← Chapters

မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှာ မိစ္ဆာဒိဌိတွေ ရှိတယ်

Vol. 77 Ch. 1189

မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှာ မိစ္ဆာဒိဌိတွေ ရှိတယ်

Vol. 77 Ch. 1189

ရွှီချင်းသည် အင်ပါယာအကယ်ဒမီ၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။

ထိုနေ့ညတွင် အေးစိမ့်စိမ့်လေညင်းသည် နန်မြို့တော်တစ်လျှောက် တိုက်ခတ်သွားပြီး မြေပြင်ပေါ်မှ အကြွင်းအကျန်နှင်းပွင့်များကို ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားစေသည်။

အေးစိမ့်စိမ့်လေညင်း၏ ညည်းသံကြားမှာ အစိမ်းရောင်နှင်းပွင့်ကို ရရှိခဲ့ကြသော မူကွဲအင်မော်တယ်ကျောင်းတော်မှ တပည့်ရင်းသုံးယောက်သည် ဘဝအသစ်တစ်ခု စတင်လာကြသည်။

သူတို့၏ မူလရှိပြီးသော ဝိညာဉ်ချည်မျှင်ရာဂဏန်းသည် တစ်ဟုန်ထိုး တိုးမြှင့်သွားသည်။

မူကွဲအင်မော်တယ်ကျောင်းတော်သို့ ပထမဆုံး ဝင်ရောက်ခဲ့ကြသော တပည့်ရင်းများအနေဖြင့် မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျင့်ကြံခြင်းအတတ်ကို ကျင့်ကြံရာတွင် မည်သည့်ထူးခြားမှုမှ မရှိခဲ့သော်လည်း ယင်းကို နေ့နေ့ညည ကျင့်ကြံခဲ့သောကြောင့် သူတို့၏ ဝိညာဉ်သည် သာမန်လူများထက် ပိုပြီးသန်မာသည်။

ထို့ကြောင့် ကောင်းကင်ယံတွင် နေထွက်လာပြီး ညအမှောင်က ကွယ်ပျောက်သွားသည့်အခါ တပည့်သုံးယောက်၏ အမူအကျင့်သည် လုံးဝပြောင်းလဲသွားသည်။

သူတို့၏ ကျင့်ကြံခြင်းအခြေခံက တိုးမြှင့်သွားသည့်အခါ သူတို့၏ အကြည့်သည် ပိုပြီးစူးရှလာသည်။

သူတို့၏ ခန္ဓာကိုယ်သည် မူကွဲအင်မော်တယ်အတတ်ပညာ၏ တမူထူးခြားသော ဝိညာဉ်အားလှိုင်းအတတ်အကျများကို ထုတ်လွှတ်နေသည်။ သူတို့သုံးယောက်ထဲတွင် အနိမ့်ဆုံးသည် ဝိညာဉ်ချည်မျှင်သုံးထောင်ကျော်ပြီး အမြင့်ဆုံးသည် ဝိညာဉ်ချည်မျှင်ခြောက်ထောင်ကျော်သည်။

သူတို့က မျှော်စင်ထဲသို့ ဝင်ရောက်လာကြသည့်အခါ သူတို့၏ ခန္ဓာကိုယ်မှ ပြောင်းလဲသွားသော အရှိန်အဝါကို လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးအပါအဝင် တခြားတပည့်ရင်း(၉)ယောက်က ချက်ချင်း အာရုံခံမိသွားကြသည်။ သူတို့အားလုံးသည် မအံ့ဩဘဲ မနေနိုင်ကြပေ။

ကျောင်းအုပ်ကြီးသည် သူ့ဆီသို့ လျှောက်လှမ်းလာနေသော တပည့်သုံးယောက်ကို ချီးမွမ်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ ကျေးဇူးတင်ပါတယ် ဆရာ ”

သူတို့သုံးယောက်က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြလေရာ တစ်ဖက်လူ၏ မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုကို မြင်သွားကြသည်။ မူကွဲအင်မော်တယ် တာအိုမျိုးစေ့ထဲမှာ လျှို့ဝှက်အန္တရာယ်များ ရှိကောင်းရှိနေနိုင်သော်လည်း သိသိသာသာ တိုးပွားလာသော ဝိညာဉ်ချည်မျှင်များသည် ထင်သာမြင်သာသော အကျိုးကျေးဇူးဖြစ်သည်။ ထို့ကြောင့် သူတို့၏ နှလုံးသားထဲမှာ စိတ်ဓာတ်ပြတ်သားမှု ထွက်ပေါ်လာသည်။

“ မင်းတို့က မူကွဲအင်မော်တယ် တာအိုမျိုးစေ့ကို ကောင်းကောင်း စုပ်ယူပြီးပြီပဲ… မင်းတို့ နောက်ဆက်လုပ်ရမှာက မင်းတို့ရဲ့ ဝိညာဉ်ကို မြန်နိုင်သမျှမြန်မြန် သိပ်သည်းစေပြီး သန်မာလာအောင် လုပ်ဖို့ပဲ ”

“ အမြဲမှတ်ထားပါ… မင်းတို့ရဲ့ ဝိညာဉ်က ပိုပြီးသိပ်သည်းလေ ပိုပြီးများပြားတဲ့ ဝိညာဉ်ချည်မျှင်တွေကို စုဆောင်းနိုင်လေပဲ ”

“ မူကွဲအင်မော်တယ် တာအိုမျိုးစေ့က မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ အရေးကြီးတဲ့ ကျင့်ကြံခြင်းမျိုးစေ့ဖြစ်တယ်…အဲ့ဒါက အင်ပါယာအဆင့် ကျင့်ကြံခြင်းအတတ်ပညာလိုပဲ ငါတို့က တာအိုမျိုးစေ့ကို စနစ်တကျ ကျင့်ကြံပေးဖို့ လိုအပ်တယ် ”

ကျောင်းအုပ်ကြီးက ခေါင်းညိတ်လိုက်သည်။

သူ၏ စကားက တခြားတပည့်ရင်းများ၏ နားထဲသို့ ဝင်ရောက်သွားသောအခါ သူတို့အားလုံးသည် နှလုံးတုန်လှုပ်သွားကြသည်။ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည်ပင် အနည်းငယ် အသက်ရှူမြန်လာသည်။ သူက ကျောင်းအုပ်ကြီးကို မေးမြန်းရန် ပြင်လိုက်သည်။

ထိုအခိုက်အတန့်မှာ ရွှီချင်း၏ ပုံရိပ်က အဖြူရောင်မျှော်စင်၏ ဂိတ်တံခါးမှာ ထွက်ပေါ်လာသည်။ သူက အထဲသို့ လျှောက်ဝင်လာသည်နှင့်ချက်ချင်း အကြည့်များစွာသည် သူ့အပေါ်သို့ စုပြုံကျရောက်သွားကြပြီး သူ့ကို အာရုံခံကြည့်ရန် ကြိုးစားလိုက်ကြသည်။

နောက်အခိုက်အတန့်မှာ သူ့နည်းတူ တာအိုမျိုးစေ့ ရရှိခဲ့ကြသော တပည့်ရင်းသုံးယောက်သည် ထိတ်လန့်သွားကြသည်။ ကျောင်းအုပ်ကြီး၏ မျက်လုံးထဲမှာ သိပ်သည်းသော အလင်းရောင် ထွက်ပေါ်လာသည်။ သူက ဝမ်းသာအားရ မတ်တတ်ထရပ်လိုက်သည်။

တခြားတပည့်ရင်းကိုးယောက်သည်လည်း စိတ်ခံစားချက် မတည်မငြိမ်ဖြစ်သွားကြသည်။

ရွှီချင်းထံမှ ပိုမိုသန်မာသော ဝိညာဉ်ချည်မျှင်အားလှိုင်းအတတ်အကျကို သူတို့အာရုံခံမိကြသည်။ ထိုသို့ခံစားမှုသည် အနည်းဆုံး ဝိညာဉ်ချည်မျှင်တစ်သောင်း ဖွဲ့စည်းနိုင်သူဆီမှာသာ ရှိနိုင်ပေသည်။

“ ကောင်းတယ် ကောင်းတယ် ကောင်းတယ်… ရွှမ်လဲ့ဇီ… အတိတ်မှာ ဒီအဖိုးကြီး မင်းကို စစမြင်ခဲ့တုန်းက မင်းရဲ့ အနာဂတ်က ထူးခြားလိမ့်မယ်လို့ ခံစားမိခဲ့တယ်… အခု ကြည့်ရတာတော့ မင်းက ငါ့မူကွဲအင်မော်တယ်ကျောင်းတော်နဲ့ တကယ် သင့်တော်တာပဲ ”

ကျောင်းအုပ်ကြီးသည် ရယ်မောလိုက်သည်။ သူ၏ အကြည့်က ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။ သူက ပိုပြီးကြည့်မိလေ ပိုပြီးအံ့ဩမိလေ ဖြစ်သည်။ တစ်ဖက်လူက သူ၏ ဝိညာဉ်မျိုးစေ့ဖြင့် အပြည့်အဝ ပေါင်းစပ်သွားကြောင်း သူအာရုံခံနိုင်သည်။ ထို့ပြင် ထိုဝိညာဉ်မျိုးစေ့မှတဆင့် ရွှီချင်း၏ ဝိညာဉ်က သာမန်လူများထက် အဆပေါင်းများစွာ ပိုပြီးသိပ်သည်းကြောင်း သူအာရုံနိုင်သည်။

ထိုအချက်ကြောင့် ရွှမ်လဲ့ဇီက အားကောင်းသော ဝိညာဉ်ဖြင့် မွေးဖွားလာသူဖြစ်ရမည်ဟု ကျောင်းအုပ်ကြီးက ကောက်ချက်ချလိုက်သည်။

ထိုကဲ့သို့ မွေးရာပါ ဝိညာဉ်အားကောင်းသူများသည် အများကြီး မရှိသော်လည်း အမှန်တကယ် တည်ရှိကြသည်။ အထူးသဖြင့် အင်ပါယာအကယ်ဒမီထဲမှ ကျောင်းတော်သားများထဲတွင် ထိုကဲ့သို့ တမူထူးခြားသူများက အများအပြားရှိပေသည်။

ရွှီချင်းသည် ကျောင်းအုပ်ကြီးကို အရိုအသေပေးလိုက်သည်။ သူက အကူအညီမဲ့မှုကို ခံစားမိသွားသည်။

သူက ထိုသို့မလုပ်ဆောင်ချင်သော်လည်း သူ၏ သရုပ်ကို မြန်ဆန်စွာ ထုတ်ဖော်ရန် ဆန္ဒမရှိပေ။ အကယ်၍ သူသာ ဝိညာဉ်ချည်မျှင်ကို လုံးဝမထုတ်လုပ်နိုင်လျှင် တခြားလူများက ပြဿနာအရင်းအမြစ်အား ရှာတွေ့သွားရန် အလွန်လွယ်ကူပေသည်။

သို့ဖြစ်၍ သူက အပြင်လောက၏ အသိအမြင်ကို ဝေဝါးစေရန် ပုံမှန်ဝိညာဉ်ချည်မျှင်တချို့ကို ဖွဲ့စည်းရန် ကြိုးစားကြည့်ခဲ့သည်။ သို့သော်လည်း သူ၏ နတ်ဘုရားအရင်းအမြစ် ဝိညာဉ်ချည်မျှင်များသည် အလွန်အံ့ဖွယ်ကောင်းသည်။ သူက ဝိညာဉ်ချည်မျှင်တစ်ခုကို အနည်းငယ် ခွဲထုတ်လိုက်သည့်တိုင် ထိုထဲမှာ ပုံမှန်ဝိညာဉ်ချည်မျှင်တစ်သောင်း၏ အားလှိုင်းအတတ်အကျများ ပါဝင်နေသည်။

ယင်းကို ထိုထက်ပိုပြီး မလျော့နိုင်တော့ပေ။

ထို့ကြောင့် ဤကဲ့သို့မြင်ကွင်း ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

သို့သော်လည်း ထိုစိုးရိမ်မှုနှင့်နှိုင်းယှဉ်လျှင် မနေ့ညက ရိတ်သိမ်းမှုသည် သူ့ကို အတော်လေး စိတ်ကျေနပ်စေခဲ့သည်။

မနေ့ညက တခြားတပည့်ရင်းသုံးယောက်က ဝိညာဉ်မျိုးစေ့ကို စုပ်ယူပြီး သူတို့၏ ကျင့်ကြံခြင်းကို စတင်လိုက်ကြသည့်အခါ သူ့အပေါ် အကျိုးသက်ရောက်မှု ရှိခဲ့သည်။ ယင်းက ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှ ဝဲကတော့ထဲမှာ နတ်ဘုရားအရင်းအမြစ်အပိုင်းအစတချို့ကို ထပ်မံ ထွက်ပေါ်လာစေသည်။

ဤအခိုက်အတန့်မှာ အဖြူရောင်မျှော်စင်ထဲတွင် ရွှီချင်းက ကူကယ်ရာမဲ့နေစဉ် ကျောင်းအုပ်ကြီးသည် ပြောမပြနိုင်အောင် စိတ်လှုပ်ရှားနေသည်။ သူက ရွှီချင်းနှင့် တခြားတပည့်ရင်းသုံးယောက်ကို ကြည့်လိုက်သည်။ ကြီးမားသော ရည်မှန်းချက်က သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး တခြားတပည့်ရင်းကိုးယောက်ကို ကြည့်လိုက်သည်။

“ မင်းတို့မြင်တယ်မလား… မင်းတို့အားလုံးရဲ့ အနောက်မှာ အင်အားစုတစ်ခုရှိတာကို ငါသိတယ်… ဒါပေမဲ့ အဲ့ဒါက ကိစ္စမရှိဘူး… ငါ့မူကွဲအင်မော်တယ်ကျောင်းတော် ပြန်လည်မြင့်တတ်တော့မယ့်အချိန်မှ မင်းတို့ဝင်ရောက်လာခဲ့တာ မင်းတို့ရဲ့ ကံကောင်းမှုပဲ ”

“ အင်ပါယာအကယ်ဒမီက သဘောထားကြီးမြတ်တယ်… ငါတို့မူကွဲအင်မော်တယ်ကျောင်းတော်မှာ သစ္စာရှိတဲ့ တပည့်တွေကိုပဲ အတွင်းပိုင်းအတတ်ပညာသင်ကြားပေးတဲ့ စည်းမျဉ်းရှိတယ်ဆိုပေမဲ့ ငါတို့က သဘောထားကြီးမြတ်တယ် ”

“ ဒါကြောင့် မင်းတို့တွေလည်း ကောင်းကောင်းမွန်မွန် ဆောင်ရွက်ကြပါ… မင်းတို့ထဲမှာ တပည့်ရင်းအယောက်တစ်ရာပြည့်အောင် ပထမဆုံး စုဆောင်းနိုင်တဲ့လူကို ဒီအဖိုးကြီးက ချွင်းချက်ထားပြီး မူကွဲအင်မော်တယ် မျိုးစေ့တစ်ခု ပေးအပ်မယ် ”

ဤသည်ကို လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးအပါအဝင် တခြားတပည့်ရင်း(၉)ယောက်က ကြားသွားသောအခါ ချက်ချင်း ဦးညွတ်လိုက်ကြသည်။ သူတို့အားလုံးမှာ ကိုယ်စီအတွေးများ ရှိကြသည်။ သို့သော်လည်း မည်သို့ဖြစ်ပါစေ ရွှီချင်းနှင့် တခြားတပည့်ရင်းသုံးယောက်က သူတို့၏ အရှေ့မှာ အောင်မြင်သွားခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ကြသည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့အားလုံးက မူကွဲအင်မော်တယ် မျိုးစေ့ဖြင့် ဆွဲဆောင်ခံလိုက်ရကြသည်။

ထိုသို့ဖြင့် မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှာ လူစုဆောင်းသော ပြိုင်ပွဲတစ်ခု စတင်လာသည်။

နောက်ရက်အနည်းငယ် ကြာပြီးနောက် ရွှီချင်းနှင့် တခြားသုံးယောက်၏ ဝိညာဉ်ချည်မျှင်ဖွဲ့စည်းမှုက ခုန်ပျံကျော်လွှားပြီး မြင့်တတ်သွားသည်ဟူသော သတင်းက အင်ပါယာအကယ်ဒမီထဲမှာ ပျံ့နှံ့သွားသည်။ ထိုသတင်းက အမှန်ဟုတ်မဟုတ် အတည်ပြုရန်အတွက် အဆုံးမရှိသော လူတန်းကြီးသည် မူကွဲအင်မော်တယ်ကျောင်းတော်၏ အရှေ့သို့ ရောက်ရှိလာကြသည်။ မုန်တိုင်းသည် အင်ပါယာအကယ်ဒမီထဲမှာ ဖြစ်ပေါ်လာသည်။

နောက်ဆက်တွဲ ဖြစ်ပေါ်လာသော အခြေအနေများက မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှာ အတွင်းပိုင်းအတတ်ပညာ အမှန်တကယ် တည်ရှိကြောင်း သက်သေပြပေးနေသည်။ ထိုသို့ဖြင့် တပည့်ရင်းများသည် တစ်ယောက်ပြီးတစ်ယောက် တိုးပွားလာကြသည်။

ထိုသို့ဖြင့် တစ်ပတ်ကြာပြီးနောက် မူကွဲအင်မော်တယ်ကျောင်းတော်၏ တပည့်ရင်းအရေအတွက်သည် တစ်ရာကျော်သွားသည်။

ရွှီချင်းနှင့် တခြားသုံးယောက်၏ ကျင့်ကြံခြင်းသည် ထိုတစ်ပတ်အတွင်းမှာ ဆက်လက် မြင့်တတ်သွားခဲ့သည်။ အနိမ့်ဆုံးအရေအတွက်သည် ငါးထောင်ဖြစ်သည်။ ရွှီချင်းနှင့် တစ်ခြားတစ်ယောက်သည်တော့ တစ်သောင်းသုံးထောင်နှင့် တစ်သောင်းလေးထောင်သို့ အသီးသီး ရောက်ရှိသွားကြသည်။

ဤသည်ကို တခြားတပည့်ရင်းများက မြင်သွားသောအခါ မျက်လုံးနီရဲသွားကြသည်။ တချို့သည် သူတို့၏ ကိုယ်ကျိုးအတွက် လုပ်ဆောင်နေကြခြင်းဖြစ်ပြီး တချို့သည် တာဝန်ထမ်းဆောင်နေကြခြင်း ဖြစ်သည်။ သို့သော်လည်း မည်သို့ဖြစ်ပါစေ တာအိုမျိုးစေ့က အင်ပါယာအကယ်ဒမီတစ်ခုလုံး၏ စိတ်အာရုံကို အောင်မြင်စွာ ဆွဲဆောင်သွားခဲ့သည်။

နောက်ဆုံးမှာတော့ ဆယ့်နှစ်ရက်မြောက်နေ့၏ ညနေခင်းအချိန်တွင် တပည့်ရင်းတစ်ယောက်သည် လူအယောက်တစ်ရာပြည့်အောင် အောင်မြင်စွာ စုဆောင်းနိုင်သွားသည်။

တပည့်ရင်းအားလုံး၏ အရှေ့မှာ ကျောင်းအုပ်ကြီးသည် ဂုဏ်ပြုပွဲတစ်ခု ကျင်းပပေးခဲ့သည်။ ဂုဏ်ပြုပွဲအခမ်းအနားနှင့်အတူ သူက မူကွဲအင်မော်တယ် တာအိုမျိုးစေ့၏ တန်ဖိုးကို အထူးအလေးပေး ပြောကြားခဲ့သည်။ သူက ထိုတပည့်ရင်းကို တုံ့ဆိုင်းနေရန် အချိန်လုံးဝမပေးဘဲ တာအိုမျိုးစေ့ကို တစ်ဖက်လူ၏ လက်ပေါ်သို့ သူကိုယ်တိုင် ဖိနှိပ်လိုက်ပြီး ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်စေသည်။

ထိုအဖြစ်အပျက်ကို နောက်ပိုင်းမှ ဝင်ရောက်လာကြသော မူကွဲအင်မော်တယ်ကျောင်းတော်မှ တပည့်ရင်းများသာ အာရုံစိုက်နေကြခြင်း မဟုတ်ပေ။ အင်ပါယာအကယ်ဒမီထဲမှ ကျောင်းတော်အသီးသီးသည်လည်း ဤကိစ္စကို အာရုံစိုက်နေကြသည်။

လူတိုင်း၏ အာရုံစိုက်မှုအောက်မှာ တပည့်ရင်း၏ တစ်ကိုယ်လုံးသည် တုန်ယင်သွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချည်မျှင်သည် ဆယ်ဂဏန်းမှ ထောင်ဂဏန်းသို့ နှစ်နာရီအတွင်း တစ်ဟုန်ထိုး တိုးမြှင့်သွားသည်။

ဝိညာဉ်ချည်မျှင်၏ အရှိန်အဝါက ပျံ့နှံ့ထွက်လာသည့်အခါ အင်ပါယာအကယ်ဒမီထဲမှ မူကွဲအင်မော်တယ်ကျောင်းတော်တွင် မုန်တိုင်းတစ်ခု လုံးဝအစပျိုးလာသည်။

ချက်ချင်းပင် မူကွဲအင်မော်တယ်ကျောင်းတော်သည် အင်ပါယာအကယ်ဒမီ၏ ခေါင်းကြီးပိုင်းသတင်းသို့ ရောက်ရှိသွားသည်။ မူကွဲအင်မော်တယ်ကျောင်းတော်သို့ ဝင်ရောက်လာသူများသည်လည်း နေ့စဉ်နှင့်အမျှ များပြားလာကြသည်။

တစ်ချိန်တည်းမှာ တပည့်ရင်းများ၏ အဓိကတာဝန်သည် လူအများအပြားစုဆောင်းရန် ဖြစ်လာသည်။ အချိန်ကုန်ဆုံးသွားသည်နှင့်အမျှ တာအိုမျိုးစေ့ကို ရရှိသွားကြသော တပည့်ရင်းများက ပိုမိုများပြားလာကြပြီး မူကွဲအင်မော်တယ်ကျင့်ကြံခြင်းအတတ်ကို စတင်ကျင့်ကြံနိုင်ခဲ့ကြသည်။

သူတို့၏ အောင်မြင်မှုသည် ဝဲကတော့တစ်ခုပမာ ပိုမိုများပြားသော ကျောင်းတော်သားများကို ဆွဲဆောင်သွားသည်။

သို့သော်လည်း တပည့်ရင်းအားလုံးက ယင်းကို စွဲလမ်းနေကြခြင်း မဟုတ်ပေ။ သူတို့ထဲတွင် တာဝန်ကြောင့် ရောက်ရှိလာကြသော သူလျှိများလည်း ပါဝင်ကြသည်။

ထိုလူများ၏ ကျောင်းတော်သို့ ဝင်ရောက်လာရသည့် ရည်ရွယ်ချက်သည် စောင့်ကြည့်လေ့လာရန် ဖြစ်သည်။ တာအိုမျိုးစေ့နှင့်ပတ်သက်ပြီး သူတို့မှာ သံသယများရှိကြပြီး ခန့်မှန်းမှုများစွာကို ပြုလုပ်ခဲ့ကြသည်။

ဥပမာ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။

မူကွဲအင်မော်တယ် တာအိုမျိုးစေ့မှာ အန္တရာယ်ဖြစ်စေနိုင်သော ဆိုးကျိုးများရှိလိမ့်မည်ဟု သူတို့က ခံစားမိကြသည်။

သို့သော်လည်း အစကတည်းက မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျောင်းအုပ်ကြီးသည် မူကွဲအင်မော်တယ် တာအိုမျိုးစေ့ကို အင်ပါယာအဆင့် ကျင့်ကြံခြင်းအတတ်ပညာနှင့် ခိုင်းနှိုင်းပြီး ပြောခဲ့ပြီးသား မဟုတ်ပါလော။ ယင်းက သူတို့၏ နားလည်နိုင်စွမ်းဖြင့် သဟဇာတဖြစ်သည်။

မည်သို့ဖြစ်ပါစေ တစ်စုံတစ်ယောက်က အင်ပါယာအဆင့် ကျင့်ကြံခြင်းအတတ်ပညာတစ်ခုကို ကျင့်ကြံမည်ဆိုလျှင် သူတို့၏ ခန္ဓာကိုယ်ထဲမှာ ကျင့်ကြံခြင်းမျိုးစေ့တစ်ခုရှိရန် အမှန်တကယ် လိုအပ်သည်။

ထို့ကြောင့် လူတချို့က ဆိုးကျိုးရှိလိမ့်မည်ဟု ခန့်မှန်းထားကြသော်လည်း အဆုံးမှာ ယင်းက ခန့်မှန်းမှုတစ်ခုထက် မပိုပေ။ ယင်းကို အတည်ပြုကြည့်ရန် ခက်ခဲသည်။

ရွှီချင်းသည်တော့ မူလက ခြောက်ကပ်နေသော မူကွဲအင်မော်တယ်ကျောင်းတော်က လက်ရှိအခြေအနေထိ တိုးတတ်လာခြင်းကို ကြည့်ရှုနေသည်။ သူက မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျောင်းအုပ်ကြီးကို တကယ် ချီးကျူးလေးစားသည်။

သူ၏ ဝိညာဉ်မျိုးစေ့က တစ်ဖက်လူကို အခွင့်အရေးတစ်ခု ပေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ သူနားလည်ထားသည်။ သို့သော်လည်း တစ်ဖက်လူ၏ ဇွဲကောင်းမှုနှင့် အလုပ်ကြိုးစားမှုမပါလျှင် မူကွဲအင်မော်တယ်ကျောင်းတော်က ဤအခြေအနေသို့ ရောက်ရှိလာလိမ့်မည် မဟုတ်ချေ။

ဝိညာဉ်မျိုးစေ့၏ ဆိုးကျိုးများအတွက်တော့ ရွှီချင်းက စိတ်မပူချေ။ သူက အစိမ်းရောင်နှင်းပွင့်ကို ယခင်က လေ့လာကြည့်ခဲ့ဖူးသည်။ ထိုဝိညာဉ်မျိုးစေ့၏ ဖွဲ့စည်းပုံသည် ထူးခြားဆန်းကြယ်ပြီး သဘာဝအလျောက် ဖြစ်ပေါ်လာခြင်းဟူသော ခံစားမှုကို ပေးသည်။ ယင်းက ပြီးပြည့်စုံသည်။

ပိုပြီးထူးခြားသည့်အရာမှာ ယင်းထဲမှာ ကောင်းကင်ဘုံတာအို၏ အရိပ်အမြွက်သေးသေးလေးတစ်ခုရှိနေကြောင်း သူခံစားမိသည်။ ဤသည်မှာ ထိုနှင်းပွင့်ကို ကောင်းကင်ဘုံတာအိုက ကောင်းချီးပေးထားသည့်အလားပင်။

တပည့်ရင်းအများအပြားက အစိမ်းရောင်ဝိညာဉ်မျိုးစေ့ကို ပိုပြီးစုပ်ယူလာသည်နှင့်အမျှ ကျောင်းအုပ်ကြီးသည် အကျိုးကျေးဇူးများကို ရှင်းလင်းစွာ ခံစားရလာသည်။ ဝိညာဉ်မျိုးစေ့ကိုးဆယ်ကျော်ကို ဖြန့်ဝေပြီးနောက် သူ၏ ဝိညာဉ်ချည်မျှင်အရေအတွက်သည် ရှစ်သောင်းကျော်သွားသည်။

အားလုံး၏ ဇစ်မြစ်ဖြစ်သော ရွှီချင်းသည်တော့ ထုံးစံအားဖြင့် ပိုပြီးကြီးမားသော အကျိုးကျေးဇူးများကို ရရှိခဲ့သည်။

သူ၏ အသိစိတ်ပင်လယ်ထဲမှ ဝဲကတော့ထဲတွင် နတ်ဘုရားအရင်းအမြစ်သည် နေ့တိုင်းထွက်ပေါ်လာပြီး ဝိညာဉ်ချည်မျှင်များသို့ ပြောင်းလဲသွားသည်။

သူ၏ ဝိညာဉ်ချည်မျှင်အရေအတွက်သည် တစ်သန်းမှ တစ်သန်းတစ်သိန်းထိ တိုးပွားသွားသည်။

ဝိညာဉ်မျိုးစေ့များကို စုပ်ယူသူအားလုံးသည် အမြစ်များနှင့် တူညီသည်။ ယင်းတို့က ပိုပြီးသန်မာလာသည်နှင့်အမျှ အာဟာရဓာတ်များကို အဓိကပင်စည်ဆီသို့ ပြန်လည်ထောက်ပံ့ပေးလိမ့်မည်။

“ တပည့်တစ်ယောက်က ဝိညာဉ်ချည်မျှင်ငါးသောင်းကို ဖွဲ့စည်းနိုင်မယ်ဆိုရင် ဝိညာဉ်မျိုးစေ့အခွဲကို ထုတ်လုပ်နိုင်မလားဆိုတာ ငါသိချင်မိတယ် ”

ရွှီချင်းသည် ထိုအတွက် မျှော်လင့်နေသည်။

ထိုသို့ဖြင့် အင်ပါယာအကယ်ဒမီထဲတွင် ယခင်က ဂုဏ်သတင်းကို ဆုံးရှုံးသွားခဲ့ပြီး ဆုတ်ယုတ်သွားခဲ့သော မူကွဲအင်မော်တယ်ကျောင်းတော်သည် ယခု အမှန်တကယ် ပြန်လည်ရှင်သန်လာသည်။ နန်းမြို့တော်ထဲမှ အင်အားစုအသီးသီးသည်လည်း ထိုကိစ္စကို အာရုံစိုက်လာကြသည်။

အင်ပါယာအကယ်ဒမီထဲမှ တခြားကျောင်းတော်များသည် မူကွဲအင်မော်တယ်ကျောင်းတော်၏ ပြန်လည်နာလန်ထူမှုကို ပိုပြီးအာရုံစိုက်လာကြသည်။

သူတို့ထဲတွင် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်သည် အဓိကဖြစ်သည်။

မည်သို့ဖြစ်ပါစေ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ မူဝါဒနှင့် မူကွဲအင်မော်တယ်ကျောင်းတော်၏ မူဝါဒသည် မီးနှင့်ရေကဲ့သို့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည် မဟုတ်ပါလော။ ထိုနှစ်ခုသည် အတူတကွ ယှဉ်တွဲမတည်ရှိနိုင်ပေ။ ထို့ကြောင့် တစ်ဖက်၏ မြင့်တတ်လာမှုက အခြားတစ်ဖက်အပေါ် ကြီးမားသော သက်ရောက်မှုရှိပေသည်။

သို့ဖြစ်၍ မူကွဲအင်မော်တယ်ကျောင်းတော်က ပြန်လည်နာလန်ထူနေစဉ် တစ်နေ့သော နေ့လယ်ခင်းမှာ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ အဖြူရောင်မျှော်စင်ထဲတွင် အတွင်းညီလာခံတစ်ခုကို ကျင်းပခဲ့သည်။

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ကျောင်းအုပ်ကြီးအပြင် အဆင့်မြင့်ကျောင်းတော်သားအားလုံး ပါဝင်တတ်ရောက်ကြသည်။ စုစုပေါင်း အယောက်တစ်ရာကျော်ပြီး အစီအစဉ်တကျ ထိုင်နေကြသည်။

သတ္တမမင်းသားသည်လည်း သူတို့ထဲမှာ ပါဝင်သည်။ သူက ကျောင်းအုပ်ကြီး၏ ဘယ်ဘက်ခုံမှာ ထိုင်နေသည်။ သူ၏ ဆန့်ကျင်ဘက်မှ ကျောင်းတော်သားသည် အနည်းငယ် ထူးဆန်းသည်။ အဘယ့်ကြောင့်ဆိုသော် ထိုကျောင်းတော်သား၏ မျက်လုံးက အနီရောင်ဖြစ်နေသောကြောင့် ဖြစ်သည်။ ထိုကျောင်းတော်သားသည် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ တပည့်ခေါင်းဆောင်မှလွဲ၍ တခြားလူမဟုတ်ပေ။

ညီလာခံစတင်သည့်အခါ မည်သူမှ မူကွဲအင်မော်တယ်ကျောင်းတော်အကြောင်းကို မပြောကြချေ။ ယင်းအစား လူတိုင်းက ဤအတောအတွင်း သူတို့၏ ကျင့်ကြံခြင်းအခြေအနေကို တင်ပြကြသည်။

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ လက်ရှိ ပြောရေးဆိုခွင့်ရှိသူအနေဖြင့် သတ္တမမင်းသားသည် သူ၏ ကျင့်ကြံခြင်းအခြေအနေကို တင်ပြသည်။

လူတိုင်း၏ စကားကို ကြားပြီးနောက် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ကျောင်းအုပ်ကြီးသည် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သူ၏ အကြည့်က လူတိုင်းထံသို့ ဖြတ်သန်းသွားပြီး သူတို့ကို အားပေးစကားတချို့ ပြောလိုက်သည်။ ထို့နောက် သူက သတ္တမမင်းသားကို ကြည့်လိုက်သည်။ ချီးကျူးမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ သတ္တမမင်းသားရဲ့ ပါရမီက ထူးခြားပြီး နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ရဲ့ လမ်းစဉ်နဲ့ အရမ်းသင့်တော်ပါတယ်… တကယ်လို့ မင်းက ဒီအတိုင်း ဆက်ပြီး ကျင့်ကြံသွားမယ်ဆိုရင် နောင်နှစ်ခြောက်ဆယ်ကြာပြီးရင် ကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက် သေချာပေါက် ဖြစ်လာပါလိမ့်မယ် ”

သတ္တမမင်းသားသည် လက်သီးဆုပ်လိုက်သည်။ သူက မည်သည့်စကားမှ မပြောပေ။ သူ၏ စိတ်ခံစားချက်ကို အပြင်လူများက မမြင်နိုင်ပေ။

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ကျောင်းအုပ်ကြီးသည် ပြုံးလိုက်ပြီး အကြည့်ပြန်ရုပ်လိုက်သည်။ ထို့နောက် သူက သူ၏ ညာဘက်ခြမ်းမှ ကျောင်းတော်သားကို ကြည့်လိုက်သည်။

“ လင်းဟွမ်ဇီ… မင်းရလာခဲ့တဲ့ မူကွဲအင်မော်တယ် တာအိုမျိုးစေ့ကို ငါ့ကို ပြပါ ”

ကျောင်းအုပ်ကြီး၏ စကားကို ကြားသောအခါ မျက်လုံးနီနှင့် ကျောင်းတော်သားသည် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို အစိမ်းရောင်နှင်းပွင့်တစ်ခုက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။

ထို့နောက် တည်ငြိမ်သော အသံက သူ၏ ပါးစပ်မှ ထွက်ပေါ်လာသည်။

“ မူကွဲအင်မော်တယ်ကျောင်းတော်က တပည့်ရင်းတစ်ယောက်က အင်ပါယာအကယ်ဒမီရဲ့ အပြင်ဘက်မှာ သူ့ခန္ဓာကိုယ်ထဲကနေ ဒီဟာကို ဆွဲထုတ်ပြီး ငါ့ကို ပေးခဲ့ပါတယ်… ကျောင်းအုပ်ကြီး တစ်ချက်လောက် စစ်ဆေးကြည့်ပေးပါ ”

ထိုသို့ပြောပြီးနောက် သူက အင်္ကျီလက်ကို လှုပ်ယမ်းလိုက်လေရာ အစိမ်းရောင်နှင်းပွင့်သည် ကျောင်းအုပ်ကြီးထံသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

ကျောင်းအုပ်ကြီးက သူ၏ လက်ညှိုးဖြင့် ညွှန်လိုက်လေရာ နှင်းပွင့်သည် လေထဲမှာ ရပ်တန့်သွားသည်။ သူက ယင်းကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည့်အခါ အနက်ရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

နောက်အခိုက်အတန့်မှာ သူ၏ မျက်လုံးက သိသာစွာ မှေးကျဉ်းသွားသည်။ သူက အရှေ့သို့ ခါးကိုင်းလိုက်ပြီး ဂရုတစိုက် စစ်ဆေးကြည့်လိုက်လေရာ အနီရောင်ချည်မျှင်များသည် သူ၏ မျက်လုံးထဲမှ ထွက်ပေါ်လာကြသည်။ အဆုံးမှာတော့ အနီရောင်ချည်မျှင်တစ်ရာသည် နှင်းပွင့်ထဲသို့ ထွင်းဖောက်သွားကြသည်။

နှင်းပွင့်သည် တုန်ယင်လာပြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားသည်။ နောက်ဆုံးမှာတော့ ယင်းက လေထဲမှာ လုံးဝပျောက်ကွယ်သွားသည်။

ထိုအတောအတွင်း လေးနက်သော ခံစားမှုသည် ကျောင်းအုပ်ကြီး၏ ခန္ဓာကိုယ်ထဲမှ တဖြည်းဖြည်း ပျံ့နှံ့ထွက်လာသည်။

အချိန်အတော်ကြာပြီးနောက် သူက အနီရောင်ချည်မျှင်များကို ပြန်ရုပ်သိမ်းလိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။

အဖြူရောင်မျှော်စင်သည် လုံးဝတိတ်ဆိတ်သွားသည်။ လူတိုင်း၏ အကြည့်က ကျောင်းအုပ်ကြီးထံသို့ ကျရောက်သွားကြသည်။

အချိန်အတော်ကြာပြီးနောက် အက်ရှရှအသံသည် ကျောင်းအုပ်ကြီး၏ ပါးစပ်ထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

“ ဒီဟာက မိစ္ဆာဆန်ပြီး လွှမ်းမိုးကြီးစိုးတယ်… အဲ့ဒါက သက်ရှိတွေရဲ့ ဝိညာဉ်ကို ဝါးမျိုနိုင်တယ် ”

“ မူကွဲအင်မော်တယ်ကျောင်းတော်မှာ မိစ္ဆာဒိဌိတွေ ရှိနေတယ် ”

သူက စကားပြောပြီးနောက် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။

“ မူကွဲအင်မော်တယ်ကျောင်းတော်ဆီ သွားဖို့ ငါ့နောက်ကို လိုက်ခဲ့ကြပါ ”

All Chapters