အင်မော်တယ်စုစည်းခြင်း
Vol. 100 Ch. 1541
ရွှီချင်းက နန်းတော်သခင်၏ သူ့အပေါ် လမ်းညွှန်ပေးမှုကို ကျေးဇူးတင်ရန် အရိုအသေပေးလိုက်သည်။
သူက အင်မော်တယ်ခန္ဓာကိုယ်ကို ဖွဲ့စည်းခဲ့သည့်အချိန်မှာ ထိုသို့လမ်းညွှန်မှုကို အချိန်ကိုက် ရရှိခဲ့သည်။ သို့ဖြစ်၍ ယင်းက စစ်မှန်သော အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းချင်သော သူ၏ ရည်မှန်းချက်အတွက် ကြီးမားသော အထောက်အကူကို ပေးသည်။
ယင်းက သူ၏ လမ်းစဉ်ကို ပိုပြီးမှန်ကန်စေသည်။
အရိုအသေပေးပြီးနောက် အင်မော်တယ်အရင်းအမြစ်က လွင့်ပြယ်သွားပြီး ဒုဓလီပန်းများအဖြစ် ပြောင်းလဲသွားသည်။ ဒုဓလီပန်းများသည်တော့ ဝေဝါးနေကြသည်။ နောက်ဆုံးမှာတော့ ၎င်းတို့က ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှာ လုံးဝ ပျောက်ကွယ်သွားကြသည်။
ကြီးမြတ်သော လျှို့ဝှက်ရတနာသိုက်ကိုးခုသည်သာ ဝုန်းခနဲ မြည်သံများကို ဆက်လက် ထုတ်လွှတ်နေဆဲပင်။ ထိုထဲမှ လျှို့ဝှက်ရတနာသိုက်တစ်ခုထဲမှာ ရေတွင်းထဲမှ လကို မျှားခြင်း၏ နတ်ဘုရားစွမ်းရည်က လှည့်ပတ်နေပြီး ဟင်းလင်းပြင်စွမ်းအားနှင့် လေဟာနယ်စိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။
ရွှီချင်း၏ ဝိညာဉ်က ထိုအခိုက်အတန့်မှာ သူ၏ အသိစိတ်ထဲသို့ ပြန်ရောက်သွားသည်။ သူက မျက်လုံးဖွင့်လိုက်သည့်အခိုက် ဒြပ်စင်ငါးမျိုးက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာကြသည်။
ယခု ကျန်သည့် လမ်းစဉ်ကို မည်သို့ဆက်လျှောက်ရမည်ဖြစ်ကြောင်း သူသိသွားပြီ ဖြစ်သည်။
“ အန္တိမတာအိုရှစ်ခုဆိုတာက… ”
“ ကြယ်တာရာစက်ဝန်းရဲ့ မွေးဖွားမှုအတွက် လိုအပ်တဲ့ မူလနိယာမပဲ ”
“ ပထမ အန္တိမငါးခုက ရိုးရှင်းတယ်… အဲ့ဒီနောက် ကျန်အန္တိမသုံးခုက ကျင့်ကြံသူတွေရဲ့ နားလည်မှုအကန့်အသတ်ပေါ်မှာ မူတည်တယ်… အဲ့ဒီအင်မော်တယ်ဘိုးဘေးက အချိန်နဲ့ လေဟာနယ်ကို နားလည်ထားတယ်… အချိန်နဲ့ လေဟာနယ်ကို နားမလည်တဲ့ ကျင့်ကြံသူတွေကျတော့ ပထမ အန္တိမငါးခုပြီးသွားရင် ကိုယ်တိုင်ဆင်ခြင်နားလည်ရလိမ့်မယ် ”
“ ဒါကြောင့် အန္တိမတာအိုရှစ်ခုက တစ်ယောက်နဲ့တစ်ယောက် မတူညီကြဘူး ”
“ ဒါပေမဲ့ စစ်မှန်တဲ့ အန္တိမတာအိုရှစ်ခုမှာ သတ္ထု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး၊ အချိန်နဲ့ လေဟာနယ် ရှိရမယ် ”
“ အဲ့ဒါက အန္တိမခုနစ်ခုပဲ ”
“ တခြားအန္တိမသုံးခုကတော့… ”
ရွှီချင်းက တိုတမ်ကို သူ၏ စိတ်ထဲမှာ ပြန်ပုံဖော်လိုက်သည်။ ယင်းက ကြယ်တာရာစက်ဝန်း၏ မွေးဖွားလာမှုဖြစ်ဟန် ရ၏။ ကွဲထွက်သွားသော သလင်းကျောက်ဆယ်ပိုင်းထဲတွင် နောက်ဆုံးသလင်းကျောက်အပိုင်းအစသုံးခုက သူ့အတွက် ဝေဝါးနေသည်။
“ ဒါကြောင့် ဒီကျင့်ကြံခြင်းအတတ်ပညာရဲ့ အစစ်အမှန်နာမည်က အန္တိမတာအိုဆယ်ခုဖြစ်ရမယ် ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။
ဤလမ်းစဉ်က မှန်ကန်ကြောင်း သူ့အား ခံစားမိစေသည်မှာ အပိုင်းဆယ်ပိုင်း အက်ကွဲသွားခဲ့သော မူမမှန်သလင်းကျောက်ဖြစ်သည်။
“ အဲ့ဒီသလင်းကျောက်အပိုင်းအစတွေကို အတူတကွ ပြန်ဆက်လိုက်တဲ့အခါ ပြီးပြည့်စုံတဲ့ သလင်းကျောက်တစ်ခု ဖြစ်ပေါ်လာလိမ့်မယ်… ”
ရွှီချင်းက ထိုသို့တွေးမိသွားသောအခါ သူ၏ ဝိညာဉ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။
ပြီးပြည့်စုံသော သလင်းကျောက်က သူ၏ ခရမ်းသလင်းကျောက်နှင့် တစ်ပုံစံတည်း တူညီသည်။
သို့သော်လည်း ယခုအချိန်က ခရမ်းသလင်းကျောက်၏ ဇစ်မြစ်ကို စဉ်းစားနေရမည့်အချိန်မဟုတ်ကြောင်း ရွှီချင်း သိသည်။
ယခုအချိန်မှာ အရေးကြီးဆုံးက သူ၏ ခန္ဓာကိုယ်ကို ပြီးပြည့်စုံစေရန် နောက်ဆုံးဖွဲ့စည်းခြင်းကို ဆောင်ရွက်ခြင်း ဖြစ်သည်။
အချိန်ကိုတော့ အလဟဿ သူမဖြုန်းတီးခဲ့ပေ။ ဆင်ခြင်နားလည်သည့် အချိန်ကာလက အလွန်ရှည်လျားသော်လည်း အမှန်မှာ အင်မော်တယ်အရင်းအမြစ်ထဲတွင် သူနေထိုင်ခဲ့သည် အချိန်က အသက်သုံးဆယ်ခါရှူချိန်မျှသာ ဖြစ်သည်။
မူလလောကတွင်တော့ လျှပ်တစ်ပြက်မျှသာ ကြာမြင့်ခဲ့သည်။
နောက်အခိုက်အတန့်မှာ ရွှီချင်း၏ ဝိညာဉ်စွမ်းအားက တစ်ဟုန်ထိုး မြင့်တတ်သွားပြီး သူ၏ နတ်ဘုရားစိတ်အာရုံက စကားသံတစ်သံကို ဖွဲ့စည်းလိုက်သည်။ ထိုအသံက သူ၏ နှာခေါင်းထဲမှ ထွက်ပေါ်လာဟန် ထင်မှတ်ရပြီး သူ၏ အသိစိတ်ပင်လယ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
“ သတ္ထု ”
ယင်းက ဝမ်ကူးကုန်းမြေမှ သတ္ထုမဟုတ်ပေ။
ငရဲမီးတောက်၏ တံခါးပိတ်ကျင့်ကြံသော နေရာသည် ပြင်ပလောကထံမှ သီးခြားခွဲထုတ်ခံထားရသည်။ ယင်းက လွတ်လပ်သော တည်ရှိမှုတစ်ခု ဖြစ်သည်။
ဤနေရာမှ ဒြပ်စင်ငါးမျိုးသည်ပင် အလွန်ကျယ်ပြောသော ပြင်ပလောကမှ ဒြပ်စင်များဖြင့် ကွဲပြားခြားနားကြသည်။
သို့ဖြစ်၍ အကယ်၍ တစ်စုံတစ်ယောက်က ဤနေရာမှ ကောင်းကင်မြေပြင်စွမ်းအားကို ငှားယူ၍ ဒြပ်စင်ငါးမျိုးကို ဖွဲ့စည်းမည်ဆိုလျှင် သေချာပေါက် ပြစ်ချက်များရှိလိမ့်မည်။ ဥပမာ အကယ်၍ တစ်စုံတစ်ယောက်က ဤကျင့်ကြံခြင်းနယ်မြေထဲမှာ တာအိုကို ရရှိမည်ဆိုလျှင်ပင် ယင်းက ဤနေရာမှာ ကန့်သတ်ခံထားရလိမ့်မည်။
ယင်းက ရွှီချင်း ရွေးချယ်ချင်သောအရာ မဟုတ်ပေ။
သို့ဖြစ်၍ သူရွေးချယ်ခဲ့သော ဒြပ်စင်ငါးမျိုးသည် သူ့ကိုယ်ပိုင် ကိုယ်တွင်းအင်္ဂါများ ဖြစ်သည်။
သူ့ကိုယ်ပိုင် ကိုယ်တွင်းအင်္ဂါငါးခုကို အသုံးပြုခြင်းဖြင့် သူကိုယ်၌က ဒြပ်စင်ငါးမျိုး၏ ဇစ်မြစ်ဖြစ်လာလိမ့်မည်။ အနာဂတ်တွင် မည်သည့်ကျင့်ကြံခြင်းနယ်မြေမှာဖြစ်စေ၊ ဝမ်ကူးကုန်းမြေမှာဖြစ်စေ သို့မဟုတ် ကြယ်တာရာကောင်းကင်ပေါ်မှာဖြစ်စေ သို့မဟုတ် မည်သည့်နေရာမှာဖြစ်စေ သူက ကန့်သတ်ချုပ်နှောင်ခံရလိမ့်မည် မဟုတ်ချေ။
သူ့ကိုယ်ပိုင် ခန္ဓာကိုယ်ကို အသုံးပြုခြင်းကြောင့် သူက လွတ်လပ်သည်။
သို့မှသာ ယင်းက စစ်မှန်သော အင်မော်တယ်လမ်းစဉ်ဖြစ်ပြီး အန္တိမအင်မော်တယ်တာအို ဖြစ်လိမ့်မည်။
သတ္ထုသည် အဆုတ်ကို ကိုယ်စားပြုသည်။ အဆုတ်သည် ခန္ဓာကိုယ်၏ သန့်စင်ခြင်းနှင့် ဆွဲထုတ်ခြင်းအတွက် အဓိကအင်္ဂါအစိတ်အပိုင်း ဖြစ်သည်။ ယင်းက သတ္ထု၏ သဘောသဘာဝနှင့် လိုက်လျောညီထွေသည်။ အဆုတ်သည် ချီနှင့် အသက်ရှူခြင်းကို ထိန်းချုပ်နိုင်သည်။ ယင်းက စိုးရိမ်ခြင်းစိတ်ခံစားမှုနှင့် ဆက်စပ်နေပြီး နှာခေါင်းနှင့် ဆက်သွယ်နေသည်။
ဤအခိုက်အတန့်မှာ အသံက ပျံ့လွင့်သွားသည်နှင့် စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးက အသက်ဝင်လာပြီး လမ်းညွှန်မှုတစ်ခုအဖြစ် ဆောင်ရွက်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ အဆုတ်က သတ္ထုစွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ယင်းက သန့်စင်သော သတ္ထုစွမ်းအားကို ထုတ်လွှတ်လိုက်ပြီး လျှို့ဝှက်ရတနာသိုက်တစ်ခု၏ ဆေးမီးဖိုထဲသို့ လောင်းထည့်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ ယင်းက အတွင်းဘက်မှ သန့်စင်ခံလိုက်ရပြီး သတ္ထုတာအိုအဖြစ် ပြောင်းလဲသွားသည်။
ထိုအခါ လျှို့ဝှက်ရတနာသိုက်က ထိတ်လန့်ဖွယ်ကောင်းစွာ အားကောင်းလာသည်။
ချက်ချင်းဆိုသလို ပြင်းထန်သော ဒေါသက ရွှီချင်း၏ စိတ်ခံစားချက်များထဲမှ မြှောက်တတ်လာသည်။ သူက ထိုဒေါသကို တံတားတစ်စင်းအဖြစ် ဖွဲ့စည်းလိုက်ပြီး သူ၏ နတ်ဘုရားစိတ်အာရုံကို အသံတစ်သံအဖြစ် ပြောင်းလဲသွားစေသည်။
“ သစ်သား ”
သစ်သားက အသည်းကို ကိုယ်စားပြုသည်။ အသည်းမှာ ကြီးထွားခြင်း၊ ဖွံ့ဖြိုးခြင်း၊ ထိန်းသိမ်းခြင်းနှင့် ချောမွေ့ခြင်း ရှိသည်။ ယင်းက သစ်သားသဘာဝနှင့် လိုက်လျောညီထွေသည်။ အသည်းက ချီ၏ စီးဆင်းမှုကို ထိန်းကွပ်ပေးပြီး ဒေါသစိတ်ခံစားမှုနှင့် ဆက်စပ်နေသည်။
ဤအခိုက်အတန့်မှာ သူ၏ အသည်းက တုန်ယင်သွားပြီး ကြီးထွားသော စိတ်ဆန္ဒက ထွက်ပေါ်လာကာ လျှို့ဝှက်ရတနာသိုက်တစ်ခုထဲသို့ ဝင်ရောက်သွားသည်။
သစ်သားတာအို…
ထို့နောက်…
“ ရေ ”
ရေက ကျောက်ကပ်များကို ကိုယ်စားပြုသည်။ ကျောက်ကပ်က အာဟာရဖြည့်ပေးခြင်း၊ အောက်သို့ ရွေ့လျားခြင်း၊ အေးစက်မှုနှင့် သိုလှောင်မှု အစရှိသည်တို့ကို လုပ်ဆောင်ပေးသည်။ ကျောက်ကပ်က ရေဓာတ်ကို ထိန်းချုပ်ပေးပြီး အနှစ်သာရများ သိုလှောင်သော နေရာဖြစ်သည်။ ယင်းက ကြောက်ရွံ့သောစိတ်ခံစားမှုနှင့် ဆက်စပ်ပြီး နားနှင့် ဆက်သွယ်နေသည်။
ယင်းကို ပို့လွှတ်လိုက်သည့်အခိုက် လောက၏ ဖန်တီးမှုအသံက လျှို့ဝှက်ရတနာသိုက်ထဲမှာ ပဲ့တင်ထပ်သွားပြီး ရေတာအိုက လျှို့ဝှက်ရတနာသိုက်ထဲမှာ ဖြစ်ပေါ်လာသည်။
ဤအခိုက်အတန့်မှာ ဒြပ်စင်ငါးမျိုးထဲမှ သုံးမျိုးကို ဖွဲ့စည်းပြီးပြီ ဖြစ်သည်။ ရွှီချင်းက စတုတ္ထမြောက်ဒြပ်စင်ကို ရွတ်ဆိုလိုက်သည့်အခါ သူ၏ မျက်လုံးက ဝင်းလက်သွားသည်။
“ မီး ”
ရွှီချင်းက သူ၏ လျှာကို အပေါ်အာခေါင်သို့ ဖိလိုက်ပြီး ပြောသည်။
သူ၏ နှလုံးခုန်သံက မိုးခြိမ်းသံသဖွယ် ပဲ့တင်ထပ်သွားသည်။
မီးက နှလုံးကို ကိုယ်စားပြုသည်။ နှလုံးသည် တွန်းကန်ခြင်း၊ နွေးထွေးမှုနှင့် အပေါ်ပိုင်း ရွေ့လျားမှုကို ပြုလုပ်ပေးပြီး မီး၏ သဘောသဘာဝနှင့် လိုက်လျောညီထွေသည်။ နှလုံးသည် အင်္ဂါအစိတ်အပိုင်းများ၏ အုပ်ထိန်းသူဖြစ်သည်။ ယင်းက ပျော်ရွှင်သောစိတ်ခံစားမှုနှင့် ဆက်စပ်ပြီး လျှာနှင့် ဆက်သွယ်နေသည်။
ယင်းက လျှို့ဝှက်ရတနာသိုက်ထဲသို့ ပေါင်းစပ်သွားပြီးနောက် မီးတာအိုကို ဖွဲ့စည်းလိုက်သည်။
“ မြေကြီး ”
မြေကြီးက သရက်ရွက်ကို ကိုယ်စားပြုသည်။ သရက်ရွက်က အသွင်ပြောင်းလဲခြင်း၊ ထောက်ပံ့ခြင်းနှင့် သိမ်းဆည်းခြင်းကို လုပ်ဆောင်ပြီး မြေကြီး၏ သဘောသဘာဝနှင့် လိုက်ဖက်ညီသည်။ သရက်ရွက်က ခန္ဓာကိုယ်၏ အသွင်ပြောင်းလဲမှုအတွက် အဓိကဇစ်မြစ်ဖြစ်ပြီး ရေအနှစ်သာရကို ပြောင်းလဲပေးကာ ခန္ဓာကိုယ်တစ်လျှောက်သို့ ပို့လွှတ်ပေးလိမ့်မည်။ ယင်းက အတွေး၏ စိတ်ခံစားချက်နှင့် ဆက်စပ်ပြီး ပါးစပ်နှင့် ဆက်သွယ်နေသည်။
မြေကြီးတာအိုက ဖွဲ့စည်းသွားသည်။
ဤအခိုက်အတန့်မှာ ဒြပ်စင်ငါးမျိုးစလုံး ထွက်ပေါ်လာကြသည်။
ရွှီချင်း၏ ဒွါရငါးပေါက်ဖြစ်သော နှာခေါင်း၊ မျက်လုံး၊ နား၊ လျှာနှင့် ပါးစပ်က တံခါးပေါက်ပွင့်သွားကြသည်။ အင်မော်တယ်ငါးပါးက ထိုတွင်းပေါက်များထဲမှာ နေထိုင်ကြပြီး အာရုံငါးပါးကို ထိန်းချုပ်ထားကြသည်။ ပြင်ပနတ်ဆိုးက နည်းနည်းလေးမှ ကျူးကျော်ဝင်မလာနိုင်ပေ။
ထိုအင်မော်တယ်ငါးပါးကို စိုးရိမ်ခြင်း၊ ဒေါသ၊ ကြောက်ရွံ့ခြင်း၊ ပျော်ရွှင်ခြင်းနှင့် အတွေးဟု ခေါ်သည်။
သို့သော်လည်း ထိုဒြပ်စင်ငါးမျိုးက သာမန်ဒြပ်စင်များသာ ဖြစ်ကြသည်။ ယင်းတို့က အန္တိမဒြပ်စင်များ မဟုတ်ကြပေ။
သို့ဖြစ်၍ ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
ချက်ချင်းဆိုသလို မဟာဧကရာဇ်၏ ခန္ဓာကိုယ်မှ ဖွဲ့စည်းသွားသော မူလစွမ်းအင်က ဤအခိုက်အတန့်မှာ အကောင်းဆုံး အာဟာရဓာတ်များ ဖြစ်လာသည်။
ယင်းတို့က အတူတကွ စုဝေးသွားပြီးနောက် ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားကာ သူ၏ ကိုယ်တွင်းအင်္ဂါများကို အာဟာရဖြည့်ပေးလိုက်သည်။
ယင်းက သူ၏ ကိုယ်တွင်းအင်္ဂါငါးခုကို တစ်ဟုန်ထိုး အားကောင်းသွားစေသည်။
သူ၏ ကိုယ်တွင်းအင်္ဂါငါးခုက ပိုပြီးသန်မာလာသည်နှင့်အမျှ ဒြပ်စင်ငါးမျိုးသည်လည်း ပိုပြီးအားကောင်းလာသည်။ တစ်ချိန်တည်းမှာ ဒြပ်စင်ငါးမျိုးတည်ရှိကြသော လျှို့ဝှက်ရတနာသိုက်များကလည်း အတွင်းဘက်မှ အရူးအမူး လောင်ကျွမ်းသွားကြသည်။
ချက်ချင်းဆိုသလို အပြင်ဘက်မှ မူလစွမ်းအင်သလင်းကျောက်များက မြန်ဆန်စွာ ကုန်ဆုံးသွားကြသည်။ သလင်းကျောက်များက အဆုံးမဲ့သော အာဟာရဓာတ်များအဖြစ် ပြောင်းလဲသွားပြီး ဒြပ်စင်ငါးမျိုးကို အဆုံးစွန်ထိ အားဖြည့်ပေးလိုက်သည်။ နောက်ဆုံးမှာတော့ လျှို့ဝှက်ရတနာသိုက်များ၏ အံ့ဖွယ်ကောင်းသော သန့်စင်မှုအောက်မှာ…
မိုးကြိုးက ပေါက်ကွဲသွားသည်။
သတ္ထုက အန္တိမသတ္ထုဖြစ်လာပြီး သစ်သားက အန္တိမသစ်သားဖြစ်လာသည်။ ကျန်ဒြပ်စင်များသည်လည်း အန္တိမဒြပ်စင်များ ဖြစ်လာကြသည်။
သို့ဖြစ်၍ အန္တိမတာအိုရှစ်ခုမှ ဒြပ်စင်ငါးမျိုးက နောက်ဆုံးမှာတော့ ပြီးပြည့်စုံသွားသည်။
အံ့ဖွယ်ကောင်းသော အရှိန်အဝါက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်လာပြီး ကောင်းကင်ပေါ်ထိ မြှောက်တတ်သွားသည်။ ထိုအရှိန်အဝါအောက်မှာ လောကက တုန်လှုပ်သွားသည်။
သူ၏ အသိစိတ်ပင်လယ်ထဲတွင်တော့ လျှို့ဝှက်ရတနာသိုက်ကိုးခုထဲမှ ရတနာသိုက်ခြောက်ခုက လောင်ကျွမ်းနေကြသည်။
“ သတ္ထု၊ သစ်သား၊ ရေ၊ မီးနဲ့ မြေကြီးက အန္တိမဒြပ်စင်ငါးမျိုးအဖြစ် ပြောင်းလဲသွားကြပြီ… ရေတွင်းထဲက လကို မျှားခြင်းရဲ့ လေဟာနယ်က ဆဌမမြောက် အန္တိမပဲ… အဲ့ဒါက အန္တိမလေဟာနယ်တာအိုပဲ ”
“ သတ္တမမြောက် အန္တိမကတော့… ”
ရွှီချင်း၏ မျက်လုံးက ဝင်းလက်သွားသည်။ ဤအခိုက်အတန့်မှာ နေနာရီလက်တံအားလုံးက တစ်ပြိုင်နက် ရွေ့လျားသွားကြသည်။ ချက်ချင်းဆိုသလို နေနာရီကိုးခုက ပေါင်းစည်းသွားကြပြီး အချိန်အမျိုးမျိုးကို တစ်သတ်မတ်တည်း တူညီသွားစေသည်။ ထို့နောက် သတ္တမဝိညာဉ်ရတနာသိုက်ထဲတွင် နေနာရီများက ရုတ်တရက် ထွက်ပေါ်လာကြပြီး အချိန်ကို ဖွဲ့စည်းလိုက်ကြသည်။
ယင်းက အန္တိမအချိန်တာအိုဖြစ်သည်။
“ သတ္တမမြောက် အန္တိမတာအိုကို ဖွဲ့စည်းပြီးပြီ ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ သူ၏ အသိစိတ်ပင်လယ်ထဲမှ ဝိညာဉ်ခန္ဓာကိုယ်က မတ်တတ်ရပ်လိုက်သည်။
ကျန်လျှို့ဝှက်ရတနာသိုက်နှစ်ခုက ဗလာဖြစ်နေဆဲပင်။
“ အနာဂတ်မှာ အဲ့ဒီနှစ်ခုကို ငါဖြည့်စွက်မယ် ”
“ ဒီအန္တိမတာအိုခုနစ်ခုက ငါ့ကို ဝိညာဉ်သိုက်အဆင့်ကနေ အဆင့်ချိုးဖြတ်စေပြီး ဗလာနတ္ထိအဆင့်ကို ဝင်ရောက်စေဖို့ လုံလောက်ပါတယ် ”
ရွှီချင်းက အမြင်မကျဉ်းမြောင်းပေ။ သူက လောလောဆယ် ဗလာဖြစ်နေသော လျှို့ဝှက်ရတနာသိုက်နှစ်ခုကို လျစ်လျူရှုထားသည်။ သူ၏ စိတ်ထဲတွင် အင်မော်တယ်အရင်းအမြစ်ကုန်းမြေထဲ၌ ဒုတိယမြောက် ဒုဓလီအစေ့ထဲမှာ သူမြင်တွေ့ခဲ့သော မြင်ကွင်းကို ပြန်စဉ်းစားလိုက်သည်။ ထိုမြင်ကွင်းထဲတွင် တစ်ဖက်လူ၏ အစစ်အမှန်ခန္ဓာကိုယ်များက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြသည်။
“ အစစ်အမှနခန္ဓာကိုယ်တွေကို ဖွဲ့စည်းဖို့က မခက်ခဲပါဘူး ”
“ တစ်သားတည်းဖြစ်ဖို့အတွက်တော့… အဲ့ဒီလူရဲ့ နည်းလမ်းက စိတ်ဝင်စားစရာပဲ… အဲ့ဒီအတွက် လိုအပ်ချက်က နတ်ဆိုးဝိညာဉ်ပဲ ”
“ ငါ့မှာလည်း နတ်ဆိုးဝိညာဉ်တွေရှိပေမဲ့ အဲ့ဒီကောင်တွေက ငါ့ရဲ့ လက်ရှိခန္ဓာကိုယ်ထဲမှာ မဟုတ်ဘူး ”
“ ဒါပေမဲ့ ငါ့ရဲ့ ဒြပ်စပ်ငါးမျိုးက ငါ့ရဲ့ ကိုယ်ပိုင်ကိုယ်တွင်းအင်္ဂါတွေကနေ ဖြစ်ပေါ်လာတာပဲ… ဒါကြောင့် ဘာလို့ ငါက ပြင်ပဝိညာဉ်တစ်ကောင်ရဲ့ လမ်းညွှန်မှုကို လိုအပ်ဦးမှာလဲ ”
ရွှီချင်းက ခေါင်းမော့လိုက်သည်။
“ အဲ့ဒီတော့… မူလပြန်ရောက်စေ ”
သူက စကားပြောလိုက်သည်နှင့်ချက်ချင်း သူ၏ ခြေထောက်အောက်မှ လျှို့ဝှက်ရတနာသိုက်အားလုံးက တုန်ယင်သွားကြပြီး အဆုံးစွန်ထိ လောင်ကျွမ်းသွားကြသည်။ အလွန်ကျယ်လောင်သော မြည်ဟိန်းသံက မီးတောင်ပေါက်ကွဲမှုတစ်ခုနှယ် ထွက်ပေါ်လာသည်။
ရတနာသိုက်ဂိတ်တံခါးများက ဖွဲ့စည်းသွားကြသည်။
ထို့နောက် ယင်းတို့အားလုံးက ပွင့်သွားကြသည်။
ရတနာသိုက်များထဲမှ ပေါ်ထွက်လာသည်မှာ သန့်စင်သော မီးတောက်မီးလျှံမဟုတ်ပေ။ ယင်းအစား ဒြပ်စင်ငါးမျိုး၊ အချိန်နှင့် လေဟာနယ်၏ အစွမ်းသာ ဖြစ်သည်။
အန္တိမတာအိုခုနစ်ခု… ပေါင်းစည်းစေ…
ငွေရောင်အလင်းတန်းက ထွက်ပေါ်လာပြီး လျှို့ဝှက်ရတနာသိုက်များ၏ တွန်းထုတ်ခံလိုက်ရသည်။ ထိုအခါ အလင်းတန်းက ရွှီချင်း၏ အသိစိတ်ပင်လယ်ကို ချိုးဖြတ်သွားသည်။ ယင်းက သူ၏ ခန္ဓာကိုယ်ကို တုန်ယင်သွားစေပြီး ဟိန်းသံကို သူ၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားစေသည်။
နောက်ဆုံးမှာတော့ ပထမဒုဓလီအစေ့ထဲတွင် ရွှီချင်းမြင်တွေ့ခဲ့သော ပုံစံတူ မြင်ကွင်းတစ်ခုက ထွက်ပေါ်လာသည်။
ယင်းက လောက၏ ဖန်တီးမှုဖြစ်ပြီး ကြယ်တာစက်ဝန်းတစ်ခု၏ ဖွဲ့စည်းမှုဖြစ်သည်။
ယင်းက ကောင်းကင်ဘုံကို ဖွင့်လှစ်ခြင်းနှင့် ကမ္ဘာမြေကို ခွဲထုတ်ခြင်း ဖြစ်သည်။
ယင်းက ဟင်းလင်းပြင်ကို အပျက်အစီးအဖြစ် ပြောင်းလဲသွားစေသည်။
ယင်းက မဟာသင်္ချိုင်းတစ်ခုကဲ့သို့ မှောင်မိုက်သော အတိတ်ကို မြှုပ်နှံထားပြီး အင်မော်တယ်အနာဂတ်ကို ပျိုးထောင်ပေးနေသည်။
ငွေရောင်အလင်းတန်းက အန္တိမခုနစ်ခုအဖြစ် ခွဲထုတ်ခံလိုက်ရပြီး အပျက်အစီးကြားထဲမှာ ပြန့်ကျဲသွားကြသည်။ အတွေးများက ထွက်ပေါ်လာသည်နှင့် အဆုံးမဲ့သော ဥပဒေသများက ဆင့်ကဲပြောင်းလဲသွားကြပြီး အဆုံးမဲ့သော နိယာမများကို ဖွဲ့စည်းသွားကြသည်။ ထို့နောက် ယင်းတို့က ဗလာနတ္ထိ၏ နယ်မြေအားလုံးဆီသို့ ပို့လွှတ်ခံလိုက်ကြရသည်။
အရာအားလုံးက သဘာဝအတိုင်း ဖြစ်ပျက်နေသည်။
အရာအားလုံးက နယ်မြေထဲသို့ ကျဆင်းသွားသည်။
ထုံးစံအားဖြင့် တစ်စုံတစ်ယောက်က မှန်ကန်သော လမ်းစဉ်ကို လျှောက်လှမ်းသည့်အခါ မှန်ကန်သော ရလဒ်ကို သေချာပေါက် ရရှိလိမ့်မည်။
ထို့နောက် ရွှီချင်းက စိတ်ဆုံးဖြတ်လိုက်သည်။ သူက ခန္ဓာကိုယ်၏ အပြင်ဘက်မှ ကျန်ရှိသော မူလစွမ်းအင်သလင်းကျောက်များကို အသုံးပြုလိုက်ပြီး သူ၏ နောက်ဆုံးအလုပ်ကို စတင်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ထဲမှ ကောင်းကင်က ဖွင့်လှစ်သွားပြီး မြေပြင်က ကွဲထွက်သွားသည်။
ကြီးမြတ်သော မဟာသင်္ချိုင်းက အမှောင်ထုကို မြှုပ်နှံထားပြီး အင်မော်တယ်ကို ပျိုးထောင်ပေးနေသည်။
နောက်တစ်ဆင့်က ဘဝ၏ အချုပ်အနှောင်များကို ချိုးဖြတ်ရန် ဖြစ်သည်။
သို့မှသာ အင်မော်တယ်များက မဟာသင်္ချိုင်းထဲမှ အသက်ပြန်ရှင်လာပြီး မဟာလောကကို ဖွဲ့စည်းနိုင်လိမ့်မည်။
သို့ဖြစ်၍ မဟာသင်္ချိုင်းက ပေါက်ကွဲသွားပြီး ဗလာနတ္ထိကုန်းမြေက စွမ်းအင်ဖြင့် ပြည့်နှက်သွားစဉ် အဆုံးစွန်သော သက်ရောက်မှုတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှ ကောင်းကင်ကို တုန်ယင်သွားသည်။
ကောင်းကင်က ပြိုကွဲသွားသည်။
ကျယ်လောင်သော မြည်သံနှင့်အတူ ရွှီချင်း၏ ရုပ်ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူ၏ အဆုတ်ရှိသော တည်နေရာတွင် ဝဲကတော့တစ်ခုက အပြင်ဘက်မှ ဖွဲ့စည်းသွားသည်။ ထိုဝဲကတော့ထဲတွင် ရုတ်တရက် ဖွဲ့စည်းသွားသော အလွန်ကျယ်ပြောသည့် မဟာလောကတစ်ခု တည်ရှိသည်။
နောက်ဆုံးမှာတော့ သူက ဝိညာဉ်စုစည်းခြင်းအဆင့်သို့ တတ်လှမ်းနိုင်သွားသည်။
အတိအကျဆိုရလျှင် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ အဆင့်ကို အင်မော်တယ်စုစည်းခြင်းဟုလည်း ခေါ်နိုင်သည်။
ပထမ မဟာလောကသည် အန္တိမတာအိုကို ကိုယ်စားပြုပြီး မဟာလောကထဲတွင် အန္တိမသတ္ထုဒြပ်စင် ရှိသည်။
သို့ဖြစ်၍ ၎င်းကို အန္တိမသတ္ထုလောကဟု ခေါ်ဆိုနိုင်သည်။
ပထမ မဟာလောက ထွက်ပေါ်လာပြီးနောက် ရွှီချင်း၏ အဆင့်ချိုးဖြတ်မှုက ဆက်လက် ဖြစ်ပွားသည်။
အန္တိမသစ်သားဒြပ်စင်ရှိသော မဟာလောကတစ်ခုက သူ၏ အသည်းအပြင်ဘက်မှာ ထွက်ပေါ်လာသည်။
၎င်းက အန္တိမသစ်သားလောက ဖြစ်သည်။
ယင်းက အဆုံးသတ်မဟုတ်သေးပေ။ ထို့နောက် အန္တိမရေလောက၊ အန္တိမမီးလောကနှင့် အန္တိမမြေကြီးလောကက ထွက်ပေါ်လာကြသည်။
သူ၏ ကိုယ်တွင်းအင်္ဂါငါးခု၏ အပြင်ဘက်တွင် မဟာလောကငါးခုက ထွက်ပေါ်လာကြသည်။
အန္တိမလေဟာနယ်ဖြင့် ဖွဲ့စည်းသွားသော ဆဌမမြောက် မဟာလောကသည်တော့ သူ၏ ဘယ်ဘက်ပခုံးပေါ်မှာ ထွက်ပေါ်လာသည်။ ၎င်းက အန္တိမလေဟာနယ်လောက ဖြစ်သည်။
သတ္တမမြောက် မဟာလောကဖြစ်သော အန္တိမအချိန်လောကက သူ၏ ညာဘက်ပခုံးပေါ်မှာ ဖွဲ့စည်းသွားသည်။
ဤအခိုက်အတန့်မှာ မဟာလောကခုနစ်ခုစလုံး ဝုန်းခနဲ မြည်သွားကြသည်။ အလွန်ကြောက်စရာကောင်းသော အရှိန်အဝါက မဟာလောကခုနစ်ခုစလုံးမှ ထွက်ပေါ်လာပြီး ရွှီချင်း၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။
ကြည်လင်သော ပင်လယ်ပြင်ပေါ်တွင် ရွှီချင်း၏ မျက်လုံးက ရုတ်တရက် ပွင့်သွားသည်။
သူ၏ ခန္ဓာကိုယ်မှ အင်မော်တယ်အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထိုအရှိန်အဝါကို သူ၏ ပြိုင်ဘက်ကင်းသော အသွင်သဏ္ဍာန်ဖြင့် တွဲဖက်မြင်လိုက်သည့်အခါ အစစ်အမှန် အင်မော်တယ်တစ်ပါးဟူသော ခံစားချက်မျိုး ဖြစ်ပေါ်စေသည်။
ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည့်အခါ သူက တစ်ဘဝစာ ဖြတ်သန်းခဲ့ရသည့်အလား ခံစားမိသွားသည်။
သူ၏ လက်ရှိခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်းကို ရွှီချင်း အာရုံခံလိုက်သည်။ သူက တစ်ခဏကြာ မိန်းမောတွေဝေသွားပြီးလျှင် ပြင်းထန်သော တိုက်ပွဲစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ဤတစ်ကြိမ်တွင် သူက သေခြင်းရှင်ခြင်းကပ်ဘေးကို တွေ့ကြုံခဲ့ပြီး သူ၏ နတ်ဘုရားကိုယ်ပွားကို ဆုံးရှုံးသွားခဲ့သည်။ သို့သော်လည်း အန္တရာယ်၏ အနောက်တွင် အခွင့်အရေးက လိုက်ပါလာလေ့ ရှိ၏။ အကယ်၍ တစ်စုံတစ်ယောက်က ထိုအခွင့်အရေးကို အမိအရ ဖမ်းဆုပ်နိုင်မည်ဆိုလျှင် ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုး ပျံတတ်သွားနိုင်လိမ့်မည်။
ယခု သူက ထိုအခွင့်အရေးကို ဖမ်းဆုပ်နိုင်ခဲ့သည်။
နောက်ဆုံးမှာတော့ သူက နတ်ဘုရားခန္ဓာကိုယ်၏ အချုပ်အနှောင်များမှ ကင်းလွတ်သွားပြီး သူ့ကိုယ်ပိုင်လမ်းစဉ်ကို လျှောက်လှမ်းနိုင်သွားသည်။
ထို့ပြင် သူက အန္တိမခုနစ်ခုကို အထွတ်အထိပ်ဆီသို့ ပို့လွှတ်ခဲ့သည်။
သူ့ခန္ဓာကိုယ်၏ အပြင်ဘက်တွင် မူလစွမ်းအင်သလင်းကျောက်တချို့က ကျန်ရှိနေဆဲပင်။ ရွှီချင်းက လက်ဝှေ့ယမ်းလိုက်သည့်အခါ ထိုသလင်းကျောက်များက အရိုးဆေးမီးဖိုကို ဝိုင်းရံထားကြသော မရေမတွက်နိုင်သည့် အပြာရောင်ပိုးကောင်များဆီသို့ ဦးတည်သွားကြသည်။
“ စီနီယာအကိုကြီး ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
ပိုးကောင်များက ဝမ်းသာပျော်ရွှင်သော အသံများကို ထုတ်ဖော်လိုက်ကြပြီး မူလစွမ်းအင်သလင်းကျောက်များကို အရူးအမူး စုပ်ယူလိုက်ကြသည်။
တစ်ချိန်တည်းမှာ ဧကရီနှင့် တခြားနှစ်ယောက်၏ တိုက်ပွဲက နောက်ဆုံးအဆုံးအဖြတ်သို့ ကျရောက်သွားပုံပေါ်သည်။
အရိုးဆေးမီးဖိုထဲမှ ငရဲမီးတောက်သည်တော့ အပြင်လောကကမှ ကြီးမားသော အပြောင်းအလဲများကို အာရုံခံမိသွားဟန် ရသည်။ သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ အရိုးဆေးမီးဖိုက ဝုန်းခနဲ မြည်သွားပြီး လူသားမဟုတ်သော အော်သံကို ထုတ်လွှတ်လိုက်သည်။ ထိုအော်သံထဲမှာ အဆုံးမဲ့သော ရူးသွပ်မှုက ပါဝင်နေသည်။
“ ဘဝအသင်္ချေ ချိပ်ပိတ်နယ်မြေ… လှည့်ပတ်စမ်း ”
ထိုစကားသံက ပဲ့တင်ထပ်သွားသည်နှင့် ဤကျင့်ကြံခြင်းလောကတစ်ခုလုံးက တုန်ယင်သွားသည်။
ပိုပြီးကြီးမားသော အပြောင်းအလဲတစ်ခုက အရှေ့မိစ္ဆာငှက်မွှေး၏ တာအိုယဇ်ပလ္လင်ပေါ်မှာ ထွက်ပေါ်လာသည်။
မရေမတွက်နိုင်သော မိစ္ဆာငှက်မွှေးကျင့်ကြံသူများဖြင့် ဝိုင်းရံခံထားရသော တာအိုယဇ်ပလ္လင်ပေါ်တွင် အက်ကွဲရာများ ထွက်ပေါ်လာကြသည်။ ထို့နောက် တာအိုယဇ်ပလ္လင်က ပြိုကျသွားပြီး ဖုန်မှုန့်သို့ ပြောင်းလဲသွားသည်။
ထူထဲပြီး ခြောက်သွေ့သော သစ်ကိုင်းတစ်ခုက ပြိုကျသွားသော တာအိုယဇ်လ္လင်၏ အောက်မှ ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။
လူတိုင်းက အံ့ဩထိတ်လန့်သွားကြသည်။ တစ်ချိန်တည်းမှာ သူတို့က သစ်ကိုင်း၏ အဆုံးတွင် ခြောက်သွေ့နေသော သစ်သီးတစ်လုံးရှိကြောင်း မြင်တွေ့သွားကြသည်။
ထိုသစ်သီးက အလွန်ကျယ်ပြောသော တာအိုအနှစ်သာရကို ထုတ်လွှတ်နေသည်။
တစ်စုံတစ်ယောက်သည် ထိုသစ်သီးအတွင်းမှ ရွှီချင်းနှင့် တခြားလူများ၏ ဝေဝါးသော ပုံရိပ်များကို မြင်တွေ့နိုင်သည်။
ထိုသစ်သီးသည် မဟာဧကရာဇ်ငရဲမီးတောက် တံခါးပိတ်ကျင့်ကြံသော နေရာမှလွဲ၍ တခြားမဟုတ်ပေ။