လက်ထောက်ဒေသအကြီးအကဲ ကျေးဇူးပြုပြီး ထောက်ပြပေးပါ(ခ)
Vol. 50 Ch. 765
“ ရွှီချင်းပြောသွားတာတွေက ကျုပ်အတွေးထဲကဟာနဲ့ အတူတူပဲ… သီးသန့်စာရွက်စာတန်း(၁၉)ကို ကျုပ်ဖတ်ဖူးတယ် ”
“ တကယ်တော့ ညီအကိုလျှန်ရှို့တစ်ယောက်တည်း ဒီအကြောင်းကို စုံစမ်းစစ်ဆေးခဲ့တာမဟုတ်ဘူး… ကျုပ်လည်း နောက်ကွယ်ကနေ တိတ်တိတ်လေး စုံးစမ်းနေခဲ့တာ… ဒါပေမဲ့ ဒီကိစ္စက အရမ်းကြီးမားတယ်… ကျုပ် သံသယနည်းနည်းလေး ဝင်မိတယ်… ဒေသအကြီးအကဲရဲ့ ကျင့်ကြံခြင်းအဆင့်က ခြေလှမ်းဝက်ဝိညာဉ်စုစည်းခြင်းကို ရောက်ရှိနေတာ ဘယ်လိုလူကများ သူမသိဘဲနဲ့ အဆိပ်ခတ်နိုင်မှာလဲ ”
“ ဒီကိစ္စက ဒေသအကြီးအကဲရဲ့ သေဆုံးမှုနဲ့ ပါဝင်ပတ်သက်နေတယ်… ဒေသအကြီးအကဲက ကျုပ်အတွက် ရဲဘော်ရဲဘက်တစ်ဦးတင်မကဘူး ကျုပ်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတစ်ယောက်လည်း ဖြစ်တယ်… သူက ဖုန်းဟိုင်ဒသငယ်ရဲ့ သူရဲကောင်းဆိုလည်း ဟုတ်တယ်… ဒါကြောင့် သူ့ရဲ့သေဆုံးမှုနောက်ကွယ်က အကြောင်းကို အမှန်တိုင်းသိရဖို့ ကျုပ်မျှော်လင့်ခဲ့တယ်… ဒါမှပဲ ကျုပ်တို့က သူ့အတွက် လက်စားပြန်ချေပေးနိုင်မှာ ”
“ စစ်ပွဲက အဆုံးသတ်ကို ရောက်ခါနီးတော့မှ ရလဒ်တချို့ကို ကျုပ်ရခဲ့တယ်… ရွှီချင်း စောစောက ပြောသွားတာ အဓိပ္ပာယ်ရှိတယ်… ဖုန်းဟိုင်ဒေသငယ်က လူသားမျိုးနွယ်ကို အမှန်တရားသိအောင် ကျုပ်တို့ အသိပေးကြေညာသင့်တယ် ”
လက်ထောက်ဒေသအကြီးအကဲသည် စကားဆုံးသည်နှင့် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို စစ်တုရင်ခုံတစ်လုံးသည် လေထဲမှာ ပေါ်ထွက်လာသည်။
စစ်တုရင်ခုံပေါ်တွင် မပြီးဆုံးသေးသော ကစားပွဲတစ်ခု ရှိသည်။ အဖြူနှင့်အနက် စစ်တုရင်ရုပ်များသည် တိုက်ခိုက်နေကြသည်။
“ ဒါက ဒေသအကြီးအကဲရဲ့ စစ်တုရင်ခုံပဲ… ပုံမှန်ဆိုရင် ဒေသအကြီးအကဲ၊ ပြီးတော့ ကျုပ်၊ ညီအကိုလျှန်ရှို့နှင့် ယောင်ထျန်းယန်ပဲ ဒီစစ်တုရင်ကို ကစားကြလေ့ရှိတယ် ”
“ ကျုပ်တို့လေးယောက်ပဲ ဒီစစ်တုရင်ကို ထိတွေ့ခဲ့ကြတယ် ”
လက်ထောက်ဒေသအကြီးအကဲ၏ မျက်လုံးထဲတွင် အတိတ်ကို ပြန်လည်တမ်းတသော အရိပ်အယောင် ထွက်ပေါ်လာသည်။ သူက ညင်သာစွာ သက်ပြင်းချလိုက်ပြီး သတ္တမမင်းသားဘက်သို့ လှည့်ကာ လက်သီးဆုပ်၍ အရိုအသေပေးလိုက်သည်။
“ အရှင့်သားကို ကျုပ်ဒုက္ခပေးရဦးမယ်… အရှင့်ရဲ့ တော်ဝင်သွေးကို အသုံးပြုပြီး အရင်တုန်းက အသက်ကဒ်ဘေးအလင်းဆေးလုံးရဲ့ အဆိပ်ကို ကျုပ်တို့ဘယ်လိုရှာတွေ့ခဲ့ကြလဲဆိုတာ လူအများသိအောင် ပြပေးပါဦး ”
သတ္တမမင်းသားသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူက လက်ထောက်ဒေသအကြီးအကဲကို တစ်ချက်ကြည့်လိုက်ပြီး လက်ညှိုးထိပ်ကို ကိုက်လိုက်သည်။ နီရဲရဲသွေးတစ်စက်သည် သူ၏ လက်ညှိုးထိပ်မှ ကျဆင်းလာပြီး စစ်တုရင်ခုံဆီသို့ ပျံသန်းသွားသည်။
ထိုသွေးစက်ထဲတွင် အံ့ဖွယ်ကောင်းသော သွေးမျိုးစက်စွမ်းအား ပါဝင်သည်။ ယင်းက လူသားအားလုံး၏ ခန္ဓာကိုယ်ကို တသိမ့်သိမ့်တုန်ယင်သွားစေသည်။ နောက်အခိုက်အတန့်မှာ သွေးစက်က စစ်တုရင်ခုံပေါ်သို့ ဆင်းသက်သွားသည်။
ချက်ချင်းပင် စစ်တုရင်ခုံသည် ၎င်း၏ အကာအကွယ်အလွှာက ကျိုးပျက်သွားသည့်အလား မီးခိုးငွေ့များသည် ၎င်းထဲမှ ထွက်ပေါ်လာသည်။ အနီးကပ်သေချာကြည့်မည်ဆိုလျှင် မီးခိုးငွေ့များက စစ်တုရင်ရုပ်များထံမှ ထွက်ပေါ်လာနေခြင်းဖြစ်ကြောင်း မြင်နိုင်ပေလိမ့်မည်။
“ အဲ့ဒီမီးခိုးငွေ့တွေက အသက်ကဒ်ဘေးအလင်းဆေးလုံးရဲ့ အဆိပ်တွေပဲ… ကျုပ်တို့က အဲ့ဒါကို မမြင်နိုင်သလို အာရုံမခံနိုင်ကြဘူး… ဒေသအကြီးအကဲလည်း အဲ့ဒီအတိုင်းပဲ… ဝမ်ကူးကုန်းမြေကို ပေါင်းစည်းနိုင်ခဲ့တဲ့ ရှေးဘုရင်ရွှမ်ယုံရဲ့ သွေးမျိုးစက်ရှိတဲ့သူပဲ အဲ့ဒီအဆိပ်ကို သူ့ဘာသာ ထွက်ပေါ်လာအောင် လုပ်ဆောင်နိုင်တယ် ”
“ နောက်ကွယ်က လူက အဆိပ်ခတ်ဖို့ ဒီစစ်တုရင်ကို အသုံးပြုခဲ့တာပဲ ”
လက်ထောက်ဒေသအကြီးအကဲ၏ စကားဆုံးသည်နှင့် ဘေးပတ်ဝန်းကျင်သည် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
ဤအဖြစ်အပျက်သည် အလွန်ထင်သာမြင်သာသည်။
လက်ထောက်ဒေသအကြီးအကဲသည်တော့ ဤအခိုက်အတန့်မှာ ခါးသက်သက် ပြုံးလိုက်သည်။ သူက အဝေးမှ လောကကြီးကို ဆန္ဒမရှိသောပုံစံဖြင့် ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ တကယ်တော့ လက်ထောက်ဒေသအကြီးအကဲအနေနဲ့ ကျုပ်က ဒေသအကြီးအကဲရာထူးကို ရယူပြီးသွားရင် နောက်ဆုံးအကြိမ်အဖြစ် ဖုန်းဟိုင်ဒေသငယ်ကို ဘေးကနေစောင့်ကြပ်ပေးဖို့ စီစဉ်ထားတယ်… ကျုပ်ရဲ့ နောက်ဆုံးလက်ကျန်အချိန်ကို ရုံးတော်သုံးခုက လက်ထောက်ရုံးတော်သခင်တွေထဲက ဆက်ခံမယ့်သူတစ်ယောက်ကို ရွေးချယ်ပြီး လေ့ကျင့်သင်ကြားပေးဖို့ ရည်ရွယ်ထားတယ်… လီယွမ်ရှန်း မင်းက ကျုပ်ရဲ့ ပထမဆုံးဦးစားပေးပဲ ”
ထိုသို့ပြောပြီးနောက် လက်ထောက်ဒေသအကြီးအကဲသည် လက်မြှောက်လိုက်ပြီး စစ်တုရင်ခုံပေါ်မှ မပျောက်ကွယ်သေးသော သွေးစက်ကို သူ့လက်ဖြင့် ဖိကပ်လိုက်သည်။ ချက်ချင်းဆိုသလို သွေးချီသည် သူ၏ လက်ချောင်းများပေါ်တွင် အလျှင်အမြန် ပျံ့နှံ့သွားသည်။ ၎င်းဖြတ်သန်းသွားသည့်တစ်လျှောက် ထူထဲသော မီးခိုးငွေ့များသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာသည်။
သွေးချီက လက်ထောက်ဒေသအကြီးအကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသောအခါ သူ၏ အရေပြားပေါ်တွင် အနက်ရောင်မျဉ်းကြောင်းများ ထင်ရှားစွာ ထွက်ပေါ်လာကြသည်။ သူ၏ အသွင်အပြင်သည် ဒေသအကြီးအကဲမသေဆုံးမီက ပုံရိပ်ယောင်မြင်ကွင်းနှင့် အတော်လေး ဆင်တူသည်။
“ ဘာလို့လဲဆိုတော့ ကျုပ်လည်းပဲ အဆိပ်မိထားလို့ပဲ ”
“ စစ်တုရင်ရုပ်တွေကို တစ်ကြိမ်ထက်မနည်း ကျုပ်ထိတွေ့ခဲ့တယ်… အဲ့ဒါကို တစ်ချိန်လုံး ကျုပ်တောင့်ခံထားခဲ့တယ် ”
“ ရွှီချင်း မင်းပြန်ရောက်လာတုန်းက ငါပင်ပန်းနွမ်းနယ်နေတာကို မြင်ခဲ့တယ်မဟုတ်လား… အဲ့ဒီအဆိပ်ကို ဆေးလုံးတွေနဲ့ အဆိပ်ဖြေလို့မရနိုင်တာ ငါကောင်းကောင်းသိတယ်… ဒါကြောင့် အစေခံကို ငါဆေးမသောက်ဘူးလို့ ပြောခဲ့တာ ”
“ ဒေသအကြီးအကဲက သေသွားပြီ… ညီအကိုလျှန်ရှို့ရောပဲ… ကျုပ်လည်း အချိန်ကြာကြာ အသက်ရှင်နိုင်တော့မှာမဟုတ်ဘူး… ယောင်ထျန်းယန်တစ်ယောက်ပဲ လွတ်မြောက်သွားတယ်… ကဲ ဘယ်သူက လူသတ်သမားလဲ ”
လက်ထောက်ဒေသအကြီးအကဲသည် ခါးသီးစွာ ပြုံးလိုက်သည်။
သူ၏ စကားသံက အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားနေစဉ် မီးခိုးငွေ့များသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ ယင်းက ကောင်းကင်ပေါ်တွင် သန်းပေါင်းများစွာသော မိုးကြိုးသွားများက ပေါက်ကွဲထွက်သွားသည့်အလား လူတိုင်း၏ စိတ်နှလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
ရွှီချင်း၏ နှလုံးသားသည်ပင် ကြီးမားစွာ လှိုင်းတံပိုးထသွားသည်။ ဤအခိုက်အတန့်မှာ သူ၏ တည်မြဲသော ယုံကြည်မှုသည် အနည်းငယ် ယိမ်းယိုင်သွားသည်။
“ ရွှီချင်း မင်းက လူကောင်းပါ… ဒီနေ့ဖြစ်ခဲ့တာက မင်းမှာ တကယ်ပဲ မဟာဧကရာဇ်ရဲ့ အသိအမှတ်ပြုထိုက်တဲ့ သူတော်ကောင်းတရားနှင့် နှလုံးသားရှိတယ်လို့ ဖော်ပြလိုက်တာပဲ… တော်တယ် အရမ်းတော်တယ်… ”
လက်ထောက်ဒေသအကြီးအကဲသည် ညင်သာသော အမူအရာဖြင့် နူးညံ့စွာ ပြောသည်။
“ အခု အမှန်တရားကို မင်းသိသွားပြီ… ဒီတော့ ပေတစ်သိန်းအလင်းတန်းကို ရရှိခဲ့တဲ့မင်းက ငါ့ကို ဒေသအကြီးအကဲဖြစ်လာဖို့ သဘောတူနိုင်မလား ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။
လူတိုင်း၏ နားထဲမှာတော့ ထိုစကားသည် မွန်မြတ်သော စိတ်ထားဖြင့် ပြည့်နှက်နေသည်။ သူ၏ ဘေးမှ သတ္တမမင်းသားတစ်ယောက်တည်းသာ လက်ထောက်ဒေသအကြီးအကဲကို ပိုပြီးသတိထားလာသည်။
အဘယ့်ကြောင့်ဆိုသော် လက်ထောက်ဒေသအကြီးအကဲက ရွှီချင်း၏ နှလုံးသားကို ဖျက်ဆီးပစ်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သူသိသောကြောင့် ဖြစ်သည်။
မင်းက ဧကရာဇ်ရဲ့ နှလုံးသားအလင်းစစ်ဆေးမှုမှာ ပေတစ်သိန်းအလင်းတန်းကို ရခဲ့တော့ရော ဘာအရေးလဲ…
မင်းက ဦးတည်ရာကို ပြောင်းလဲချင်နေတော့ရော ဘာအရေးလဲ…
‘ ငါက အရှက်တကွဲဖြစ်သွားလို့ ဒေါသမထွက်ဘူး… စိတ်ဆိုးပြီးတော့ မင်းကိုလည်း မသတ်ဘူး… ငါက မင်းနားလည်အောင် အကြောင်းပြချက်လေးပဲ ပေးမယ်… ပြီးသွားရင်တော့ မင်းပါးစပ်ကနေ ‘ အင်း ’လို့ပြောတာကို ငါကြားချင်တယ် ’
ဒီက လူသိန်းပေါင်းများစွာရဲ့ နှလုံးသားတွေနဲ့ မင်းရဲ့ ပေတစ်သိန်းနှလုံးသားအလင်းတန်းကို ငါသတ်ဖြတ်ပစ်မယ်…
စင်မြင့်အောက်မှ လူအုပ်ကြီးသည် တိတ်ဆိတ်သွားသည်။ မရေမတွက်နိုင်သော အကြည့်များသည် ရွှီချင်းထံသို့ စုပြုံကျရောက်လာသည်။
ခေါင်းဆောင်၏ မျက်နှာသည် အနည်းငယ် အကျည်းတန်သွားသည်။ နင်ယန်သည် ခေါင်းပုဝင်သွားပြီး သူ၏ မျက်လုံးထဲမှာ စိုးရိမ်ပူပန်သော အရိပ်အယောင် ထွက်ပေါ်လာသည်။ ချင်းချိုးသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ သို့သော်လည်း သူက လက်ထဲမှ တံစဉ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။
လူအုပ်ကြားထဲတွင် ရွှီချင်းထံသို့ ဂုဏ်ယူဝင့်ကြွားစွာ လှမ်းကြည့်နေသော သာမန်အရပ်သားပုံစံဖြင့် လူတစ်ယောက်ရှိသည်။ သူက မျက်မှောင်ကြုတ်လိုက်ပြိး လက်ထောက်ဒေသအကြီးအကဲထံသို့ မရင်းနှီးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
စင်မြင့်အောက်တွင် မျက်နှာဖုံးတပ်ထားသော ဗိုလ်ချုပ်သွေးအိမ်မက်ဆိုး၏ ညာခြေထောက်သည် အနည်းငယ် လှုပ်ရှားသွားသည်။ သူက အရှေ့သို့ ခြေလှမ်းတော့မည်ဟန် ရသည်။
ထိုအခိုက်အတန့်မှာ ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ ရုံးတော်သခင်သေဆုံးပြီးနောက် ဒီကိစ္စကို ကျုပ်ဆက်စုံစမ်းခဲ့တယ်… ဘာကြောင့်လဲဆိုတော့ ကျောက်ရှာအလင်းကို ရှာတွေ့တဲ့ သက်သေလောက်နဲ့ ဒေသအကြီးအကဲရဲ့ သေဆုံးမှုက အသက်ကဒ်ဘေးအလင်းဆေးလုံးကြောင့်လို့ တထစ်ချ မပြောနိုင်သေးလို့ပဲ… ဘာဖြစ်လို့လဲဆိုတော့ ဒေသအကြီးအကဲက ခြေလှမ်းဝက်ဝိညာဉ်စုစည်းခြင်းအဆင့်ကို ရောက်နေလို့ပဲ… သူ့ကို လုံးဝသတိမထားမိစေဘဲ အဆိပ်ခတ်ဖို့ဆိုတာ အရမ်းကို ခက်ခဲတဲ့ကိစ္စပါ ”
ရွှီချင်း၏ စကားက လူအများအပြားကို မျက်မှောင်ကြုတ်သွားစေသည်။ ဤအခိုက်အတန့်မှာ သူက စောစောက လက်ထောက်ဒေသအကြီးအကဲပြောခဲ့သော အရာအားလုံးကို မေ့လျော့သွားဟန် ရသည်။ သူက လက်ထောက်ဒေသအကြီးအကဲ၏ ခန္ဓာကိုယ်ထဲမှ မီးခိုးငွေ့ကို မမြင်တွေ့ခဲ့ဟန် ရသည်။ သူက စောစောက မပြီးဆုံးသေးသော စကားကို ဆက်လက်ပြောသည်။
“ ဒေသအကြီးအကဲကို သူသတိမထားမိအောင် ဘယ်လိုအဆိပ်ခတ်နိုင်မလဲ ကျုပ်စတင်စဉ်းစားခဲ့တယ်… ကျုပ်က ဆေးပညာတာအိုမှာ ကျွမ်းကျင်တယ်… ဒါပေမဲ့ ဗလာဆန္ဒသေတ္တာထဲမှာ ကွေ့ဟွားပန်းနံ့ရှိနေတာကို ကျုပ်စဉ်းစားမိသွားတယ် ”