← Chapters

စီနီယာ… ငါ့အသားက တကယ်အရသာမရှိပါဘူး(ဂ)

Vol. 56 Ch. 868

စီနီယာ… ငါ့အသားက တကယ်အရသာမရှိပါဘူး(ဂ)

Vol. 56 Ch. 868

ဝတ်စုံနီအမျိုးသမီးသည်တော့ ချောက်နက်ထဲသို့ ထာဝရ ကျဆင်းသွားသည်။

စိတ်ကျေနပ်သော ဝါးစားသံသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားသည်။

သို့သော်လည်း အန္တရာယ်ခံစားမှုသည် မပြီးဆုံးသေးပေ။ ယင်းက ချောက်နက်ထဲမှ ထွက်ပေါ်လာခြင်းမဟုတ်ပေ။ ယင်းအစား ချော်ရည်မျက်နှာပြင်ပေါ်မှ ဖြစ်သည်။

ဝတ်စုံနီအမျိုးသမီး၏ သေဆုံးမှုနှင့် မသေဆုံးမီ သူ၏ လုပ်ဆောင်မှုက အပြင်လောက၏ စိတ်အာရုံကို ဆွဲဆောင်သွားနိုင်မည်လောဟု ရွှီချင်း မသေချာပေ။ သို့သော်လည်း သူသည် အလောင်းအစားမလုပ်ချင်ပေ။

သို့ဖြစ်၍ သူ၏ ဝိညာဉ်က အပြင်းအထန် ဒဏ်ရာရနေသော်လည်း အံတင်းတင်းကြိတ်လိုက်ပြီး အောက်ဘက်မှ အချုပ်အနှောင်စည်းများဆီသို့ ဦးတည်သွားလိုက်သည်။

ချက်ချင်းပင် ရွှီချင်းသည် အနီရောင်လ၏ အချုပ်အနှောင်စည်းများဖြင့် သူ့ကိုယ်သူ ပေါင်းစည်းလိုက်သည်။ သူက ခရမ်းလစွမ်းအားကို အသုံးပြု၍ သူ၏ သဲလွန်စအားလုံးကို ဖုံးကွယ်လိုက်ပြီး ဧရာမခေါင်းတလား၏ အပြင်ကိုယ်ထည်ပေါ်မှ ထိုးထွက်နေသော မှော်သင်္ကေတတစ်ခုအောက်မှာ ပုန်းအောင်းလိုက်သည်။

ထိုနေရာသို့ သူရောက်ရှိသွားသည့်အခါ ရွှီချင်း၏ ဒဏ်ရာများသည် သူ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သွားလုနီးပါးရှိ၏။ သူ၏ အမြင်အာရုံထဲတွင် အမှောင်ထုသည် ကြီးမားလာသည်။

သူက လျှာကို အကြင်နာမဲ့စွာ ကိုက်ချလိုက်ပြီး သတိမလစ်သွားစေရန် သူ့ကိုယ်သူ လှုံ့ဆော်လိုက်သည်။

ထို့နောက် သူ၏ တစ်ကိုယ်လုံးကို ခရမ်းလစွမ်းအားဖြင့် ဖုံးလွှမ်းလိုက်သည်။ သူက သူ့ဆရာပေးထားသော ဖုံးကွယ်လူ့အရေပြားမျက်နှာဖုံးကို ထုတ်လိုက်ပြီး အလျှင်အမြန် ဝတ်လိုက်သည်။

တကယ့်အရေးကြီးအခြေအနေမဟုတ်လျှင် ရွှီချင်းသည် ထိုမျက်နှာဖုံးကို အသုံးမပြုချင်ပေ။

အဘယ့်ကြောင့်ဆိုသော် ယင်းကို အကြိမ်ရေများစွာ သူအသုံးပြုပြီးနောက် ဘယ်သောအခါမှ ပြန်ဖြုတ်နိုင်တော့မည် မဟုတ်သောကြောင့် ဖြစ်သည်။ သို့သော်လည်း ယခု ထိုမျက်နှာဖုံးကို သူအသုံးပြုမှဖြစ်မည်။

တစ်ချိန်တည်းမှာ ခေါင်းတလားသည် ရုတ်တရက် တုန်ယင်လာပြီး သိမ်မွေ့သော စွမ်းအားတစ်မျိုးကို ထုတ်လွှတ်လိုက်သည်။ ယင်းက ရွှီချင်းကို လွှမ်းခြုံသွားပြီး ဖုံးကွယ်ခြင်းကို အားထပ်ဖြည့်ပေးလိုက်သည်။

ရွှီချင်း၏ နှလုံးက ပြင်းထန်စွာ တုန်လှုပ်လာနေစဉ် အံ့ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျသည် ချော်ရည်မျက်နှာပြင်ပေါ်မှ ဆင်းသက်လာသည်။

ရွှီချင်းသည် ချက်ချင်း ခေါင်းငုံ့လိုက်ပြီး လုံးဝမလှုပ်ရှားတော့ပေ။

မကြာမီ ချော်ရည်မျက်နှာပြင်ပေါ်တွင် ဝုန်းခနဲ မြည်ဟိန်းသွားပြီး အရပ်ရှစ်မျက်နှာ၌ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ဝတ်စုံနီဝတ်ဆင်ထားသော အနီရောင်အတောင်ပံတစ်စုံနှင့် ငှက်မွှေးမျိုးနွယ်မှ ပုံရိပ်တစ်ခုသည် ချော်ရည်အပြင်ဘက်မှ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်။

သူ၏ အမူအရာသည် မည်းမှောင်နေသည်။ သူ၏ ခြေလှမ်းသည် မြန်ဆန်သည်ဟု မထင်ရသော်လည်း ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် သူက ခေါင်းတလား၏ အပေါ်သို့ ရောက်ရှိသွားသည်။

ကြမ်းကြုတ်သော သူ၏ စိတ်အာရုံနှင့်အတူ ဗလာနတ္ထိအဆင့် စွမ်းအင်အတတ်အကျသည် ဤနေရာတစ်ခုလုံး၌ ပြည့်နှက်နေသည်။

ထိုနေရာမှာ ရပ်နေလျက် ငှက်မွှေးမျိုးနွယ်၏ နတ်တမန်တော်သည် သူ၏ အကြည့်ကို ဘေးပတ်ဝန်းကျင်သို့ ဖြတ်သန်းသွားစေသည်။ တဂျွတ်ဂျွတ် ဝါးစားသံသည် ခေါင်းတလားထဲမှ ဆက်လက် ပျံ့လွင့်လာနေပြီး စိတ်ကျေနပ်သော အသံသည်လည်း ထွက်ပေါ်လာသည်။

“ နီလာနတ်သမီးရဲ့ အစေခံရဲ့အသားက အရသာမဆိုးဘူးပဲ ”

ဤသည်ကို ငှက်မွှေးမျိုးနွယ်၏ နတ်တမန်တော်က ကြားသည့်အခါ သူက ချောက်နက်ထဲသို့ လှမ်းကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် အနီရောင်အလင်းတန်းတစ်ခု ပေါ်လျှိုးလာလေရာ ယင်းက ချောက်နက်ထဲမှ အခြေအနေကို အတိုင်းအတာတစ်ခုထိ ထွင်းဖောက်ကြည့်နိုင်ဟန် ရသည်။

အချိန်အတော်ကြာပြီးနောက် သူက မျက်မှောင်ကြုတ်လိုက်သည်။ နတ်အစေခံ၏ အရှိန်အဝါကို ချောက်နက်ထဲမှာ သူအာရုံခံမိသည်။ တစ်ဖက်လူသည် ခေါင်းတလားထဲမှ ရှေးဟောင်းတည်ရှိမှု၏ ဝါးမျိုခံလိုက်ရကြောင်း သူသိလိုက်သည်။

မည်သို့ကြောင့် ထိုသို့ဖြစ်ရကြောင်းကို သူသေချာမသိပေ။ သို့သော်လည်း ခေါင်းတလားထဲမှ ရှေးဟောင်းတည်ရှိမှု၏ သရုပ်ကို စဉ်းစားမိသွားသောအခါ ယင်းက ဖြစ်နိုင်ခြေရှိသည်ဟု သူခံစားမိသည်။

“ ဒီကိစ္စကို ဘုရားကျောင်းဆီ သတင်းပြန်ပို့ရမယ် ”

“ ကြည့်ရတာ ချိပ်ပိတ်တာကို အားဖြည့်တင်းဖို့ မကြာခဏ လုပ်ဆောင်ရတော့မယ်ထင်တယ် ”

ငှက်မွှေးမျိုးနွယ်၏ နတ်တမန်တော်သည် သူ၏ အကြည့်ကို ဘေးပတ်ဝန်းကျင်မှ အချုပ်အနှောင်စည်းများပေါ်သို့ ရွှေ့ပြောင်းလိုက်သည်။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး သွေးနီသလင်းကျောက်တစ်ခုကို ထုတ်လိုက်သည်။ သလင်းကျောက်ကို ခြေမွလိုက်ပြီးနောက် သူက ယင်းကို အချုပ်အနှောင်စည်းများထဲသို့ ပေါင်းစပ်သွားစေသည်။

ချက်ချင်းပင် ဤနေရာမှ အချုပ်အနှောင်စည်းများသည် ပိုပြီးသိပ်သည်းလာသည်။

ထိုသို့လုပ်ဆောင်ပြီးနောက် သူက ဤနေရာမှ ထွက်မသွားမီ ချောက်နက်ထဲသို့ အေးစက်စွာ စိုက်ကြည့်သွားခဲ့သည်။

နတ်အစေခံတစ်ယောက်၏ သေဆုံးမှုသည် အပြင်လောကအတွက် ကြီးမားသော ကိစ္စရပ်ဖြစ်သော်လည်း သူ့အတွက်တော့ ယင်းက သာမန်ကိစ္စရပ်မျှသာဖြစ်၏။ သူက နတ်အစေခံသေဆုံးသွားရသည့် အကြောင်းအရင်းကို သိရှိရန်သာ လိုအပ်သည်။

ရွှီချင်းသည် အပြင်သို့ ချက်ချင်း ထွက်မလာခဲ့ပေ။ နတ်တမန်တော် အမှန်တကယ် ထွက်သွားကြောင်း အတည်ပြုရန် သူက အချိန်အတော်ကြာ စောင့်ဆိုင်းလိုက်သည်။

ပြင်းထန်သော ဒဏ်ရာများကြောင့် မူးဝေခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းသည် သူ၏ ဝိညာဉ်အပေါ် သက်ရောက်လာသည်။ ယင်းက ရွှီချင်းကို အားအင်ကုန်ခမ်းစေသည်။

ကံကောင်းစွာဖြင့် သူ၏ နေနာရီများသည် ယိုယွင်းပျက်စီးနေသော်လည်း နာရီလက်တံများက ရွေ့လျားနေသည်နှင့်အမျှ ယင်းတို့က ပြန်လည်ကောင်းမွန်လာနေသည်။

ရွှီချင်းသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ခက်ခက်ခဲခဲ အပြင်သို့ ပျံသန်းထွက်သွားသည်။

သူက ပျံသန်းသွားနေစဉ် ရုတ်တရက် ရပ်တန့်လိုက်ပြီး အသက်ရှူချိန်အနည်းငယ်ကြာ တိတ်ဆိတ်သွားသည်။

ထို့နောက် သူက မြို့တစ်မြို့အရွယ်အစားရှိသော ခေါင်းတလားဆီသို့ အရိုအသေပေးလိုက်သည်။

“ ကျေးဇူးတင်ပါတယ် စီနီယာ ”

ဧရာမခေါင်းတလားအဖုံးက အနည်းငယ် ဟနေသော ချောက်နက်ထဲတွင် အပြာရောင်မျက်လုံးတစ်လုံး ပွင့်လာပြီး ရွှီချင်းကို စိုက်ကြည့်လိုက်သည်။

ထိုမျက်လုံးသည် လွန်စွာမှ ကြီးမားပြီး နတ်ဘုရားမျက်လုံးနှင့် အနည်းငယ် ဆင်တူသည်ဟု ရွှီချင်း ခံစားမိသော်လည်း ၎င်း၏ စွမ်းအားသည် ခြားနားသည်။

“ မင်းဆီမှာ နီလာနတ်သမီးရဲ့စွမ်းအား ရှိတယ် ”

နားလည်ရခက်သော အဓိပ္ပာယ်ပါသည့် ထိုအသံသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားသည်။

ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး ရိုသေလေးစားစွာ ပြောသည်။

“ ဆရာက ငါ့အတွက် လုယက်ပေးထားတာပါ… အဲ့ဒါက နီလာနတ်သမီးအပိုင် မဟုတ်တော့ဘူး… ငါ့အပိုင်ဖြစ်သွားပါပြီ ”

ခေါင်းတလားထဲမှ မျက်လုံးသည် သိသာစွာ မှေးကျဉ်းသွားသည်။ သို့သော်လည်း နောက်ထပ်မည်သည့်အသံမှ ထွက်ပေါ်မလာချေ။

ရွှီချင်းသည် လက်ဝှေ့ယမ်းလိုက်ပြီး တားမြစ်အဆိပ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

“ ဒီတစ်ခုရောပဲ ”

ထို့နောက် သူက တစ္ဆေအင်ပါယာတောင်ကုန်း၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

“ ပြီးတော့ ဒီဟာရောပဲ ”

“ ဒါ့အပြင် ငါ့ဆရာက ဒီခန္ဓာကိုယ်ကို ငါ့အတွက် နတ်ဘုရားတစ်ပါးဆီကနေ လုယက်ခဲ့တယ် ”

ထိုသို့ပြောပြီးနောက် ရွှီချင်းသည် နတ်ငါးအရိုးဆူးချွန်ကို ထုတ်ယူလိုက်သည်။

“ ဒီဟာနဲ့ ငါ့ခန္ဓာကိုယ်က အရင်းအမြစ်တစ်ခုတည်းကပဲ ”

“ မင်းရဲ့ဆရာက ဘယ်သူလဲ ”

အချိန်အတော်ကြာပြီးနောက် မသဲကွဲသော စကားသံသည် ခေါင်းတလားထဲမှ ထွက်ပေါ်လာသည်။

ရွှီချင်းသည် လေးနက်သော အမူအရာဖြင့် ခေါင်းခါလိုက်သည်။

“ စီနီယာ… ဆရာ ငါ့ကိုပေးထားတဲ့ တာဝန်ကို မပြီးမြောက်သေးခင် ဆရာရဲ့ နာမည်ကို အသုံးမပြုဖို့ ငါ့ကို တားမြစ်ထားပါတယ် ”

“ ဘာတာဝန်လဲ ”

ခေါင်းတလားထဲမှ မျက်လုံးသည် ကျုံ့သွားသည်။

“ ငါ့တာဝန်က အနီရောင်လနဲ့ နီလာနတ်သမီးအကြောင်းကို ဆရာ့အတွက် သတင်းစုဆောင်းပေးရမှာပါ… စီနီယာ မင်းတော့ မသိလောက်သေးပေမဲ့ ငါ့ဆရာရဲ့ အကြံအစည်အောက်မှာ နီလာနတ်သမီးက နှစ်နှစ်ချိုက်ချိုက် အိပ်မောကျသွားပါပြီ ”

“ ငါဒီကိုရောက်လာတာ နောင်တလွင်ပြင်ဆီသွားပြီး အနီရောင်လ ဘယ်တော့ရောက်လာမလဲ လာတွက်ချက်တာပါ ”

“ စီနီယာ… မင်းက ဘယ်သူပါလဲ ”

ရွှီချင်းသည် ရိုသေလေးစားစွာ ပြောသည်။

ခေါင်းတလားသည် တိတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် ရှေးဟောင်းအသံသည် ပဲ့တင်ထပ်လာသည်။

“ ကောင်လေး မင်းပြောတာတွေကို ငါမယုံဘူး… ဒါပေမဲ့ ကိစ္စမရှိပါဘူး… မင်းကိုယ်ပေါ်က နီလာနတ်သမီးရဲ့စွမ်းအားက လုယက်ခံထားရတယ်ဆိုတာ ငါအာရုံခံနိုင်တယ်…. အဲ့ဒါက နတ်တမန်တော်တွေနဲ့ ကွာခြားတယ်… ပြီးတော့ မင်းက လူသားလည်း ဟုတ်တယ် ”

“ ငါ့သရုပ်ကတော့… ဒီဒေသကြီးတစ်ခုလုံးက တစ်ချိန်က ငါ့ဖခင်ရဲ့ ပိုက်နက်ဖြစ်ခဲ့ဖူးတယ် ”

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ ကြီးမားသော လှိုင်းဂယက်များသည် သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။

“ မင်းသွားမယ့် နောင်တလွင်ပြင်ဆိုတာ ငါ့ဖခင်ရဲ့ သင်္ချိုင်းမြေပဲ ”

ခေါင်းတလားထဲမှ ထွက်ပေါ်လာသော ထိုစကားသံထဲမှာ ခါးသီးမှုဖြင့် ပြည့်နှက်နေသည်။

“ အချိန်တွေ မရေမတွက်နိုင်အောင် ကြာညောင်းသွားခဲ့ပြီ… အချိန်ဘယ်လောက်တောင် ကုန်ဆုံးသွားပြီလဲဆိုတာ ငါမမှတ်မိတော့ဘူး… နှစ်ပေါင်းမြောက်များစွာကြာပြီးတဲ့နောက် အနီရောင်လဗိမာန်က လူတွေကလွဲရင် မင်းက ငါ့ရှေ့မှာ ဒုတိယမြောက်ပေါ်လာတဲ့လူပဲ… ဟိုးလွန်ခဲ့တဲ့အချိန်တုန်းက ငါ့ကို ဒီနေရာကနေ ထွက်သွားနိုင်အောင် ကူညီပေးမယ်ဆိုပြီး တစ်စုံတစ်ယောက်က ကတိပေးခဲ့တယ်… ဒါပေမဲ့ အဲ့ဒီလူက အချိန်အတော်ကြာအောင် ပြန်ပေါ်မလာခဲ့ဘူး ”

“ အခု အပြင်လောကမှာ လူသားတွေက ဘယ်လိုအခြေအနေရှိလဲ ငါ့ကို ပြောပြပါ ”

ရွှိချင်းသည် နှုတ်ဆိတ်သွားသည်။ ထိုစကားများက အမှန်ဟုတ်မဟုတ် သူသံသယ ရှိသည်။ သို့သော်လည်း ယခု သူ၏ ဝိညာဉ်သည် အလွန်အခြေအနေဆိုးနေပြီး အားနည်းနေကြောင်း သူအာရုံခံနိုင်သည်။

All Chapters