← Chapters

ကောင်းကင်တစ်ခွင် ပျံ့နှံ့နေသည့် ဝိညာဉ်ချည်မျှင်များ

Vol. 78 Ch. 1204

ကောင်းကင်တစ်ခွင် ပျံ့နှံ့နေသည့် ဝိညာဉ်ချည်မျှင်များ

Vol. 78 Ch. 1204

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီး၏ အသံက ဆက်လက် ပဲ့တင်ထပ်သွားသည်နှင့် သူ၏ ပုံရိပ်သည် တာအိုစင်မြင့်ပေါ်မှ မြှောက်တတ်သွားသည်။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်လေရာ တာအိုစင်မြင့်ပေါ်မှ ထွက်ခွာသွားပြီး လေထဲတွင် ရပ်သွားသည်။

လေထဲမှာ ရပ်နေစဉ် သူ၏ အကြည့်က ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။ နောက်ဆုံးမှာတော့ သူက ခေါင်းမော့လိုက်ပြီး မြင်ကွင်းထဲမှ လူသားဧကရာဇ်ကို ကြည့်လိုက်သည်။ သူက လူသားဧကရာဇ်ကို အရိုအသေပေးပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်ကို ဝန်းရံထားသော ထိုအရှိန်အဝါသည် အမျှင်တန်းများသဖွယ် ထင်မှတ်ရသည်။ ယင်းတို့က ဆက်တိုက် လှည့်ပတ်သွားပြီး ဝဲကတော့များအဖြစ်သို့ ပြောင်းလဲသွားကြကာ အင်ပါယာအကယ်ဒမီတစ်ခုလုံးသို့ ပျံ့နှံ့သွားကြသည်။ ဝဲကတော့များ ဖြတ်သန်းသွားသည့်နေရာတိုင်း မုန်တိုင်းတစ်ခု ရိုက်ခတ်သွားသကဲ့သို့ ဖြစ်ပေါ်လာလိမ့်မည်။

ရုတ်တရက် လေကြမ်းများ တိုက်ခတ်လာပြီး တာအိုစင်မြင့်သည် တုန်ယင်လာသည်။ လူတိုင်းသည် အနောက်သို့ ခြေတစ်လှမ်း ဆုတ်သွားကြသည်။ ထို့ပြင် သူတို့၏ မျက်လုံးထဲမှာ တည်ကြည်လေးနက်မှုဖြင့် ပြည့်နှက်နေကြသည်။ ထိုအရှိန်အဝါသည် လူသားတစ်ဦးထံမှ အရှိန်အဝါမဟုတ်ပေ။

ရွှီချင်းသည်လည်း မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက အလင်းရောင်ဂိုဏ်းအကြောင်းကို နားလည်ပြီး အင်ပါယာကြယ်၏ အဖေ၏ နတ်ဘုရားမျိုးစိတ်ခန္ဓာကိုယ်ကိုလည်း မြင်ဖူးသည်။ ထို့ပြင် နတ်ဘုရားများအပေါ် သူ၏ နားလည်သဘောပေါက်မှုသည် ပုံမှန်လူများထက် အများကြီး ကျော်လွန်သည်။

မည်သို့ဖြစ်ပါစေ နတ်ဘုရားရတနာသိုက်က သူ့အား နတ်ဘုရားတစ်ပါးအဖြစ်သို့ အသွင်ပြောင်းလဲစေနိုင်သည် မဟုတ်ပါလော။

သို့ဖြစ်၍ ဤအခိုက်အတန့်မှာ သူက နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီး၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ယင်းကို ဒြပ်နှောများနှင့် နတ်ဘုရားအရင်းအမြစ်များဖြင့် ပေါင်းစပ်ဖန်တီးထားခြင်းဖြစ်ကြောင်း ထုံးစံအားဖြင့် သူပြောနိုင်သည်။

အမှန်တကယ်ပင် ထိုသို့ဖြစ်သည်။

ဤအခိုက်အတန့်မှာ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးက ထုတ်လွှတ်လိုက်သော နတ်ဘုရားအရှိန်အဝါသည် အလွန်ထင်ရှားသည်။ ဤသည်မှာ နတ်ဘုရားတစ်ပါး၏ စိတ်အာရုံက သေမျိုးလောကပေါ်သို့ ကျရောက်လာသည့်အလားပင်။

“ အနာဂတ်အကြောင်း ဆွေးနွေးပွဲမှာ ကျုပ်ကျောင်းတော်ရဲ့ အဓိကအနှစ်သာရကို ထုတ်ဖော်ပြပါမယ်… နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ရဲ့ အတတ်ပညာက မပြည့်စုံသေးဘူးဆိုပေမဲ့ အဲ့ဒါက လက်ရှိအချိန်မှာ နတ်ဘုရားတစ်ပါးဖြစ်လာဖို့ အနီးစပ်ဆုံး နည်းလမ်းဖြစ်ပါတယ် ”

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးသည် အက်ရှရှအသံဖြင့် ပြောသည်။ သူက ဘယ်လက်ကို မြှောက်ပြီးနောက် အရှေ့သို့ ထိုးလွှတ်လိုက်သည်။

ချက်ချင်းဆိုသလို သူ၏ ဘက်လက်မှ အရေပြားပေါ်တွင် အနက်ရောင်မီးတောက်များ လောင်ကျွမ်းလာသည်။ ဤအခိုက်အတန့်မှာ သူ၏ အရေပြားသည် ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ အစစ်အမှန်လက်က ထွက်ပေါ်လာသည်။

ထိုလက်သည် အနက်ရောင်ဖြစ်ပြီး သလင်းကျောက်သဖွယ် ထင်မှတ်ရသည်။ ထိုလက်တစ်ခုလုံးကို အနက်ရောင်သလင်းကျောက်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အလွန်သိပ်သည်းသော နတ်ဘုရားအစွမ်းသည် ထိုသလင်းကျောက်လက်ထဲမှ ပေါ်လျှိုးထွက်လာပြီး နတ်ဘုရားအရင်းအမြစ်၏ စီးဆင်းမှုနှင့် ပေါင်းစပ်သွားသည်။

ထို့ကြောင့် ယင်းကို မြင်လိုက်ရသူတိုင်းသည် ထိတ်လန့်သွားကြသည်။

အင်အားစုအသီးသီးသည်လည်း အတွေးနက်သွားကြသည်။

လူသားဧကရာဇ်သည် အမူအရာကင်းမဲ့နေသည်။ သူ၏ မျက်လုံးသည် အသူရာချောက်နက်ပမာ မည်းမှောင်နေသည်။ သူ့အောက်မှ ကောင်းကင်ဘုရင်(၁၃)ပါးသည် နှုတ်ဆိတ်သွားကြသည်။

ဤအခိုက်အတန့်မှာ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီး၏ အသံသည်သာ ပဲ့တင်ထပ်လာသည်။

“ ဒီဟာက ကျုပ်ရဲ့ နတ်ဘုရားဘယ်လက်ပါ… ဒီဟာကို နတ်ဘုရားသက်ရှိ(၁၇၉၈)ကောင်ရဲ့ အမြူတေသလင်းကျောက်တွေနဲ့ ပေါင်းစပ်ပြီး ဖန်တီးထားတာ ဖြစ်ပါတယ် ”

“ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ရဲ့ ကျောင်းတော်သားတွေက မတူညီတဲ့ ပေါင်းစပ်ခြင်းအတတ်ပညာတွေကို ကြိုးစားကြည့်ခဲ့ဖူးပါတယ်… စုစုပေါင်း မတူညီတဲ့ ပေါင်းစပ်ခြင်းအတတ်ပညာ(၃၁၇၅)ခု ရှိပါတယ်… ကျုပ်က အတတ်ပညာတစ်ခုစီတိုင်းကို ကိုယ်တိုင်စမ်းသပ်ကြည့်ခဲ့ပြီး မှန်ကန်တဲ့ နည်းလမ်းကို ထုတ်ဖော်ခဲ့ပါတယ်… အဲ့ဒီနည်းလမ်းအတိုင်း ကျင့်သုံးမယ်ဆိုရင် အဆင့်နိမ့်ကျင့်ကြံသူတွေက နှစ်တစ်ရာအတွင်းမှာ ကျုပ်ရဲ့ ဘယ်လက်ကို ဖန်တီးနိုင်လာပါလိမ့်မယ် ”

“ အဆင့်မြင့်ကျင့်ကြံသူတွေကတော့ ခဏလေးအတွင်း ရရှိနိုင်ပါလိမ့်မယ် ”

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးက နူးညံ့စွာ ပြောသည်။ သူက စကားပြောပြီးနောက် သူ၏ ညာလက်ကို ဘယ်လက်နည်းတူ မြှောက်လိုက်သည်။ သူ၏ ညာလက်ပေါ်မှ အရေပြားသည် ချက်ချင်း ပျောက်ကွယ်သွားပြီး ဘယ်လက်နှင့် လုံးဝခြားနားသော နတ်ဘုရားတစ်ပါး၏ ညာလက်က လူတိုင်း၏ မျက်စိအရှေ့မှာ ထွက်ပေါ်လာသည်။

ထိုညာလက်သည် ခရမ်းနီရောင်ဖြစ်ပြီး လူးလွန့်လှုပ်ရှားနေသည်။ အနီးကပ် သေချာကြည့်မည်ဆိုလျှင် ထိုညာလက်ကို ခရမ်းရောင်ပိုးကောင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း မြင်နိုင်လိမ့်မည်။

ပိုးကောင်အားလုံးသည် နတ်ဘုရားအားလှိုင်းအတတ်အကျများကို ထုတ်လွှတ်နေကြပြီး တစ်ကောင်နှင့်တစ်ကောင် ပြွတ်သိပ်စွာ ယှက်ထွေနေကြသည်။ ထိုအားလှိုင်းများက အလွန်ပြင်းထန်လေရာ အင်ပါယာအကယ်ဒမီတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ ဒြပ်နှောများသည် နေရာတိုင်းမှ ပေါ်လျှိုးလာပြီး လူတိုင်းကို ဝေဝါးသော အာရုံခံစားမှု ဖြစ်ပေါ်စေသည်။

ကောင်းကင်သည် ရုတ်တရက် မည်းမှောင်ကျသွားသည်။ လျှပ်စီးသည် ပြိုးပြိုးပြက်ပြက် လင်းလက်သွားပြီး မိုးခြိမ်းသံသည် ကျယ်လောင်စွာ ထစ်ချုန်းသွားသည်။

အင်ပါယာအကယ်ဒမီထဲမှ ကျောင်းတော်သားများဖြစ်စေ အပြင်ဘက်မှ အင်အားစုအသီးသီးဖြစ်စေ ဤမြင်ကွင်းကို မြင်ပြီးနောက် သူတို့၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားကြသည်။

ရွှီချင်း၏ အကြည်သည် ပိုပြီးစူးရှလာသည်။ ထိုညာလက်မှတဆင့် နတ်ဘုရားများအပေါ် အလင်းရောင်ဂိုဏ်း၏ သုတေသနပြုလုပ်မှုများက နတ်ဘုရားမျိုးစိတ်အဆင့်ထက် ကျော်လွန်သွားပြီဖြစ်ကြောင်း သူသိလိုက်သည်။

“ ဒါက ကျုပ်ရဲ့ နတ်ဘုရားညာလက်ပါ… အဲ့ဒါကို မျိုးနွယ်ခြားဧကရာဇ်တစ်ပါးနဲ့ အတူသေဆုံးသွားခဲ့တဲ့ အမည်မသိနတ်ဘုရားတစ်ပါးရဲ့ အကြွင်းအကျန်တွေကနေ ဆွဲထုတ်ခဲ့တာပါ ”

“ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ရဲ့ နည်းလမ်းတွေအရ နတ်ဘုရားတစ်ပါးရဲ့ အကြွင်းအကျန်တွေကို တိုက်ရိုက် စုပ်ယူမယ်ဆိုရင် ကျုပ်တို့ခန္ဓာကိုယ်က တောင့်ခံနိုင်မှာ မဟုတ်ပါဘူး… ဒါကြောင့် မျှခြေညီဖို့ အရင်လိုအပ်ပါတယ်… ပထမအဆင့်က ဘယ်လက်ပါ… ဒါကြောင့် ကျုပ်က ညာလက်ကို မကြိုးစားခင်မှာ ဘယ်လက်ကို အရင်ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပါတယ် ”

“ နည်းလမ်းအတိအကျကိုတော့ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ရဲ့ မှတ်တမ်းတွေထဲမှာ သိမ်းဆည်းထားပါတယ် ”

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးက အသေးစိတ် ရှင်းပြသည်။ ဤသည်မှာ သူ့ခန္ဓာကိုယ်က သူ့အပိုင်မဟုတ်သည့်အလားပင်။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က ကုန်ပစ္စည်းတစ်ခုထက် မပိုဟန် ရသည်။

ဤသည်မှာ သူက ဈေးရောင်းသူတစ်ယောက်ဖြစ်ပြီး သူ့ကုန်ပစ္စည်းကို ဝယ်သူတစ်ယောက်ထံသို့ မိတ်ဆက်ပေးနေသည့်အလားပင်။

“ ပြီးတော့ ကျုပ်ခန္ဓာကိုယ်က… ”

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးသည် ပိုပြီးမြင့်သော ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။ သူက လက်နှစ်ဖက်ဖြင့် သူ၏ ဝတ်ရုံကို ရုတ်တရက် ဖယ်ရှားလိုက်သည်။ အဝတ်အစား ဆုတ်ဖြဲသံများအောက်မှာ သူ၏ ဝတ်ရုံက အပိုင်းပိုင်းအစစ ဆုတ်ပြဲသွားပြီး ကြောက်စရာကောင်းသော ခန္ဓာကိုယ်က ထွက်ပေါ်လာသည်။

ထိုခန္ဓာကိုယ်ကို အရေအတွက်များပြားသော နတ်ဘုရားပစ္စည်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

တချို့နေရာများတွင် အရိုးများက ငေါထွက်နေပြီး တချို့နေရာများတွင် အမွှေးအမျှင်များက ထွက်ပေါ်နေသည်။ တချို့နေရာများတွင် အကြေးခွံများဖြင့် ပြည့်နှက်နေပြီး တချို့သည် သလင်းကျောက်များနှင့် ဆင်တူသည်။ တချို့သည် ပိုးကောင်များဖြစ်ပြီး တချို့သည် သားရိုင်းကောင်များ၏ အစိတ်အပိုင်းများ ဖြစ်သည်။

အစိတ်အပိုင်းတစ်ခုစီသည် ပြင်းထန်သော နတ်ဘုရားအားလှိုင်းအတတ်အကျကို ထုတ်လွှတ်နေသည်။

အဝေးမှကြည့်လျှင် တစ်စုံတစ်ယောက်က အဖြူရောင်ပိတ်စပေါ်တွင် ဆေးရောင်အမျိုးမျိုးကို ခြယ်သထားသည့်အလားပင်။ ထို့ပြင် ဆေးရောင်များက တစ်ခုနှင့်တစ်ခု ရောထွေးနေပြီး ဖရိုဖရဲအစီအရင်တစ်ခုကို ဖွဲ့စည်းနေဟန် ရ၏။ တချို့ဧရိယာများတွင် ချုပ်ရိုးကြောင်းများက ထင်ရှားစွာ ထွက်ပေါ်နေပြီး တချို့ဧရိယာများတွင်တော့ ပြစ်ချက်ကင်းမဲ့စွာ အတူတကွ ပေါင်းစပ်နေသည်။

သို့သော်လည်း ထူးဆန်းသည့်အချက်မှာ ၎င်းကို အချိန်ကြာမြင့်စွာ စစ်ဆေးကြည့်ရှုမည်ဆိုလျှင် ထိုသို့ဖရိုဖရဲဖြစ်မှုသည် သူ့ဘာသာ ပြောင်းပြန်ဖြစ်သွားသည့်အလား အစီအစဉ်တကျဖြစ်သော ခံစားမှုကို ဖြစ်ပေါ်စေလိမ့်မည်။ ၎င်းက တမူထူးခြားသော အလှတစ်မျိုးနှင့် ပေါင်းစပ်ထားသည့်အလား သဘာဝကျသော ပြီးပြည့်စုံမှုကို ပေးသည်။

ဤသည်မှာ ၎င်းက ဖန်တီးရှင်တစ်ယောက်၏ ပြီးပြည့်စုံဆုံး အလုပ်တစ်ခုဖြစ်ဟန် တူသည်။

လူတိုင်းက အံ့ဩသင့်နေစဉ် ၎င်း၏ အရှိန်အဝါက ပေါက်ကွဲထွက်လာသည်။ လေနှင့် တိမ်တိုက်များသည် တအိအိ ရွေ့လျားသွားကြသည်။ ဘေးပတ်ဝန်းကျင်သည် ပိုပြီးဝေဝါးလာပြီး ဒြပ်နှောများသည် ပိုပြီးကြမ်းကြုတ်စွာ ထွက်ပေါ်လာကြသည်။

အင်ပါယာအကယ်ဒမီသည် တားမြစ်ဇုန်တစ်ခုသို့ ပြောင်းလဲသွားတော့မည့် လက္ခဏာများကို အမှန်တကယ် ပြသလာသည်။

ထိုမြင်ကွင်းသည် လောကကြီးကို တုန်လှုပ်သွားစေသည်။

လူသားဧကရာဇ်သည် အရှေ့သို့ အနည်းငယ် တိုးသွားပြီး အသေးစိတ် ကြည့်ရှုလိုက်သည်။

သူ့အောက်မှ ကောင်းကင်ဘုရင်များသည်လည်း ထူးဆန်းသော အကြည့်ကို ထုတ်ဖော်လိုက်ကြသည်။

ရွှီချင်း၏ အမူအရာသည်လည်း တည်ကြည်သွားသည်။ အဘယ့်ကြောင့်ဆိုသော် အရိပ်လေးထံမှ ပြင်းပြသော လိုအင်ဆန္ဒကို သူအာရုံခံမိသွားသောကြောင့် ဖြစ်သည်။

“ မွှေးတယ်… စားချင်တယ်… ”

ထိုခန္ဓာကိုယ်နှင့် မလိုက်ဖက်သော တစ်ခုတည်းသောအရာမှာ နှလုံး၏ တည်နေရာဖြစ်သည်။ ထိုနေရာသည် ဟောင်းလောင်းပေါက်ဖြစ်နေပြီး နှလုံးမရှိပေ။

“ ဒီခန္ဓာကိုယ်ကို မတူညီတဲ့ နတ်ဘုရားပစ္စည်း(၉၇၈၅)ခုနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်… ပေါင်းစပ်တဲ့ နည်းလမ်းက မှန်ကန်ရပါမယ်… မဟုတ်ရင် ခန္ဓာကိုယ်က ပျက်စီးသွားပါလိမ့်မယ်… နှစ်ပေါင်းမြောက်များစွာ သုတေသနပြုလုပ်ပြီးတဲ့နောက်မှာတော့ မှန်ကန်တဲ့ နည်းလမ်းတစ်ခုကို ကျုပ်ရှာတွေ့ခဲ့ပါတယ်… အဆင့်နိမ့်တဲ့ အစားထိုးမှုကိုလည်း ကျုပ်ကျောင်းတော်ရဲ့ မှတ်တမ်းတွေထဲမှာ သိမ်းဆည်းထားပါတယ် ”

“ နှလုံးကတော့ ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ ပျောက်ဆုံးနေပါတယ် ”

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးသည် သူ၏ လက်ကို မြှောက်လိုက်ပြီး သူ၏ ရင်ဘက်ပေါ်မှ ဟောင်းလောင်းပေါက်ကို ထိတွေ့လိုက်သည်။

“ ဘာဖြစ်လို့လဲဆိုတော့ နှလုံးက နတ်ဘုရားပေါင်းစပ်ခြင်းအတတ်ပညာရဲ့ နောက်ဆုံးအဆင့်ဖြစ်လို့ပါပဲ… အဲ့ဒါက စွမ်းအားကို အဆုံးအဖြတ်ပေးမယ့် အဓိကအမြူတေလည်း ဟုတ်ပါတယ်… အဲ့ဒီအတွက် အစွမ်းထက်ပညာရှင်ကျင့်ကြံသူတစ်ယောက်ရဲ့ နှလုံးကို လိုအပ်ပါတယ်… အဲ့ဒီနှလုံးနဲ့ ပေါင်းစပ်နိုင်တာနဲ့… ”

ကျောင်းအုပ်ကြီးသည် သူ၏ အကြည့်ကို ဘေးပတ်ဝန်းကျင်သို့ ပို့လွှတ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ကျုပ်မှာ နတ်ဘုရားတစ်ပါးရဲ့ အခြေခံအုတ်မြစ် ရှိလာပါလိမ့်မယ် ”

“ အဲ့ဒီအချိန်ကျရင် ဗလာနတ္ထိအဆင့်ကျင့်ကြံသူတွေက ဒီနည်းလမ်းကို အသုံးပြုပြီး ပင်ကိုယ်ပါရမီရဲ့ အကန့်အသတ်ကို ချိုးဖြတ်နိုင်ကြလိမ့်မယ်… တစ်ချိန်တည်းမှာ သူတို့ရဲ့ လမ်းစဉ်က နတ်ဘုရားအစွမ်းကျင့်ကြံသူအဖြစ် ပြောင်းလဲသွားလိမ့်မယ် ”

ထိုစကားများ ထွက်ပေါ်လာသည်နှင့်ချက်ချင်း နန်းမြို့တော်ထဲမှ အင်အားစုအသီးသီးသည် နှလုံးတုန်သွားကြသည်။

“ ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတွေလည်းပဲ ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင် သူတို့ရဲ့ မျိုးဆက်သွေးအချုပ်အနှောင်ကို ချိုးဖြတ်နိုင်ပြီး နတ်ဘုရားတာအိုဆီ ကူးပြောင်းနိုင်ကြလိမ့်မယ် ”

ထိုစကားသည် လူသားဧကရာဇ်အောက်မှ ကောင်းကင်ဘုရင်များကို မျက်လုံးဝင်းလက်သွားစေသည်။

“ အုပ်ချုပ်သူအတွက်တော့… ထူးခြားတဲ့ ရိုးရာဓလေ့တချို့နဲ့ အတူပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် အဲ့ဒါအားလုံးကို လောင်ကျွမ်းပစ်တဲ့အခါ နတ်ဘုရားဖြစ်ဖို့ အဓိကသော့ချက်ဖြစ်တဲ့ သဘာဝနတ်ဘုရားမီးတောက်ကို ရရှိပြီး ဖြတ်တောက်ခံထားရတဲ့ လမ်းစဉ်ကို ရှေ့ဆက်သွားနိုင်ပါလိမ့်မယ် ”

“ နတ်ဘုရားအစွမ်းကျင့်ကြံသူတွေကျတော့… အုပ်ချုပ်သူအဆင့်မှာလိုမျိုး လိုအပ်ချက်တွေမရှိပါဘူး… သူတို့လုပ်ရမှာက စွမ်းအားကို စုဆောင်းပြီး နတ်ဘုရားမီးတောက်ကို ထွန်းညှိပေးဖို့ပါပဲ… နတ်ဘုရားမီးတောက်မရှိခင်မှာ အားလုံးက သာမန်ပါပဲ… သူတို့ကြားမှာ စွမ်းအားကွာခြားမှုတွေရှိပေမဲ့ သူတို့ရဲ့ အဆင့်က မလုံလောက်သေးပါဘူး… ”

“ နတ်ဘုရားမီးတောက်ကို ထွန်းညှိပြီးမှပဲ တစ်စုံတစ်ယောက်က နဂါးဂိတ်ကို ကျော်လွှားနိုင်ပြီး လောကကြီးကို ပြောင်းပြန်လုပ်နိုင်လိမ့်မယ်… ပြီးတော့ ကြီးမားတဲ့ အစွမ်းတိုးမြှင့်မှုကို တွေ့ကြုံရလိမ့်မယ်… အဲ့ဒီနောက် မျိုးနွယ်စုအားလုံးက သူတို့ကို နတ်ဘုရားတွေလို့ သမုတ်ကျလိမ့်မယ်… ရှေးခေတ်မှာတော့ အဲ့ဒီအဆင့်က ကျင့်ကြံသူတွေလျှောက်လှမ်းတဲ့ အုပ်ချုပ်သူတစ်ပါး ဒါမှမဟုတ် ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးနဲ့ နှိုင်းယှဉ်နိုင်ပါတယ် ”

“ ဒါကြောင့် နတ်ဘုရားမီးတောက်ကို ကျင့်ကြံတာက အုပ်ချုပ်သူတစ်ပါးရဲ့ ကျင့်ကြံခြင်းအတတ်ပညာနဲ့ တူညီတယ်ဆိုပေမဲ့ တကယ်တမ်းတော့ အုပ်ချုပ်သူတွေရဲ့ လမ်းစဉ်က ပိတ်ဆို့ခံထားရပြီးပါပြီ… တစ်စုံတစ်ယောက်က အုပ်ချုပ်သူဖြစ်လာပြီးတာနဲ့ ရှေ့ဆက်တတ်လှမ်းဖို့ ခက်ခဲသွားပါပြီ… ခြေလှမ်းဝက်အင်မော်တယ်အဆင့်ကို တတ်လှမ်းဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စတစ်ခုလိုပါပဲ… ဒါပေမဲ့ မင်းက ကျင့်ကြံခြင်းစွမ်းအားကို နတ်ဘုရားမီးတောက်အဖြစ် ပြောင်းလဲပြီး အဲ့ဒါကို ရောင်စဉ်ခုနစ်မျိုးနဲ့ လောင်ကျွမ်းပစ်နိုင်မယ်ဆိုရင် တစ်စုံတစ်ယောက်က အထွတ်အထိပ်အုပ်ချုပ်သူအဆင့်နဲ့ နှိုင်းယှဉ်နိုင်တဲ့ အဆင့်မြင့်နတ်ဘုရားတစ်ပါး ဖြစ်လာပါလိမ့်မယ်… ဒီဟာက ကွဲပြားခြားနားတဲ့ ကျင့်ကြံခြင်းလမ်းစဉ်တစ်ခု ဖြစ်ပါတယ် ”

“ တကယ်လို့ တစ်ယောက်ယောက်က ကိုးရောင်ခြယ်နတ်ဘုရားမီးတောက်ကို ကျင့်ကြံနိုင်ပြီး ကိုယ်ပိုင်တာအိုယဇ်ပလ္လင်ကို မြှောက်တင်နိုင်မယ်ဆိုရင် အဆင့်မြင့်နတ်ဘုရားတစ်ပါးထက် သာလွန်တဲ့ တည်ရှိမှုတစ်ခု ဖြစ်လာပါလိမ့်မယ် ”

“ ဥပမာ မဟာဧကရာဇ်တွေက ခြေလှမ်းဝက်အင်မော်တယ်အဆင့်မှာ ဖြစ်ပါတယ် ”

“ ပြီးတော့ ဒီဟာက အနာဂတ်တိုးတတ်မှုအကြောင်း ဆွေးနွေးပွဲအတွက် ကျုပ်တို့နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ရဲ့ အဖြေပါ… ဒါ့အပြင် ဒီဟာက လူသားမျိုးနွယ်အတွက် ကျုပ်တို့ကျောင်းတော်က ပြင်ဆင်ထားတဲ့ လက်ဆောင်တစ်ခုပါ ”

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးသည် စကားဆုံးသွားသည်နှင့် လူသားဧကရာဇ်ထံသို့ အရိုအသေပေးလိုက်သည်။

အင်ပါယာအကယ်ဒမီနှင့် အင်အားစုအသီးသီးသည် နှုတ်ဆိတ်သွားကြသည်။ လူသားဧကရာဇ်သည် မျက်လုံးမှိတ်လိုက်သည်။

လူတိုင်းက နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီး၏ စကားကို တွေးတောနေကြခြင်း ဖြစ်သည်။ မူကွဲအင်မော်တယ်ကျောင်းတော်က နတ်ဘုရားတစ်ပါး၏ ပုံရိပ်ကို ထုတ်ပြခဲ့သော်လည်း ၎င်း၏ အဆင့်သည် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ထက် သိသိသာသာ နိမ့်ကျနေသည်။

ထို့ကြောင့် မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးသည် အနည်းငယ် စိုးရိမ်ကြောင့်ကြလာပြီး ဘိုးဘေးကို လှမ်းကြည့်လိုက်သည်။ ဘိုးဘေးချန်းတောက်ဇီသည် အေးဆေးတည်ငြိမ်နေသည်။ သူက လက်ဝှေ့ယမ်းလိုက်ပြီး နတ်ဘုရားပုံရိပ်ကို ပယ်ဖျက်လိုက်လေရာ ၎င်းက ဝိညာဉ်ချည်မျှင်ခြောက်သိန်းသို့ ပြိုကွဲထွက်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွားကြသည်။

ထို့နောက် သူက အဖြူရောင်တာအိုစင်မြင့်ပေါ်မှာ မတ်တတ်ရပ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းငုံ့လိုက်ပြီး အရိုအသေပေးလိုက်သည်။

ဘိုးဘေးချန်းတောက်ဇီ၏ အရိုအသေပေးမှုကို မြင်သွားသောအခါ လူတိုင်းသည် နှလုံးတုန်သွားကြသည်။

မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးသည်လည်း တုန်ယင်သွားသည်။ အစောနက သူပယ်ဖျက်ခဲ့သော အတွေးများက သူ၏ နှလုံးသားထဲမှာ ပြန်လည်ပေါ်လျှိုးလာသည်။ သူက ရွှီချင်းကို ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။

“ သူက… ”

ကျောင်းအုပ်ကြီး၊ တတိယမင်းသားနှင့် အင်ပါယာအကယ်ဒမီထဲမှ ကျောင်းတော်သားအားလုံးသည် အတွေးနက်သွားကြသည်။ မယုံကြည်နိုင်ဖွယ်ကောင်းသော ခန့်မှန်းမှုတစ်ခုက သူတို့၏ စိတ်ထဲမှာ ချက်ချင်း ပေါ်လျှိုးလာသည်။

“ မဟုတ်မှလွဲရော… ”

အပြင်ဘက်မှ အင်အားစုအသီးသီးသည်လည်း နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်နှင့်ပတ်သက်သော သူတို့၏ အတွေးများကို မြန်ဆန်စွာ ဖိနှိပ်လိုက်ကြသည်။ သူတို့၏ အကြည့်များနှင့် စိတ်အာရုံများက ရွှီချင်းဆီသို့ တဖန်ကျရောက်သွားပြန်သည်။

လူတိုင်း၏ အတွေးများက တစ်စုတစ်စည်းတည်း ဖြစ်သွားသည့်အခါ ရွှီချင်းသည် တာအိုစင်မြင့်ပေါ်တွင် ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်သည်။

သူ၏ မတ်တတ်ရပ်မှုက ကြည့်ရှုနေသူအားလုံးနှင့် မင်းသားအားလုံးကို နှလုံးတုန်သွားစေသည်။ ရွှီချင်း၏ မျက်လုံးထဲမှာ ရွှေရောင်အလင်းတန်းမကျန်ရှိတော့ဘဲ ဧကရာဇ်ဓားက မထွက်ပေါ်လာကြောင်း သူတို့မြင်သွားသည့်အခါမှသာ စိတ်အေးသွားကြသည်။

ဤတစ်ကြိမ်တွင် ရွှီချင်းက ဧကရာဇ်ဓားကို မထုတ်ဖော်ခဲ့ပေ။ သို့သော်လည်း မူကွဲအင်မော်တယ်ကျောင်းတော်၏ ဝိညာဉ်မျိုးစေ့ကိစ္စနှင့်ပတ်သက်ပြီး သူက ဆက်လက် ဖုံးကွယ်ထားရန် ဆန္ဒမရှိပေ။ သူက ပိုင်ရှောင်ကျိုးကို သတ်ဖြတ်ရန် စိတ်ဆုံးဖြတ်ထားမှတော့ စေ့စေ့စပ်စပ် လုပ်ဆောင်ရလိမ့်မည်။ မူကွဲအင်မော်တယ်ကျောင်းတော်၏ မြင့်တတ်လာမှုသည်လည်း ပြီးပြည့်စုံသော မြင့်တတ်လာမှု ဖြစ်ရမည်။

ထိုသို့တွေးမိသောအခါ ရွှီချင်းက အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ ထိုခြေလှမ်းနှင့်အတူ ဝိညာဉ်ချည်မျှင်များသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်လာကြပြီး ကောင်းကင်ဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။

တစ်သိန်း၊ သုံးသိန်း၊ ငါးသိန်း၊ ရှစ်သိန်း၊ တစ်သန်း…

ဤသည်မှာ အဆုံးသတ်မဟုတ်သေးပေ။ တစ်သန်းတစ်သိန်း၊ တစ်သန်းနှစ်သိန်း၊ နောက်ဆုံးမှာ တစ်သန်းသုံးသိန်းထိ ရောက်ရှိသွားသည်။

ဝိညာဉ်ချည်မျှင်စုစုပေါင်း တစ်သန်းသုံးသိန်းသည် ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားပြီး မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။ လေကြမ်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ တိုက်ခတ်သွားပြီး ကောင်းကင်တစ်ခုလုံး မည်းမှောင်သွားသည်။ ဤသည်မှာ ကမ္ဘာဖျက်ကပ်ဘေးတစ်ခု ကျဆင်းလာတော့မည့်အလားပင်။

မကြာမီ ထိုဝိညာဉ်ချည်မျှင်များက ကောင်းကင်တစ်ခုလုံးကို ဖုံးကွယ်သွားမည့် ဧရာမဝဲကတော့တစ်ခုသို့ ပြောင်းလဲသွားသည်။ ဤသည်မှာ ဝဲကတော့က မိုးကောင်းကင်ကို အစားထိုးသွားသည့်အလားပင်။

၎င်း၏ အရှိန်အဝါသည် ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို လှုပ်ခါသွားစေသည်။

တာအိုစင်မြင့်အောက်မှ ကျောင်းတော်သားအားလုံးသည် ထိုမြင်ကွင်းကို မြင်သွားသောအခါ အံ့ဩထိတ်လန့်သွားကြသည်။ မူကွဲအင်မော်တယ်ကျောင်းတော်သားတချို့ဆိုလျှင် အလန့်တကြား အော်ပြောလိုက်ကြသည်။

“ ဘယ်လောက်တောင် များလိုက်တဲ့ ဝိညာဉ်ချည်မျှင်တွေလဲ ”

“ အဲ့ဒါက ဘိုးဘေးချန်းတောက်ဇီထက် နှစ်ဆပိုများတယ် ”

အပြင်ဘက်မှ အင်အားစုများသည် ပိုပြီးထိတ်လန့်သွားကြသည်။

ရွှီချင်း၏ ဆံပင်ရှည်သည် လေထဲမှာ တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။ ထို့နောက် သူက အရှေ့သို့ တိုးသွားပြီး လေထဲသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ သူက ဝိညာဉ်ချည်မျှင်တစ်သန်း၏ အရှေ့သို့ ရောက်ရှိသွားသည့်အခါ ခေါင်းငုံ့လိုက်ပြီး မြေပြင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည့်အခါ ချက်ချင်းပင် ဝိညာဉ်ချည်မျှင်တစ်သန်းသုံးသိန်းသည် သူ့နောက်မှာ ထွက်ပေါ်လာကြပြီး စတင်ရက်လုပ်လိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ပထမနတ်ဘုရားအသွင်သဏ္ဍာန်က ထွက်ပေါ်လာသည်။

ရွှီချင်းသည် အပြင်သို့ ထွက်လျှောက်လာပြီး နတ်ဘုရားပုံရိပ်၏ အရှေ့မှာ ရပ်လိုက်သည်။ သူက နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးကို စိုက်ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးထဲတွင် ကြယ်အလင်းရောင် ထွက်ပေါ်လာလေသည်။

All Chapters