သူက ငရဲပဲ (၂)
Vol. 35 Ch. 523
ထိုသက်လတ်ပိုင်းနယ်ရုပ်၏ စကားဆုံးသွားသည်နှင့် ပတ်ပတ်လည်ရှိ လှောင်အိမ်များအားလုံးထဲမှ အသက်ရှူသံများ ပြင်းထန်စွာ ထွက်ပေါ်လာကြသည်။ ရက်စက်မှုနှင့် ရူးသွပ်မှုတို့ ပြည့်နေသည့် အကြည့်တို့က ရွှီချင်းထံသို့ တပြိုင်နက်တည်း စုပြုံကျရောက်လာသည်။ သူတို့က ရွှီချင်းအား အကြည့်တစ်ခုတည်းဖြင့်ပင် တစ်စစီ ဆုတ်ဖြဲပစ်ချင်နေသည့်အလားပင်။
သူတို့မျက်လုံးထဲတွင် ရွှီချင်းသည် အရသာရှိသော နူးညံ့သည့် မုန့်တစ်ခု ဖြစ်နေပြီး သူတို့၏ ဆိုးရွားရက်စက်မှုစိတ်ဆန္ဒတို့ကို လှုံ့ဆော်နေတော့သည်။ ယခင်ထက်ပိုလွတ်လပ်ကာ တစ်လတာ လှောင်ပိတ်ခြင်းမှ ကင်းလွတ်ခွင့်သည်ဟူသော ဆုလာဘ်မှာ သူတို့အားလုံး လွန်စွာတောင့်တနေသည့်ကိစ္စ ဖြစ်သည်။
နယ်ရုပ်ဖြစ်လာနိုင်သူတို့သည် ရိုးစင်းမည်မဟုတ်ကြောင်း သိထားကြသော်လည်း သူတို့တွင် အရေအတွက်များစွာရှိနေခြင်းဟူသည့်အချက်က သတ္တိတို့ကို အားဖြည့်ပေးလိုက်သည်။
ထို့အပြင် သူတို့တစ်ဦးချင်းစီတိုင်းသည် လူသားမျိုးစွာကို သတ်ဖြတ်ဖူးသော ဆိုးရွားလွန်းသည့် ရာဇဝတ်သားများ ဖြစ်ကြသည်။ သူတို့အား ဤနေရာတွင် ပိတ်လှောင်ကာ နေ့နေ့ညည နှိပ်စက်နေခဲ့သည့်တိုင်း ရန်လိုစိတ်တို့အား ကုန်စင်အောင်ရှင်းလင်းနိုင်ခြင်းတော့ မရှိပါ။
ထို့အပြင် ရွှီချင်း၏ ချောမော့ခန့်ညားသော ရုပ်သွင်ကလည်း သူတို့အား ပိုမိုတက်ကြွလှုပ်ရှားစေသည်။ သူတို့၏ ဓားကိုင်များအပေါ်မုန်းတီးခြင်းကိုပါ ပေါင်းစပ်လိုက်သောအခါ ထိုနေရာက ပြင်းထန်ကြမ်းကြုတ်သော လေထုသည် ပြင်းထန်လာသော အသက်ရှူသံတို့နှင့်အတူ ဆူပွက်လာတော့သည်။
ထိုမြင်ကွင်းတွင် သက်လတ်ပိုင်းနယ်ရုပ်က ပြုံးလိုက်ပြီး ရွှီချင်းအား ကြည့်လိုက်သည်။
“ကောင်လေး၊ ဒါက ငါတို့အချုပ်ထောင်ဌာနခွဲရဲ့ စည်းမျဉ်းပဲ။ နယ်ရုပ်သစ်တွေအားလုံးက နယ်မြေတစ်ပိုင်းကို ချုပ်ထိန်းနိုင်ရမယ်။ မလုပ်နိုင်ဘဲ ကျရှုံးသွားရင် နယ်ရုပ်ဖြစ်ဖို့ အဆင့်မမှီတဲ့အတွက် တခြားလူတွေရဲ့လက်ထောက်အကူအဖြစ်ပဲ နေရမယ်။”
“အောင်မြင်နိုင်တဲ့ကမှ အချုပ်ခန်းတစ်ခန်းစောင့်ကြပ်ဖို့ အရည်အချင်းရှိတယ်။ ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။ မင်း ဘယ်လောက်သတ်နိုင်မလဲ ကြည့်ကြသေးတာပေါ့။”
သူက ထိုသို့ပြောလိုက်ပြီး အချုပ်ခန်းတံခါးဘေးသို့ လျှောက်သွံားလိုက်တော့သည်။ သူက တခြားသော နယ်ရုပ်များနှင့်အတူ ရပ်လိုက်ပြီး ညာလက်ကို ယမ်းလိုက်သည်။ ထိုချက်ချင်းပင် တကျွီကျွီမြည်သံများပဲ့တင်သွားပြီး အချုပ်ခန်းထဲက လှောင်အိမ်များအားလုံး ပွင့်လာကြသည်။
တစ်ချိန်တည်းတွင် ထိုရာဇဝတ်သားတို့၏ ကိုယ်ပေါ်က ကျင့်ကြံခြင်းအခြေကို ချုပ်ထားသော သံခြေချင်းများလည်း ပွင့်လာသည်။
ရွှေအမြုတေအရှိန်အဝါလှိုင်းများ ပေါက်ကွဲထွက်လာကြ၏။
နယ်မြေဃကြီးတွင် ချုပ်နှောင်ထားသူအများစုသည် ရွှေအမြုတေကျင့်ကြံသူများ ဖြစ်ကြသည်။
သူတို့ကိုယ်ထဲက ဝိညာဉ်စွမ်းအားတို့သည် အချိန်ကြာမြင့်စွာ ချုပ်ထိန်းခံထားရသဖြင့် အားနည်းနေသော်လည်း နည်းစနစ်ကိုယ်စီရှိကြသူ ရာနှင့်ချီ ရှိနေပြီး သူတို့ထံမှ ထုတ်လွှတ်နေသည့် ကြမ်းကြုတ်ခြင်းအရှိန်အဝါတို့ကြောင့် စိတ်စွမ်းအားသန်မာသော အဆင့်မြင့်ဓားကိုင်တို့မှလွဲလျှင် တခြားလူများမှာ စိတ်တည်ငြိမ်နိုင်ရန် ခက်ခဲပေမည်။
ထို့အပြင် သူတို့ထဲတွင် ကိုယ်ကာယအားပြုတိုက်ခိုက်ရေးတွင် ကျွမ်းကျင်သူများစွာလည်း ရှိနေကြ၏။ ထိုအချက်သည် သာမန်အမြင်အရ တိုက်ပွဲကို ပိုမိုခက်ခဲစေတော့သည်။
ထိုအချိန်တွင် ရာဇဝတ်သားတို့က တစ်ဦးပြီးတစ်ဦး ပြေးထွက်လာကြသည်။
တချို့သည် လျင်မြန်ကာ တချို့မှာနှေးနေကြပြီး တချို့က ချက်ချင်းပြေးထွက်ကာ တိုက်ခိုက်တော့မည့်ဟန် ဖြစ်နေသည်။ တချို့ကတော့ စောင့်ကြည့်ရာတွင် ကျွမ်းကျင်ပြီး တချို့က ကြောက်မက်ဖွယ်ကိုယ်ခန္ဓာများ ရှိနေကာ တချို့ကတော့ အားကောင်းသောမန္တာန်အတတ်များကို သုံးစွဲနိုင်ကြသည်။
ပြင်းထန်စွာလှုပ်ရှားကခုန်နေကြသည့် မိစ္ဆာများကဲ့သို့ သားရိုင်းကောင်ကြီးများအား လှောင်အိမ်မှလွှတ်လိုက်သည့်ပမာ ရွှီချင်းထံသို့ ဦးတည်ပြေးဝင်လာကြသည်။
ထိုနေရာခန်းကျယ်ကြီး အလယ်တွင် ရပ်နေသည့် ရွှီချင်းကတော့ ဆုတ်ဖြဲကာ တစစီဖြစ်တော့မည့် သိုးငယ်အလား ထင်မှတ်ရသည်။
ထိုမြင်ကွင်းတွင် အချုပ်ခန်းပေါက်က နယ်ရုပ်များ ရွှင်မြူးဟန်များဖြစ်လာကြသည်။
သူတို့အားလုံးက ထိုသို့ တွေ့ကြုံဖူးသည်။ ထို့ကြောင့် လူသစ်တစ်ယောက်က ထိုသို့ တွေ့ကြုံရသည်ကို အမြဲတမ်းအားဖြင့် နှစ်ထောင်းအားရ ဖြစ်ကြရသည်။ ရွှီချင်း အသက်ဘေးသို့ ကျရောက်လျှင်တော့ သူတို့က ဝင်ကူရမည်ဖြစ်သည်။
ဤကား အစဉ်အလာတစ်ခုသာဖြစ်ပြီး နယ်ရုပ်များကြား အနိုင်ကျင့်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့အတွက် မဟုတ်ပေ။
“ကောင်လေး မခံနိုင်တော့ရင် တောင်းပန်အသနားခံဖို့ မမေ့နဲ့။ နောက်ကျသွားရင် ငါတို့ ကယ်ချိန်မရလိုက်ပဲ ဖြစ်နေမယ်။”
သက်လက်ပိုင်းနယ်ရုပ်က ပြုံးလျှက်ပြောလိုက်သည်။
ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ ပြေးထွက်လိုက်သည်။ သူက ရှေ့သို့ ရောက်လာသည့် ချပ်ဝတ်ပြည့်နှင့် ပထမဆုံးလူမဟုတ်မျိုးနွယ်တစ်ဦးထံသို့ ပြေးဝင်လိုက်သည်။
ရိုင်းစိုင်းစွာ ပြုံးနေသည့် ထိုလူမဟုတ်မျိုးနွယ်ထံသို့ ရွှီချင်း ဝင်ဆောင့်လိုက်သည်။
ဝုန်းခနဲမြည်သံကြီးထွက်သွားပြီး လူမဟုတ်မျိုးနွယ်ဝင်သည် ပြင်းထန်စွာတိုးဝင်လာသော အားလှိုင်းကို ခံစားလိုက်မိပြီး အပြုံးတို့ ရပ်တန့်သွားရသည်။ သူ့ကိုယ်ခန္ဓာသည် တုန်ခါသွားပြီး သွေးများ အဆက်မပြတ်အန်ထုတ်လိုက်ရသည်။ သူ၏မျက်နှာတွင် ခြောက်ခြားမှုတို့ ပေါ်ထွက်လာချိန်တွင် ရွှီချင်းလက်ထဲ၌ ဓားမြှောက်တစ်လက် ရောက်ရှိလာပြီး သူ၏လည်ပင်းကို ရက်စက်စွာလှီးဖြတ်သွားသည်။
ဓားကိုင်လက်၏ လွှဲအားသည် ပြင်းထန်လွန်းသဖြင့် ခေါင်းမှာ ပျံထွက်သွားပြီး သွေးများသည် ရေပန်းအလား ပန်းထွက်လာတော့သည်။
နောက်တစ်ခဏတွင် ရွှီချင်းက ဖြတ်ခနဲ နောက်ဆုတ်လိုက်ပြီး တခြားလူမဟုတ်မျိုးနွယ်နောက်တစ်ဦးနှင့် ဝင်တိုက်လိုက်သည်။ တစ်ဘက်မှ တုံ့ပြန်ချိန်ပင် မရလိုက်သေးခင် ရွှီချင်းလက်ထဲရှိ ဓားမြှောင်သည် သူ့နောက်ဘက်သို့ တစွပ်စွပ်ထိုးစိုက်သွားသည်။
ထို့နောက်တွင် ဓားမြှောင်သည် လူမဟုတ်မျိုးနွယ်၏ ဝမ်းဗိုက်မှနေ၍ နဖူးသို့အထိ ထိုးခွဲတက်သွားသည်။
ထို့နောက်သူက ငုံ့လိုက်ပြီး သူ့ထံသို့ ပျံလာသော မန္တာန်အတတ်ကို ရှောင်တိမ်းလိုက်ကာ တတိယလူမဟုတ်မျိုးနွယ်ထံသို့ ပြေးဝင်လိုက်သည်။ သူက ဒူးကိုကွေးညွတ်ကာ ခုန်လိုက်ပြီး တစ်ဖက်လူ၏ မျက်နှာအား တိုက်ခိုက်လိုက်သည်။
လူမဟုတ်မျိုးနွယ်မှာ အော်သံတစ်ချက်သာ ပေးနိုင်ပြီး ခေါင်းတစ်ခုလုံးကွဲကြေသွားတော့သည်။
သွေးများက ပတ်ပတ်လည်သို့ ရေပန်းပမာ ပန်းထွက်သွားပြီး ခန္ဓာကိုယ်လဲပြိုသံများ ပဲ့တင်ထပ်သွားသည်။ ငရဲတံခါးကြီးပွင့်သွားပြီး သတ်ဖြတ်ခြင်းမိစ္ဆာတစ်ကောင် လွတ်မြောက်လာသည့်အလားပင်။
ရွှီချင်း၏ တိုက်ခိုက်ခြင်းသည် မြန်ဆန်လွန်းနေသည်။ အကျိုင်းသားအများစုက မည်သို့မှ မတုန့်ပြန်ရသေးမီ ရွှီချင်း၏ အရှိန်သည် ပေါက်ကွဲထွက်သွားပြီး သူက နဖူးတွင် ကျောက်တစ်လုံးရှိနေသော လက်လေးဘက်လူမဟုတ်မျိုးနွယ်တစ်ဦးရှေ့သို့ ရောက်ရှိလာသည်။
ထိုလူမဟုတ်မျိုးနွယ်သည် ကြမ်းတမ်းခက်ထန်ဟန်ရှိပြီး အစွမ်းထက်သော ကိုယ်ခန္ဓာတစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။ သူက လက်လေးဘက်လုံးတွင် လက်သီးများဆုပ်လိုက်ပြီး ရွှီချင်းအား ထိုးနှက်ရန် ကြိုးစားလိုက်တော့သည်။
သို့ရာတွင် ရွှီချင်းက ပို၍ လျင်မြန်နေသည်။ သူက လူမဟုတ်မျိုးနွယ်၏ လက်တစ်ဖက်ကို ဖမ်းဆုပ်လိုက်ပြီး သူ၏ခန္ဓာကိုယ်သန်မာမှုအစွမ်းတို့အား စုစည်းလိုက်သည်။ လူမဟုတ်မျိုးနွယ်၏ မျက်နှာပျက်ယွင်းသွားချိန်၌ သူ့လက်များအား ကြီးမားသော အားကြီးတစ်ခုက ထိန်းချုပ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရိုက်နှက်မိသည်။
သွေးများ ပန်းထွက်လာသည်။ သူ၏မျက်နှာမှာ ခြောက်ခြားခြင်းသို့ ပြောင်းလဲသွားချိန်တခဏ၌ ရွှီချင်းညာလက်က အကြည်ရောင်ဖြစ်သွားပြီး သူ၏ရင်ဘတ်ထဲသို့ ထိုးဖောက်ဝင်ကာ ကောင်းကင်နန်းတော်လေးခုထဲသို့ ချိုးဖျက်ဝင်ရောက်သွားသည်။
ပတ်ပတ်လည်မှ လူအားလုံးရှေ့တွင် ရွှီချင်းက လူမဟုတ်မျိုးနွယ်၏အသားစများနှင့် ချိတ်ဆက်လျက်ရှိနေသေးသည့် ရွှေအမြုတေလေးခုကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ၎င်းတို့အားလုံးကို ချေဖျက်လိုက်ပြီး သူ့ကိုယ်ထဲသို့ စုပ်ယူလိုက်တော့သည်။
ရွှီချင်းက လူမဟုတ်မျိုးနွယ်၏ ခန္ဓာကိုယ်ကြီးကို မကာ တခြားအပြစ်သားတစ်အုပ်ထံသို့ ပစ်ပေးလိုက်ပြီး လူမဟုတ်မျိုးနွယ်ခြား နောက်တစ်ဦးထံသို့ ပြေးဝင်လိုက်ပြန်သည်။
သူက ထိုမျိုးနွယ်ခြား၏ လည်မျိုကို လက်ချောင်းများဖြင့် ထိုးဖောက်လိုက်သည်။ ထို့နောက် သူ၏ ရွှေအမြုတေလုံးများကို ထုတ်ယူလိုက်ပြီး စုပ်ယူလိုက်ပြန်သည်။
ထို့နောက် ရှစ်ခု၊ ဆယ်နှစ်ခု၊ ဆယ့်ခုနစ်ခု…
ရွှီချင်းက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ရာဇဝတ်သားတို့ နောက်ဆုံးတွင် နားလည်စပြုလာကြသည်။ သူတို့အားလုံးက အချင်းချင်း ပူးပေါင်းလုပ်ဆောင်လာကြသည်။ တချို့က အနီးကပ်လာကြပြီး တချို့ကတော့ အဝေးမှ မန္တာန်အတတ်များ ပစ်လွှတ်နေကြသည်။
သူတို့က မလွတ်မြောက်နိုင်သော ပိုက်ကွန်ကြီးသဖွယ် ပြုလိုက်ကြသည်။
သို့ရာတွင် ရွှီချင်း၏ အရှိန်က လျင်မြန်လွန်းကာ သူ၏ခန္ဓာကိုယ်ကလည်း လွန်စွာအစွမ်းထက်နေသည်။ ပတ်ပတ်လည်ရှိ မန္တာန်အတတ်များ သူ့ထံသို့ ရောက်ရှိလာတော့မည်ကို တွေ့ရလျှင် ရွှေကျီးကန်းသည် ကိုယ်ထင်ပြလာပြီး အော်သံတစ်ချက် ထုတ်လွှတ်လိုက်ကာ ရာဇဝတ်သားများစွာတို့၏ မန္တာန်များကို တားဆီးလိုက်သည်။