← Chapters

မင်းဒီလောက်သန်မာတာ ဘာလို့ စောစောမပြောတာလဲ(ဂ)

Vol. 55 Ch. 848

မင်းဒီလောက်သန်မာတာ ဘာလို့ စောစောမပြောတာလဲ(ဂ)

Vol. 55 Ch. 848

မြန်ဆန်လွန်းသော အလျင်ကြောင့် ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ဧရာမကြေးမုံနားသို့ လျင်မြန်စွာ ချဉ်းကပ်ရောက်ရှိသွားသည်။ သူက နတ်ငါးအရိုးဆူးချွန်ကို ထိန်းချုပ်ပြီး ဧရာမကြေးမုံကို အကြမ်းပတမ်း ထိုးစိုက်လိုက်သည်။

ဧရာမကြေးမုံပေါ်မှ မျက်နှာသည် ရွှီချင်းကို ရုတ်ချည်း ကြည့်လိုက်သည်။ သူက စကားပြောတော့မည့်အချိန် သူ၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားသည်။

နတ်ငါးအရိုးဆူးချွန်သည် ကြေးမုံ၏ ခုခံမှုအားလုံးကို လျစ်လျူရှုပြီး တိုက်ရိုက် ထိုးဖောက်သွားသည်။ ဤသည်မှာ အပူပေးခံထားရသော ဓားတစ်ချောင်းက ထောပတ်ကို ထိုးဖောက်သွားသည့်အလားပင်။

အက်ကွဲသံများနှင့်အတူ ကြေးမုံသည် အက်ကွဲသွားသည်။

ရွှီချင်းသည် သွမ့်မူကျန်းကို မကြည့်ပေ။ သူက အနောက်လှည့်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။

ဘေးပတ်ဝန်းကျင်မှာ ပျံ့လွင့်နေသော အဆိပ်သည် သူ့ဆီသို့ တန်းမတ်စွာ ပျံသန်းလာသည်။ အရိပ်လေးသည်လည်း ထို့အတူပင်။ နတ်ငါးအရိုးဆူးချွန်သည် အနီရောင်အလင်းတန်းသို့ ပြောင်းလဲသွားကာ ရွှီချင်း၏ လက်ပေါ်သို့ ကျဆင်းလာသည်။

ဤနေရာမှ အမြန်ထွက်ပြေးချင်သောကြောင့် ရွှီချင်း၏ အလျင်သည် ပေါက်ကွဲထွက်လာသည်။ သူက အဝေးသို့ အမြန်ပျံသန်းသွားသည်။

အစမှအဆုံးအထိ သူက မည်သည့်စကားမှ မပြောခဲ့ပေ။

သူက လျှပ်စီးကဲ့သို့ ရောက်ချလာပြီး တိတ်တဆိတ် ပြန်ထွက်သွားသည်။

ဤအခိုက်အတန့်မှာ ဧရာမကြေးမုံသည် အပြင်းအထန် တုန်ယင်လာသည်။ ကြေးမုံ၏ မျက်နှာပြင်ပေါ်မှ အက်ကွဲရာများသည် ဆက်လက်ပျံ့နှံ့သွားပြီး မျက်နှာသည် ပုံပျက်လာသည်။ သူ၏ အမူအရာသည် အလျှင်အမြန် ပြောင်းလဲသွားပြီး ထွက်ခွာသွားသော ရွှီချင်းကို စူးစိုက်ကြည့်လိုက်သည်။

ကြေးမုံ၏ ချုပ်နှောင်ခံထားရသော သွမ့်မူကျန်းသည်တော့ သူသည်လည်း ဆွံ့အသွားခဲ့သည်။ ထို့နောက် ဝိညာဉ်နတ်သူငယ်ကိုဖောက်ခွဲပစ်မည့် သူ၏ လုပ်ဆောင်မှုကို ချက်ချင်း ရပ်တန့်လိုက်သည်။ သူက ပျက်စီးသွားသော စည်းချအစီအရင်၏ အက်ကွဲရာတစ်ခုမှ မြန်ဆန်စွာ တိုးထွက်လာသည်။

ထို့နောက် သူက ယိုယွင်းပျက်စီးနေသော လျှို့ဝှက်ရတနာသိုက်ကို ဧရာမကြေးမုံဆီသို့ ပစ်ပေါက်လိုက်သည်။

ဝုန်း…

ပို၍များပြားသော အက်ကွဲရာများသည် ကြေးမုံ၏ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာပြီး ယင်းက ချော်ရည်ပေါ်သို့ ပြုတ်ကျသွားသည်။

ကြေးမုံထဲမှ မျက်နှာသည် တစ်စုံတစ်ခုပြောချင်သည့်အလား ပါးစပ်ဟလိုက်သည်။ သို့သော်လည်း အပျက်အစီးဒဏ်က အလွန်ဆိုးဝါးသောကြောင့် သူ၏ နတ်ဘုရားအာရုံကို ပို့လွှတ်ရန် အတော်လေး ခက်ခဲနေသည်။

သွမ့်မူကျန်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ လည်ချောင်းထဲမှ ချွဲသလိပ်များကို ကြေးမုံပေါ်သို့ ထွေးချလိုက်သည်။

ချွဲသလိပ်သည် အတော်လေးလံသောကြောင့် ယင်းက ကြေးမုံပေါ်သို့ ပြုတ်ကျသွားသည့်အခါ ကြေးမုံသည် ချော်ရည်အောက်သို့ နစ်မြုပ်သွားသည်။

ထိုသို့လုပ်ဆောင်ပြီးနောက် သွမ့်မူကျန်းသည် အလျှင်အမြန် ထွက်ခွာသွားသည်။

သူတို့ထွက်သွားပြီး ခြောက်နာရီကြာပြီးနောက် အဝေးတစ်နေရာတွင် မီးမုန်တိုင်းတစ်ခု အစပျိုးထွက်ပေါ်လာသည်။ မုန်တိုင်းအတွင်းတွင် ဧရာမပုံရိပ်တစ်ခုရှိသည်။ သူက ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာမရှိပေ။ သူ၏ မျက်နှာနေရာတွင် ရွှေရောင်ကြေးမုံတစ်ချပ် ရှိသည်။

သူက အမြန်ပျံသန်းလာပြီး ထိုနေရာမှာ ရပ်လိုက်သည်။ သူက ခေါင်းငုံ့လိုက်ပြီး ချော်ရည်ကို ကြည့်လိုက်သည်။

ဘေးပတ်ဝန်းကျင်မှ ပုံရိပ်သည် သူ၏ မျက်နှာပေါ်မှာ အလင်းပြန်လာသည်။

အချိန်အတော်ကြာပြီးနောက် သူက လေကို ဖမ်းဆုပ်လိုက်သည်။ ချော်ရည်အောက်သို့ နစ်မြုပ်သွားသော ကြေးမုံသည် ချက်ချင်း ပြန်မြှောက်တတ်လာသည်။ သူက ကြေးမုံကို အချိန်တစ်ခဏကြာ ကိုင်ထားလိုက်သည်။ ကြေးမုံထဲရှိ မျက်နှာထံမှ အေးစက်စက် စကားသံ ထွက်ပေါ်လာသည်။

“ လူသားမျိုးနွယ်… ”

တစ်ချိန်တည်းမှာ ထိုနေရာနှင့် ကီလိုမီတာငါးထောင်ကွာဝေးသော မီးတောက်ပင်လယ်ပေါ်တွင် ရွှီချင်းသည် အဝေးသို့ မြန်ဆန်စွာ ပျံသန်းနေသည်။ သူသည် လွန်ခဲ့သော သုံးရက်အတွင်း လုံးဝမရပ်နားခဲ့ပေ။ သူ့ကိုယ်သူ ဖုံးကွယ်ထားလျက် ကမ်းစပ်ဆီသို့ ချဉ်းကပ်သွားနေသည်။

ထိုသုံးရက်အတွင်း ဤနေရာမှ ကောင်းကင်သည် ပိုပြီးတောက်ပလာပြီး မီးတောက်များသည် ယခင်ထက် အနည်းငယ် ပိုပြီးသိပ်သည်းလာဟန် ရ၏။ ချော်ရည်ပေါက်ကွဲမှုသည်လည်း အကြိမ်အရေအတွက် များပြားလာသည်။

ယင်းက ဤနေရာမှ အပူချိန်ကို ဆက်လက် မြင့်တတ်သွားစေပြီး ဝိညာဉ်လောင်ကျွမ်းသော ခံစားမှုကို ပေးသည်။

“ ကမ်းစပ်ဆီ ငါမြန်မြန် ပြန်ရောက်ရမယ်… တကယ်လို့ ဒီအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် ငါ့ခန္ဓာကိုယ်က တောင့်ခံနိုင်တယ်ဆိုရင်တောင် ငါ့ဝိညာဉ်က အရည်ပျော်သွားလိမ့်မယ် ”

ရွှီချင်းသည် သူ၏ ဆံပင်မှ ခြောက်သွေ့မှုကို ခံစားနေမိသည်။ သူ၏ ဝိညာဉ်သည် ခြောက်သွေ့တော့မည့် လက္ခဏာတချို့ကို ပြလာသည်။ သူက တစ်ခဏ တွေးတောပြီးနောက် အရှေ့သို့ ဆက်လက် ရွေ့လျားတော့မည့်အချိန် ရုတ်တရက် တည်ငြိမ်စွာ ပြောသည်။

“ စီနီယာ… မင်း ငါ့နောက်ကိုလိုက်နေတာ အတော်ကြာပါပြီ… အဲ့လိုလုပ်ဖို့ မလိုပါဘူး ”

အချိန်တစ်ခဏကြာ စောင့်ဆိုင်းပြီးနောက် ရွှီချင်းသည် အရှေ့သို့ ဆက်လက် ရွေ့လျားသွားသည်။

ဤသုံးရက်အတွင်း သူသည် နှစ်နာရီခြားတစ်ခါ ထိုသို့လုပ်ဆောင်လေ့ ရှိသည်။

တားမြစ်အဆိပ်၏ အရှိန်အဝါကို သူက အာရုံခံနိုင်သော်လည်း ယင်းကို အလေ့အကျင့်တစ်ခုအဖြစ် မှတ်ယူလိုက်မည်ဆိုလျှင် ပေါ့ဆမှုတစ်ခုဖြစ်လာနိုင်ကြောင်း သူသိသည်။ ဤပရမ်းပတာလောကကြီးတွင် သေးငယ်သော ပေါ့ဆမှုတစ်ခုသည်ပင် ဆိုးဝါးသောရလဒ်ကို ဖြစ်ပေါ်စေနိုင်သည်။

သို့ဖြစ်၍ သူက တားမြစ်အဆိပ်၏ အရှိန်အဝါကို အာရုံမခံမိသော်လည်း ထိုသို့ဆက်ပြောနေခြင်း ဖြစ်သည်။

ထိုသို့ဖြင့် နောက်ထပ်တစ်ရက် ကုန်လွန်သွားသည်။ ရွှီချင်းသည် ပျံသန်းခြင်းကို ရပ်တန့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ စီနီယာ… မင်းက ပုန်းအောင်းရတာကို အဲ့လောက်တောင် သဘောကျတာလား ”

ဤတစ်ကြိမ်မှာတော့ တုံ့ပြန်မှုရှိလာသည်။

“ ဟမ် ”

အံ့အားသင့်သော အသံသည် ရွှီချင်း၏ ညာဘက် ပေတစ်ရာအကွာတွင် ထွက်ပေါ်လာသည်။ ထိုနေရာသည် အမြန်ပုံပျက်တွန့်လိမ်သွားပြီး သွမ့်မူကျန်း၏ ခန္ဓာကိုယ်က ထွက်ပေါ်လာသည်။

သူ၏ ခန္ဓာကိုယ်အပြင်ဘက်တွင် ပူဖောင်းတစ်လုံးရှိပြီး ယင်းက သူ၏ အရှိန်အဝါကို အပြင်လောကသို့ မပျံ့နှံ့သွားအောင် သီးခြားတည်ရှိစေသည်။

သူ၏ ညာဘက်လက်နားတစ်ဝိုက်ကို ရစ်ပတ်စည်းနှောင်ထားသော အဝတ်စတစ်ခုလည်း ရှိသည်။ ယင်းက တားမြစ်အဆိပ်မှ အရှိန်အဝါကို လုံးလုံးလျားလျား သီးခြားခွဲထုတ်ပေးထားသည်။

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက တစ်ချက်ကြည့်လိုက်လေရာ ယင်းက သူနှင့် အနည်းငယ် ရင်းနှီးကျွမ်းဝင်သည်ဟု မသဲမကွဲ ခံစားမိသွားသည်။

‘ ဒီကောင်လေးက ဘယ်လိုလုပ် ငါ့ကို အာရုံခံမိသွားတာလဲ ’

သွမ့်မူကျန်းသည် ဇဝေဇဝါဖြစ်သွားသည်။ ယခင်က ရွှီချင်း၏ တိုက်ခိုက်မှုကို ပြန်တွေးမိသွားသောအခါ တစ်ဖက်လူတွင် သူ၏ အရှိန်အဝါကို အာရုံခံရန် ထူးဆန်းသော လျှို့ဝှက်အတတ်ပညာများ ရှိနေနိုင်သည်ဟု သူခံစားမိသွားသည်။

‘ ဒါမှမဟုတ် ဒီကောင်လေးက နှစ်နာရီခြားတစ်ခါ လျှောက်အော်နေတာလည်း ဖြစ်နိုင်တယ် ’

‘ ဉာဏ်များလိုက်တာ ’

သွမ့်မူကျန်းသည် သူ၏ စိတ်ထဲမှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ရွှီချင်း၏ အကြည့်က သူ၏ ညာဘက်လက်ပေါ်မှ အဝတ်စပေါ်သို့ ကျရောက်နေသည်ကို သူသတိပြုမိသည်။ သို့သော်လည်း သူက မရှင်းပြချေ။ ယင်းအစား သူက ရွှီချင်းကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။

“ ကောင်လေး မင်းက အတော်အကြင်နာမဲ့တာပဲ ”

“ ဒီအဖိုးကြီးမှာ မင်းအပေါ် ထိခိုက်စေလိုတဲ့ဆန္ဒမရှိဘူး… ကောင်းကင်မီးသလင်းကျောက်တွေရဲ့ အရှိန်အဝါကို ဖုံးကွယ်နိုင်တဲ့ သေတ္တာကိုတောင် ငါမင်းကို ပေးခဲ့တယ်… ဒါပေမဲ့ မင်းကတော့ ငါ့ကို ဖြေဆေးအတုပေးခဲ့တယ် ”

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။

“ ဒါပေမဲ့ မင်းက အရင်တစ်ခေါက်က ငါ့ကို လွတ်မြောက်အောင် ကူညီပေးခဲ့တာကြောင့် အဲ့ဒီကိစ္စကို ငါထပ်မပြောတော့ဘူး ”

ရွှီချင်းက မျက်မှောင်ကြုတ်သွားသည်ကို မြင်သောအခါ အဖိုးအို၏ လေသံသည် အမြန်ပျော့ပျောင်းသွားသည်။

ထို့နောက် သူက လက်မြှောက်လိုက်ပြီး ချောင်းဟန့်လိုက်သည်။

“ ငါတို့အားလုံးက လူသားတွေမလား… မင်းဘာလို့…. ငါ့ကို အဆိပ်မဖြေပေးတာလဲ ”

ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ရှိနေပြီး တည်ငြိမ်စွာ ပြောသည်။

“ ဝိညာဉ်ကျောက်တုံးတစ်သောင်း ”

အဖိုးအိုသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ရွှီချင်းကို စိုက်ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက ခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။ သူက သိုလှောင်အိတ်တစ်လုံးကို ပစ်ပေးလိုက်သည်။ ယင်းက ယခင်က ရွှီချင်း သူ့အား ပေးခဲ့သော သိုလှောင်အိတ်သာ ဖြစ်သည်။

ရွှီချင်းသည် သိုလှောင်အိတ်ကို ဖွင့်ကြည့်ပြီးနောက် ရေတွက်ကြည့်ကာ မည်သည့်အမှားအယွင်းမှမရှိကြောင်း အတည်ပြုသည်။

ရွှီချင်းက ရေတွက်ချင်နေသေးသည်ကို မြင်သောအခါ အဖိုးအိုသည် ထပ်မံဒေါသထွက်လာသည်။ သို့သော်လည်း သူက သည်းခံထားဆဲပင်။

“ အဆင်ပြေလား ”

ရွှီချင်းသည် ခေါင်းညိတ်ပြသည်။ ထို့နောက် သူက ညာလက်ကို မြှောက်တင်လိုက်ပြီး အဖိုးအိုကို ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းဆိုသလို အဖိုးအို၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး သူ၏ ခန္ဓာကိုယ်ထဲမှ တားမြစ်အဆိပ်သည် ထကြွလာသည်။ သူက နာကျင်မှုဝေဒနာကို ကြိတ်မှိတ်သည်းခံနေစဉ် အဆိပ်သည် သူ၏ ခန္ဓာကိုယ်အပြင်ဘက်သို့ ပျံ့နှံ့ထွက်လာသည်။

အဆုံးမှာတော့ ယင်းက အနက်ရောင်မြူခိုးသို့ ပြောင်းလဲသွားပြီး ရွှီချင်းထံသို့ ဦးတည်သွားသည်။ ထို့နောက် ယင်းက ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားသည်။

တားမြစ်အဆိပ်၏ ပျောက်ကွယ်မှုနှင့်အတူ အဖိုးအိုသည် သူ၏ ခန္ဓာကိုယ်က ပေါ့ပါးသွက်လက်လာကြောင်း ခံစားမိသွားသည်။ တစ်ချိန်တည်းမှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားသည် ပေါ်လျှိုးလာပြီး ပြန်လည်ကုသခြင်းစွမ်းရည်က စတင်အလုပ်ပြန်လုပ်လာသည်။

အဖိုးအိုသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။ ထို့နောက် သူက ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းသည် အလွန်အမင်း သတိထားသော အမူအရာဖြင့် ခြေလှမ်းအနည်းငယ် အနောက်ဆုတ်သွားသည်။

အဖိုးအိုသည် မျက်လုံးပြူးကျယ်သွားသည်။

“ ကောင်လေး… မင်းဒီလောက်သန်မာတာ ငါတို့ ပထမနှစ်ကြိမ်တွေ့ဆုံတုန်းက မင်းဘာလို့ မတိုက်ခိုက်တာလဲ… အဲ့ဒီအစား ဘာလို့ ငါ့ကို ဝင်ပါစေရတာလဲ ”

“ ငါ့မှာ အခွင့်အရေးမရခဲ့ဘူးလေ ”

ရွှီချင်းသည် တည်ငြိမ်စွာ ပြန်ပြောသည်။ သူက အမှန်ပြောနေခြင်း ဖြစ်သည်။

All Chapters