← Chapters

ဆရာရဲ့အမိန့်ကို လွန်ဆန်ဖို့က ခဲယဉ်းတယ်

Vol. 48 Ch. 724

ဆရာရဲ့အမိန့်ကို လွန်ဆန်ဖို့က ခဲယဉ်းတယ်

Vol. 48 Ch. 724

အကျဉ်းထောင်ဌာနမြေအောက်ရှိ တွင်းနက်ကြီးထဲတွင် ကျင့်ကြံသူပုံရိပ်များသည် အင်မော်တယ်တားမြစ်နယ်မြေတည်ရှိသော ကျောက်တုံးထုချွန်အစီအရင်၏ ဘေးသို့ ဆက်လက် သက်ဆင်းလာကြသည်။

ရွှီချင်းသည် ပထမဆုံး ရောက်ရှိလာသည့်တပ်ဖွဲ့တွင် ပါဝင်သည်။ သူသည် ပြိုလဲပျက်စီးနေသော စည်းချအစီအရင်တည်ရှိရာ လှိုင်ခေါင်းပေါက်ဆီသို့ မသွားခဲ့ပေ။ ယင်းအစား သူသည် ကိုယ်ကို ကိုင်းညွတ်လိုက်ပြီး ယင်းကို သတိကြီးစွာထား၍ စစ်ဆေးကြည့်လိုက်သည်။

လှိုင်ခေါင်းပေါက်ထဲမှ လောကသည် အင်မော်တယ်တားမြစ်နယ်မြေ ဖြစ်သည်။ ထိုနေရာသည် မည်းမှောင်နေပြီး မြူခိုးဖြင့် ပြည့်နှက်နေသည်။

ထိုနေရာရှိ ဒြပ်နှောသိပ်သည်းမှုသည် အလွန်အမင်း မြင့်မားသည်။ အရာအားလုံးသည် ဝေဝါးနေပြီး ပုံပျက်တွန့်လိမ်နေလေရာ အတွင်းပိုင်းထဲမှ အဆောက်အဦးများနှင့် နန်းတော်အများအပြားကို ဝိုးတိုးဝါးတားသာလျှင် မြင်နိုင်သည်။ အတွင်းထဲတွင် ကျယ်လောင်စွာ ပဲ့တပ်ထပ်နေသော အော်ဟစ်ညည်းတွားသံများ ရှိသည်။ ဤနေရာက မြေအောက်လောကသို့ သွားရောက်သော ငရဲဂိတ်တံခါးကဲ့သို့ပင်။

ရွှီချင်းက ဘေးပတ်ဝန်းကျင်ကို စစ်ဆေးလေ့လာနေစဉ် ခေါင်းဆောင်သည် သူသိုင်းဖက်ထားသော နင်ယန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

တစ်ဖက်လူ၏ အဖြေသည် ဤကောင်လေးက သူ၏ သွန်သင်ဆုံးမမှုကို လိုလားနေခြင်းဖြစ်မည်ဟု သူခံစားမိသည်။

ထို့ကြောင့် သူက ဟန်ဆောင်ပြုံးထားလျက် နင်ယန်၏ ဦးခေါင်းကို ပွတ်သပ်လိုက်ပြီး နှုတ်ခမ်းသပ်လိုက်သည်။

“ နင်နင်လေး မင်းက အရင်လို မနာခံတော့ဘူးပဲ ”

နင်ယန်သည်လည်း ခေါင်းဆောင်ကိုကြည့်နေစဉ် သူ၏ မျက်နှာပေါ်မှာ မူမမှန်သောအပြုံး ရှိနေသည်။ သူက တစ်စုံတစ်ယောက်ကို ရိုက်နှက်ချင်သည့်အလား ညာလက်ကို မြှောက်လိုက်သည်။

သို့သော်လည်း ဘေးဘီသို့ စစ်ဆေးကြည့်ပြီးနောက် သူ့ကိုယ်သူ ဆက်လက်ထိန်းသိမ်းလိုက်သည်။ သူက ခေါင်းလှည့်လိုက်ပြီး ခေါင်းဆောင်ကို လျစ်လျူရှုထားလိုက်သည်။

နင်ယန်၏ ထိုပုံစံကိုမြင်သောအခါ ခေါင်းဆောင်သည် စိတ်ကျေနပ်သွားသည်။

ထုံးစံအတိုင်း နင်ယန်မှာ သူ့ကို အာခံရဲသောသတ္တိရှိသည်ဟု သူမယုံကြည်ပေ။ ထို့ကြောင့် တစ်ဖက်လူက သူ၏ ချုပ်နှောင်မှုမှ ထွက်ပြေးလွတ်မြောက်လိုခြင်းသာ ဖြစ်ရမည်။ သို့သော်လည်း အဆုံးမှာတော့ တစ်ဖက်လူသည် သူ၏ အကြင်နာစေတနာကို အောက်မေ့သတိရသွားပြီး ခုခံရန် လက်လျှော့သွားသည်မှာ ထင်ရှားပေသည်။

“ အဲ့လိုမှပေါ့ နင်နင်လေးရဲ့… ငါမင်းကို အရမ်းသတိရနေတာ ”

ခေါင်းဆောင်သည် အော်ရယ်လိုက်ပြီး နင်ယန်ကို ရွှီချင်း၏ အရှေ့သို့ ဆွဲခေါ်သွားကာ သူ့ကို မျက်စပစ်ပြလိုက်သည်။ အပြင်လူများသည် ထိုအဓိပ္ပာယ်ကို နားလည်နိုင်ကြမည်မဟုတ်ချေ။ သို့သော်လည်း ရွှီချင်းသည် တစ်ဖက်လူ၏ ဆိုလိုချင်သော အဓိပ္ပာယ်ကို တစ်ချက်လေးကြည့်ရုံဖြင့် နားလည်နိုင်သည်။

သူက ဤတစ်ကြိမ်တွင်လည်း လက်နက်ကောင်းကို ကောင်းမွန်စွာ အသုံးချမည်ဟု ရွှီချင်းအား ပြောပြနေခြင်း ဖြစ်သည်။

ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူက နင်ယန်ကို ကြည့်လိုက်ပြီး တစ်စုံတစ်ခုပြောရန် ပြင်လိုက်စဉ် အရေအတွက်များပြားသော ကျင့်ကြံသူများသည် အပေါ်မှ ဆင်းသက်လာကြသည်။ ဝတ်ရုံနက်ကျင့်ကြံသူအုပ်စုသည် မထင်မရှားအားလှိုင်းတချို့ကို ထုတ်လွှတ်လျက် သူတို့၏ ဦးခေါင်းထက်တွင် ထွက်ပေါ်လာသည်။

ထိုလူများမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် ပုံမှန်ကျင့်ကြံသူများနှင့် ခြားနားပြီး အေးစက်စက် အငွေ့အသက်ရှိသည်။ သူတို့သည် ထူးခြားသော အဆင့်မြင့်အတတ်ပညာများကို လေ့ကျင့်ထားကြသည့်အလား တစ်သီးတစ်ခြားခွဲထွက်နေဟန်ရသော်လည်း အမှန်မှာတော့ တစ်ယောက်နှင့်တစ်ယောက် ရောယှက်နေကြသည်။

ထိုလူများသည် ထူးခြားသော ခံစားမှုတစ်မျိုးကို ပေးစွမ်းပြီး သူတို့နှင့် ဝေးဝေးနေရန် အလိုအလျောက် လှုံ့ဆော်မှုဖြစ်စေသည်။

ထို့ကြောင့် ဘေးပတ်ဝန်းကျင်မှ စစ်သည်တော်များသည် သူတို့ကို မြင်လိုက်သည်နှင့် အလိုလို ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားကြသည်။

ရွှီချင်း၏ အာရုံသည် မျက်နှာဖုံးကွယ်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဝတ်ရုံနက်ခြုံထားသော ထိုကျင့်ကြံသူအုပ်စု၏ အလယ်မှ တခြားလူများနှင့် ကွဲထွက်နေသော ကျင့်ကြံသူတစ်ယောက်ထံသို့ ကျရောက်သွားသည်။

ထိုလူသည် ဝတ်ရုံနက်ကျင့်ကြံသူများ၏ ဝိုင်းရံခြင်းခံထားရပြီး ကာကွယ်ပေးခြင်းခံနေရသည့်ပုံပေါ်သည်။ သို့သော်လည်း ချုပ်နှောင်ခြင်းခံနေရသည့် အရိပ်အယောင်လည်း မထင်မရှားရှိသည်။

သူ၏ ခြေလှမ်းများသည် ယိမ်းထိုးနေသည်။ သူက မြေပြင်ပေါ်သို့ ခြေချလိုက်သည့်အခါ စည်းချအစီအရင်ထဲမှ ဒြပ်နှောလေလှိုင်းတစ်ခုက တိုက်ခတ်လာပြီး သူ၏ ဝတ်ရုံထောင့်ကို မတင်သွားစေကာ မျက်နှာတစ်ဝက်ကို လှစ်ဟဖော်ပြလိုက်သည်။

ထိုသူသည် ကျန်းစီယွမ်ဖြစ်သည်။

လွန်ခဲ့သောလဝက်တုန်းကနှင့် နှိုင်းယှဉ်လျှင် သိသာသော ပြောင်းလဲမှုများ ရှိသည်။

လွန်ခဲ့သောလဝက်တုန်းက ကျန်းစီယွမ်၏ မျက်နှာသည် မျက်တွင်းကျပြီး ဖြူဖျော့နေသည်။ သူက လုံးလုံးအသက်မဲ့နေပုံပေါ်၏။ သို့သော်လည်း ယခုအခါမှာတော့ သူ၏ မျက်နှာတစ်ခုလုံးကို အနီရောင်သွေးကြောများဖြင့် ပင့်ကူအိမ်သဖွယ် ဖုံးလွှမ်းထားသည်။ ယင်းက အလွန်ကြောက်စရာကောင်းပြီး သူ၏ မျက်နှာပေါ်တွင် ကြီးမားသော နာကျင်မှုကို ခံစားနေရကြောင်း ပေါ်လွင်သည်။

ထိုမြင်ကွင်းကို မြင်ပြီးနောက် ရွှီချင်းသည် သူ၏ အကြည့်ကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။ သူက အတိတ်တုန်းက နတ်ဘုရားလက်ချောင်း ပြောခဲ့သောစကားကို ပြန်အမှတ်ရသွားသည်။

“ အနီရောင်လက နိုးထတော့မယ် ”

ရွှီချင်းသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

သူ၏ ဘေးမှ ခေါင်းဆောင်သည်လည်း ထိုအဖြစ်ကို မြင်သွားသည်။ သူ၏ မျက်နှာပေါ်မှ အပြုံးသည် ပျောက်ကွယ်သွားပြီး သူသည်လည်း အနောက်သို့ ဆုတ်သွားသည်။ ခေါင်းဆောင်၏ လက်ထဲမှာ ရှိနေသော နင်ယန်သည်လည်း ဤအခွင့်အရေးကို အသုံးချပြီး အနောက်ဆုတ်သွားသည်။

နင်ယန်သည် ရည်ရွယ်ချက်ရှိ၍ဖြစ်စေ မရှိ၍ဖြစ်စေ အနောက်ဆုတ်သွားစဉ် ရွှီချင်းနှင့် ခေါင်းဆောင်၏ အရှေ့တွင် ရပ်ရန် ရွေးချယ်လိုက်ပြီး ဝတ်ရုံနက်ကျင့်ကြံသူများ၏ အမြင်အာရုံတချို့ကို ပိတ်ဆို့လိုက်သည်။

ဝတ်ရုံနက်အုပ်စုရောက်ရှိလာပြီးနောက် သူတို့၏ အကြည့်သည် ဘေးပတ်ဝန်းကျင်သို့ ဖြတ်ကျော်သွားပြီး ထောင့်တစ်နေရာတွင် တိတ်တဆိတ် မတ်တတ်ရပ်လိုက်ကြသည်။

ထိုနေရာတွင် မူလက ရှိနေကြသော ကျင့်ကြံသူများသည် သူတို့ဘာသာအလိုအလျောက် အဝေးသို့ ရှောင်သွားကြသည်။

အချိန်ခဏကြာပြီးနောက် ဤစစ်ဆင်ရေးကို တာဝန်ယူထားသော ဗိုလ်ချုပ်သွေးအိမ်မက်ဆိုး၏ ပုံရိပ်သည် ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး စည်းချအစီအရင်၏ လှိုင်ခေါင်းပေါက်ပေါ်တွင် ရပ်နေလိုက်သည်။ အန္တရာယ်အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားသည်။ သူက ခေါင်းနှိမ့်လိုက်ပြီး လှိုင်ခေါင်းပေါက်ကို ကြည့်နေရင်း တည်ငြိမ်စွာ ပြောသည်။

“ ဗလာနတ္ထိအဆင့်ကျင့်ကြံသူတွေ အရင်ဝင်မယ်… ပြီးသွားရင် ဝိညာဉ်သိုက်အဆင့်တွေ ဝင်မယ် ”

သူ၏ စကားဆုံးသည်နှင့်ချက်ချင်း ရုံးတော်သုံးခုမှ စီမံခန့်ခွဲရေးမှူးများနှင့် နန်းမြို့တော်မှ စစ်ဗိုလ်ချုပ်များသည် ချက်ချင်း အရှေ့ထွက်လာကြပြီး လှိုင်ခေါင်းပေါက်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လျှောက်သွားကြသည်။

လှိုင်ခေါင်းပေါက်ထဲမှ မြူခိုးသည် ရွေ့လျားထကြွလာပြီး တိုးညင်းသော အော်ဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။ တစ်ခဏအကြာမှာ အသံသည် စတင်တိတ်ဆိတ်သွားပြီး လှိုင်ခေါင်းအတွင်းပိုင်းထဲရှိ မြူခိုးထဲတွင် အဖြူရောင်အလင်း မှိတ်တုတ်မှိတ်တုတ် ထွက်ပေါ်လာသည်။

“ စစ်တပ် အထဲဝင်ကြမယ် ”

ဗိုလ်ချုပ်သွေးအိမ်မက်ဆိုးသည် တိုးညင်းစွာ အော်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်းတိုးကာ လှိုင်ခေါင်းပေါက်ထဲသို့ ဝင်ရောက်သွားသည်။ တခြားလူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် သူ့အနောက်မှ လိုက်ဝင်သွားကြသည်။

ရွှီချင်းနှင့် ခေါင်းဆောင်သည် သူတို့ထဲတွင် ပါဝင်သည်။ ချင်းချိုးနှင့် ခုန်းရှန်းလုံသည်လည်း သူတို့ထဲတွင် ပါဝင်သည်။

လူတိုင်း လှိုင်ခေါင်းပေါက်ထဲသို့ ခုန်ဆင်းသွားကြသောအခါ မြူခိုးလောကတစ်ခုသည် ရွှီချင်း၏ မျက်လုံးထဲတွင် ချက်ချင်း ထင်ပေါ်လာသည်။

ထိုလောကသည် အဆုံးမရှိဟန် ထင်ရသည်။ ကုန်းမြေသည် ဝေဝါးနေပြီး မြူခိုးထဲတွင် ဖုံးကွယ်နေသော အဆောက်အအုံများကို မသဲမကွဲသာ မြင်တွေ့နိုင်သည်။ သို့သော်လည်း အမြင့်တွင်ရှိနေသောကြောင့် အမြင်အာရုံသည် ကန့်သတ်ခံထားရသည်။ ဝိုးတိုးဝါးတားရှိနေသော ရှေးဟောင်းအငွေ့အသက်ကိုသာ ခံစားမိနိုင်သည်။

အသေးစိတ်ကို မြင်တွေ့ရန်သည် ခဲယဉ်းပေသည်။

ဘေးပတ်ဝန်းကျင်သည် ပုံပျက်တွန့်လိမ်နေသည်။ ဤလောကထဲတွင် ဒြပ်နှောများဖြင့်သာ ပြည့်နှက်နေခြင်းမဟုတ်ပေ။ အဆုံးမသတ်နိုင်သော အော်ဟစ်သံများနှင့် ညည်းတွားသံများသည်လည်း အောက်ဘက်ရှိ မြူခိုးလောကထဲမှ မြည်ဟိန်းထွက်လာနေသည်။

ကောင်းကင်သည်တော့ လူတို့ပြုလုပ်ထားခြင်းဖြစ်သည်။

ကောင်းကင်သည် ကြီးမားသော ကြေးမုံပမာ ရှိသည်။ သို့သော်လည်း ချောမွေ့သော ကြေးမုံအမျိုးအစားတော့ မဟုတ်ပေ။ ယင်းအစား စက်ဝန်းပြတ်ပုံသဏ္ဍာန် ကွေးနေသည်။ အထူးသဖြင့် သူတို့ဝင်ရောက်လာသော ဧရိယာတွင် ဖြစ်သည်။ ဤနေရာတွင် အကွေးအကောက်များသည် သိသာထင်ရှားစွာ ထွက်ပေါ်နေသည်။

ဘေးပတ်ဝန်းကျင်မှ ကောင်းကင်သည် ဤနေရာတွင် ပြိုကျသွားပြီး ဧရာမပါးစပ်ပေါက်ကြီးသဖွယ် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်နေသည်။

ထိုအရာအားလုံးကိုကြည့်နေရင်း ရွှီချင်း၏ နှလုံးသည် တုန်လှုပ်လာသည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော သက်တောင့်သက်တာဖြစ်မှုကို ခံစားရလာသည်။ သူ၏ ခန္ဓာကိုယ်က ယင်းကို စုပ်ယူရန် စိတ်အားထက်သန်နေသည့်အလားပင်။

ယခုအချိန်တွင် သူသည် မဆင်မခြင် မပြုလုပ်ဝံ့ချေ။ သူ့ကိုယ်သူ ထပ်မံထိန်းချုပ်ထားလိုက်စဉ် ဘေးမှ ခေါင်းဆောင်၏ စကားသံသည် ထွက်ပေါ်လာသည်။

“ ဂျူနီယာညီလေး ဒီနေရာက ပုလင်းတစ်ခုနဲ့တူတယ်လို့ မင်းမထင်ဘူးလား ”

ခေါင်းဆောင်သည် နင်ယန်ကို လှမ်းကိုင်လိုက်ပြီး ရွှီချင်း၏ ဘေးတွင် ရပ်လိုက်သည်။ သူက ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ တစ်ချိန်တည်းမှာ ရွှီချင်းသည် တစ်စုံတစ်ရာကို အာရုံခံမိသွားဟန်ရပြီး အလျှင်အမြန် ခေါင်းလှည့်လိုက်သည်။ ကျန်းစီယွမ်ကို ဝိုင်းရံထားသော ဝတ်ရုံနက်အုပ်စု၏ ထွက်ခွာသွားသော ပုံရိပ်များကို သူမြင်လိုက်သည်။

ထိုဝတ်ရုံနက်ကျင့်ကြံသူများသည် အင်မော်တယ်တားမြစ်နယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် သူတို့ဆီမှာ ရည်ရွယ်ထားသော ဦးတည်ရာတစ်ခုရှိနှင့်ပြီးသည့်အလား မြူခိုးထဲသို့ တိုက်ရိုက် ဝင်ရောက်သွားကြသည်။

ရွှီချင်းနှင့် ခေါင်းဆောင်သည် စတင်စိုးရိမ်လာသည်။

သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာကိုတစ်ယောက် ကြည့်လိုက်ကြပြီး အသံပို့လွှတ်လိုက်ကြသည်။

‘ ဒါမဟုတ်သေးဘူးနော် ဂျူနီယာညီလေး… ဆရာက ဘယ်မှာလဲ ’

‘ ဆရာက အထူးနည်းလမ်းကိုသုံးပြီး ရောက်လာမှာများလား… ဒါမှမဟုတ် သူ့ရဲ့အသွင်ပုံစံကို ပြောင်းလဲထားတာလည်း ဖြစ်နိုင်တယ်… ဒါကြောင့် ငါတို့တွေ သူ့ကို အာရုံမခံနိုင်တာဖြစ်မယ် ’

ရွှီချင်းသည် တစ်ခဏတွေးတောပြီးနောက် အသံပြန်ပို့သည်။

ခေါင်းဆောင်သည် ခေါင်းညိတ်သည်။

‘ မင်းပြောတာဖြစ်နိုင်တယ်… အဖိုးကြီးက အရမ်းဉာဏ်များတဲ့လူ… ဒါကြောင့် သူက ငါတို့မသိနိုင်တဲ့ နည်းလမ်းတစ်ခုခုကိုသုံးပြီး ဝင်လာမှာဖြစ်နိုင်တယ်… ပြီးတော့ ငါ သူ့အကြောင်းကို ကောင်းကောင်းသိတယ်… သူက နတ်ဘုရားတွေအကြောင်းကြားတာနဲ့ သွားရည်ကျတော့တာပဲ… သူ ဒီကိစ္စကို မျက်ကွယ်ပြုဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး… အားလုံးအစီအစဉ်တကျသွားဖို့ သေချာအောင် ငါတို့အကူအညီကို သူသေချာပေါက် လိုအပ်လိမ့်မယ် ’

‘ ဒီတော့ အခု ငါတို့နှစ်ယောက်က အောက်မြန်မြန်ဆင်းပြီး အဆာပြေစာတချို့ လိုက်ရှာကြရအောင် ’

ခေါင်းဆောင်သည် အောက်သို့ငုံ့ကြည့်လိုက်စဉ် သူ၏ မျက်လုံးသည် ဝင်းလက်သွားသည်။

တစ်ခဏတွေးတောပြီးနောက် ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။

သူတို့နှစ်ယောက်သည် အပြန်အလှန် အသံပို့လွှတ်နေကြသည်။ ထိုစဉ် သူထွက်ပြေးသွားမည်ကို စိုးရိမ်သောကြောင့် ခေါင်းဆောင်၏ တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်ခံထားရသော နင်ယန်သည် ခေါင်းဆောင်ကို မထူးမခြားနား ကြည့်လိုက်သည်။ မြူနှင်းသည် သူတို့၏ အရှေ့သို့ ရွေ့လျားလာပြီး သူတို့၏ အမြင်အာရုံကို ဝေဝါးသွားစေသည်။

ခေါင်းဆောင်နှင့် ရွှီချင်းသည် ယင်းကို သတိမပြုမိကြပေ။ သူတို့နှစ်ယောက်သည် အပြန်အလှန်ဆက်သွယ်ပြီးနောက် သဘောတူညီမှုတစ်ခု ရရှိခဲ့သည်။ ထို့နောက် သူတို့သည် စစ်တပ်နှင့်အတူ အောက်ဘက်သို့ တန်းမတ်စွာ ဦးတည်သွားကြသည်။

ခေါင်းဆောင်သည် နင်ယန်၏ လက်ကို ဆက်ပြီးကိုင်ထားသည်။ သူတို့နှစ်ယောက်သည် အရှေ့မှ လျှောက်နေကြပြီး ရွှီချင်းသည် အနောက်မှ လိုက်ပါလာသည်။

မကြာမီ သူတို့သည် အရပ်မျက်နှာပေါင်းစုံမှ ကျင့်ကြံသူများနှင့်အတူ မြူခိုးကုန်းမြေပေါ်သို့ ဆင်းသက်သွားကြသည်။ သူတို့ခြေချလိုက်သည်နှင့် ဝုန်းခနဲမြည်သံများသည် ပျံ့လွင့်ထွက်လာကြသည်။ တိုက်ခိုက်သံများသည် မြူနှင်းထုထဲတွင် ပဲ့တင်ထပ်နေသည်။

မြူခိုးထဲမှ ဧရာမသန္ဓေပြောင်းသားရဲကြီးတချို့ ထွက်ပေါ်လာနေကြသည်ကို မည်သူမဆို ဝိုးတိုးဝါးတား မြင်နိုင်ကြလိမ့်မည်။ သူတို့သည် စောစောတုန်းက ဦးစွာဝင်ရောက်ခဲ့ကြသော ဗလာနတ္ထိကျင့်ကြံသူများ ဝိညာဉ်သိုက်အဆင့်ကျင့်ကြံသူများနှင့် ဆန့်ကျင်တိုက်ခိုက်နေကြသည်။

အောက်ဘက်သို့ သူတို့ဆင်းသက်လာသည့်အခါ မြေပြင်ပေါ်မှ အဆောက်အဦးများသည် ယခင်ထက် ပိုမိုထင်ရှားလာသည်။

ကုန်းမြေတစ်ခုလုံးတွင် နန်းတော်များသည် အရေအတွက်များပြားစွာ အစုလိုက်အပြုံလိုက် တည်ရှိနေကြသည်။

ဤနေရာတွင် နန်းတော်များနှင့် ဘုံကျောင်းများသည် မရေမတွက်နိုင်အောင် တည်ရှိနေလေရာ မြို့တစ်မြို့သဖွယ် ဖြစ်ပေါ်နေသည်။

ဤနေရာတွင် ကံကြမ္မာအတတ်အကျ၏ အငွေ့အသက်နှင့် ရှေးခေတ်ကာလ၏ အငွေ့အသက်ဖြင့် ပြည့်နှက်နေသည်။ ထို့အပြင် ထူးခြားဆန်းကြယ်သော အရာများလည်း ရှိသည်။

အဘယ့်ကြောင့်ဆိုသော် ထိုအဆောက်အဦးများကို ခရမ်းနက်အသွေးအသားများက လွှမ်းခြုံရစ်ပတ်ထားပြီး လူးလွန့်လှုပ်ရှားနေသောကြောင့် ဖြစ်သည်။

အဆောက်အဦးများသာမကဘဲ မြေပြင်သည်လည်း အသွေးအသားဖြင့် ဖုံးလွှမ်းခံထားရသည်။

“ အားလုံးပဲ ဘေးပတ်ဝန်းကျင်ကို ရှင်းလင်းပြီး လုံခြုံတဲ့ဧရိယာတစ်ခု ဖွင့်လှစ်မယ် ”

အေးစက်စက်အသံသည် မြူနှင်းထဲမှ ပျံ့လွင့်ထွက်လာသည်။

ဤသည်မှာ ဗိုလ်ချုပ်သွေးအိမ်မက်ဆိုး၏ အမိန့်တော်ဖြစ်သည်။ မြေပြင်ပေါ်သို့ ဆင်းသက်လာသော ကျင့်ကြံသူသိန်းပေါင်းများစွာသည် ချက်ချင်း အလုပ်များသွားကြသည်။

မတူကွဲပြားသော အလုပ်တာဝန်များအရ တချို့သည် စစ်ရုပ်သေးရုပ်များကို ထိန်းချုပ်ကြပြီး မြူခိုးထဲသို့ ပြေးဝင်သွားကြကာ သန္ဓေပြောင်းသားရဲများကို တိုက်ခိုက်လိုက်ကြသည်။

တချို့သည် ဤနေရာတွင် စည်းချအစီအရင်များကို တည်ဆောက်ကြသည်။ ထိုအခါ စည်းချအစီအရင်၏ စွမ်းအားသည် ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။

အစီအရင်တချို့သည် ဘေးပတ်ဝန်းကျင်ကိုပင် စတင်သန့်စင်ကြသည်။ ယင်းတို့သည် ဤဧရိယာအတွင်းမှ ဒြပ်နှောများနှင့် အသားများကို အဝေးသို့ မောင်းထုတ်ပစ်သည်။

သူတို့ထဲမှ အများစုသည် အုပ်စုငယ်များဖွဲ့ပြီး ရွေ့လျားကြသည်။

ထိုသူများသည် များသောအားဖြင့် ဓားကိုင်များနှင့် နန်းမြို့တော်မှ စစ်သည်တော်များ ဖြစ်ကြသည်။

ရွှီချင်းနှင့် ခေါင်းဆောင်သည် သူတို့ထဲမှာ ပါဝင်သည်။ ချင်းချိုး၊ ခုန်းရှန်းလုံနှင့် တခြားလူများသည်တော့ သူတို့၏ ဘေးပတ်ဝန်းကျင်တွင် လူအများအပြားစုဝေးရှိနေသောကြောင့် သူတို့ကို ရှာမတွေ့နိုင်ပေ။

ထိုသို့ဖြင့် မကြာမီ လုံခြုံသော ဧရိယာငယ်တစ်ခုကို ဖွင့်လှယ်နိုင်သွားပြီး ထိုနေရာမှအစပြု၍ အရပ်မျက်နှာပေါင်းစုံသို့ ဆက်လက် ချဲ့ထွင်ကြသည်။

အကယ်၍ တစ်စုံတစ်ယောက်က မည်သည့်ဦးတည်ရာတွင်မဆို အတားအဆီးတစ်ခုနှင့် တွေ့ဆုံခဲ့ပြီး ယင်းကို သူတို့ဘာသာ မဖြေရှင်းနိုင်လျှင် ပညာရှင်ကျင့်ကြံသူများက သူတို့၏ သတင်းပေးပို့မှုကိုရသည်နှင့် ထိုနေရာသို့ ရောက်လာကြပြီး အတားအဆီးကို ဖြေရှင်းပေးလိမ့်မည်။

အရာအားလုံးသည် ဗိုလ်ချုပ်သွေးအိမ်မက်ဆိုး၏ အစီအစဉ်အတိုင်း ဆက်လက်သွားနေလေသည်။

ထိုအတောအတွင်း ရွှီချင်းနှင့် ခေါင်းဆောင်သည်လည်း မြူခိုးထဲမှ သန္ဓေပြောင်းသားရဲများကို တွေ့မြင်သွားကြသည်။ ထိုသန္ဓေပြောင်းသားရဲများသည် ခရမ်းနက်ရောင်ရှိကြသည်။ သူတို့ထံတွင် မည်သည့်အသိဉာဏ်မှမရှိပေ။ သူတို့၏ တစ်ကိုယ်လုံးသည် ဒြပ်နှောများဖြင့် ပြည့်နှက်နေသည်။ သူတို့သည် မြင့်မားသော တိုက်ပွဲစွမ်းအား ရှိကြသည်။

ထို့အပြင် သူတို့၏ ခန္ဓာကိုယ်က ပိုပြီးကြီးမားလေ သူတို့၏ တိုက်ပွဲစွမ်းအားက ပိုပြီးသန်မာလေ ဖြစ်သည်။

နေ့တစ်ဝက်အချိန်ကြာပြီးနောက် လူတိုင်းသည် ဘေးကင်းဇုန်ကို အတိုင်းအတာတစ်ခုထိ ဖွင့်လှစ်နိုင်ခဲ့သည်။ ထို့နောက် သူတို့သည် စတင်အနားယူကြပြီး အားအင်ပြန်ဖြည့်ကြသည်။

မည်သို့ဖြစ်စေ ဤနေရာမှ ဒြပ်နှောများသည် အလွန်ထူထဲသည်။ အချိန်တစ်ခုကြာပြီးတိုင်း သူတို့သည် သန္ဓေပြောင်းလဲခြင်းကို တားဆီးရန် သူတို့၏ ခန္ဓာကိုယ်ထဲမှ ဒြပ်နှောများကို တစ်ကြိမ်တစ်ခါတော့ ဖယ်ရှားကြရမည်။

ထိုအတောအတွင်း ရွှီချင်းသည် ခေါင်းဆောင်နှင့် ဆက်သွယ်ခဲ့သည်။ သူတို့နှစ်ယောက်သည် ကင်းထောက်တာဝန်တစ်ခုကို လက်ခံပြီး ဤနေရာမှ ထွက်ခွာရန် ရွေးချယ်ခဲ့ကြသည်။ မှန်ပေ၏။ သူတို့ထဲတွင် နင်ယန်သည်လည်း ပါရှိသည်။

‘ ဒီမှာ ဆက်နေတာက အသုံးမဝင်ဘူး… ငါတို့က ဒြပ်နှောတွေကို ကြောက်စရာမလိုဘူး… အစာပြေစာတချို့ ရှာဖွေနိုင်အောင် ငါတို့ ဒီကနေ မြန်မြန်ထွက်သွားရမယ်… ငါတို့ဒီကိုလာတာ လက်ဗလာနဲ့ပြန်ဖို့ မဟုတ်ဘူး… ပြီးတော့ ငါတို့ နင်ယန်ကို ကောင်းကောင်းအသုံးချရမယ် ’

ခေါင်းဆောင်သည် နင်ယန်၏ လက်ကိုကိုင်ထားလျက် အရှေ့သို့ ပြေးလွှားနေရင်း ရွှီချင်းဆီသို့ အသံပို့လွှတ်လိုက်သည်။

ရွှီချင်းသည် နင်ယန်ကို ကရုဏာစိတ်ဖြင့် ကြည့်လိုက်သည်။ ဤနေ့တစ်ဝက်လုံးတွင် တစ်ဖက်လူသည် ခေါင်းဆောင်၏ လက်ထဲမှ ပျောက်မသွားဟန် ရသည်။ သိသာစွာပင် ခေါင်းဆောင်သည် သူ၏ လက်နက် အဝေးထွက်ပြေးသွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

နင်ယန်သည်တော့ သူ၏ ကံတရားကို လက်ခံလိုက်ဟန်ရသည်။ ရံဖန်ရံခါ သူသည် ခံစားချက်တချို့ဖြင့် ရုန်းကန်သော်လည်း အဆုံးမှာတော့ သူသည် တိတ်ဆိတ်စွာ သဘောတူနေဆဲပင်။

ရွှီချင်းသည် မပြောဘဲမနေနိုင်တော့ချေ။

“ စီနီယာအကိုကြီး… မင်းလက်မနာဘူးလား… နင်ယန်ကို လွှတ်ပေးလိုက်တာ ဘယ်လိုလဲ ”

“ လက်နာတော့ရော ဘယ်အရေးလဲ… နင်နင်လေးကို ငါကာကွယ်ပေးချင်တယ် ”

ခေါင်းဆောင်သည် တည်ကြည်ဖြောင့်မတ်သောပုံစံဖြင့် နင်ယန်ကို ကြည့်လိုက်ပြီး ပြောသည်။

“ နင်နင်လေး ဘာမှမစိုးရိမ်နဲ့… ဒီတစ်ကြိမ် မင်းငါ့နောက်ကို လိုက်မယ်ဆိုရင် သေချာပေါက် အသားစားရလိမ့်မယ် ”

ထို့သို့ပြောပြီးနောက် ခေါင်းဆောင်သည် နင်ယန်၏ ဆံပင်ကို ထပ်မံပွတ်သပ်လိုက်လေသည်။

အကြောင်းအရင်းကို သူမသိသော်လည်း နင်ယန်၏ ဦးခေါင်းကို ပထမအကြိမ် ထိတွေ့ပြီးနောက် ထိုခံစားချက်ကို ချက်ချင်း နှစ်သက်သဘောကျသွားသည်။ နင်ယန်၏ ဦးခေါင်းကို ထိခြင်းက သူ့ကို ထူးဆန်းသော ပျော်ရွှင်မှုကို ပေးသည်။

နင်ယန်၏ အသက်ရှူသံသည် အနည်းငယ် မြန်ဆန်လာသည်။ သူသည် ခေါင်းဆောင်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် ပြောသည်။

“ မင်းတို့ကောင်တွေက ကောင်းတာတစ်ခုခု ရချင်တာလား… ဒီကို ငါမလာခင် စုံစမ်းမှုတချို့ပြုလုပ်ခဲ့တယ်… ဒါကြောင့် ဒီနေရာနဲ့ပတ်သက်ပြီး အနည်းအကျင်း ငါသိတယ်… အဲ့ဒီဘက်မှာ ကောင်းတာတစ်ခုခု ရှိသင့်တယ်… ငါမင်းတို့ကို အဲ့ဒီကို ခေါ်သွားမယ် ”

ဤသည်ကို ခေါင်းဆောင်ကြားသောအခါ နင်ယန်ကို သူကြည့်လိုက်သည်။ သူ၏ မျက်တောင်သည် တဖျပ်ဖျပ်ခတ်သွားပြီး သူ၏ မျက်နှာပေါ်မှာ အံ့အားသင့်မှုဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း သူက ရွှီချင်းဆီသို့ လျှို့ဝှက်စွာ အသံပို့လွှတ်လိုက်သည်။

‘ ဂျူနီယာညီလေး နင်ယန်က နည်းနည်းပုံမှန်မဟုတ်ဘူးလို့ မင်းမထင်ဘူးလား ’

ရွှီချင်း၏ အမူအရာသည် တည်ငြိမ်သည်။ သို့သော် သူ၏ စိတ်ထဲမှာတော့ သံသယတချို့ ပေါ်ထွက်လာသည်။

အမှန်မှာတော့ အစောနက နင်ယန်၏ တုံ့ပြန်ပုံနှင့်ပတ်သက်ပြီး တစ်ဖက်လူသည် တစ်စုံတစ်ခုလွဲမှားနေကြောင်း သူသည်လည်း အာရုံခံမိသည်။ မည်သို့ဖြစ်စေ သူသည် နင်ယန်ကို ကျောက်ရှာပြည်နယ်မှ ခေါ်ဆောင်လာခဲ့ပြီး အတွင်းရေးမှူးဌာနတွင် နေရာတစ်နေရာ စီစဉ်ပေးခဲ့သူမဟုတ်ပါလော။

ထို့ကြောင့် သူသည် နင်ယန်၏ လေသံကို အကဲဖြတ်မှုတချို့ ပြုလုပ်ခဲ့သည်။ ဤအခိုက်အတန့်မှာ တစ်ဖက်လူ၏ စကားနှင့်ပတ်သက်ပြီး တစ်စုံတစ်ခု လွဲမှားနေသည်။ ယင်းက နင်ယန်၏ နဂိုလေသံမဟုတ်ဟန် ရသည်။

ထို့ကြောင့် သူက ခေါင်းဆောင်ဆီ သူ၏ သံသယကို ပို့လွှတ်တော့မည့်အချိန် သူနှင့်ရင်းနှီးကျွမ်းဝင်သော အေးစက်စက် နှာခေါင်းရှုံ့သံသည် သူ၏ စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သွားသည်။

ထိုနှာခေါင်းရှုံ့သံသည် သူ့အား သတိပေးခြင်းဖြစ်သည်။ ထိုအသံကိုကြားသောအခါ ရွှီချင်းသည် ခန္ဓာကိုယ်တုန်ယင်သွားပြီး သူ၏ အမူအရာသည် ချက်ချင်း တည်ကြည်သွားသည်။ သူက ခေါင်းဆောင်ဆီသို့ ချက်ချင်း အသံပို့လွှတ်လိုက်သည်။

‘ စီနီယာအကိုကြီး… ငါက ဒီနင်ယန်ကို ကျောက်ရှာတောင်ကနေ ခေါ်လာခဲ့တဲ့သူပါ… ကျောက်ရှာပြည်နယ်ထဲမှာ သူက အဖြစ်ဆိုးတစ်ခုနဲ့ တွေ့ကြုံခဲ့ရတယ်… ဒါကြောင့် သူ့အကျင့်စရိုက်က နည်းနည်းပြောင်းလဲသွားတယ်… အားလုံးက… ပုံမှန်ပါပဲ ’

ရွှီချင်း၏ စကားဆုံးသွားသည့်အခါ သူနှင့်ရင်းနှီးကျွမ်းဝင်သော တဝီဝီမြည်သံသည် သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။ ဤတစ်ကြိမ်မှာတော့ စောစောကလို အေးစက်မနေဘဲ စိတ်ကျေနပ်မှုဖြင့် ပြည့်နှက်နေသည်။

All Chapters