← Chapters

မီးအိမ်ထဲမှာ ပန်းပွင့်ခြင်း

Vol. 78 Ch. 1211

မီးအိမ်ထဲမှာ ပန်းပွင့်ခြင်း

Vol. 78 Ch. 1211

အင်ပါယာအကယ်ဒမီ၏ ဖရိုဖရဲကိစ္စသည် ထိုသို့ဖြင့် အဆုံးသတ်သွားသည်။

ရှေးဘုရင်ဂြိုလ်ပေါ်မှ မဟာဧကရာဇ်၏ မျက်နှာသည် ဖြည်းညင်းစွာ နစ်မြုပ်သွားပြီး ပျောက်ကွယ်သွားသည်။ မဟာဧကရာဇ်ရုပ်တု၏ ဦးခေါင်းသည်လည်း မူလနေရာသို့ ပြန်လှည့်သွားသည်။

နန်းတော်မှ အလင်းရောင်သည်လည်း မူလနေရာသို့ ပြန်ရောက်သွားသည်။

သေမျိုးလောကမေ့လျော့ခြင်းမျှော်စင်ထဲတွင် ရွှံ့မြေခွေးသည် တခစ်ခစ် ရယ်မောလိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ ၎င်းက ရုပ်တုအဖြစ် ပြန်ပြောင်းလဲသွားသည်။

ကောင်းကင်ပေါ်မှ အက်ကွဲကြောင်းသည် လုံးဝပျောက်ကွယ်သွားသည်။

တာအိုဆွေးနွေးပွဲကြောင့် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းက အဆုံးသတ်သွားသော်လည်း ယင်း၏ နောက်ဆက်တွဲ သက်ရောက်မှုက ကျန်ရှိနေဆဲပင်။ နန်းမြို့တော်ထဲမှ အင်အားစုအသီးသီး၏ နှလုံးသားထဲတွင် စိတ်ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာကြသည်။ ယင်းက အကယ်ဒမီထဲမှ ကျောင်းတော်သားများအပေါ်လည်း လေးလေးနက်နက် သက်ရောက်မှုရှိခဲ့သည်။

မရေမတွက်နိုင်သော ကျောင်းတော်သားများသည် အနည်းနှင့်အများ ဒဏ်ရာရရှိသွားကြသည်။

ထို့ကြောင့် တိတ်ဆိတ်ခြင်းနှင့် ရှုပ်ထွေးနက်နဲခြင်းသည် လက်ရှိအချိန်မှာ အင်ပါယာအကယ်ဒမီ၏ အဓိကတေးသွားဖြစ်လာသည်။ အထူးသဖြင့် ကောင်းကင်ပေါ်မှ ကြည့်လျှင် ပိုပြီးသိသာထင်ရှားသည်။ အကယ်ဒမီ၏ တချို့ဧရိယာများတွင် ပြိုလဲပျက်စီးနေသော မြင်ကွင်းများ ထွက်ပေါ်နေသည်။

တချို့ဧရိယာများတွင် ရေခဲများက အရည်ပျော်နေပြီး ယိုယွင်းပျက်စီးနေသော တွင်းနက်များသဖွယ် အောက်မေ့ရသည်။ ဤသည်မှာ သူ့တို့ဘာသာ ပြန်မကောင်းနိုင်သော အရေပြားပေါ်မှ ပြည်တည်နာများနှင့် အလားသဏ္ဍာန်တူသည်။

ထို့ပြင် တချို့ဧရိယာများသည် တွင်းနက်များဖြင့် မပြည့်နှက်နေသော်လည်း ပြိုကျပျက်စီးနေသော လက္ခဏာများပြနေသည်။

အလုံးစုံခြုံငုံကြည့်လျှင် အင်ပါယာအကယ်ဒမီသည် အတော်လေး ပျက်စီးသွားခဲ့သည်။

ထိုအရာအားလုံးကို မြင်တွေ့သွားသောအခါ ကျောင်းအုပ်ကြီး၏ မျက်နှာပေါ်မှ အရေးအကြောင်းများသည် ပိုမိုများပြားလာသည်။ သူက နူးညံ့စွာ သက်ပြင်းချလိုက်ပြီး ညာလက်ကို မြှောက်လိုက်ကာ ကောင်းကင်ပေါ်သို့ ညွှန်လိုက်သည်။

“ ပြန်ဖွဲ့စည်းစေ ”

တစ်ချိန်တည်းမှာ မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးအပါအဝင် အင်ပါယာအကယ်ဒမီထဲမှ အတွေးကျောင်းတော်အားလုံး၏ ကျောင်းအုပ်ကြီးများသည် သူတို့၏ ညာလက်ကို မြှောက်တင်လိုက်ကြပြီး သူတို့၏ အခွင့်အာဏာကို လှုံ့ဆော်လိုက်ကြသည်။ ဤသည်မှာ သက်ဆိုင်ရာအတွေးကျောင်းတော်များ၏ ကျောင်းအုပ်ကြီးတစ်ယောက်အနေဖြင့် သူတို့ရရှိထားကြသော အခွင့်အာဏာ ဖြစ်သည်။

ချက်ချင်းဆိုသလို အဖြူရောင်မျှော်စင်အားလုံးသည် အဖြူရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်ကြသည်။ ယင်းတို့က စွမ်းအင်လှိုင်းများသို့ ပြောင်းလဲသွားကြပြီး မြေပြင်တစ်လျှောက် ပျံ့နှံ့သွားသည်။ တစ်ချိန်တည်းမှာ အဖြူရောင်အလင်းတန်းတချို့သည် အင်ပါအကယ်ဒမီ၏ ကောင်းကင်ယံဆီသို့ ပျံသန်းသွားကြသည်။

နောက်အခိုက်အတန့်မှာ အရေအတွက်များပြားသော အဖြူရောင်မှော်သင်္ကေတများသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြပြီး အရောင်တလက်လက် တောက်ပလာကြသည်။ မှော်သင်္ကေတတစ်ခုစီသည် အဌဂံပုံသဏ္ဍာန်ရှိပြီး ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားကာ မြေပြင်ကို ဖုံးလွှမ်းသွားသည်။

ထိုမှော်သင်္ကေတများသည် အစီအစဉ်တကျ စုဝေးသွားကြပြီး ကြီးမားသော အဌဂံပုံသဏ္ဍာန်တစ်ခုကို ဖွဲ့စည်းသွားသည်။

ယင်းတို့က သတ်မှတ်ထားသော အစီအစဉ်အတိုင်း လှည့်ပတ်သွားကြသည်။ မှော်သင်္ကေတတစ်ခုစီက ပြီးပြည့်စုံသော လည်ပတ်မှုတစ်ကြိမ် ဖြစ်ပေါ်လာသည့်အခါ အင်ပါယာအကယ်ဒမီ၏ ပျက်စီးသွားသော လေဟာနယ်သည် ပြန်ကောင်းမွန်လာသည်။

မြေပြင်သည်လည်း ထို့အတူပင်။ တူညီသော အဌဂံအစီအရင်များက ထွက်ပေါ်လာကြပြီး စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်သွားကြသည်။

ကျယ်လောင်သော မြည်သံများကြားမှာ အင်ပါယာအကယ်ဒမီတစ်ခုလုံးသည် မြန်ဆန်စွာ ပြန်လည်နာလန်ထူလာသည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက် ကောင်းကင်သည် ပြန်လည်ကြည်လင်သွားပြီး အက်ကွဲကြောင်းအားလုံးသည် ပျောက်ကွယ်သွားကြသည်။

မြေပြင်သည် သန့်ရှင်းသွားပြီး အပျက်အစီးနယ်မြေအားလုံးက ပြန်ကောင်းမွန်သွားကြသည်။

အရာအားလုံးသည် မူလအခြေအနေသို့ ပြန်ရောက်သွားသည်။

“ တာအိုဆွေးနွေးပွဲက ပြီးဆုံးသွားပြီ ”

“ မူကွဲအင်မော်တယ်ကျောင်းတော်က အနိုင်ရတယ် ”

ကျောင်းအုပ်ကြီး၏ အကြည့်သည် ကျောင်းတော်သားအားလုံးထံသို့ ကျရောက်သွားသည်။ နောက်ဆုံးမှာတော့ သူက မူကွဲအင်မော်တယ်ကျောင်းတော်၏ တာအိုစင်မြင့်ကို ကြည့်လိုက်သည်။ သူ့အကြည့်၏ အဓိကအာရုံစိုက်မှုသည် တာအိုစင်မြင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ရွှီချင်းဖြစ်သည်။

သူ၏ အကြည့်သည် အလွန်နက်ရှိုင်းပြီး ထက်ရှမှုတစ်စွန်းတစ်စ ကိန်းအောင်းနေသည်။ ဤသည်မှာ သူက လူတိုင်း၏ နှလုံးသားကို ထွင်းဖောက်မြင်နိုင်သည့်အလားပင်။

သူ၏ စကားသည် ဤတာအိုဆွေးနွေးပွဲကို အဆုံးသတ်သွားစေသည်။

သူက စကားဆုံးသွားသည်နှင့် အဝေးသို့ ပျံသန်းသွားသည်။ သူ့အနောက်မှ လိုက်ပါလာသော တတိယမင်းသားသည်တော့ အကယ်၍ ဤအဖြစ်အပျက်ကိုသာ သူမမြင်တွေ့ခဲ့လျှင် သူက အရိုးသားဆုံး ပြုံးထားပြီး မထွက်ခွာခင် ကျောင်းတော်သားများကို အားပေးစကား ပြောကြားလိမ့်မည်။

သို့သော်လည်း ယခု သူက ရွှီချင်းကို အရိုအသေမပေးဘဲ မထွက်သွားဝံ့ချေ။

သူတို့နှစ်ယောက် ထွက်သွားပြီး တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် အင်ပါယာအကယ်ဒမီထဲမှာ အားပေးချီးမြှောက်သံများ ထွက်ပေါ်လာကြသည်။ ထိုအသံများသည် မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျောင်းတော်သားများထံမှ ဖြစ်သည်။

ယခင်က မူကွဲအင်မော်တယ်ကျောင်းတော်ကို အသိအမှတ်မပြုဝံ့ကြသော ထိုကျောင်းတော်သားများသည် တာအိုဆွေးနွေးပွဲပြီးနောက် စိတ်လှုပ်ရှားလာကြသည်။

အဘယ့်ကြောင့်ဆိုသော် ဤတာအိုဆွေးနွေးပွဲပြီးနောက် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်အပေါ် သူတို့၏ အပြတ်အသတ် အနိုင်ရရှိမှုနှင့်အတူ မူကွဲအင်မော်တယ်ကျောင်းတော်သည် မည်သည့်အတားအဆီးမှမရှိဘဲ အထွတ်အထိပ်သို့ တတ်လှမ်းသွားတော့မည်ဖြစ်ကြောင်း သူတို့နားလည်သောကြောင့် ဖြစ်သည်။

မူကွဲအင်မော်တယ်ကျောင်းတော်၏ ရွှေရောင်နေ့ရက်များက မကြာခင် ရောက်ရှိလာတော့မည် ဖြစ်သည်။

အထူးသဖြင့် မူကွဲအင်မော်တယ်ကျောင်းတော်၏ တာအိုစင်မြင့်ပေါ်မှ သက်တံ့အလင်းတန်းကို မည်သည့်အရပ်ဒေသမှမဆို မြင်တွေ့နိုင်ပေသည်။

အမှန်မှာ ကြားနေကျောင်းတော်သားများသည် ယနေ့ကိစ္စများကို တွေ့ကြုံပြီးနောက် မူကွဲအင်မော်တယ်ကျောင်းတော်အပေါ် ချီးကျူးလေးစားလာကြသည်။

မြင့်တတ်လာသော မူကွဲအင်မော်တယ်ကျောင်းတော်နှင့် နှိုင်းယှဉ်လျှင် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်သည် ပြိုလဲလုနီးပါး အခြေအနေသို့ ကျရောက်နေသည်။ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ တပည့်ခေါင်းဆောင်နှင့် ရာထူးမြင့်ကျောင်းတော်သားများအပါအဝင် တခြားကျောင်းတော်သားများသည် မကျေမနပ်ဖြစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် နောင်တရခြင်းကို ခံစားမိသွားကြသည်။

နောက်ဆုံးမှာတော့ ထိုစိတ်ခံစားချက်များသည် ပိုင်ရှောင်ကျိုးအပေါ် ဒေါသအဖြစ် ပြောင်းလဲသွားသည်။

မကြာမီ သူတို့သည် ပိုင်ရှောင်ကျိုးနှင့်ပတ်သက်ပြီး အင်ပါယာအကယ်ဒမီနှင့် နန်းမြို့တော်၏ စုံစမ်းစစ်ဆေးခြင်းကို သေချာပေါက် ခံရလိမ့်မည်။ အထူးသဖြင့် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ရာထူးမြင့်ကျောင်းတော်သားများ ဖြစ်ကြသည်။ မည်သူမှ စုံစမ်းစစ်ဆေးခြင်းမှ မလွတ်မြောက်နိုင်ကြပေ။ သို့မဟုတ်ဘဲ သူတို့က စုံစမ်းစစ်ဆေးခြင်းကို ရှောင်တိမ်းမည်ဆိုလျှင် သေလမ်းကိုသာ ရွေးချယ်ရလိမ့်မည်။

အမှန်တကယ်ပင် ထိုအတိုင်းဖြစ်သည်။ တခြားကျောင်းတော်သားများက အော်ဟစ်ချီးမြှောက်နေကြစဉ် တော်ဝင်မိသားစု၏ ကိုယ်ရံတော်အစောင့်အကြပ်များနှင့် အနက်ရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားကြသော အစောင့်အကြပ်များသည် အတူတကွ ရောက်ရှိလာကြသည်။

သူတို့က နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ရာထူးမြင့်ကျောင်းတော်သားအားလုံးကို လူတိုင်း၏ အရှေ့မှာ ခေါ်ဆောင်သွားကြသည်။

ထို့ပြင် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ ကျောင်းတော်သားများကို အပြင်ထွက်ခွင့် ပိတ်ပင်လိုက်သည်။ ထို့ကြောင့် သူတို့သည် အနာဂတ်စုံစမ်းစစ်ဆေးမှုအတွက် အင်ပါယာအကယ်ဒမီမှာ နေထိုင်ရုံမှလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ပေ။

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ အဖြူရောင်မျှော်စင်သည်တော့ ယခင်က မူကွဲအင်မော်တယ်ကျောင်းတော်ကဲ့သို့ ယာယီချိပ်ပိတ်ခံလိုက်ရသည်။

ရွှီချင်းသည် မတ်တတ်ရပ်လိုက်ပြီး မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီး၊ ချန်းတောက်ဇီနှင့်အတူ တာအိုစင်မြင့်အောက်သို့ ဆင်းသက်သွားသည်။ သူက ကျောင်းတော်သားများ၏ လိုက်ပါပို့ဆောင်မှုနှင့်အတူ မူကွဲအင်မော်တယ်ကျောင်းတော်၏ အဖြူရောင်မျှော်စင်ဆီသို့ ပြန်သွားသည်။

အဖြူရောင်မျှော်စင်၏ အရှေ့တွင် မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မနက်ဖြန်တွင် မူကွဲအင်မော်တယ်ကျောင်းတော်ကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျောင်းတော်သားများကို ကြေညာလိုက်သည်။

အော်ဟစ်ချီးမြှောက်သံများက ဘေးပတ်ဝန်းကျင်မှာ ပဲ့တင်ထပ်သွားစဉ် ကျောင်းအုပ်ကြီးသည် ရွှီချင်းကို အရိုအသေပေးလိုက်သည်။ ချန်းတောက်ဇီသည်လည်း အရိုအသေပေးလိုက်သည်။

သူတို့ထံမှာ မေးခွန်းများစွာရှိကြောင်း ရွှီချင်း နားလည်သည်။ ထို့ကြောင့် သူက အဖြူရောင်မျှော်စင်ထဲသို့ လျှောက်သွားသည်။

သူတို့နှစ်ယောက်သည် ရွှီချင်း၏ အနောက်မှ လိုက်သွားကြပြီး မျှော်စင်ထဲသို့ ဝင်ရောက်သွားကြသည်။ ထို့နောက် အဖြူရောင်မျှော်စင်၏ ဂိတ်တံခါးသည် ဖြည်းညင်းစွာ ပိတ်သွားသည်။

ဤအခိုက်အတန့်မှာ သူတို့ကို မနှောင့်ယှက်သင့်ကြောင်း ကျောင်းတော်သားများက နားလည်သဘောပေါက်ကြသည်။ ထို့ကြောင့် သူတို့က စိတ်လှုပ်ရှားသော ခံစားမှုနှင့်အတူ အဖြူရောင်မျှော်စင်ကို အရိုအသေပေးလိုက်ကြသည်။ ထို့နောက် သူတို့အားလုံးက ထွက်ခွာသွားကြသည်။

အဖြူရောင်မျှော်စင်သည် လုံးဝတိတ်ဆိတ်သွားသည်။

တောက်ပသော အလင်းရောင်အောက်၌ ရွှီချင်းသည် ကျောက်စိမ်းစင်၏ အရှေ့မှာ မတ်တတ်ရပ်နေပြီး ထူထဲစွာ ပုံထားသော ရှေးဟောင်းစာအုပ်များကို ကြည့်လိုက်သည်။ သူ၏ အနောက်တွင် မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးနှင့် ချန်းတောက်ဇီက ရိုသေလေးစားစွာ မတ်တတ်ရပ်နေကြသည်။

သူတို့၏ နှလုံးသားထဲမှာ မေးခွန်းများစွာ ရှိသည်။ သို့သော်လည်း ယခု သူတို့က ဤနေရာမှာ ရပ်နေပြီး ရွှီချင်းဖြင့် မျက်နှာချင်းဆိုင်ရသောအခါ သူတို့၏ စိတ်ထဲမှာ ပြောချင်သော စကားလုံးများက ရာထောင်ချီရှိသော်လည်း မည်သည့်အရာကို စပြောရမည်ဖြစ်ကြောင်း မသိကြတော့ချေ။ မူကွဲအင်မော်တယ်မျိုးဆက်၏ မူလဇစ်မြစ်သည် ရွှီချင်းဖြစ်သည်။ ထို့ကြောင့် သူတို့က ကောင်းကျိုးဆိုးကျိုးကို မချင့်ချိန်နိုင်ကြပေ။

သူတို့တန်ဖိုးထားဆုံးအရာ၏ အနိမ့်အမြင့်အတတ်အကျကို စကားတစ်ခွန်းဖြင့် အဆုံးအဖြတ်ပေးနိုင်သော သူဖြင့် ရင်ဆိုင်ရသည့်အခါ ထုံးစံအားဖြင့် သူတို့သည် စိုးရိမ်ခြင်းနှင့် တုံ့ဆိုင်းခြင်းကို ခံစားကြရလိမ့်မည်။

ထိုသို့သောသူကို ဆရာကြီးဟု ခေါ်သည်။

များသောအားဖြင့် ‘ ဆရာကြီး ’ဟူသော စကားသည် အကြွင်းမဲ့ မမှန်ကန်ပေ။ သို့သော်လည်း နီးစပ်သည်။

ရွှီချင်းသည် သူတို့၏ ခံစားချက်များကို နားလည်သည်။ ချီယွဲ့ထုံဂိုဏ်းနှင့် ဖုန်းဟိုင်ဒေသငယ်မှ အတွေ့အကြုံများက သူ့ကို ပိုမိုမြန်ဆန်စွာ ရင့်ကျက်စေခဲ့သည်။

သို့ဖြစ်၍ ရွှီချင်း၏ အသံက အဖြူရောင်မျှော်စင်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ မူကွဲအင်မော်တယ် တာအိုမျိုးစေ့က ငါ့ဝိညာဉ်မျိုးစေ့ကနေ ဖြစ်ပေါ်လာတာပဲ ”

“ ဒီဝိညာဉ်မျိုးစေ့ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ကျောင်းအုပ်ကြီးဆီ ပထမအကြိမ် ငါပေးခဲ့တဲ့ ကျောက်စိမ်းပြားထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ် ”

“ ငါက ဒီဝိညာဉ်မျိုးစေ့ကို အတွေးတစ်ချက်နဲ့ ပြန်သိမ်းဆည်းနိုင်တယ်… ဝိညာဉ်မျိုးစေ့ကနေ ရလာတဲ့ ကျင့်ကြံခြင်းတိုးတတ်မှုအားလုံးကိုလည်း ပြန်ရုပ်သိမ်းပစ်နိုင်တယ် ”

“ ဒါပေမဲ့ ငါက အခြေအနေတစ်ခုမှာပဲ အဲ့လိုလုပ်ဆောင်လိမ့်မယ်… အဲ့ဒါက မင်း လူ့ကျင့်ဝတ်ကို ဆန့်ကျင်တဲ့အခါကျမှပဲ ”

ရွှီချင်းသည် စကားဆုံးအောင် ပြောပြီးနောက် အနောက်လှည့်လိုက်ပြီး မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးနှင့် ချန်းတောက်ဇီကို စူးရှသော အကြည့်ဖြင့် ကြည့်လိုက်သည်။

သူတို့နှစ်ယောက်သည် ခေါင်းငုံ့လိုက်ကြပြီး လက်သီးဆုပ်လိုက်ကြသည်။

အကယ်၍ ရွှီချင်း၏ သရုပ်ကိုသာ သူတို့မသိထားကြလျှင် ထိုစကားများကို သံသယဝင်ပြီး သတိကြီးစွာ ထားမိလိမ့်မည်။ အကယ်၍ နောက်ပိုင်းမှာ သူတို့က လက်ခံခဲ့မည်ဆိုလျှင်ပင် ယင်းက ဗျူဟာမြောက်သော လှုပ်ရှားမှုတစ်ခုသာဖြစ်ပြီး အပြန်အလှန် အကျိုးအမြတ်ရရှိခြင်းနှင့် အမြတ်ထုတ်ခြင်းအပေါ် ကစားမှုတစ်ခုသာ ဖြစ်လိမ့်မည်။

သို့သော်လည်း ယခု အခြေအနေသည် ခြားနားသည်။

ရွှီချင်း၏ သရုပ်များစွာထဲတွင် မည်သည့်သရုပ်မဆို အံ့ဖွယ်ကောင်းသည်။ အထူးသဖြင့် ဓားသယ်ဆောင်သူ ဖြစ်သည်။

သူက မဟာဧကရာဇ်၏ အသိအမှတ်ပြုခံထားရသော ဓားသယ်ဆောင်သူဖြစ်သည်။ ထို့ကြောင့် သူ၏ စကားများသည် အာဏာစက်ပြင်းထန်သည်။

သို့ဖြစ်၍ မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးနှင့် ချန်းတောက်ဇီသည် ရွှီချင်းကို ယုံကြည်ကြသည်။

ရွှီချင်းသည် သူ၏ ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေသော ခရမ်းရောင်ဝိညာဉ်မျိုးစေ့(၉၈)ခုအနက် နောက်ထပ် သုံးခုကို ထုတ်ယူလိုက်သည်။ သူက ယင်းတို့ကို သူတို့နှစ်ယောက်ဆီသို့ ကမ်းပေးလိုက်သည်။

“ ခရမ်းရောင်ဝိညာဉ်မျိုးစေ့ကို စုပ်ယူဖို့ သင့်တော်တဲ့လူကို မင်းတို့ ရွေးချယ်နိုင်တယ်… မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ စည်းမျဉ်းတွေကိုတော့ မင်းတို့ဘာသာ ဆုံးဖြတ်ကြပါ ”

“ အနာဂတ်မှာ နတ်ဘုရားအသွင်သဏ္ဍာန်တွေကို ရေးဆွဲပြီး ဒီကို ပို့ပေးမယ်… ကျောင်းတော်သားတွေက အဲ့ဒါတွေကို မှီငြမ်းကိုးကားပြီး ကျင့်ကြံနိုင်လိမ့်မယ် ”

“ ကျွန်တော်မျိုး အမိန့်နာခံပါတယ် ”

မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လေးနက်စွာ ပြောသည်။ ထို့နောက် သူက ခရမ်းရောင်ဝိညာဉ်မျိုးစေ့သုံးခုကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ အချိန်တစ်ခဏကြာ ချင့်ချိန်စဉ်းစားပြီးနောက် သူက ထပ်မံ အရိုအသေပေးလိုက်သည်။

“ စီနီယာရွှီ… အပြင်လောကမှာ ကျွန်တော့်ရဲ့ သရုပ်က ပြည်ထဲရေးနန်းတော်ရဲ့ အကြံပေးသူတစ်ယောက်ပါ… တကယ်လို့ စီနီယာက အကူအညီလိုအပ်တယ်ဆိုရင် ကျွန်တော့်ကို ညွှန်ကြားနိုင်ပါတယ် ”

ရွှီချင်းသည် အပြင်လောကမှ သူ၏ သရုပ်ကို မမေးခဲ့ပေ။ သို့သော်လည်း မူကွဲအင်မော်တယ်ကျောင်းတော်၏ မြင့်တတ်လာမှုမှာ အဓိကအကျိုးအမြတ်ရရှိခဲ့သူအနေဖြင့် သူ၏ သရုပ်ကို ထုတ်ဖော်ပြောကြားသင့်သည်ဟု မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးက တွေးမိသည်။

ချန်းတောက်ဇီသည် တစ်ခဏကြာ နှုတ်ဆိတ်သွားပြီး လေသံတိုးတိုးဖြင့် ပြောသည်။

“ အရှင်သခင်ရွှီ… ကျုပ်က အင်ပါယာအကယ်ဒမီကနေ မထွက်ခွာခဲ့တာ နှစ်နှစ်ထောင်ရှိသွားပါပြီ… မင်းရဲ့ ဝိညာဉ်မျိုးစေ့ကြောင့်ပဲ ကျုပ်က အသိစိတ်ပြန်ဝင်လာပြီး ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်…. အတိတ်မှာတော့ အပြင်လောကမှာ ကျုပ်ရဲ့ သရုပ်က ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းရဲ့ ခေါင်းဆောင်အကြီးအကဲတွေထဲက တစ်ယောက်ပါ… အခု မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ ပြဿနာက အဆုံးသတ်သွားပြီဆိုတော့ ကျုပ်ရဲ့ ဂိုဏ်းဆီ ပြန်သွားဖို့ စီစဉ်ထားပါတယ် ”

“ ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းလား ”

ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။ ခေါင်းဆောင်ဝင်ရောက်ခဲ့သော ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းခွဲကို စဉ်းစားပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။

ရွှီချင်းက အရင်စကားစခဲ့ပြီးနောက် မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးနှင့် ချန်းတောက်ဇီသည် သူ့ကို မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျင့်ကြံခြင်းအတတ်နှင့် ဝိညာဉ်ချည်မျှင်ဖွဲ့စည်းမှုအကြောင်း မေးမြန်းကြသည်။

ရွှီချင်းမှာ သူတို့ကို ညွှန်ကြားပေးရန် မည်သည့်ကျင့်ကြံခြင်းအတတ်မှ မရှိပေ။ သို့သော်လည်း မူကွဲအင်မော်တယ်ကျင့်ကြံခြင်းအတတ်အပေါ် သူ့ကိုယ်ပိုင် အတွေးအမြင်များ ရှိသည်။ ယင်းတို့ကို သူ၏ နတ်ဘုရားအသွင်သဏ္ဍာန်ဖြင့် ပေါင်းစပ်ပြီးနောက် သူတို့နှစ်ယောက်ကို သူ၏ အတွေးများအား ပြောပြလိုက်သည်။

သူ၏ စကားများသည် ချန်းတောက်ဇီနှင့် ကျောင်းအုပ်ကြီးအတွက် အထူးလေးနက်သည်။ ထို့ကြောင့် သူတို့က နှလုံးတုန်သွားကြသည်။

“ ဝိညာဉ်ချည်မျှင်တွေက နတ်ဘုရားအရင်းအမြစ်ကို တုပဖန်တီးနိုင်တယ်… ”

“ နတ်ဘုရားပုံရိပ်ကို လောင်ကျွမ်းပြီး ကျင့်ကြံခြင်းအတားအဆီးကို ချိုးဖြတ်နိုင်တယ် ”

“ မူကွဲအင်မော်တယ်ဆိုတာ အတွေးတစ်ချက်နဲ့ နတ်ဘုရားဖြစ်နိုင်သလို အတွေးတစ်ချက်နဲ့ အင်မော်တယ်ဖြစ်နိုင်တယ်… ”

သူတို့နှစ်ယောက်၏ စိတ်ထဲမှာ အတွေးများစွာက ထွက်ပေါ်လာကြသည်။ ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ရွှီချင်းက အဖြူရောင်မျှော်စင်ထဲမှ ထွက်ခွာလာပြီး နန်းမြို့တော်ထဲသို့ ဝင်ရောက်သွားသည့်အခါ ညအချိန်သို့ပင် ရောက်ရှိသွားပြီ ဖြစ်သည်။ ကောင်းကင်သည် အမှောင်ထုဖြင့် လွှမ်းခြုံခံထားရပြီး ဘေးပတ်ဝန်းကျင်သည် အလွန်တိတ်ဆိတ်နေသည်။

ညကောင်းကင်ယံပေါ်မှ ကြယ်ကလေးများသည် လောကကြီးကို ချောင်းကြည့်နေသော လျှို့ဝှက်ဆန်းကြယ်သည့် မျက်လုံးများသဖွယ် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေကြသည်။

လေပြေသည် တိုးဝှေ့တိုက်ခတ်လာပြီး တိတ်ဆိတ်နေသော လမ်းပေါ်သို့ ရိုက်ခတ်သွားသည်။ ထိုအခါ လမ်း၏ ဘေးတစ်ဖက်တစ်ချက်စီမှ သစ်ပင်များသည် လှုပ်ယမ်းသွားကြပြီး တရှဲရှဲမြည်သံကို ထုတ်လွှတ်လာသည်။

ထိုအသံကို ရွှီချင်းကြားသွားသောအခါ သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ အရင်တစ်ခေါက်က နန်းမြို့တော်ထဲမှာ ငါ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့လူက အလောင်းတောင်မရှိဘဲ သေဆုံးသွားခဲ့တယ် ”

ရွှီချင်းက စကားပြောလိုက်သည့်အခါ သူ့အနောက်မှ လရောင်ခြည်အောက်တွင် အမျိုးသမီးတစ်ယောက်၏ ပုံရိပ်က ထွက်ပေါ်လာသည်။

ထိုအမျိုးသမီးသည် မျက်နှာဖုံးတပ်ဆင်ထားသည်။ သူ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုနှင့် ရန်လိုမှုအရိပ်အယောင် ရှိသည်။

“ နင်စမ်းကြည့်လေ ”

သူက ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းခွဲတွင် ထွက်ပေါ်လာခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီးမှလွဲ၍ တခြားလူမဟုတ်ပေ။

ရွှီချင်းသည် အနောက်လှည့်လိုက်သည်။ လရောင်ခြည်သည် တစ်ဟုန်ထိုး မြင့်တတ်သွားပြီး ခရမ်းရောင်သို့ ပြောင်းလဲသွားကာ လမ်းရှည်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

…..

တစ်ချိန်တည်းမှာ ထူးဆန်းသော အပြောင်းအလဲတစ်ခုသည် ရှေးဘုရင်ဂြိုလ်ပေါ်မှာ ထွက်ပေါ်လာသည်။

ရှေးဘုရင်ဂြိုလ်ပေါ်တွင် တိမ်တိုက်များသည် အဝေးသို့ ပျံ့နှံ့သွားပြီး ဖြည်းညင်းစွာ ရွေ့လျားသွားနေသည်။

ရှေးဘုရင်ဂြိုလ်၏ အနက်ပိုင်းထဲတွင် အလွန်ကြီးမားသော ပဉ္စဂံယဇ်ပလ္လင်တစ်ခု ရှိသည်။ ယဇ်ပလ္လင်ပေါ်မှ ရွှေရောင်ခေါင်းတလားငါးခုသည် ကြောက်မက်ဖွယ်ကောင်းသော တော်ဝင်ချီကို ထုတ်လွှတ်နေကြသည်။

ထိုတော်ဝင်ချီသည် တစ်စုံတစ်ခု၏ တိုက်စားခံနေရပြီး ကျူးကျော်ဝင်ရောက်ခံနေရဟန် ရ၏။ ၎င်းတို့က အနက်ရောင်နဂါးများသဖွယ် အောက်မေ့ရပြီး သေခြင်းတရားညည်းသံကို ထုတ်လွှတ်နေကြသည်။ ၎င်းတို့က ယဇ်ပလ္လင်၏ အလယ်ဗဟိုမှ ခရမ်းရောင်မီးအိမ်ကို စက်ဝိုင်းသဖွယ် မြန်ဆန်စွာ လှည့်ပတ်နေကြသည်။

ခရမ်းရောင်မီးအိမ်သည်တော့ ၎င်းက အစကတည်းက ငြိမ်းသတ်နေပြီးသား ဖြစ်သည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ လှုပ်ယမ်းနေသော မီးတောက်တစ်ခုသည် မီးစာပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။

ယင်းက ရွှေရောင်နှင့် အနီရောင်မီးတောက်တစ်စုံဖြစ်သည်။ ယင်းတို့က အလွန်အားနည်းလေရာ လေတိုက်လျှင် ငြိမ်းသတ်သွားမည့်ဟန် ရသည်။

ထိုမီးတောက်ထဲတွင် ကောင်းကင်ကံကြမ္မာပန်းနှင့် သွေးနှင်းပန်းပွင့်၏ ဝိသေသလက္ခဏာများကို အတူတကွ ပေါင်းစပ်ထားသော ပန်းတစ်ပွင့်က ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။

ထိုပန်းပွင့်သည် ပိုင်ရှောင်ကျိုး နောက်ဆုံးထုတ်ဖော်ခဲ့သော ပန်းပွင့်နှင့် တစ်ပုံစံတည်း တူညီသည်။ ယင်းက သူ့ဘဝ၏ နောက်ဆုံးပြကွက်လည်း ဖြစ်သည်။

All Chapters