← Chapters

ဝါးတစ်လုံးနဲ့ ထိုးတဲ့တံတားက အချိန်နဲ့ အာကာသကို ဖြတ်နိုင်တယ်

Vol. 38 Ch. 572

ဝါးတစ်လုံးနဲ့ ထိုးတဲ့တံတားက အချိန်နဲ့ အာကာသကို ဖြတ်နိုင်တယ်

Vol. 38 Ch. 572

သူ ပြောပြီးသည်နှင့် တစေလက်သည် သူ၏အင်္ကျီလက်များကို ခါယမ်းလိုက်သည်တွင် မိုးကြိုးလျှပ်စီးများသည် ချက်ချင်း ဖြစ်တည်လာပြီး ကျဆင်းလာသည်။

ထိုနေရာကို မိုးကြိုးများဖြင့် တရစပ်ပစ်ခတ်ပြီးနောက် သူသည် အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်ပြီး ထွက်ခွာသွားတော့သည်။

ရွှီချင်းသည် မြေပြင်ပေါ်တွင် တစစီဖြစ်နေသော သစ်ဝိညာဉ်မျိုးနွယ်ဝင်ကို ကြည့်လိုက်သည်။ ထို့နောက် အကြည့်လွှဲလိုက်ပြီး တစေလက်နောက်သို့ လိုက်သွားသည်။

မြေပြင်ပေါ်တွင် ညှိုးငယ်သောသစ်ပင်မျက်နှာကြီးသည် ခါးသက်သော အမူအရာကို ထုတ်ဖော်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် တုန်ရီယိမ်းယိုင်နေပြီး သူ၏အကြည့်က ထွက်ခွာသွားသော ရွှီချင်း၏နောက်ကျောတွင် ရှိနေသည်။

“သူ့ရဲ့ ညာဘက်လက်ကောက်ဝတ်မှာ တကယ်ပဲ ဝိညာဉ်ကြမ္မာကြိုးမျှင်ရှိနေတာပဲ”

နာရီပေါင်းများစွာကြာပြီးနောက် ဤကမ္ဘာငယ်လေး၏အဆုံးတွင် တစေလက်နှင့် ရွှီချင်းတို့သည် သူတို့၏ ခရီးစဉ်ကို အဆုံးသတ်လိုက်သည်။

ရွှီချင်းသည် မထွက်ခွာမီ လောကစည်းမျဉ်းများကို တစ်ဦးထဲ အတွေ့အကြုံယူရန် တစေလက်ကို ခွင့်တောင်းခဲ့သည်။

အဆုံးတွင်တော့ ဤကိစ္စသည် အနာဂတ်၌ သူပြီးမြောက်အောင် လုပ်ဆောင်ရမည့်အရာ ဖြစ်သည်။ မဟုတ်လျှင် သူသည် တစ်ဦးထဲ ကင်းထောက်နိုင်လိမ့်မည်မဟုတ်ဘဲ တခြားသူများ၏နောက်သို့သာ အချိန်တိုင်းလိုက်နေရပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် နယ်မြေဂတွင် နယ်ရုပ်ဖြစ်လာရန်က သူ့အတွက် အဓိပ္ပါယ်မဲ့သွားလိမ့်မည်။

“မင်း သေချာလား”

တစေလက်က ရွှီချင်းကို တစ်ချက်ကြည့်သည်။

“ဝိညာဉ်သူငယ်ကျင့်ကြံသူတွေသာ ကမ္ဘာတစ်ခုရဲ့လောကစည်းမျဉ်းတွေကို ခုခံနိုင်ပြီး သွားလာနိုင်လိမ့်မယ်။ အမြုတေဖွဲ့စည်းခြင်းအဆင့်တွေလည်း လုပ်နိုင်ပေမဲ့ အနည်းငယ်ပဲ အောင်မြင်ကြတယ်။ ဒီ့ထက်ပိုတာက သူတို့ထဲက တော်တော်များများက အသက်ရှူကြိမ် ၃ကြိမ်ကနေ ၅ကြိမ်အတွင်း ကျရှုံးသွားကြတာပဲ”

ရွှီချင်းက တိတ်ဆိတ်သွားသည်။ ထို့နောက်တွင် သူ၏ အမူအရာက လေးနက်သွားပြီး ခေါင်းညိတ်ပြကာ ဦးညွတ်လိုက်သည်။

“ကောင်းပြီ”

တစေလက်က ဘာမှဆက်မပြောတော့ဘဲ ရွှီချင်းအတွက် သူခုခံပေးထားသော ဖိအားကို တိုက်ရိုက် လွှတ်ထုတ်လိုက်သည်။

ခဏအကြာတွင် ရွှီချင်းတစ်ကိုယ်လုံးက တုန်ခါလာသည်။ မရေတွက်နိုင်သော တောင်ကြီးများက သူ့ကို ဖိထားသကဲ့သို့ပင်။ သူ၏ခန္ဓာကိုယ်က ကွဲအက်သံများမြည်လာပြီး သူ၏ဝိညာဉ်ပင် မတည်မငြိမ်ဖြစ်လာသည်။ မျက်ရည်ကျလောက်အောင် ပြင်းထန်သော နာကျင်မှုများသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ဖြစ်တည်လာသည်။

သူက အချိန်မရွေး တစစီဖြစ်သွားတော့မည်ကဲ့သို့ပင်။

တစေလက်က ခေါင်းယမ်းလိုက်သည်။ သူသည် ထိုစွမ်းအားများကို ရုပ်သိမ်းလုနီးပါးပင်။ ထိုအခိုက်တွင်  ရွှီချင်း၏အမြုတေဖွဲ့စည်းခြင်းကျင့်ကြံမှုများ အသက်ဝင်လာသည်။ သူ၏ရုပ်ခွန်အားသည် လုံးဝပေါက်ကွဲထွက်လာပြီး ဖိအားကို အမှန်ပင် ခုခံနိုင်သွားသည်။

သို့သော်လဲ ထိုသို့ခုခံခြင်းက ခက်ခဲနေဆဲပင်။ ရွှီချင်း၏ခန္ဓာကိုယ်သည် ပြင်းပြင်ထန်ထန် တုန်ရီနေသည်။ အချိန်ကုန်ဆုံးလာသည်နှင့်မျှ တစေလက်၏အမူအရာ တဖြည်းဖြည်း ပြောင်းလဲလာသည်။

အသက်ရှုချိန် ၁၀၀မျှကြာပြီးနောက် ရွှီချင်းသည် ခေါင်းမော့ရုံမျှသာ မော့လိုက်ပြီး တစေလက်ကို ကြည့်လိုက်သည်။

“စီနီယာ ငါက လောကစည်းမျဉ်းတွေရဲ့ ဖိအားကို ခုခံနိုင်ခဲ့သင့်တယ်”

တစေလက်၏အမူအရာ ပြောင်းသွားပြီး သူ၏မျက်လုံးများ တဖြည်းဖြည်းလက်လာသည်။

“ကောင်လေး မင်းက လုံးဝ တော်နေပါပြီ။ မင်းရဲ့ခန္ဓာကိုယ်ကသာ စွမ်းအားကြီးရုံမကဘဲ မင်းရဲ့ဝိညာဉ်ကလည်း အံအားသင့်ဖွယ်ပဲ။ မင်းရဲ့ကျင့်ကြံခြင်းအခြေခံလောက်နဲ့ ကျင့်ကြံသူတော်တော်များများက ဒီလိုမလုပ်နိုင်ဘူး”

တစေလက်က ပြောပြီးသည်နှင့် သူ၏အင်္ကျီလက်ကို ခါယမ်းလိုက်ပြီး ရွှီချင်းအပေါ်မှ ဖိအားများကို ချက်ချင်းဖယ်ရှားပေးလိုက်သည်။ လောကစည်းမျဉ်းများကို တစေလက်က တဖန် ကူညီ၍ ခုခံပေးလိုက်သည်။

ကြီးမားသောဖိအားက ချက်ချင်းလွတ်မြောက်သွားသောအခါ ရွှီချင်း၏ခန္ဓာကိုယ် တုန်ရီလာသည်။ သူ၏ရုပ်ခန္ဓာသန်မာမှုက အသက်ရှူချိန်၁၀၀ဟူသော အချိန်တိုလေးအတွင်း အနည်းငယ်တိုးတက်လာသည်ကို သိသိသာသာ ခံစားလိုက်ရသည်။

သူသည် တဖန်ပြန်လည် မွေးဖွားလာသကဲ့သို့ပင်၊။

ထိုအရာက ရွှီချင်း၏ခံစားချက်များ ကောင်းသွားစေသည်။

“ဒါပေမဲ့ ကျေနပ်မသွားနဲ့အုံး။ ဒီလိုလုပ်နိုင်တဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့်တွေ အများကြီးရှိသေးတယ်။ နေရာတိုင်းက ဒီမှာလို မဟုတ်ဘူး”

တစေလက်က ပြုံးလိုက်ပြီး ဆက်မပြောတော့ပေ။ သူသည် လက်ဟန်အချို့ကို ထုတ်ဖော်လိုက်ပြီး ရွှီချင်းနှင့်အတူ ကမ္ဘာငယ်လေးမှ ထွက်ခွာလိုက်သည်။

သူတို့ပြန်ပေါ်လာသောအခါ အကျဉ်းထောင်အပြင်ဘက်တွင် ရှိနှင့်နေပြီး လဟာပြင်ထဲ ‌ရောက်နေသည်။

အသက်ရှူချိန်၁၀၀မျှသာ ခုခံနိုင်သောကြောင့် ရွှီချင်း သူ့ကိုယ်သူ မကျေနပ်နိုင်ပေ။ သူသည် တဖက်လူ ယခင်က ပြောခဲ့သော ရှေးဟောင်းဝိညာဉ်မျိုးနွယ်အကြောင်း တွေးမိပြီး မေးလိုက်သည်။

“ရှေးဟောင်းဝိညာဉ်မျိုးနွယ်လား”

တစေလက် စကားပြန်ဆက်သည်။

“ထူးဆန်းတဲ့ မျိုးနွယ်ပဲ။ သမိုင်းဖြစ်ရပ်မှာ ဒီမျိုးနွယ်ကို ဘာလို့ ကောင်းကင်ကြမ္မာမျိုးနွယ်လို့ ခေါ်ကြတဲ့ တိကျတဲ့ အကြောင်းအရင်းရှိတယ် မှတ်တယ်”

“ပြောကြတာက သူတို့ရဲ့ သန္ဓေပါရမီက အရမ်းအံ့သြဖို့ကောင်းပြီး ကံကြမ္မာနဲ့ ပက်သတ်နေတယ်ဆိုပဲ။ တစ်စုံတစ်ယောက်ရဲ့ကံကြမ္မာကို ပိုကောင်းသွားစေနိုင်တယ်။ ပြင်ပလူတွေပေါ်မှာလဲ တူတူပဲ။ အသေးစိတ်ကိုတော့ ငါလည်း သေချာမသိဘူး”

“ကောလဟလရှိတာက ဝိညာဉ်အင်ပါယာက ရှေးဘုရင်အဆင့်ကို ချိုးဖျက်ပြီး နောက်တစ်ဆင့်တက်ဖို့ ဝမ်ကုကုန်းမြေရဲ့ကြမ္မာကို ငှားယမ်းခဲ့ပေမဲ့ ကျရှုံးခဲ့တာကြောင့် ဝမ်ယုကုန်းမြေရဲ့ ကြမ္မာက ကုန်ဆုံးသွားခဲ့တယ်။ မျိုးနွယ်စုတစ်ခုလုံးရဲ့ ၉၀ရာနှုန်းသော သွေးမျိုးဆက်တွေဟာ တစ်ညအတွင်း ချေမှုန်းခံလိုက်ရပြီး ရှေးဟောင်းဝိညာဉ်မျိုးနွယ်ခေတ် ကုန်ဆုံးသွားတော့တာပဲ”

သူတို့နှစ်ဦးက နံရံဆေးရေးပန်းချီများ အပြင်တွင် လမ်းလျှောက်နေကြပြီး အကျဉ်းထောင်ဌာန၏ ၉၀ထပ်သို့ ပြန်သွားလိုက်ကြသည်။

“ဒီနေ့အတွက်တော့ ဒီလောက်ပဲ။ မင်းက လောကစည်းမျဉ်းဖိအားအောက်မှာ ခုခံနိုင်ရုံလေးပဲ ဖြစ်တာကြောင့် ဒါနဲ့အသားကျသွားအောင် ဆက်ကြိုးစား။ လောကစည်းမျဉ်းဖိအားတွေကို အမှန်တကယ် ခုခံနိုင်ပြီး ကင်းစောင့်တာဝန်ကို ပြီးမြောက်နိုင်ဖို့ ဘယ်လောက်ကြာမလဲ ကြည့်ကြတာပေါ့”

တစေလက်သည် အားပေးစကားအနည်းငယ်ပြောပြီး ဝိုင်တစ်ငုံမျှမော့ကာ ထွက်ခွာသွားတော့သည်။

ရွှီချင်းက ထွက်ခွာသွားသော တစေလက်၏ပုံရိပ်ကို လက်နှစ်ဖက်ယှက်၍ ဦးညွတ်လိုက်သည်။ ထို့နောက် အကျဉ်းထောင်ဌာနမှ စိတ်မောပန်းစွာ ထွက်ခွာလိုက်ပြီး ဓားခန်းဆောင်သို့ ပြန်လာလိုက်သည်။

လမ်းတွင် သူသည် အကျဉ်းထောင်ကမ္ဘာထဲမှ မြင်ကွင်းများကို ပြန်စဉ်းစားသည်။ သူက ဓားကိုင်ရုံးတော်၏ စွမ်းရည်များကို အနည်းငယ် အံ့အားသင့်နေဆဲပင်။ တစ်ချိန်ထဲတွင်ပင် ကမ္ဘာငယ်လေးထဲမှ ထူးဆန်းသော ကျွမ်ရှင်းမျိုးနွယ်ဝင်၄၀ဦးကိုလည်း တွေးလိုက်မိသည်။

“ကျွမ်ရှင်းမျိုးနွယ်..”

“ငါက အင်မော်တယ်စက္ကောမရုပ်သေးတွေအကြောင်း ထောက်လှမ်းချင်ရင် ကျွမ်ရှင်းမျိုးနွယ် ဒါမှမဟုတ် သန့်စင်ရေလှိုင်းမျိုးနွယ်တွေကို မဦးတည်ရင် စုံစမ်းဖို့ ခက်ခဲလိမ့်မယ်”

ရွှီချင်းသည် စိတ်ပင်ပန်းမှုများကို ထိန်းချုပ်လိုက်ပြီး တိတ်ဆိတ်သွားသည်။

ထိုကိစ္စကို ပို၍တူးဆွချင်လျှင် အတားအဆီးက ကြီးမားလိမ့်မည်ဖြစ်ပြီး ရှောင်လွှဲနိုင်ရန် ခက်ခဲပေလိမ့်မည်။ သို့သော်လည်း ရွှီချင်းသည် စစ်ရေးအကျိုးပြုမှတ် ၅သိန်းနှင့် အထူးသဖြင့် ဒုတိယတန်းစား စစ်ရေးအကျိုးပြုမှတ်ကို အလွန်လိုချင်နေသည်။

အဆုံးတွင်တော့ သူက ကျောက်ရှာတောင်သို့သွားရန်သာ စစ်ရေးအကျိုးပြုမှတ်များကို လိုအပ်သည်မဟုတ်ဘဲ ဒုတိယတန်းစားစစ်ရေးအကျိုးပြုမှတ်များလည်း လိုအပ်သည်။

နက်ရှိုင်းသောအကြည့်တစ်ချက်က သူ့မျက်လုံးများတွင် ပေါ်လာသည်။ စိတ်ပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအချို့  ပြုလုပ်ပြီးနောက် သူက ရုတ်တရက်အတွေးတစ်ချက် ရလိုက်သည်။

“တကယ်တော့ တခြားနည်းရှိသေးတာပဲ။ အင်မော်တယ်စက္ကောမရုပ်တွေနဲ့ပဲ စရမယ်။ အင်မော်တယ်စက္ကောမရုပ်တွေ ဘယ်လိုလုပ်လဲဆိုတာ ငါနားလည်ဖို့လိုတယ်”

စိတ်ထဲမှ ရေရွတ်လိုက်ပြီး လက်ထောက်ဒေသအကြီးအကဲက အင်မော်တယ်စက္ကောမရုပ်များကို လေ့လာဖူးကြောင်း တစေလက် ပြောဖူးသည်ကို တွေးမိလိုက်သည်။ ထို့ကြောင့် အမိန့်တော်ဓားကို ထုတ်ယူလိုက်ပြီး စစ်ရေးအကျိုးပြုမှတ်များကို အသုံးပြုပြီး လက်ထောက်ဒေသအကြီးအကဲနှင့်တွေ့ဆုံ၍ သင်ယူရန် လျှောက်ထားလိုက်သည်။

လက်ထောက်ဒေသအကြီးအကဲသည် ဗဟုသုတကြွယ်ဝကြောင်း ဒေသတစ်ခွင်လုံးက အသိအမှတ်ပြုထားကြသည်။ ထို့ကြောင့် သူတို့ အကူညီလိုပြီး မေးခွန်းများရှိပါက အကြီးအကဲ၏ လမ်းညွှန်မှုကို လာရောက်တောင်းခံလေ့ရှိကြသည်။

သို့သော်လဲ လက်ထောက်ဒေသအကြီးအကဲသည် ဒေသအကြီးအကဲ၏ ဒေသစီမံခန့်ခွဲရေးတွင် များသောအားဖြင့် ကူညီနေရသည်ဖြစ်ရာ တရားဝင်အလုပ်များနှင့် ရှုပ်လျက်ရှိသည်။ ထို့ကြောင့် လျှောက်လွှာများကို လက်ထောက်ဒေသအကြီးအကဲ၏ အားလပ်ချိန်ပေါ်မူတည်၍ စိစစ်လက်ခံလေ့ရှိသည်။

ရွှီချင်း၏ကံက မဆိုးပေ။ ဓားခန်းဆောင်မှပြန်လာပြီး တစ်နာရီကြာခန့် တရားထိုင်ပြီးနောက် လက်ထောက်ဒေသအကြီးအကဲ၏ အကြောင်းပြန်ချက်ကို လက်ခံရလိုက်သည်။

“ရွှီချင်းလား”

“လက်ထောက်ဒေသအကြီးအကဲ”

ရွှီချင်းက ကျောက်စိမ်းပြားကို ထုတ်ယူ၍ လေးစားစွာ နှုတ်ဆက်လိုက်သည်။

“ဘာကိစ္စလဲ”

လက်ထောက်ဒေသအကြီးအကဲ၏ အသံက ပင်ပန်းမှုတို့ ရောစွက်လျက်ရှိသည်။ သူက အလုပ်ပြီးပြီးချင်းဖြစ်ကြောင်း သိသာသည်။

ရွှီချင်းက အချိန်သိပ်ဆွဲရန် မသင့်တော်ကြောင်း နားလည်သည်။ ထို့ကြောင့် အင်မော်တယ်စက္ကောမရုပ်များကို နားလည်လိုကြောင်း ဒဲ့တိုးပင် ပြောပြလိုက်သည်။

“အင်မော်တယ်စက္ကောမရုပ်လား။ အခု မင်းအားနေရင် လာခဲ့လေ။ ငါ မင်းကို တစ်ချက်ကြည့်ဖို့ ခေါ်သွားမယ်”

‌ဒေသအကြီးအကဲ၏ အကြောင်းပြန်မှုကို ကြားရသည်တွင် ရွှီချင်း လှိုက်ခနဲ ဖြစ်သွားသည်။ ဓားခန်းဆောင်မှ ထွက်လိုက်ပြီး မြို့ထဲသို့ တည့်တည့် ဦးတည်လိုက်သည်။

ညဉ့်ဦးပိုင်းသာ ရှိသေးသည်။ ဒေသမြို့တော်ငယ်က မီးများ ထိန်နေပေပြီ။ ဆိုင်အများကြီး ဖွင့်ထားပြီး လမ်းများက တည်းခိုဆောင်တို့နှင့် ပြည့်လျက် ရှိသည်။ ရံဖန်ရံခါတွင် ဓားကိုင်များနှင့် လမ်းများတွင် စောင့်ကြပ်နေသော ကင်းသမားများကို တွေ့နိုင်သည်။

ရွှီချင်းသည် မြို့အရှေ့ဘက်ရှိ ‌လက်ထောက်ဒေသအကြီးအကဲ၏အိမ်တော်ကို တန်းတန်းမတ်မတ်သွားလိုက်သည်။ အိမ်တော်ရှေ့သို့ရောက်သောအခါ အစောင့်များကို အကျိုးအကြောင်းရှင်းပြလိုက်သည်တွင် သူ့ကို လက်ထောက်‌ဒေသအကြီးအကဲ၏ စာကြည့်ခန်းသို့ ညွှန်လိုက်ကြသည်။

“ဓားကိုင်ရွှီချင်းက လက်ထောက်ဒေသအကြီးအကဲနဲ့ တွေ့ခွင့်တောင်းပါတယ်”

ရွှီချင်းက လက်နှစ်ဖက်ယှက်၍ ဦးညွတ်လျက် တည်ကြည်စွာ ရှိနေသည်။

“ဝင်လာခဲ့”

လက်ထောက်ဒေသအကြီးအကဲ၏ ပင်ပန်းဖျော့တော့သော အသံက စာကြည့်ခန်းထဲမှ ထွက်ပေါ်လာသည်။

ရွှီချင်းသည် တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်သည်။ လက်ထောက်ဒေသအကြီးအကဲနှင့် ဆေးရည်ရောစပ်နေသော သူ၏ လက်ထောက်များကို တွေ့လိုက်ရသည်။

သူတို့ထဲတွင် သူနှင့် တစ်ပတ်စဉ်ထဲဖြစ်သော ဓားကိုင်အသစ်တစ်ယောက် ရှိနေသည်။

ဓားကိုင်က ရွှီချင်းကို မြင်သောအခါ ခေါင်းဆတ်ပြသည်။ ထို့နောက် သူက လက်ထောက်ဒေသအကြီးအကဲ၏ ညွှန်ကြားချက်များအတိုင်း ဆေးရည်ကို ပြင်ဆင်နေသည်။

ရွှီချင်းက သူတို့ကို ဝင်မရှုပ်ပေ။ ဘေးတွင်သာရပ်နေပြီး စာကြည့်ခန်းကို လျှောက်ကြည့်နေသည်။ ပန်းပွင့်အများကြီးနှင့် အိုးစိုက်အပင်များကို တွေ့လိုက်ရသည်။ တချို့သည် ဆေးပင်များဖြစ်ကြပြီး အချို့က ရိုးရိုးပန်းပွင့်များသာ ဖြစ်သည်။

လက်ထောက်ဒေသအကြီးအကဲ၏မျက်နှာသည် မောပန်းမှုတို့ဖြင့် ပြည့်နေသော်လည်း သူ၏မျက်လုံးများသည်တော့ အားမာန်အပြည့်နှင့် ဖြစ်သည်။ ထို့အပြင် သူတို့က အရေးကြီးသော အခိုက်အတန့်သို့ ရောက်ရှိနေကြောင်း ထင်ရှားသည်။

လက်ထောက်ဒေသအကြီးအကဲ၏ အပြည့်အဝ အာရုံစူးစိုက်မှုအောက်တွင် ဆေးဖက်ဝင်အရည်များက ပေါင်းစပ်သွားကြသည်။ နောက်ဆုံးတွင် ပြီးမြောက်သွားပေပြီ။ သူသည် လျင်မြန်စွာဖြင့် ပရုတ်လော်ရယ်အပင်အိုးနားသို့ သွားလိုက်ပြီး ဆေးရည်များကို အိုးထဲက မြေကြီးထဲသို့ လောင်းထည့်လိုက်သည်။

ဆေးရည်၏ အစွမ်းသတ္တိက သိသာလှသည်။ အပင်က လျင်မြန်စွာ ညှိုးနွမ်းသွားသည်။

‌“ဟင်း..”

လက်ထောက်ဒေသအကြီးအကဲက နဖူးပွတ်လိုက်သည်။ သူက ရွှီချင်းကို ကြည့်လိုက်ပြီး စကားပြောတော့မည်ပြုစဉ်တွင် အသံလွှင့်ကျောက်စိမ်းပြားက တုန်ခါလာသည်။ ကျောက်စိမ်းပြားကို ထုတ်ယူ၍ တစ်ချက်ကြည့်ပြီးနောက် သူ အနည်းငယ် တည်ကြည်သွားသည်။

“ရွှီချင်း ဒေသအကြီးအကဲက ငါ့ကို ခေါ်နေတယ်။ ဒီနေ့တော့ မင်းကို အင်မော်တယ်စက္ကောမရုပ်အကြောင်း ရှင်းမပြနိုင်တော့ဘူး။ ဒါက အင်မော်တယ်စက္ကောမရုပ်အကြောင်း အရင်က ငါမှတ်တမ်းတင်ထားတဲ့ အချက်တစ်ချို့ပဲ။ မင်းဘာသာလေ့လာပြီး နားမလည်တာရှိရင် ငါ့ကိုမေး”

ထိုကိစ္စက အနည်းငယ်အရေးကြီးပုံပင်။ ‌ဒေသအကြီးအကဲက ဘာမှဆက်မပြောတော့ပေ။ ရွှီချင်းကို အသံဖမ်းကျောက်စိမ်းပြား ကမ်းပေးလိုက်ပြီး သူ၏ဝတ်စုံကို သပ်ရပ်အောင် ပြုပြင်လိုက်သည်။

မထွက်ခွာမီ ရွှီချင်းကို တောင်းပန်ဟန်ဖြင့် ခေါင်းဆတ်ပြလိုက်ပြီး သူ၏ လက်ထောက်များအား ပါဝင်ပစ္စည်းများကို ဆက်လက်ရောစပ်ရန် ညွှန်ကြားခဲ့သည်။ ထို့‌နောက် လေပေါ်သို့ အလျင်စလို ပျံတက်လိုက်ပြီး ထွက်ခွာသွားတော့သည်။

ရွှီချင်းသည် ကျောက်စိမ်းပြားကို လက်ခံလိုက်ပြီး လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလိုက်သည်။

လက်ထောက်များသည် ဆေးရည်များကို တဖန်ထပ်၍ ရောစပ်တော့မည်ကို မြင်သည်တွင် ရွှီချင်းသည် ဆက်ကြည့်နေရန် အဆင်မပြေကြောင်း နားလည်လိုက်သည်။ ထို့ကြောင့် နှုတ်ဆက်လိုက်ပြီး လက်‌ထောက်ဒေသအကြီးအကဲ၏အိမ်တော်မှ ထွက်ခွာလာခဲ့သည်။

ဓားခန်းဆောင်သို့ အပြန်လမ်းတွင် ပျားပန်းခတ်နေသော ဒေသသည် တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ ဆိုင်အများကြီးက ဆက်ဖွင့်ထားသော်လဲ သွားရည်စာဆိုင်တချို့မှာ ပိတ်ထားပေပြီ။

ရွှီချင်းက တစ်ချက်ဝေ့ကြည့်သည်တွင် သကြားစိမ်အသီးထုတ်ထိုးများ ရောင်းနေသော ဆိုင်ငယ်တစ်ခုကို တွေ့လိုက်သည်။ အနီရောင်သကြားစိမ်အသီးကို ကြည့်ရင်း တစ်ချက်တွေးကာ တုတ်ထိုးတစ်ချောင်း ဝယ်လိုက်သည်။

ရွှီချင်းက လက်ထဲမှ သကြားစိမ်သီးများကို မကြည့်မီ တစ်ချက်ကိုက်လိုက်သည်။

အရသာက ကောင်းလှသည်။ သွေးမျက်လုံးခုနစ်လုံးတွင် တွေ့ခဲ့သောအရာများထက်ပင် ပိုအရသာရှိသည်။

အေးစက်ပြီး အချိုအချဉ်သမနေသော အရသာက သူ ငယ်စဉ် အနှိုင်းမဲ့မြို့တော်၌ ရှိနေသော အချိန်များကို အမှတ်ရသွားစေသည်။

သူက သကြားစိမ်သီးများရောင်းသော ဆိုင်ငယ်လေးကို ကြည့်လိုက်သည်။ ဆိုင်ရှင်က ထွက်ခွာသွားပြီဖြစ်သည်။

“ငါနည်းနည်း ပိုဝယ်လိုက်သင့်တာ”

ရွှီချင်းက ရေရွတ်လိုက်ပြီး နောက်တစ်ကိုက် ထပ်ကိုက်လိုက်သည်။

အရသာ ရှိနေဆဲပင်။

ထိုသို့နှင့် လရောင်အောက်တွင် ရွှီချင်းသည် သကြားစိမ်သီးများစားရင်း လက်ထောက်ဒေသအကြီးအကဲပေးလိုက်သော ကျောက်စိမ်းပြားထဲမှ အချက်အလက်များကို ကြည့်ရှုနေသည်။

ကျောက်စိမ်းပြားထဲမှ မှတ်တမ်းများသည် အလွန်အသေးစိတ်၍ ရုပ်ပုံများစွာနှင့်ပင် ဖော်ပြထားသည်။ လက်ထောက်ဒေသအကြီးအကဲသည် ထိုကိစ္စကို အလေးအနက်ထား လေ့လာခဲ့ကြောင်း သိသာလှသည်။

ရွှီချင်းသည် အချက်အလက်များကို တစ်ချက်မျှ အကြမ်းဖျင်း ကြည့်ရှုလိုက်ပြီး လက်ထောက်ဒေသအကြီးအကဲ၏ နက်နဲသော ဗဟုသုတအပေါ် လေးစားမှုများ မြင့်တက်လာသည်။ မြို့မှ ထွက်ခွါလုနီးတွင် သူ၏အမူအရာက ရုတ်တရက် ပြောင်းသွားသည်။ ခေါင်းကို မော့လိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။

အဝေးတွင် အနက်ရောင်ဝတ် သက်လတ်ပိုင်းကျင့်ကြံသူတစ်ဦးသည် အံ့အားသင့်ဖွယ်အရှိန်နှင့် ပြေးလွှားနေသည်။ ပြေးလိုက်တိုင်း လက်ကို ဝေ့ယမ်းကာ လေထဲသို့ အဆိပ်မှုန့်များ ကြဲပက်နေသည်။

အဆိပ်က အလွန်ပြင်းသည်။ အပင်အချို့ပေါ်သို့ကျသည်တွင် ချက်ချင်းညှိုး၍ ပုပ်သွားသည်။

သူ့ကို လိုက်ဖမ်းနေသော တခြားတစ်ယောက် ရှိနေသည်။

ဓားကိုင်တာအိုဝတ်စုံနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး မျက်နှာဖုံးဝတ်ဆင်ထားသည်။ မကောင်းဆိုးဝါးတစေတံစဉ်းကို ကိုင်ထားသော သူမသည် ချင်းချိုးဖြစ်သည်။

သက်လတ်ပိုင်းကျင့်ကြံသူကို လိုက်ဖမ်းနေစဉ် သူမမျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေပြီး တစ်ကိုယ်လုံးသည် ရန်လိုသောအငွေ့အသက်များ ထုတ်လွှတ်နေသည်။

သို့သော်လည်း တစ်ဖက်လူသည် သူမနှင့် အဆင့်တူ နန်းတော်ငါးခုအဆင့် ဖြစ်သည်။ လေထဲသို့ အဆိပ်မှုန့်များ ကြဲပက်နေသည်လည်းဖြစ်ရာ ချင်းချိုးက သူ့အနားသို့ အလွယ်တကူ မကပ်နိုင်ဖြစ်နေသည်။

ရွှီချင်း တစ်ချက်ကြည့်လိုက်သည်။ သူက ဤအတောအတွင်း တာဝန်များကို မကြာခဏ လုပ်ဆောင်ခဲ့သည်ဖြစ်ရာ အနက်ဝတ်လူသည် အလိုရှိရာဇဝတ်သားတစ်ဦးဖြစ်ကြောင်း ချက်ချင်း သတိပြုမိသွားသည်။ သူ၏မှတ်ဉာဏ်ထဲတွင် တစ်ဖက်လူ၏ ကလေး ဟူသော အမည်ပြောင်က ပေါ်လာသည်။

ရွှီချင်းက သူနှင့်ပတ်သက်၍ ခံစားချက်အချို့ ရှိနေသည်။

သို့သော် ချင်းချိုးသည် သူ့အနောက်သို့ လိုက်နေသည်ဖြစ်ရာ သူက ဝင်ပါရန် စိတ်ကူးမရှိဘဲ ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော် ခဏအကြာတွင် လေဖြတ်တိုက်သွားသောကြောင့် အဆိပ်အချို့က ရွှီချင်းအရှေ့သို့ ရောက်လာသည်။

ဤမျှလောက်အဆိပ်ကို ရွှီချင်းက မမှုသော်လည်း လေတိုက်သွားပြီးနောက် သူလက်ထဲတွင် တစ်ဝက်မျှကျန်နေသော သကြားစိမ်အသီးများသည် အနက်ရောင်အဖြစ်သို့ မြန်စွာ ပြောင်းသွားပြီး ပုပ်သွားတော့သည်။

ရွှီချင်းမျက်နှာက ချက်ချင်းမဲမှောင်သွားသည်။ ခေါင်းမော့လိုက်ပြီး အဝေးသို့ ထွက်ပြေးသွားသော အနက်ဝတ်လူကို အေးစက်စွာ ကြည့်လိုက်သည်။ သူ၏ညာလက်ကို ရုတ်တရက်မြှောက်လိုက်ပြီး ဝေ့ယမ်းလိုက်သည်တွင် လက်ထဲရှိ သကြားစိမ်သီးတုတ်ထိုးဝါးချောင်းလေးက ပျံထွက်သွားသည်။

၎င်းတုတ်ချောင်း၏ အရှိန်သည် အလွန်မြန်ပြီး စူးရှသောလေသံပင် ထွက်ပေါ်နေကာ အနက်ဝတ်လူဆီသို့ တည့်တည့်ကြီး ပျံသန်းသွားတော့သည်။

ခဏအတွင်း ဝါးချောင်းလေးသည် အနက်ဝတ်လူ၏ ခေါင်းကို စိုက်ဝင်သွားသည်။

ပုပ်အဲဒီနေသော သကြားစိမ်အသီးများသည် တစ်ခုပြီးတစ်ခုကြွေကျကာ အနက်ဝတ်လူ၏ မျက်လုံးများသည် ပြူးကျယ်လာပြီး မြေပေါ်သို့ ပြုတ်ကျသေဆုံးသွားတော့သည်။

All Chapters