အသန်မာဆုံး ခုခံရေးသမား မွေးဖွားလာခြင်း (ခ)
Vol. 38 Ch. 576
ကောင်းကင်နက်မျိုးနွယ်မှ ရာဇဝတ်သားလေးဦး ရောက်ရှိလာခြင်းကြောင့် ရွှီချင်း၏နေ့စဉ်ဘဝက ပြောင်းလဲမသွားပေ။ အရာအားလုံးက ပုံမှန်အတိုင်းပင်။ နေ့စဉ် ဃ၁၃၂သို့ တစ်ခါတရံသွား၍ သူ၏အချိန်အများစုကို အကျဉ်းထောင်ကမ္ဘာ၏ဖိအားများကို ခုခံလာနိုင်ရန် အသုံးပြုသည်။
နောက်ဆုံးအကြိမ် သူ ရခဲ့သော အသက်ရှုချိန် ၁၀၀၀မှ အသက်ရှုချိန် ၁၅၀၀ကျော်အထိ တိုးတက်လာခဲ့သည်။ သူ့ကိုယ်သူ သတ်မှတ်ထားသော ဦးတည်ချက်နှင့် နီးကပ်လာစဉ်တွင် ပျောက်ချက်သားကောင်းနေသော ခေါင်းဆောင်သည် ရုတ်တရက် အသံလွှင့်လာသည်။
“ဂျူနီယာညီလေး မင်း ဓားခန်းဆောင်မှာလား”
ထိုအခိုက်အတန့်သည် ရွှီချင်း ဓားခန်းဆောင်သို့ ရောက်ရောက်ချင်း ဖြစ်သည်။ ခေါင်းဆောင်က သူ့ကို ခေါ်လိုက်ပုံကို ကြားသောအခါ အပြင်လူများရှိနေသည် သို့မဟုတ် တစ်ခုခုဖြစ်ပျက်နေပြီ ဖြစ်ကြောင်း နားလည်လိုက်သည်။ ထို့ကြောင့် သူသည် အသံလွှင့် အကြောင်းပြန်လိုက်သည်။
၁၅မိနစ်ခန့်ကြာပြီးနောက် စိုးရိမ်နေသောမျက်နှာနှင့် နင်ယန်ကို ခေါင်းဆောင်က ခေါ်ဆောင်လာခဲ့သည်။
ရွှီချင်း၏ဓားခန်းဆောင်သို့ သူတို့ဝင်ဝင်ချင်း ခေါင်းဆောင်သည် နင်ယန်ကို တွန်းပို့လိုက်ပြီး ရယ်မောလျက် ရွှီချင်းကို တစ်ချက်ကြည့်လိုက်သည်။
“ဂျူနီယာညီလေး ဒီကလေးက မင်းကို ပြောစရာရှိလို့တဲ့။ ဒါပေမဲ့ သူဘာသာသူ မလာရဲလို့ ငါ့ကို ကြားလူ လုပ်ပေးဖို့ လာတောင်းဆိုတာပဲ”
ရွှီချင်းသည် မတ်တပ်ရပ်လိုက်ပြီး လက်နှစ်ဖက်ယှက်၍ ခေါင်းဆောင်ကို ဦးညွတ်လိုက်သည်။ ထို့နောက် သူက နင်ယန်ကို အေးစက်စွာ ကြည့်လိုက်သည်။
ရွှီချင်း၏အကြည့် ကျရောက်လာသည်တွင် နင်ယန်သည် အလိုလို တုန်သွားပြီး သူ၏မျက်နှာက အနည်းငယ်ညှိုးသွားသည်။ လက်တွေ့တွင် သူ့၌ ရွေးချယ်စရာမရှိပေ။ သူသည် ချန်အားညိုကို ရှာဖွေပြီး ရွှီချင်းနှင့် အဆက်အသွယ်ရရန် အကူအညီ တောင်းခဲ့သည်။
“စီနီယာအစ်ကို ရွှီချင်း..”
နင်ယန်က အလျင်စလို နှုတ်ဆက်လိုက်သည်။
ရွှီချင်းက သူ့ကို ဂရုမစိုက်ပေ။ ထိုအစား ခေါင်းဆောင်ကိုသာ ကြည့်လိုက်သည်။
ခေါင်းဆောင်သည် ထပ်၍ သက်ပြင်းကြိတ်ချလိုက်သည်။ ရွှီချင်းနှင့်အတူ ဆက်ဆံရခြင်းက အမှန်ပင် အဆင်ပြေလှသည်။ သူတစ်ခွန်းပြောလိုက်သည်နှင့် တဖက်လူက သူ ဘာစဉ်းစားနေသည်ကို သဘောပေါက်သည်။ အစောပိုင်း ဦးညွတ်လိုက်ခြင်းသည် အပြင်လူရှေ့တွင် သူ့ကို မျက်နှာသာပေးခြင်း ဖြစ်သည်။
“ဒီကလေးက ယင်ဟွမ်ပြည်နယ်မှာ ကျွမ်ရှင်းဓားကိုင်ရာထူးကို မရခဲ့ဘူးမလား။ ဒါ့ကြောင့်မို့ သူက ဒေသငယ်မြို့တော်မှာ စစ်ဆေးအကဲဖြတ်မှုကို ခံယူရမယ်။ စစ်ဆေးမှုအကုန်လုံးကို အောင်မြင်ခဲ့ရင် နောက်ဆုံးအဆင့်လိုနေတာက ပြည်နယ်ရဲ့ ဓားကိုင်တစ်ယောက်က သူ့ကို ထောက်ခံပေးဖို့ပဲ”
“သူရဲ့ လူမှုဆက်ဆံရေးက အသင့်အတင့်ပဲ။ ပြီးတော့ ချင်းချိုးက သူ့ကို လျစ်လျူရှုလိုက်တယ်။ အစက ယင်ဟွမ်ပြည်နယ်သားချင်းမို့ ငါက ထောက်ခံပေးချင်ပေမဲ့ သူက ငြင်းပယ်ခဲ့တယ်လေ”
“မင်း သူ့ကို ကူညီချင်လား”
ခေါင်းဆောင်က ရွှီချင်းကို မျက်ခုံး ပင့်ပြလိုက်သည်။
ခေါင်းဆောင်၏အကြည့်အရ သူ့တွင် အကျိုးအမြတ်ရရန် သို့မဟုတ် နင်ယန်ကို တစ်ခုခုလုပ်ခိုင်းရန် လိုအပ်နေကြောင်း ရွှီချင်း နားလည်လိုက်သည်။ မဟုတ်လျှင် ခေါင်းဆောင်သည် အကျိုးအမြတ်မရှိဘဲ ထိုကိစ္စကို သယ်လာလိမ့်မည် မဟုတ်ပေ။
ရွှီချင်းက ထိုအကြောင်း စဉ်းစားလိုက်သည်။ နင်ယန်ချည်းသာ လာပါက သူက အလိုလို ငြင်းပယ်လိုက်မည်ဖြစ်သည်။ သို့သော်လည်း သူ၏စီနီယာအစ်ကိုက ပြောလာသည်ဖြစ်သောကြောင့် သူက ခဏ တိတ်ဆိတ်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။
ရွှီချင်း လက်ခံလိုက်သည်ကို မြင်သည်တွင် နင်ယန်သည် ချက်ချင်းပင် အံ့အားသင့် ပျော်ရွှင်သွားသည်။ ချန်အားညိုသည် စိတ်မချရဟူသော ကောလဟလများသည် မှားကြောင်း သူက သဘောပေါက်သွားသည်။ ယနေ့တွင် ရွှီချင်းလက်ခံလာအောင် ပြောပေးနိုင်သောကြောင့် ချန်အားညိုသည် မည်မျှအထင်ကြီးဖွယ်ဖြစ်ကြောင်း သူက မျက်မြင်ကိုယ်တွေ့ ဖြစ်သွားသည်။
သူသည် ရွှီချင်းကို သွက်လက်စွာ ကျေးဇူးတင်လိုက်ပြီး သူတို့က ဓားကိုင်ရုံးတော် မှတ်တမ်းဌာနတွင် ခုနစ်ရက်မြောက်နေ့၌ တွေ့ဆုံကြရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့နောက် နင်ယန်သည် ဦးညွတ်၍ ထွက်ခွာသွားသည်။
ခေါင်းဆောင်က ကျန်ခဲ့သည်။ နင်ယန်ထွက်ခွာပြီးနောက် သူသည် ရွှီချင်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး ပန်းသီးတစ်လုံး ထုတ်ယူ၍ ကိုက်လိုက်ကာ ပြုံးလိုက်သည်။
“ချင်းလေး ဒီနင်ယန်ရဲ့ပုံစံက အဆင်ပြေတယ်။ ဘာပြဿနာမှ ကြီးကြီးမားမား မရှိဘူး။ မစိုးရိမ်နဲ့။ သူ့ကို ထောက်ခံပေးလိုက်ပါ”
“ခေါင်းဆောင် သူ့ကို အသုံးလိုလို့လား”
ရွှီချင်း မေးသည်။
“သူ့ရဲ့ကျင့်ကြံနည်းက ထူးခြားတယ်။ အရင်က သူ့ကို ချင်းချင်က အကြာကြီး တိုက်ခိုက်ဖူးတယ်။ သူက တကယ်ကို ဘာဒဏ်ရာမှ မရခဲ့ဘူး..”
လေသံနိမ့်နိမ့်နှင့် ပြောလိုက်ရင်း ခေါင်းဆောင်၏ မျက်လုံးတွင် ထူးဆန်းသော အကြည့်တို့ ပေါ်လာသည်။
“ငါ သူ့ကို တိတ်တိတ်လေး ခိုးကိုက်လိုက်ပေမယ့် သူ့အရေပြားကို ပေါက်အောင် မကိုက်နိုင်ဘူး။ ဒါကြောင့် ဒီကောင်နဲ့ ပတ်သက်ပြီး ထူးခြားတာ တစ်ခုခုတော့ ရှိရမယ်”
ခေါင်းဆောင်ကို ကြည့်လိုက်ရင်း ရွှီချင်းအမူအရာက ထူးဆန်းသွားသည်။
ခေါင်းဆောင်က မမြင်ချင်ယောင်ဆောင်လိုက်ပြီး ဆက်ပြောသည်။
“သူရဲ့သွေးမျိုးဆက်က ဘိုးဘေးတွေဆီက ဆက်ခံလာတာလို့ သူက ပြောဖူးပေမဲ့ ငါတော့ မယုံဘူး။ ဒီနင်ယန်မှာ လျှို့ဝှက်ချက်တစ်ခု ရှိရမယ်။ ဒါပေမဲ့ အသေးစိတ်တော့ အရမ်း မစိုးရိမ်ပါဘူး။ ဒါပေမဲ့ ငါတို့သာ သူ့ရဲ့အားသာချက်ဖြစ်တဲ့ အရည်ပြားထူ အသားထူတာကို အသုံးချရင် အနာဂတ် ငါတို့အကြီးကြီးတွေ လုပ်တဲ့အခါမှာ တကယ်ကို အသုံးဝင်လိမ့်မယ်”
“စဉ်းစားကြည့်လိုက်။ အတိတ်မှာ အန္တရာယ်ကြုံလာရင် ငါတို့က အသက်ရှင်အောင် ထွက်ပြေးဖို့ပဲ တတ်နိုင်ကြတယ်။ တရစပ် ရက်ရက်စက်စက် တိုက်ခိုက်ခံရတာမျိုးဆိုရင် ငါတို့က ပုန်းဖို့တောင် မတတ်နိုင်ဘူး။ ဒီနင်ယန်က .. ခုခံနိုင်စွမ်း အရမ်းကောင်းတယ်”
ခေါင်းဆောင် မျက်တောင်ခတ်လိုက်သည်။
ရွှီချင်းသည်လည်း မျက်တောင်ခတ်လိုက်သည်။
“ငါ့ကို ယုံစမ်းပါ ချင်းလေးရာ။ ငါ မမှားနိုင်ပါဘူး။ ဒီနင်ယန်က စွမ်းရည်ရှိတယ်။ ဒါကြောင့် ငါတို့က ဗျူဟာမြောက် စီစဉ်ထားရမယ်။ ထပ်စောင့်နေလို့ မဖြစ်ဘူး။ တဖက်လူကို စိတ်စေတနာကောင်း ပြသဖို့ လိုတယ်”
ခေါင်းဆောင်၏ မျက်နှာတွင် ဗျူဟာမြောက် စီစဉ်နေသော အကြည့်တစ်ချက် ရှိနေသည်။ ထိုစကားကြားသောအခါ ရွှီချင်း ပြန်ပြောသည်။
“ဝူကျင်းဝူကောပဲလား”
“သူ့အကြောင်းမပြောစမ်းပါနဲ့”
ခေါင်းဆောင်သည် ပန်းသီးကို ခပ်ဆတ်ဆတ် ကိုက်လိုက်ပြီး မျှော်လင့်ချက်မဲ့စွာ ပြောသည်။ ထို့နောက် သူက ခေါင်းစဉ် ပြောင်းလိုက်ပြီး ခန့်မှန်းရခက်သော အမူအရာ ဖြစ်သွားသည်။
“ချင်းလေး မကြာသေးခင်က မင်းတို့အကျဉ်းထောင်ဌာနမှာ ကောင်းကင်နက်မျိုးနွယ်တချို့ ချုပ်ထားသေးတယ်မလား”
မေးမြန်းပြီးနောက် ခေါင်းဆောင်မျက်လုံးတို့က စိတ်လှုပ်ရှားနေပြီး ရွှီချင်းကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
ခေါင်းဆောင်တွင် သတင်းကွန်ရက် ကောင်းကောင်းရှိကြောင်း သူ သိထားသော်လည်း ဤကိစ္စသည် အစကတည်းက လျှို့ဝှက်ချက်ဖြစ်သည်။ ရွှီချင်းသာ သူ၏နယ်ရုပ်ဟူသော ရာထူးကြောင့် သိရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ခေါင်းဆောင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
“ဒီကောင်းကင်နက်မျိုးနွယ်နည်းနည်းကို လေ့လာဖို့ နည်းလမ်းတစ်ခု စဉ်းစားထား။ သူတို့ရဲ့ စကားပြောပုံ၊ အပြုအမူ၊ ရုပ်ရည်သွင်ပြင်နဲ့ ဘာဖြစ်ဖြစ် အကုန်လုံးကိုကွာ မင်းမှတ်တမ်းယူနိုင်ရင် အကောင်းဆုံးပဲ”
“မင်း မှတ်တမ်းတင်ပြီးရင် ငါ့ကိုပေး။ ငါက ဒါကို ကောင်းကောင်း အသုံးချဖို့ ရှိတယ်”
ရွှီချင်း၏အမူအရာကို သတိပြုမိပြီးနောက် ခေါင်းဆောင်က သူ မှန်ကြောင်း သိလိုက်သည်။ သူ၏ မျက်လုံးတို့က စူးရှလာပြီး လျှာသပ်လျက် နူးညံ့စွာ ပြောလိုက်သည်။
“ချင်းလေး ငါတို့ အကြီးကြီးလုပ်ဖို့ အချိန်ကျတော့မယ်”
ရွှီချင်းမျက်လုံးများက ကျဉ်းများသွားသည်။
လက်ရှိတွင် သူက စစ်ရေးအကျိုးပြုမှတ်များကို တောင့်တနေသည်။ နှစ်ပေါင်းများစွာ သိလာပြီးနောက် ခေါင်းဆောင်၏အပြုအမူများသည် များသောအားဖြင့် မယုံကြည်ရသော်လဲ အချိန်တိုင်း အကျိုးအမြတ် လုံးဝ ကောင်းသည့် အကြီးကြီးများ ထထ လုပ်သည်။ သေချာတာတစ်ခုက စွန့်စားမှုသည်လည်း အလားတူ များသည်။
သို့သော် ရွှီချင်းခံစားမိသည်က ကမ္ဘာကြီးထဲတွင် ရှင်သန်နေရာသည်ကပင် အမှန်တွင် စွန့်စားမှုတစ်ခု ဖြစ်သည်။
အကျိုးအမြတ်များသည့်ကိစ္စ ဖြစ်သောကြောင့် စွန့်စားရန် ထိုက်တန်ပေသည်။
ဤတစ်ကြိမ်တွင် သူက ဝိညာဉ်ကျောက်တုံးများစွာ ရင်းနှီးမြှပ်နှံထားသောကြောင့် အလွန်အရေးကြီးသည်။
“ဒါက ကောင်းကင်နက်မျိုးနွယ်နဲ့ ဆက်စပ်နေတာလား”
ရွှီချင်းသည် အတွေးနက်သွားပြီး ခေါင်းဆောင်ကို ကြည့်လိုက်သည်။
ခေါင်းဆောင်က နားမလည်နိုင်သော အမူအရာတစ်ခု ဆင်မြန်းထားပြီး ပန်းသီးစားရင်း ရွှီချင်းကို ဂုဏ်ယူဝင့်ကြွားစွာ ပြုံးကြည့်နေသည်။
“ချင်းလေး ငါ အရင် မင်းကို ပြောဖူးသလို ဓားကိုင်ရုံးတော်က ငါ့ကို မြင့်မြင့်မှန်းထားတာ။ မဟုတ်ရင် သူတို့က ငါ့ကို ဒီလိုအရေးကြီးတဲ့နေရာ ဘယ်ပေးမှာလဲ”
“ဒီကာလအတောအတွင်း ငါက အကျိုးပြုမှတ်တမ်းဌာနမှာ အကြာကြီး လေ့လာခဲ့ပြီးပြီ။ ငါက ဓားကိုင်တိုင်းရဲ့ လှုပ်ရှားမှုနဲ့ အစီအစဉ်တွေကို ကောင်းကောင်းသိနေပြီ”
“လူတစ်ယောက်က အရာအားလုံးကို ထွင်းဖောက်မြင်နိုင်တဲ့ ငါ့မျက်စိအောက်မှာ သူ့ရဲ့စစ်ရေးအကျိုးပြုအမှတ်တွေကို မှတ်တမ်းမတင်ဘဲ မနေရင် သူတို့က ဘာကိုမှ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး”
ခေါင်းဆောင်က အရာအားလုံးကို သူလမ်းညွှန်နေရသကဲ့သို့ မောက်မာနေသည်။
ရွှီချင်းက ခံစားချက်များဖြင့် သက်ပြင်းချလိုက်ပြီး သူ၏ရင်ထဲတွင် အထင်ကြီးမှုများ မြင့်တက်သွားသည်။ သူက ခေါင်းဆောင်ကို အမှန်ပင် အထင်ကြီးသွားသည်။ အဆုံးတွင် ထိုကဲ့သို့ မထင်မရှား ပြည်သူ့ဝန်ထမ်းအလုပ်သည် ခေါင်းဆောင်လက်ထဲတွင် အမှန်ပင် အလွန်အသုံးဝင်သွားသည်။
ထိုကိစ္စကို စွမ်းဆောင်နိုင်ခြင်းက ခေါင်းဆောင်သည် နင်ယန်နှင့် ယှဉ်လျှင် များစွာပိုပြီး စွမ်းရည် ရှိကြောင်း လုံလောက်အောင် ပြသခဲ့ပြီး ဖြစ်သည်။
“ချင်းလေး မင်းက အတွေ့အကြုံ နည်းနေတုန်းပဲ။ မင်း ငါ့ဆီက ပိုပြီးသင်ယူသင့်တယ်။ နားလည်လား။ အဲဒီကလေးဆိုးတွေနဲ့ပဲ နေ့တိုင်း စွန့်စားခန်းတွေ လျှောက်လုပ်ဖို့ပဲ တွေးမနေနဲ့။ ဘာအသုံးဝင်လို့လဲ”
“ခရီးတစ်ခုမှာ မင်းဘာသာမင်း သေလုမြောပါး အလုပ်လုပ်ပြီး စစ်ရေးအကျိုးပြုမှတ်ကျ အရနည်းနေတုန်းပဲ”
“ဒီကိစ္စကို ပြောရရင် ငါက မင်းကို ကြိမ်းမောင်းရုံကလွဲပြီး ရွေးချယ်စရာမရှိဘူး။ အဆုံးသတ်မှာ ဒီအတောအတွင်း ငါတစ်ယောက်ကထဲ အကုန်လုံးကို လိုက်ဂရုစိုက်နေရတယ်”
ရွှီချင်းက မျက်တောင်ခတ်လိုက်ပြီး ခေါင်းဆောင်၏မကျေနပ်မှုများကို နားထောင်နေရသည်။ ဤတစ်ကြိမ်တွင်ကား ဤအတောအတွင်း ခေါင်းဆောင်က သူ၏ခံစားချက်များကို တတိယအကြိမ် ပြသလာခြင်း ဖြစ်သည်။
ထို့ကြောင့် ရွှီချင်းသည် အစောပိုင်းက သူ၏ရင်ထဲတွင် မြင့်တက်လာသော အထင်ကြီးမှုများကို ထုတ်ဖော်ပြသလိုက်သည်။
တစ်ချိန်ထဲတွင်ပင် သူက အလုံးသန့်သန့် ပန်းသီးကြီးတစ်လုံးကို ခေါင်းဆောင်ထံ ကမ်းပေးလိုက်သည်။
ခေါင်းဆောင်သည် မူလတွင် ထိုပန်းသီးကို မယူလိုသော်လည်း အလိုလို လက်ခံလိုက်မိသည်။ သူက ရွှီချင်းကို ကြည့်လျက် စကားပြောလုနီးတွင် ရွှီချင်းက စကားပြောလာသည်။
“စီနီယာအစ်ကိုကြီး တစ်ခေါက်က နတ်မိမယ်ကျွမ်းရွှမ်က ကျနော့်ကို ဒေသငယ်မြို့တော်က သူရဲ့သူငယ်ချင်းကောင်းတချို့နဲ့ မိတ်ဆက်ပေးဖို့ ခေါ်သွားသေးတယ်။ သူတို့ထဲက တစ်ယောက်က လီရှစ်တောက်လို့ ခေါ်တယ်။ သူမက..”