်သခင်ကြီး ချုပ်နှောင်နိုင်ခဲ့မည်မဟုတ်ကြောင်း တွေးထင်နေကြသော လူတချို့ပင် ရှိသည်။
မည်သို့ပင် ဆိုစေကာမူ ကြယ်ငါးမျိုးနွယ် ချေမှုန်းခံလိုက်ရပြီး အလင်းတမန်အဖွဲ့ဝင် ပိုင်လီ သန့်စင်ခံလိုက်ရသည်။ ထို့ကြောင့် ချီရွှဲ့ထုံဂိုဏ်း၏ အင်အားက တခြားမျိုးနွယ်ဝင်များ၏ နှလုံးသားများထဲ စိမ့်ဝင်သွားသည်။
အမှတ်ခြောက်သခင်ကြီးက ကြယ်ငါးမျိုးနွယ်တစ်ခုလုံးကို သန့်စင်ပြီးနောက် ရွှီချင်းနှင့် ခေါင်းဆောင်တို့ကို ချီရွှဲ့ထုံဂိုဏ်းသို့ ပြန်ခေါ်သွားခဲ့သည်။ သူတို့ ပြန်ရောက်ပြီးနောက် အမှတ်ခြောက်သခင်ကြီးသည် ငြိမ်သက်နေပြီး ရွှီချင်းသည်လည်း ငြိမ်သက်နေခဲ့၏။
သူတို့စိတ်ထဲမှ ရန်သူကို သတ်ဖြတ်ပြီးသည့်တိုင်အောင် ပျော်ရွှင်ခြင်းကို သူတို့ မခံစားခဲ့ရပေ။ ထိုအစား သူတို့သည် တည်ငြိမ်လာပြီး သူတို့ရင်ထဲ၌ အမြစ်တွယ်နေခဲ့သော လွမ်းဆွေးစိတ်များ ပျောက်ကွယ်လာခဲ့သည်။
သို့သော်လည်း ဘဝရထားကြီးသည် ဆက်လက်ခုတ်မောင်းနေခဲ့၏။
“ ဆရာ့ကို နှုတ်ဆက်ပါတယ် ”
ရွှီချင်းက သေရည်အိုးကို ကောက်ကိုင်လိုက်သည်။ သူက သေရည်အိုးကို ကျစ်ထူဘက်သို့ မြှောက်ပြလိုက်ပြီး တစ်ကျိုက်မော့ချလိုက်သည်။ ထို့နောက် မျက်လုံးများကို မှိတ်လိုက်သည်။
သူ မျက်လုံးများကို မှိတ်လိုက်သည့်အခိုက် သူ့ကိုယ်ထဲမှ တဂျိမ်းဂျိမ်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားသည်။ ဓမ္မတံခါး ( ၆၅ ) ခုက အရှိန်တညီးညီးတောက်လောင်နေသော မီးဖိုကြီးတစ်ခုအလားပင်။ ၎င်းတို့အပေါ်တွင် အကြွင်းအကျန်ဝိညာဉ်အမြောက်အမြား သန့်စင်ခံနေရသည်။
ထိုဝိညာဉ်များသည် ကြယ်ငါးမျိုးနွယ်ဝင်များ၏ ဝိညာဉ်များဖြစ်သည်။ ထိုဝိညာဉ်များက စွမ်းအင်အများအပြား မထောက်ပံ့နိုင်ပါသော်လည်း ဝိညာဉ်အများအပြားရှိနေသည်ဖြစ်၍ ဓမ္မတံခါးများဖွင့်ရာတွင် အနည်းငယ် အထောက်အကူ ဖြစ်သည်။
ထိုဝိညာဉ်များအနက် ရွှီချင်း၏ဓမ္မတံခါးတစ်ခုထဲ ချုပ်နှောင်ထားခဲ့သော ထူးခြားသည့်ဝိညာဉ်တစ်ခုလည်း ရှိသည်။ ထိုဝိညာဉ်သည် နေ့ရောညပါ လောင်ကျွမ်းနေပြီး ဘယ်တော့မှ မရပ်ပေ။
ထိုဝိညာဉ်သည် သဘာဝလွန်မိစ္ဆာမျိုးနွယ်မှ ကျင့်ကြံသူ၏ဝိညာဉ်ဖြစ်သည်။
အရိပ်ဖြင့် ဖမ်းဆီးခံလိုက်ရပြီးနောက် ရက်အနည်းငယ်ကြာသည်အထိ ရွှီချင်း၏နှိပ်စက်ညှဉ်းပန်းခြင်း ခံခဲ့ရသည်။ ထို့နောက် ရွှီချင်းက သူ့ဝိညာဉ်ကို အောင်မြင်စွာ နှုတ်ယူခဲ့သည်။
ကျင်းဝူလျန့်ဝမ့်လင်အတတ်က ထိုသဘာဝလွန်မိစ္ဆာမျိုးနွယ်၏ ပါရမီကို မစုပ်ယူနိုင်ခဲ့ပေ။ ယင်းမှာ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်ကြောင့်မဟုတ်ဘဲ မူလစွမ်းအားများ နည်းပါးနေခြင်းကြောင့် ဖြစ်သည်။ တခြားမျိုးနွယ်၏ ပါရမီကို သူ ယူချင်ပါက ထိုမျိုးနွယ်ဝင်အများအပြားကို သူ သန့်စင်ရန် လိုအပ်သည်။
ထိုသည်ကို ရွှီချင်း ဂရုမစိုက်ပေ။ သူ ဂရုစိုက်သည့်တစ်ခုတည်းသောအရာမှာ ထိုကျင့်ကြံသူကို ညှဉ်းပန်းနှိပ်စက်ရန်သာ ဖြစ်သည်။
သို့သော်လည်း ထိုမျိုးနွယ်၏ ဝိညာဉ်များ၌ တခြားလက္ခဏာတစ်ခုရှိသည်။ သူတို့ဝိညာဉ်စွမ်းအားက တဖြည်းဖြည်း ပြန်ကောင်းလာခြင်းဖြစ်သည်။ သူတို့ကို ဖိနှိပ်ပြီး သန့်စင်နေသောအခါမှာပင် သူတို့ ဝိညာဉ်စွမ်းအားက ပျောက်ပျယ်သွားခြင်း မရှိပေ။
“ အမှတ်ခြောက်သခင်ကြီးက ကြယ်ငါးမျိုးနွယ်ရဲ့ ဝိညာဉ်တွေကို နှုတ်ယူပြီး ဖယောင်းတိုင်တစ်တိုင်အဖြစ် သန့်စင်လိုက်တယ်။ အဲဒီလို ငါမလုပ်နိုင်ပေမဲ့ ဒီဝိညာဉ်ကို သေချင်လာတဲ့အထိ နှစ်အကြာကြီး ချုပ်နှောင်လို့ရတယ်။ ဒီဝိညာဉ်က ငါ့ကို ဝိညာဉ်စွမ်းအားတွေ ဆက်ထောက်ပံ့ပေးမှာပဲ။ တစ်နေ့ကျရင် ဒီဝိညာဉ်ရဲ့ပါရမီကို ငါ နှုတ်ယူချင်နှုတ်ယူနိုင်လောက်မှာ ”
ရွှီချင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။
ဝိညာဉ်စွမ်းအားများ ဆက်လက်ထောက်ပံ့ပေးနေသော ထိုဝိညာဉ်၏ ထူးခြားမှုကြောင့်ဖြစ်စေ၊ ထိုသဘာဝလွန်မိစ္ဆာကို မုန်းတီးခြင်းကြောင့်ဖြစ်စေ ထိုဝိညာဉ်အား သူ အလွယ်တကူ ဝါးမျိုပစ်မည် မဟုတ်ပေ။
ထိုအချိန်၌ သူ့ခန္ဓာကိုယ် တဂျိမ်းဂျိမ်းမြည်ဟည်းလာသည်။ ချုပ်နှောင်ခံထားရသော ဝိညာဉ်မှလွဲ၍ ကျန်ဝိညာဉ်များအားလုံး အားလှိုင်းတစ်ခုအသွင်ပြောင်းလဲကာ ခြောက်ဆယ့်ခြောက်ခုမြောက် ဓမ္မတံခါးကို တိုက်ခိုက်လိုက်သည်။ တခဏလေးအတွင်း ခြောက်ဆယ့်ခြောက်ခုမြောက်ဓမ္မတံခါး ပွင့်သွားသည်။ ယင်းသည် အဆုံးသတ် မဟုတ်ပေ။
ခဏအကြာ ခြောက်ဆယ့်ခုနစ်ခုမြောက်ဓမ္မတံခါး ပွင့်သွားသည်။
လက်ကျန်အားလှိုင်းများ ခြောက်ဆယ့်ရှစ်ခုမြောက်ဓမ္မတံခါးတည်နေရာတွင် ဆက်လက်စုစည်းလာသည်။ အချိန်အတော်ကြာသည်အထိ ပွတ်တိုက်နေပြီးနောက် ထိုဓမ္မတံခါး ပွင့်သွားသည်။
ရွှီချင်း၏တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ့အရှိန်အဝါနှင့် ဓမ္မစွမ်းအားများ သိသိသာသာ တိုးပွားလာသည်။
ဒုတိယမြောက်သက်စောင့်မီးတောက်ပြီးနောက် ဓမ္မတံခါးများအား ဖွင့်ရာတွင် ယခင်ကထက် များစွာ ခက်ခဲလာသည်ကို သူ အာရုံခံမိနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထို့အပြင် ကြယ်ငါးမျိုးနွယ်၏ ဝိညာဉ်များမှာ မပြည့်စုံသည့်အတွက်ကြောင့် ဓမ္မတံခါးသုံးခုကိုသာ ဖွင့်ပေးနိုင်သည်။
ရွှီချင်းသည် မျက်လုံးများကို ဖွင့်လိုက်ပြီး ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်လိုက်သည်။
ထိုကျောက်စိမ်းသေတ္တာထဲတွင် အနက်ရောင်ဆေးလုံးတစ်လုံး ရှိသည်။
သွေးဆာနေသော ဝိညာဉ်အရိပ်တစ်ခု ထိုဆေးလုံးပေါ်မှာ ပေါ်လာပြီး ဆေးလုံး၏အချုပ်အနှောင်များကို ဖောက်ဖျက်ကာ ထွက်ပြေးချင်နေသည့်အလား ဟိန်းဟောက်လိုက်သည်။ သို့သော်လည်း သူ ထိုသို့မလုပ်နိုင်ပေ။
ယင်းသည် အလွန်အဖိုးတန်သော အဆင့်မြင့်ဝိညာဉ်ဆေးလုံးဖြစ်သည်။
မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်ကို ကျင့်ကြံနေသည့်ကျင့်ကြံသူများအတွက် ဝိညာဉ်များသည် ဓမ္မတံခါးများကို ဖွင့်ရန် လောင်စာဖြစ်သည်။ ထို့ကြောင့် သူတို့ကျင့်ကြံခြင်းကို တိုးတက်စေရန် သတ္တဝါအများအပြား သတ်ဖြတ်ကာ ဝိညာဉ်များကို နှုတ်ယူရန် လိုအပ်သည်။
သို့သော်လည်း စစ်ပွဲသာ မရှိပါက သတ္တဝါများစွာ သတ်ဖြတ်ရန် မလွယ်ကူပေ။ ထို့ကြောင့် ဝိညာဉ်ဆေးလုံးများ ပေါ်လာသည်။ ထိုကဲ့သို့ ဝိညာဉ်ဆေးလုံးတစ်လုံးသည် ကျင့်ကြံသူတစ်ယောက်ကို ဝိညာဉ်စွမ်းအားအများအပြား ထောက်ပံ့ပေးနိုင်သည်။
ဥပမာအနေဖြင့် ပထမတောင်ထိပ်မှ ဝူကျန်းဝူ ပစ်ပေါက်လိုက်သော ဆေးလုံးသည်လည်း ဝိညာဉ်ဆေးလုံးဖြစ်သည်။ သို့သော် ထိုဆေးလုံး၏ အဆင့်က အလွန် နိမ့်ကျသည်။
ရွှီချင်း၏ဆေးလုံးမှာမူ ပိုင်လီ၏ ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို အမှတ်ခြောက်သခင်ကြီး ဖော်စပ်ပြီးနောက် ရရှိလာသည့်ဆေးဖြစ်ပြီး ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် သူ့ကို ထိုဆေး ပေးခဲ့ခြင်း ဖြစ်သည်။
အမှတ်ခြောက်သခင်ကြီးက အလွန့်အလွန်နည်းပါးသော ဝိညာဉ်အစိတ်အပိုင်းကိုသာ နှုတ်ယူခဲ့သည်။
အမှတ်ခြောက်သခင်ကြီးသည် ဖြောင့်မတ်တည်ကြည်သူဖြစ်သည်။ သူသည် ဓမ္မအသုံးအဆောင်စွမ်းအားများကို ပြန်လည်ဖြည့်တင်းရန် ဝိညာဉ်အများအပြား လိုအပ်သည်ဖြစ်နေ၍သာ ရွှီချင်းကို ဆေးလုံးတစ်လုံးတည်း ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူ့အပေါ်မှာ ရွှီချင်း၏ ကျေးဇူးရှိနေသေးကြောင်း ရွှီချင်းကို သူ ပြောခဲ့သည်။