လီဇီဟွားနှင့် နီလာနတ်သမီး
Vol. 71 Ch. 1100
နှလုံးတုန်သွားကြသော ထိုအထွတ်အထိပ်ပုဂ္ဂိုလ်များထဲတွင် ကောင်းကင်နက်မျိုးနွယ်၏ ကုန်းမြေပေါ်မှာ ယခု ထွက်ပေါ်လာကြသော ဝိညာဉ်စုစည်းခြင်းအဆင့် ပညာရှင်ကျင့်ကြံသူများလည်း ပါဝင်ကြသည်။
ကြီးမားသော ဆူပူအုံကြွမှုသည် ကောင်းကင်နက်မျိုးနွယ်မှာ ထွက်ပေါ်လာသည်။
စစ်ပွဲသည် စတင်လာသည်။
အတိတ်တွင် လူသားဧကရာဇ်က အာရုဏ်ဦးနေမင်းနှစ်စင်းကို ထုတ်လွှတ်ပြီးနောက် ကောင်းကင်နက်မျိုးနွယ်သည် ကြီးမားသော ဆုံးရှုံးမှုနှင့် မရေမတွက်နိုင်သော သေကြေပျက်စီးမှုများကို ခံစားခဲ့ကြရသည်။ အဆုံးမှာတော့ ကောင်းကင်နက်မျိုးနွယ်တစ်ခုလုံးသည် ဒေသကြီးထဲမှာ ပုန်းအောင်းနေကြရပြီး ရန်သူ၏ တိုက်ခိုက်မှုကို ခုခံတားဆီးရန် သူတို့၏ ဒေသစစ်လက်နက်ကို အကာအကွယ်အလွှာတစ်ခုအဖြစ် ထုတ်လွှတ်ထားရသည်။
လူသားမျိုးနွယ်က သူတို့၏ စစ်တပ်များကို ပြန်ရုပ်သိမ်းသွားသော်လည်း အာရုဏ်ဦးနေမင်းမှ ဖြစ်ပေါ်လာသော အလင်းရောင်သည် ကောင်းကင်နက်မျိုးနွယ်၏ ဧရိယာကို လွှမ်းခြုံသွားခဲ့သည်။ သို့ဖြစ်၍ အပျက်အစီးများသည် ဆက်လက် ဖြစ်ပွားနေဆဲပင်။ ဤနှစ်များတွင် ကောင်းကင်နက်မျိုးနွယ်ဝင်များ၏ မွေးဖွားနှုန်းသည် လျော့ကျသွားသည်။ ယခု ကလေးဆယ်ယောက်မွေးလျှင် တစ်ယောက်သာ အသက်ရှင်နိုင်တော့သည်။
ကောင်းကင်နက်မျိုးနွယ်အတွက် ထိုစစ်ပွဲ၏ ပေးဆပ်မှုသည် အလွန်အမင်း ကြီးမားသည်။ ယင်းက သူတို့မျိုးနွယ်၏ အခြေခံအုတ်မြစ်ကိုပင် လှုပ်ခါသွားစေခဲ့သည်။ ထို့ပြင် သူတို့ကိုးကွယ်သော နတ်ဘုရားက သူတို့အပေါ် လက်လျော့သွားဟန် ရသည်။ သူတို့က အကြိမ်ပေါင်းများစွာ ဆင့်ခေါ်ခဲ့သော်လည်း နတ်ဘုရားသည် လုံးဝမတုံ့ပြန်ခဲ့ပေ။
ယင်းက ကောင်းကင်နက်မျိုးနွယ်၏ အခြေအနေကို ပိုပြီးဆိုးဝါးသွားစေသည်။ သူတို့၏ ကိုယ်ပိုင်အမူအကျင့်များကြောင့် လွန်ခဲ့သော နှစ်များအတွင်းမှာ သူတို့သည် အလွန်ခက်ခဲသော အခြေအနေသို့ ကျရောက်ခဲ့သည်။ သူတို့မှာ စစ်ပွဲစတင်ရန် အင်အားမကျန်တော့ပေ။ သူတို့က ဤမုန်တိုင်းထဲမှာ အသက်ရှင်နိုင်ရုံသာ ဆန္ဒရှိကြတော့သည်။
သို့သော်လည်း စစ်ပွဲဟူသည်ကား သူတို့မလိုချင်ရုံဖြင့် ရောက်မလာနိုင်သောအရာ မဟုတ်ပေ။
ဤတစ်ကြိမ်တွင် သန့်စင်ရေလှိုင်းဒေသကြီး၏ စစ်တပ်သည် သူတို့ကို ကျူးကျော်တိုက်ခိုက်လာသည်။ လူသားမျိုးနွယ်၏ စစ်တပ်နှင့် သန့်စင်ရေလှိုင်းအမတ်ချုပ်ကြီး၏ စစ်တပ်အောက်မှာ ကောင်းကင်နက်မျိုးနွယ်၏ ခံစစ်သည် ပြိုလဲသွားသည်။
ပြိုလဲသွားသော ခံစစ်မှတဆင့် စစ်တပ်သည် အထဲသို့ စီးနင်းဝင်ရောက်လာသည်။
လူသားမျိုးနွယ်၏ စစ်တပ်ကို ဦးဆောင်သူသည် သတ္တမမင်းသားမဟုတ်ပေ။ ယင်းအစား သူ့မယ်တော်၏ မိသားစုထဲမှ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည်။ ထိုသူက လူသားမျိုးနွယ်၏ ကောင်းကင်ဘုရင်(၃၃)ပါးထဲမှ တစ်ပါးလည်း ဖြစ်သည်။
သူက ဘုရင်ထျန်းကန်ဖြစ်သည်။
သူက သတ္တမမင်းသား၏ တော်ဝင်ဦးရီးတော်ဖြစ်သည်။
ဘုရင်ထျန်းကန်သည် သန့်စင်ရေလှိုင်းဒေသကြီးထဲမှ စစ်တပ်အားလုံးကို ဦးဆောင်ပြီး ကောင်းကင်နက်မျိုးနွယ်အပေါ် စတင်စစ်ပွဲဆင်နွှဲခဲ့သည်။ သူက အထွတ်အမြတ်ရတနာတစ်ခုကို အသုံးပြုပြီး ကောင်းကင်နက်မျိုးနွယ်၏ ခံစစ်ကို ထိုးဖောက်ခဲ့သူလည်း ဖြစ်သည်။
သန့်စင်ရေလှိုင်းအမတ်ချုပ်ကြီးပင် ဘုရင်ထျန်းကန်၏ ရှေ့တော်မှာ နှိမ့်ချရပေသည်။
အဘယ့်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏ ကောင်းကင်ဘုရင်(၃၃)ပါးထဲမှ မည်သူမဆို ဝိညာဉ်စုစည်းခြင်းအဆင့်မှာရှိသောကြောင့် ဖြစ်သည်။
စစ်ပွဲစတင်လာသည့်အခါ စစ်မြေပြင်ပေါ်တွင် မိုးခြိမ်းသံများ ပဲ့တင်ထပ်လာပြီး သတ်ဖြတ်သံများက ကောင်းကင်အထိ ပျံ့လွင့်သွားသည်။ ထိုစဉ် ကောင်းကင်နက်ဒေသကြီးထဲဝယ် ဤအခိုက်အတန့်မှာ ရန်သူသော်လည်းကောင်း မိတ်ဆွေသော်လည်းကောင်း ကျင့်ကြံခြင်းအဆင့် အလုံလောက်မြင့်မားသော မည်သူမဆို ခေါင်းမော့လိုက်ကြသည်။ သူတို့၏ အကြည့်သည် နတ်ဘုရားမျက်နှာပျက်ကြီးပေါ်သို့ ကျရောက်သွားကြသည်။
ဝမ်ကူးကုန်းမြေထဲမှ အသင်္ချေမျိုးနွယ်စုများက နတ်ဘုရားမျက်နှာပျက်ကြီးကို ကြည့်ရှုနေကြစဉ် လဝတ်ပြုဒေသကြီးထဲရှိ အနီရောင်လဂြိုလ်ပေါ်မှ လနန်းတော်ထဲဝယ် နီလာနတ်သမီး၏ အရှိန်အဝါသည် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
လနန်းတော်၏ မြေပြင်သည် စေးပျစ်သော သွေးပင်လယ်သို့ ပြောင်းလဲသွားသည်။ သွေးပင်လယ်က ပရမ်းပတာ လှုပ်ရှားထကြွလာသည့်အခါ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် တစ်ယောက်ပြီးတစ်ယောက် ပြန်နိုးလာကြသည်။ သူတို့သည် ချက်ချင်း အနောက်ဆုတ်သွားကြပြီး ရွှီချင်း၏ ဘေးမှာ စုဝေးသွားကြသည်။ အားအင်ချည့်နဲ့သော အရှိန်အဝါသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ အလွန်သိသာစွာ ပေါ်လျှိုးနေသည်။
ရွှီချင်း၏ ဒဏ်ရာများသည်လည်း အလွန်ပြင်းထန်သည်။ ခေါင်းဆောင်သည်လည်း ထို့အတူပင်။ သူတို့အားလုံးသည် ကြိုးအဆုံးသို့ ရောက်ရှိနေကြသည်။
“ အခုလာမယ့်အရာက ငါတို့ရဲ့ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်လိမ့်မယ် ”
ခေါင်းဆောင်သည် ရွှီချင်းကို ကြည့်လိုက်ပြီး အက်ရှရှအသံဖြင့် ပြောသည်။
ရွှီချင်းသည် အားအင်ချည့်နဲ့စွာ ခေါင်းညိတ်လိုက်ပြီး သူ၏ အရှေ့မှ သွေးပင်လယ်ကို ကြည့်လိုက်သည်။
သွေးပင်လယ်သည် ပိုပြီးကြမ်းတမ်းစွာ လှုပ်ခတ်သွားပြီး ဝုန်းခနဲ မြည်သံများ ပဲ့တင်ထပ်သွားသည်။ ထို့နောက် သွေးပင်လယ်သည် ဝဲကတော့တစ်ခုသို့ အမြန်ပြောင်းလဲသွားပြီး ပုံရိပ်တစ်ခုက အထဲမှ ထွက်လျှောက်လာသည်။
ထိုပုံရိပ်သည် လူသားပုံသဏ္ဍာန်မဟုတ်ပေ။ ဤသည်မှာ ၎င်းက မရေမတွက်နိုင်သော အသွေးအသားအတောင်ပံများဖြင့် ပေါင်းစည်းထားသည့်အလား တစ်ခုနှင့်တစ်ခု ယှက်ထွေသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ မရေမတွက်နိုင်သော အသားလက်တံများကို ဖြစ်ပေါ်လာစေသည်။ ထိုလက်တံများက လှုပ်ယမ်းသွားနေသည်နှင့်အမျှ ယင်းက ပုံစံမကျသော အသွေးအသားတုံးကြီးနှင့် ဆင်တူပေသည်။
ယင်း၏ အလယ်ဗဟိုတွင် မျက်နှာတစ်ခုသည်သာ ပြူးထွက်နေသည်။ ထိုမျက်နှာတွင် အရေပြားမရှိပေ။ အသွေးအသားသည်သာ မျက်နှာပေါ်တွင် လူးလွန့်လှုပ်ရှားနေပြီး ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
မျက်နှာ၏ ဘေးပတ်ပတ်လည်တွင် မျက်လုံးများသည် ကြီးရာမှ သေးရာသို့ အတန်းလိုက် ထွက်ပေါ်လာကြသည်။ ယင်းတို့က အစီအစဉ်တကျ မရှိကြပေ။
ဤအခိုက်အတန့်မှာ ရွှီချင်းနှင့် တခြားလူများ၏ ပုံရိပ်များက ထိုမျက်လုံးများထဲမှာ အလင်းပြန်လာလေရာ အလွန်အံ့ဖွယ်ကောင်းသည်။
သူ့မှာ ခြေလက်များမရှိပေ။ ဤသည်မှာ သူက သွေးဝဲကတော့ထဲမှ ဖြည်းညင်းစွာ မြှောက်တတ်လာနေသော အသွေးအသားရုပ်တုကြီးတစ်ခုနှင့် ပိုပြီးဆင်တူသည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် သူ့ထံမှ ပေါ်လျှိုးလာပြီး လနန်းတော်တစ်ခုလုံး၊ အနီရောင်လဂြိုလ်တစ်ခုလုံးနှင့် လဝတ်ပြုဒေသကြီးတစ်ခုလုံးကို ပုံပျက်တွန့်လိမ်သွားစေသည်။
သွေးဝဲကတော့ထဲမှ ထွက်လျှောက်လာသော ပုံရိပ်သည် နီလာနတ်သမီး၏ မူလန္ဓာကိုယ်မှလွဲ၍ တခြားမဟုတ်ပေ။
ရွှီချင်းနှင့် တခြားလူများသည် နှလုံးတုန်သွားကြသည်။ ပြင်းထန်သော နာကျင်မှုသည် သူတို့၏ စိတ်ထဲမှာ ထွက်ပေါ်လာကြသည်။ ဤသည်မှာ သူတို့၏ အသိအမြင်က တစ်ဖက်လူ၏ ပုံရိပ်ကို မတောင့်ခံနိုင်ဟန် ရသည်။ သူတို့၏ အသိစိတ်သည် ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားကာ နတ်ဘုရားတစ်ပါး၏ ပုံရိပ်သည် သူတို့၏ မျက်လုံးထဲမှာ ပြောင်းလဲသွားသည်။
နောက်အခိုက်အတန့်မှာ ရွှီချင်းနှင့် တခြားလူများ၏ အမြင်တွင် နီလာနတ်သမီးသည် အမျိုးသမီးတစ်ယောက်သို့ ပြောင်းလဲသွားသည်။ သူ့မှာ သွေးနီရောင်ဆံပင်ရှည်ရှိပြီး အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။
သူ့၏ မျက်နှာပေါ်မှာ မျက်လုံးများမရှိတော့ပေ။ ယင်းအစား သူ၏ မျက်လုံးပေါက်နှစ်ခုထဲတွင် သွေးစီးကျနေသော ဟောင်းလောင်းပေါက်နှစ်ခုသာ ရှိသည်။
ပမာဏများပြားသော သွေးသည် သူ၏ တစ်ကိုယ်လုံးပေါ်မှာ စီးဆင်းနေသည်။ ဆူးချွန်များသည်လည်း သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ရစ်ပတ်ထားသည်။
ထိုဆူးချွန်များသည် သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားပြီး အထဲသို့ စိုက်ဝင်နေကြသည်။ သူက အရှေ့သို့ လျှောက်လှမ်းလာသည့်အခါ ဆူးချွန်များသည် ကျုံ့သွားကြသည်။ ဤသည်မှာ ယင်းတို့က သူ၏ သွေးကို စုပ်ယူနေသည့်အလားပင်။
သူ၏ အနောက်တွင် မရေမတွက်နိုင်သော သွေးနီရောင်နှင်းပန်းပွင့်များရှိသည်။
သူက ခြေတစ်လှမ်း လျှောက်လှမ်းလိုက်တိုင်း ထိုသို့ပန်းပွင့်တစ်ပွင့် ပွင့်လာလိမ့်မည်။ ထို့နောက် ယင်း၏ ဘေးပတ်ပတ်လည်မှာ တူညီသော နောက်ထပ်ပန်းပွင့်ပုံရိပ်များက ထွက်ပေါ်လာကြလိမ့်မည်။
ယင်းတို့က နေရာမှ ခုန်ထွက်လာပြီး ထပ်ဆင့်လွှမ်းခြုံသွားကြသည်။ ဤသည်မှာ ယင်းတို့က စောစောက အနီရောင်လဂြိုလ်ကဲ့သို့ ဆင့်ကဲပြောင်းလဲသွားနေဟန် တူသည်။
နီလာနတ်သမီး၏ ထွက်ပေါ်လာမှုနှင့်အတူ ကျန်းစီယွမ်ထက် သာလွန်သော နတ်ဘုရားအစွမ်းသည် အရှေ့သို့ ကျယ်ပြောစွာ ပျံ့လွင့်သွားသည်။
ထိုနှစ်ခုကို နှိုင်းယှဉ်မည်ဆိုလျှင် တောက်ပသော လမင်းနှင့် ပိုးစုန်းကြူးပမာ ကွာခြားလှပေသည်။
“ နတ်ဘုရားတွေကို တိုက်ရိုက် မကြည့်နိုင်ဘူး… ဒါကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် ငါတို့ရဲ့ ပင်ကိုယ်ဗီဇတုံ့ပြန်မှုက ငါတို့ရဲ့ အသိအမြင်တွေကို အလိုအလျောက် ပြောင်းလဲပစ်လိုက်တာပဲ… ဒါမှ တစ်ဖက်လူက ငါတို့လက်ခံနိုင်တဲ့ အသွင်ပုံစံနဲ့ ငါတို့ရဲ့ အသိအမြင်ထဲမှာ ထွက်ပေါ်လာလိမ့်မယ် ”
ခေါင်းဆောင်က တိုးညင်းစွာ ပြောသည်။
ရွှီချင်းသည် ဖြည်းညင်းစွာ လမ်းလျှောက်လာနေသော နီလာနတ်သမီးကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။ အကယ်၍ သူသာ နီလာနတ်သမီး၏ မျက်လုံးကို မကြည့်မိလျှင် တစ်ဖက်လူက တုနှိုင်းမဲ့သော အလှတရားကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်ပေသည်။
ထိုသို့အလှမျိုးသည် သက်ရှိလူသားများပိုင်ဆိုင်နိုင်သောအရာ မဟုတ်ပေ။ ယင်းက ပြီးပြည့်စုံပြီး ပြစ်ချက်မဲ့သည်။ တစ်ချိန်တည်းမှာ သူက အရှေ့သို့ လျှောက်လှမ်းလာနေစဉ် သူ၏ အသွင်ပုံစံသည် အစဉ်အမြဲ ပြောင်းလဲသွားနေသည်။
တစ်ခါတစ်ရံ သူက မူလအသွင်ပုံစံသို့ ပြန်ပြောင်းလဲသွားပြီး တစ်ခါတစ်ရံ နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့နေသော အမျိုးသားတစ်ဦး၏ မျက်နှာသို့ ပြောင်းလဲသွားသည်။ နတ်ဘုရားအစွမ်းသည်လည်း ထိုအမျိုးသား၏ မျက်နှာထံမှ ထွက်ပေါ်နေသည်။ ဤသည်မှာ သူက နီလာနတ်သမီး၏ အသွေးအသားဖြင့် ပေါင်းစပ်သွားနေပြီး ရှင်းလင်းသုတ်သင်ခံနေရဟန် တူသည်။
ထိုမျက်နှာသည် နီလာနတ်သမီး၏ ဝါးမျိုခံလိုက်ရသော မီးစာကုန်းမြေမှ အရှင်သခင်ဖြစ်သည်။
အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည်လည်း ဤအခိုက်အတန့်မှာ နှုတ်ဆိတ်သွားကြသည်။ သူတို့က မျက်လုံးမှိတ်လိုက်ကြပြီး စောင့်ဆိုင်းကြသည်။
ခေါင်းဆောင်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက မလှုပ်ရှားပေ။ သူသည်လည်း စောင့်ဆိုင်းနေသည်။
သူတို့က အုပ်ချုပ်သူလီဇီဟွားကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ရွှီချင်းသိသည်။
ထိုအခိုက်အတန့်မှာ နောင်တလွင်ပြင်ပေါ်တွင် မတ်မတ်ရပ်လျက် အနီရောင်လဂြိုလ်ကို လက်နှစ်ဖက်ဖြင့် ထိန်းချုပ်ထားသော လီဇီဟွား၏ ရုပ်တုပေါ်၌ ပြန်ရှင်သန်လာနေသည့် အရှိန်အဝါသည် ရုတ်တရက် ပျောက်ကွယ်သွားသည်။
သူက ဖြည်းညင်းစွာ မျက်လုံးပြန်ဖွင့်လိုက်သည်။
သူက မျက်လုံးဖွင့်လိုက်ပြီး လဝတ်ပြုဒေသကြီးကို ကြည့်လိုက်သည်နှင့်ချက်ချင်း အချိန်ကာလ၏ အငွေ့အသက်နှင့် လေးနက်သော အဓိပ္ပာယ်သည် သူ၏ မျက်လုံးထဲမှာ ပေါ်ထွက်လာသည်။
လဝတ်ပြုဒေသကြီးတစ်ခုလုံးသည် သူ၏ အကြည့်အောက်မှာ လင်းထိန်သွားသည်။
သွေးနီရောင်ကောင်းကင်သည် ဆုတ်ဖြဲခံလိုက်ရပြီး အနီရောင်မိုးတိမ်များသို့ ပြောင်းလဲသွားသည်။ ကမ္ဘာမြေပေါ်မှ နိမ့်ချည်မြင့်ချည် အားလှိုင်းများသည် အေးခဲသွားကြပြီး မညီညာမပြန့်ပြူးသော တောင်တန်းဒေသများ ဖြစ်ပေါ်လာကြသည်။
ခြောက်သွေ့နေသော အရာအားလုံးသည် သစ်စေ့များသို့ ပြောင်းလဲသွားကြသည်။ သူ၏ အကြည့်အောက်မှာ အပင်တိုင်း၊ သစ်ပင်တိုင်း၊ တောအုပ်တိုင်း ပြန်လည်ရှင်သန်လာသည်။
စိတ်ပျက်အားငယ်မှုဖြင့် ပြည့်နှက်နေသော ကုန်းမြေသည် မျှော်လင့်ချက်နှင့် အသက်ဓာတ်ဖြင့် တဖန်ပြန်လင်းထိန်လာသည်။
ဤလောကထဲတွင် အနီရောင်လဂြိုလ်တစ်ခုတည်းသာ အနီရောင်ဖြစ်နေဆဲပင်။
လီဇီဟွားသည် ခေါင်းမော့လိုက်ပြီး အနီရောင်လဂြိုလ်ကို ကြည့်လိုက်သည်။ ထို့နောက် သူက လက်ထဲမှ အနီရောင်လဂြိုလ်ကို လွှတ်ပေးလိုက်သည်။
အနီရောင်လသည် မထွက်သွားပေ။ ယင်းအစား လေထဲမှာ မျောလွင့်နေသည်။
လီဇီဟွားသည် အသက်ရှူချိန်အနည်းငယ် နှုတ်ဆိတ်နေပြီးနောက် အရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်။ သူ၏ ခြေလှမ်းက ဟင်းလင်းပြင်ပေါ်သို့ ကျရောက်သွားတိုင်း ရွှေရောင်လှိုင်းဂယက်များကို ထုတ်လွှတ်လာပြီး အနီရောင်လဂြိုလ်မှ ထုတ်လွှတ်နေသော အလင်းရောင်နှင့် ဖိအားကို မှေးမှိန်သွားစေသည်။
ယင်းက အနီရောင်လဂြိုလ်ပေါ်သို့ သူလျှောက်သွားပြီး လနန်းတော်ထဲရှိ သွေးဝဲကတော့ထဲမှ အပြည့်အဝ ပေါ်လျှိုးလာပြီးသော နီလာနတ်သမီး၏ ပုံရိပ်ရှေ့သို့ မရောက်သွားခင်အထိ ကြာမြင့်ခဲ့သည်။
သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“ မတွေ့တာကြာပြီ ”